ကျနော့်အလုပ်အကြောင်း -၃
ကျနော့်အလုပ်အကြောင်း ၁ နဲ ့ ၂ ကို မသိသေးတဲ့ငတုံးများစိတ်ဝင်စားတယ်ဆိုရင် www.phonekyaw.blogspot.com ကိုသွားပါ။ ဟစ်တိုင်မှာလည်း ဖတ်နိုင်တယ်။ ကြွားတယ်လို ့တော့မထင်နဲ ့။ တစ်လုံးဂျိုင့်ကွန်းမန် ့တွေမလိုချင်သလို ပေါချောင်ကောင်းအာချောင်တာလည်း မလိုချင်ဘူး။ ကြိုပြောထားတယ်နော်။
အလုပ်သမားချင်းတူတာတောင် အခွင့်အလမ်း နဲ ့ ခံစားခွင့်မတူဘူး။ ဩစတျေးလျက မိုင်းအလုပ်သမားတစ်ယောက်အနေနဲ ့ဘာတွေခံစားခွင့်ရလဲဆိုတာကို မသိတဲ့သူတွေအတွက်သိအောင် ဒီစာကိုရေးပါတယ်။ သူတို ့ရဲ ့အတုကို ယူနိုင်အောင်လို ့ပါ။ မြန်မာနိုင်ငံက အလုပ်သမားတိုင်း အလုပ်ရှင်တိုင်း စဉ်းစားဖို ့အတွက် အဓိက ရည်ရွယ်ပါတယ်။ အခွင့်အရေးကောင်းကောင်းလိုချင်ရင် တောင်းယူလို ့မရရင် တိုက်ပြီးယူရတယ်။ တိုက်ယူတယ်ဆိုတာ အကြမ်းဖတ်တဲ့နည်းကို သုံးပြီးတိုက်ယူတာကို ဆိုလိုခြင်းမဟုတ်ပါ။
ဩစတျေးလျတွေရဲ ့ထုံးစံက သူတို ့လစာဘယ်လောက်ရလဲဆိုတာကို လျှို ့ဝှက်ထားလေ့ရှိတယ်။ သူတို ့တင်မကဘူး လက်ရှိ ထိုင်းအခြေစိုက်အတိုက်အခံတွေ မီဒီယာတွေရဲ ့လူကြီးဟုခေါ်သော လူကြီးတွေရဲ ့လစာနှုံးထားကို ဘယ်သူမှ အတိအကျမသိပါဘူး။ ဥပမာ ဧရာဝတီမဂ္ဂဇင်းက အယ်ဒီတာရဲ ့လစာ၊ ဗဟုအဖွဲ ့က လူကြီးတွေရဲ ့လစာ၊ အေအေပီပီက အမြဲတမ်းအတွင်းရေးမှုးနဲ ့ ဥက္ကဌလစာ စသဖြင့်တွေကို ပြည်သူတွေသိသလားဆိုတော့ လုံးဝမသိပါဘူး။ တကယ်တမ်းပြောရရင် ဒီလူတွေဟာ သူတို ့လစာ ဘယ်လောက်ရလဲဆိုတာကို အသိပေးသင့်တာပေါ့။ ရိုးသားမှုမရှိလို ့အသိမပေးတာပဲလို ့ကျနော် နိဂုံးချုပ်မိတယ်။
သူများတွေ ပြောပြောမပြောပြော ကျနော် လစာနဲ ့ခံစားခွင့် ဘယ်လောက်ရလဲဆိုတာကို စောက်သုံးမကျတဲ့မြန်မာတွေအတုယူနှိုင်အောင်ရေးလိုက်ပါတယ်။
ကျနော့်လစာက တနှစ်ကို ဒေါ်လာ ခုနှစ်သောင်းခွဲရတယ်။ အခွန်ဖြတ်ပြီး ဆိုရင် ခြောက်သောင်းလောက်ကျန်ပါတယ်။ ဒီလစာက မိုင်းမှာ လုပ်တဲ့သူတိုင်းရတယ်။ ကျနော့်လို ရာထူးကြီးကြီးမရှိ ပညာမတက်တဲ့ အလုပ်သမားတောင် ဒီလောက်ရတယ်ဆိုရင် အခြားသူတွေ ဘယ်လောက် ရမလဲဆိုတာ ခန် ့မှန်းကြည့်ပါ။ ဒါက လစာသက်သက်ပဲရှိသေးတယ်။
လစာအပြင် အာမခံ အမျိုးမျိုးကို အလုပ်က လုပ်ထားပေးတယ်။ အဓိကရည်ရွယ်ချက်က အလုပ်သမားတစ်ယောက်အတွက် ဘဝလုံခြုံမှု ရှိအောင်လို ့ပါ။ Private Heath Insurance လို ့ခေါ်တဲ့ ပုဂ္ဂလိကပိုင်ဆေးရုံမှာ တက်ရောက်ကုသနိုင်တဲ့ အာမခံကြေးကို အလုပ်က လုပ်ထားပေးတယ်။ ကုန်ကျစရိတ်က တနှစ်ကို ဒေါ်လာ ၃၅၀၀-ကုန်တယ်။ နောက်ပြီး Income Protection Insurance လည်း အလုပ်က လုပ်ပေးပါတယ်။ ဒါရဲ ့ရည်ရွယ်ချက်က အလုပ်ထဲမှာ တစ်ခုခုထိခိုက်ရှနာဖြစ်လို ့အလုပ်မလုပ်နိုင်ဘူးဆိုရင် ကိုယ်ရတဲ့လစာရဲ ့ ၇၅-ရာခိုင်နှုံးကို အာမခံတဲ့ Company က ပေးပါတယ်။ ပြီးခဲ့နှစ်က ကျနော်တို ့Company မှာ အလုပ်သမား ၆-ယောက်လောက်သေပါတယ်။ ကုမဏီက ကမ္ဘာပေါ်မှာ နံပါတ်ငါးအဆင့်ရှိ အကြီးဆုံးရွှေရှာတဲ့ကုမဏီဆိုတော့ ကမ္ဘာပတ်ပြီး ရွှေရှာတဲ့အချိန်မှာ လူအသေအပျောက်လည်းရှိပါတယ်။ အသေများတဲ့ နေရာကတော့ တောင်အာဖရိကမိုင်းမှာဖြစ်ပါတယ်။ ဒ့ါကြောင့် ကိုယ်သေသွားရင်တောင် ကျန်ရစ်သူမိသားစုတွေ ကောင်းစားအောင်ဆိုပြီး Company က အာမခံအမျိုးမျိုးကို လုပ်ထားပေးပါတယ်။
တစ်နှစ်ကို လေးပတ် နားခွင့်ပေးတယ်။ ဒီလေးပတ်အတွက်လည်း လစာပေးပါတယ်။ နောက်ပြီး မိသားစုမှာ အရေးတကြီးကိစ္စဖြစ်ရင် ခွင့် နှစ်ပတ်လည်းပေးပါသေးတယ်။ အားလုံးပေါင်း ခြောက်ပတ်ကို တစ်နှစ်တစ်ခါရပါတယ်။ ဒီခြောက်ပတ်အတွက် အလုပ်မလုပ်ပဲ လစာရပါတယ်။
Dell ကွန်ပြူတာဝယ်ရင်လည်း Special Discount ပေးသေးတော့ သူများတွေနဲ ့မတူ ပိုပြီး ဈေးတော်တဲ့ကွန်ပြူတာတွေကို ဈေးပေါပေါနဲ ့ဝယ်နိုင်တဲ့ မိုင်းမလုပ်သမားတွေပါလို ့ပြောချင်ပါတယ်။ ပညာဆက်သင်ချင်ရင်လည်း Company က ငွေကြေးထောက်ပံ့ပေးပါတယ်။ နိုင်ငံခြားမှာ သွားပြီး သင်တန်းတက်ခွင့်တွေလည်း အခမဲ့စီစဉ်ပေးတော့ သူများနိုင်ငံနဲ ့မတူတဲ့ ကျွမ်းကျင်လုပ်သားတွေကို Company အတွက် ရပါသေးတယ်။ တစ်နှစ်ကိုတစ်ခါ ရွှေသားအစစ် တစ်အောင်စကို အခွန်မပါပဲ ဝယ်ခွင့်ပေးတယ်။ ဈေးပေါပါတယ်။ ဆိုတော့ အလုပ်သမားတစ်ယောက်က သူ ့မှာ ဘာမှပူပင်စရာမရှိပဲ အလုပ်လုပ်နိုင်တယ်။ လစာကလည်း စားလောက်တဲ့အပြင် အများကြီးပိုလျှံပါတယ်။ ကျနော့်အလုပ်က ၈-ရက်လုပ် ၆-ရက်နားတာတောင် ပိုက်ဆံ ခုနှစ်သောင်းကျော်ရတယ်ဆိုရင် နေ ့တိုင်းသာအလုပ်လုပ်ရင် ဘယ်လောက်ရမလဲဆိုတာကို တွက်ကြည့်ရင် သိနိုင်တယ်။ အလုပ်သမားတိုင်း ကိုယ့်ရဲ ့လစာထဲက ၉-ရာခိုင်နှုံးကို အစိုးရက မစုမနေစုခိုင်းပါတယ်။ ဒါရဲ ့ရည်ရွယ်ချက်က အသက်ကြီးရင် စားဖို ့အတွက်ပါ။ အသက် ၆၅-နှစ်ပြည့်မှ ထုတ်ယူသုံးစွဲခွင့်ရှိပါတယ်။ ပင်စင်သဘောမျိုးဖြစ်မယ်ထင်တယ်။ အလုပ်ထဲကို လာလည်ဖို ့အတွက် Company က တစ်နှစ်တခါ အခမဲ့လေယာဉ်နဲ ့မိသားစုအလိုက် အလည်ခေါ်ပေးပါတယ်။ ကျနော်လုပ်တဲ့အလုပ်ကို ကျနော့်မိသားစုတွေ သိအောင်လို ့ပါ။ အလုပ်ထဲမှာ သွားတဲ့လေယာဉ်ခကို Company ကပေးပါတယ်။ နေဖို ့စားဖို ့အတွက် Company က အခမဲ့စီစဉ်ပေးပါတယ်။ တပြားမှမကုန်ပါဘူး။ ဆိုတော့ မိုင်းမှာလုပ်တိုင်း ငွေကို အသားတင်စုမိပါတယ်။ ရွှေဈေးကောင်းရင် ကောင်းသလို Bonus ရပါတယ်။ ပြီးခဲ့နှစ်က အလုပ်သမားတိုင်း တစ်ယောက်ကို ၃.၅ ရာခိုင်နှုံးလောက် ဘိုးနပ်စ်ရပါတယ်။ ဥပမာ တစ်နှစ်ကို ပိုက်ဆံတစ်သိန်းလစာရတဲ့လူဟာ ဒေါ်လာ ၃၅၀ဝ ဘိုးနစ်ပ်ရပါတယ်။
အလုပ်ထဲက လူတိုင်းဟာ တစ်နှစ်ကိုတစ်ခေါက်ပုံမှန် နိုင်ငံခြားမှာ အပန်းဖြေပါတယ်။ အများစုကတော့ ထိုင်း နဲ ့ဘာလီမှာ အပန်းဖြေတယ်။ ကုန်ကျတဲ့စရိတ်က ဒေါ်လာ ၂၀၀ဝ လောက်တောင်မကုန်တော့ လူတိုင်းသွားနိုင်တယ်။ တချို ့ဆိုရင် တစ်နှစ်ကို သုံးခေါက်လောက် ခရီးထွက်တယ်။
ဒီစာကို ရေးတာ ကြွားဖို ့မဟုတ်ပါဘူး။ မသိတဲ့သူတွေ သိအောင်လို ့ပါ။ ကျနော်လည်း မြန်မာပြည်နဲ ့ထိုင်းမှာ အလုပ်ပေါင်းစုံလုပ်ဘူးပါတယ်။ မြန်မာတွေဟာ တကယ့်ကိုသနားစရာကောင်းတဲ့လူတွေပါလားလို ့ အခုမှသိတယ်။ ဩစတျေးလျတွေတောင် ဒီလိုစနစ်မျိုး ဖန်တီးနိုင်တယ်ဆိုရင် ကျနော်တို ့က ဘာ့ကြောင့် သူတို ့လို မလုပ်နိုင်ရမှာလဲ။
ကျနော်အဖေက တစ်ကြပ်ကြီးဘဝနဲ ့တပ်ထဲမှာ နှစ်ပေါင်း ၂၀-ကျော်အလုပ်လုပ်ခဲ့တယ်။ သူကတပ်က ထွက်တော့ ထောင်ကျမှ ထွက်လို ့ရမယ်ဆိုလို ့ထောင်ထဲကို တနှစ်လောက် ဝင်ပြီးမှ အပြင်ကိုရောက်ခဲ့တယ်။ တပ်ကထွက်တော့ ပင်စင်လည်းမရပါဘူး။ နေစရာအိမ်လည်း မရှိဘူး။ စုထားတဲ့ငွေလည်းမရှိတော့ တကယ့်ကိုစုတ်ပြတ်သတ်ပြီး ဆင်းရဲလှတဲ့ ဘဝတွေဖြစ်ကုန်တယ်။ သူတို ့အပြင် ကျနော့် ဦးလေးကလည်း ထောက်ပံ့နဲ ့ပို ့ဆောင်ရေးတပ်မှာ ယဉ်မောင်းတဲ့ရဲဘော်တစ်ဦးအနေနဲ ့လုပ်ရင်း တနေ ့မှာ ကားမှောက်ပြီးသေပါတယ်။ ဦးလေးသေတော့ ဦးလေးရဲ ့ပင်စင်က တစ်လကို မြန်မာငွေလေးရာပဲရပါတယ်။ အဘိုးက သူ ့သားရဲ ့ပင်စင်လေးရာကို ယူတောင်မယူပါဘူး။ လေးရာနဲ ့ဘာလုပ်စားလို ့ရမလဲ။ ဦးလေးကော အဖေကော တပ်ထဲမှာ လုပ်လို ့ခံစားခွင့် ဘာရလဲဆိုတော့ ဒီနေ ့အချိန်အထိ ကျနော့်အဖေနဲ ့အမေဟာ ဒုက္ခသည်စခန်းထဲကိုရောက်တာပဲ အဖတ်တင်တယ်။ ဒီလိုဘဝတွေဟာ ဗမာပြည်မှာ အများကြီးပါ။ ဒီလိုပုံစံမျိုးသာ ဩစီမှာဖြစ်ခဲ့ရင် ကျနော်တို ့တွေ ကောင်းစားနေပြီ။
ကျနော့်အလုပ်မှာ ၁၀-နှစ်လုပ်တဲ့လူတိုင်း Long Service လို ့ခေါ်တဲ့ ခွင့်ရက်ရှည်ကို အလုပ်ကပေးတယ်။ သုံးလတောင် မလုပ်မလုပ်ပဲ လစာရပါတယ်။ တစ်နှစ်ကိုတစ်ခါ လစာတိုးတယ်။ ငွေကြေးဖောင်းပွမှု ့အပေါ်မှုတည်ပြီး လစားတိုးရပါတယ်။ ဥပမာ ငွေကြေးဖောင်းပွမှု (Inflation) က ၂.၅ ရာခိုင်နှုံးရှိရင် ကျနော်တို ့အလုပ်သမားတွေရဲ ့လစာလည်း ၂.၅ ရာခိုင်နှုံးကိုမတိုးမနေရနှစ်စဉ်တိုးရပါတယ်။ ဒါမှ ကုန်ဈေးနှုံးနဲ ့လစာက ကာမိမှာပါ။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ်မျိုးရှိမှာမဟုတ်ဘူး။
အလုပ်ထဲမှာ ဘယ်သူမှ ဖားတာယားတာမရှိဘူး။ အနိုင်ကျင့်ခံရတာမရှိ၊ ခေါင်းပုံဖြတ်ခံရတာ မရှိပဲ လူတိုင်း ရိုးရိုးသားသားနဲ ့အလုပ်ကို ကျိုးကျိုးစားစားလုပ်ကြတယ်။ လိမ်တာလည်းမရှိဘူး။ ဘာ့ကြောင့်သူတို ့ဒီလိုဖြစ်လဲဆိုတော့ Company ကပေးတဲ့လစာနဲ ့ခံစားခွင့်က ဖူလုံတဲ့အပြင် ပိုလျှံနေတော့ အလုပ်ကို တန်ဖိုးထားကြတယ်။ ဘယ်သူမှ နာမည်ပျက်တာကို မလိုချင်ကြဘူး။ မလုပ်ကြဘူး။ အသက်အန္တရာယ်အရမ်းနီးတဲ့အလုပ်ကိုလည်း အနှိင်ကျင့်ပြီးမခိုင်းဘူး။ Company ရဲ ့အကြီးဆုံး စီအီအိုလည်း အလုပ်သမားတွေနဲ ့တန်းတူ ထမင်းစားတယ်။ တန်းတူအခန်းရတယ။ ယူနီဖောင်းတူတယ်။ သူ ့မှာပိုရတာက လစာတစ်ခုပဲရတယ်။
ဗမာတွေဟာ ရာထူးကြီးလာရင် သူများနဲ ့မတူ နဖူးမှာ ဟိုဟာတက်ပြီးပေါက်ကြတယ်။ လက်အောက်ငယ်သားကလည်း အရမ်းစွပ်ပြီးဖားတော့ အထက်လူကြီးက ဘုရင်လိုဖြစ်ဖြစ်လာတယ်။ မြန်မာ့ယဉ်ကျေးမှု ့မှာ ဒီလိုမျိုး အတွေးအခေါ်တွေကို လုံးဝပြောင်းသင့်နေပြီ။ အလုပ်သမားတွေဟာ လစာကလည်းနဲတဲ့အပြင် အခြားခံစားခွင့်ကလည်း မရှိသလောက်ပဲ။ ဒါ့ကြောင့် နေရာတကာမှာ ခိုးကြတာလို ့ထင်တယ်။ တကယ်တမ်းသာ လစာကောင်းကောင်းပေးရင် ဒီလိုပုံစံမျိုးကို တွေ ့ရမှာမဟုတ်ဘူး။
ဘယ်နိုင်ငံမှာမဆို အလုပ်သမားတွေရဲ ့အခွင့်အရေးကို အလုပ်ရှင်က သိတတ်နားလည်ပြီး စေတနာကောင်းလို ့ပေးတာမဟုတ်ပါ။ အလုပ်သမားအခွင့်အရေးနဲ ့ရပိုင်ခွင့်ကို အလုပ်သမားတွေက တိုက်ပွဲဝင်ပြီးတောင်းဆိုမှ ရတာပါ။ ဒါတောင် အလုပ်ရှင်က အသာတကြည်ပေးတာမဟုတ်ဘူး။ အခုဩစီက ကျနော်လုပ်တဲ့မိုင်းမှာ ဘာ့ကြောင့် ဒီလိုစနစ်ကောင်းလဲဆိုတော့ ဟိုးတုန်းက မိုင်းအလုပ်သမားတွေ တောင်းဆိုတိုက်ပွဲဝင်လာလို ့ကောင်းတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်က ဒီလို စနစ်ကောင်းကောင်းမရှိခဲ့ဘူး။ သူတို ့သား တောင်းဆိုတိုက်ပွဲမဝင်ခဲ့ဘူးဆိုရင် ယနေ ့မှာ ကျနော်လည်း ဒီလိုခံစားခွင့်နဲ ့အခွင့်အရေးကိုရမှာမဟုတ်ဘူး။
အခုလည်း ဗမာအလုပ်သမားတိုင်း မိမိဘာလိုချင်လဲဆိုတာကို အဓိကသိဖို ့လိုတယ်။ မိမိရဲ ့ရသင့်ရထိုက်တဲ့ ဘဝလုံခြုံမှု နဲ ့အလုပ်လုံခြုံမှုကို သူများက အားအားယားယားလားမပေးတော့ အလုပ်သမားတွေအနေနဲ ့ ဘာလုပ်သင့်လဲဆိုတာကို သဘောပေါက်ပါစေလို ့ဆန္ဒပြုရင်း ဒီစာကို နိဂုံးချုပ်ချင်ပါတယ်။
2 comments
ကြောင်ကြီး
December 28, 2011 at 9:29 am
ဩစတေးလျနိုင်ငံကိုယ်၌က တိုင်းပြည်ကြီး လူဦးရေနည်းတော့ သူများနိုင်ငံတွေထက်ပိုကောင်းတဲ့ လူမှုဖူလုံရေးစနစ်ရှိတယ်။ (ရှိတာလည်း မပြောနဲ့လေ၊ သူများတွေပိုင်တဲ့နေရာကို လူဖြူအခြေချတွေက ဝင်သိမ်းထားတာ) အမေရိကန်လည်း ဝင်သိမ်းထားတာပဲ၊ ဒါပေမဲ့သူက ဝင်လာသူတိုင်းနီးပါးကို လက်ခံတယ်။ ဩဇီကတော့ လူမျိုးရေး ခွဲခြားမှု အတော်ကြီးတယ်။ ကြီးလို့လည်း အခုလို လူဦးရေနည်းနည်းနဲ့ တိုက်တတိုက်လုံးရဲ့ သယံဇာတတွေကို ခံစားနေနိုင်တာပေါ့။ ဒါက ကိုယ်မစားရလို့ မကောင်းဖက်ကပြောတာပါ။ တဖက်ကပြောရင်လည်း လုပ်နိုင်လို့ စားတာလေ၊ သူတို့နေရာ အခြားလူမျိုးတွေသာဆိုရင် ဘာမှထွက်မှာမဟုတ်ဘူး။ တိုင်းပြည်ကကြီး လူဦးရေနည်းလွန်းလို့ ဘာမှမလုပ်နိုင်ဘူး ဆင်ခြေပေးမှာ။
တခုသိချင်တာ အခုပြောတဲ့ လူမှုဖူလုံရေး၊ သက်သာချောင်ချိရေး၊ ခံစားခွင့်တွေက လုပ်ငန်းတိုင်းနဲ့ဆိုင်သလား၊ ဒါမှမဟုတ် ကိုဘုန်းကျော်တို့လို လုပ်ငန်းကြီးတွေပဲရသလား။ ကိုဘုန်းကျော်ရေးတဲ့အတိုင်းဆို ၂၀%လောက် အခွန်ပေးရတယ်။ လူပျိုမဖြစ်နိုင်ဘူး၊ အိမ်ထောင်နဲ့ ခလေးနှစ်ယောက်တော့ ရှိမယ်ထင်တယ်။ single ဆို ဘယ်လောက်ဖြတ်မလဲ။ အချက်အလက် ဝေမျှပေးလို့ ကျေးဇူးပါ။။။။
small cat
December 29, 2011 at 7:45 am
ကိုဘုန်းကျော် သိပ်မကြွားနဲ့ဗျာ………
ကုိုဘုန်းလစာ ခုနစ်သောင်းခွဲ ကျနောက ငါးသောင်းရှစ်ထောင်၊ သိပ်မကွာပါဘူး၊ဒေါ်လာနဲ့ကျပ်နဲ့နှိုင်းယှဉ်တာတော့ မလုပ်နဲ့လေ ဟဲ ဟဲ…..
ဝန်ထမ်းငွေစုငွေချေးဖြတ်ပြီးရင် လေးသောင်းလောက်တော့ အိပ်ထဲပါတာပေါ့။
ဝါဆိုလပြည့်၊ တန်ဆောင်မုန်းလပြည့်ကထိန်၊ တန်ခူးလသင်္ကြန်တို့လိုအခါကြီးရက်ကြီးမျိုးမှာ ……
ဘုရားထီးတင်ပွဲ၊ ဘုန်းကြီးဘွဲ့တံဆိပ် ကပ်လှူပွဲ၊ ဘုန်းကြီးပျံ၊………
မြို့ ကအားကစားသွားပြိုင်တာ၊ အားကစားဆုကောင်းကောင်းရလာတာမျိုး……….
အဲသလို…အဲ့သလို….အခါမျိုးတွေ ဆို သုံးထောင်၊မျိုး ငါးထောင်မျိုး၊တစ်သောင်းမျိုး အခါအားလျှော်စွာ……..
ရတာတော့ မဟုတ်ဘူး၊ အိပ်ထဲကထွက်သွားတာ။
အုပ်ချုပ်ရေးပိုင်းက အရာရှိတွေ ပြောင်းတဲ့အခါဆိုလည်း အမှတ်တရ ………
ပေးလိုက်ရတာပဲ။
ကျန်းမာရေးစောင့်ရှောက်မှုကတော့ နှာစေးချောင်းဆိုးအအေးပတ်၊ ဆေးဆိုင်က စပ်ထားတဲ့ တစ်ထောင်ဖိုးသုံးထုပ် သွားဝယ်သောက်တယ်၊ နဲနဲ ဆိုးရင်တော့ ရိုးရိုးကု ငါးထောင်၊ အထူးကု ခုနစ်ထောင့်ငါးရာပေးလိုက် လွယ်လွယ်လေး။
အလုပ်ကတော့ ပါးပါတယ်၊ ကျနော့ ကိုတာဝန်ကြီးကြီးမပေးပါဘူး၊ ကျနော်ကတော့ကြိုးကြိုးစားစား လုပ်ပါတယ်၊ အပြင်မှာဈေးထွက်ရောင်းစားနေတာပေါ့။ ကြွားစရာလေးတွေ ကျန်သေးပေမဲ့မကြွားတော့ပါဘူး၊ ကိုဘုန်းကျော်လန့်သွားမှာစိုးလို့ ဟီး ဟီး………..