“”များများပေး၍ များများရသူ ကိုသစ်မင်း””
ကိုသစ်မင်းက ရွာထဲကို ဝင်လာတော့ ပေါ့ပေါ့ပါးပါး ဟာသလေးတွေရေးပြီး ဝင်လာခဲ့ပါတယ်။
ပြီးတော့မှ ကဗျာလေးတွေရေးပြီး ကဗျာနဲ့ပဲ ရွာသူရွာသားတွေရဲ့ ချစ်ခင်မှုကို ရရှိလာခဲ့တာပါ။
ပြီးမှ စကားပြေအရေးအဖွဲ့လေးတွေ နဲ့ ဂျပန်ဝတ္ထုတိုလေးတွေ ဘာသာပြန်တဲ့ ဘက်ကို လှည့်လာပြန်ပါတယ်။
ဂျပန်ဘာသာပြန် ဝတ္ထုလေးတွေကို ကြည့်ရအောင်ပါ။
မော်ဒယ် https://myanmargazette.net/77851/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ ဂျပန်ဘာသာပြန် ဝတ္ထုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။
အိမ်လခပင် မပေးနိုင်သော အလုပ်ရှာနေဆဲ ဒုက္ခရောက်နေသော လူတစ်ယောက်
သတ္တုပုံးတစ်လုံးကို ခလုတ်တိုက်မိပြီး အိမ်ယူသွားရာက သံလွင်ဂြိုဟ်သို့ရောက်သွားကာ မော်ဒယ်အလုပ်ကို
ရရှိသွားပုံကို ရေးဖွဲ့ထားပါသည်။ ဖတ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အရသာခံနိုင်ကြမည့် ဘာသာပြန်လက်ရာလေးဖြစ်ပါသည်။
ဘာရေးရေး ရွှေ ဖြစ်နေသော ကိုသစ်မင်း၏ လက်ရာကို ဖတ်ဖြစ်အောင်ဖတ်ကြဘို့ တိုက်တွန်းပါသည် ခင်ဗျား။
ကိုသစ်မင်းက မော်ဒယ်ဖြစ်သွားပုံကို အခုလိုရေးဖွဲ့ ပြထားပါတယ်ဗျာ။
ခင်ဗျားတို့ဆီမှာအာဏာရှင်တွေကြောင့်ဒုက္ခများနေကြတာ ဒီကမသိတဲ့လူတွေအတွက်တော့အံ့ဘွယ်သုတမဟုတ်လား။ အဲဒီဟာကိုဒီကတီဗီအစီအစဉ်မှာခင်ဗျားရဲ့ဒုက္ခများနဲ့ဘာကြောင့်ဖြစ်ရတယ်ဆိုတာ
နေ့စဉ်ရှင်းပြလွှင့်ထုတ်မယ်။ ခင်ဗျားရဲ့ဆင်းရဲဒုက္ခတွေကိုဒီကလူတွေကကြားလဲမကြားဘူးဖူး၊သိလဲမသိဘူးဆိုတော့ ခင်ဗျားဟာကျနော်အတွက်တန်ဖိုးအကြီးဆုံးရှေးဟောင်မော်ဒယ်လူသားပေါ့ဗျာ။
ဖတ်ပြီး တွေးချင်သလောက်သာ တွေးပြီး ဆန့်ချင်သလောက်ဆန့်ထုတ်လိုက်လို့ ရသော ဝတ္ထုတိုတစ်ပုဒ်ဟု ညွှန်းချင်ပါသည် ခင်ဗျား။
(တံခါးစောင့်ကြီး ပို့စ်တွင် ရေးထားတာကို ပြန်ကူးထားတာပါဗျာ)
ဂြိဟ်သား၏ အနေအထား https://myanmargazette.net/77797/creative-writing
ကလည်း ဂျပန်ဝတ္ထုတိုလေးကို ဘာသာပြန်ထားတာပါဗျာ။
ကွန်ဆို ဂြိဟ်မှ တစ်ယောက်တည်းကျန် ဂြိဟ်သားကို ဥပမာပေး၍ ကမ္ဘာကြီး၏
အနာဂတ်ကို သရော်ထားသည့် ဝတ္ထုလေးဖြစ်ပါသည်။
ကျွန်တော်တို့နှင့် ဘယ်လိုမှ မနီးစပ်သော ဂျပန်ဝတ္ထုတိုတစ်ပုဒ်ကို ဘာသာပြန်ပေးတဲ့အတွက်
ကိုသစ်မင်းကို ကျေးဇူး တင်ရပါသည်။
ဘဝရဲ့ မြွေတွေ၊ ကင်းတွေ နဲ့ ပြာ https://myanmargazette.net/67488/creative-writing
ဆိုတဲ့ ပို့စ်လေးကို စက်တင်ဘာ ၁၄ ရက်နေ့က တင်ခဲ့တာပါ။
ကိုသစ်မင်းက လီယိုတော်စတွိုင်းရဲ့ ပုံပြင်လေးနှစ်ပုဒ် ကို လူတွေရဲ့ ဘဝရှင်သန်ရပ်တည်ဖို့
ကြိုးစားနေရပုံလေး နဲ့ နှိုင်းယှဉ်ပြထားတာပါ။ ပထမ ပုံပြင်လေးက နဂါးခံတွင်းပုံပြင်တဲ့။
လူတယောက်ဟာတဲ့ တွင်းနက်ကြီးထဲကျတော့မလိုလိုဖြစ်နေတုန်းနွယ်ကြိုးတပင်ကိုတွယ်ထား ရပါတယ်တဲ့။
တကယ်လို့ နွယ်ကြိုးကိုလွှတ်ချလိုက်မယ်၊ ဒါမှမဟုတ်လွတ်သွားမယ်ဆိုရင်အောက်မှာနဂါးကြီးတကောင်က
ပါးစပ်ကြီးဟပြီး စားဖို့ စောင့်နေတာတဲ့။ အဲဒီအချိန်မှာပဲခိုထားရတဲ့နွယ်ကြိုးကို ကြွက်ဖြူနဲ့ကြွက်မဲနှစ်ကောင်က တလှဲ့စီကိုက်နေပါတယ်တဲ့။
အင်း..အဆိုးထဲက အကောင်းတစ်ခုကတော့ အဲဒီနွယ်ကြိုးရဲ့အပေါ်ဘက် နွယ်ကြိုးစထွက်ရာနေရာလောက်မှာ ပျားအုံတစ်ခု ရှိပြီးတခါတရံပျားရေလေးတစက်နှစ်စက်ကျလာတာမျိုးရှိတတ်လို့အောက်ကလူကပါးစပ်ခံပြီး စားရ၊ ရက်ရ ရှိတတ်ပါ တယ်တဲ့။ပြန်ပြီးရှင်းပြတာကနဂါးကြီးက”သေချင်းတရား”ပါ။နွယ်ကြိုးကိုကိုက်နေတဲ့ကြွက်ဖြူကြွက်မဲနှစ်ကောင်က
”နေ့နဲ့ည”။ ကြိုးကိုခိုထားတဲ့လူက “လူ့ဘဝတခု” ။
ပျားရည်စက်လေးတွေကတော့တခါတခါရတတ်တဲ ့ “စိတ်ချမ်းသာမှု” ပါတဲ့။
လီယိုတော်စတွိုင်းက လူ့ဘဝကို နဂါးခံတွင်း နဲ့ ခိုင်းနှိုင်းပြသွားတာပါ။
ကိုသစ်မင်းက ဆက်စဉ်းစားမိပါတယ်တဲ့။
အဲဒီလူကနွယ်ကြိုးကိုကိုင်ပြီးငြိမ်နေရတာမဟုတ်ဘူးဆိုတာပါဘဲ။
အဲဒီတွင်းကြီးရဲ့လေးဘက် နံရံကအပေါက်တွေရှိပြီး အဲဒီအပေါက်တွေကနေ
အဆိပ်ရှိမြွေတွေကင်းတွေထွက်ထွက်လာတတ်လို့ အသက်ရှင်ရေးအတွက်ကြိုးကိုခိုရင်း တွင်းကိုပတ်ပြေးနေရတယ်ဆိုတာပါဘဲ။ မိုးဒဏ်လေဒဏ်ဆိုတာလဲရှိသေးနော်။ ဘဝရပ်တည်ရေးပူရ..စားဝတ်နေရေးပူရ… လူတွေအတွက်ဟိုပူရဒီပူရ….ခုဆိုဧရာဝတီအတွက်ပူရ…………………..စုံပါပေ့”အဆိပ်ရှိမြွေ”တွေ “ကင်း” တွေ
အင်း………နဂါးကလဲငြိမ်မနေဘူးဗျနော်အငွေတွေလွှတ်တာလွှတ်တာဝက်တုတ်ကွေးကြက်တုတ်ကွေးတဲ့နာဂစ်တဲ့ဂီရိတဲ့။
စဉ်းစားကြည့်နော်အများကြီး။
မကြာခင်က ရန်ကုန်မှာ ဖြစ်ခဲ့တာတွေကိုပဲ ကြည့်ကြပါ။ လှည်းတန်း အများသုံးအိမ်သာ မှာ ဗုံးပေါက်လို့ သေတဲ့လူသေ၊
မင်္ဂလာတောင်ညွန့်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး လူတွေသေကြကြေကြတာကြည့်ပြီး ကိုသစ်မင်းပြောတဲ့ အပေါက်တွေက
ထွက်လာတဲ့ အဆိပ်ရှိတဲ့ ကင်းတွေ မြွေတွေက များလိုက်တာဗျာ။
လီယိုတော်စတွိုင်းရဲ့ နောက်ပုံပြင်တစ်ပုဒ်ကို ဆက်ပြောပြန်ပါတယ်။ ပုံပြင်လေးရဲ့ နာမည်က “ ၆ပေx ၃ပေ” တဲ့။
ဒီပုံပြင်လေးကတော့ တော်တော် များများ သိပြီးဖြစ်မှာပါ။ ပြေးနိုင်သလောက်ပြေး။ ပြေးထားသမျှမြေကို အပိုင်ပေးမယ်
ဆိုလို့ နေမဝင်ခင် ပတ်ပြေးခဲ့ရတဲ့ လူတစ်ယောက်ဟာ ပန်းလည်းဝင်ရော အမောဆို့ပြီးသေသွားပါတယ်တဲ့။
ဒါနဲ့ပဲ သူပိုင်တဲ့ မြေကွက်ပေါ်မှာ သူ့ကို မြေမြှုတ်သဂြိုဟ်လိုက်ရပါတယ်တဲ့။
နောက်ဆုံးတော့ လူတွေတကယ်ပိုင်ရတာက ၆ပေ x ၃ပေ မြေကွက်လေးပါပဲလား ဆိုတဲ့ ပုံပြင်လေးပါ။
ကိုသစ်မင်းက သူ့ပို့စ်လေးကို စာဖတ်သူတွေအတွက် စဉ်းစားစရာလေးတွေ ပေးပြီး အဆုံးသတ်သွားခဲ့ပါတယ်ဗျာ။
ခုခတ်မှာတော့ မီး သင်္ဂြိုဟ် စက်ထဲ က”ပြာ”အဖြစ်ပဲ “ရ” ဖို့ကပိုများနေပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ်ဘဝတတည်ဆောက်နေတာဆိုရင်တော့ ရပ်လိုမှမရတာပြေးနေရအုန်းမှာပေါ့။ မြွေတွေ,ကင်းတွေသတိထားရင်း “ပြာ” မဖြစ်ခင် “ပျာယာခတ်”နေရအုန်းမှာပါဘဲ………….
ရှားရှားပါးပါး ကွန်းမန့်လေးနှစ်ခု ပဲ ရခဲ့တဲ့ ပို့စ်လေးပါ။ ကွန်းမန့်ပေးခဲ့တဲ့လူကတော့ မောင်သန်းထွဋ်ဦး မဖြစ်ခင်က မီးမီးသော် ဖြစ်ပါတယ်။ ပြာ မဖြစ်ခင် ပျာယာခတ် နေရဦးမှာပဲ ဆိုတဲ့ ပို့စ်လေးက ပေးတဲ့ တွေးဆဆင်ခြင်းစရာတွေကို ရယူဖို့ ဖတ်ဖြစ်အောင် ဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကွန်းမန့် ဝင်မပေးမိခဲ့တာ ခွင့်လွှတ်ပါ ကိုသစ်မင်းရေ။
မေတ္တာယူတော့ မေတ္တာပေးလိမ့်မည် https://myanmargazette.net/79775/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ ရွာအလှကို ဓါတ်ပုံဆရာတစ်ယောက် ဓါတ်ပုံရိုက်ပြသလိုမျိုး၊
ပန်းချီဆရာတစ်ယောက် ပန်းချီဆွဲပြသလိုမျိုး လှပလွန်းတဲ့ ဓါတ်ပုံလေးတစ်ပုံ
လှပလွန်းတဲ့ ပန်းချီကားလေးတစ်ကားနဲ့တောင် နှိုင်းချင်မိတဲ့ ပို့စ်လေးပါဗျာ။ ကိုသစ်မင်းက ရွာကို မဏ္ဍပ်ကြီး နဲ့ တင်စားလိုက်ပါတယ်။
သူရေးထားတာလေး ဖတ်ကြည့်ပါဗျာ။
အလှူ မဏ္ဍပ်ကြီး ကပိုင်ရှင် သူကြီးသာ ဆိုတယ်။ သူကလဲ သူ့ဟင်းတမျိုးလောက်ဘဲ ယူလာတာမျိုး။
လာစားတဲ့သူတွေကလဲ လက်ချည်းလာတဲ့သူ တွေရှိသလို၊ ကိုယ့်ဟင်းကိုယူလာသူတွေအများကြီး နော်။
ဒီရောက်မှအမယ် သူ့ဟင်းလေးကကောင်းတယ် ဟဲ့ ငါ့ဟင်းကရောကောင်းရဲ့လား ဆိုပြီး ဟင်းဖလှယ်စား ကြတာပါဘဲလေ။ ဒီအလှူမဏ္ဍပ်ကြီးရဲ့ထူးခြားချက်ကစားလို့လဲရတယ်၊သူငယ်ချင်းတွေကိုလဲခေါ်ကြွေးလို့ရတယ်။
သဘောကျတဲ့ကိုယ့်ပါးစပ်နဲ့တွေ့တဲ့ဟင်းဆိုအိမ်အထိသယ်သွားအုန်းမလားရတယ်။အဲဒီလိုထိ။
ဟင်းတွေကစုံတော့သတိမထား၊မနှိုက်မိတဲ့ဟင်းတွေကအများကြီးကျန်ခဲ့မှာဘဲ။ နှိုက်မိတဲ့စားမိတဲ့ ဟင်းတွေကလဲ ချဉ်ငံစပ်၊အချို၊အခါး၊အဖန်၊အဆိမ့်စုံနေအောင်ပါနေတာဗျ။တော်တော်အရသာစုံတာ။။တခါတလေမူလဟင်းထက် ဆိုဒ်ဒစ်ရှ် အရံဟင်း=ကော်မန့်ဟင်းကလန်ထွက်နေအောင်ကောင်းတာလဲအများကြီးဗျနော်။ကိုပေါက်တို့၊
မှော်စရာ၊ကိုစိန်သော့၊ကိုဇာဂီ၊ကိုဘလက်နဲ့ဝီအာ ဝမ်း အစရှိသဖြင့် တော်တော်များများသော“ဓာတ်ပုံဟင်း” အချက်ကောင်းသူများကလဲတော်ကြပါပေရဲ့။ခုတလောဟင်းကောင်းတခွက်ကဘာသာပြန်စာရေးသူ ကိုဆန်နီ ပါဘဲ။ကိုရင်စည်သူ၊မပူးချ် တို့ရဲ့ ဂမ္ဘီရ လိုင်းနဲ့သမိုင်းနောက်ခံ ဟင်းကောင်း (စာ)များကိုလည်း ဗဟုသုတရဘွယ်၊ အခြေအတင်ပြောဘွယ်ရာလေးများတွေ့ရပါတယ်။ဘာသာရေးအလေးကဲစာလေးတွေ ရေးတတ်တဲ့ ကိုချစ်ရင်ထူးနဲ့ မက်ဆေ့ချ်တခုကိုပေါ့ပေါ့ပါးပါးလေးရေးပြီးပေးတတ်တဲ့ကိုဝင်းတော်လခါ၊ကိုဘီလူး၊ etone၊ တို့ရဲ့ဟင်းကောင်းများကလဲ (ဖတ်) စားချင်စဘွယ်လေးတွေပါ။လူသစ်တန်းကနေ ရေးသူများကလဲ မဆိုးလှပါဘူး။
ရွာထဲမှာ ရှိတဲ့ စာရေးနေကြသူတွေရဲ့ ပို့စ်တွေကို ဟင်းတွေနဲ့ တင်စားလိုက်တာလေးကလည်း လှပါပေရဲ့ခင်ဗျာ။ သံတွဲက အော်စာဟစ်စာတွေကိုလည်း ငပိထောင်းစပ်စပ်တွေ နဲ့ တင်စားလိုက်ပြန်ပါတယ်။ အလှဆုံး စကားလုံးတွေနဲ့ ရွာအလှကို ဒီလိုလေးရေးဖွဲ့ပြသွားခဲ့ပါတယ်ဗျာ။
အရမ်းကို”တိုးတက်လာသောဂေဇက်” ဘဲဗျ။ ပြောရရင် အားလုံးရဲ့ ရင်ထဲကလာတဲ့ စစ်မှန်သော “စေတနာ” ကြောင့် ဘဲဗျ။ ရေးသူ၊ဖတ်သူ၊မန့်သူ တွေ စေတနာတွေ ပါလာတာ။ပိုလာတာ အရင်ထက်။ နိုးကော်မန့်ဆိုတဲ့ ပို့စ် မရှိသလောက်ပါ။အချင်းချင်း နွေးနွေးထွေးထွေးရှိလာကြတယ်။အပြန်အလှန် အားပေးတဲ့ ကော်မန့်တွေနဲ့ကော်မန့်အချင်းချင်းထောက်ခံဆွေးနွေးေ ကာ်မန့်တွေများလာပြီး ကော်မန့်တွေကကို တော်တော်အဆင့်မြင့် လာကြတယ်။ မှန်ကန်သောစေတနာထားနိုင်မှ ရေးတဲ့စာ၊ပေးတဲ့ကော်မန့်
အဆင့်မြင့်တယ်ဆိုတာလက်တွေ့ပါဘဲ။ကျနော်ထပ်ပြောရရင်အပြန်အလှန်လေးစားမှု၊စာကိုရောလူကိုပါအလေးအနက်ထားတဲ့စိတ်တွေ အရင်ထက်တိုးပွါးလာမှု၊ဂေဇက်အပေါ်သံယောဇဉ်ကတဆင့် စာကနေ “စိတ်” တွေကိုဖတ်နိုင်လာမှု၊တဦးကိုတဦးခင်မင်ရင်းနှီးလာမှု…. ဟာ…..ပြောရရင်အများကြီးဗျာ။
ကျနော် စဉ်းစားတယ်။ အလုပ်များတဲ့ ကျနော် ဘာတွေ ဂေဇက်ကရလို့ လာဖြစ်နေလဲလို့။
ကိုယ်ရေးတဲ့စာသူများဖတ်တာဝမ်းသာတာ၊ ဘာညာအများကြီးခေါင်းစဉ်တွေတပ်ကြည့်တယ်။
တခုမှအားလုံးကိုမခြုံငုံမိဘူးဗျာ။ ကာဗာမဖြစ်ဘူးဗျာ။နောက်တော့စဉ်းစား ရင်း စဉ်းစားရင်း ပြုံးမိသွားတယ်။
ကျနော်အဖြေရသွားပြီဗျာ။ ကျနော်မေတ္တာ ရတယ်ဗျ။ ကျနော်အေးချမ်းတဲ့မေတ္တာ ရတယ်ဗျ။
ကျနော်အားလုံးရဲ့မေတ္တာကိုခံစား ရတယ်ဗျ။ ကျနော်လိုဘဲအားလုံးလဲရနေကြတယ်ဆိုတာယုံတယ်ဗျ။
အသွားအပြန်ရှိသောမေတ္တာ ရိပ်အောက်မှာ နေထိုင်ရင်း မေတ္တာ ခြုံလို့လုံ၊
မေတ္တာထွေးလို့နွေး၊မေတ္တာဖြန်းလို့လန်း၊ မေတ္တာကူလို့ ကြည်ဖြူကြတဲ့
ကျနော်တို့ရဲ့ကမ္ဘာငယ်ဂေဇက်လေး အဓွန့်ရှည်ပါစေ။
ဆထက်တန်ပိုးတိုးပြီးကောင်းသော စာများ နဲ့ လူသားအကျိုးပြု၊နိုင်ငံအကျိုးပြု၊ သင်တို့ကျနော်တို့
အားအကျိုးပြုစေသတည်း။အခက်အခဲအကြောင်း ကြောင်းတွေကြားက ဂေဇက်ကို
မပျက်မကွက်အောင်ကြိုးစားရပ်တည်ထားတဲ့သူကြီးဦးခိုင်ကိုလဲကျနော်တို့ကျေးဇူးတင်ရပါတယ်။
မေတ္တာတရားတဖြည်းဖြည်းနဲပါးလာ(သလိုလို)ဖြစ်တဲ့ ကျနော်တို့ရဲ့ နိုင်ငံမှာ ဒီလို တဦးနဲ့
တဦးမေတ္တာထားလာကြတဲ့”ပတ်ဝန်းကျင်”လေးတခုကိုဖန်တီးနိုင်ခဲ့ပါပြီ။
ရေးနေကြလူ၊မန့်နေကြလူတချို့ရဲ့ “လေ”တွေတောင် ကောင်းသောဖက်ကိုပြောင်းလဲကုန်ပြီ။
ဂေဇက်သမိုင်းကိုကျနော်သိမှီသလောက် ကြည့်ပြီး အကဲဖြတ်ရရင်တော့ ဒီအချိန်ဟာဂေဇက်ရဲ့
ရွှေရောင်တောက်သောနေ့စွဲများပါလို့။
“”~~ကျနော်ထပ်ပြောပါရစေ၊ ငွေကြေးနဲ့တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတရားတွေ ထုံလွှမ်းနေတဲ့ဂေဇက်ကနေ
ကျနော်တို့ရဲ့ လူတဦးချင်းစီရဲ့ စိတ်နှလုံးသားလေး တွေကိုအကောင်းဆုံးပြုပြင်ပေးလိုက်ပါတယ်လို့သာ~~””
တတ်နိုင်ရင် ဒီပို့စ်တစ်ခုလုံးကို ဒီနေရာမှာပဲ အစအဆုံး ရေးပေးလိုက်ချင်တာပါ။ အခု ရေးဘို့ပြန်ဖတ်နေရင်း
ကြည်နူးပီတိဖြစ်နေမိတယ်ဆိုရင် ရွာသူားတွေ ပိုတယ်ဆိုကြပါဦး မယ်ခင်ဗျာ။
ကဲ ကျွန်တော် ပြောတာပိုတယ် မပိုဘူး ခင်ဗျားတို့ ကိုယ်တိုင်သာ ဖတ်ကြည့်ကြတော့ဗျို့ ။
ကွန်းမန့် ၃၉ ခုကိုပါ တွဲဖတ်ရင်း မန်းဂဇက်ဆိုတာ ဒါပဲကွလို့ ပြောနိုင်တဲ့ ပို့စ်မျိုးပါဗျာ။
အခုနောက်ပိုင်း ဂဇက်အနေနဲ့ ကိုသစ်မင်း လို စာရေးသူတစ်ယောက်ကို အရတော်လေခြင်း ဆိုပြီး
မုဒိတာ ပွားရပါတယ် ကိုသစ်ရေ။
(ဂဇက်တံခါးစောင့်ကြီးပို့စ်မှ မူရင်းအတိုင်း ပြန်ထည့်ထားပါသည်။)
တန်ဘိုး https://myanmargazette.net/78439/creative-writing
ဆိုတဲ့ ပို့စ်လေးအကြောင်းပြောချင်ပါတယ်ခင်ဗျာ။ ဒီပို့စ်လေးက ရွာသူရွာသားတွေရဲ့ မေတ္တာကို
ကိုသစ်မင်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့တဲ့ ပို့စ်လေးပါဗျာ။
ကိုသစ်မင်းက ကဗျာတွေလည်းရေးပါတယ်၊ နိုင်ငံရေး ကစ္စတွေကိုလည်း အဆင့်မြင့်မြင့် ဦးဆောင်ဆွေးနွေးနိုင်စွမ်းရှိပါတယ်။
ဒါပေမယ့် ကျွန်တော် ကြိုက်တာက ကိုသစ်မင်းရဲ့ ရသအရေးအဖွဲ့လေးတွေပါဗျာ။
ဒီပို့စ်မှာ ကိုသစ်မင်းက သူ့အမေ ဆုံးသွားတာလေးကို ဖတ်တဲ့လူတွေ ရင်ထဲနင့်သွားအောင် ရေးပြသွားနိုင်ပါတယ်ဗျာ။
နည်းနည်းလေး မြည်းကြည့်ကြပါဗျာ။
၃-၄ လတခေါက်ပြန်လာတတ်သော မေမေနှင့်တွေ့။မေမေဝယ်လာပေးသောအင်းကျီ၊ ဘောင်းဘီလေးများရပြီးပျော်။ မေမေ့လက်ကိုဆွဲပြီး စာအုပ်ဆိုင်သွား၊လိုချင်သောကာတွန်းများဝယ်ပေးတတ်သောမေမေ။ ထမင်းစားလျှင်သူကိုယ်တိုင်ကမစားဘဲ သားစားသည်ကိုအနားကထိုင်ကြည့်ပြီးပြုံးနေတတ်သောမေမေ။ တံခါးပိတ်၍အသံအရမ်းကျယ်သွားလျှင် သားကို လောကနီတီတွေသင်ပေးထားတယ်နော်။ ကိုယ်ကြောင့်သူတပါးစိတ်အနှောက်အယှက်မဖြစ်စေနဲ့လို့ပြောတတ်သောမေမေ။ အလိုမကျရင်ငိုတတ်သောအခါ…..ယောက်ျားဆိုတာကိုယ်ကိုယ့်ကိုယ်အားကိုးရတာ…ငါ့သားအားကိုးရမဲ့သူက ငိုနေပြီ။ဘယ်လိုလုပ်မလဲ..? ဟူ၍လည်းကောင်း။ စာကျက်လို့မရရင်စိတ်တိုတတ်သောအခါ……စိတ်တိုလို့ လိုချင်တာရသွားတာမှမဟုတ်တာအခက်အခဲတွေတိုင်းဖြေရှင်းတဲ့နည်းလမ်းကိုတခါတည်းစဉ်းစားရတယ်။ဒါမှအခက်အခဲကိုကျော်လွှားပြီး တိုးတက်အောင်မြင်မှာ။ စိတ်တိုနေရုံသက်သက်တော့ဘာမှဖြစ်မလာဘူး..ဟူ၍လည်းကောင်း။ တယောက်ယောက်ကိုဒေါသကြီးပြီးအော်ဟစ်သောအခါ………ဒေါသကြီးတယ်ဆိုတာ မီးခဲကိုကိုင်ပြီးပစ်တာနဲ့တူတယ်။ တဖက်လူကို ပူစေချင်လို့ ပစ်တာပေမဲ့ကိုယ့်လက်ကအရင်ပူရတယ်။ ပြီးတော့အဲဒီအပူကလဲတော်တော်နဲ့မပျောက်ဘူး။ ဟူ၍လည်းကောင်းလေအေးလေးနှင့်ဆုံးမတတ်သောမေမေ။ သားလိမ်လိမ်မာမာနေနော်။လူကြီးတွေစကားနားထောင် ဟု ပြောပြီး နှုတ်ဆက်ထွက်ခွါသွားတတ်သောမေမေ။ သည်ကမာ္ဘ၏ဘယ်နေရာမှာမှ လိုက်ရှာခြင်းငှါမစွမ်းတော့ပြီ။
အမေသေသွားတော့ ဘယ်သူ့ကိုအားကိုးရမလဲ စဉ်းစားပြီး အဖြေကဒီလိုရသွားပါတယ်တဲ့။
ခုနကအတိုင်းလူတွေစီပြီး စဉ်းစားတာ တယောက်မှအားကိုးရာမတွေ့။ဒါဆိုရင်တယောက်ဘဲ ကျန်တော့တာပေါ့ ……..
အဲဒါ
“ငါ”
ဟုတ်တယ်ငါကိုယ်ငါအားကိုးနိုင်အောင်လုပ်ရမယ်၊သူတို့သူတို့တွေရဲ့အားတွေကိုရသလောက်ယူပြီး ငါကိုယ်ငါအားကိုးတဲ့စိတ်နဲ့ ဆက်လျှောက်ရမယ်လို့အဖြေရသွားသည်။ မျက်ရည်တွေကျနေရင်း သားကိုလမ်းညွန်ပေးတဲ့အမေကိုကျေးဇူးတင်မိနေသည်။
ငါကိုငါအားကိုးရမယ်ဆိုရင် ငါက ကောင်းအောင်နေမှဖြစ်မှာပေါ့။ ငါမကောင်းရင်ငါကိုယ်ငါဘယ်လိုလုပ်အားကိုးလို့ယုံကြည်လို့ရမှာလဲ။
ငါလိမ်လိမ်မာမာနေမှဖြစ်မယ်။ အနဲဆုံးငါလုပ်နိုင်တာစာကြိုးစားတာဘဲလို့အဖြေရသည်။ ၁ဝ နှစ်သားကလေး တယောက်ရဲ့ တကယ်စဉ်းစားခဲ့သည်များပါ။
ကိုယ့်ကိုယ်ကို အားကိုးတဲ့ စိတ်လေးပေါ်အောင် ရေးပြသွားတဲ့ ဒီပို့စ်လေးကို ဖတ်မိသူတိုင်းကြိုက်ကြမယ့် ပို့စ်လေး တစ်ခုအဖြစ် ညွှန်းချင်ပါတယ်ဗျာ။ တစ်ချိန်လုံး ပျော်စရာကွန်းမန့်တွေပဲ ပေးတတ်တဲ့ အင်ဇာဂီရဲ့ တည်တည်တန့်တန့် ကွန်းမန့်လေးက ဒီပို့စ်ရဲ့ ထူးခြားချက်ပါ။
inz@ghi says:
မိုက်မဲတဲ့ သားတယောက်အနေနဲ့ မျက်ရည်လည်ရတဲ့ ပို့စ်ပါခင်ဗျာ…
လေးစားပါသည်ဆြာသစ်ရေ့ …
အင်ဇာဂီတယောက် ၁ဝနှစ်သားထက်မှ အမြှော်အမြင်နည်းခဲ့သည်ကိုး…
အမေ နဲ့ ပတ်သက်တဲ့ ပို့စ်လေးဆိုတော့ အားလုံးရဲ့ ရင်ထဲကို တည့်တည့်ထိသွားတဲ့ ကွန်းမန့်ပေါင်း ၂၅ ခု ကိုလည်း ဖတ်ရမယ့်ပို့စ်လေးပါ။
ကျွန်တော်ကြားဘူး သောပုံပြင်နှစ်ပုဒ် https://myanmargazette.net/77644/creative-writing
ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောချင်ပါတယ်ခင်ဗျာ။ ဖြစ်သမျှအကြောင်းအကောင်းကြီးပါပဲ ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ်ရယ်၊
ငါး သုံးကောင် ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ်ရယ် ကို ရေးပြပြီး ဒီလိုမေးခွန်းလေးနဲ့ အဆုံးသတ်ထားပါတယ်။
ကဲ ကျနော်တို့ ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲဆိုပြီးလဲ နေခဲ့ “ရ” ပြီးပါပြီ။
ကံ= ကမ်မ=အလုပ် ဆိုတာကိုမစဉ်းစားဘဲ ဘာမှမလုပ်ထိုင်စောင့်နေတတ်တဲ့
ကံငါးလို ကံကိုဘဲပုံနေအုန်းမှာလား။
အချိန်မတန်ဘဲဝီရိရစိုက်ထုတ်ခဲ့မိတဲ့အမှားတွေလဲရှိချင်ရှိရှိခဲ့မှာပေါ့နော်။
ဉာဏ်ငါးလို ဉာဏ်ထုတ်ရမဲ့ အချိန်တန်နေပြီဆိုရင်တော့ အားကုန်ရုန်းပလိုက်ရမှာနော်။
ချင့်ချိန်ကြရအောင်ပါ။
“အချိန်တန်ပြီလား”လို့။
ကိုယ်တိုင်ဖတ်ကြည့်ပြီး ကိုသစ်မင်း ပြောတဲ့ အချိန်တန်ပြီလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ကြဖို့ပါဗျာ။
အဲဒီပို့စ်တက် လာတုန်းက ကျွန်တော် သေချာဖတ်ပြီး ကွန်းမန့်ရေးဖို့ စဉ်းစားတာ တော်တော် ကြာပါတယ်ဗျာ။ ေ
ရးတဲ့ လူက လေးလေးနက်နက် ရေးထားတဲ့ စာတစ်ပုဒ်ကို ကွန်းမန့်ပေးမယ့်သူက ပေါ့ပျက်ပျက် ပေးမိမှာကြောက်တာလည်း
ပါပါတယ်။ အဲဒါနဲ့ “ ကိုသစ်မင်းရေ ကျွန်တော် ဝင်ဖတ်သွားပါတယ် “ ဆိုတဲ့ ကွန်းမန့်လေးပဲ ပေးဖြစ်ပါတယ်။
ချစ်ခင်ခဲ့ရပါသော အတိတ်တစ်ခု https://myanmargazette.net/77677/creative-writing
ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ရပါတယ်။ အဆောင်နေကျောင်းသားတစ်ယောက်ရဲ့ နောက်ဆုံးအချိန်လေးကို ဖွဲ့နွဲ့ထားပါတဲ့
ဆရာသစ်ရဲ့ ရေးချက်လေးတွေက ဖတ်တဲ့သူတွေကို လွမ်းမောစေပါတယ်။ နည်းနည်းလောက် အမြည်းလေးဖတ်ကြည့် ပါဗျာ။
တဦးပါးစပ်ထဲကမုံ့ကိုတဦးလုစားခွင့်ရှိခဲ့သောချစ်ခင်ရင်းနှီးမှုမျိုးရပါမည်ဟုမည်သူအာမခံပါမည်နည်း။ ရှိသမျှပိုက်ဆံကိုသူငယ်ချင်းများအတွက်အနှမြှောအတွန့်အတိုမရှိသောအသိုင်းအဝိုင်းမျိုးရပါမည်ဟု မည်သူအာမခံပါမည်နည်း။ တဦးနေမကောင်းလျှင်တဦးပြုစုပေးတတ်ယုံ(မိသားစုပုံစံထက်မက) ကိုယ်ချစ်ခင်စွဲလန်းသောမိန်းကလေးကိုရ သည်အထိကိုယ်အားဉာဏ်အားဖြင့်အနစ်နာခံကူညီတတ်ကြသောသူငယ်ချင်းမျိုးရပါမည်ဟုမည်သူအာမခံပါမည်နည်း။ ဤသို့သောသူငယ်ချင်းအသိုင်အဝိုင်းမျိုးနှင့်မည်သူသည်ခွဲချင်ပါအံ့နည်း။
အဆောင်နေပြီး ကျောင်းတက်ခဲ့ဘူးသူတို့အတွက် အလွမ်းပြေဖတ်စရာ ပို့စ်လေးပါဗျာ။
ဒီပို့စ်လေးကတော့ ကျွန်တော် တောင်းဆိုလို့ ရေးခဲ့တာဖြစ်တဲ့ အတွက် ကျွန်တော် ပဲ အပိုင်ယူလိုက်ပါတယ် ကိုသစ်မင်းရေ။
ဆရာမကြီး TTNU ကလည်း ကွန်းမန့်လေး ချီးမြှင့်ပါတယ်။
TTNU says:
ဆရာသစ်ရေ
ဘာရေးချချ ရေးသမျှ စာတွေမှာ
တွေးဆစရာ တစ်ပုံ တစ်ပင် နဲ့ မို့၊
တို့ တစ်တွေ ငယ်ဘဝဆီက
ရယ်မောကာ ကွန်းခိုခဲ့ကြရာ၊
မချိတရိ ခံစား အလွမ်းများရဲ ့
အဓိပတိလမ်းက ခြေရာများ ရှိသေးတဲ့နေရာ၊
တက္ကသိုလ်ကျောင်းကငွေလဝန်းရေ လို့
လွမ်းတိုင်းတမ်းတ အောင်းမေ့ရတဲ့နေရာ၊
အဲဒီလောက် ကိုပဲ လှလွန်းပိုတဲ့ မြကျွန်းညိုကိုလွမ်းမိပါတယ်။
(အဲဒါ ရှင့်ကြောင့်)
ကြောင်ကြီး ကလည်း ကဗျာလေးနဲ့ ကွန်းမန့် ချီးမြှင့်ပါတယ်ဗျာ။
ကြောင်ကြီး says:
အတိတ်ဆိုတာ…..
အဆွေးဓာတ်ခံ
ရှိသူအတွက်
လွမ်းမောစရာ၊
နာကြည်းချက်
ရှိသူအတွက်
ခံပြင်းစရာ၊
မဟုတ်တရုတ်
လုပ်ခဲ့သူအတွက်
ပူလောင်စရာ၊
တရားဓမ္မ
တည်သူအတွက်
မရှိတဲ့အရာ၊
သတိရှိသူအတွက်
သင်ခန်းစာ
ယူစရာ၊
ရွှေထီးဆောင်း
ခဲ့သူအတွက်
စာမြုံ့ပြန်စရာ၊
နှစ်လုံးသုံးလုံး
ထီသမားအတွက်
နမိတ်ယူစရာ၊
စရာစရာ
အမျိုးမျိုးအထွေထွေ
ဆရာတွေ
မှာခဲ့ပေမဲ့
ဘယ်သူဘာပြောပြော
တရုတ်ကြီး
အတွက်ကတော့
အတိတ်ဆိုတာ
နာမည်တခုမျှသာ..။
ကွန်းမန့်ပေါင်း ၃၁ ခုနဲ့ လွမ်းစရာပို့စ်လေးပေမယ့် ပျော်စရာဖြစ်ခဲ့ရပါတယ်ဗျာ။
ဗီလိန် https://myanmargazette.net/77136/creative-writing
ဆိုတဲ့ ပို့စ်လေး အကြောင်းပြောချင်ပါတယ်ဗျာ။ တွေးဆဆင်ခြင်စရာလေးတွေအမြဲတမ်းပေးတတ်တဲ့
ကိုသစ်မင်းက ဒီပို့စ်မှာလည်း ကျွန်တော်တို့ ကို ဆင်ခြင်တွေးတောစရာတွေ ပေးသွားခဲ့ပါတယ်။ စာမြည်းအချို့ကို ဖေါ်ပြပါရစေ။
ဂေဇက်မှာစာရေးကြသူတွေ(ကျနော်အပါ)အားလုံးက အပေါင်းအသင်းရချင်တယ်၊
ကော်မန့်တွေ ရချင်တယ်၊=အခြွေအရံ ရှိခြင်း(များခြင်း)၊
ကောင်းတယ်လဲ အပြောခံချင်ပြန်ရော=ချီးမွမ်းခံရခြင်း၊ဆိုတာမျိုးပေါ့နော်။
ကိုသစ်မင်းက သူ့ ပို့စ်လေးကို ဒီလို အဆုံးသတ်ထားပါတယ်။
ကဲ လိုရင်းပြောပြီနော်………..
ငါ ကော ဖန်တီးနေသူလား၊။
တမင်ဖန်တီးနေသူလား။
မသိဘဲနဲ့ဖန်တီးမိနေသူလား။
ငါသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ ငါအတွက်နဲ့လူဘယ်နှစ်ယောက်လောက်များ စိတ်ညစ်ရမလဲ။
ငါကိုလုပ်ရင်ငါမသဘောမကျပေမဲ့ ၊ငါမုန်းပေမဲ့
ငါကရောငါကရော၊ငါကိုယ်တိုင်ကရော အဲဒီငါမုန်းတဲ့လူမျိုး ဖြစ်နေလား? မဖြစ်သင့်ဘူးဗျာ။ ကျနော်တို့ကို လောကဓံတွေ၊ကပ်ဆိုးတွေဖန်တီးပေးနေသူတွေရော၊
ကျနော်တို့ကိုယ်တိုင် လောကဓံဖန်တီးသူ၊ကပ်ဆိုးဖန်တီးသူအနေနဲ့ရော၊မဖြစ်သင့်ဘူးဗျာ။
သူများရဲ့ အားနဲချက်၊အမှားကို ကိုယ်မှာမရှိအောင်လုပ်ရမှာမဟုတ်လား။
ကဲ လောကဇာတ်ခုံလူတို့ဘုံမှာ မင်းသား၊မင်းသမီး မဟုတ်ရင်တောင် “ဗီလိန်” အခန်းကတော့
မ “က” ဖြစ်အောင်ကြိုးစားရမှာပါလား။
အဲ သူများကျတော့ ပြောလို့ရချင်မှရမှာဆိုတော့၊ လုပ်လို့ရတာက ကိုယ်ဟာကိုယ်ပြင်ဘို့လို့တွေးမိသွားတယ်။
ကျနော်တော့……………
“ဗီလိန်” မဖြစ်ချင်ဘူးဗျို့။
မင်းသား မင်းသမီး မဟုတ်တောင် ဗီလိန် မဖြစ်ကြဘို့ ဆိုတာလေးကို တွေးဆဆင်ခြင်စရာလေးပေးထားတဲ့
ကိုသစ်မင်းရဲ့ ဗီလိန်ကို မဖတ်မဖြစ် ဖတ်ကြရမယ့် ပို့စ်လေးအဖြစ် လက်တို့ပါရစေ ခင်ဗျာ။
ဘာအကောင်းဆုံးလဲ https://myanmargazette.net/75441/creative-writing
ဆိုတဲ့ ပို့စ်ကလည်း နူးညံ့စွာ အကြံပေးထားတဲ့ ပို့စ်ကောင်းလေးတစ်ခုပါပဲ။ ဘာကို အကြံပေးထားတာလဲ။ ဖတ်ကြည့်ပါ။
အတ္တကြီးသူလို့ ကိုယ့်ဟာကိုယ်ဘဲထင်ထင်၊ အများကဘဲပြောပြော
သင့်မှာ နူးညံ့သိမ်မွေ့တဲ့ နှလုံးသားရှိတယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။ ညီအကိုမောင်နှမတွေနဲ့ကလဲစိတ်ချင်းမတိုက်ဆိုင်ဘူး၊တယောက်ထဲလဲနေလို့အဆင်မပြေဘူး၊
အိမ်ထောင်လဲမပြုချင်ဘူး၊ ဘာသာရေးလဲ အများကြီးလုပ်ဘို့စိတ်မပါသေးဘူးဆို သူများ အတွက် ကိုယ်တတ်နိုင်တဲ့ အချိန်အား၊ငွေအား၊လူအားတွေနဲ့လူမှုရေးလုပ်ငန်းတွေမှာစိတ်ပါလက်ပါလုပ်ခြင်းဖြင့်လောကမှာငါအသုံးဝင်တဲ့ လူဆိုတာပြဘို့အကြံပြုတိုက်တွန်းချင်ပါတယ်။ အထီးလဲမကျန်တော့သလို၊ လောကကိုအကျိုးပြုတဲ့လူတယောက်လဲဖြစ်၊
ပရစိတ်က ပီတိကိုလည်းခံစားရ တဲ့သားရွှေအိုးထမ်းပေါ့ဗျာ။
ကိုသစ်မင်း ရဲ့ အောင်မြင်ခဲ့သော ပို့စ်တစ်ခုပါဗျာ။ ကွန်းမန့် ၄ဝ ရှိခဲ့ပြီး တစ်ယောက်ခြင်းစီကို
ကိုသစ်မင်းက လေးလေးစားစား ပြန်ဆွေးနွေးပေးခဲ့တာလေးကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ရပါတယ်။
ကိုပေ့ကို ပြန်ဆွေးနွေးထားတဲ့ ကွန်းမန့်လေးက အားလုံးနဲ့ လည်း သက်ဆိုင်တာကြောင့် ဖေါ်ပြပေးချင်ပါတယ်ဗျာ။
thit min says:
ကိုဝင်းတောလခါရေ
အွန်လိုင်းကိုအလွန်အကျွံသုံးစွဲခြင်းရဲ့အကျိုးဆက်တွေက
(Drug Addict) ဆေးစွဲခြင်းလို (Online Addict )အွန်လိုင်းစွဲခြင်းဖြစ်ပြီးအချိန်တန်လာချင်၊မလာရမနေနိုင်၊တခြားနဲနဲပါးပါး အရေးသိပ်မကြီးတဲ့အလုပ်မျိုး၊လုပ်စရာရှိတာမျိုးကိုစိတ်သိပ်မပါတော့ဘူး။
တနေ့ကိုနာရီပေါင်းများစွာ(၄နာရီအထက်)အသုံးပြုလာတယ်ပေါ့။
အပြင်ကအပေါင်းအသင်းတွေထက်အွန်လိုင်းကသူငယ်ချင်းတွေကိုပိုခင်လာတယ်။
တကဲ့ဘဝထဲကစကားလုံးတွေထက်အွန်လိုင်းပေါ်က စကားလုံးတွေကကိုယ့်ကိုပိုပြီးဩဇာညောင်းလာတယ်။
ပြောရရင် လက်တွေ့ဘဝနဲ့ နဲနဲလေးစီ(မသိမသာလေး) အဟပ်ကွာလာတယ်။
ပြောရရင် လူဆိုတာလက်တွေ့ဘဝမှာနေရ၊ထိုင်ရ ရုန်းကန်လှုပ်ရှားတာပါ။
(Virtual life) “ဘဝတု” မှာ ကိုဝင်းတော်လခါ ရယ်လို့ ငြိမ်းချမ်းလို့ အွန်လိုင်းဆိုတာ ဘဝအတွက်တော်တော်အချိန်ပေးမိတော့တယ်။
ဒီမှာအနေကြာသွားတော့
လက်တွေ့ဘဝမှာနေရ၊ထိုင်ရ ရုန်းကန်ရတဲ့ အပူတွေပြန်ထိရတော့ (အရင်ကလောက်)မခံစားနိုင်တော့ဘူး။
အပူနဲ့အအေးလွန်ဆွဲခံရတဲ့ ဦးနှောက် ကလဲ ရှင်းရှင်းမရှိတော့ဘူး။
အပြင်လောကကိုအာရုံစိုက်နိုင်မှုအားနဲလာတတ်ပြီး၊ပြင်ပက မိတ်ဆွေတွေရဲ့ စကားတွေကိုလဲ(အာရုံမရှိတော့တဲ့စိတ်နဲ့) ကိုယ့်အတွက်ပြောမှန်းမသိ၊ သူ့အတွက်ပြောမှန်းမသိဖြစ်လာတယ်။
ကိုယ့်အရိပ်ကိုရန်သူထင်တဲ့အထိရောက်သွားနိုင်တယ်။
ဆိုတော့ကာ……………….
မျှလုပ်နိုင်မှအဆင်ပြေပါတယ်။
မဟုတ်ရင် လူမှုရေးအားနဲသွားမယ်။(တယ်)
ကျန်းမာရေးထိခိုက်မယ်။(တယ်)
အိမ်တွင်းရေးအထိစကားများတာတွေပါလာတော့မယ်။(တယ်)
အဲ….. အားမနာတမ်းပြောရရင် အင်တာနက်နဲ့စီးပွါးရှာတဲ့သူမဟုတ်ရင် စီးပွါးရေးပါပွန်းပဲ့လာပါတော့မယ်(တယ်)။
ကိုယ်ဟာကိုချိန်ဆရမဲ့သဘောကို ခင်မင်မှုနဲ့”ပြောကြည့်”တာပါနော်။
စေတနာသာဖြစ်ကြောင်းနားလည်ပေးပါလို့။
သည် အလှူ https://myanmargazette.net/74665/creative-writing
ကိုသစ်မင်း ရဲ့ ရွာမှတ်တမ်းမှာ လူကြိုက်များခဲ့တဲ့ ပို့စ်လေးတစ်ခုကတော့ သည် အလှူ ဆိုတဲ့ ပို့စ်လေးပါဗျာ။
ဘုန်းကြီး အပါး ၁၅ဝ ကို ဆွမ်းကပ်လှူပုံလေး ရေးထားတာ အတုယူဖို့ ကောင်းလို့ ဖတ်ကြည့်ကြစေချင်ပါတယ်ဗျာ။
ဒီလိုနဲ့ မိမိက တပတ်လျှင်သုံးရက်စာ
မြတ်စွာဘုရားတပါးစာသီးသန့်၊ဆရာတော်တပါး အတွက်ဆိုတော့ ၃ ရက်ကပ်သော်လည်း ၆ ပါးစာ ဆွမ်း
ဟင်း တွေ၊ အချိုပွဲ၊ အသီးအနှံတွေ ကပ်သည်။
တခါတရံ ကြွလာတတ်သောအာဂန္တုရဟန်းများကိုပါကပ်ရသဖြင့်တလလျှင်
ဘုန်းကြီး ၂၅ ပါးနဲ့အထက် ကိုပုံမှန် ဆွမ်းကြွေးရသလိုဖြစ်ပြီ။ ၆ လ မပျက်မကွက် ကပ်လှူခဲ့သောကြောင့်
အပါး ၁၅ဝ မဟုတ်ပါလား။တံစက်မြိတ်ကကျသော ရေကို ခံသကဲ့သို့
ရသလောက်လုပ်ခဲ့ခြင်းဖြင့် ဤအလှူကိုပြီးမြောက်စေခဲ့ပြီမဟုတ်ပါလော။
တပြိုင်တည်း အပါး ၁၅ဝ ကို ဆွမ်းကပ်ဖို့ မလွယ်သော်လည်း တစ်နေ့ နှစ်ပါး တစ်ပတ်သုံးရက်နှုန်းနှင့်
၆ လ မပျက်မကွက် ဆွမ်းကပ်လိုက်သောအခါ အပါး ၁၅ဝ ကို ဆွမ်းကပ်ပြီး ဖြစ်ခဲ့တာကို ရှင်းပြထားတာပါ။
နောက် မျက်မမြင် တစ်ယောက်ကို ရေလဲပုဆိုးတစ်ထည်လှူတာလေးကိုလည်း ပီတိဖြစ်အောင်ရေးဖွဲ့သွားနိုင်ခဲ့ပါတယ်ဗျာ။
သူတပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်နိုင်တဲ့
ဒီအလှူရဲ့ ကုန်ကျစရိတ်က ရေလဲပုဆိုးတထည်ထဲပါ။
အချိန်ကအဖြစ်အပျက်အားလုံးပေါင်းမှ ၅
မိနစ်ဆိုတာအလွန်ဆုံးပါ။
ဘာမဟုတ်တဲ့အချိန်လေးအတွင်းမှာ ဘာမဟုတ်တဲ့
ရေလဲပုဆိုးတထည်ကရတဲ့ လူနှစ်ဦးရဲ့ ပီတိကတော့ဘာနဲ့မှ ချိန်စက်လို့မရပါဘူး။ မေ့လို့မရစကောင်းတဲ့ပီတိလေးပါဘဲ။
ပြီးတော့မှ သူကြီးရဲ့ အလှူကို ထင်ရှားအောင်ရေးဖွဲ့ပြီး ဂုဏ်ပြုစကားပြောပါတယ်ခင်ဗျာ။
သူကြီးရဲ့ ဆာဗာအတွက် မဲန်မိုရီထပ်သွင်းရမယ်ဆိုတဲ့ စကားလေးရယ်၊ အမြဲလှူနေကျအလှူတွေကိုလျှော့ပြီးမန်းဂေဇက်ကိုအားထဲ့ထားတာကိုသိလိုက်ရလို့ပါ။
ကျနော်တို့အားလုံးက စာရေးတာဝါသနာပါကြတယ်။ ကျနော်တို့ရဲ့အတွေ့အကြုံတွေ ဖလှယ်ချင်ကြတယ်။
ဆွေးနွေးချင်ကြတယ်။ ခံစားရတာတွေပြောပြချင်ကြတယ်။ အသိ၊ဗဟုသုတတွေရချင်ကြတယ်။ အဲဒီကျနော်တို့တမ်းတမ်းတတရှိလှတဲ့ ပြောချင်၊ရချင်၊ဖန်တီးနိုင်တဲ့”နေရာ”တခု။
အဲဒီကျနော်တို့တမ်းတမ်းတတရှိလှတဲ့ဘာတည်းဖြတ်မှုမှမရှိတဲ့
“လွတ်လပ်ခွင့်”။ အဲဒီ “လိုအပ်ချက်”ကိုသူကြီးကဘာအကျိုးမှ မမျှော်ကိုးဘဲ ဖြည့်ဆည်းပေးထားတယ်။
သူ့အလှူပေါ်မှာ သူစိတ်ရှင်းတယ်။သူ့စေတနာကကျနော်တို့အားလုံးအတွက်တော့အရမ်းကြီးလှပါတယ်။
ကိုယ်တိုင်ဂေဇက်ကိုမလာရ မနေနိုင်သူတွေသိကြပါတယ်လို့သာပြောပါရစေတော့။
အထူးကျေးဇူးကိုဂုဏ်ပြုပါသည်သူကြီးခင်ဗျား။
ဆတက်တန်ဖိုးတိုးပြီးပြည့်စုံပါစေခင်ဗျား။
မုဒိတာ ကွန်းမန့်လေးများနဲ့ ကိုသစ်မင်း ရဲ့ သည်အလှူ ပို့စ်လေးဟာ အလှူတစ်ခုပြုသလို ဖြစ်ခဲ့ပါကြောင်း။
midlife crisis ကို အကြံပေးကြည့်ခြင်း https://myanmargazette.net/74097/creative-writing
ဆိုတဲ့ ပို့စ်လေး ကတော့ ကိုသစ်မင်းရေးခဲ့သမျှ ကျွန်တော် အကြိုက်ဆုံးဖြစ်ခဲ့ရတဲ့ ပို့စ်လေးပါ။
ဘလက်က တံခါးစောင့်ကြီးပို့စ်တွင် ဒီလိုရေးခဲ့ပါတယ်ခင်ဗျာ။
အခုတလော ကိုသစ်မင်းရေး တိုင်း ဘလက်ချော အကြိုက်တွေ့မိနေပါသည်။
ဆရာလုပ်နေခြင်းမျိုးမဟုတ်ပဲ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို နွေးနွေးထွေးထွေး
ဆက်ဆံပြောဆိုနေခြင်းမျိုးနှင့်တူသည် ဟု တင်စားချင်ပါသည်။
ပို့စ်အစမှာ ကိုသစ်မင်းက ဒီလိုရေးထားပါတယ်ဗျာ။
***ပြီးပြည့်စုံပြီးသူများကို မရည်ရွယ်ပါ။ ကြိုးစားလုပ်ကိုင်နေပါလျှက် ကိုယ့်ဘဝကိုယ်အားမလို၊အားမရဖြစ်နေရသော မိတ်ဆွေတို့အတွက်လက်ဆောင်ဖြစ်ပါသည်။***
လက်ရှိဘဝကိုမကြေနပ်နိုင်သော ဒါမှမဟုတ် ကြေနပ်စရာကောင်းသောအနေအထား
တွင် ရောက် မနေသော လူလတ်ပိုင်းအသက်အရွယ်များ၏ စိတ်အကြပ်အတည်း Midlife crisis ဟုခေါ်သည်ပေါ့။
ကျွန်တော့် ပေးခဲ့တဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်ဗျာ။
blackchaw says:
ကျွန်တော့်ကိုများ ကြည့်ရေးနေတာလား လို့တောင် ထင်မိတယ်။
“တဝက်တပြက်မှာ ရေတခွက်နဲ့ ကျေနပ်နေသူလား?
မောသွား၍ လက်လျှော့လိုက်သူလား?
နှစ်သိမ့် ဆုနှင့်ကျေနပ်နေသူ၊ ကျေနပ်လိုက်သူလား?”
ကိုသစ်မင်းရေ။
ရေတစ်ခွက်နဲ့လည်း မကျေနပ်ချင်ပါဘူး။
နှစ်သိမ့်ဆုနဲ့လည်း မကျေနပ်ချင်ပါဘူး။
ဒါပေမယ့် နေတတ်အောင်နေပြီး ကျေနပ်နေရတဲ့ ဘဝပါဗျာ။
“ဘာဘဲဖြစ်ဖြစ် သင့်မှာ သူများကဲ့သို့ တန်ဖိုးရှိသောနေရာတခု ယူပိုင်ခွင့်ရှိသည်ကို မမေ့ပါနဲ့….”
လူလတ်ပိုင်းကျွန်တော့်ကို စိတ်ခွန်အားပေးသော စာစုတစ်ခုဟု တင်စားချင်မိပါတယ်ဗျာ။
ကိုသစ်မင်းရဲ့ ကျွန်တော့်ကို ပြန်ရေးပေးသော ကွန်းမန့်လေးကိုလည်း ဖေါ်ပြပေးချင်ပါတယ်ဗျာ။
ကိုblackchaw ရေ
လက်တွေ့ တွေကိုရေးပြနေတာပါ။ ထိမှာပေါ့ဗျာ။ ဒီလမ်းရောက်ဘူးသူများတာကိုး။
ခင်ဗျား လူတော်တော်များများကိုအတိတ်ရဲ့ ပျော်စရာတွေ ဆီ ပြန်ခေါ်သွားပေးခဲ့တယ်။
တက္ကသိုလ်မြေ နေဝင်မှာကိုစိုးတယ်…………….. ဗျာ
ကျွန်တော့် အတွက်တော့ ဒီပို့စ်လေးဟာ ရွာထဲရောက်ပြီးမှ အကြိုက်အတွေ့ဆုံးပို့စ်လေးဖြစ်ခဲ့ပါတယ်။
ဒီပို့စ်လေးနဲ့ ကိုသစ်မင်းဟာ ဘလက်ချော လေးစားချစ်ခင်ရသော စာရေးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်ဗျာ။
ကွန်းမန့်တွေကိုပါ ဖတ်ကြည့်လိုက်ရင် ဒီပို့စ်လေးရဲ့ခရီးရောက်မှုကိုတွေ့ ရမှာပါ။
တစ်ခါတည်းပါ နှင့် နောက်ဆက်တွဲများ https://myanmargazette.net/73348/creative-writing
ဒီပို့စ်အကြောင်းကို အသေးစိတ်ရေးချင်ပေမယ့် ဘယ်လိုမှ အချိ်န်မရတော့လို့ ခွင့်လွှတ်ပါဗျာ။
ပို့စ်တင်ကာနီးကျခါမှ ဒီပို့စ်ကို ပြန်တွေ့ရပါတယ်။ အဲ အဲ သူကြီးရဲ့ ကွန်းမန့်လေးတော့ ဖေါ်ပြချင်တယ်ဗျာ။
kai says:
တင်ထားတဲ့ ပို့စ်လေးလည်း ကြိုက်တယ်..။
အခုလို… မန်းတာတွေတခုချင်း/တဦးချင်းစီကို..(တာဝန်ယူပြီး) ပြန်စာရေးပေးတာလည်း ကြိုက်တယ်ဗျာ..။အဲဒါနဲ့.. ဝင်မန်းလိုက်တာ…။
ကွန်းမန့် ၃၄ ခုနဲ့ ကိုသစ်မင်းရဲ့ အောင်မြင်ခဲ့တဲ့ ပို့စ်လေးတစ်ခုပါ။
သဲ https://myanmargazette.net/72992/creative-writing
ဒီပို့စ်လေးကလည်း ကွန်းမန့် ၂၈ ခုနဲ့ အောင်မြင်ခဲ့တဲ့ ပို့စ်လေးပါပဲ။ ဖတ်ဖြစ်အောင်ပြန်ဖတ်ကြည့်ကြပါဗျာ။
ကျေးဇူးရှင် https://myanmargazette.net/75728/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ မိခင်မေတ္တာကို ရိုးရိုးလေး ရေးထားတာဖြစ်ပါတယ်။
ကိုဖက်တီး ရဲ့ ပို့စ်တစ်ခုကို ဖတ်ပြီး ခံစားမိသွားတာလေးကို ရေးဖွဲ့ထားတာပါတဲ့။
တစ်ပုဒ်လုံးက ကျစ်လစ်လှပနေပေမယ့် နမူနာနည်းနည်းလေးတော့ ထုတ်ပြပေးချင်ပါတယ်ဗျာ။
အမေ
ဘာကိုမှလဲ မစိုးရိမ်နဲ့တော့ ဘာကိုမှလဲမကြောင့်ကြနဲ့တော့ အမေ ဘာကိုမှ မလုပ်နိုင်တော့ဘူးသားရယ်လို့လဲ
မပြောနဲ့တော့အမေ။
ဘာလို့လဲသိလားအမေ?
အမေ
“သက်ရှိထင်ရှားရှိပေးနေခြင်း”က သားအတွက်ကြီးမားသော ဆုလာဘ်ကြီးမလို့ပါ အမေရယ်………။
ချစ်စရာကောင်းတဲ့ ကွန်းမန့်လေးတွေနဲ့ ကိုသစ်မင်းရဲ့ ကျေးဇူးရှင် ပို့စ်လေးက လှပခဲ့ပြန်ပါတယ်ခင်ဗျာ။
ကြောင်တစ်ကောင်နှင့် အချင်းများခြင်း https://myanmargazette.net/70368/creative-writing
ပို့စ်လေးကတော့ ကြောင် တစ်ကောင်ကပေးသော သင်ခန်းစာလေးကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
ဒီပို့စ်ကို စတင်ကတည်းက တွေ့သော်လည်း ကျွန်တော် သေချာမဖတ်ကြည့်မိတာ ဝန်ခံပါသည်။
သို့သော် အခု သေချာပြန်ဖတ်ကြည့်တော့မှ အင်မတန်ဆွဲဆောင်မှုရှိပြီး
ကြောင် ဝတ ၏ သူကြင် မှ ကိုယ်ကြင်မယ်ဆိုသော လူသားဆန်သည့် အပြုအမူကိုဖတ်ပြီး
စိတ်မကောင်းဖြစ်နေမိပါသည်။ ကြောင် ဝတ ပေးသွားသော သင်ခန်းစာ က ဒီလိုပါ။
ခုကနေပြန်စဉ်းစားလျှင်လွန်ခဲ့သော၁၅နှစ်ခန့်ဖြစ်၍ ဝတ ခု ချိန်ဆို ကွယ်လွန်ပါပြီ။
သို့သော်သူပေးခဲ့သော သင်ခန်းစာများကား များပြားလှပေသည်။ အဆင့်အတန်းခွဲခြားမိသလား (လူတယောက်ဆိုဘယ်လိုဆက်ဆံမှာလဲ)
အကြင်နာကင်းတာလား(မင်းအမျိုးဆိုဘယ်လိုဖြစ်မလဲ)
ကိုယ်နဲ့ပတ်သက်ဆက်ဆံဘူးသူအပေါ်နောင်တမရအောင်ပေါင်းသင်းနေထိုင်သင့်တယ်။
(LanguageBarrier)ဘာသာစကားအဟန့်အတားကလဲ ဆက်ဆံရေးမှာအရေးကြီးပါလား? အစရှိသဖြင့်တွေးရင်တွေးသလောက်သင်ခန်းစာများကတော့ယနေ့ထိပါပဲခင်ဗျာ။
သေသေချာချာ ဖတ်ကြည့်သင့်တဲ့ ပို့စ်လေးပါ။ ကွန်းမန့်လေးများနဲ့ တွဲဖတ်ကြပါဗျာ။
အတိတ်မြင်ကွင်းကျယ် https://myanmargazette.net/87440/creative-writing
ဒီပို့စ်လေးကတော့ သိတ်မကြာသေးတဲ့ ပို့စ်လေးဆိုတော့ မညွှန်းတော့ပါဘူးခင်ဗျာ။
လိုအပ်လို့ ပြန်ဖတ်ကြည့်ချင်ရင် အဆင်သင့်ဖြစ်အောင်တော့ လင့်လေးထည့်ပေးထားပါတယ်။
ရွာကိုကောင်းအောင်တည်ကြည့်ကြစို့ https://myanmargazette.net/87167/creative-writing
ဒီပို့စ်လေးကလည်း သိတ်မကြာသေးပါဘူး။ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ဖို့ သူကြီးကို အကြံပေးထားတာပါ။
ဘယ်လိုသဘောရလဲ https://myanmargazette.net/83207/economic-news-international-news-news-industry-people-in-the-news-us-news-news
ဟီလာရီကလင်တန်ရဲ့ ဂျက်လေယဉ် နဲ့ အမေရိကန် သမ္မတရဲ့ ကြီးကျယ်ခမ်းနားတဲ့ လုံခြုံရေး စံနစ်တွေအကြောင်း
ရွာသူားတွေကို ဗဟုသုတ အဖြစ်ရှင်းပြပေးထားတာပါ။ အဲဒါလေးအတွက် ကျေးဇူးပါဗျာ။
တကယ်ကို မေတ္တာယူ၍ မေတ္တာပေးနေတာပါ https://myanmargazette.net/83192/economic-news-international-news-news-industry-people-in-the-news-us-news-news
အမေစုနဲ့ ဟီလာရီတို့ ရဲ့ ဓါတ်ပုံလေးတွေဖေါ်ပြပြီး ရလာတဲ့ ဖီလင်လေးကို ရေးထားတာပါ။ ကြည်နူးစရာ ပို့စ်လေးပါ။
ဝီကိရယ် ဒို့တွေရယ် ဒန့်တန်တန် https://myanmargazette.net/82675/education
ဝီကိ (wiki) အကြောင်းပါခင်ဗျာ။
ပြောလိုက်တာကတစ်မျိုး ပြောဖြစ်သွားတော့တစ်မျိုး https://myanmargazette.net/81260/creative-writing
ဒီပို့စ်လေးကတော့ မြန်မာ့ရုပ်ရှင်အကြောင်းကနေ ဦးနေဝင်း ရဲ့ ဉာဏ်အမျှော်အမြင် နည်းမှုတွေအထိ
ဆွဲဆန့်သွားတဲ့ ပို့စ်လေးတစ်ခုပါ။ ကွန်းမန့်ပေါင်း ၄ဝ တိတိ ရခဲ့တဲ့ အောင်မြင်ခဲ့သော ပို့စ်တစ်ခုပါဗျာ။
စကားစမြည် https://myanmargazette.net/81512/creative-writing
ပြောလိုက်တာက တစ်မျိုး ပြောဖြစ်သွားတော့ တစ်မျိုးပို့စ်တွင် မင်းပြည့်ရှိန်၏ ကွန်းမန့် ကို
ကိုသစ်မင်းက ပို့စ်တစ်ပုဒ်ဖြင့် ပြန်ဖြေထားခြင်းဖြစ်ပါသည်။
ကိုသစ်မင်းရဲ့ ပို့စ်တွေထဲက ဖတ်သူတွေအတွက် အကျိုးရှိစေတယ်လို့ထင်လို့ တော်တော် ရှာယူထားရတဲ့ ပို့စ်လေး တွေကိုလည်း ဖေါ်ပြပေးချင်ပါတယ်ဗျာ။
ရွှေစံချိန် စံနစ် ဆိုရာဝယ် https://myanmargazette.net/71832/business-economy
ရွှေစံချိန် စံနစ် ဆိုရာဝယ် (၂) https://myanmargazette.net/71850/business-economy
ဒီပို့စ်လေးတွေက တန်ဘိုးရှိတယ်ဆိုတာကို သူကြီးရဲ့ကွန်းမန့်လေးဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်ဗျာ။
kai says:
ပညာရပ်ဆိုင်ရာတွေကိုပဲ.. ပွိုင့်ကအဓိကထားပေးချင်တာပါဗျာ…။
အခုက.. အချင်းချင်း..ဆဲကြ..ဆိုကြ..နောင်ဂျိန်ချကြလည်း ကြားထဲကကျုပ်ကပွိုင့်ကပေးနေရတော့ကာ… ရန်ဖြစ်ကြလေ.. ပွိုင့်ကုန်လေ ဖြစ်နေတာပေါ့…
ဟိုက..တလုံးဆဲလိုက်.. ကျုပ်က.. ဆဲတဲ့သူ ၅ပွိုင့်… ရန်ဖြစ်စေတဲ့ပို့စ်တင်သူ..၅ပွိုင့်..
ဒီက.. ၂လုံးပြန်ဆဲလိုက်.. ကျုပ်က.. ဆဲတဲ့သူ ၅ပွိုင့်… ရန်ဖြစ်စေတဲ့ပို့စ်တင်သူ..၅ပွိုင့်..
အဲဒါတွေကမှ… ဒုက္ခ..။ ဆူးမမလှူထားတဲ့.. တောင်ရှည်ပုဆိုးလည်း.. ချွေးတွေချည်းဖြစ်ကုန်ပြီ…။
ဆိုတော့… ဒီလိုပညာရပ်ပိုင်းဆိုင်ရာတွေကတော့.. ကြိုက်မှကြိုက်..
စူပါပါဝါဖြစ်ဖို့ ဆိုတာ ပို့စ် ကတော့ ၁ နဲ့ ၂ နှစ်ပုဒ်ပါဗျာ။
စူပါပါဝါ ၁ https://myanmargazette.net/78028/business-economy
စူပါပါဝါ ၂ https://myanmargazette.net/78456/business-economy
ပါဝါနဲ့ ပတ်သက်ပြီး ကိုသစ်မင်း ရဲ့ ရှင်းပြမှုက ဒီလိုပါ။
စူပါပါဝါဖြစ်ဖို့ဆိုတာ…..စီးပွါးရေးတောင့်တင်းရုံတခုနဲ့ မဖြစ်နိုင်ပါဘူး။
တခြား factor (ဖက်တာ)တွေအများကြီးရှိပါတယ်။ ဘာတွေလဲဆိုတော့
(၁)စီးပွါးရေး
(၂)စစ်ရေး
(၃)နိုင်ငံရေး
(၄)ယဉ်ကျေးမှုဆိုင်ရာ(ပါဝါအေပျော့-Soft Power)
(၅)ပထဝီအနေအထား တွေပါဘဲ။
တရုတ်ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ပညာရှင်အမြင်နဲ့ ရှင်းပြသွားတာ ကျွန်တော်တို့ လိုက်လို့တောင် မမှီခဲ့ပါဘူး။
ဒီပို့စ်က ကိုသစ်မင်းရဲ့ အရည်အသွေးကို ပေါ်လွင်စေခဲ့ပါတယ်။ ရှင်းပြပေးတာလည်း ကျေးဇူးတင်ပါတယ် ကိုသစ်မင်းရေ။ အခုကျွန်တော်တွေးနေမိတာက နိုင်ငံခြားမှာနေတဲ့ လူတွေက ကျွန်တော်တို့ ပြည်တွင်းဖြစ်တွေထက်
အတွေးအမြင် ပိုနှံ့စပ် ကျယ်ပြန့်ကြသလားလို့ပါ။ သူကြီးတို့၊ အဘ FR တို့၊ ကိုသစ်မင်းတို့၊
လတ်တလော လက်စွမ်းထက်နေပါတဲ့ ဂိုင်းအင်ဇာဂီတို့ ကိုကြောင်ကြီးတို့ အားလုံး နိုင်ငံခြားအခြေစိုက်တွေ ချည်းပါပဲ။
အားလုံးကို ကျွန်တော် လေးစားကြောင်း ဒီနေရာက တရားဝင်ပြောပါတယ်ဗျာ။ ဆရာတို့ ရေးတဲ့၊
မျှဝေတဲ့ အမြင်အသိလေးတွေကို ကျွန်တော် သင်ယူနေပါတယ် ဆိုတာလည်း ပြောပါရစေခင်ဗျာ။ ပို
့စ်ဘက် ပြန်ဆက်ရအောင်ပါ။ ကွန်းမန့် တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကိုသစ်မင်း ရဲ့ ဦးဆောင်ဆွေးနွေးနိုင်စွမ်းကိုပါ တွေ့ရမယ့် ပို့စ်လေးပါဗျာ။
ကိုအောင်ပု အတွက် အချဉ်စိမ်နည်း၊ ငပိဖုတ်နည်း၊ ငါးခြောက်လှမ်းနည်းတွေကိုတောင် ကွန်းမန့်ထဲထည့်မန်းနိုင်တဲ့
ဆရာကိုသစ်မင်း ရဲ့ လေ့လာမှုကိုတွေ့ရမယ့် ပို့စ်လေးပါ။ လက်ခုတ်တီးပါတယ်၊မုဒိတာပွားပါတယ်၊ ကိုသစ်မင်းရေ။
အားလုံးဖတ်ကြည့်နိုင်ဘို့ပါခင်ဗျာ။
ကိုကြောင်သို့ ….. (၁) (ဂျပန်နဲ့ တို့တွေ ဘယ်လိုကွာ) https://myanmargazette.net/78629/business-economy
ဆိုတဲ့ ပို့စ်လေးက အာကာသယာဉ်မှူး ကြောင်ကြီး ရဲ့ အမေးကို စက်ပြင်သမား ကိုသစ်မင်း ရဲ့ အဖြေလေးပါဗျာ။
ဟားဟား။ နောက်တာပါဗျာ။ ကိုကြောင်ကြီးက ဒီလိုမေးထားတာပါ။
ဆရာသစ်အနေနဲ့
အာရှတိုက်က ဒေသအင်အားကြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့အပေါ် နှိုင်းယှဉ်ချက်များကိုလည်း
ဗဟုသုတ အလို့ငှာ ရေးစေချင်တယ်။ ဘယ်အချက်တွေက အဆုံးအဖြတ်ပေးနေလဲ၊ ပေးမှာလဲ။
ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင့် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကို
မကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့ လောက်ဖြစ်မလဲ။ သူတို့မှာ
ဘာကန့်သတ်ချက်၊ အားသာချက်တွေ ရှိကြလဲ။ ကျနော်သတိပြုမိတာ ကိုရီးယားမှာလည်း ဂျပန်လို စီးပွားရေးအုပ်စုဂိုဏ်းကြီးတွေကြောင့် စီးပွားရေး တဟုန်ထိုးတက်လာ၊ နောက်တော့လည်း ဒင်းတို့ကြောင့်ပဲ ပြသနာတွေတက်ရ၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ရ၊
လုပ်ရင်းနဲ့ရှုပ်ကုန်ကြ ဖြစ်တာတွေ့လိုပါ။ တရုတ်ပြည်မှာ ဖြစ်တာတွေတော့ ရှိတယ်၊
သို့ပေမယ့် အရှိုက်ထိအောင် မဖြစ်သေးဘူး။ မေးတာများနေရင် စိတ်မဆိုးနဲ့နော်။
အမေးအာကာသယာဉ်မှူး အဖြေစက်ပြင်သမားဆိုတာလည်း စာမှာရှိတာ နားလည်ပါ၏
အဲဒီအမေးလေးကို ကိုသစ်မင်းက ဒီပို့စ်လေးနဲ့ ဖြေထားပေးတာပါဗျာ။ အင်ဇာဂီ နဲ့ ကြောင်ကြီးတို့ရဲ့ အပြန်အလှန်ကွန်းမန့်လေးတွေ၊
သူကြီးနဲ့ FR ကြီးတို့ရဲ့ ကွန်းမန့်လေးတွေ၊ ကိုသစ်မင်း ပြန်ဆွေးနွေးထားတာလေးတွေနဲ့ စည်စည်ကားကား ဖတ်ကြရမယ့်ပို့စ်ပါဗျာ။
ကိုကြောင်သို့…..(၂)(ဂျပန်ကပေးတဲ့အကောင်းဆုံးLessons ) https://myanmargazette.net/79050/business-economy
ကတော့ ၁ ရဲ့ အဆက်ပါဗျာ။ ဂျပန် ကပေးတဲ့ သင်ခန်းစာလေးတွေကို ကိုသစ်မင်းက ဆွေးနွေးထားတာပါ။
ကွန်းမန့် ၂၂ ခုကလည်း ရှယ်တွေချည်းပါပဲ။ တစ်ခုဝန်ခံဆွေးနွေးချင်တာက ဒီပို့စ်မှာ ကျွန်တော့် ကွန်းမန့် မပါပါဘူးခင်ဗျာ။
အဆင့်မီအောင် ဝင်ဆွေးနွေးနိုင်ခြင်း မရှိလို့ ကွန်းမန့်ဝင်မပေးတာ ဖြစ်တဲ့ အကြောင်းလေး
ဒီနေရာကနေ ရိုးသားစွာ ဝန်ခံချင်ပါတယ်ဗျာ။ သို့သော် ကျွန်တော် သေချာဖတ်ပါတယ်။ ကွန်းမန့်တွေကိုလည်း လေ့လာပါတယ်။ မေးဘို့လိုအပ်ရင်မေးပါမယ်ပေါ့ခင်ဗျာ။
ကိုကြောင်သို့ (၃) (တရုတ်နိုင်ငံ ဖွံ့ ဖြိုးမှုဆိုသည်မှာ) https://myanmargazette.net/78787/business-economy
ဒီပို့စ်ကစလို့ ကျွန်တော် ဝင်ပွားစရာမလိုသော ကိုသစ်မင်း ရဲ့ပို့စ်လေးတွေကို လင့်လေးတွေပဲ အလွယ်တကူဖတ်ရှုနိုင်အောင ် ထည့်ပေးလိုက်ပါတယ်ဗျာ။
ကိုကြောင်ရေ ဆက်ဆွဲရအောင် https://myanmargazette.net/80841/business-economy
ဤသုံးမျိုး (၁) https://myanmargazette.net/82369/business-economy
ဤသုံးမျိုး (၂) https://myanmargazette.net/84347/business-economy
ဤသုံးမျိုး (၃) https://myanmargazette.net/84454/business-economy
ဂဇက်ခွန်အား အတွေးများ (ဂဇက်ဆီမီနာ ၁) https://myanmargazette.net/86126/society-lifestyle
ဂဇက် ဆီမီနာ ၁ ၏ ရလာဒ်ကို အနှစ်ချုပ်ဆွေးနွေးခြင်း https://myanmargazette.net/82364/business-economy
ဂဇက်ဆီမီနာ ၂ https://myanmargazette.net/88509/creative-writing
ကိုသစ်မင်းရဲ့ လူသိနည်းခဲ့တဲ့ ပို့်စ်လေးတွေကိုလည်း ပြန်ရှာပေးလိုက်ပါတယ်ဗျာ။ အသေးစိတ်မရေးနိုင်တော့တာ ခွင့်လွှတ်ကြပါ။
စိတ်ဖိစီးမှု ပျောက်စေဖို့
https://myanmargazette.net/70579/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
Reader’s Digest (Feb,2004) မှ ဆယ်မိနစ်အတွင်း (Stress)စိတ်ဖိစီးမှု ပျောက်နည်း ကို ဘာသာပြန်ရေးသားထားခြင်းဖြစ်ပါသည်။
ရောင့်ရဲတင်းတိမ်မှု https://myanmargazette.net/62716/society-lifestyle
အတွေးစလေးများ https://myanmargazette.net/66651/creative-writing
ဝါးရုံတောက ဘီးလေးလုံးနဲ့ ကျွန်တော်တို့ https://myanmargazette.net/66129/creative-writing
လူ့ဘဝဟာ သိတ်တိုတောင်းလွန်းပါတယ် https://myanmargazette.net/63666/creative-writing
လူ့ဘဝဟာ သိတ်တိုတောင်းလွန်းပါတယ် ၂ https://myanmargazette.net/63755/creative-writing
ကိုသစ်မင်း ရဲ့ ပို့စ်လေးတွေ က အားလုံးလည်း ရင်းနှီးပြီးဖြစ်မှာပါ။
ကျွန်တော်တတ်နိုင်သလောက် တူးဆွဖေါ်ထုတ် ပေးထားပါတယ်ဗျာ။
ကိုသစ်ကို ချစ်ခင်ကြသူများ ကျေနပ်ကြမယ့် ပို့စ်တစ်ခုဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။
15 comments
blackchaw
January 2, 2012 at 12:21 pm
ကိုသစ်မင်း က အငြင်းပွားစရာမရှိတဲ့
ရွာသူရွာသားတွေအကြိုက် စာရေးသူတစ်ယောက် ဖြစ်တဲ့အတွက်
တတ်နိုင်သလောက် သေသေချာချာ အားထည့် တူးဆွထားပေးပါတယ်။
အခုအချိန်မှာ ရွာသူရွာသားတွေရဲ့ ချစ်ခင်မှုတွေရရှိခဲ့တာဟာ
ကိုသစ်မင်း နဲ့ ထိုက်တန်ပါတယ် ဆိုတဲ့ အကြောင်း
ကျွန်တော် ဒီပို့စ်လေးနဲ့ သက်သေပြပါတယ်ခင်ဗျာ။
nozomi
January 2, 2012 at 12:33 pm
ကိုဘလက်က ကိုသစ်အကြောင်းကို ကောင်းတာတွေ ပဲ ပြောသွားတယ်
ဆန့်ကျင်ဘက်အတွေးကနေ ကိုသစ် အကြောင်းကို ပြောကြည့်ဘို့ ကြိုးစားတာ မအောင်မြင်ဘူး
ကိုသစ် လို လူမျိုးကတော့ ဒီ ရွာ အတွက် အရတော်လိုက်တာလို့ ပြောရမဲ့ လူမျိုးပါ
အတွေ့အကြုံ၊ စေတနာ၊ပညာ ၊ကြိုးစားမှု ၊စိတ်ဓါတ် ……ကောင်းတာတွေကတော့ ဆက်ပြောရရင် ၂၀၁၃ ရောက်သွားမယ် ၊
ကျွန်တော် တကယ်လေးစားတဲ့ ရွာသားတစ်ယောက်ပါ ၊ကိုသစ် ၊ ကိုဘလက် နဲ့ ရွာသူားအပေါင်း စိတ်ချမ်းသာအောင် နေနိုင်ကြပါစေ ရှေ့ဆက်အောင်မြင်မှုတွေ ရပါစေ
ကိုပေါက်(မန္တလေး)
January 2, 2012 at 1:05 pm
မှန်၏။
ကိုသစ်စာတွေက အများကြိုက်တဲ့ အငြင်းပွားစရာမလိုတဲ့စာတွေ
ဆိုတာကတော့ အသေအချာပါဘဲ။
MaMa
January 2, 2012 at 3:41 pm
စာရေးသူဆြာသစ်ကို အကျွမ်းမဝင်ခင်ကတည်းက ` ဝါးရုံတောကဘီးလေးလုံးနဲ့ကျနော်တို့´
ပိုစ့်ကို ကိုယ်ကိုယ်တိုင်ဖတ်ပြီးကိုယ့်မောင်နှမ သူငယ်ချင်းတွေကို လက်တို့ပြီး အကြောင်းကြားဖြစ်တဲ့၊ ဖော်ဝဒ် လုပ်ဖြစ်သွားတဲ့ ပိုစ့်လေးပဲ ဖြစ်ပါတယ်။
အဲဒီပိုစ့်မှာ နိုဇိုမီပေးတဲ့ ကွန်မန့်နဲ့ ဆြာသစ်ရဲ့ ပြန်လည်ဖြေရှင်းချက်တွေက မှတ်သားစရာပါပဲ။ 🙂
KING
January 2, 2012 at 4:20 pm
ကစ်သို
ကိုသစ်
အပျိုချစ်ရုံတင်မက
အကုန်ချစ်ကြတဲ့ ကိုသစ်
တူးဆွပေးသူရော တူးဆွခံရသူကိုပါ
ကျေးဇူးတင်ပါတယ်
ဘာလို ့ လဲဆိုတော့ ရင်ထဲကို တစ်စုံတစ်ရာ ပေးစွမ်းနိုင်ခဲ့လို ့ပါပဲ
လေးစားစွာဖြင့်
KING
koyinmaung
January 2, 2012 at 5:21 pm
ကိုသစ်ရဲ့စေတနာကတော့
အထူးလေးစာမိပါတယ်
ကိုသစ်မင်းကို
mandalaygazette၂၀၁၁နှစ်ရဲ့အကောင်းဆုံးပို့စ်တင်သူ
အဖြစ်သတ်မှတ်သင့်ပါတယ်……..
မောင်သန်းထွဋ် ဦး
January 2, 2012 at 6:59 pm
အော်ကိုသစ်မင်းတို ့လို စာရေးအရမ်းတော်တဲ့သူကို မလေးစား၊အားမကျဘဲနေလို ့မရပါဗျာ။ကိုဘလက်ချောကလဲ မှတ်မှတ်ရရ ကျနော့်အကြောင်း
လေးပါထည့်ရေးတော့. လေးစားရပြန်ပါရော။
အမြဲတမ်းအမှတ်ရဖွယ်စာလေးနဲ ့ဘဲပြန်ကူးယူမန် ့လိုက်ပါတယ်ဗျာ,….
“”နောက်ဆုံးတော့ လူတွေတကယ်ပိုင်ရတာက ၆ပေ x ၃ပေ မြေကွက်လေးပါပဲလား “”
blackchaw
January 2, 2012 at 8:53 pm
ညီလေး မောင်သန်းထွဋ်ဦး ရေ။
အစ်ကို ဒီပို့စ်မှာ ညီလေးရဲ့ ကွန်းမန့်လေး မပါသွားတာ ခွင့်လွှတ်ပါ။
အစ်ကို ရှာရင်း ရေးရင်းနဲ့ ဘယ်လိုပြုတ်ကျန်သွားလဲဆိုတာ မသိလိုက်တာပါ။
ညီလေး မီးမီးသော် နာမည်နဲ့ တုန်းက အစ်ကိုရေးခဲ့တဲ့ပို့စ်တွေမှာ
ပေးခဲ့တဲ့ ကွန်းမန့်လေးတွေအတွက်လည်း
အစ်ကို က ကျေးဇူးတင်ပါတယ် လို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ကွာ။
ပြီးတော့ ကိုသစ်ရဲ့ ပို့စ်မှာ ညီလေးပေးခဲ့တဲ့ ကွန်းမန့်လေးက တိုတိုလေးပါ။
မပါသွားတဲ့အတွက် ပြန်ဖတ်လို့ရအောင် ဒီနေရာမှာ ဖေါ်ပြပေးလိုက်ပါတယ်။
thit min
January 2, 2012 at 10:55 pm
ကိုဘလက်ချောရေ
ကျနော်လည်း ဘာပြောရမှန်းကိုမသိတော့လောက်အောင် ဖြစ်နေရပါပြီဗျာ။
ခင်ဗျားရဲ့ မိတ်ကောင်းဆွေမွန်တို့ရဲ့ ထားရှိအပ်သော စိတ်စေတနာ၊
မုဒိတာ(အဲဒါတော်တော်ခက်တာနော်)ထားနိုင်တာကို အံ့ဩကုန်နိုင်ဘွယ်ပါဘဲ။
ကျနော်စဉ်းစားမိတယ်ဗျာ။
လူတယောက်ဟာ ပိုက်ဆံချမ်းသာတာ၊ ရာထူးကြီးတာ၊ ပညာတတ်တာ တွေ ရှိတယ် ဆိုပါတော့ဗျာ။
ဒါပေမဲ့ “ငါ-ငါ” ဆိုရင် အလိုလို သုံးစားလို့မရတဲ့ အမျိုးအစားထဲ ထဲ့ရတော့မှာဘဲဗျို့။
ခင်ဗျားလို လူမျိုးကြတော့ (ပိုက်ဆံလည်း ချမ်းသာမှာပါ၊ ဘာလုပ်လဲ မသိပေမဲ့ ကား၂စီးပိုင်တယ်ဆိုဘဲ၊
ဘွဲ့လဲရပြီးသား) လက်တွေ့မှာဘယ်လောက် ဝင်ငွေရှိတယ်၊ ဘာရာထူးရှိတယ် ဆိုတာတွေ သေသေခြာခြာ
မသိရပေမဲ့ (ဘယ်သိမှာတုန်းဗျာ၊ ပြောမှမပြောပြတာ) လေးစားစရာအရည်အချင်းတွေအပြည့်ဘဲ။
လူ့တန်ဖိုး ဆိုတာ အရင်က ကျနော်သိခဲ့တဲ့အသိတွေထက် ကိုဘလက်လုပ်ပြနေတာက ကျနော့အသိတွေကို
ခိုင်မာစေတယ်။ ပိုပြီး “သိ”လာတယ်။
ခင်ဗျား ဟာ ဂေဇက်က စာရေးသူများအားလုံး အတွက် တော်တော် တန်ဖိုးရှိတဲ့ လူ့အဖိုးတန် တယောက်ပါဘဲ။
“စေတနာမှန်သော ကံတရား” ဆိုတာ ခင်ဗျား “ရ” မယ် ကိုဘလက်ချောရေ။
လေးစားချစ်ခင်မှုဖြင့်
မောင်သစ်မင်း
ငပေါက်ဖော်
January 2, 2012 at 11:20 pm
အပေးရှိရင် အယူရှိတယ်..
အယူရှိလဲ အပေးတော့ ရှိရမယ်ခင်ဗျ
ကျနော်အထင်တော့
ကိုသစ်မင်းက ဘာမှမယူချင်ပဲ ပေးဆပ်ခဲ့တာလို ့ထင်တယ်
ဒါကြောင့်
အနော့လို ငဖွတ်ကျားတစ်ယောက်အနေနဲ ့
များကြီးအတုယူနိုင်အောင် ကြိုးစားရဦးပါဦးမယ်လို ့ပဲ……….
မောင်သန်းထွဋ် ဦး
January 2, 2012 at 11:23 pm
ဆက်ပြိီးတော့လဲ များများပေး၍ ကျနော်တို ့ကလဲ များများသင်ယူခွင့်၊ဖတ်ခွင့်ရချင်ပါတယ်ခင်များ။လေးစားလျှက်ပါ။
koaung
January 2, 2012 at 11:51 pm
ဘာအလုဎ်ပဲလုဎ်လုဎ်ပေါ့ဗျာ ဝါသနာ။စေတနာ။အနစ်နာ ပြည့်စုံရင် အလှပဆုံးပေါ့ဗျာ ကိုသစ်မင်းကဆရာကျင့်ဝတ်ကို စာဖတ်သူများကို
ပေးအပ်သွားတယ်လို့ယူဆမိပါတယ် အခုအချိန်အခုအခါကလဲမြန်မာပြည်ရဲ့တကဲ့လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကို
အပြုသဘောနဲ့ လက်တွေ့ကျကျ ဝေဖန်ပြောဆိုသင့်ကြပါပြီ အပြုသဘောဆောင်ရေးသားတဲ့ ဆရာပေါက်၊ဆရာသစ်မင်း တို့ကိုလေးစား
ပါကြောင်း ဒါ့ကြောင်။လဲမန်းတလေးဂဇက်ဟာ မြန်မာပြည်ရဲ့ တကဲ့လူထုအကျိုးပြုဝဘ်ဆိုဒ်တခုအဖြစ်ရပ်တည်နေတယ်လို့လဲထင်မိပါတယ်
Khin Latt
January 3, 2012 at 5:39 am
ကျွန်မတို့ ဆက်ပြီး လိုနေပါသေးတယ် ဆရာသစ်ရေ။ ဆက်ပေးပါဦး။
တစ်ချိန်တော့ ကိုယ့်ဟာကိုယ် သင်ကြားလာနိုင်ကြမှာပါ။
အခုတော့ သင်ဆရာ၊ မြင်ဆရာ၊ကြားဆရာ တွေ လိုပါသေးတယ်။
ရေသာခိုချင်လို့ မဟုတ်သော်လည်း ဆက်လက်ပြီး များများ ရဖို့ ဆုတောင်းပါတယ်။ 🙂
thit min
January 5, 2012 at 12:05 pm
ကိုနိုးဇိုးမိ (သေသေချာချာစာရေးတတ်သူ) ကိုပေါက် (စေ့စေ့တွေးတတ်သူ)
မမ (မသိချင်ယောင်ဆောင်နေသော တတ်သိပညာရှင်)
ကိုကင်း (ခင်ချင်စရာလွှတ်ကောင်းသူ)၊ ကိုရင်မောင် (လူတိုင်းကိုခင်မင်စွာဂရုစိုက်တတ်သူ)၊
ကိုသန်းထွဋ် ဦး(စိတ်သဘောထားကောင်းသောရခိုင်လုလင်ပျို) တို့ နှင့်တကွ
ညီလေးပေါက်ဖော် (မင်းကအဓိကဒါရိုက်တာဆိုဘဲ၊ မင်းနဲ့ကိုယ်နဲ့တွေ့ပြီပေါ့ကွာ၊ဟားဟားဟား)
ကိုအောင် (ဆရာအောင်) (လေးစားရသော ညီအကိုတော်ကြီး)၊ မခင်လတ်(တတ်တာကိုလျှို၊ နှိမ့်ချစွာ
နေတတ်သော အနှစ်ပြည့်စပါးနှံ) တို့အား လွန်စွာကျေးဇူးတင်ရပါတယ် ခင်ဗျား။
အကြောင်းကြောင်း ကြောင့် သစ်မင်း စာများကိုဖတ်ပြီးကော်မန့်မပေးသူများကိုလည်း ကျေးဇူးများစွာတင်ပါသည်။
သစ်မင်းအား ချစ်ခြင်းမရှိသူများအားလည်း ကျေးဇူးတင် (တင်စေချင်လျှင် ဟဲ ဟဲ) ပါသည်။
ဇာတ်ညွန်းရေးသူ ကိုဘလက် ကတော့ ပြောရတာများနေလို့ ပြောတော့ဘူးဗျာ။ဟဲ ဟဲ ကျေးဇူးအရမ်းပါလို့။
ကြောင်ကြီး
January 5, 2012 at 12:32 pm
ကစ်သိုကို
အချစ်ပိုဂျ
အပြစ်ဆိုတာ
မရှိပါ၊
နှစ်လိုစရာ
ကသစ်ပေမို့
တစ်ဆိုသဗျာ
ရစ်ထွေလို့
မြစ်ပျိုမှာ
ဗျစ်ရည်စို့..။