မန်းသူမန်းသားတွေရဲ့ မန်းဂဇက် အပိုင်း (၁) – pooch
မ န္တလးသူ မန္တလေးသားများရဲ့ မန်းဂဇက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ် တစ်ပုဒ်တင်ဘို့ ကြိုးစားနေခဲ့တာ လနဲ့ချီပြီး ကြာခဲ့ပါပြီဗျာ။
ပို့စ်တွေ ပြန်ဖတ်ဖို့ ကြိုးစားရတာကိုက အတော်ကြာပါတယ်။ အခု Jan 6, 2012 ည 9:15 ကျမှ လက်တွေ့စဖြစ်ပါတယ်။
မန်းသူမန်းသားတွေကို စာရင်းတို့ ကြည့်လိုက်တော့ ကိုပေါက်၊ မောင်ပေ၊ ကိုစိန်သော့၊ ကိုဆန်နီ၊ ဆရာမကြီး၊ မပုချ်၊ whowho
စသည့်နာမည် များကို အမှတ်ရမိနေပါ၏။ အန်ကယ်ကြီးလည်း ပါတယ်ထင်မိပါတယ်။ ကဲ အန်ကယ်ကြီးရောပေါ့ခင်ဗျာ။
လောလောဆယ် ပို့စ် နည်းနည်းလေးပဲ ရေးပြီး နေရာတစ်ခု အခိုင်အမာရယူထားသော pooch ရဲ့ ပို့စ်လေးတွေနဲ့ စလိုက်ရအောင်ပါ။
မန်းသူမန်းသားတွေ ဟာ မန္တလေး ဂဇက်အတွက် အင်အားစုကြီးတစ်ခုဆိုတာ ဟိုက်လိုက်လုပ်ပြချင်တဲ့ သဘောပါ။
ထူးဆန်းစွာပဲ pooch ရဲ့ ပို့စ်လေးတွေက စုစုပေါင်းမှ ၁၂ ပုဒ်ပဲ ရှိပါတယ်။ အင်မတန်နည်းပါးသော ပို့စ်အရေအတွက်ပါ။
ဒါပေမယ့် သူ့ ပို့စ်လေးတွေကို ဖတ်ကြည့်လိုက်တဲ့အခါ…..။
ကျမ ရင်ထဲက ရာဇဝင်မြို့တော်
https://myanmargazette.net/71104/travel
Pooch ကို ကျွန်တော် မှတ်မှတ်ရရ သိခဲ့ရတာ ကျမရင်ထဲက ရာဇဝင်မြို့တော် ဆိုတဲ့ ပုဂံ ခရီးသွား ပို့စ်လေးနဲ့ ဖြစ်ပါတယ်။
6th’ Oct’ 2011 က တင်ခဲ့တဲ့ ပို့စ်ပါ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ 6th’ Jan’ 2012 ဆိုတော့ ပို့စ်တင်ခဲ့တာ ၃ လတိတိ ပြည့်တဲ့နေ့ပါ ခင်ဗျာ။
ကျွန်တော်တို့က ရွာမှာ နေရာရဘို့ ကြိုးစားနေဆဲ အချိန်ပေါ့။ အဲဒီပို့စ်လေးကို သူကြီးက sticky ပို့စ်လေးအဖြစ် ရွေးလိုက်တော့
ပိုပြီးအားကျစိတ်ဖြစ်ခဲ့ရပြန်ပါတယ်ဗျာ။ pooch ဆိုတဲ့ စာရေးသူတစ်ယောက်ကို အဲဒီပို့စ်တစ်ခုတည်းနဲ့ အလေးပြုခဲ့ရတာပါဗျာ။ အခုတစ်ခါ
ထပ် အလေးပြုချင်လို့အေးအေးဆေးဆေးထပ်ဖတ်ကြည့်မိပြန်ပါတယ်ခင်ဗျာ။ တကယ်ကို အေးအေးဆေးဆေး ဖတ်ကြည့်တာပါဗျာ။
အဲဒီမှာ ဘာသွားတွေ့လည်းဆိုတော့ pooch ရဲ့ ဇာတိကိုချစ်တဲ့စိတ်၊ နိုင်ငံကိုချစ်တဲ့ စိတ်၊ လူမျိုးကို ချစ်တဲ့စိတ်တွေကို
ထင်ထင်ရှားရှားကြီး သွားတွေ့လိုက်ရပါတယ်။
ပုဂံကို ကျွန်တော်လည်း ၆ ကြိမ်ထက်မနည်းရောက်ခဲ့ဘူးတာပါပဲ။ ပုဂံရောက်တိုင်းလည်း ဘာကို ခံစား မိမှန်းမသိတဲ့
ခံစားချက်ကြီးတစ်ခုကလည်း ရင်ထဲကို ဝင်ဝင်လာတတ်တာပါပဲ။ သို့သော် အခု pooch ရေးပြ လိုက်တော့မှ ကျွန်တော် ခံစားမိတဲ့
ခံစားချက်က ဒါပါလားဆိုတာ တိတိကျကျ ပြောလို့ ရသွားပါသည်။ ကျွန်တော် မတွေးမိတာလေးတွေကို တွေးတတ်သော၊
ကျွန်တော် မရေးမိတာလေးတွေကို ရေးတတ်သော pooch ကို ဒီပို့စ်လေး တစ်ခုတည်း နှင့် လေးစားခဲ့ရတာပါဗျာ။
ကျွန်တော် တစ်ပုဒ်လုံးရဲ့ အရေးအသားကို ကြိုက်မိပေမယ့် စာပိုဒ်လေးတချို့ကိုတော့ ရွေးထုတ်ပြချင်ပါသေးတယ်ဗျာ။
ကိုယ့်လူမျိုးတွေ က ဘယ်လောက်တောင် အစွမ်းအစရှိလည်းဆိုရင် ကမ္ဘာ့ကုလသမဂ္ဂက အထိလည်း အုပ်ချုပ်ခဲ့ဖူးတယ်။ ဘောလုံးမှာလည်း ရွှေခေတ်ရောက်ခဲ့ဖူးတယ်။ နိုဗယ်ဆုရှင်လည်း ရှိခဲ့တယ်။ အခုလက်ရှိလည်း
ပြည်ပ မှာ အောင်မြင်ကျော်ကြားနေတဲ့ သူတွေ ဒုနဲ့ဒေးပါ။ ဒေသတွင်းနိုင်ငံများကလည်း တက္ကသိုလ်ဆိုတာကို ကိုယ့်ဆီမှာ တကူးတက လာတက်ခဲ့ကြဖူးတယ်။
Pooch က ဦးသန့် အတွက်လည်း ဂုဏ်ယူတတ်သူ၊ မဟာဒူးတို့ခေတ်က မြန်မာဘောလုံးအသင်း အတွက်လည်း ဂုဏ်ယူတတ်သူ၊
ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ဂုဏ်ယူတတ်သူ၊ ရန်ကုန်တက္ကသိုလ်ကြီးအတွက်လည်း ဂုဏ်ယူတတ်သူ မြန်မာလူငယ်တစ်ယောက်ပါခင်ဗျာ။
ပုဂံမှာ ပြောပြရှင်းပြပေးတဲ့ ဂိုက်ကိုတောင် မေးခွန်းတွေ ပြန်ပစ်တတ်တဲ့ မလွယ်တဲ့ မောင်နှမတွေ ခင်ဗျ။
နောက်တစ်ခု စိတ်ဝင်စားစရာ ကောင်းတာက မကျွတ်လွတ်သေးတဲ့ စစ်သူကြီးအကြောင်းကို ဓါတ်ပုံလေးတွေနဲ့ ရေးပြထားတာပါ။ ဒီအကြောင်းကိုလည်း ကွန်းမန့်တွေမှာ အကျယ်တဝံ့ ဆွေးနွေးခဲ့ကြ ပါတယ်ဗျာ။
ဒီစာစုလေးကလည်း သူကြီးနဲ့ ဆိုင်တဲ့ စာစုလေးမို့ ဖေါ်ပြပေးချင်ပါတယ်ဗျာ။ အစဆွဲထုတ်တာ မဟုတ်ဘူးနော် သူကြီး။ နည်းနည်း ဖွကြည့်တာပါဗျာ။
အခုတူးဖော်ရရှိတဲ့ ပျူမြို့ဟောင်းများဖြစ်တဲ့ သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန် လင်းမြို့များကို ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှု
အမွေအနှစ်စာရင်းသွင်းပြီး(World Heritage List) ယူနက်စကို စာရင်းဝင်ဖို့ ဆိုင်ရာများက ကြိုးစားနေတယ်ဆိုပါတယ်။
ယူနက်စကို စာရင်းဝင်နိုင်ရင်တော့ အကောင်းဆုံးပါ။
ဒါမှသာ အဆင့်အတန်းကိုရှာကြံခွဲပြီး ချိုးချိုုးဖဲ့ဖဲ့ နှိမ်ပြီး ချဉ်ပေါင်ရွက်အစ ပုန်းရည်ကြီး အဆုံး အရေးလုပ်
ပြောဆို နေကြတဲ့လူတွေကိုု ပြန်တု ပြောနိုင်မှာပါ။
ပြောတဲ့ နှိမ်တဲ့သူများကလည်း နိုင်ငံခြားသားများမဟုတ်ပဲ ပြည်ပရောက်ကိုယ့်နိုင်ငံသား တချို့တလေတွေဖြစ်လို့ နေပါတယ်။ ဆရာကြီး လူထုစိန်ဝင်ကလည်း ဆောင်းပါးတပုဒ်မှာ နိုင်ငံခြားက ပြန်လာတဲ့ သူ့တပည့်များ အဲ့ဒီလို
ပြောလေ့ရှိတယ်လို့ ရေးတော့ ကျမစိတ်ထဲ ဘယ်လိုမှ မနေခဲ့ပါဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင် နားနဲ့ ဆတ်ဆတ်ကြားပြီး ရေးတာတွေကိုလည်း
မျက်ဝါးထင်ထင်မြင်ခဲ့ရမှ သာ ဆရာကြီးရေးတဲ့ “နိုင်ငံခြားရောက် ကို ရွှေနိုင်ငံခြားသားများသို့” ဆိုတဲ့ ဆောင်းပါးကို အပြည့်အဝ နားလည်ခဲ့ပါတယ်။
တချို့ကလည်း ရွှေထီးဆောင်းတဲ့ခေတ်ကို လွမ်းမနေကြပါနဲ့ လို ့ ပြောတတ်ကြပါသေးတယ်။ လွမ်းစရာရှိမှ လွမ်းလို့ ရတာပါရှင်။ လွမ်းဖို့ မကောင်းရင် စကားထဲတောင်မထည့်ပါဘူး။ ရွှေထီးဆိုတာ ဆောင်းခဲ့ဖူးတဲ့ အတွက် နောက်တခါ ဆောင်းဖို့ အားသစ်မွေးတဲ့အနေနဲ့ လွမ်းကြရတာပါ။
ထောက်ခံပါတယ်ဗျာ။ လွမ်းစရာရှိမှ လွမ်းလို့ရတာပါ။ မိုက်တယ် မ pooch ရေ။ လက်ခုတ်တီးပေးပါတယ်။
ထုံးစံအတိုင်း လွမ်းမောဘွယ်ရာ ပုဂံဓါတ်ပုံလေးတွေလည်း ကြည့်ကြရမယ့် ပို့စ်ပါဗျာ။
ထူးခြားတာလေး တစ်ခု ပြောချင်တယ်ဗျာ။ အဲဒီ pooch ဆိုတဲ့ စာရေးသူက ရွာမှာ နေရာအခိုင်အမာရပြီးသူ
တစ်ယောက် ဆိုတာသေချာပါတယ်။ ဒါပေမယ့် သူ ရေးခဲ့တဲ့ ပို့စ်လေးတွေကတော့ ၁၂ ပုဒ် ပဲ ရှိပါသေးတယ်။ ပို့စ် အရေးနည်းပေမယ့်
ရေးသလောက်တန်ဖိုးရှိတဲ့ စာရေးသူတစ်ယောက်လို့ ကျွန်ုပ်ဘလက်က ရဲရဲဝံ့ဝံ့ ပြောချင်ပါတယ်ဗျာ။
ဒီပို့စ်အတွက် ရခဲ့တဲ့ ကွန်းမန့်က ၅ဝ ခင်ဗျ။ အဲဒီ ကွန်းမန့် ၅ဝ မှာလည်း စိတ်ဝင်စားစရာကွန်းမန့်လေးတွေကို ပြန်ဖေါ်ပြပေးချင်ပါတယ်ဗျာ။
amatmin says:
အမ ရေ..ဒါလေးကိုသဘောကျပါတယ်..
.”တချို့ကလည်း ရွှေထီးဆောင်းတဲ့ခေတ်ကို လွမ်းမနေကြပါနဲ့ လို ့ ပြောတတ်ကြပါသေးတယ်။
လွမ်းစရာရှိမှ လွမ်းလို့ ရတာပါရှင်။ လွမ်းဖို့ မကောင်းရင် စကားထဲတောင်မထည့်ပါဘူး။
ရွှေထီးဆိုတာ ဆောင်းခဲ့ဖူးတဲ့ အတွက် နောက်တခါ ဆောင်းဖို့ အားသစ်မွေးတဲ့အနေနဲ့ လွမ်းကြရတာပါ။ “…
ကျွန်တော် လည်းပုဂံရောက်ခဲ့ရင် အဲဒီစိတ်လေးမွေးပြီးလွမ်းပါ့မယ်..ကိုယ့်သမိုင်းရှိခဲ့ဖူးလို့ ဒိလိုလွမ်းလို့ရတာပါ.
အမပြောသလိုပဲ..တချို့က ကိုယ့်သမိုင်းကို..သေးသိမ်အောင်ပြောဆိုပုတ်ခတ်ရတာကို ဂုဏ်ယူစရာလို့တွေးကြတာကိုး..
Tag မှာ ရေးမယ့်စာသားကို အလွယ်တကူ ကြုံရာ မရေးသင့်ဘူးဆိုတာကို ဒီကွန်းမန့်လေးက သက်သေ ပြပါတယ်ဗျာ။ ဖတ်ကြည့်ပါ။
kyawmonkhant says:
ဒီပို့စ်လေးတွေ့တော့ တွေ့နေတာဘဲ မဖတ်ဖြစ်ခဲ့ဘူး။ အမှန်အတိုင်းပြောရရင်
စိတ်ကူးပေါ်ရာအတိုအထွာဆိုတဲ့ tag ကိုကြည့်ပီး ပေါက်တတ်ကရတွေ ရေးထားတာ နေမှာဆိုပြီး
တခြားဖတ်လို့ကောင်းမယ်ထင်တဲ့ အရာလေးတွေဘဲဖတ်မိတယ်။ ဒီနေ့ ဒီပို့စ်
ထိပ်ဆုံးမှာရောက် နေတာရယ်, ကွန်မန့်ပေးထားထာတွေလဲတွေ့ရတော့ ဖတ်ဖြစ်သွားတယ်။ တကယ်ကောင်းပါတယ်။ ပို့စ်ပိုင်ရှင်ဟာ စေတနာအပြည့်၊ ခံစားချက်အပြည့်နဲ့ရေးထားတယ်ဆိုတာ အတော်ကြီးကို ပေါ်လွင်ပါတယ်။ အရေးအသားလဲ အများကြီးကောင်းလာတာကိုတွေ့ရပါတယ်။ ရွာထဲမှာ လူတော်တွေ များများတွေ့ရတဲ့အတွက် ဝမ်းမြောက်ရပါတယ်။ ဒါကြောင့်လဲ ရွာထဲကိုနေ့တိုင်းလောက်နီးပါး ရောက်ဖြစ်ပါတယ်။ မန်းတာကတော့ တခါတလေမှ မန်းဖြစ်တာပါ။ ဝင်ရတာကြာတာနဲ့ ကွန်နက်ရှင်မကောင်းတာနဲ့ စိတ်တော်တော်ရှည်ရပါတယ်။ ဆက်လက်ပြီးတော့လဲ ပို့စ် တွေ အများကြီးတင်နိုင်ပါစေဗျား။
maungmoenyo says:
လူဆိုတာ တစ်ဦးထဲနေလို့မရ အသိုင်းအဝိုင်းနဲ့နေရသလို၊ မြန်မာနိုင်ငံဟာလဲအသိုင်းအဝိုင်းနဲ့နေသင့်တဲ့ နိုင်ငံဖြစ်သင့်ကြောင်း
နိုင်ငံခေါင်းဆောင်တွေက သိပြီးသားပါ။ တံခါးပိတ်ဝါဒ စနစ်ဟာသူတို့ရဲ့ ရာထူးခိုင်မြဲလုံခြုံရေးအတွက်အထောက်အကူပြုနေလို့ မျက်စေ့မှိတ်ပြီး ငါတို့အသွေးအသားအဆီအနှစ်တွေလာသွေးစုတ်ဘို့လုပ်နေတယ်လို့ သတင်းလွှင့်တဲ့မူဝါဒကို အသေစွဲကိုင်ထားပါတယ်။ ယူနက်စကိုဆိုတာ ကမ္ဘာ့မိသားစုကြီးနဲ့ဖွဲ့ထားတာဖြစ်ပါတယ်။ သူကစည်းကမ်းသတ်မှတ်တယ်ဆိုတာ ဟာလဲအကြောင်းအချက်ခိုင်လုံတဲ့အကြောင်းပြချက်တွေ
အတွက်ကြောင့်ဖြစ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်ကို ထိမ်းသိမ်းပြုစုတဲ့ နည်းပညာနဲ့ဘဏ္ဍာစရိတ်ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအဖွဲ့ကမတရား စည်းကမ်းသတ်မှတ်တတ်တယ်ဆိုတဲ့ အဖြစ်အပျက်မျိုးမကြားဖူးပေါင်။ မြန်မာထက် အဆများစွာချမ်းသာကြွယ်ဝပြီး၊ နည်းပညာဘက်မှာလိုုက်မမှီတဲ့ နိုင်ငံကြီးတွေတောင်ယူနက်စကိုရဲ့ အသိအမှတ်ပြုတာကိုခံယူချင်ကြရင်၊
မြန်မာနိုင်ငံအနေနဲ့လည်းကမ္ဘာမိသားစုဝင်စာရင်း တန်းဝင်ချင်ရင် ကိုယ့်ဘက်ကပြင်ရမှာတွေရှိရပါမယ်။
အိမ်တံခါးပိတ်ပြီး ငါ့ဖာသာဘာလုပ်လုပ်၊ ဘာသတ်မှတ်မှတ် မင်းတို့အပူမပါဘူး ဆိုတဲ့ ပစ္စည်းမဲ့ မာနတက်လို့မရပါဘူး။
အမွေအနှစ်ကိုထိမ်းသိမ်းတယ်ဆိုတာ ရှိသမျှ စေတီပုထိုးတွေ ရျွေရည်သုတ်ပြီးရွှေရောင်တဝင်းဝင်းဖြစ်နေတာကိုမခေါ်နိုင်ကြောင်းပါ။
ကျွန်တော်တို့ သူကြီး ရဲ့ ကွန်းမန့် ကလည်း ဒီပို့စ်အတွက် အရေးကြီးတာကြောင့် ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
အဲဒါ ကျွန်တော်တို့ သူကြီး အစစ်ပါဗျာ။
kai says:
ဒီစာကို အယ်ဒီတာရွေးတဲ့စာအနေနဲ့..လူတွေများများဖတ်လို့ရအောင်.လုပ်ထားတာပါ..။
အထဲမှာ..ချဉ်ပေါင်ရွက်သည်ကျုပ်ကို.. ဆော်ပလော်တီးထားတာလည်း ပါသပေါ့..။
သိပ်တော့များများပြောစရာမရှိပါဘူး..။
အပေါ်က ဦးမိုးညိုပြောတဲ့ အတိုင်း..အတွေးအခေါ်အားလုံးတူတူပါပဲ..။
မြန်မာတွေ..
.ရှေးစွန်းစွဲတွေရဲ့…ကြိမ်စာတိုက်ခံထားရတဲ့ဘဝ..
… ရေတွင်းထဲပစ်ချခံထားရတဲ့.. ဖားကလေးတွေဘဝကနေ.. ကုတ်ကပ်..ခုန်တက်ရင်း.ကျယ်ပြန့်လှတဲ့..
.လောကကြီးအလှ..အားရပါးရကြည့်ကြပါစို့လားခင်ဗျား..။
ဟိုးးးးးးးးးးးးးးမှာ.. လွန်ခဲ့တဲ့နှစ်၄၀၀ဝကျော်က..လူတွေလုပ်အားနဲ့ဆောက်ခဲ့တဲ့.. ပိရိမစ်ကြီးတွေ..
လူသားတွေဆောက်ထားတဲ့.. ရေကာတာ..တူးမြောင်းကြီးတွေ….
လူသားတွေဖန်ဆင်းထားတဲ့.. အာကာသထဲပျံနိုင်တက်နိုင်..ပြန်လာနိုင်တဲ့.. လွန်းပျံယဉ်..ဒုံးယဉ်တွေ…
ဪ….. ဒို့လူသားတွေနေတာ.. မစ်လ်လကီးဝေး…ဂယ်လက်စီ….တဲ့..။
(ဓါတ်ပုံလေးတွေနဲ့.. ဇတ်ကွက်ကလေးတွေလို..ချက်ကျကျရှင်းရေးရေးသွားတာ.. ကြိုက်ပါတယ်..။
အထဲက.. မျောပါနေတဲ့..အဓိကတွေးမြင်မှုကိုတော့.. လွတ်လွတ်လပ်လပ်ကြီး ကွဲလွဲတာပါနော..
စာရေးသူကိုယ်တိုင် သေသေချာချာကို.. ခွင့်ပြုထားတာတွေ့လို့ပါ.)
သူကြီးအပေါ် pooch ရဲ့ အမြင်လေးနဲ့ လေးစားမှု ကွန်းမန့်လေးကလည်း ကြည်နူးစရာပါဗျာ။
pooch says:
အယ်ဒီတာ့ ရွေးစာထဲမှာ ပါလို့ ကျေးဇူးအများကြီးတင်ပါတယ် သူကြီးရယ်. ကျမ စိတ်ရော လူရောနှစ်ပြီး
ညလုံးပေါက် မိုးလင်းရေးခဲ့တာပါ။ ဆိုးဝါးလှတဲ့ ကော်နက်ရှင်ကို အန်တုပြီး တင်ခဲ့တာပါ။ ဒါတောင်ကျန်သွားတာတွေ ရှိပါသေးတယ်။
ဥပမာ အမေစု ပုဂံရောက်တုန်းက စားခဲ့တဲ့ သရပါ ၃ ထမင်းဆိုင် အကြောင်းနဲ့ ဒေသခံတချို့ အကြောင်းတွေရော ပါ။
ဒီလောက်နဲ့ လည်း ကျေနပ်ပါတယ်။
အားပေးသူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ရေးချင်တဲ့ အကြောင်းလေးတွေ အတွက် အားရှိတာပေါ့လေ။
သူကြီးကို ချဉ်ပေါင်မှာ အစာမကြေပေမဲ့.. ကျမရင်ထဲက သူကြီးကတော့ ချီးကျူးထိုက်သော လေးစားလောက်တဲ့ သဘောထားကြီးမှု
( ကျမ ဘယ်သူ့ဆီမှာ မှာ မမြင်မတွေ့ခဲ့ရဘူးတဲ့ သဘောထားကြီးမှု ၊ သီးခံမှု ) တွေ အပြည့်နဲ့ လူတယောက်ပါ။
တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာ ၊ သဘောထားတွေကိုလည်း ကျမ နားလည်ပါတယ်။
ဒါပေမဲ့ သူကြီးရယ် ကျမလည်း ခံစားတတ်တဲ့ လူတယောက်ဆိုတော့ မကျေနပ်ချက်လေးတော့ ရှိခွင့်ပေးပါ။
ရှိခွင့်ပေးတဲ့ သူကြီးကြောင့်လည်း ကျမ ဒီရွာမှာ ပျော်နေခဲ့တာပါ။
သူကြီးလို အမြင်ကျယ်ပြီး သဘောထားကြီးတတ်တဲ့ လူတယောက်ဖြစ်ဖို့ အချိန်လေးတော့ စောင့်ပေးပါ။
ကျမ ကြိုးစားပါ့မယ်။ ဒါပေမဲ့ ကျမရဲ့ ခံယူချက် ၊ ယုံကြည်မှုကတော့ ကျမရဲ့ သီးသန့် ခံစားမှုပါ။
သူကြီးရဲ့ လွတ်လပ်စွာ သဘောကွဲလွဲမှုကိုလည်း ကျမ လက်ခံပါတယ်။
ကျမကိုလည်း များများဝေဖန်ပြီး ထောက်ပြပါ။
ကိုရင် နိုဇိုမိ ရဲ့ ကွန်းမန့်လေးကလည်း ဒီပို့စ်ကို ရေးခဲ့တဲ့ pooch အတွက် ထိုက်တန်တယ်လို့
ထင်တဲ့အတွက် ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
nozomi says:
ပုဂံကို ၅ ခေါက်လောက်တော့ ရောက်ဘူးတယ် ၊ နဲနဲတောင် ကြာပြီ ၊
ပြန်သွားချင်စိတ်ပေါ်နေတာလဲ ကြာပြီ ၊ လက်တွေ့က ဖြစ်မလာသေးဘူး၊
လူကိုယ်တိုင် မရောက်နိုင်သေးတဲ့ အချိန်မှာ ပို့စ်လေးကို ဖတ်ရ ဓါတ်ပုံလေးတွေကိုကြည့်ရနဲ့တင် တော်တော်လေး အာသာပြေသွားတယ်
ကျေးဇူးအများကြီးတင်ပါတယ်၊ မန်းထားတာတွေ အရ ပို့စ်က ရှည်တယ် ပြောပေမဲ့
စိတ်ဝင်တစားနဲ့ ဖတ်မိတော့ ခဏလေးလိုပဲ
မြန်မာပြည်မှာ ဧရာဝတီမြစ်ကြီးလိုပဲ ပုဂံကလဲ မြန်မာပြည်သူအားလုံးရဲ့ ချစ်ခြင်းကို ခံယူခွင့်ရသူပါ
တန်ဘိုးထားကြတယ် မြတ်နိုးကြတယ် ဆိုပေမဲ့ ထိန်းသိမ်းမှု အပိုင်းမှာတော့ အားနည်းမှုလေးတွေ ရှိခဲ့တယ်
အခုနောက်ပိုင်း ထိန်းသိမ်းဘို့လိုတယ် ထိန်းသိမ်းရမယ် ဆိုတဲ့ အသံတွေ ကျယ်လာပြီး အားလုံးဝန်းဝန်းလာကြတာတော့
အားတက်စရာပါ အဲဒီလုပ်ငန်းစဉ်မှာ ဒီပို့စ်လေးကလဲ တစ်တပ်တစ်အားပါပဲ
ပူပူနွေးနွေး ရွာသူရွာသားတွေရဲ့ မေတ္တာကို လက်ခံရရှိထားပါသော ကိုအောင်ပု ရဲ့ ကွန်းမန့်လေးကလည်း မတူတဲ့အတွေးနဲ့ ထူးခြားတာကြောင့် ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
မိုက်ကယ်ဂျော်နီအောင်ပု says:
လူကြီးမင်းတို့ အာဘော်လေးတော့နည်းနည်းလျှော့စေခြင်ပါသည်
အပြန်အလှန်တွေးတာလေးကိုဆိုလိုတာပါ
ယူနက်စကိုတွေဘာတွေစွတ်ပြောနေကြတာထက်
ယူနက်စကိုရဲ့စည်းမျဉ်းကိုလည်း နည်းနည်းပါးပါးတီးခေါက်ပြမှအဆင်ပြေမယ်ထင်တယ်
( အထင်ပါ )
အထူးသဖြင့် ဗုဒ္ဓဘာသာအဆောက်အဦးတွေဆိုတော့ကာ
အုပ်စုက အော်တိုမက်တစ် ( တောက်!!ဘိုလိုရေးခြင်တာ စာလုံးပေါင်းမတတ်လို့ ) နှစ်ပိုင်းကွဲသွားပြီ
ယူနက်စကိုရဲ့ ထင်သာတဲ့စည်းမျဉ်းက ဒီအဆောက်အဦးတွေကို လုံးဝသုံးစွဲခွင့်မပြုတဲ့အချက်
ပါနေတယ် မဟုတ်လား
ဆိုတော့ကာ ဒီအဆောက်အဦးတွေက ဗုဒ္ဓဘာသာအဆောက်အဦးတွေဖြစ်တဲ့အတွက်
ဗုဒ္ဓဘာသာအယူအတိုင်းဆို ဟောင်းနွမ်းတဲ့စေတီပုထိုးတွေကို
သန့်ရှင်းစင်ကြယ်စေပြီး ထုံးသုတ်မယ် ရွှေချမယ် ဒါက ယုံကြည်မှု့သဒ္ဒါအပိုင်း
ယူနက်စကိုရဲ့သဘောကတော့ ဘုရားတွေဘာတွေနားမလည်ဘူး
ရှေးဟောင်းအဆောက်အဦးဖြစ်တဲ့အတွက်
ခပ်ရှင်းရှင်းပြောရရင်တော့ ရုံသွင်းစားတာပေါ့ဗျာ
ဒါ့ကြောင့် လောကုတ္တရာထည်းက သဒ္ဒါနဲ့ကတစ်ဖက်
လောကီထည်းက ဘစ်ဇနစ်လုပ်တာကတစ်ဖက်
မျှအောင်တွေးပြီးချကြပေတော့
ဗေပုံထီးပုံထီထီ..ဗေပုံထီးပုံထီ
အဲဒါပဲဗျာ pooch ရဲ့ ကျမရင်ထဲက ရာဇဝင်မြို့တော် ဆိုတဲ့
ပို့စ်လေးကိုဖတ်ပြီး မိတ်ဆွေ အနေနဲ့ ဘယ်လိုခံစား ရသလဲဆိုတာလေး လည်း သိချင်မိပါတယ်ဗျာ။
ဒီပို့စ်လေးကို သူကြီးက sticky လုပ်ပေးတာတောင် သေသေချာချာ ဖတ်ရကောင်းမှန်း မသိခဲ့တာ ခွင့်လွှတ်ပါသူကြီးရေ။
တကယ်လို့များ သေသေချာချာ မဖတ်ခဲ့ကြရသေး သူများ ပြန်ဖတ်ကြည့်ကြစေချင်တယ်ဗျာ။ အဲဒါ…..။
ပထမတန်းစား လင်းလင်း (၁၁-၁၂-၂၀၁၁)
https://myanmargazette.net/84961/creative-writing
ဒါကတော့ တံခါးစောင့်ကြီး ၄-၁၂ မှ ပြန်ကူးထားပါတယ်ဗျာ။
အေးအေးဆေးဆေး ဖတ်ကြည့်တော့မှ ကျွန်တော် အကြိုက်တွေ့သွားတဲ့ ပို့စ်လေးတစ်ခုကတော့
ပထမတန်းစားလင်းလင်း ဆိုတဲ့ ပို့စ်လေးပါခင်ဗျာ။ pooch ရေးတဲ့ ပို့စ်လေးပါ။
အဆိုတော် လင်းလင်း ရဲ့ ဖျော်ဖြေမှုကို သွားကြည့်ရာက ရလာတဲ့ ဖီလင်လေးကို ရေးထားတာပါ။
မန္တလေးသူ ဖြစ်ပုံရတဲ့ (ဆိုလိုတာက မန်းမှာ နေနေတိုင်း မန်းသူ မန်းသားစစ်စစ် မဟုတ်ကြတာကို ပါ) pooch က
လင်းလင်းကိုတောင် မန္တလေးသား လင်းလင်း လို့ သုံးနှုန်းသွားတာလေး တွေ့လိုက်မိတာပါ။
pooch က လင်းလင်း မန္တလေးသား တစ်ယောက်ဖြစ်တာ ကို ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသွားတာလေးကို အမှတ်တရ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
ဒီနေ့ ကြည့်မိတဲ့ ပွဲက တော့ ထုံးစံအတိုင်း ထူးမခြားနားပွဲ တွေထဲက တခုပါပဲ ။
သို့သော် မန္တလေးသား လင်းလင်းကတော့ ထူးထူးခြားခြားလေး တခု လုပ်သွားပါတယ်။
ကျမ ကြုံဖူးသမျှထဲမှာ အနုပညာသည်တယောက်က ဒီလိုပွဲမျိုးမှာ ဒီလို ပြောတာကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပါ။
အမေစုရဲ့ ရှေ့ဆောင်လမ်းပြပြီး စည်းရုံးမှုတွေထဲ က သက်ရောက်လာတဲ့ အသီးအပွင့်တခုလို့ မြင်မိပါတယ်။
အမေစုရဲ့ ရှေ့ဆောင်လမ်းပြမှု ဆိုတာလေးက ပါလာတော့ လင်းလင်း ဘာများပြောတာလဲဆိုပြီး ကျွန်တော် စိတ်ဝင်စားလို့ ဆက်ဖတ်ကြည့်မိပါတယ်ဗျာ။
လင်းလင်းက သီချင်းတပုဒ်ကို စစချင်း ဆိုအပြီးမှာ ဒုတိယတပုဒ်အတွက် စကားတခွန်းပြောပါတယ်။ ဟိုး……နံရံတွေနောက်မှာ ရှိနေသေး ကျန်နေသေး မလွတ်မြောက်နိုင်သေးတဲ့ ကျနော်တို့ ညီအကို မောင်နှမတွေအတွက် လွတ်မြောက်နိုင်ဖို့ ဆိုပြီး သူတို့အပေါ်မှာ အခုလက်ရှိအစို်းရရဲ့
မလွှတ်ပေးသေးတာကို ဖေါ်ပြချင်တဲ့ သဘောနဲ့ အရင်အတိုင်း မပြောင်းလဲသေးပါဘူး ဆိုပြီး သူ့သီချင်းတွေထဲက
“မပြောင်းလဲသေးဘူး” ဆိုတဲ့ သီချင်းတပုဒ်ကို ဆိုပြပါတယ်။
လင်းလင်းပြောသွားတာလေးအတွက် ကိုကြောင်ကြီး က လက်ခုတ်တီးပေးလိမ့်မယ်လို့ ကျွန်တော် ပြောရဲပါတယ်။
ကိုကြောင်ကြီး ခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွှတ်မပေးသေးတာကို လင်းလင်းက အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်
ပရိသတ်မြောက်များစွာကြားထဲမှာ တရားဝင် ပြောကြားသွားတာကြောင့်ပါ။ ကိုကြောင်ကြီးများ အမေရိကားကနေ
လင်းလင်းကို လှမ်းပြီး ကွန်ထရိုးပေးထားသလားတောင် ထင်မိပါတယ်ဗျာ။
ကိုကြောင်ကြီး ဒီပို့စ်မှာ ပေးခဲ့တဲ့ ကွန်းမန့်မှာတော့ ဒီအကြောင်းကို ဆွေးနွေးသွားတာ မတွေ့လိုက်ရပါဘူး။
ဒီထက်အရေးကြီးတဲ့ အကြောင်းကို ဆွေးနွေးလိုက်ရလို့ ဒါလေးကို မဆွေးနွေးသွားတာ ဖြစ်မှာပါဗျာ။
ဆက်ဆွဲလိုက်ရအောင်။ (ကိုသစ်လေသံ ခဏငှားသုံး)။
နောက်တပုဒ် မဆိုခင်မှာ သူက ပြောပါသေးတယ် ကျနော်တို့ မန ္တလေးသူ မန ္တလေးသားများရဲ့ ကျုံးကြီးဟာ
ခုဆိုရင် မန်းမြို့သူမြို့သားတွေနဲ့ ဝေးလို့ တစိမ်းတွေကြားမှာ အထီးကျန်နေပါပြီတဲ့ ။ ဒါကြောင့်မို့ သူက ကျုံးကြီးကို ပြောချင်တယ်တဲ့
” နေတတ်သလိုသာနေပါတော့ ” ဆိုပြီး အဲ့ဒီသီချင်းကို ဆိုပါတယ်။
ရင်ကိုလာမှန်သော စကားလုံး မျှားချက်များလို့ တင်စားပါရစေခင်ဗျာ။ ပေါ့ပေါ့ပါးပါး ချာတိတ်တွေပဲ အကြည့်များကြတဲ့ စတိတ်ရှိုးတစ်ခုက
ဒီလို အဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေ ကြားရတယ်ဆိုတာ ပြန်ပြောပြပေးတဲ့ pooch ကိုလည်း ကျေးဇူးတင် မိပါတယ်ဗျာ။ ဆက်ဖတ်ရအောင်ဗျာ။
နောက်ဆုံးသီချင်းတပုဒ်ဆိုအပြီးမှာ သူက ” ကျနော်တို့တွေ အားလုံး လိပ်ပြာသန့်သန့်နဲ့ကြောက်ရွံ့မှု
ကင်းပြီး နှစ်ခြိုက်စွာ အိပ်မောကျနို်င်မဲ့ နေ့ တွေ အမြန်ဆုံး ရောက်ရှိလာပါစေလို့ ဆုတောင်းပါတယ်လို့ ” ပြောသွားပါသေးတယ်။
ဒါလေးကလည်း ကျွန်တော် ကြိုက်ခဲ့တဲ့ kotun winlatt ရဲ့ နည်းနည်းပြောမယ် ဆိုတဲ့ ပို့စ် က ပေးချင်တာနဲ့ အတူတူပဲလို့
ခံစားရပါတယ် pooch ရေ။ နည်းနည်း ပြန်ဖတ်ကြည့်ပါဗျာ။
အိုင်စီ ရှိုးကတော့ လူတော်တော် များများ ကြည့်ဘူးကြတာပါပဲ။ သိတ်ထူးဆန်းလှတဲ့ကိစ္စ မဟုတ်ပါဘူး။
သို့သော် ဒီလိုမျိုး ကိစ္စတွေ ရှိတယ်ဆိုတာ ကြားဘူးတာ ဒါပထမဆုံးပါဗျာ။ ဒီလိုမျိုး သေသေချာချာ ပြန်ပြောပြတဲ့ အတွက်
ပို့စ် ပိုင်ရှင် pooch ကို ကျေးဇူးတင်တဲ့ အကြောင်းလေးလေးစားစား ပြောချင်ပါတယ်ဗျာ။ ရွာသူရွာသားတွေ အနေနဲ့ လည်း
သေသေချာချာ ပြန်ဖတ်ကြည့်ကြစေချင်ပါတယ်။ ဒါက ပို့စ်အတွက် ကျေးဇူးတင်တာပါ။
ဒီပို့စ်ကနေ မှတ်သားစရာ ကောင်းတဲ့ ကွန်းမန့်လေးများလည်း ပါလာခဲ့ပါတယ်ဗျာ။ အရင်ဆုံး အင်ဇာဂီ ပြောသွားတဲ့ ပါဝါ ၅၄ ဆိုတဲ့ ကိစ္စကလည်း မှန်ပါကြောင်း ထောက်ခံပါတယ်ခင်ဗျာ။ အဲဒီအချိန်က အစိုးရက ဘယ်လောက်အထိ သဘောထားသေးသိမ်သလဲ ဆိုတာ အဲဒါလေးကို ပြန်ကြည့်ရုံနဲ့
သိနိုင်ပါတယ်ဗျာ။ အမေစု အိမ်နံပတ်က ၅၄ ဆိုတော့ လေးဖြူက ပါဝါ ၅၄ ဆိုပြီး စီးရီးခေါင်းစဉ်တတ်တာတောင် မခံမရပ်နိုင်တွေဖြစ်ခဲ့တာပါ။
ဒါတွေက သမိုင်း ဖြစ်သွားပါပြီ ခင်ဗျာ။ ပြင်လို့လည်း မရတော့ပါဘူး။
နောက် Foreign Resident ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်။
Foreign Resident says:
” ကျမရင်ထဲမှာ နှစ်သက်တဲ့ အနုပညာသည်တွေရဲ့ နေရာတွေလည်း မသိမသာနဲ့ ပြောင်းသွားပါတယ် ”
အနှစ်ပါတဲ့ Post လေးပါ Pooch ရေ ။ Bravo ပါ ။
အဘ လည်း လင်းလင်း ရဲ့ သီချင်း တွေကို နားထောင်ကြည့်ဦးမှပါပဲ ။
မန္တလေးသူ မန္တလေးသားများရဲ့ ကျုံးကြီး နှင့် ပါတ်သက်လို့ကတော့ ၊
မန္တလေး ကို အသိမ်းခံလိုက်ရတာကို စိတ်မကောင်းပါဘူး ။
ကိုယ်ချင်းလဲစာပါတယ် ။
ဒါပေမယ့် ၊
အဘ ကိုယ်တိုင်ကလည်း တရုတ် တစ်ယောက် ဖြစ်နေတော့ကာ —-
ပြောချင်တာကတော့ ။
တရုတ်တွေက မြန်မာပြည်မှာ အခွင့်ထူးလဲ မရခဲ့ပါဘူးကွယ် ။
အဘ တစ်သက်တာလုံး အဖိနှိပ်ကြီးပဲ ခံခဲ့ရတာပါကွယ် ။
တရုတ်တွေက မန္တလေး ကို မတရား အနိုင်ကျင့် သိမ်းသွားတာတော့ မဟုတ်ပါဘူးကွယ် ။
မြန်မာတွေ ညံ့လို့ ပျင်းလို့ ဆင်းရဲရပြီး ငွေနှင့်ပေါက်ပြီး အဝယ်ခံလိုက်ရတာပါ ။
မြန်မာတွေ မညံ့တဲ့ မပျင်းတဲ့ အချိန်ကြရင် ပြန်ဝယ် နိုင်ပါတယ်ကွယ် ။
ကြိုးစားကြပေါ့ကွယ် ၊ မှီနိုင်ပါသေးတယ် ။
မန်းသူမန်းသားတွေ လက်ခုတ်တီးခဲ့ကြတဲ့ ကြောင်ကြီး ရဲ့ ကွန်းမန့်လေးကိုလည်း ဖေါ်ပြချင်ပါသေးတယ်။
ကြောင်ကြီး says:
တရုတ်တွေ မန်းလေးကို ငွေနဲ့သိမ်းသွားရခြင်းမှာ သူတို့က တရုတ်ပြည်ကလာတယ်၊ ငွေအရင်းအနှီးပါတယ်၊ လုပ်ငန်းအဆက်သွယ်ရှိတယ်။
သူတဲ့ဝင်လာစ အချိန် ၁၉၉ဝခုနှစ်အစောပိုင်းတွေမှာ မြန်မာတွေ ငွေကြေး၊ အသိပညာ၊ အတတ်ပညာ၊ အဆက်အသွယ် ဘာမှအဆင်သင့် မဖြစ်သေးဘူး။
မန်းလေး မပြောနဲ့ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံမှုများတဲ့ ရန်ကုန်သားတွေတောင် မျက်စိနား မပွင့်သေးဘူး။
ပိုဆိုးတာ စစ်အစိုးရက သတင်းဆက်သွယ်မှုနည်းပညာကို ပိတ်ဆို့ထားတယ်၊ မျက်စိနားဖွင့်ပေးမဲ့သူတွေကို နှိပ်ကွပ်ထားတယ်၊
ဝင်လာတဲ့တရုတ်တွေနဲ့ ပေါင်းရိုက်စားတယ်။ ဒါက အပြင်လူဖက်အမြင်နဲ့ပြောတာပါ။
စစ်ဗိုလ်များဖက်က အမြင်နဲ့ပြောကြည့်ရင် သူတို့မှာ လက်နက်၊ အာဏာရှိတယ်၊ အခြေအနေကို ကောင်းစွာထိန်းချုပ်နို်င်တဲ့
အနေအထားရှိတယ်။ သို့သော် တိုင်းပြည်ကို ဘယ်လိုဖွံ့ဖြိုးအောင် လုပ်ရကောင်းမှန်းမသိဘူး။ ဒေသဆိုင်ရာအဆင့်မှာဆိုလဲ
သက်ဆိုင်ရာ စစ်တိုင်းမှူးများ ပိုဆိုးပါလိမ့်မယ်။ ဒါကိုသိတဲ့ တရုတ်က ချက်ကောင်း ဝင်နေရာယူတယ်။
သိထားသလောက် ဝင်လာတဲ့တရုတ်များမှာ အမြင်နှစ်မျိုးပါတယ်။ တမျိုးက သူတို့ပိုင်ဆိုင်မှုတွေအတွက် အဲဒီအချိန်က
အရင်းရှင်စီးပွားရေးစနစ် အရသာကို သေချာမသိသေးတဲ့ တရုတ်ကူမြူနစ် အစိုးရကို စိတ်မချဘူး။ နောက်တမျိုးက
လူရည်လည်သူတွေ။ (ယူနန်ပြည်နယ် အရာရှိများကိုယ်တိုင် အားပေးအားမြောက် ပြုကောင်းပြုခဲ့ပါလိမ့်မယ်)
သူတို့နေထိုင်ရာ ယူနန်ပြည်နယ်နဲ့ အနီးအနားတဝိုက်ထက် မြန်မာပြည်မှာ အခွင့်အလမ်းရှိတာ သိတယ်။
ရှန်ဟဲဆိပ်ကမ်းမြို့လို မျိုးမှာနေသူတရုတ်များ မြန်မာပြည်လာ စီးပွားရှာတာ ရှားပါလိမ့်မယ်။ သွားမယ့်သွား
ဟောင်ကောင်၊ မကာအိုတို့ကို သွားမှာပေါ့။ စီးပွားရေးအကြောင်း မသိသေးတဲ့ မြန်မာတွေကို တံခါးဖွင့်ဖွင့်ခြင်းဝင်လာတဲ့
တရုတ်များ ဆရာလုပ်တယ်။ အဲဒီအချိန်မှာ မြန်မာပြည်ရှိ ကုန်ဈေးနှုန်း၊ မြေယာ၊ စရိတ်စကများ မကြီးသေးဘူး။ သူတို့မှာရှိတဲ့ အရင်းအနှီးနဲ့ ကောင်းကောင်းလုံလောက်တယ်။ မလုံလောက်လဲ ချေးငှားလာ၊ ပိုင်ဆိုင်မှုများ ရောင်းချလာလို့ အဆင်ပြေတယ်။
မြန်မာထဲမှာ သိသူတတ်သူ မရှိသေးဘူး။ သမားရိုးကျ စီးပွားရေးအမြင်ပဲရှိတယ်။ တရုတ်များက စစ်အစိုးရအပေါ် အပြည့်ပုံအောတယ်။
သူတို့မှန်းတဲ့အတိုင်းလည်း ဖြစ်တယ်။ အကယ်၍များသာ စစ်အစိုးရ နှစ်ပိုင်းအတွင်းပြုတ်ရင် တရုတ်များ ဖျာလိပ်ပြည်တော်ပြန်ရမှာပါ။
ရင်းနှီးမြှုပ်နှံမှု အသုံးအနှုန်းနဲ့ပြောရင်တော့ စွန့်စားရတာများရင် အမြတ်အစွန်းများမယ် ဒါမှမဟုတ် အရင်းနည်းနည်းနဲ့ အမြတ်ကြီးကြီး စားရမယ်။ တရုတ်ငွေယူလာတဲ့ ပေါက်ဖော်များအဖို့ မြန်မာပြည်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကောင်းကောင်းတတ်နိုင်တယ်။
ငွေရှိသူများကြတော့ ကျောက်တွင်းလိုမျိုး အချီကြီးဆင်းကိုင်တယ်။ ဆိုရှယ်လစ်စနစ်ခြင်း တူပေမဲ့ တရုတ်ပြည်က အတက်၊
မြန်မာပြည်က အကျ (ကျသမှအဝီစိနားကပ်နေတဲ့အကျမျိုး) ဒီတော့ အသာစီးရနေတဲ့ ငွေလဲလှယ်နှုန်းနဲ့ လုပ်ငန်းတခုစဖို့
လုံလောက်တဲ့ မြန်မာငွေအရင်းအနှီး ရနေပြီ။ မြန်မာတွေကြတော့ ငွေမရှိတဲ့ကြားထဲ အဆက်အသွယ် ချို့တဲ့တယ်။
အကြွေးရောင်းပေးမဲ့ သူမရှိဘူး၊ အစိုးရက အင်တာနက်လို ဆက်သွယ်ရေးမျိုးတွေ ပိတ်ထားလို့ ကိုယ်တိုင်ကိုယ်ကျ တရုတ်ပြည်ထဲသွားဝယ်မှ
အဆင်ပြေတယ်။ နို့မို့ရင် ပစ္စည်းဝယ်တာတောင် ရောင်းသူတရုတ်များကို ကြောက်နေရတယ်။ မြင်အောင်ပြောရရင် ရန်ကုန်မှာ
တိုက်ခန်းပိုင်သူတယောက် ဘာကောင်မှ မဟုတ်ဘူး။ သို့ပေမဲ့ တိုက်ခန်းရောင်းပြီး ရလာတဲ့ သိန်းဂဏန်းနဲ့ နယ်မြို့သွားရင် သူဌေးဖြစ်တယ်။
ဒါဆို မသွားတဲ့ မြန်မာတွေ ညံ့တာပေါ့လို့ စောဒက တက်နိုင်တယ်။ မှန်သင့်သလောက် မှန်ပေမဲ့ ပြန်ချေပရရင် (၁) ဆိုရှယ်လစ်
စီးပွားရေးအောက်မှာ မြန်မာတွေ ကုန်းကောက်စရာ မရှိအောင် မွဲနေတယ် (၂) စီးပွားရေးမလုပ်တတ်ဘူး (၃) ပိုဆိုးတာ ကုန်သွယ်ဖို့
အခွင့်အလမ်း မရှိဘူး။ တရုတ်တွေ ကြီးပွားတယ်ဆိုတာ နယ်စပ်ကုန်သွယ်ရေးလမ်း ပွင့်နေလို့၊ အဲဒီကနေ အခြေခံပြီး လမ်းဆက်ထွင်သွားတာ။
မြန်မာတွေ ငွေထုပ်ပိုက် နယ်ဆင်းရင် ဘာသွားဝယ် ရောင်းလုပ်မှာလဲ။ ပိုင်ရာဆိုင်ရာ အဆက်အသွယ်မရှိသူများ လုပ်နိုင်ဖို့ဖွင့်ထားတာ
နယ်စပ်ကုန်သွယ်ရေးတခုပဲ ရှိတယ်။ ဖြစ်သင့်တာ အဲဒီတုန်းက အစိုးရကနေ ပေါ်လစီချပြီး ကိုယ့်နိုင်ငံသားများကို မြေတောင်မြောက်ပေးရမှာ။
ဒါပေမဲ့ စစ်ဗိုလ်ကြီးများ မလုပ်တတ်ဘူး၊ စိတ်မရှည်ဘူး။ မရှည်ဆို ကိုယ့်နိုင်ငံသားတွေကို ပျိုးထောင်ပေးနေရင် အူစိုဖို့ အခွင့်အလမ်းနဲတယ်၊
ဒါက ပုဂ္ဂိုလ်ရေးပိုင်း။
နောက်တပိုင်းက အစိုးရပေါ်လစီကိုယ်၌က တရုတ်ကို မှီနေရတာ။ သူတို့အတွက်တော့ လက်နက်ဝယ်ဖို့၊ သံတမန်ရေး အကာကွယ်ရဖို့
ထိုးကျွေးလိုက်တဲ့ နယ်ရုပ်ဖြစ်တယ်။ နောက်တချက်က အစိုးရကိုယ်တိုင်က ငွေမရှိဘူး၊ တရုတ်တွေဝင်လာမှ လိုအပ်နေတဲ့ အရင်းအနှီးရမှာ။
(ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီကုလားတွေကျတော့ တပြားမှမပါတဲ့အပြင် ကိုယ့်ဆီကတောင် ပြန်လှီးတာမို့ အတော်ကွာတယ် ပြောရမယ်)
ဒါနဲ့ပဲ တရုတ်များ ခြေကုပ်ရတယ်၊ နဂိုကထဲက စီးပွားရေးသွေးပါသူ၊ လုပ်ချင်ကိုင်ချင်စိတ် ရှိသူများမို့ တဟုန်ထိုးကြီးပွားလာတယ်။
သို့သော် ကြိုးစားတာ တခုထဲလို့တော့ လာမပြောနဲ့။ မြန်မာတွေမှာ မရှိတဲ့ အရင်းအနှီး၊ မြန်မာတွေ ရခွင့်မရှိတဲ့ အဆက်အသွယ်
အခွင့်အလမ်းများနဲ့ ခုန်ပျံကျော်လွှားသွားတာ။ ရှေးတရုတ်တွေလို ဟိုးအောက်ခြေက စလာဖို့ မလိုဘူး။ အဲဒီအချက်ကပဲ လက်သစ်တရုတ်များနဲ့ လက်ဟောင်းတရုတ်များလို့ မြန်မာတွေ အမြင်မှာ ကွဲပြားသွားစေတယ်။ လက်ဟောင်းတရုတ်များအနေနဲ့လည်း အသစ်ဝင်လာသူများကို
မယှဉ်နိုင် နောက်ကျကျန်ခဲ့လို့ မကျေနပ်စိတ်များ ဖြစ်စေတယ်။ လည်ဝယ်သူ လက်သစ်တရုတ်များကတော့ သူတို့သားသမီးများကို
(အချို့ဆို လူပျို၊ အပျို ဖြစ်ပြီးမှရောက်တာ) လက်ဟောင်းတရုတ်များ၊ တရုတ်သွေးစပ်သူများနဲ့ နေရာချထားပေးတယ်။
သွေးနှောကြတယ် ဆိုပါစို့။ ဒီအချက်ကို ကြိုဆိုရမယ့် အချက်လို့မြင်တယ် (လက်ဟောင်းတရုတ်မလေးတွေ ဒီကောင်တွေနောက်
ပါကုန်တာတော့ သိပ်ဝမ်းနဲဒယ် )။
ဩဇီဦးဖောပြောသလို မြန်မာတွေ လိုက်လို့ ပြန်ဝယ်ဖို့ မှီနိုင်ပါအုံးမလား။ အရှိန်ရနေတဲ့ ကားတစင်းကို အခုမှ ဖုတ်ဖတ်ခါထ စက်နှိုးပြီး
တလိမ့်ခြင်းထွက်နေတဲ့ကား နှစ်စင်မြင်ကြည့်ပေါ့။ ရမလားလို့။ ဒါဆို ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလား။ ဖြစ်နိုင်ပါတယ်၊
သို့ပေမဲ့ ကားလဲရမယ်၊ သို့မဟုတ် အနည်းဆုံးတော့ အင်ဂျင်ချ overhaul လုပ်ရမယ်။ အီကောနောမစ်မှာ diminishing of return သီအိုရီရှိတယ်။
ဘယ်လောက် တက်နေပါစေ၊ ကြာလာရင် နေရာတခုရောက် အပြီးမှာ တဖြည်းဖြည်းနဲ့ အစွန်းထွက်တန်ဖိုး marginal value ကျသွားရတယ်၊ အမြင့်ဆုံးအမှတ်ရောက်ပြီးရင် ပြန်ဆင်းရတယ်။ တော်သူများကတော့ အတတ်နိုင်ဆုံး ကြာကြာစံနိုင်ဖို့ အားထုတ်တယ်။ တရုတ်ကြီးရော
ဘာကောင်မိုလို့လည်း၊ သူလည်း ဒီပုံစံခွက်ထဲမှာပဲ ရှိရမှာပေါ့။ မြန်မာတွေအတွက် တခေတ်ဆန်းချိန်ရောက်နေပြီဆိုရင် အဲဒီ
အီကော်နောမစ်သီအိုရီအရပဲ အစပိုင်းမှာ အရှိန်နှုန်းကြီးမားစွာနဲ့ ဆုံမှတ်တခုမရောက်ခင်အထိ တက်ခွင့်ရမယ်။
နည်းမှန်လမ်းမှန်နဲ့ကြိုးစားကြရင် (အစိုးရဖက်က အခွင့်အလမ်းများ ဖော်ဆောင်ပေးဖို့၊ လမ်းကြောင်းများ ပိတ်မထားဖို့
လွန်စွာအရေးကြီးတယ်) ကြောင်ကြီး အိုမင်းမစွမ်း မဖြစ်ခင် တရုတ်မလေးပေါင်း၅၀ဝကို ဘေးတဖက်စီထားပြီး
လောကစည်းစိမ်ခံစားရအုံးမယ်လို့ ကောင်းစွာယုံကြည်ပါတယ်။ မိတ်ဆွေတို့လည်း ယုံကြည်လိုက်ကြစမ်းပါ။
ကျုပ်တို့ရဲ့ သမိုင်းကြွေးကို တရုတ်ရွေးပြီးဆပ်မယ်…. ယေး…….. အရေးတော်ပုံကြောင်ရမည်…။
ဒီကွန်းမန့်လေးအတွက် ကြောင်ကြီးကို မန်းသူမန်းသား စစ်စစ်ကြီးတွေနဲ့ မန်းကို ချစ်တဲ့သူတွေက လက်ခုတ်တီးပေး ကြမှာပါ။
ဆရာမကြီး TTNU ရဲ့ ကွန်းမန့်လေးက သက်သေပါဗျာ။
TTNU says:
ကို ကြီးကြောင်…
တော်တယ်ကွာ။ အဲဒီအတိုင်း တီချာပြောချင်နေတာ။ ပြောမတတ်လို့။
ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးနေတာပဲ။
အကြိမ် တစ်သောင်း အလေးပြုတယ်ကွာ။ ဒါပဲ။
လေးစားပါတယ်ကိုကြောင်ကြီးခင်ဗျာ။ ဆရာမကြီး က ကိုကြောင်ကြီးကို အလေးပြုပါသတဲ့။ ရှေ့မှာ ဝိသေသနပုဒ်ပါသေးတယ်နော်။
အကြိမ်တစ်သောင်းတဲ့။ ကျွန်ုပ်ဘလက်ကလည်း တပ်ချုပ်ကြောင်ကြီးရဲ့ ကွန်းမန့်အတွက် အလေးပြုပါတယ်။ အကြိမ် တစ်သိန်းတိတိပါ ခင်ဗျာ။
ဒီပို့စ်လေးကို ရေးတင်သော မpooch နှင့် ကွန်းမန့်ပေးသူအားလုံးကြောင့် ဒီပို့စ်လေးက အဓိပ္ပာယ်ရှိသောပို့စ်လေးတစ်ခု ဖြစ်ခဲ့ပါကြောင်း ညွှန်းချင်ပါတယ်ဗျာ။
ကဲ pooch ရဲ့ ပို့စ်လေးတွေကို စိတ်ဝင်စားသူတွေ အတွက် လင့်လေးတွေ စုစည်းပေးလိုက်ပါတယ်ခင်ဗျာ။
ကိုယ့်အတွေး သူ့အမြင် (၂၅-၁၂-၂၀၁၁)
https://myanmargazette.net/88418/arts-humanities
ဖလ်နန်းရှင် ရဲ့ ရှင်မင်းနု (၁၃-၁၁-၂၀၁၁)
https://myanmargazette.net/50034/arts-humanities
မနုဿလူသား (၆-၁၁-၂၀၁၁)
https://myanmargazette.net/78017/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit
မနုဿလူသား ဆိုတဲ့ ပို့စ်လေး အကြောင်းကို ပြောကြည့်ရအောင်ပါ။ မြတ်စွာဘုရားက လူ့အဖြစ်ကို ရခဲတယ်လို့ ဟောသွားပေမယ့်
ကမ္ဘာပေါ်က လူဦးရေတိုးတက်နှုန်းကိုကြည့်ပြီး ဟုတ်ရဲ့လားဆိုပြီး ဇဝေဇဝါဖြစ်မိပါတယ်တဲ့။
pooch က ရင်ထဲမှာဆူးနေတဲ့ အဲ့ဒီဆူးကို စစ်ကိုင်းတိုင်း၊ ဝါးချက်ကျေးရွာ၊ ကျစွာချောင်၊ မဟာဝီဇယရံသီစာသင်တိုက်မှာ
သီတင်းသုံးတော်မူတဲ့ အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဆရာတော် အရှင်လက္ခဏ ဟောကြားတော်မူတဲ့
“ မနုဿ လူသား တရားတော်” က နုတ်ပေးသွားပါတယ် တဲ့။
အဲ့ဒီစိတ်ထားမြင့်မြတ်တဲ့လူသားဖြစ်ဖို့ သူ့မှာ အရည်ချင်း ( ၃ ) မျိုးနဲ့ပြည့်စုံရပါတယ်။
၁။ သူရော – ရဲစွမ်းသတ္တိရှိခြင်း။
၂။ သတိမနော္တ – သတိတရားနှင့်ပြည့်စုံခြင်း။
၃။ဗြဟ္မစရိယာဝါယော – မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ခြင်း တို့ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေ ဘယ်လောက်ပဲတိုးနေပါစေ ”မနုဿ လူသား “ အစစ် ဟုတ်မဟုတ်ကို ဒီအချက်သုံးချက်နဲ့
မှတ်ကျောက်တင်ပြီး စစ်ဆေးကြည့်ရပါတယ်တဲ့။
အဲ့ဒီမှာ ဒီလို မှတ်ကျောက်အတင်ခံနိုင်တဲ့ လူသားတွေ အလွန် အင်မတန်မှ နည်းပါးတာကို တွေ့ရပါတယ်တဲ့။
ဘာဖြစ်လို့လဲဆိုတော့ကျင့်ကြံနေထိုင်ဖို့ခက်လှလွန်းလို့ပါ။
ဘုရားရှင်ဟောခဲ့တဲ့ ရခဲလှတဲ့လူ့ဘဝဆိုတာက ဒီအချက် (၃)မျိုးနဲ့ မှတ်ကျောက်တင်ပြီး ဆိုလိုတာပါတဲ့။
Pooch က သူ့ ပို့စ်ကို ဒီလို အဆုံးသတ်ထားပါတယ်။
( ထုံးစံအတိုင်း အားမနာတမ်း ဝေဖန်ထောက်ပြနိုင်သလို ၊ လွတ်လွတ်လပ်လပ်ကြီးလည်း သဘောကွဲလွဲနို်င်ပါတယ် )
အင်း pooch ပြောလိုက်မှ ကျွန်တော် လူမဟုတ်ပဲ လူအတုကြီးဖြစ်ကြောင်း သိရတော့တယ်ဗျို့။ လူအစစ်ဖြစ်ဖို့
ကြိုးစားရဦးမယ်ဗျို့။ သူကြီးနဲ့ အဘ FR တို့ ဦးဆောင်တဲ့ ကွန်းမန့်လေးများနဲ့ ဗဟုသုတရစေမယ့် ပို့စ်လေးတစ်ခုပါလို့ ရဲရဲညွှန်းပါတယ်ခင်ဗျာ။
တီချယ်နဲ့ ကျမ (၂၃-၉-၂၀၁၁)
https://myanmargazette.net/69557/business-economy/think-tank
တီချယ်နဲ့ ကျမ ၂ (၂၄-၉-၂၀၁၁)
https://myanmargazette.net/69707/business-economy/think-tank
တီချယ်နဲ့ ကျမ ၃ (၂၆-၉-၂၀၁၁)
https://myanmargazette.net/69909/business-economy/think-tank
မြန်မာ့ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုဟု ဆိုကြရာဝယ်. ရှုံးလူသို့ အိတ်ဖွင့်ပေးစာ (၁၆-၈-၂၀၁၁)
https://myanmargazette.net/62070/creative-writing
နေဝင်ချိန် (၁၄-၈-၂၀၁၁)
https://myanmargazette.net/61648/creative-writing
တွင်းနက်ထဲက စိန်ရိုင်းတုန်းကြီးတွေ
https://myanmargazette.net/52396/creative-writing
မေးခွန်းလေးတွေ ဖြေပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ရအောင်
https://myanmargazette.net/50036/uncategorized-other/copypaste
ဒီပို့စ်လေးတွေကတော့ မန္တလေးသူလေးတစ်ယောက်ဖြစ်တဲ့ pooch ရေးသမျှ ပို့စ် အကုန်ပါပဲ။
အသေးစိတ် တစ်ပုဒ်ချင်းရေးချင်ပေမယ့် အချိန်ရှားပါးတဲ့အတွက် ကိုယ်တိုင်ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။
မန်းသူမန်းသားတွေရဲ့ မန်းဂဇက် အပိုင်း ၂ လာပါဦးမည်။
37 comments
thit min
January 9, 2012 at 12:51 pm
ကောင်းတယ်ဆိုတာထက် အားရပါးရရှိလှတယ်ဗျာ။
သူ့စာတွေမှာအားတွေရှိတယ်။ ဗဟုသုတတွေရှိတယ်။
အတွေးအခေါ်သစ်တွေပါတယ်။ မလိမ်မာသူတွေကိုစိတ်ကောင်းဝင်စေတယ်။
ကိုယ့်အမျိုးကို ချစ်တတ်လာအောင်သင်ပေးတယ်။
ဒါဘဲလို့ ဆွဲထုတ်ပြနိုင်လောက်အောင် ပြတ်သားလွန်းလှတယ်။ရပ်တည်ချက်ကရှင်းလွန်းတယ်။
ဒါပေမဲ့ သူများကို မစော်ကားဘူး။ သဘောထားကြီးမှုကိုလည်းပြတယ်။
————-
အထူးပြောချင်တာက ကိုကြောင့်ကော်မန့်အတွက်ကျနော်ကိုကြောင့်ကိုအရမ်းပိုလေးစားသွားတာပါဘဲ။
၁။လူကြီးလူကောင်းဆန်စွာပြောဆိုမှုဟူသော
၂။ အမျိုးမြတ်သူဖြစ်ကြောင်းပြ လိုက်နိုင်သော
၃။ မြင့်မြတ်တဲ့နှလုံးသားကို သင်ကြားပေးပေးသော
ဆရာကြောင်အား လေးစားပါတယ်။
pooch
January 9, 2012 at 10:30 pm
ကိုသစ်မင်းရဲ့ မှတ်ချက်လေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်..
ဒါပေမဲ့ တကယ့်တကယ်မှာတော့ ကျမက သဘောထားကြီးသူတယောက်မဟုတ်တာတော့ သေချာတယ်…..
သဘောထားကြီးတတ်ဖို့ ကြိုးစားနေသူတယောက်ဆိုရင် ပိုမှန်ပါလိမ့်မယ်…
Moe Z
January 9, 2012 at 12:58 pm
မမpoochအတွက် ဂုဏ်ယူပါကြောင်း
ဖတ်ပြီးသားတွေကို ပြန်အမှတ်ရအောင်လုပ်ပေးတဲ့ ဘဘဘလက်ကိုလည်းကျေးဇူးတင်ပါတယ်
pooch
January 9, 2012 at 10:35 pm
မိုးစက်ရေ ညီမလေး ကျေးဇူးပါနော် မန ္တလေးရောက်ဖြစ်ရင် လှမ်းပြောလိုက်ပါနော် တွေ့ရအောင်….
nozomi
January 9, 2012 at 1:15 pm
ကိုဘလက် ရဲ့ ကျေးဇူးနဲ့ pooch အတွက် အမှတ်တရလေးတွေပေါ့
pooch က ကျွန်တော့ထက် အသက်ငယ်မှာပါ ၊ ဒါပေမဲ့ ပို့စ်တွေကနေ မြင်ရတဲ့ သူ့အတွေးအခေါ် အရေးအသား သူ့ကြိုးစားမှုတွေကတော့ အတော်ကို လေးစားဘို့ကောင်းပါတယ်
အမြဲအားပေးနေပါတယ် pooch ရေ ၊ အမှတ်တရ အနေနဲ့ပြောရရင် ကျွန်တော့ပို့စ်တိုင်းလိုလိုမှာ အမြဲသေချာဖတ် အမြဲဝေဖန်အားပေးနေသူ တစ်ယောက်မို့ ကျေးဇူးတင်တဲ့အကြောင်းလေး လဲ ပြောချင်ပါတယ်
pooch ရဲ့ ပုဂံပို့စ် လေး ဖတ်ပြီးမှ စေ့ဆော်လာတဲ့စိတ်ကြောင့် ကျွန်တော်သွားချင်နေတဲ့ ပုဂံလဲ မရောက်ရောက်အောင် သွားဖြစ်ခဲ့ပါတယ် အဲဒီအတွက်လဲ ကျေးဇူပါခင်ဗျာ
pooch
January 9, 2012 at 10:41 pm
ကိုနိုဇိုမိ က ပုဂံမှာ မိုးပျံပူဖောင်း စီးခဲ့ရလို့ ကျမက မနာလိုနေတာနော် ..
ကျမလည်း မကျေပွဲတော့ နွှဲအုန်းမှာ ….
ကိုနိုဇိုမိရေးတဲ့ စာတွေထဲက ဘူတန်ကို သိပ်သဘောကျတာ အဲ့ဒီက ချောက်ကမ်းပါးပေါ်က ဘုန်းကြီးကျောင်းလေးဆို အိမ်မက်ထဲထိအောင် မက်ဖူးတယ်….တနေ့နေ့တော့ ရောက်အောင်သွားချင်ပါသေးတယ်လေ…
ကျမစာကို သဘောကျတယ်ဆိုလို့ အားတက်ရပါတယ်ရှင်.. ကျေးဇူးလည်းတင်ပါတယ်
windtalker
January 9, 2012 at 1:59 pm
ကွန်ကရက်ကျူလေးရှင်း ပါ မပုချ်
အခုလို ဂေဇက်တံခါးမှူးကြီး ရဲ ့အရေးတယူ ဂရုတစိုက် အသေးစိတ် အရေးအသားတွေကြောင့်
မပုချ် စာများ ကို သေချာ ပြန်ဖတ်ရပါဦးမည် ။
pooch
January 9, 2012 at 10:53 pm
ကျေးဇူးပါ မစ္စတာပေ
ကိုရင်စည်သူ
January 9, 2012 at 3:55 pm
မပုချ်ကို အလေးပြုသည်။
ဆက်ညွှန်းပြပေးမယ့် ကျနော်တို့ လေးစားရတဲ့ တံခါးမှူးကြီးကိုဘလက်ကို
အလေးပြု…. 🙂 🙂
pooch
January 9, 2012 at 10:52 pm
ကိုရင့်စာများနဲ့ ကလောင်တွေကိုပဲ ခင်တော့မယ် ဆိုတဲ့ အတွေးလေးကိုလည်း သဘောကျကြောင်းပါ..
ကိုပေါက်(မန္တလေး)
January 9, 2012 at 4:36 pm
မယ်ပုရေ
နန်းမတော်မယ်ပုလို့ အခေါ်ခံရကြိုးနပ်ပြီထင်ပါရဲ့။
ကိုဘလက်ရေ
အရေအတွက်ကို မကြည့်ဘဲ အရည်အချင်းကို ကြည့်ပြီးဖော်ထုတ်ပေးခဲ့လို့
………………………….
ငပေါက်ဖော်
January 9, 2012 at 6:21 pm
တစ်ကြိမ်တော့ အန်တီပုချ်လိုဖြစ်အောင် သများကြိုးစားပါဦးမည်..
အန်တီပုချ် လိုစေတနာ.သဒ္ဒါပြင်းပျစွာနဲ ့ ရေးနိုင်အောင် သများကြိုးစားမည်
အန်တီပုချ်လို ရွာအကျိုးပြု၊နိုင်ငံအကျိုးပြုစေနိုင်တဲ့ စာမျိုးရအောင် သများကြိုးစားမည်
အိုး..အကုန် အန်တီပုချ်လိုဖြစ်အောင် ကြိုးစားမည်.
ဒါဗျဲ
ပုံ၊
အန်တီပုချ်ရဲ့ခြေရာနင်းမဲ့ မာမီပေါက်ချ်
pooch
January 9, 2012 at 11:05 pm
ပေါက်ဖော်ရေ အန်တီတော်ချင်ရင် law တက်နေတဲ့ တူမလေး တယောက်ရှိတယ် မျက်လုံးဝိုင်းဝိုင်းလေးနဲ့
အဲ.. တခုပဲ ရှိတယ် အစားပုပ်တယ် သူ့စရိတ်တော့ နိုင်အောင်ရှာဖို့လိုမယ် … 🙂
Moe Z
January 10, 2012 at 10:03 am
ကျားယို့ ပေါက်ကုန်းကုန်း 😀 😀
MaMa
January 9, 2012 at 7:25 pm
အကြောင်းအရာ အချက်အလက် ခိုင်ခိုင်မာမာနဲ့ ရေးတတ်တဲ့ မယ်ပု အတွက် ဂုဏ်ယူပါတယ်။
အရေအတွက်သည် သာမည
အရည်အချင်းသည်သာ အဓိက၊
pooch ဆိုတာ …….
ရာဇဝင်တွင်မယ့် လုံမ
pooch
January 9, 2012 at 11:27 pm
ွမမရေ ပေးလိုက်တဲ့ လက်ဆောင်ကို ကုသိုလ်ရအောင် ဆွမ်းတော်လည်း ကပ်မယ် အိမ်မှာ ဆွမ်းခံကြွတဲ့ ထိုင်ကိုယ်တော်များကို လည်း ချက်ပြီး ဆွမ်းဟင်းလှူမယ် နော်….အိမ်မှာလည်း စားမယ်…
တကူးတက ပေးလိုက်တာကို ကျေးဇူးလည်းတင်တယ် အားလည်း နာတယ်….
လေးပေါက်ကိုလည်း အလေးခံသယ်လာပေးလို့ ကျေးဇူးတင်တယ်…..
ကိုဘလက်ကိုလည်း ကျေးဇူးတင်တယ် မှတ်မှတ်ရရ လက်ဆောင်ထည့်ပေးတတ်တာကိုရော
အခုလို ပြန်ဖတ်ပြန်ရေးနိုင်တဲ့ ဇွဲရော ဝါသနာကိုရော ဩချတယ်….စေတနာကိုလည်း ကျေးဇူးအထုူးတင်ပါတယ်နော်..မဒမ်ဘလက်ကိုလည်း ကျမစာကို ဖတ်ဖြစ်တယ်ဆိုလို့ ဝမ်းသာရပါတယ်လို့ …
inz@ghi
January 9, 2012 at 8:17 pm
ပုချ် မမ ကိုခင်ပေမယ့်
သူ့စာ အဖတ်နည်းခဲ့တာ ဝန်ခံပါတယ်…
အစ်မရေ ဖွေမယူပါနဲ့နော်….
ကျနော် တခုချင်း ပြန်ဖတ်ပြီး …ကျနော် လိုက်မီတာလေးတွေ
ဆွေးနွေးခွင့်ပေးပါနော…
ခင်တဲ့
ဂီ….
P.S
တခုတ်တရ စုဆောင်းတူးဆွပေးသော ဘဘဘလက်ကို ကျေးဇူးတင်ကြောင်း ပြောရန်
မေ့သွားပါသည် …..
pooch
January 9, 2012 at 11:35 pm
မစ္စတာဂီရေ မဖတ်ဖြစ်တာ ဗွေမယူပါဘူး.. ကိုယ့်အကြောင်းနဲ့ ကိုယ်အားမှ စိတ်ပါမှ ဖတ်ဖြစ်တာလေ စာဆိုတာကလည်း ….
မအားတဲ့ အချိန် အလုပ်ရှုပ်တဲ့ အချိန်ဆိုလည်း ကျမလည်း မဖတ်ဖြစ်ပါဘူး…..
မစ္စတာဂီရဲ့ စာတွေဆိုလည်း MLM အကြောင်းကို ဖတ်မိမှသာ စသတိထားမိလာတာပါ… ..အဲ့တော့မှ အရင်စာတွေ ပြန်ဖတ်ဖြစ်တာပါ…
mandalarthu
January 9, 2012 at 10:18 pm
Pooch ရဲ ့အရေးအသားနဲ ့စိတ်ဓာတ်ကို လေးစား နှစ်သက် မိတာက သူ ့ရဲ ့
“ကျမ ရင်ထဲက ရာဇဝင်မြို့တော်” ကို ဖတ်မိကတည်းကပါ။
Pooch ရဲ ့ပို ့စ်တိုင်းကို မဖတ်ဖြစ်ပေမယ် ့မြန်မာလူမျိုး တယောက်ရဲ ့ရင်ထဲ ကမျိုးချစ်စိတ်ဓာတ်ကို
လှစ်ဟပြထားတဲ ့””ကျမ ရင်ထဲက ရာဇဝင်မြို့တော်”ကတော ့ စိတ်ထဲမှာ စွဲကျန်စေခဲ ့တာ
ယခုထိပါဘဲ။
pooch
January 9, 2012 at 11:36 pm
ကျေးဇူးပါ မန ္တလာသူရယ်
hmee
January 9, 2012 at 11:00 pm
ပုချ်ရေ အမကတော့ နဂိုကတည်းက သမိုင်းနောက်ခံဆို သိပ်စိတ်ဝင်စားတာ။ ရှာဖွေပြီးလည်း ဖတ်တယ်။ ပုချ်ရေးတဲ့ ရာဇဝင်ထဲက မြို့နဲ့ နန်းမတော်မယ်နုအကြောင်းတော့ အမှတ်ရဆုံးပဲ။ အဲ့တုန်းက ဆရာမကြီး မန့်တဲ့ မန်ကြီးရွက်ကလေးတွေ ထွဋ်နေဦးမှာပဲဆိုတာလည်း အမှတ်တရပဲ။
pooch
January 9, 2012 at 11:43 pm
မမှီရေ ရွာအကြောင်းတွေ ကျမလည်း ဖတ်ဖြစ်တယ် ဝင်တော့ သိပ်မမန်းဖြစ်ဘူးထင်ပါတယ်..
တောဓလေ့ စရိုက်များရဲ့ ရိုးသားပုံ လေးတွေ ဖြစ်တတ်တဲ့ သဘာဝလေးတွေမို့ သဘောကျပါတယ် ….
ကျမဖတ်မိသလောက် အဲ့လို ရေးတတ်တာ မမှီတယောက်ပဲ ဒီရွာမှာ ရှိတယ်ထင်ပါတယ်… တယောက်တမျိုး ရေးဟန်စုံလေးတွေနဲ့..
ခင်ခင်ထူးရေးတဲ့ မအိမ်ကံ ကို ဖတ်တုန်းက ဆို ရက်တော်တော်ကြာ တသသနဲ့ ပြောဖြစ်နေတာ လူတွေရဲ့ ကံတရားများ ဆန်းကြယ်ပုံ ပြောပါတယ်…
padonmar
January 9, 2012 at 11:19 pm
ရာဇဝင်ထဲက မယ်ပုချ်
ပုဂံအကြောင်းကတော့ မှတ်မှတ်ရရပါပဲ။
မန္တလေးသား လင်းလင်းလည်း မယ်ပုရဲ့ စိတ်ဓာတ်ကို သိသာစေပါတယ်။
ကျန်တာတော့ တံခါးစောင့်ကြီးပြောမှ ပြန်တူးဆွအုံးမယ်။
ခင်တဲ့ ဒေါ်ဒေါ်
pooch
January 9, 2012 at 11:46 pm
ဒေါ်ဒေါ်ရေ ကျေးဇူးပါနော်..
blackchaw
January 10, 2012 at 6:08 pm
မပုချ် ရေ။
ပို့စ် နည်းချင်နည်းပါစေ။
နည်းနည်း နဲ့ ကောင်းတာလေးတွေပဲ တင်တဲ့
အကျင့်လေးကို ထိန်းထားစေချင်ပါတယ်။
ကျွန်တော် ကိုစိန်သော့ကြီး ပို့စ် စတင်တုန်းကလည်း
တစ်ခါပြောဘူးတယ်။ အဲဒီစကားကို။
ဒီပို့စ်မှာ အသေးစိတ်မရေးလိုက်နိုင်တဲ့ အတွက်တော့ တောင်းပန်ပါတယ်။
pooch
January 11, 2012 at 1:03 pm
ဟုတ်ကဲ့ပါ ကိုဘလက်ချော . ကျမ ကြိုးစားပါ့မယ်.
Khin Latt
January 11, 2012 at 4:32 am
Pooch လေးရေ- ဒီလို ကောင်းတဲ့ စာတွေ ရေးတာတာကိုး။
တစ်ချို့ ကို မှတ်မှတ်ရရ ဖတ်ဘူးပါတယ်။
အဲဒီတုန်းက ရွာသူမဟုတ်သေးတော့ နာမည်တွေကို သိပ်မရင်းနှီးဘူး။
အခုတော့ သိပြီ သမီးရေ။ ဆက်အားပေးနေပါတယ်။ မဖတ် ဖြစ်လိုက်တဲ့ တစ်ချို့ Post တွေကိုပြန်ဖတ်လိုက်ဦးမယ်။
ဒီလို တူးဆွ ပေးလို့ ကျေးဇူးပါ ကိုဘလက်ရေ။ ကို ဘလက် ရဲ့ ရင်တွင်းဖြစ်တွေ လဲ ပြန်ဖတ်ထားတယ်။ 🙂
pooch
January 11, 2012 at 1:13 pm
အရီးလတ်ရေ အားပေးတာ ကျေးဇူးပါနော်
ကြောင်ကြီး
January 11, 2012 at 11:09 am
ပုရှ်နဲ့ကျနော်နဲ့က ငယ်ချစ်တွေပါ။ သူ့အိမ်က သဘောမတူလို့ ကွဲခဲ့ရတာ။ ပြောရရင် သူအနေအထိုင်မတတ်လို့။ သူ့မိဘတွေရှေ့မှာ ကျနော့်ကို ပွေ့လားဖက်လား နမ်းလားရှုပ်လားနဲ့ ကြာတော့ သမီးအတွက် အန္တရာယ်ရှိတယ် မဖြစ်ချေဘူးဆိုပြီး တရုတ်မနိုင် ကြေးအိုးသောက် ကျနော့်ကို မောင်းထုတ်ခဲ့တယ်။ ကျနော် ကြောင်ဖြစ်နေတာ အပြစ်လားဗျာ…။
ရာဇဝင်ထဲမှမြို့တော်
မလာခင်ထဲကဒို့ပျော်
ဒါလင်ချွဲခသို့သော်
ဆရာသခင်ပြဲရဗျို့အော်..။
pooch
January 11, 2012 at 1:19 pm
ဦးကြောင်ရေ ကြောင်မွှေးတွေက ကျန်းမာရေးအတွက်မကောင်းပဲ ကြောင်ချေးနံ့တွေ သေးနံ့တွေကလည်း နံ့လို့ပါတဲ့
amatmin
January 11, 2012 at 11:48 am
မပုချ်ရေ..
ရာဇဝင်ကို ကိုယ့်အမြင်နဲ့ရေးတတ်တာတွေကိုလည်းအားကျသလို..
ရန်ကုန်ကို စိုးရိမ်ပေးတဲ့ ကိုယ့်အတွေးသူ့အမြင် ပို့စ်လေးကိုလည်းအရမ်းသဘောကျပါတယ်ဗျာ..
အရေးနည်းပေမဲ့ တွေးစရာအမြဲပါတတ်တဲ့ ပို့စ်လေးတွေကို
ခပ်ကျဲကျဲလေးဖတ်ရင်း ဆက်အားပေးနေပါ့မယ်ဗျာ..
pooch
January 11, 2012 at 1:29 pm
ကိုအမတ်မင်းရေ အားပေးတာ ကျေးဇူးတင်ပါတယ်
weiwei
January 11, 2012 at 1:28 pm
ပုခ်ျရေးတဲ့စာတွေ အားလုံးဖတ်ဖြစ်ခဲ့တယ် …
စေ့စေ့စပ်စပ်နဲ့ စေတနာပါအောင်ရေးတတ်တာကို သတိထားမိခဲ့ပါတယ် …
သူများရေးတာကိုလဲ အားတက်အောင် ကွန်မန့်ပေးတတ်သူလို့လဲ သတိထားမိပါတယ် …
အပြင်မှာမသိသော်လည်း ရွာထဲက မိတ်ဆွေရင်းတွေလို စိတ်ထဲမှာ ရင်းနှီးနေတာကြာပါပြီ …
ကွန်မန့်ပေးတာနဲပေမယ့် ပုချ်ရေးသမျှ အမြဲအားပေးတယ်ဆိုတာ သိစေချင်လို့ ဒီမှာပေါင်းပြီး ကွန်မန့်ပေးလိုက်တယ်နော် ….
pooch
January 11, 2012 at 1:41 pm
မမဝေ ရေ အားပေးတာ ကျေးဇူးပါနော် ..မဝေရဲ့ စာများကိုလည်း ကျမ အမြဲဖတ်ဖြစ်ပြီး ခရီးတွေ သွားနိုင်တာကိုလည်း အားကျမိပါတယ်..
etone
January 11, 2012 at 3:34 pm
အစ်မပုချ်ရေ ရေးခဲ့သမျှ ပို့စ်အတော်များများကို ကြိုက်ပါတယ် … ။ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှူ ဝတ်စားဆင်ယဉ်မှုဆိုတဲ့ပို့စ်လေးက အတော်လေး ထိထိမိမိရှိလှပါတယ် … ။
အစ်မရေ အားပေးပါတယ် … ဒီထက်မက အောင်မြင်မှုတွေ ရပါစေနော် ။
pooch
January 11, 2012 at 4:02 pm
ကျေးဇူးပါ ညီမလေးရေ
yaungchikha
January 11, 2012 at 4:26 pm
မပုချ်ရဲ့ ရေးတဲ့စာတိုင်းကိုတော့ ဖတ်ဖြစ်ပါတယ်၊ လင်းလင်းအကြောင်းရေးတဲ့ပို့စ်လေးကို တော်တော်ကြိုက်တယ်…………