ရေကြောက်တဲ့ လူမို့လို့လားမသိဘူး … ပင်လယ်ကိုမြင်ရလျှင် အရမ်းပျော်တာပဲ … ။ 😆
ဒီတခါတင်ပြီးလျှင် ကုန်ပြီ ထပ်မတင်တော့ဘူး … တကယ် .. တကယ် … 😀



စိတ်ညစ်နေတဲ့အချိန်တွေဆို ရောက်သွားချင်တဲ့နေရာလေးပေါ့
ဒေသထွက်ကုန်လေးတွေနဲ ့ပြုလုပ်ထားတဲ့ အမှတ်တရ အရောင်းဆိုင်လေးတွေပါ


သောင်ပြင်က ဈေးသည်လေးတွေပါ


ဒီကဏန်းက မညှပ်တတ်ဘူး ... ကိုင်တော့ မကိုင်ရဲဘူး ..သူများလက်ပေါ်ကဟာကို ဓါတ်ပုံရိုက်ထှာ
ကဏန်းကို ပက်လက်လှန်ထားတာပါ ... ။
ဝင်ကစွပ်လေးကို ရေထဲမှာတွေ့လို့ လိုက်ဖမ်းရင်း .... ဓါတ်ပုံရိုက်မလို့ သဲထဲခဏချထားတာ .. .ပြီးလျှင်တော့ ပင်လယ်ထဲ ပြန်လွှတ်ပေးမှာပါ ... ။
ဒါလည်း ခရုခွံထဲ ဝင်ကစွပ်လေးဝင်နေတာပါပဲ .. ။



သောင်ပြင်ပေါ်ရိုက်ကွင်းတစ်ခုပါ ... ။ ချောင်းသာမှာရိုက်တိုင်း အဲ့ဒီကျောက်တုံးလေးပေါ်မှာ ရူတင်လုပ်ကြတာ .. အစဉ်လာလိုတောင်ဖြစ်နေပြီ .. 😀
မင်းသမီးကတော့ မေသက်ခိုင်ပေါ့ .... သူ့ရဲ့ အချော်တကောက်လည်း ပါသေး ။
ခေါင်းရွက်ဗျက်ထိုး အသည်လေးတွေဆီက ပင်လယ်ထွက် ငါးခြောက်တွေပါ ... ။
Post Views: 189
11 comments
နွယ်ပင်
December 28, 2011 at 4:53 pm
ပင်လယ်ကြီးကို ကြည့်ပြီး အခုတောင် သွားချင်လာပြီ
တစ်ယောက်သော သူနဲ့လည်း သွားမယ် သွားမယ်နဲ့ ပြောထားတဲ့
ဟန်းနီးမွန်းခရီးကလည်း အခုထိမမွန်းရသေးဘူး
အခုတော့ etone ရဲ့ ပုံလေးတွေကြည့်ပြီး စိတ်ကူးထဲမှာ ခဏလောက်
မွန်းကြည့် လိုက်ဦးမယ် 😛 😀
ဆူး
December 28, 2011 at 5:02 pm
ချောင်းသာ အခုထိ မရောက်ဖူးသေးဘူး။
လူတွေ အားကြီးပဲနော်.. အမြဲတမ်း လူစည်လား။ အခုက ရာသီချိန်မို့ လူစည်နေတာလား။
ငပလီတော့ ရောက်ဖူးတယ်။ သိပ်လူမစည်ဘူး ရှိတဲ့ လူကလည်း နိုင်ငံခြားသား လူဖြူတွေ များတော့ နိုင်ငံခြား ကမ်းခြေ တခုကို ရောက်နေသလို ခံစားရတယ်။
blackchaw
December 28, 2011 at 5:04 pm
သွားကြပါ၊ ရိုက်ကြပါ။
ရှင်တို့က ရဲတွေပဲ။
amatmin
December 28, 2011 at 5:14 pm
ချောင်းသာ ကိုမနေ့ ည ကသွားဖို့စီစဉ်ထားပြီးသားကို အလုပ်ရှိတာနဲ့ နေခဲ့လိုက်ရတာ..
ဒေါ်အိတုန် ပုံတွေ ကလာပြောင်ပြနေသလိုပဲဗျ.. 🙁
သဲပေါ်မှာ လမ်းလျှောက်ရတဲ့ အရသာ ကအတော်ကောင်းသလို..
ကမ်းခြေရှုခင်းမှာ.ဘီယာစုတ်ရင်း .မြူး(ဘူး)ရတာ လည်းအရမ်းကောင်း 🙂
manawphyulay
December 28, 2011 at 6:16 pm
နောက်တစ်ခါသွားရင်ခေါ်နော် သိလား… အရမ်းပျော်ဖို့ကောင်းမှာပဲ…………. လိုက်ချင်လိုက်တာ
“ဘီလူးကြီး”ogre
December 28, 2011 at 6:42 pm
ဒေါ်တုံ
ကျောက်မောင်နှမဘက်မသွားဘူးလားဗျ
အဲဘက်ကရှုခင်းက ဒိထက်ပိုလှတယ်လေ
ပုံတွေအတွက်တော့ ကြည့်ရင်းနဲ့ထပ်သွားခြင်လာပြီဗျ.. 🙂
windtalker
December 28, 2011 at 6:42 pm
အောက်ဆုံးက ပုံရဲ ့ အပေါ်က ပုံမှာ
ငပေါက်ဖော် ပါကလား
ချောင်းသာမှာ အသားမဲသွားတာ
ချက်ချင်းဘဲ
Khin Latt
December 28, 2011 at 8:43 pm
ချောင်းသာ အလှတွေ ကို ကြည့်ရတာ စိတ်အေးချမ်းလိုက်တာ။ ကျေးဇူးဘဲ အိတုန် ရေ။
မကြာခင် နိုင်ငံခြားသား ခရီးသွားတွေ ကိုလဲ အဲဒီမှာ အများကြီးမြင်ရတော့ မှာပါ။
pooch
December 28, 2011 at 8:56 pm
အော်… သူများတွေများ ပျော်နေလိုက်ကြတာ ….ပျော်ကြပါပျော်ကြပါ…..ပျော်နိုင်တဲ့သူတွေ ပျော်ကြပါ….
hmee
December 29, 2011 at 12:55 am
ငါးခြောက်မြင်မှ စားချင်လာပြီ။ ငတ်တာတွေက များနေပြီ။ 🙂 ဒီမှာ ငါးခြောက်ဝယ်စားပါတယ် အရည်ပြားနဲ့ ကပ်နေတဲ့ အသားမို့ မနည်းဝါးရတယ်။ ငါးခြောက်ရှားချက် ပိစိလေး တထုပ်ကို ရှကယ် ၁ဝတောင်။ ပြန်ရောက်လို့ကတော့ ငါးပုတ်ခြောက်ကို မီးဖုတ်ပြီး သံပုရာရည် ချွဲချွဲလေးဆမ်း စားပြစ်မယ်။ 🙂
တုံရေ တို့နိုင်ငံက ကမ်းခြေကမှ ပင်လယ်ကမ်းခြေ အစစ် အုန်းပင်လေးတွေနဲ့ လှမှလှ။ ဒီမှာတော့ နေကပူရတဲ့ အထဲ အပင်ကမရှိ တကဲ့ လတာပြင်။ ပင်လယ်ကမ်းခြေသာပြောတာ ပင်လယ်ငါး ဈေးကြီး၊ အုန်းသီးနော်လုံးဝမရှိဘူး။ တခြားနိုင်ငံက ဝင်တာကို ရှားရှားပါးပါး ဝယ်စားရတယ် တနှစ်လုံးမှာ ၆လပဲ ဝယ်ရတယ် ကျန်တဲ့လတွေ မရှာနဲ့ လုံးဝမရှိ။ အရင်ပို့စ်ထဲက အုန်းသီးစိမ်းလေး မြင်လို့ အမှတ်တရ ပြောတာ။ 🙂 ဒီလောက် နေကျဲကျဲတောက်ပူနေတာကို နေ့မွန်းတည့် နေပူဆာလှုံတဲ့ လူတွေကို လူတွေကောမှ ဟုတ်ရဲ့လားလို့ အံ့ဩမိသေးတယ်။
yaungchikha
December 29, 2011 at 9:14 am
မအိတုန်ရေ ကျမက ချောင်းသာကို 2002 လောက်က ရောက်ခဲ့တာ၊ မရောက်တာကြာပေါ့၊ မအိတုန် ရဲ့ ချောင်းသာအမှတ်တရပုံတွေကြည့်ပြီး အတူသွားခဲ့တဲ့ သူငယ်ချင်းတွေကို သတိရလိုက်တာ…………. 🙂