နံနက်ခင်းစိတ်ရွှင် အပိုင်းခြောက်












“နံနက်ခင်းစိတ်ရွှင်(အပိုင်းခြောက်)”
(ဆောင် မပီ့ တပီ နံနက်ခင်း)
ဆောင်းဝင်စ ဒီဇင်ဘာလဆန်းရက်များမှာ နှင်းကကျချင်သလို မကျချင်သလို။
ကျနော်ငယ်စဉ်ဖြတ်သန်းခဲ့ရတဲ့မန္တလေးဆောင်းရက်များမှာတော့ နှင်းမူံတွေ
ပိန်းပိတ်သော ဝိုးတဝါးရက်များစွာကို ကြုံတွေ့ခဲရသလို အေးချမ်းသောဆောင်းရက်များကို လဲ ဖြတ်သန်းခဲ့ရပါတယ်။
2000ခုနှစ်နောက်ပိုင်းဆောင်းရက်များကတော့ ဆောင်းမပီသတဲ့
ဆောင်းတွေဘဲဖြစ်လို့နေခဲ့ပါတယ်။
နှင်းနည်းနည်းလေးကျမလိုုလို အရောင်ပြတဲ့တစ်ရက် တကယ်လဲဓါတ်ပုံတွေရိုက်မယ်လုပ်ရော
နှင်းမကျဘဲ အလင်းရောင်လေးတွေလက်လာခဲ့ပါတယ်။
အဲဒီနေ့ကပုံတော်တော်များများကို စွယ်တော်လမ်းအမည်နဲ့တင်ခဲ့ဘူးပါတယ်။
နေ့တိုင်းလမ်းလျောက် ထွက်တဲ့အခါ ကင်မရာပါတဲ့ရက်တွေမှာ လက်ဆော့ဖြစ်ပါတယ်။
အဲတော့ နောက်ရက်တွေမှာ မြင်ရတဲ့နံနက်ခင်းတွေနဲ့ပေါင်းလို့ပြန်တင်ပေးလိုက်ပါတယ်။
မနက်အာရုံတက်ရောက်တိုင်း ဆရာမြို့မငြိမ်းရေးပြီး
ဦးအံ့ကြီးသီဆိုခဲ့တဲ့ “လူချွန်လူကောင်း”သီချင်းထဲက
မနက်ခင်းစိတ်ရွှင်ဆိုတဲ့စာသားလေးအတိုင်း နံနက်ခင်းပုံလေးတွေကို
မြင်ရသူတို်င်းစိတ်ရွှင်ပါစေလို့ ရည်ရွယ်ပြီးကျက်သရေရှိသောပုံလေးများကို တင်ပေးလိုက်ပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။
(31-12-2011)
2 comments
windtalker
December 31, 2011 at 12:09 pm
အပင်သေးသေးလေး က အပွင့်တွေ ပွင့်တာမြင်တော့
ကောသလ မင်းကြီး အိပ်မက်၁၆ ကို သတိရသွားတယ်ပေါ့နော်..
ကိုပေါက်(မန္တလေး)
December 31, 2011 at 1:51 pm
ကောသလအိပ်မက် 16ချက်က မန်းလေး ကျောက်တော်ကြီးဘုရားတန်ဆောင်းမှာရှိပါတယ်.