Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၄၈၆

နီကီတာDecember 28, 20111min77632

ကျွန်မနဲ့ မောင်ဟာ ငယ်စဉ်ကတည်းက အတူတူ ဆော့ကစားရင်း ကြီးပြင်းလာတဲ့ သူငယ်ချင်းတွေပါ…
ကျွန်မဟာ မောင့်အပေါ်မှာ မနှစ်ကအချိန်ထိ သူငယ်ချင်း တစ်ယောက်လိုဘဲ စိတ်ထဲရှိခဲ့
ပေမဲ့ ကျွန်မတို့၂ယောက် ခရီးတစ်ခု အတူတူ သွားကြတဲ့ အချိန်မှာတော့ မောင့်ကို
ကျွန်မ ချစ်နေတယ် ဆိုတာ သိလိုက်ပါတယ်.. ကျွန်မမောင့်ကို ချစ်နေတဲ့အကြောင်း
မောင်သိအောင် ပွင့်ပွင့်လင်းလင်း ဝန်ခံ လိုက်မိပါတယ်.. ဒါကြောင့်လဲ မကြာခင်မှာ
ကျွန်မတို့ ၂ယောက်ဟာ စုံတွဲလေး တစ်တွဲ ဖြစ်လာခဲ့ပါတယ်..

ကျွန်မ မောင့်ကို သိပ်ချစ်မိတဲ့ အတွက် ကျွန်မရဲ့ စိတ်အာရုံ အားလုံးကို
သူ့အပေါ်မှာဘဲ စူးစူးစိုက်စိုက် ထားရှိပါတယ်.. ဒါပေမဲ့ မောင် ကတော့ ကျွန်မလို
မဟုတ် ပါဘူး သူ့မှာ မိန်းခလေးပေါင်း များစွာရှိပါတယ်.. မောင် ဟာကျွန်မအတွက်
တစ်ဦးတည်းသော သူ ဖြစ်ပေမဲ့ ကျွန်မကတော့ သူ့အတွက် မိန်းခလေးများစွာ
ထဲကမှ တစ်ယောက် အပါအဝင်ပါ…

“မောင်ရေ.. ဒီနေ့ ရုပ်ရှင်ကောင်းတယ် သိလား..သွားကြည့်ရအောင်လေ..”
ကျွန်မက သူ့ကိုပြောလိုက်ပါတယ်…

“ ဟာ… သွားလို့မဖြစ်ဘူး”

“ ဟင် ..ဘာလို့လဲ ..အိမ်မှာ စာကြည့်မလို့လား”
“မဟုတ်ပါဘူး.. သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့စရာရှိလို့ပါ…”

မောင်ဟာ အမြဲတမ်း အဲလိုပါဘဲ…. သူဟာ တစ်ခြား မိန်းခလေးတွေနဲ့
ကျွန်မရှေ့မှာတင် တွေ့တဲ့အခါ တွေ့တတ်ပါတယ်.. အဲလို တွေ့ချိန်မှာလည်း သူ့ဘက်က
ဘာမှ မထူးဆန်းတဲ့ အလုပ်တစ်ခုခုကို ပုံမှန် လုပ်နေသလိုမျိုးပါဘဲ….. ကျွန်မဟာ မောင့်
အတွက် ဘာမှ မထူးဆန်းတဲ့ သာမန်မိန်းခလေး တစ်ယောက် ပါဘဲလား…. ချစ်တယ်
ဆိုတဲ့ စကားကိုလည်း ကျွန်မကသာ မောင့်ကိုပြောခဲ့ပေမဲ့ မောင့်ပါးစပ်ကတော့
ဒီနေ့အထိ ချစ်တယ်ဆိုတာ တစ်ခါမှာကို မပြောခဲ့ဖူး သေးပါဘူး… ရက်ပေါင်း ၁၀၀…
ရက်ပေါင်း၂၀ဝ .. စသည်ဖြင့် ချစ်သူသက်တမ်းသာ ကြာလာတယ်… ချစ်တယ် ဆိုတဲ့
စကားကိုတော့ သူ့ပါးစပ်က ဘယ်တော့မှ မပြောခဲ့ပါဘူး… ကျွန်မတို့၂ယောက် ကြားမှာ
ချစ်သက်တမ်း အထိမ်း အမှတ် ဆိုတာလည်း မရှိခဲ့ပါဘူး… မောင်ဟာ ချစ်တယ်ဆိုတဲ့
စကားကိုပြောဖို့ ဘာကြောင့်များ ဒီလောက် တွန့်တို နေတယ် ဆိုတာ ကျွန်မ
မတွေးတတ်တော့ပါဘူး…ချစ်သူစဖြစ်တဲ့ နေ့ကစပြီး မောင် မပျက် ကွက် လုပ်တဲ့
အလုပ်တစ်ခုက တစ်နေ့ကို အရုပ်လေးတစ်ရုပ် ကျွန်မကို ပေးခြင်းပါဘဲ… ဒီနေ့ထိ တစ
ရက်မှကို မပျက်ကွက် ခဲ့ပါဘူး… ဒီအရုပ်တွေကို ဘာသဘောနဲ့ မောင်ပေးနေတယ်
ဆိုတာလဲ ကျွန်မ မသိခဲ့ပါဘူး…

တစ်နေ့တော့ ကျွန်မက မောင့်ကို စကားစဖို့ ကြိုးစားတယ်…

“ မောင်… ငါ………….. ငါလေ”

“ ဘာတွန့်ဆုတ်ဆုတ်ဖြစ်နေတာလဲဟ.. ပြောလေ”

“ငါ နင့်ကိုချစ်တယ်”

“ ဟမ်.. နင်က ..ဟုတ်လား အရူးထမနေနဲ့……ရော့ရော့ ဒီအရုပ်ကိုယူ..
ပြီးရင် အိမ်ထဲဝင်တော့..”

ကဲကြည့်.. ကျွန်မရဲ့အချစ်တွေကို မောင်ဟာ ဘယ်လောက်တောင် ဥပက္ခာပြုတယ်
ဆိုတာ.. အရုပ်လေး ပေးပြီးတာနဲ့ ကျွန်မရှေ့ကနေ တစ်ခါတည်း ပျောက်ကွယ်
သွားတော့တာဘဲ.. ပြေးပြီး ထွက်သွားသလား အောက်မေ့ ရလောက်အောင်
လျှင်မြန်လွန်းနေတယ်.. သူ့ဆီက နေ့စဉ်နေ့တိုင်း ရနေတဲ့ အရုပ်ကလေး တွေဟာ
ကျွန်မ အခန်း တစ်ခုလုံး တစ်ဖြေးဖြေးနဲ့ ပြည့်လာတယ်… အရုပ်လေးတွေမှ
အများကြီးပါဘဲ…..

ဒီနေ့ဟာ ကျွန်မရဲ့ ၁၉ နှစ်မြောက် မွေးနေ့ပါ.. ကျွန်မ မနက်အစောကြီး အိပ်ရာကနေ
ထတယ်.. သူနဲ့ အတူ မွေးနေ့ပွဲလေးတစ်ခု ပြုလုပ်ဖို့ စိတ်ကူးလေးနဲ့ ရင်ခုန် နေမိတယ်..
မောင်ခေါ်လာမဲ့ ဖုန်းသံလေးကို စောင့်နေမိတယ်… ဒါပေမဲ့ နေ့လည်စာ စားပြီးချိန်ထိ
သူ့ဆီက ဖုန်းခေါ်သံ မကြားရဘူး.. ညနေစာစားပြီးတဲ့ အချိန်ထိလည်း သူ့ရဲ့ ဖုန်းသံကို
မရပါဘူး.. ကောင်းကင်တစ်ခုလုံး မဲမှောင်ပြီး ညနက်ချိန် ရောက်တဲ့ထိလည်း မောင်က
ကျွန်မဆီကို ဖုန်းမခေါ်ခဲ့ပါဘူး… ကျွန်မ မောင့်ဆီက ဖုန်းခေါ်သံကို စောင့်ဖို့ အင်အားလဲ
မရှိတော့ပါဘူး… ရင်ထဲမှာ စိတ်ပျက်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ပင်ပန်း ငြီးငွေ့ခြင်းများနဲ့ ကျွန်မ
ရင်ခွင် တစ်ခုလုံး နွမ်းလျှလို့ နေပါပြီ..

မောပန်း နွမ်းနယ်စွာနဲ့ အိပ်ပျော်သွားတဲ့ ကျွန်မကို ရုတ်တရက် လန့်နိုးစေလိုက်တာက
ဖုန်းခေါ်သံလေးတစ်ခုပါ… နာရီကြည့်လိုက်တော့ မနက် ၂နာရီရှိနေပြီ.. ဖုန်းကို
ကောက်ကိုင်ပြီး ထူးလိုက်တော့ မျှော်လင့်စောင့်စားခဲ့ရတဲ့ မောင်ရဲ့အသံ.. မောင်က
ကျွန်မကို အိမ်အပြင်ဘက် ခနထွက်လာဖို့ ပြောပါတယ်… ကျွန်မရင်ထဲမှာ ပျော်ရွင်ခြင်း
များစွာနဲ့ အိမ်အပြင်ကို ပြေးထွက်လာခဲ့မိတယ်..

“မောင်”

“ဒီမှာ…. ရော့ ဒါကိုယူ ” ထုံးစံအတိုင်း မောင့်လက်ထဲမှာ အရုပ်လေးတစ်ရုပ်

“ဒါက ဘာလဲ..” ကျွန်မ မောင့်ကို မေးလိုက်တယ်..

“ငါ မနေ့က နင့်ကို မပေးလိုက်ရဘူးလေ.. အဲဒါ အခုလာပေးတာ ..
ငါအခု အိမ်ပြန်တော့မယ် …. တာ့တာနော်”

“မောင် ခနလေး ..ခနလေး စောင့်ပါဦး .. ဒီနေ့ဘာနေ့လဲ မောင်သိရဲ့လား”

“ဒီနေ့ .. ဟမ်… မသိဘူး”

ကျွန်မ အရမ်းကို ဝမ်းနည်းသွားမိပါတယ်.. ကျွန်မထင်ခဲ့တာက သူဟာ ကျွန်မမွေးနေ့ကို
သတိတရ ရှိလိမ့်မယ်လို့ ဒါပေမဲ့ သူကတော့ ဘာမှ မဖြစ်သလိုဘဲ ကျွန်မရှေ့ကနေ
လှည့်ထွက် သွားခဲ့တယ်.. ကျွန်မ ဘယ်လိုမှ သည်းခံနိုင်စွမ်း မရှိတော့ဘဲ အော်လိုက်မိ
တယ်..

“မောင် ခနနေဦး ”

“ဘာလဲ .. တစ်ခုခုပြောစရာရှိလို့လား”

“မောင် နင်ငါ့ကိုပြောစမ်းပါဦး နင်ငါ့ကို တကယ်ချစ်ရဲ့လား.. ငါ့ကို တကယ်ချစ်တယ်
ဆိုရင် နင်ဒီနေ့ ငါ့ကိုချစ်တယ်ဆိုတဲ့ စကားကို ပြောခဲ့ပါ”

“ဘာ.. နင်ရူးနေလား”

“ပြောစမ်းပါ မောင်ရဲ့ .. နင်ငါ့ကို ပြောစမ်းပါ…” ကျွန်မ အသံက သနားစရာ ကောင်း
လောက်အောင် တုန်ခါနေတယ်.. မောင့်ရဲ့ လက်တွေကို လှုပ်ခါပြီး တောင်းပန် တိုးလျှိုး
ပြောနေမိပါတယ်..

ဒါပေမဲ့ မောင့်ဆီက ပြန်ရလိုက်တဲ့ အေးစက်စက် စကားလုံးတွေက ကျွန်မအသည်းကို
ဓါးထက်ထက်နဲ့ မွန်းလိုက်သလိုပါဘဲ….

“ချစ်တယ်ဆိုတဲ့ စကားလုံးကို ငါ ဘယ်သူ့ကိုမှ လွယ်လွယ်ကူကူ မပြောချင်ဘူး.. မင်း
ဒီလောက်တောင် ကြားချင်နေတယ် ဆိုရင်တော့ တစ်ခြား တစ်ယောက် ယောက်ကို
ရှာချင် ရှာလိုက်တော့”

ဒီစကားကို ချန်ထားရစ်ပြီး သူပြေးထွက်သွားပါတယ်.. ကျွန်မခြေထောက်တွေ ဆက်လက်
ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး.. မြေပြင်ပေါ်ကို ပြိုလဲကျသွားပါတယ်.. မောင်က
ချစ်တယ်ဆိုတဲ့ စကားကို အလွယ်တကူ မပြောချင်ဘူးတဲ့လား.. သူဘယ်လိုများ
ပြောထွက်လိုက်တာပါလိမ့် .. ကျွန်မသိလိုက်ပါပြီ.. မောင်ဟာ ကျွန်မအတွက် ထိုက်တန
်တဲ့သူ တစ်ယောက် မဟုတ်ခဲ့ပါဘူး..

အဲဒီနေ့က စပြီး အိမ်ထဲအိမ်ပြင်မထွက်ဘဲ ကျွန်မငိုကြွေးနေခဲ့မိပါတယ်.. နေ့စဉ်ရက်ဆက
် ငိုနေမိတာပါ.. မောင်ကတော့ နေနိုင်လွန်းပါတယ်.. ကျွန်မ စောင့်နေ ခဲ့ပေမဲ့ ဖုန်းတစ်
ချက်တောင် ဆက်ဖော်မရခဲ့ပါဘူး… ဒါပေမဲ့ ကျွန်မရဲ့ အိမ်အပြင် ဘက်မှာတော့ အရုပ်
ကလေးတစ်ရုပ်ကို မနက်တိုင်း မနက်တိုင်း လာထားနေဆဲပါ.. အခန်းထဲမှာလည်း အရုပ
်တွေနဲ့ ပြည့်လို့နေပါပြီ..

တစ်လလောက်ကြာတော့ ကျွန်မကိုယ့်ကိုယ်ကို အားတင်းပြီး ကျောင်းကို ထွက်လာခဲ့
ပါတယ်.. ဒါပေမဲ့ ကျောင်းမရောက်ခင် ကျွန်မရင်ကို နာကျင်စေမဲ့ မြင်ကွင်း တစ်ခုကို
မြင်လိုက် ရတယ်.. မောင်ရယ်လေ. ကောင်မလေး တစ်ယောက်နဲ့ .. သူ့မျက်နှာပေါ်မှာ
လည်း ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ အပြုံးတွေနဲ့ ရွှန်းလက် တောက်ပလို့.. ကျွန်မက
ဒေါသ ထွက်စေတဲ့ အရာက မောင့်လက်ထဲမှာ ကိုင်လာတဲ့ အရုပ်ကလေး တစ်ရုပ်..
ကျွန်မ အိမ်ဘက်ကို အားကုန် ပြန်ပြေးခဲ့မိတယ်..
အိမ်ခန်းထဲကို ရောက်တော့ တစ်ခန်းလုံး ပြည့်လုမတတ် ရှိနေတဲ့ အရုပ်တွေကို ကြည့်
ပြီး မျက်ရည်တွေ တားဆီးမရအောင် ကျလာမိတယ်… ဘာလို့များ ဒီအရုပ်တွေ ကျွန်မကို
ပေးခဲ့တာတဲ့လဲ… ဒီအရုပ်တွေဟာ သူ တစ်ခြား ကောင်မလေးတွေ ဆီက ရလာတဲ့
အရုပ်တွေ ဖြစ်နိုင်သားဘဲလေ.. ဒေါသစိတ်နဲ့ အရုပ်တွေကို လွှင့်ပစ်နေမိတယ်..
ဒီအချိန်လေးမှာဘဲ ရုတ်တရက် ဖုန်းမြည်သံပေါ်လာတယ်… မထင်မှတ်ထားဘဲ မောင့်
ဆီက ဖြစ်နေတယ်.. မောင်က ကျွန်မတို့ အိမ်အနားက ဘတ်စ်ကား မှတ်တိုင်ကို ခန
ထွက်လာဖို့ ပြောတယ်.. ကျွန်မ စိတ်တွေ တည်ငြိမ်အောင် ကြိုးစားပြီး ကားမှတ်တိုင်ကို
လျှောက်လာခဲ့တယ်. ကိုယ့်ကိုယ်ကိုလည်း သတိပေး နေမိတယ်..
ငါသူ့ကို မေ့အောင် ကြိုးစားတော့မယ်.. ငါဒီဇာတ်လမ်းကို ဒီနေ့မှာဘဲ အဆုံး သတ်
တော့မယ်..

ကျွန်မ မြင်ကွင်းထဲကို အရုပ်ကြီး တစ်ရုပ်ကို လက်က ကိုင်ထားပြီး သူ ရောက်လာတယ်..
ပြီးတော့ စကား စ ပြောပါတယ်..

“ နင်ငါ့ကို စိတ်ပျက်သွားပြီလို့ ထင်နေခဲ့တာ .. နင်တကယ် ထွက်လာတယ်နော် ” တဲ့

ကျွန်မ သူ့ကို မုန်းလိုက်တာလေ.. သူနဲ့ ကျွန်မကြားမှာ ဘာမှကို ပြဿနာ မဖြစ်ခဲ့သလို
နဲ့ .. သူ သရုပ်ဆောင် တော်တော်ကောင်းပါတယ်.. ပြီးတော့ သူ့ထုံးစံအတိုင်း အရုပ်က
လေးကို ကျွန်မရှေ့ကို ထိုးပေးလိုက်တယ်..

“ငါ နင့်ဆီက အရုပ်တွေကို မလိုချင်တော့ဘူး … နောက်ကို ဘယ်တော့မှလဲ ငါ့ကို
ပေးဖို့ မကြိုးစားနဲ့တော့”

“ဟင် .. ဘာဖြစ်လို့လဲ..” သူက ဘာမှ မသိ နားမလည်တဲ့ လေသံလေးနဲ့ ကျွန်မကို
ပြန်မေးနေတယ်..

ကျွန်မ သူ့လက်ထဲက အရုပ်ကို ဆွဲယူလိုက်ပြီး. လမ်းမပေါ်ကို လွှင့်ပစ်လိုက်တယ်..

“ ငါ နင့်အရုပ်တွေကို မလိုချင်တော့ဘူး… နောက်လည်း ဘယ်တော့မှ မလိုတော့ဘူး..
နင့်လိုကောင်ရဲ့ မျက်နှာကိုလည်း ငါ ထပ်မတွေ့ချင်တော့ဘူး…”

ကျွန်မရင်ထဲမှာ မြိုသိပ်ထားခဲ့ရတဲ့ စကားလုံးတွေနဲ့ သူ့ကို အဆက်မပြတ် ပစ်ပေါက်နေ
မိတယ်.. ဒါပေမဲ့ အရင်နေ့တွေက အေးစက်စက် အမူအရာတွေနဲ့ မတူဘဲ မောင့်မျက်
လုံးထဲက နာကျင်ရိပ်တွေ ထိတ်လန့်တုန်လှုပ်နေတဲ့ ချောက်ခြားခြင်း တွေကို မမျှော်လင့်
ဘဲ တွေ့လိုက်ရတယ်..

“ ငါ ဝမ်းနည်းပါတယ်ဟာ… နင်ဒီလောက် ဒေါသဖြစ်နေမယ်မှန်း မသိခဲ့ပါဘူး..ငါ့ကိုခွင့်
လွှတ်ပါ ”

မောင့်နှုတ်က တောင်းပန်တဲ့အသံတိုးတိုးလေး ထွက်လာတယ်.. မောင့် အသံထဲမှာ
နာကျင်ခြင်းတွေနဲ့ ပြည့်လို့….

ပြီးတော့ မောင်က ကျွန်မလွှင့်ပစ်လိုက်တဲ့ အရုပ်လေးကို ကောက်ဖို့ ကားလမ်းမပေါ်ကို
လျှောက်သွားတယ်…

“ နင်.. အရူးဘဲ .. ဘာလို့ ဒီအရုပ်ကို ကောက်နေသေးလဲ ..လွှင့်ပစ်လိုက်ပါလား”

ဒါပေမဲ့ မောင်က ကျွန်မစကားကို မကြားသလိုနဲ့ အရုပ်ကလေးဆီ လျှောက်သွားေနေ
တယ်.. အဲဒီအချိန်မှာ ကျယ်လောင်တဲ့ ကားဟွန်းသံနဲ့ ကြီးမားလှတဲ့ ထရပ်ကားတစ်စီး
က မောင့်ဆီကို တည့်တည့်ကြီး ဦးတည်ပြီး သွားနေတယ်….

“မောင်ရေ.. ကားလာနေပြီ ….ကား ..” “ အမြန်ပြေး”

ကျွန်မအသံကုန် အော်လိုက်မိတယ်.. ဒါပေမဲ့ မောင်က ကြားပုံမရဘူး.. ထိုင်ချလိုက်ပြီး
အရုပ်ကလေးကို ငုံ့ကောက်လိုက်တယ်..

“မောင်ရေ.. ကား”

ဒုန်း ဆိုတဲ့ ကျယ်လောင်လှတဲ့ ကြောက်စရာ အသံကြီးကို နောက်ဆုံး ကြားလိုက်ရတယ်..

အဲဒီကတည်းက မောင်ဟာ ကျွန်မရဲ့ အနားကနေ ထွက်ခွာသွားခဲ့ပါတယ်.. သူထွက်သွား
တဲ့ အချိန်ထိ မျက်လုံး တစ်ချက်မှ မဖွင့် စကားလည်း တစ်ခွန်းမှ ကျွန်မကို ပြောမသွားခဲ့
ပါဘူး…

အဲဒီနေ့ကစပြီး ကျွန်မဟာ မောင်သေဆုံးရခြင်းအတွက် မိမိကိုယ်ကို အပြစ်တင်ခြင်း၊
ဝမ်းနည်းပူဆွေးခြင်း တွေနဲ့ အရူးတစ်ယောက်လို ဖြစ်နေခဲ့တာ ၂လလောက် ကြာခဲ့ပါပြီ..
အခန်းထဲမှာ မောင်ပေးခဲ့တဲ့ အရုပ်တွေကြားထဲ ထိုင်ပြီး မောင့်ကို နေ့တိုင်း သတိရ
လွမ်းဆွတ် ငိုကြွေးနေမိပါတယ်.. ဒီအရုပ်တွေဟာ ကျွန်မတို့၂ယောက် ချစ်သူတွေ ဘဝ
ရောက်ကတည်းက မောင်ပေးခဲ့တဲ့ တစ်ခုတည်းသော လက်ဆောင်တွေပါဘဲ..
မောင်ပေးခဲ့တဲ့ အရုပ်ကလေးတွေကို တစ်ခုခြင်း ကောက်ပြီး ရေတွက်နေမိရင်း
ချစ်သူဘဝ အချိန်တွေကို တစ်ရက်ခြင်း ပြန်အမှတ်ရ နေမိပါတယ်..

တစ် , နှစ် , သုံး , လေး …

လေးရာ ရှစ်ဆယ့်လေး… လေးရာ့ရှစ်ဆယ့်ငါး စုစုပေါင်း လေးရာ့ရှစ်ဆယ့်ငါးခု
တိတိရှိပါတယ်.. ကျွန်မ ရှိုက်ကြီးတငင် ငိုကြွေးမိပြန်ပါတယ်..
အရုပ်ကလေးကို တင်းကြပ်စွာပွေ့ဖက်ရင်း ငိုကြွေးနေမိတယ်..
ရုတ်တရက်

နင့်ကိုငါ ချစ်တယ်.. နင့်ကို ငါချစ်တယ်..

ကျွန်မ အရုပ်ကလေးကို ထိတ်လန့်တကြား လွှတ်ချလိုက်မိပါတယ်..

အရုပ်ကို ပြန်ကောက်လိုက်ပြီး ဗိုက်ကလေးကို ဖိလိုက်မိတော့

နင့်ကို ငါချစ်တယ်..တဲ့

ရှိသမျှ အရုပ်တွေအားလုံးကို တစ်ခုချင်း ကောက်ယူပြီး ဝမ်းဗိုက်တွေပေါ် ဖိလိုက်တိုင်း

နင့်ကို ငါချစ်တယ်.
နင့်ကို ငါချစ်တယ်..
နင့်ကို ငါချစ်တယ်..

အဲဒီအသံတွေဘဲ မရပ်မနား ထွက်လာပါတယ်..
ကျွန်မ စောစောက ဘာလို့ သဘောမပေါက်ခဲ့မိရတာပါလဲ….. မောင့်အသည်းနှလုံးဟာ
အစောကတည်းက ကျွန်မရဲ့ဘေးမှာ အတူတူ ရှိနေခဲ့တာပါလား… မောင်ကျွန်မကို
ဒီလောက်ချစ်တယ်ဆိုတာ ဘာလို့များ မသိခဲ့ရပါလိမ့်.. ကျွန်မအရုပ်ကလေး တစ်ရုုပ်ကို
ကုတင်အောက်က ကောက်ယူလိုက်တယ်.. ခုနက ၄၈၅ ရုပ်တွေနဲ့ မတူဘဲ ထူးထူးခြားခြား
ကြီးမားနေတဲ့ အရုပ်ကလေး … ဒီအရုပ်ကလေးဟာ မောင်နဲ့ နောက်ဆုံး တွေ့ခဲ့တဲ့နေ့
က ကျွန်မကို မောင်ပေးခဲ့တဲ့ အရုပ်လေး.. ကျွန်မလမ်းပေါ်ကို လွှင့်ပစ် လိုက်မိတဲ့
အရုပ်လေးပါ .. အရုပ်လေးမှာ မောင့်ကိုယ်ပေါ်က သွေးစက်လေးတွေတောင် ခုချိန်ထိ
စွန်းပေ နေသေးတယ်.. အရုပ်ကလေးကို လက်နဲ့ ဖိချ လိုက်တော့ ကျွန်မ လွမ်းဆွတ်
တမ်းတနေတဲ့ မောင့်ရဲ့အသံလေး ထွက်လာတယ်..

“ဒီနေ့ဘာနေ့လဲ ဆိုတာ နင်သိလား… ငါတို့၂ယောက်ချစ်ခဲ့ကြတာ ၄၈၆ရက်ပြည့်တဲ့
နေ့လေ.. ၄၈၆ ဂဏန်းဟာ ဘာအဓိပ္ပါယ်လဲ ဆိုတာ နင်သိတယ် မဟုတ်လား…
နင့်ကို ငါချစ်တယ် ဆိုတဲ့ စကားကို မပြောဖြစ်ခဲ့တာက ဒီစကားကို ငါ့ပါးစပ်က
ပြောရမှာ သိပ်ရှက်လို့ပါ… ဒါကြောင့်လဲ အရုပ်ကလေးတွေကို ငါ့ကိုယ်စား ပြောပေးဖို့
အတွက် နင့်ကိုငါ နေ့တိုင်းပေးခဲ့တာပါ… နင်ငါ့ကို ခွင့်လွှတ်တယ်ဆိုရင် ဒီအရုပ်လေး
ကို လက်ခံပါနော်… နင့်ကို ငါသိပ်ချစ်ပါတယ်.. နောက်ကို နင့်ကို သိပ်ချစ်တယ်ဆိုတာ
ငါအမြဲပြောပါ့မယ်.. နေ့တိုင်းပြောပါ့မယ်.. ငါသေတဲ့အထိ နင့်ကို ချစ်တယ်လို့
ပြောပါ့မယ်.. နင့်ကို ငါအရမ်းချစ်ပါတယ်.. ကောင်မလေးရယ်..”

ကျွန်မပါးပြင်ပေါ်မှာ မျက်ရည်တွေ မြစ်လိုဘဲ စီးဆင်းလာပါတယ်.. ကံတရားက
ဘာလို့များ ဒီလောက် ရက်စက်ရတာလဲ မောင်ရယ် .. နင့်အချစ်တွေကို ဘာလို့များ
နင်သေဆုံးပြီးချိန်မှ ငါသိခွင့် ရလိုက်တာလဲ.. ခုချိန်မှ ငါသိလိုက်ရတော့ နင်က ငါ့
ဘေးမှာ မရှိတော့ဘူးလေ.. နင်ဟာ ငါ့ကို နောက်ဆုံး စက္ကန့်အထိ ချစ်သွားခဲ့တယ်
ဆိုတာ ငါယုံပါပြီမောင်ရယ်.. ခုတော့ ငါတစ်ယောက်တည်း နင်ပေးခဲ့တဲ့ အရုပ်တွေကြား
မှာ ဖြေမဆည်နိုင်တဲ့ နောင်တတွေနဲ့ ပူဆွေးရင်း သောကတွေနဲ့ လောင်မြိုက် နေရပါပြ
ီ မောင်ရယ်…..

——————————————————————————————————————————————————————–
အချစ်ဆိုတာ တကယ်တမ်းတော့ မိမိရရ ဖမ်းဆုပ်ဖို့ခက်ခဲလှပါတယ်.. တစ်ခါတစ်ရံ
ကိုယ့်လက်ထဲ ရောက်ရှိလာတဲ့အချစ်ဟာ နားလည်မှု လွဲမှားတဲ့အခါ လက်ထဲက
ပြန်လွှတ်ထွက် သွားတတ်ပါတယ်.. နားလည်မှု လွှဲမှားလို့ လမ်းခွဲခဲ့ကြတဲ့ ချစ်သူတွေ
ဘယ်လောက်တောင် များကြပြီလဲ… တစ်ချို့သူတွေက ရင်ထဲကမပါပေမဲ့ စကားတွေကို
တန်ဆာဆင်ပြီး သိုင်းဝိုင်းဖွဲ့နွဲ့လို့ ပြောတတ်ကြပေမဲ့ အချို့ကျတော့ ရင်ထဲမှာ ရှိသည့်
တိုင်အောင် ပါးစပ်က ထုတ်ဖော် မပြောတတ် ကြပါဘူး… ချစ်ကြသူတွေ တစ်ယောက်နဲ့
တစ်ယောက် နားလည်နိုင်အောင် ကြိုးစားသင့်လှပါတယ်.. နားလည်မှု လွဲလို့ ခွဲခွာကြရ
တဲ့အခါ ခံစားရတဲ့ နာကျင်ခြင်း တွေက ပူလောင်မှုတွေဘဲ မဟုတ်ပါလား… ဒီဇာတ်လမ်း
လေးက တစ်ခုခုကို သေချာအောင် မဆန်းစစ်သေးဘဲ ဆုံးဖြတ်ချက် အလျှင်စလို မချသင့်
ကြောင်းကို သင်ခန်းစာ ပေးနေပါတယ်.. ဒါကြောင့် ကိုယ့်လက်ထဲက အချစ်ဆိုတဲ့အရာ
လေးကို သေချာ ဖမ်းဆုပ်မိနိုင်ဖို့အတွက် နားလည်မှုလေးနဲ့ တည်ဆောက် နိုင်ကြပါစေရှင်….

Lovefatedestiny မှ I Love you ကိုးရီးယား အချစ်ဇာတ်လမ်းလေးကို
ဘာသာပြန်ထားပါတယ်..

forward mail မှ တစ်ဆင့်
ဇာတ်လမ်းလေးက အရမ်းကောင်းလို့ တင်ပေးလိုက်တာနော့….

32 comments

  • ငပေါက်ဖော်

    December 28, 2011 at 11:56 am

    486 က ဒဲ့ထိုးရမှာလား..အာစရာလိုသေးလားခင်ည
    😆

    အရုပ်တွေ နေ ့တိုင်းနီးပါးရတာတောင်..အထဲမှာ အသံပါမှန်းမသိဘူးလားကွယ်..
    ဖြစ်ရလေ..ခရေးမရယ်..ခံချားရဒယ်..ခံချားရဒယ်..ဒါနဆန်များချင်.သားဓု..သားဓု..

    • နီကီတာ

      December 28, 2011 at 2:03 pm

      ဒဲ့မထိုးနဲ့ ပတ်လည်ထိုး
      ဒါမှ ပေါက်ရင် တွတ်ဖိုးပါရမှာ.. ဟိ 😀

      မယ်တော်
      နီကီတာ

  • koyinmaung

    December 28, 2011 at 12:04 pm

    ကောင်းလိုက်တဲ့ဇာတ်လမ်းလေးပါ
    အားပေးသွားပါတယ်နော်……..

  • windtalker

    December 28, 2011 at 12:04 pm

    ဒီလိုကြတော့ လည်း
    တို ့မောင် က တယ်စွံပါကလား
    ငါ့ ညီမလေး က တော့
    ကိုရီးယား လို ချစ်ပြလိုက်
    မြန်မာလို ချစ်ပြလိုက်နဲ ့
    ချစ်နိုင်သူတွေ ချစ်ကြပါစေလေ….

  • inz@ghi

    December 28, 2011 at 12:11 pm

    အင်း ..၄၈၆ တော့ မသိဘူး
    ၃၇၆ ပဲ သိတယ်. ….
    ကျုပ် ကျောင်းတက်ခဲ့တုန်းက ခုံနံပါတ် ပြောပါဒယ်……

    အာဟိ

    • နီကီတာ

      December 28, 2011 at 2:18 pm

      အတိတ်စိမ်းပေးတာလား ဟင်
      အောလိုက်တော့မယ်နော်….

  • blackchaw

    December 28, 2011 at 12:21 pm

    စဖတ်လိုက်ကတည်းက
    မျက်နှာကြီးတစ်ခုက ပေါ်ပေါ်လာလို့
    ဘယ်လိုမှ မု(ဒ်) မဝင်ဘူးဖြစ်နေတယ်ဗျာ။

  • thit min

    December 28, 2011 at 12:29 pm

    ဒါဆို ဒီလိုပြောမယ်။
    ၃၇၆ က အထမြောက်သွားတဲ့ ပုဒ်မ။
    ကာဣဒြေပျက်ရုံက ပုဒ်မ ၅၀ဝ ဆိုတော့။
    အထလဲမမြောက် ကာဣဒြေ မပျက် ကြားထဲက အမှု ၄၈၆။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ပါးစပ်ကပြောမှလား
    နှုတ်ဖျားမှာမေတ္တ္တာမရှိပါဘူး လို့ဆရာမောင်စိန်ဝင်းပြောထားတာဘဲ။
    ဆရာကိုရင်စည်သူလဲပြောပါတယ်နော်။
    “အထင်” တဲ့။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မိန်းကလေးတွေက စကားချိုချိုလေးတွေကိုဘဲ ကြည့်တတ်တာများပါတယ်။
    ဟိုးအတွင်းအထိစဉ်းစားပြီး မဆုံးဖြတ်ကြတဲ့အခါ မှားသွားတတ်တယ်နော့။
    အမှန်မြင်၍ ချစ်နိုင်ကြပါစေလို့။(^^)

    • နီကီတာ

      December 28, 2011 at 3:14 pm

      ကိုပေကတော့ပြောတယ်..
      ချစ်နိုင်ကြပါစေတဲ့
      ကိုသစ်ကတော့ပြောသား
      အမှန်မြင်ပြီး ချစ်ကြပါတဲ့…. 😀

  • ကြေးမလောင်

    December 28, 2011 at 12:32 pm

    ၄၂ဝ ကတော့ ခိုးမှုတဲ့ ကြားဖူးတာပဲ..

  • နီကီတာ

    December 28, 2011 at 2:14 pm

    ကိုရင်မောင်ရေ….
    အားပေးတဲ့ အတွက်ကျေးဇူးတင်တယ်နော့…

    ……………………………………………………………

    ကိုပေရေ…
    ကိုပေ့ဘေဘီလေးလဲ ဒီလိုတွေချစ်ပြလာလိမ့်မယ်.. ဟိ

    ……………………………………………………………

    ကိုဘလက်ရေ…
    နောက်ဆို အဲမျက်နှာကြီးမပေါ်လာအောင် မျက်လုံးမှိတ်ဖတ်
    ဟိ နောက်တာနော်…

    ……………………………………………………………

  • E.T

    December 28, 2011 at 2:23 pm

    ထိုးလိုက်တာကုန်သွားပီ 🙁 ကိုရင်ဆီကပြန်တောင်းမယ် 😛

  • comegyi

    December 28, 2011 at 3:58 pm

    လက်စသတ်တော့……..
    ကောင်မလေးခမြာ……..
    သတိမမူ ဂူမမြင် ….
    ဖြစ်သွားရှာတာကိုး နီကီတာ ရယ်…
    ………..
    ဘာသာပြန်ဆိုပေမဲ့ အရေးအသား
    ကောင်းသဗျိုု့……

  • MaMa

    December 28, 2011 at 4:11 pm

    ကိုဘလက်ပြောသလိုပဲ မျက်နှာတစ်ခုကို မြင်ပြီး ဖတ်မိနေတာ။ ဗေဒင်ဟောတာကို တွေ့နေပြီး ဘယ်တုန်းက ဘယ်လိုဖြစ်သွားပါလိမ့်လို့ 😀

  • etone

    December 28, 2011 at 4:19 pm

    နီကီတာရေ… မချစ်တတ်သော ယောကျာ်းနဲ့ အချစ်ငတ်သောမိန်းမ ဇာတ်လေးလေးပါပဲ … ။
    ကျွန်မသာဆို … တုံ့ပြန်မှုမရှိတဲ့ အချစ်အတွက် အချိန် ကုန်ခံမနေတော့ပါဘူး …. မချစ်တတ်လို ့ပြောတာမဟုတ်ပါဘူး …။ တစ်ခုခုဆို စိတ်ထဲ နှလုံးသားထဲကပါ ခံစားတတ်တဲ့ ကျွန်မက အချစ်ရဲ့ပူလောင်မှုတွေကို သိသွားခဲ့လို့ပါပဲ …. ။ ဒီဇာတ်လမ်းထဲက ကောင်မလေးက အတော်သဘောထားကြီးတာပဲ .. ကိုုယ့်အပြင် တခြားလူရှိတယ်ဆိုတာ သိလျှက်နဲ့ … ရူးမိုက်စွာမျှော်လင့်နေတာ … တိုးတက်ရာ တိုးတက်ကြောင်းရှာဖို့ အချိန်တွေကို ဖြုန်းပစ်သလိုပါပဲ … ။
    အချစ်ဆိုတာ … အရေးကြီးပေမယ့် … ဘဝတစ်ခုလုံးရုန်းကန်လှုပ်ရှားရတာထက်စာလျှင်တော့ .. မပြောပလောက်ပါဘူး …

    ဒီအချစ်ကြောင့်ပဲ လူတွေ ပျော်ရွှင်ရတယ် ….. ။ ဒီအချစ်ကြောင့်ပဲ လူတွေ ဝမ်းနည်းရတယ် ။ ကြေကွဲ အသည်းကွဲရပြန်တယ် …. အချစ်က မျက်လှည့်ဆရာလိုပါပဲ … ။ ကျွန်မကတော့ အချစ်တွေ အရမ်းလွန်ကဲနေလျှင် ပူလောင်တယ်လို့ ထင်မိတယ် … ။ ချစ်နည်းမျိုးစုံရှိတဲ့ အထဲက ပြင်းပြင်းရှရှ အချစ်မျိုးကို မလိုချင်ပဲ …. မလျှော့မတင်းတဲ့ အချစ်တွေ ၊ နားလည် ခွင့်လွှတ်မှုတွေ … ယုံကြည်မှုတွေနဲ့အတူ … ရှေ့ဆက်ချင်တာ … ။

    ဇာတ်လမ်းမှာ ကောင်လေးသေသွားတယ်နော် …. ။ ကိုယ့်ကို မချစ်ပဲ လှည့်စားခဲ့တဲ့လူ … နောက်မျက်နှာမများနိုင်တော့လို့ဝမ်းသာတာတမျိုး … ကိုယ်ချစ်တဲ့လူ ကိုယ့်မျက်စိရှေ ့တင် ဖုတ်လိုက်ဖုတ်လိုက် အသက်ထွက်သွားတာက တမျိုးနဲ့ … ရသစုံခံစားမှုပေးတဲ့ ဒီပိုစ်လေးကို ကြိုက်ပါတယ် ညီမလေးရေ … ။
    %%%%%%%%%%%%%%%%

    ဖတ်ပြီးသိချင်တာလေးရှိတယ် …. ကောင်မလေးကို ကောင်လေးက ချစ်တယ်လို့မပြောဖူးပဲ ..သူတို့ ဘယ်လို ငြိသွားကြသလဲဟင် …. ။ နောက်ပြီး … ကောင်လေးရဲ့ တခြားချစ်သူက အရုပ်စက်ရုံများဖွင့်ထားလား ဟင် …. ။ 😀

  • Onyx

    December 28, 2011 at 4:38 pm

    ဇာတ်လမ်းလေးကတော့ ကောင်းပါတယ်လေ ။ ဒါပေမဲ့ ကောင်လေးက ချစ်တာကိုတောင် မပြောနိုင်ဘူးဆိုတော့ကား ကျန်တဲ့ကိစ္စတွေ ဆိုရင်တော့ ဘယ်လိုလုပ်ကြမတုန်းဟ
    ယောက်ကျားပဲဟာ အင်းလေ သူက ကိုရီးယားဆိုတော့ အားနွဲ့သူ ယောက်ကျားလေးပေါ့
    ကိုတို့ယောက်ကျားလေး သိပ်ခါ ကျတယ် ။

  • “ဘီလူးကြီး”ogre

    December 28, 2011 at 6:54 pm

    နီကီတာ
    ဒီင်္လူကြီးတော့..ဒီလောက်ညံမယ်မထင်ဘူးဟ
    သူပုံကြည်တာနဲ့တင်သိလောက်တယ်
    ကစီက လက်သွက်လူသွက်ကြီးပါဟယ်.. အာဟိ တွေးရဲဘူး ကြောက်ရို့ 🙂 🙂

  • chityimhtoo

    December 28, 2011 at 9:59 pm

    ဟူးလွမ်းလိုက်ရတာဗျာ…ဟိုဘဝကကျွန်တော်များဖြစ်နေမလား…ဟိဟိ…မျက်ရည်တောင် ငေါက်တောက်
    ပန်းကျတယ်။
    …မောင်!!!! အများပြောတော့ ခွေးသားစားတယ်ဆို…
    ….မောင်!!!တဖြည်းဖြည်းနဲ့ခွေးရုပ်ပေါက်လာတယ်…

  • နီကီတာ

    December 29, 2011 at 10:17 am

    မအိတုံရေ..
    ကောင်လေးက အရုပ်စက်ရုံဖွင့်ထား၊မထားတော့ မသိဘူး
    ဇာတ်လမ်းထဲမှာမှ မပါတာ
    ဒါပေမယ် အရုပ်၄၀ဝကျော်တောင်ရတယ်ဆိုတော့
    ပျော်စရာကြီးနော်
    ………………………………….
    Onyx ရေ…
    ဒါကတော့ လူတစ်ကိုယ် အယူအဆ တစ်မျိုးပေါ့
    သူလည်း ချစ်တယ်ဆိုတာ ပြောမထွက်လို့နေမှာပေါ့…..
    …………………………………
    @chityimhtoo
    ဟူးလွမ်းလိုက်ရတာဗျာ…ဟိုဘဝကကျွန်တော်များဖြစ်နေမလား…ဟိဟိ…မျက်ရည်တောင် ငေါက်တောက်
    ပန်းကျတယ်။
    >>>>>>>>>>
    ဒါဆို ကိုချစ်ရင်ထူး .အဲ .. ခေါ်ရတာကလည်း…
    အကိုက ဟိုဘဝက အစိမ်းသေပေါ့နော်..

    • chityimhtoo

      December 29, 2011 at 11:50 am

      အင်းအချစ်အတွက်စွန့်စားခဲ့တာပေါ့နီကီတာရယ်…ဒါတွေမင်းအသိဆုံးပါကွာ…:P..နှစ်ယောက်ထဲ
      အေးဆေးတွေ့မှကိုယ်သေချာပြောပြပါ့မယ်ကွာ…

  • ကြောင်ကြီး

    December 29, 2011 at 10:38 am

    အဲဒီသမီးလေး နာမည်နဲ့လိပ်စာ ပေးပါအုံး။ ဂျီတော့ခ်ဖြစ်ဖြစ်ပေါ့။ သူ့ခင်မျာ အားငယ်နေရှာမယ်…။ ဦးကြောင် အရုပ်ဆိုင်ဖွင့်ပြီး ဘဝခရီးကို သမီးလေးနဲ့အတူ လျောက်လှမ်းသွားဘာယဆေ။။။ 😎 😳

    • chityimhtoo

      December 29, 2011 at 11:51 am

      ဘကြောင်ကြီးအတွက် တဂျီးကို စာခြောက်ရုပ် တစ်နေ့တစ်ရုပ်ပို့ခိုင်းပေးပါ့မယ်။ဟိဟိ..:P

  • Shwe Tike Soe

    December 29, 2011 at 11:35 am

    ဟွန်.တကယ့်အဖြစ်အပျက် လားလို. ဖတ်နေရင်းခံစားလိုက်ရတာ…… အဟင့် နောက်ဆုံးမှ ကိုရီးယားကား ကိုဘာသာပြန်ထားတယ်တဲ့…….
    နီကီတာ ရဲ. ကိုယ်တွေ.ဇာတ်လမ်းများလားလို… ဟိဟိဟိ 😀

    • နီကီတာ

      December 29, 2011 at 12:57 pm

      အမလေး..
      ကိုယ်တွေ့တော့ မဖြစ်ပါရစေနဲ့
      ကိုယ်တွေ့သာဆိုလို့ကတော့ လိုက်သေပလိုက်မှာ .. ဟွန်း .ဘာမှတ်နေလဲ. 😀

      • ကိုရင်စည်သူ

        December 29, 2011 at 1:24 pm

        အဟွတ်.. ဟွတ်…
        ယုံဝူး.. ယုံဝူး..
        ကျွမ်းထိုးပြ…
        နွားအီးပုံလက်နဲ့ ထိုးပြ…
        ထမင်းကို ကြက်ဟင်းခါးသီးနဲ့သုတ်စားပြ
        ညာဘက်လက်နဲ့ စာရေးပြ
        ပြ…
        ပြ…
        ပြ…
        😆 😆 😆

  • တညင်သား

    December 29, 2011 at 2:07 pm

    etone says:
    နီကီတာရေ… မချစ်တတ်သော ယောကျာ်းနဲ့ အချစ်ငတ်သောမိန်းမ ဇာတ်လေးလေးပါပဲ … ။

    486 က မအိတုန် ပြောပုံအရဆို ချစ်တာကိုပြောပြဖို့ မေ့လျှော့နေတဲ့ သတိပေး စာတန်းဖြစ်ဖို့များတယ်..
    4 > တနေ့ကို ချစ်တဲ့အကြောင်း ၄ ခါပြောပါ
    8 > တနေ့ကို ချစ်တဲ့သူကို ၈ ခါ ပြုံးပြပါ
    6 > တနေ့ကို ချစ်တဲ့အနမ်း ၆ ခါ ပေးပါ … ဘယ်သူထွင်တာလဲတော့မသိဘူး … 🙂 🙂
    ခိုယီးရား ဆယ်ကျော်သက်တွေ ချစ်တဲ့သူကို ဖုန်းနဲ့ မက်ဆေ့(message) ပို့တဲ့သင်္ကေတပါပဲ…..
    486 > i love you ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်…
    တချို့အဲဒီလို ဂဏန်းကို message ပို့ရင် သိနိင်တာတွေ ရှိသေးတယ်..
    ဥပမာ …58 ဆိုရင် 5 က ခိုယီးရား လိုအသံထွက် ..အို
    8 ကတော့ အသံထွက် ….ဖားလ် ပေါင်းလိုက်တော့ အိုဖားလ် ဒါကို အနီးစပ်ဆုံးယူပြီး အိုပါး ပေါ့..
    မြန်မာမှာလဲ ရှိပါတယ်……..၆၃ မကျဘူး
    ၄ စားပါတယ်
    ၉ လောက်ရှိတယ် စသည်ဖြင့်ပေါ့………….

  • စုံ စုံ

    December 29, 2011 at 2:42 pm

    ဇာတ်လမ်းကတော့ဖတ်လို့ကောင်းတယ်
    ဒါပေမယ့်ဇာတ်သိမ်းမှာမညားတော့မကြိုက်ဘူး 😛
    မညားတဲ့အပြင်သေလဲသေသွားတော့ ဟတ်ထိသွားတယ် 😛 😛
    ရုပ်ရှင်ကြည့်ရင်တောင် ကျန်တာဘာဖြစ်ဖြစ် မင်းသားမင်းသမီးမညားရင်ကို
    မကြည့်ချင်တော့တာ သူတို့နဲ့တူတူကိုယ်ကလိုက်ခံစားရတော့ ရင်ထဲမကောင်းလို့

    ဘာဘဲဖြစ်ဖြစ် ဒီမင်းသမီးတော့အရုပ်တွေအများကြီးအဖတ်တင်တာပေါ့ 🙂 🙂

    • နီကီတာ

      December 29, 2011 at 3:23 pm

      စုံစုံအလှည့် ဇာတ်သိမ်းကောင်းပါစေလို့ ဆုတောင်းပေးတယ်နော့
      Happy Ending!.. 😀

      • inz@ghi

        December 29, 2011 at 4:23 pm

        ဇာတ်သိမ်းကောင်းအောင် ခရီးတွားရင်…..ခေါင်းအုံး ထဲ ဒါ့ပုံထည့် တယ်ဆိုလား ..

        😀

        • စုံ စုံ

          December 30, 2011 at 10:44 am

          ဒါပေါ့ ဂီဂီရဲ့ ဇာတ်သိမ်းကောင်းမှပျော်ရမှာပေါ့

          ဂီလဲ ခေါင်းအုံးထဲထည့်အိပ်ကြည့်ပါလား ဇာတ်သိမ်းကောင်းမှာ 😛 😛

  • နွယ်ပင်

    December 29, 2011 at 2:59 pm

    ပိုစ့်ကို ဖတ်ဖတ်ချင်းကတော့ ဗေဒင်ဆရာ မျက်နှာကြီးပဲ ပြေးပြေးမြင်နေတာ
    အလည်လောက်ရောက်မှ ဗေဒင်ဆရာအကြောင်းမဟုတ်မှန်းသိတော့တယ် …….. 😛

  • chityimhtoo

    December 30, 2011 at 10:27 am

    ဗေဒင်ကြီးလည်းအားမကိုးနဲ့ လေ…ကိုယ်ကလည်းနည်းနည်းနန့်ပေးမှပေါ့…အဲလေဟုတ်ပေါင် ..ဘာဆိုင်လို့
    ..ဆောတီး 😛

Leave a Reply