“ မန်းလေးတောင်တော်အပေါ်ဆင့်ကမြင်ကွင်း”
“ မန်းလေးတောင်တော်အပေါ်ဆင့်ကမြင်ကွင်း”











“ မန်းလေးတောင်တော်အပေါ်ဆင့်ကမြင်ကွင်း”
အခုနောက်ပိုင်းမှာ မန်းလေးတောင်ပေါ်ကို တက်တယ်ဆိုရင် ဆိုင်ကယ်နဲ့တက်တာများပါတယ်။
2011 နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ခြင်္သေ့ကြီးနှစ်ကောင်ဘက်ကနေ တောင်ပေါ်ကိုခြေလျင်တက်ခဲ့ပါသေးတယ်။
ဒီစောင်းတန်းကတော့ လူအတက်များတဲ့စောင်းတန်းဗျာဒိတ်ပေးဘုရားကိုတန်းရောက်ပါတယ်။
သိပ်မကြာခင်ရက်များက ကျနော် စန္ဒာမုနိနဲ့ကုသိုလ်တော်ကို အပြင်ဘက်ကနေဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။
အဲဒီမှာဘဲ ဒီစေတီတော်တွေနဲ့အရံစေတီတော်တွေကို အပေါ်စီးကနေ ဓါတ်ပုံရိုက်ချင်စိတ်တွေပေါ်လာပါတော့တယ်။
ဒါနဲ့ မန်းလေးတောင်ဘေးမှာနေတဲ့ ကောင်လေးတွေကိုမေးတော့ ဘိုးဘိုးကြီးနန်းက ခြေလျှင်တက်ရင် မြင်ကွင်းပို
ကောင်းတယ်လို့ပြောတာနဲ့ စောင်းတန်းကနေ လမ်းလျောက်တက်ခဲ့ပါတယ်။
တစ်နေရာ ရောက်လိုက် ရပ်ကြည့်လိုက် လက်ဆော့လို်က်နဲ့ခရီးတော့ မတွင်ပါဘူး။
မြင်ရတဲ့မြင်ကွင်းတွေကတော ကျနော်စိတ်ကိုကျေနပ်စေပါတယ်။
ခက်တာက တောင်စောင်းမှာရှိတဲ့သစ်ပင်တွေက အတော်လေးသန်စွမ်းတော့ မြင်ကွင်းတွေကိုကွယ်နေပါတယ်။
အဲဒါနဲ့ဘဲ အဖော်ပါလာတဲ့ကောင်လေးပြတဲ့ ကျောက်တုံးကြားထဲက နေဝင်ရိုက်တော့ မှအဆင်ပြေပါတယ်။
ဒါပေမယ့် ချောင်ကြိုက်ကြတဲ့ ချစ်သူစုံတွဲတွေကိုတော့ အားနာလှပါတယ်။
ပုံတွေကတော့ အတော်လေးစိတ်တိုင်းကျအောင်ရခဲ့ပါတယ်။
အရင်ကလိုသာဆိုရင် ပုံ 30လောက်ကို တစ်ခါထည်းတင်မိမှာပါ။
အခုတော့ တစ်ပိုင်း ဆယ်ပုံစီခွဲတင်ပေးလိုက်ပါတယ်။
တင်ပေးတဲ့ပုံကတော့ မထပ်ပါဘူး။
ဆင်တူယိုးမှားလေးတွေတော့ ရှိပါမယ်။
မရောက်ဘူးသူ ရောက်ဘူးပြီးထပ်မရောက်သူ ရောက်ခွင့်မကြုံသူများအတွက်
နှစ်သစ်လက်ဆောင် လက်ဆော့ ထားတဲ့ ပုံတွေပေးဝေတယ်လို့သာသဘောထားလိုက်ပါတော့ နော်။
တစ်ခါတစ်လေများ အမှတ်မှားပြီးပြောခဲ့ရင်သိတဲ့လူကပြင်ပေးတယ်ဆိုရင် အရမ်းကျေးဇူးတင်ပါတယ်လို့
အသိပေးထားပါတယ်ခင်ဗျာ။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(29-12-2011)
14 comments
yaungchikha
December 29, 2011 at 8:47 am
ကျမတို့ ငယ်ငယ်ကတော့ ဘိုးဘိုးကြီးနန်းကနေ ခြေလျင်တက်ကြတာ ကျမတို့ ကစားခဲ့ဘူးတဲ့နေရာတွေပေါ့ ဦးပေါက် တင်တဲ့ပုံတွေကြည့်ပြီး ငယ်ငယ်က ကစားခဲ့တာတွေကို သတိရမိတယ်၊ ကျေးဇူးတင်ပါတယ် ဦးပေါက်ရေ့ ………….. 🙂
ကိုပေါက်(မန္တလေး)
December 29, 2011 at 9:37 am
အခုရက်ကော အရင်ရက်တွေပါ ကော်နက်ရှင်က စုတ်ပါတယ်။
တင်လိုက်ပျက်လိုက် ပြန်အက်ဒစ်လုပ်လိုက်ပေါ့။
နောက် ပုံတွေအများကြီးထဲကနေပြန်ရွေးရင်း ဟိုပုံလဲကြိုက် ဒီပုံလဲကြိုက်။
တင်ပြီးတာပြန်ကြည့် မှဆင်တူယုးိမှားလေးတွေဖြစ်နေတာကို မြင်ရတော့ စိတ်မကောင်းမိပါဘူး။
ဒါပေမယ့် မတူသောမြင်ကွင်းလေးမို့ခွင့်လွှတ်ကြမယ်ထင်ပါတယ်။
amatmin
December 29, 2011 at 11:21 am
ကိုပေါက်ရေ မန်းလေးရောက်မယ့် ကျွန်တော် အတွက်တော့ကြိုခံစားရတာပေါ့..
မန်းလေးတောင်ကို တခေါက်တော့ ရောက်ဖူးတယ်.
အခုလာမယ့် လေးရက်နေ့ ကျရင် မန်းလေးကို နေ့တဝက် တော့ ရောက်ဦးမယ်..
အချိန်ရ ရင်တော့ တောင်ပေါ်ဘုရားကို သွားဖူးပြီး ကိုပေါက် ရိုက်ထားတဲ့ပုံနေရာ လေးတွေကို သေချာကြည့်ဦးမယ်ဗျာ.
ကိုပေါက်(မန္တလေး)
December 29, 2011 at 12:48 pm
အဲဒီလေးရက်နေ့ ကျနော်မန်းလေးမှာ မရှိလောက်ဘူး။
အဝေးရောက်နေမယ်ထင်ပါရဲ့။
နောင်မန်းလေးရောက်ရင်ဆက်သွယ်ပါနော်.
amatmin
December 29, 2011 at 1:04 pm
ဆက်သွယ်ပါပြောတဲ့ အဲဒီ စကားတခွန်း နဲ့တင် ဝမ်းမြောက် သွားပါတယ်ဗျ.. 🙂
ခုမတွေ့လည်း နောင်တွေ့မှာပေါ့..အခုတော့ ကျွန်တော် မေးလိပ်စာလေး PM ပို့ထားလိုက်မယ်နော်..
လက်ခံပေးထားပါ ကိုပေါက်ရေ..
nozomi
December 29, 2011 at 1:22 pm
ပုံလေးတွေက ရှင်းကနဲ လင်းကနဲ နဲ့ မန်းလေးသူလေး လွမ်းလိုက်တာ
ထို့ကြောင့် ဤလက်ရာကို ကိုပေါက်၏ လက်ရာဟု ခေါ်သည် လို့ ပြောစမှတ် တွင်နေတာ
ကိုပေါက်(မန္တလေး)
December 29, 2011 at 1:27 pm
စိတ်ချပါ ဗျာ။
လက်ခံထားပါမယ်။
ကျနော်မရှိပေမယ့် မောင်ပေ ရှိပါတယ်။
သူ့ကိုလဲဆက်သွယ်ထားပေးပါနော်။
ငပေါက်ဖော်
December 29, 2011 at 7:34 pm
မန်းလေးရောက်တုန်းက တောင်ပေါ် မတက်ခဲ့ရဘူးဗျာ
ခုတော့ ဆန္ဒလေးပြည့်ပါပြီ
တိုင်းကျူးဗဲဒီမတ်ချ်
pooch
December 29, 2011 at 8:03 pm
လေးပေါက် ဒီနှစ်ထဲမှာ မန္တလေးက ပိုပြီး အပင်တွေ များလာတယ်လို့ မထင်ရဘူးလားဟင်….
စိမ်းညှို့နေတာပဲ….
ကိုပေါက်(မန္တလေး)
December 29, 2011 at 9:27 pm
ဟုတ်တယ် မယ်ပုရေ……………..
အရင်က စွယ်တော်တို်က်အထက်ရောက်ရင် အောက်က ဘုရားတွေကို ထင်းနေအောင်မြင်ရတယ်။
အခုတော့ အပင်တွေနဲ့ကွယ်သွားပြီ။
ဓါတ်တော်တို်က်ပေါ်ရောက်မှ မြင်ရတော့တယ်။
အဲတော့ ဝေးသွားသပေါ့။
နောက်ကျနာ်တို့ကျောင်းသားဘဝမှာ မန်းလေးတောင်က တောင်ကတုန်းလို့ဖြစ်သွားတာ။
အခုတော့ စိမ်းလန်းစိုပြေလို။
အမယ် မယ်ပု ကိုချော လက်ဆောင်ပုံလေးနဲ့ သားနားနေပါပေါ့လား…………………….
padonmar
December 30, 2011 at 1:18 am
စိမ်းစိမ်းစိုစို မန်းလေးပုံလေးတွေ ကြည့်ရတာ နှလုံးစိတ်ဝမ်းအေးချမ်းရပါတယ်။ကျေးကျေးပါ ကောက်ပို။
etone
December 30, 2011 at 10:33 am
လေးပေါက်ရေ .. လှလိုက်တာ အရမ်းပါပဲ ..လေဟုန်စီးရင်း ပျံနေတဲ့ ငှက်တွေကို အားကျတယ် ..ဒီလိုမြင်ကွင်းမျိုး သူတို့က အရင်မြင်ခွင့်ရလို့ပါပဲ … ။
ပုံတွေထဲက နံပါတ်သုံးပုံလေးကို အကြိုက်ဆုံးပဲ .. ထုံးဖြူဖြူနဲ့စေတီလေးတွေ အစီအရီက ကြည့်ရတာ …. .တမျိုးဆန်းစေပါတယ် … ။
windtalker
December 30, 2011 at 1:46 pm
ဒီပုံတွေ ကို ဝယ်မယ်
ထီပေါက် မှ နော
အခုတော့
ခါနာအရေး ဘဲ တတ်နိုင်သေးလို ့
ကြည့်ရုံသာ တတ်နိုင်ပါ၏
ဟီဟိ
နွယ်ပင်
December 30, 2011 at 1:59 pm
ဒါက လေးပေါက်ရဲ့ လက်စွမ်းတွေပါပဲ
အရမ်းလှတာပဲ …