မန္တလေးဂေဇက်ဧ။် ပထမဆုံးသော စုပေါင်းအလှူ

etoneJanuary 5, 20121min1534126
၂၀၁၂ မှာ သဂျီးနဲ့တကွ ရွာသူ ရွာသားများနဲ့ စာဖတ်သူ အားလုံးပဲ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာပြီး လာဘ်လာဘတွေ ပွင့်လန်းပါစေလို့ ဆုတောင်းပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က DVB ကနေ နာရေး ကူညီမှုအသင်းအကြောင်း ရိုက်ထားတဲ့ ဗီဒွီယိုအပိုင်းတိုလေးကို အမှတ်မထင် ကြည့်လိုက်ရပါတယ် ။  အယုတ် ၊အလတ် ၊ အမြတ်မရွေး သေဆုုံးမှု နာရေးဖြစ်တာနဲ့ အခကြေးငွေ တပြားမှ မယူပဲ အခမဲ့ လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ သူတို့ လုပ်ရပ်ကိုကြည့်ပြီး သာဓုခေါ်လို့ မဆုံးပါဘူး ။ ဒါ့ပြင် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းကိုလည်း တိုးချဲ့ ဖွင့်လှစ်ပေးပါသေးတယ် ။ မသန်မစွမ်းသူတွေ အဆင်ပြေပြေ သွားလာရန်အတွက်လည်း ၊ အထောက်အကူပြု ပစ္စည်းတွေ သုံးပြီး ဖေးမကူညီ ပို့ဆောင်ပေးတာ တွေ့ရပါတယ် ။လူတွေသေပြီဆိုလျှင် ဘယ်သူကမှ မထိချင် မကိုင်ချင်တော့ပဲ ကြောက်ရွံ့ စက်ဆုပ်တတ်ကြပါတယ် … ဒါ့ပြင် ရှေးအယူစွဲတွေကြောင့် ရွာပြင်မှာ သေလျှင် ရွာထဲ ပြန်မသယ်လာရတာမျိုး ၊ အသုဘယာဉ် ကိုယ့်အိမ်ရှေ့မရပ်ရတာမျိုး .. မဖြတ်ရတာမျိုး စသဖြင့် အမျိုးမျိုးကြုံတွေ့ခဲ့ကြရပါသတဲ့ ..  ။ ဒါတင်မကပဲ … ရထားကြိတ်လို့ သေတဲ့ လူ ၊ ရေနစ်လို့ သေတဲ့ လူ ၊မီးလောင်လို့ သေတဲ့ လူ .. ဆွဲကြိုးချ သေတဲ့လူ စသဖြင့် ပုံဆိုး ပန်းဆိုး သေတဲ့ လူတွေကိုလည်း နာရေး ကူညီမှုအသင်းက ကူညီပို့ဆောင် သဂြိုလ်ပေးပါသေးတယ် ။ ဘယ်လောက်ပဲ ခက်ခဲတဲ့ လမ်းပဲဖြစ်ဖြစ် ၊ သယ်ဆောင်ရမလွယ်တဲ့ လမ်းဖြစ်ဖြစ် နာရေးကူညီမှု အသင်းသားတွေရောက်အောင်သွားပြီး ခက်ခက်ခဲခဲ သယ်ဆောင်ကြတဲ့ မြင်ကွင်းမျိုးမြင်ရတဲ့အခါ ကြက်သီးထရလောက်အောင် ချီးကျူးစိတ်တွေဖြစ်မိပါတယ် ။ ဒါကြောင့်လည်း နာရေး ကူညီမှုအသင်းမှာ အလှူငွေ သွားလှူချင်စိတ်ဖြစ်လာမိပါတယ် ။ အဲ့ဒီအကြောင်းကို ရွာသား ရွှေတိုက်စိုးနဲ့ ပြောပြမိတော့ သူလည်း သဒါ္ဓပေါက်ပြီး တတ်နိုင်သလောက် အတူအလှူလုပ်ချင်တယ်လို့ပြောရာက … စုပေါင်းအလှူလုပ်ဖို့ အကြံကို ရခဲ့ပါတယ် … ။ ဒါ့ကြောင့် ကျွန်မတို့နှစ်ယောက်မှ စတင်ပြီး ဂေဇက်ရွာရဲ့ ပထမဆုံး စုပေါင်း အလှူဖြစ်မြောက်အောင် လုပ်မယ်လို့ တွေးမိတာကြောင့် …  တတ်နိုင်သလောက် ၊ ကုသိုလ်ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်နော် ။ ဆန်တစေ့ချင်းစီပေါင်းမှ ဆန်တအိတ်ဖြစ်သလိုပါပဲ … နည်းတာများတာ က ပဓါနမဟုတ်ပါဘူး ….။ တတ်နိုင်သလောက်ထည့်ဝင်နိုင်ပါတယ် ။
 ပထမအလှူအောင်မြင်တာနဲ့ နောက်ပိုင်းအကြိမ်တွေပါ ထပ်ပြီး တခြားသော မိဘမဲ့ကလေးဂေဟာတို့ ၊ ဘုန်းကြီးပညာသင်ကျောင်းတို့ ၊ ဆွံ့အနားမကြားကျောင်းတို့ စသဖြင့် အလှည့်ကျ လှူဒါန်းသွားဖို့ကိုလည်း စဉ်းစားထားပါတယ် ။
အစ်မဆူးတို့ အစ်မနွယ်ပင်တို့ကလည်း တတ်နိုင်တဲ့ ဘက်က ကူညီနှိုးဆော်ပြီး ပါဝင်ကုသိုလ်ယူမယ်လို့ပြောပါတယ် ။ ဒီလိုပါပဲ အထက်မြန်မာပြည် မန္တလေးက ပေါက်ပေပု အသင်း ကိုယ်စား လေးပေါက်ကြီးကလည်း လှိုက်လှိုက်လှဲလှဲ ကူညီပူးပေါင်းပြီး ကုသိုလ်ပါဝင်ပါမယ်တဲ့လေ ။ ၂၀၁၂ကနေ စပြီး ဂေဇက်ရွာရဲ ့စုပေါင်း အလှူအနေနဲ့ ပရဟိတ္တလုပ်ငန်းတွေကို လက်လှမ်းမှီသလောက်လုပ်ကြပါစို့လို့ နှိုးဆော်တိုက်တွန်းပါတယ် … ။
ပထမဆုံးအလှူအနေနဲ့ နာရေး ကူညီမှုအသင်းကို လှူဒါန်းပါမယ် ။ ယနေ့မှစ၍ အလှူငွေကောက်ခံမှာဖြစ်ပြီး အောက်ပါဖုန်းနံပါတ်များသို့ ချိတ်ဆက်လှူဒါန်း ကုသိုလ်ယူဖို့ ဖိတ်ခေါ်ပါတယ် ။ အလှူငွေကောက်ခံမှုကိုတော့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ (၁၀) ရက်နေ့အထိကောက်ခံပေးမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ဖေဖော်ဝါရီလ (၅)ရက်နေ့ နောက်ဆုံးထားပြီးကောက်ခံပေးမှာပါ ။ ၂၀၁၂ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်တော့ နာရေး ကူညီမှုအသင်းကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ် ။ အလှူငွေထည့်ဝင်ရုံတင်မဟုတ်ပဲ … သွားရောက်လှူဒါန်းရာတွင် လိုက်ပါဖို ့ကိုလည်း ဖိတ်ခေါ်ပါတယ် ။
မန္တလေးမြို့ – ********* / ပေါက်ပေပုအဖွဲ့ သို့လည်းကောင်း
ရန်ကုန်မြို့ -*********/ AKKO
                     ********* / ရွှေတိုက်စိုး
                     *********/ etone
                     *********/ ET       သို့လည်းကောင်း ပါဝင်ကုသိုလ်ယူ လှူဒါန်းဖို့ ဖိတ်ခေါ်ပါတယ်

126 comments

  • ငပေါက်ဖော်

    January 5, 2012 at 4:27 pm

    အိမ်း..
    လှူမယ်ဆိုတော့လဲ အရက်ဖိုးထဲက ဖဲ့ပြီး တတ်နိုင်သလောက်လေး ထည့်နိုင်အောင် ကျိုးစားပါ့မယ် ဒေါင်တာ

    • etone

      January 5, 2012 at 4:52 pm

      အမ်… ကပေါက်ဖော် .. လှူဘာ လှူဘာ .. တကျပ်တပြား ပါဝင်ပါ … ။
      တူညားကဖြင့် ဖုန်းနံပါတ် ပါ့ဘလစ်လုပ်ဖို့ အကြိမ် တသောင်းလောက် စဉ်းစားထားရတာကို .. ဟွန့် 🙄

      • windtalker

        January 5, 2012 at 9:47 pm

        တစ်ကျပ် တစ်ပြား တော့ မလုပ်နဲ ့လေ
        ဒီခေတ်ကြီးထဲ တစ်ကျပ် တစ်ပြား နဲ ့ဘာမှ မှ လုပ်လို ့မှ မရတော့တာ
        ညည်းလဲ အသိ ငါ လဲ အသိ….ကွီကွိ
        တစ်ထောင် တစ်သောင်း လောက်တော့ လုပ်စမ်းဘာ
        နော…
        အကြံပြုခြင်း ဖြစ်ပါကြောင်း ရယ်ပါလေ

  • ပေါက်ဖော် တစ်ရက်ကို တစ်ဂွတ်စာ လျော့ လိုက်
    ဒါဆိုတစ်လ တစ်ပုလင်းစာထွက်လာမယ်။
    တစ်ပုလင်းဆိုရင် အနည်းဆုံး………………………

  • myonyan

    January 5, 2012 at 4:41 pm

    လှူကြပါ၊လှူကြပါ။

  • ဆူး

    January 5, 2012 at 4:45 pm

    အန်တီ တုံး ပြောထားတဲ့ အတိုင်းပါပဲ။

  • TTNU

    January 5, 2012 at 4:45 pm

    အိတုန်လေးရေ…
    ငါ့သမီးလေးတော်လိုက်တာ။
    တီချာတို့လည်း ပါဝင်လှူဒါန်းပါမည်။

    096805396 ဆိုတော့ ကိုပေါက်ဆီလှူရမှာပေါ့။
    ဖေဖော်ဝါရီလ (၅)ရက်နေ့ နောက်ဆုံးထားပြီး လှူရမယ် ဆိုတော့
    ကိုပေါက်ဆက်သွယ်လာမှာပေါ့နော။

    သွားရောက်လှူရာမှာ ပါချင်မှပါနှိုင်မှာဖြစ်ပေမဲ့
    ဒါနအားလေးနဲ့ ပါဝင်ကုသိုလ်ယူ လှူဒါန်းမယ်နော။

  • ဦးဦးပါလေရာ

    January 5, 2012 at 4:52 pm

    ကောင်းလိုက်တဲ့အစီအစဉ်နော်..
    ဘဘ ကိုလဲ ပါခွင့်ပြုပါကွယ်..
    ဒေါက်ဒေါက် ကိုဆက်သွယ်လိုက်ပါ့မယ်။

  • Shwe Tike Soe

    January 5, 2012 at 4:54 pm

    လှူကြရအောင်ပါ.. နောက်လဲပရဟိတလုပ်ငန်းတွေ စုပေါင်းလုပ်ဖို.ရည်ရွယ်ထားပါတယ်.. ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါအုံး…
    ကျေဇူးတင်ပါတယ်ဗျာ…

  • နွယ်ပင်

    January 5, 2012 at 4:54 pm

    ဒီလိုကိစ္စမျိုးက လုပ်သင့်တာကြာပါပြီ
    အခုလို ရွာသူားတွေစုပေါင်းပြီး လုပ်မယ်ဆိုတော့အတိုင်းအထက်အလွန်ပေါ့
    နောက်ပိုင်းမှာ လစဉ်တက်နိုင်သလောက်လေး လှူကြမယ်ဆိုရင် etone ပြောသလို
    ပရဟိတ္တလုပ်ငန်းတွေကို လက်လှမ်းမှီသလောက်လုပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ..
    နွယ်ပင်ကတော့ ကိုယ်တက်နိုင်သလောက် ကူညီပေးဖို့ အသင့်ပါပဲ …….

  • pooch

    January 5, 2012 at 4:56 pm

    တုန်ရေ သိပ်ကောင်းတဲ့ စိတ်ကူးလေးပါ… ကိုယ်တတ်အားသရွေ့လေးလည်း ပါဝင်လှူဒါန်းပါ့မယ်…

  • Thel Nu Aye

    January 5, 2012 at 4:56 pm

    ဟုတ်ကဲ့လှုပါမယ်။ ဘာလှုရမှာလဲ။ ပိုက်ဆံပဲလှုရမှာလား။ ဘယ်လိုလှုရမလဲ။ ဖုန်းဆက်လိုက်ရင်ရပြီပေါ့နော်။

  • hmee

    January 5, 2012 at 4:56 pm

    တုံရေ အမလည်း အဲ့အချိန်ဆို ပြန်ရောက်ပြီ။ ရွာသားတွေလည်း တွေ့ရမယ်ဆိုတော့ တချက်ခုတ် နှစ်ချက်ပြတ်မို့ ပြန်ရောက်ရင် ဆက်သွယ်လိုက်မယ်နော်။

    • etone

      January 6, 2012 at 10:14 am

      ဟုတ်ကဲ့ပါမမှီရေ … ပြန်ရောက်တာနဲ့ ဆက်သွယ်လိုက်ပါနော် .. .မုန့်ဟင်းခါးကျွေးဖို့ စောင့်နေပါတယ် .. ဟီး 😆

    • Diamond Key

      January 9, 2012 at 12:52 pm

      ကိုပေါက်ထံ ပေးပို့ လှုတမ်းပါမည်။

  • char too lan

    January 5, 2012 at 5:32 pm

    ဦးကျော်သူဆီမှာသွားလှူရင် သူတို့ရိုက်ထားတဲ့ လုပ်ဆောင်မှုမှတ်တမ်းအခွေပေးတယ်။ အဲ့ဒီမှာပါတာတွေကြည့်ပီး တော်တော်တရားကျဖို့ကောင်းတယ် မွေးကာစကလေးတွေနဲ့ မိခင်ပါသေတာ ပါတယ်။ ၁ဝ နှစ်လောက်ကလေးတွေသေတာပါတယ်။ သူတို့ကူပေးတဲ့လူ ၁၀၀၀ဝ ပြည့်ဆို ရှယ်လုပ်ပေးသေးတာ အလှူငွေလဲ ပြန်ပေးတယ်။ သင်္ကြန်တွင်း အတက်နေ့ဆို ည၁၂နာရီအထိ မီးသင်းဂြိုလ်(စာလုံးပေါင်းရွီး) ပေးရတာတွေပါတယ် တော်တော်စုံတယ်။ ကျနော်တို့ ရုံးက နှစ်စဉ် ဇန်နဝါရီလ ၁ရက်နေ့မှာ အဲ့ဒီကိုသွားလှူတယ်။ အဲ့တော့ နှစ်စဉ် တစ်လပိုင်း တစ်ရက်နေ့ဆို အဲ့ဒီအခွေကြည့်ပီး…. တရားရနေတာ။ လှူတဲ့အခါ တစ်ပေါင်းတည်းမဟုတ်ပဲ တစ်ယောက်ချင်းစီလှူရင် အလှူခံဂုဏ်ပြုလွှာ (စာတီဖီကိတ်) တစ်ရွက်နဲ့ အခွေတစ်ခွေစီရတယ်။
    သူအဓိကပြောချင်တာက အယူမသီဖို့ပါ တဲ့။ သေပီးသားလူ အရပ်ထဲပြန်မသွင်းရတာ အိမ်ရှေ့ကနေ အသုဘကားမကွေ ့စေချင်တာ မရပ်စေချင်တာ အဲ့ဒါတွေအဓိကပြောချင်တာ ။

  • MaMa

    January 5, 2012 at 5:41 pm

    ထောက်ခံအားပေးပါတယ် အီတုံးရေ။
    လူမှုရေးလုပ်ငန်းတွေမှာ ကိုယ်တတ်နိုင်သလောက် စုပေါင်းဒါနပြုနိုင်အောင် အစပျိုးခြင်းပါပဲ။
    အီတုံး ပြောသလို ပထမတစ်ခါ ဖြစ်မြောက်သွားဖို့ လိုပါတယ်။

  • weiwei

    January 5, 2012 at 5:43 pm

    အီးတုံး စိတ်ကူးကောင်းပါတယ် … လိုအပ်တဲ့နေရာမှာ လှူသင့်တယ်လို့ထင်ပါတယ် …

    အမတို့မိသားစုက သန်လျင်နာရေးကူညီမှုအသင်းမှာ အမာခံအဖွဲ့ဝင်အနေနဲ့ စတင်တည်ထောင်သူတွေထဲပါတယ် … နာရေးကူညီမှုအသင်းအကြောင်း တော်တော်လေးသိပါတယ် … ရန်ကုန်မြို့မှာ လူသေရင် ချက်ခြင်းအကြောင်းကြားတယ် … နာရေးကူညီမှုအသင်းက ချက်ခြင်းလာသယ်တယ် .. ပြီးတော့ ရေခဲတိုက်ကိုပို့ပေးမယ် … မီးသဂြိုလ်မှာမို့ အခေါင်းလဲ မလိုပါဘူး …
    နယ်တွေမှာ ရေခဲတိုက်မရှိပါဘူး … အိမ်မှာတင် ၃ ရက် (သို့) ၅ ရက် ထားကြပါတယ် … သဘာဝအတိုင်းထားပြီး ဆေးမသွင်းကြလို့ အနံ့တွေထွက်တဲ့ အခြေအနေမျိုးရှိပါတယ် … အဲဒီလို အလောင်းကောင်ကို နာရေးကူညီမှုအသင်းက သုသာန်ကို ပို့ပေးရတယ် … မြေမြှုပ်သဂြိုလ်မှာမို့ အခေါင်းလဲပေးတယ် … မြေတူးခလဲ ပေးပါတယ် … အစအဆုံး တာဝန်ယူပေးရတယ် … ဆယ်နှစ်လောက်အတွင်းမှာ လူမသေတဲ့နေ့ တစ်နေ့မှမရှိလို့ နေ့တိုင်း နွေဘက်ဆို ၃ – ၄ ဦးလောက် သဂြိုလ်ပေးရတယ် … ခေတ်မှီလာတာနဲ့အမျှ အဲဒီလိုနေရာတွေမှာ လှူတဲ့သူတွေလဲ ပိုများလာပါတယ် … အခုဆို ကား ၃ စီးတောင် ရှိနေပြီ …

    အမတို့ သန်လျင်မှာ နာရေးကူညီမှုအသင်းနဲ့ အခမဲ့ဆေးခန်း ၂ ခုရှိရာမှာ နာရေးကို အလှူငွေများများထည့်တာတွေ့ရပြီး တကယ်လိုအပ်တဲ့ အခမဲ့ဆေးခန်းမှာ လှူတာနဲနေလို့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ လုပ်ချင်သလောက် မလုပ်နိုင်တဲ့အခက်အခဲတွေရှိပါတယ် … (အလှူခံနေတာမဟုတ်ဘူးနော် … အခြေအနေကို နားလည်အောင်ရှင်းပြတာ)

    အဲဒီလိုပဲ ရန်ကုန်မှာလဲ ထပ်တူဖြစ်လိမ့်မယ်ထင်ပါတယ် …

    ဆရာလုပ်တာမဟုတ်ဘူးနော် .. သိတာလေး ကြုံလို့ ပြောပြတာ …

    • ဆူး

      January 5, 2012 at 5:54 pm

      ဆူး တို့ သန်လျင် ခရီးစဉ် တုန်းကတော့ ရှင်းပြတာလေးတွေ သွားသတိရမိပါတယ်။
      သာရေးကတော့ ဝမ်းသာ အားရ ရှိနေပေမဲ့ နာရေးကျတော့ မတူပြန်ဘူး.. ဝမ်းနည်း ပူဆွေးနေတဲ့ မိသားစုဝင်တွေ ဘယ်က စပြီး ဘာလုပ်ရမှန်း မသိပဲ ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။
      ဆူး အဖေ ဆုံးတုန်းက နာရေးကူညီမှု အသင်း သိပ်နာမည် မကြီးသေးတော့ ကိုယ့်ဟာကို လုပ်ရတဲ့ အတွက် တော်တော် ဒုက္ခများခဲ့ပါတယ်။ စိတ်ပျက်စရာ အလွန်ကောင်းပါတယ်။
      အဒေါ်ဆုံးတော့ နာရေးကူညီမှု အသင်း ကို အပ်လိုက်တာ တော်တော် အဆင်ပြေတာတွေ့တော့ ဝမ်းသာ အားရနဲ့ အဖေ အတွက် ရည်စူးပြီး သွားတောင် လှူဖြစ်လိုက်ပါသေးတယ်။
      တကယ် အကျိုးပြုနေတဲ့ အသင်းကြီးပါပဲ… ကိုယ်တိုင် ထိတွေ့ခံစားဖူးတော့ ပိုနားလည်မိတယ်။
      ပုပ်အက် နံစော်နေတဲ့ အလောင်းတွေလည်း မရွံ့မရှာ လုပ်ပေးတာတွေလည်း ကြားရတော့ တော်တော် ပီတိ ဖြစ်မိပါတယ်။ တယောက်အားနဲ့ မစွမ်းသာပေမဲ့ အများအားနဲ့ ဆိုရင် အထောက်အကူ ဖြစ်ပါတယ်။ ကိုယ်တိုင် လုပ်အားပေးရင်တော့ အကောင်းဆုံးပါပဲ။

  • manawphyulay

    January 5, 2012 at 6:09 pm

    အလှူကိုတစ်နိုင်တစ်ပိုင် ထည့်ဝင်လှူဒါန်းနိုင်အောင် ကြိုးစားပါမယ်။

  • KING

    January 5, 2012 at 6:52 pm

    ဖေဖော်ဝါရီမှ ချိုတော့ ပိုက်ချံ ချု့ ထားမယ် … ဒါဗျဲ
    မတေခင် စိတ်ရှင်းရှင်းနဲ့ လှူဖို့ လုပ်ရမယ် …

  • Shwe Tike Soe

    January 5, 2012 at 6:55 pm

    ကို AKKO ဆီကို ဖုန်းဆက်တဲ့ ရွာထဲက သူတစ်ယောက်ကို မသိသေးဘူးလို.ပြောလွှတ်လိုက်ပါတယ်တဲ့ သူလဲ အလုပ်များနေလို. ဒီအကြောင်းမဖတ်ရသေးလို.ပါတဲ့.. AKKO ဆီဆက်သွယ်သူ ကုသိုလ်ရှင် ခင်ဗျား ကျေးဇူးပြုပြီး ပို.စ်ပါဖုန်းနံပါတ်များဖြင့်ပြန်လည်ဆက်သွယ်ပေးစေချင်ပါတယ်ခင်ဗျာ..
    အခုလို အချိတ်အဆက်လွဲလို. အနူးအညွန်.တောင်းပန်အပ်ပါတယ်ခင်ဗျာ……..

    • ဦးဦးပါလေရာ

      January 5, 2012 at 10:35 pm

      အဲဒါ ကျုပ်ဆက်လိုက်တာပါ
      ကျုပ်ကသက်တမ်းစေ့ခါနီးပြီမို့ ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင် လက်ဦးအောင် ခြေမြန်လက်မြန်ဖုံးဆက်လိုက်တာလေ။ 🙂

      စိတ်ချ.. ပြန်ဆက်ဦးမှာ .. မလှူရမချင်းပြီးမယ်မထင်နဲ့ 🙂

      ရွာသားချင်း အချိတ်အဆက်လွဲတာလေးများ တောင်းပန်စရာလား ကိုရွှေတိုက်စိုးရဲ့
      လေစိမ်းတွေမတိုက်နဲ့..
      ဒါဗျဲ..

  • Gipsy

    January 5, 2012 at 8:13 pm

    တန်ိုင်တပိုင် ဆက်သွယ်လှုတန်းပါ့မယ်….။

  • Oo Oo

    January 5, 2012 at 9:22 pm

    အိမ်းး…
    လူငယ်တွေ ပရဟိတ လုပ်လိုကြတာ အလွန်ကောင်းပါတယ်
    ဦးဦးလည်း တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးသွားပါ့မယ်ဗျာ။

  • zaw min

    January 5, 2012 at 9:45 pm

    ကောင်းလေစွ…ကောင်းလေစွ သာဓု…သာဓု…သာဓု ပါဗျာ…အချိန်မှီလှူတန်းပါ့မယ်ဗျာ…
    ဒီလိုရွာထဲမှာ စုပေါင်းဆောင်ရွက်ကြတာ အလွန်ပင်ဝမ်းသာအားရဖြစ်မိပါတယ်ဗျာ…

  • padonmar

    January 5, 2012 at 9:49 pm

    လှူမယ်နော်။အားပေးပါတယ်။

  • windtalker

    January 5, 2012 at 9:50 pm

    လှူဒါန်း သူ အလှူဒါယိကာ လူပျိုများ (ငယ်ငယ်ကြီးကြီးသိုးသိုး) အတွက် ( မှတ်ချက် = လူပျိုစစ်စစ် ဖြစ်ကြောင်း ရယက ထောက်ခံစာ ပါရမည် ) ဂေဇက်ဝင် အပျိုချော များ ၏ ဓါတ်ပုံ အယ်ဘမ်
    လှူဒါန်းသူ အလှူဒါယိကာ အပျိုများ (ငယ်ငယ်ကြီးကြီးသိုးသိုး) အတွက် ဂေဇက်ဝင် လူပျိုချော များ ၏ ဓါတ်ပုံ အယ်ဘမ်
    များကို အမှတ်တရ လက်ဆောင် အဖြစ် ပြန်ပေးမည် ဖြစ်ပါကြောင်း ရယ်ပါ
    ( ဓါတ်ပုံ အယ်ဘမ် ဟု သာ ရေးထားပါသည် ။ လူပုံ ဟု ရေးမထားပါ )

  • mandalarthu

    January 5, 2012 at 11:06 pm

    သိပ်ကောင်းတဲ ့အစီအစဉ်လေးပါ အိတုံေ၇
    မန်းဂေဇက် အဖွဲ ့သားအင်အားတွေ က နည်းတာမဟုတ်….လှူနိုင်တဲ ့လူ၊လှူချင်တဲ့သူ တွေက အများသား
    စတင် နိူးဆော်ပေးမယ် ့လူဘဲလိုတာပါနော်။ အားလုံးက သဒ္ဒါ အင်အားကောင်းကြတာမို ့
    မကြာခင် ဒီစုပေါင်း အလှူမှာ တတပ်တအားကြီး ပါဝင်လာကြမှာ မြင်ယောင်မိပါသေး..။
    တို ့လဲ တနိုင်တပိုင် တတ်နိုင်သလောက် လေး ပါဝင်လှူဒါန်းပါမယ် ့နော်။
    ဂေဇက် ရဲ ့ ပရဟိတ လုပ်ငန်းကြီး အစမှ သည်………ရေရှည်တည်တံ ့ကျယ်ပြန် ့စွာနဲ ့အောင်မြင်ပါစေ။

  • တညင်သား

    January 5, 2012 at 11:19 pm

    ဖြစ်စေချင်တာတော့ ကြာပြီ ဂေးဇတ်မောင်နှမ မှတ်တိုင်တခုအဖြင့် ကျွန်တော်လဲ ပါဝင်လှူတန်းချင်ပါတယ်..
    ဦးဦးပါလေယာ ကဖုန်းဆက်တာမြန်တယ်နော် ကျွန်တော်လဲ AKK0 ဖုန်းကို ဆက်ပါသေးတယ် သူ့ညီမလားတော့မသိဘူး မိန်းခလေးအသံနဲ့ ကိုကြီးမရှိပါဘူး ရှင့် ဆိုပြီး အသံအကြီးကြီးနဲ့ ထင်မိတာတော့ သူ့အုပ်ထိန်းသူပဲ ဖြစ်မယ်ထင်တယ်…:p

    • etone

      January 6, 2012 at 9:11 am

      တညင်သားတော့နောက်ပြီး AKKO ကအိပ်လျှင်တောင် ဖုန်းဘေးချအိပ်တာ 😆
      မနေ့ကလည်း 82 နဲ့စလို့ ကိုရီးယားဖုန်းအိုဗာစီးကောမှန်းသိပေမယ့် တခြား သူငယ်ချင်းတွေပဲ ထင်တာ … လက်စသတ်တော့ တညင်သား နောက်တာကိုး :

  • Khin Latt

    January 6, 2012 at 5:33 am

    သာဓု၊ သာဓု၊ သာဓု ပါ etone ရေ။ အခုတစ်ခေါက် မှာတော့ အဝေးက ဘဲ သာဓု ခေါ်ပါတယ်။
    နောင်အခါ ဆက်သွယ်နိုင်အောင် နံပါတ်လေး မှတ်ထားပါ့မယ်။
    ကျေးဇူးနော်။

  • Moe Z

    January 6, 2012 at 8:28 am

    ကောင်းလေစွ.. နောက်ဘဝကျရင် ဒီလူတွေအားလုံးရေစက်ပြန်ဆုံကြမှာပေါ့နော် 😀
    (ဒီကွန်မန့်ကို သဂျီးမမြင်ပါစေနဲ့)

  • amatmin

    January 6, 2012 at 9:22 am

    ဒေါ်အိတုန်ရေ..
    ုဖုန်းနံပါတ် အရင်မှတ်သွားပြီဗျို့.
    အခုတော့ ကြိုပြီး နာမည်ကို မှတ်ထားပေးပါဦး.. 🙂

  • etone

    January 6, 2012 at 10:07 am

    စာရေးတဲ့ ရွာသူရွာသားတွေတင်မဟုတ်ပဲ … စာဖတ်သူထဲကပါ လှူချင်လို့ ဆက်သွယ်လာပါတယ် ။ လူနည်းနည်းစုပြီးမှ ဆုံမှတ်ထားပြီး သွားရောက်ကောက်ခံမယ်လို့ စိတ်ကူးထားပါတယ် ။ ပူးပေါင်း ပါဝင်ကြတာ ကျေးဇူးပါနော့ ။ 🙂

  • ဆူး

    January 6, 2012 at 10:25 am

    အောင်မြင်ပါစေလို့ ဆုတောင်းပါတယ် တုံးရေ..
    အောင်မြင်ပါလိမ့်မယ်လို့ ယူဆပါတယ်။

  • ကြောင်ကြီး

    January 6, 2012 at 11:01 am

    အီးဒုံးရေ အတိုးမဲ့ ပိုက်ဆံချေးပြီး လှူလို့ရမလား။

    • ကိုရင်စည်သူ

      January 7, 2012 at 3:08 pm

      ကြောင်ကြီးနဲ့ ကျနော် အကြံတူ ရန်သူ…
      အတိုးမဲ့ ပိုက်ဆံကို နှစ်သစ်မှာ သဂျီးက
      ပလက်တီနမ် မန်ဘာများကို ချေးမယ်လို့
      သတင်းကြားပါတယ်… ပလက်တီနမ် မန်ဘာများ
      လျှို့ဝှက်စွာ PM ပို့ရင် သဂျီးထံမှ လက်ကြိတ်ထိုး
      တောင်းပါလော့

      သင်တို့၏ အလှူဒါနကို အားပေးသော
      ကိုရင်မိုးတိမ်

  • blackchaw

    January 6, 2012 at 12:01 pm

    သာဓု သာဓု သာဓု
    ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ
    ဆက်လုပ်ပါ Etone ရေ။

    အမတို့ သန်လျင်မှာ နာရေးကူညီမှုအသင်းနဲ့ အခမဲ့ဆေးခန်း ၂ ခုရှိရာမှာ နာရေးကို အလှူငွေများများထည့်တာတွေ့ရပြီး တကယ်လိုအပ်တဲ့ အခမဲ့ဆေးခန်းမှာ လှူတာနဲနေလို့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ လုပ်ချင်သလောက် မလုပ်နိုင်တဲ့အခက်အခဲတွေရှိပါတယ် …

    အန်တီဝေပြောတဲ့ အဲဒီနေရာလေးကို လှူဘို့လည်း စီစဉ်ပေးဘို့ Etone ကို တိုက်တွန်းလိုပါတယ်။
    နာရေးကူညီမှုကိုလည်းလှူပါ။
    မသေခင် အဆင်ပြေပြေလေး နာကြရအောင်လည်း လှူပေးစေချင်ပါတယ်။
    လေးစားစွာဖြင့်
    ဘဘ ဘလက်

    • etone

      January 6, 2012 at 12:35 pm

      ကိုချောကလက်ကြီးရေ … ပထမအကြိမ် စုပေါင်းအလှူ အောင်မြင်တာနဲ့ … မဝေပြောတဲ့ နေရာအပါဝင် တခြား လိုအပ်နေတဲ့ နေရာတွေကိုလည်း အလှည့်ကျ လှူဒါန်းပေးဖို့ တွေးထားပါတယ် ..။ သံလျှင်ဘက်အပိုင်းကို မဝေ နဲ့ ကိုချောကလက်ကြီးတို့ ဦးဆောင်ပြီး အလှူခံလျှင် အင်တိုက်အားတိုက် follow up လုပ်ပါ့မယ် ။

      ဒီတကြိမ်ကိုတော့ နာရေးကူညီမှုလုပ်ငန်းစဉ်လေးကြည့်ပြီး သဒါ္ဓပေါက်လာတဲ့စိတ်ဖြစ်လာတဲ့အတွက် သူတို့ကို လှူဖို့ကြိုးစားတာပါ ။ နောက်ပြီး သွားလာရ လက်လှမ်းမှီတဲ့နေရာမျိုးလည်း ဖြစ်လို့ပါပဲ … ။

  • water-melon

    January 6, 2012 at 12:49 pm

    တကယ်လှူတာလား စတာလား
    ဖုန်းနံပါတ်ကရော အစစ်တွေလားဟင်
    ဘယ်နေရာမှာလာ လှူရမှာလဲ

  • Novy

    January 6, 2012 at 1:33 pm

    အရမ်းမွန်မြတ်တဲ့ အလှူပါပဲ
    မနိုလည်း တက်နိုင်သလောက်ပါဝင်လှူတမ်းချင်ပါတယ်

  • etone

    January 6, 2012 at 1:56 pm

    စာဖတ်သူတွေထဲက အမာခံ စာဖတ်ပရိတ်သတ်အနေနဲ့ ဂေဇက်ရဲ့ ပထမဆုံးအလှူကို ပါဝင်ကုသိုလ်ယူလိုတယ်ဆိုသူတွေလည်း ဆက်သွယ်လာပါတယ် ။ ကျေးဇူးလည်း တင်ပါတယ် ။

    ပြန်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို သေချာမှတ်ထားပြီး ပြန်လည် ဆက်သွယ်ပေးပါမယ် ။ စုရပ်တစ်ခုလုပ်ကာ ကောက်ခံပေးမှာ ဖြစ်ပါတယ် ။ 🙂

  • Rose Minn

    January 6, 2012 at 2:09 pm

    စုပေါင်းလှူဖို့စဉ်းစားနေတာကြာပြီ ဘယ်လိုဆက်သွယ်ရမှန်းမသိဖြစ်နေတာ။ ပရဟိတ လုပ်ငန်းတွေကိုစုပေါင်းလုပ်ရတာစိတ်ဝင်စားပါတယ။် ဆက်သွယ်လိုက်ပါမယ်။ လက်ခံစကားပြောတဲ့အခါနာမည် တွေမသိမှာပဲစိုးရိမ်တာ ဒီထဲက နာမည်အတိုင်းခေါ်ရင်ရတယ်နော်။ rose နာမည်လဲမှတ်ထားအုံး။

    • etone

      January 6, 2012 at 2:28 pm

      အစ်မ rose ရေ ဖုန်းဆက်ပြီး အင်ကွာရီလုပ်တဲ့အတွက် ကျေးဇူးပါနော့ … ။ ပြန်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်မှတ်ထားပေးပါတယ် … လူနည်းနည်းစုမိလာတဲ့အခါ တစ်ကျော့ကောက်ခံပေးသွားမှာပါ ။

  • အပြင်စိမ်းပြီးအတွင်းရဲတဲ့ မန်းလေးကဖရဲသီး
    ဖုန်းနံပါတ်တွေက အစစ်တွေပါကွဲ့
    ကောင်းတာလေးတွေလုပ်မယ်ရည်ရွယ်လို့ လူသိရှင်ကြား အပြင်ထွက်လာတာပါကွဲ့။
    ယုူံပါကွဲ့
    ရှော့ မရှိပါကွဲ့
    လှူပါကွဲ့
    ယူပါဟဲ့ကုသိုလ်
    ရော့ယူလိုက်……………………….(ဇော်ဝင်းထွဋ်သီချင်းဖြစ်ပါသည်)

  • ရွှေဘိုသား

    January 6, 2012 at 6:25 pm

    မမတုံကို ကျနော်ပြောဖူးသေးတယ်နော် နာရေးကူညီအသင်းမှာ သွားလှူဖို့ဆိုတာ အခုတော့ အစ်မကိုယ်တိုင် တင်ပြလာတော့ အတိုင်းမသိဝမ်းသာမိပါတယ်သွားလှူမဲ့ အဲဒီနေ့တော့ လိုက်ဖြစ်အောင်လိုက်ခဲ့မယ် အစကိုဒီလိုပဲလုပ်လိုက်ရင် နောက်ပိုင်းဖြစ်လာမှာပါလို့ ယုံကြည်ပါတယ်

  • “ဘီလူးကြီး”ogre

    January 6, 2012 at 6:49 pm

    ကျုပ်လဲပါချင်တယ်
    ဒါပေမယ်ရွာပြင်ရောက်နေလို့
    အခြေအနေမကောင်းဘူး
    ကြိုးစားပါ့မယ်ဗျာ

    • မှော်ဆရာ

      January 6, 2012 at 7:50 pm

      အခြေအနေ မပေးသေးလို့ အဝေးတစ်နေရာကပဲ …..

  • koyinmaung

    January 6, 2012 at 8:08 pm

    အိတုန်ရေ လှူတော့လှူပါ့မယ်10ရက်နေ့ကိုမှီချင်မှမှီမယ်နော်
    ရန်ကုန်ကသူငယ်ချင်းဆီကနေငွေလွဲရမှာမို့ပါ….
    ဒီအစီအစဉ်လေးကိုအရမ်းသဘောကျပါတယ်…..

    • etone

      January 7, 2012 at 9:21 am

      (၁၀)ရက်နေ့ မမှီတော့လည်း နောက်တကြိမ် လှူတဲ့အခါ ထည့်လှူပေးပါမယ် ကိုရင်မောင်ရေ ။ စိတ်ဝင်တစား ကူညီပူပေါင်းမှုအတွက်တော့ ကျေးဇူးပါနော် ။

Leave a Reply