ကွာပုံကွာနည်း

phone_kyawJanuary 5, 20121min920

1/4/12

 

 
သုံးယောက်လုံးက အသက်လည်း မတိမ်းမယိမ်း။ အလုပ်အတွေ ့အကြုံလည်း အတူတူ။ ပြီးတော့ ရာထူးချင်းလည်း တူတယ်။ ပညာအရည်အချင်းကလည်း သိပ်ပြီးမကွာဘူး။

တနေ ့မှာ သူတို ့သုံးယောက်ခရီးထွက်ကြတယ်။ မဲ့ဆောက်၊ ဘန်ကောက်၊ ချင်းမိုင်ကနေတဆင့် စံခလပူရီ (ဘုရားသုံးဆူအနီး) ကိုရောက်လာကြလေတယ်။ သူတို ့လာရင် ထုံးစံအတိုင်း ခေါင်းစဉ်ကတော့ နိုင်ငံရေးပေါ့။ ဘာနိုင်ငံရေးလဲလို ့မေးရင် နိုင်ငံရေးလို ့ပဲ မှတ်ပါ။

စံခလပူရီဆိုတာက မွန်ပြည်သစ်ပါတီဌာနချုပ်ဖြစ်တယ်လို ့ပြောလို ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ မွန်ပြည်သစ်ပါတီက ခေါင်းဆောင်တွေရဲ  ့နေအိမ်တွေ မိသားစုဝင်တွေအများအပြားနေလို ့ပါ။ ရေချောင်းဖျား ဌာနချုပ်ကိုတော့ တရားဝင်ဌာနချုပ်လို ့ခေါ်ပြီး စံခလပူရီကိုတော့ တရားမဝင်ဌာနချုပ်လို ့ခေါ်လို ့ရမလားပဲ။

သူတို ့လာတဲ့ရည်ရွယ်ချက်က မွန်ပြည်သည်ပါတီက ခေါင်းဆောင်တွေနဲ ့တော်လှန်ရေး၊ နိုင်ငံရေးဟုခေါ်သော အရေးတကြီးလျိူ  ့ဝှက်ချက်တွေကို ဆွေးနွေးဖို ့ပါ။ မဟာမိတ်ဆက်ဆံရေးခေါင်းစဉ်လည်း ပါတယ်ဆိုပါစို ့။

သူတို ့သုံးယောက်လုံးမှာ နှစ်ယောက်က ဗိုက်ပူတယ်။ တစ်ယောက်ကတော့ ဗိုက်မပူတဲ့လူပါ။

လာတဲ့အချိန်မှာ သူများတွေလို သူတို ့ဘက်စ်ကား တိုးစီးပြီး လာတာမဟုတ်ပါဘူး။

ကိုယ်ပိုင်ကားလေးနဲ ့စံခလပူရီမြို  ့လေးကို ရောက်လာတယ်။ ရောက်ရောက်ချင်း မွန်ခေါင်းဆောင်တွေနဲ ့ဆွေးနွေးတယ်။ သုံးနာရီလောက်ကြာမယ်။ ပြီးရင် သူတို ့လာတဲ့ရည်ရွယ်ချက်က ပြီးလေပြီ။ ဒါဆိုရင် ဒင်းတို ့အဖွဲ ့ ကျန်တဲ့အချိန်ကို ဘယ်လိုသုံးမလဲ။ အချိန်ကို အကျိုးရှိရှိသုံးတတ်တဲ့ ခေါင်းဆောင်တွေလို ့ပြောချင်ပါတယ်။

စံခလပူရီမှာ အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း (၁) ကရဲဘော်တွေ နဲ ့အခြားအဖွဲ ့အစည်းတွေက ရဲဘော်တွေလည်းရှိတယ်။ သူတို ့အားလုံးရဲ  ့ဘဝတွေကို နည်းနည်းလောက်ဖေါ်ပြချင်တယ်။ ဒီလူတွေဟာလည်း အထက်ကသုံးယောက်လို လုပ်သက်ခြင်းတူတယ်။ မတူတာက ရာထူးချင်းတော့မတူဘူး။ ဒါ့ကြောင့် ရာထူးမတူသူတွေဟာ ညစ်ပတ်ပေရည်နေတဲ့ အသွင်အပြင်၊ အရက်သမားရုပ်ပေါက်နေတဲ့ ရုပ်ရည်တွေနဲ ့သူတို ့ခေါင်းဆောင်တွေကို ပျော်ပျော်ရွှင်ရွှင်ကြိုဆိုကြပါတယ်။ လေးလေးစားစားဆက်
 ဆံတယ်။ အထူးသဖြင့် အားကိုးတဲ့ မျက်နှာတွေ၊ အထင်ကြီးသော ဖားချင်သော မျက်နှာတွေနဲ ့သူတို ့လူကြီးတို ့ကို ဆက်ဆံပါတယ်။

တပ်ရင်း (၁) က တပ်ရင်းမှူးဖြစ်တဲ့ ကိုသိန်းလွင်ဟာ သူ ့အိမ်မှာ စက်ချုပ်တယ်။ သူ ့မိန်းမက အပိုဝင်ငွေရအောင် အမွှေးညှပ်တယ်။ သူငှားတဲ့ အိမ်တော်ကြီးက ဖုံတွေအလီလီ၊ ခြင်တွေ တဝီဝီနဲ ့။

အိမ်ထဲမှာ ဖျာနဲ ့စောင်ကို အားကိုးပြီးအိပ်ရတဲ့ဘဝ။ ကိုယ်ပိုင်မော်တော်ကားမရှိ။

ကိုယ်ပိုင်အဝတ်လျှော်စက်မရှိ။ ထမင်းချက်ဖို ့အိုးတောင် နှစ်လုံးလောက်ပဲတွေ ့ရတယ်။ ကိုယ်ပိုင်ဆိုင်ကယ်တောင်မရှိတဲ့ဘဝ။ ပိုက်ဆံဆိုရင်လည်း ဟိုလူ ့ဆီက ချေးရငှားရနဲ ့။ တနေ ့လုပ်မှ တနေ ့စားရတဲ့ဘဝလို ့ပြောလို ့ရပါတယ်။

ဒု-ရင်းမှူးဖြစ်တဲ့ ကိုလေးလို ့ခေါ်တဲ့လူက ခလော့ခနီဒုက္ခသည်စခန်းထဲမှာ တံမြက်စည်းပင်တွေကို လိုက်ချိုးပြီး ကုန်သည်တွေကိုရောင်းတယ်။ တနေ ့ကို ဘတ်ငွေငါးဆယ်လောက်ရတယ်လို ့ပြောတယ်။

ရတဲ့ပိုက်ဆံနဲ ့ခလေ့ာခနီဒုက္ခသည်စခန်းထဲက ဘားတိုက်မှာ ရဲဘော်တွေနဲ ့အတူတူနေတော့ သူ ့ဘဝကလည်း ပျော်စရာတမျိုးကောင်းသားပဲ။ ကျန်တဲ့ ရဲဘော်တွေက ခလေးတပြုံကြီးတွေနဲ ့ပန်းရံလုပ်လိုက်၊ ရာဘာခြစ်လိုက်နဲ ့ သူတို ့ဘဝတွေကို ကြိုးစားရုန်းကန်ကြရတယ်။

တခုထူးခြားတာက သူတို ့အားလုံးမှာ ဒီလိုဘဝဖြစ်နေတာတောင် တော်လှန်ရေးစိတ်ဓာတ်အပြည့်ရှိတုန်းပဲ။ ညနေစောင်း အရက်သောက်ဖို ့အတွက်တောင် သူများဆီက ငွေလေးနှစ်ဆယ်သုံးဆယ်တောင်လိုက်ပြီး ချေးငှားရတဲ့ ဘဝတွေဖြစ်ပေမဲ့ သူတို ့ခေါင်းဆောင်တွေ မြို  ့ပေါ်ကနေလာပြီဆိုရင် မရှိရှိတာကို ရှာဖွေပြီး ကျွေးမွေးချင်တဲ့ စိတ်ရှိတော့ အတော်လေးကို ချစ်စရာကောင်းတဲ့ ဓလေ့လို ့ပြောလို ့ရတယ်။ ဗမာ့ယဉ်ကျေးမှုတော့ မဟုတ်ပါဘူး။ တော်လှန်ရေးယဉ်ကျေးမှုပါ။

လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ နိုင်ငံခြားက ပြန်လာပြီဆိုရင်လည်း သူတို့အရမ်းပျော်ကြတယ်။ ပြီးရင် ကြိုက်တဲ့အကူအညီတောင်း ပေးကြတဲ့အထိဆိုတော့ သူတို ့ကိုလူတိုင်းက သံယောဇဉ်မပြတ်နိုင်ပါဘူး။

ရဲဘော်အချင်းချင်း စိတ်ဆိုးစကားများလည်း ခဏပဲ။ ပြီးရင် ထိုးကြကြိတ်ကြနဲ ့ညနေစောင်းအရက်သောက်ပြီးပြီဆိုရင် တစ်ယောက်ပုခုံးကို တစ်ယောက်ဖက်ပြီး ချစ်ချစ်ခင်ခင်နေကြတဲ့ ဓလေ့။ ဒီလိုနဲ ့ပဲ နေ ့တဓူဝ သူတို ့ဘဝတွေကို ရုန်းကန်ဖြတ်သန်းနေရပေမဲ့ သူတို ့မျက်နှာတွေက အတော်အေးချမ်းလှပါတယ်။ သူတို ့အကျင့်သီလတွေက သူများတွေလို နာမည်ပျက်စာရင်းလည်းမရှိကြပါဘူး။

အထက်ကပြောတဲ့ ခေါင်းဆောင်ကြီးသုံးယောက်ရောက်လာတော့ ကျနော်တို ့သူငယ်ချင်းတွေပျော်ကြတာပေါ့။ သူတို ့အထုတ်အပိုးတွေကို ဝိုင်းသည်ကြနဲ ့။ အလုပ်ရှုပ်ကြလေတယ်။ လုံခြုံရေး ယူပေးတဲ့သူက ယူနဲ ့။

ကိုယ်ပိုင်ကားနဲ ့လာတဲ့ ခေါင်းဆောင်ကြီးသုံးယောက် အစည်းအဝေးပြီးတာနဲ ့စံခဈေးထဲကို သွားကြတယ်။ Siam Commercial Bank မှာ အေတီအမ်ကတ်နဲ ့ငွေတွေကို ထုတ်တာ အထပ်လိုက် ဝေါကနဲဝေါကနဲ ထွက်လာတဲ့အသံတောင်ကြားရတယ်ဆိုပဲ။ ငွေထုတ်တဲ့အချိန်မှာ ဗိုက်ပူခေါင်းဆောင်ကြီးနှစ်ယောက်ကလွဲလို ့ဗိုက်မပူနိုင်တဲ့ခေါင်းဆောင်ကြီးကတော့ ကားထဲမှာ မျက်နှာငယ်ငယ်နဲ ့ငုတ်တုတ်ကလေးထိုင်ပြီး ငိုင်နေတဲ့ပုံစံကို တွေ ့ရတဲ့ သူ ့ရဲဘော်က-

“ကျနော့်ဥက္ကဌကို သနားလိုက်တာဗျာ”

“နေပါအုံး…ခင်ဗျားက ဘာလို ့သနားတာလဲ”

ကျနော်က စပ်စုချင်တဲ့အသံနဲ ့မေးခွန်းမေးတယ်။

“ကိုသံခဲခင်ဗျာ….ကိုအောင်မိုးဇော်နဲ ့ကိုနိုင်အောင် ဘဏ်ထဲကနေ ငွေထုတ်နေတာကို ကြည့်ပြီး သူ ့ကိုယ်သူ စိတ်မကောင်းဖြစ်နေတဲ့ပုံစံဖြစ်နေလို ့ဗျ”

” ဖြစ်မှာပေါ…ခင်ဗျားတို ့ရဲ  ့ဥက္ကဌကြီးက ငမွဲပဲကိုဗျ ”

ခပ်ထေ့ထေ့အသံနဲ ့ကျနော်ဆွပေးတယ်။

“မွဲပေမဲ့ ဥက္ကဌက သူများတွေလို နာမည်ပျက်မရှိဘူး….ခင်ဗျားဒီလိုမပြောပါနဲ ့”….ဆိုပြီး တပ်ရင်း (၁) က ရဲဘော်ကြီးက သူ ့ခေါင်းဆောင်ကို အထင်ကြီးတဲ့လေသံတုန် ့ပြန်တော့ ကျနော်လည်း စောဒကမတတ်မိပါဘူး။

ကိုယ်တင်ထားတဲ့ ဘုရား ကိုယ်မှ မကိုးကွယ်ရင် ဘယ်သူက ကိုးကွယ်မှာလဲဆိုပြီး ဘေးမှာ ရပ်နေတဲ့ ရဲဘော်ကြီးက စကားဝိုင်းကို ဖြတ်ပြီး မှတ်ချက်ပေးသံ သဲ့သဲ့ကို ထပ်ကြားလိုက်ရသေးတယ်။

ကိုအောင်မိုးဇော်၊ ကိုသံခဲ၊ ဒေါက်တာနိုင်အောင်တို ့စံခမှာ နိုင်ငံရေးခရီးစဉ်နဲ ့အလည်လာတုန်း တည်းခိုစရာ ရှာရပါတယ်။ ဈေးအကြီးဆုံးတည်းခိုးခန်းမှာ တည်းပါတယ်။ ဘတ် (၁၀၀၀) ကျော်ပေးရတဲ့ တည်းခိုခန်းကို မကောင်းဘူးဆိုပြီး ပြောတဲ့ ခေါင်းဆောင်ကြီးကလည်း ပြောရှာတယ်လို ့အခန်းရှာပေးတဲ့ ရဲဘော်ကြီးက ပြန်ပြောပြတော့ ဪ…ဒုက္ခ…ဒုက္ခလို ့
လို ့ပဲ ကျနော်တွေးမိတော့တယ်။

ကျနော်တို ့ဩစတျေးလျကနေ စံခလပူရီကို သွားလည်ပြီးဆိုရင် ရဲဘော်တွေနဲ ့အတူတူနေ၊ အတူူတူစား၊ အခန်းငှားမဲ့ပိုက်ဆံကို သူတို ့အိမ်မှာ လိုအပ်တာကို ဝယ်ပေး။ ဒီလိုမျိူးဗျ။ မယုံရင် ဆလိုင်းကိုကိုဦးကို မေးကြည့်ပါ။ သူဆိုရင် တစ်ခါမှ တည်းခိုခန်းမငှားပါဘူး။ ကပ်စေးနည်းလို ့လားမသိဘူး။

အခုကြတော့ ခေါင်းဆောင်ကြီးတွေက ရဲဘော်တွေအိမ်မှာ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး၊ မနေနိုင်တော့ ကျနော့် စိတ်ထဲမှာ ဒီလူတွေ၊ သူများထက်ထူးပြီးနဖူး လဥ တက်ပေါက်နေသလားလို ့တောင် ထင်မိတယ်။

ကိုယ့်ရဲဘော်တွေပဲဗျာ တစ်ရက်တလေလောက် အတူတူနေရင် ပိုပြီးကောင်းတာပေါ့။ ဒါဆိုရင် ပတ်ဝန်းကျင်ကလည်း အထင်ကြီးအုံးမယ်။ အခုကြတော့ ဈေးအကြီးဆုံးတည်းခိုးခန်းမှာ တည်းချင်လို ့စုတ်ပြတ်သတ်နေတဲ့ ရဲဘော်တွေက လိုက်ရှာပေးရတယ်။ တရားဖို ့ကောင်းလိုက်လေခြင်း။ လေးစားအတုခိုးဖွယ် ကောင်းသော ခေါင်းဆောင်ကြီးတွေလို ့မှတ်ချက်ပေးရမလို ့ဖြစ်နေပြီ။

စံခမှာမှာ အင်း ကြီးတော့ အတော်လှတယ်။ မွန်ဘုန်းကြီးဆောက်ထားတဲ့ သစ်သားတံတားကလည်း အတော်လေးကို စွဲဆောင်မှုအားကောင်းတယ်။ ဒါ့ကြောင့်နှစ်စဉ် လူစည်ကားတဲ့နေရာလေးလို ့ခေါ်နိုင်တယ်။

အင်းထဲမှာ ငါးမျှားချင်လို ့ဆိုပြီး ခေါင်းဆောင်ကြီးသုံးယောက်က ငါးမျှားတံကို ထိုင်းဘတ်ငွေ (၇၀၀) ကျော်လောက်အကုန်ခံပြီး ဝယ်ပါတယ်။ ငါးမျှားတံက ကျနော်တို ့ဗမာတွေမျှားတဲ့ငါးမျှားတံမဟုတ်ပါ။ တီကောင်နဲ ့ဝါးကို အသုံးပြုပြီး မျှားတာမဟုတ်တော့ မျှားတက်အုံးမှ။ ကျနော်ဒီဟာကြီးကို အသုံးပြုပြီး တစ်ခါမှ မမျှားဘူးဘူး။ တောကျတယ်ပဲဆိုပါစို ့။ ကိုယ်မှ တစ်ခါမှမမျှားဘူး တောကျလဲ ကျပေါ့ဗျာ။

ဒါနဲ ့စကားမစပ် ခေါင်းဆောင်ကြီးတွေတော့ ဘယ်လိုမျှားလဲ၊ ငါးကော ရလားလို ့မေးအုံးမယ်။ တစ်ကောင်မှ မရပါ။ လူအထင်ကြီးအောင်လို ့မျှားတာပါဆိုပြီး ရဲဘော်တွေက မှတ်ချက်ပေးပါတယ်။

ငှားမျှားပြီးတော့ နေကအတော်စောင်းနေပြီ။ ဘတ်ငွေထောင်ကျော်ပေးငှားရတဲ့ ဖောင် အိမ်ပေါ်မှာ အပန်းဖြေမယ်။ ဖောင်စီးရင်း အရက်သောက်ချင်ပါတယ်ဆိုလို ့ဒေသခံတပ်ရင်း(၁) က ရဲဘော်တွေက လိုက်ပြီးငှားပေးရတယ်။ ပြီးရင် သူတို ့ အကောင်းစားအရက်နဲ ့ဖော်ပေါ်မှာ ဇိမ်ခံတယ်။ အကောင်းစား နိုင်ငံရေးတွေနဲ ့အမြည်းလုပ်တယ်။ ဘေးနားမှာ စုတ်ပြတ်သတ်နေတဲ့ အရက်သမားရဲဘော်ကြီးတွေက အပေါစား လောက်ခေါင်နဲ ့။

သူတို ့အဆိုအရ ခေါင်းဆောင်ကြီးတွေက နှိမ်တာမဟုတ်ပါဘူး။ လောက်ခေါင်နဲ ့မှ သူတို ့ရေချိန်ပိုလို ့ကိုက်ပါတယ်ဆိုပြီး ပြောရှာတော့ စိတ်ထဲမှာ တကယ့်ရဲဘော်ကောင်းတွေပါလားလို ့။

ကိစ္စ အဝဝ ပြီးတော့ ဒေါက်တာနိုင်အောင်က အလှူအတန်းနည်းနည်းပေးပါတယ်။ တပ်ရင်း (၁) မှာ လိုအပ်တာသုံးဖို ့အတွက် ဘတ်ငွေလေးငါးထောင် ပေးရှာပါတယ်။ ကိုအောင်မိုးဇော်လည်း စွန် ့သင့်သလောက် စွန် ့ပါတယ်။ အားလုံးပေါင်းမှ ငါးထောင်ကျော်လောက်ပဲရှိတယ်လို ့ပြောပြတယ်။ အေဘီအက်စ်ဒီအက်ဖ်တပ်ရင်းကို အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌကလွဲရင် ကျန်တဲ့ ဗိုက်ပူခေါင်းဆောင်နှစ်ယောက်ကတော့ပေးနိုင်ပါတယ်။ ကိုသံခဲ ကပ်စေးနည်းလို ့လား။ လုံးဝမဟုတ်ပါဘူး။ ပေးစရာ ရှိကို မရှိလိုု ့ပါ။ နိုင်ငံရေးခရီးစဉ်တောင် သူများက အကုန်အကျခံလို ့လာနိုင်တာလေ။

အဲဒီနေ ့မှာ ဖောင်ငှားတာ၊ အရက်သောက်တာ၊ ငါးမျှားတံဝယ်တာ၊ တည်းခိုးခန်းငှားတာ အားလုံးပေါင်းရင် တစ်သောင်းကျော်လောက် ထွက်တယ်ဆိုတော့ ကိုယ့်ရဲဘော်တွေ နဲ ့ တပ်ရင်းအတွက်ကို ပေးတဲ့ ငွေ (၅၀၀၀) ကျော်က နည်းများနည်းနေလားလို ့ပါ။ ပေးတာပဲ ကံကောင်းလို ့ပြောရမလို ဖြစ်နေပြီ။ ကျေးဇူးကြီးမားပါတယ် ခေါင်းဆောင်ကြီးတို ့ရယ်။

သူတို ့သုံးယောက်ရဲ  ့နိုင်ငံရေးခရီးစဉ်ပြီးလို ့ ပြန်ခါနီးမှာ ရဲဘော်တွေရဲ  ့ထုံးစံအတိုင်း-

“ဥက္ကဌ ကျနော့်ကို မုန် ့ဖိုးနည်းနည်းလောက်ပေးအုံးနော်”

အေဘီ ရဲဘော်တစ်ဦးက ကိုသံခဲဘေးနားကို ကပ်ပြီးတိုးတိုးလေးတောင်းတယ်။ 

ကိုသံခဲကလည်း တိုးတိုးလေးပြန်ပြောတယ်။

“ငါ့ဆီမှာ အရမ်းမတောင်းပါနဲ ့ကွာ။ ငါက သူများ ဥက္ကဌတွေလို မချမ်းသာဘူးကွ။ ရော့ တစ်ရာပဲယူ”

ဪ…လုပ်သက်ခြင်းတူ၊ ရာထူးခြင်းတူ၊ အသက်ခြင်းလည်း မကွာ၊ ပညာအရည်အချင်းလည်း အတူတူဖြစ်နေတဲ့ တော်လှန်ရေးခေါင်းဆောင်ကြီးသုံးဦးရဲ  ့ကြားမှာ ဘာများကွာနေလို ့ဒီလောက်တောင် မတူတာလဲမသိဘူး။