“ငြိမ်သက်ခြင်းမှ လွင့်ပျံ့လာသောအသံများ”
1 လှေကလေးနှစ်စင်းကြား အလင်းခ ဘယ်ကများရောက်လာတယ်မသိ.............
2 ရင်ခွင်မှာထွေးပွေ့ မင်းကလေးကသာလက်ခံမယ်ဆိုရင်ပေါ့
3 အလင်းမရောက်မီ တိမ်ပန်းချီခြယ်သ ကိုတံငါလှေတစ်စင်းရယ်နဲ့ နေ့သစ်ကို စ
4 အဆင်အသွေးက စုံစုံ မြင်ရယုံလေးနဲ့ရင်ခုန်မိပါတဲ့ နံနက်ခင်း ရဲ့ လင်းအရုဏ်
5အလင်းစွက် ဖျန်းပက်ပါတဲ့ဆေးပန်းချီ ရောင်သွေးစုံ မြင်ရသူ လွန်ကြည်နူးအောင်ပ
6 တိ်မ်မင်းသားအတွက်ယက်လိုက်တဲု့ပုုုဆိုး အရောင်အမျုးိက စုံစုံ မြင်ရသူရင်ဖိုမောအောင်ပ
7 အခက်အနွယ်ကြားမှာ ပွင့်အာတဲ့နံနက်ခင်း အလင်းက မပီ့တပီ
8အလွမ်းသည် အပင်ငယ် အဖော်ကွဲပါလို့ နေအလာအရုဏ်တက်မှာ ငေးမျှော်နေဆဲ
9 ဆူးခက်နွယ် ကြားက မြင်ရတဲ့နေအလင်း( ဂီဂီအကြံပေးချက်အရ)
10 အရုဏ်တက်မနက် မှာမြင်ရတဲ့လှပသော မြင်ကွင်းပါ ရှေ့ကတုုတ်ကလေးတော့ ...........
“”ငြိမ်သက်ခြင်းမှ လွင့်ပျံ့လာသောအသံများ”
နံနက်ခင်းတိုင်းကတော့ အမြဲ ငြိမ်းချမ်းပါတယ်။
မန်းလေးကန်တော်ကြီးမှာလမ်းလျောက်တဲ့အခါတို်င်း လှပသောမြင်ကွင်းများနဲ့အတူ
တိတ်ဆိတ်ခြင်းကိုပါ ပူးတွဲခံစားရတတ်ပါတယ်။
အထူးသဖြင့် မိုးတိမ်ထု က ကောင်းကင်မှာ ခင်းကျင်းပြသတဲ့နေ့များမှာဆိုရင်
နေထွက်လာစအချိ်န်မှာ အရုဏ်ဦးနေမင်းက ကောင်းကင်ကို အရောင်တွေခြယ်ပါတော့တယ်။
ဒီအချိန်မျိုးမှာ သဘာဝရဲ့ တင်ဆက်ခြင်းကတော့ လှပသောဂီတသံကို နားထဲမှာအလိုလိုကြား
လာရပါတယ်။
ဟုတ်မဟုတ်သိရအောင်………………………………………..
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(3-1-2012)
Post Views: 321
12 comments
ကိုပေါက်(မန္တလေး)
January 3, 2012 at 2:01 pm
ကျနော်ကိုယ်တိုင်နှစ်သက်ပြီး ပန်းချီကားလေးနဲ့တူတယ်လို့ ထင်ရသောပုံများပါ။
blackchaw
January 3, 2012 at 2:07 pm
ဒီနေ့ တင်တဲ့ ပုံလေးတွေ မိုက်တယ် ကိုပေါက်ရေ။
ပန်းချီကားလေးတွေ ကျနေတာပဲ။
ပုံကြီးချဲ့ပြီး အိမ်မှာ ချိတ်ထားဘို့ ကောင်းတယ်ဗျာ။
water-melon
January 3, 2012 at 2:23 pm
ရည်းစားက ဖြတ်ထားလို့ပါဆို
အလွမ်းတွေအဆွေးတွေ ကြည့်ပြီး ငိုချင်လာပြီ 😥
3 4 5 6 ကို အရမ်းကြိုက်တယ် လေးပေါက်
pooch
January 3, 2012 at 3:22 pm
“သတိမမူတော့ ဂူမမြင် သတိမူတော့ မြူတောင်မြင်” ဆိုသလို ပဲ
သဘာဝကို ဆေးရောင်ခြယ်ပြီး မြင်သမျှကို အရုပ်ထင်အောင် ရေးထားသလိုပဲ ပုံတွေက ….
လှေကလေးနဲ့ တယောက်ထဲလှော်နေတဲ့ပုံက လောကထဲက တချို့ လူတွေရဲ့ ဘဝနဲ့များ တူနေသလားလို့ ….. အထီးကျန်နေတာ….
ပုံတွေ အကုန်ကြိုက်တယ်…..
windtalker
January 3, 2012 at 8:43 pm
လှေကလေး နဲ ့တယောက်ထဲ လှော်နေတဲ့ ပုံ က
လောကကြီးထဲမှာ တစ်ယောက်ထဲ လျှောက်နေရတဲ့ သူတွေ ကို ညွှန်းပါသတဲ့ ကွယ်
KING
January 3, 2012 at 8:51 pm
အခုတော့လည်း
တစ်ရောက်တည်း လျှောက်မြဲပါကွယ် …
တစ်ကိုယ်တည်း ဝမ်းစာရှာနေတဲ့ တံငါသည်
အိမ်အပြန် ကြင်သူသက်ထား ဇနီးမယားသာ
ရှိမနေခဲ့ဘူးဆိုရင် ……………………………………
Thel Nu Aye
January 3, 2012 at 3:31 pm
စာသားနဲ့ပုံတွေကတော့ရှယ်ပဲ။ စာသားတွေမိုက်လို့ပုံတွေကိုပိုခံစားလို့ရသွားပါတယ်။ ကျေးဇူးပါ။ မန်းလေးကိုမကြာမကြာလာလည်ဖြစ်ပေမဲ့ဒီလိုအလှတွေတော့မခံစားဖူးဘူး။ မန်းလေးကန်တော်ကြီး ကရန်ကုန်ကကန်တော်ကြီးမနက်ရှု့ခင်းထက်ပိုလှပါတယ်။ သဘာဝပိုဆန်ပါတယ်။
ကိုပေါက်(မန္တလေး)
January 3, 2012 at 4:01 pm
ရန်ကုန်ကိုလာပြီးရန်ကုန်ကန်တော်ကြီးကိုလဲခံစားပြီးရိုက်အုံးမယ်နော်
kotun winlatt
January 3, 2012 at 4:05 pm
မန်းးးဒလေးးးးကို မလာပဲ မနေနိုင်အောင်လက်စွမ်းးပြနေတာပါလားးး
လေးးးးပေါက်ရယ်….။
comegyi
January 4, 2012 at 12:39 am
ဓါတ်ပုံပညာတော့ သိပ်နားမလည်ပေမဲ့
ပုံတွေကို ကြည့်ပြီး လွမ်းသွားတာတော့
အမှန်ပဲဗျို့………
ကျေးဇူး…..
small cat
January 4, 2012 at 6:17 am
မြောက်မြားသီးတွေ ပုဆိုးမှာကပ်လာလို့
အိမ်အပြန် မဒမ်ပေါက်က
ရှင် ဘယ်နေရာတွေ လျှောက်သွားခဲ့သလဲ လို့
သံသယတွေဖြစ်နေဦးမယ်။
ကိုပေါက်(မန္တလေး)
January 4, 2012 at 12:15 pm
ဓါတ်ပုံအငမ်းကောင်းလို့ တစ်ခါ ငးါရိုးခြေထောက်စူး သွားတာ
မကြီးမငယ်နဲ့ဘယ်တွေများမော့လာသလဲလို့ အဟောက်ခံရပါသဗျာ။