ဖျပ်ကနဲ့ ရန်ကုန် အပိုင်းနှစ်(ပရိယေသန)
1 ရွှေတိဂုံဘုရားပေါ်က နံနက်ဆယ်နာရီ ဝန်းကျင်လောက် နေပူပူထဲမှာ ကျောက်ပြားသန့်ရှင်းရေးလုပ်နေသူများ(ကုသိုလ်နဲ့ဝမ်းရေးတွဲလျက်ပေါ့)
2 သူကတော့ မီးပွီုင့်နားက ကားလမ်းနံဘေးက ပန်းသည်မလေးပါ။ ကားတွေကြား တိုးရောင်းရတာ ကိုမြင်ရတာအင်မတန်အသဲယားစရာကောင်းပါတယ်။
3 နှင်းမူံမူံ ကြားက ရေစပ်စပ်ထဲမှာ ကန်စွန်းရွက်ခူးလို့ ဝမ်းစာရှာ(ကျနော်တု့ိဈေးဝယ်ရင် ကန်စွန်းရွက်တစ်စီးတစ်ရာ ပေးရတာများတယ်ထင်မိပေမယ် ဒီပုံကိုမြင်တော့ ပေးရတာ တန်ပါတယ်လို့ ထင်မိပါတယ်)
4 နံနက်ခင်းလေးတစ်ခု ကန်စွန်းခင်းလေးထဲက လုပ်အားရှင် ဝမ်းရေးအတွက်မို့သာလုပ်နေရတယ် အောက်ကရေထဲမှာကိုယ်တစ်ပိုင်းနဲ့အတော်အေးရှာမယ်လို့ ကိုယ်ချင်းစာမိပါတယ်
5 ဘုရားအရိပ်ကတော့ အေးပါတယ် ဒါပေမယ်.ထမင်းတစ်လုတ်အတွက် လှုပ်ယှားရုန်းကန် ဒါ လက်တွေ့ဘဝတွေပါဘဲ
6 ကားတွေရှပ်ယှက်ခပ်တဲ့မီးပွိုင့်မှာ ဂျာနယ်ရောင်းတယ် ရိုးသားစွာ ထမင်းရှာစားတာပါ။တကယ်ဆိုရင် သူလဲ ဆိုင်နဲ့ကန္နားနဲ့ကျကျနနထိုင်ရောင်းချင်ရှာမှာပေါ့။ဒါပေမယ့် ဒါက ဈေးကွက်စီးပွားရေး ဒိုးတူဒိုး စစ်စ်တမ်လေဗျာ။
7 ဒီဘောင်းဘီတိုနဲ့လူကလဲပန်းသည်ဘဲ တစ်ဝက်တစ်ပိုင်းဘဲမိလိုက်တယ် သူ့ကိုတော့ မြင်ဘူးသူများပါမယ် နေ့တိုင်းဒီပုံစံနဲ့တွေ့ရတာကိုး။
8 ရွှေတိဂုံဘုရားနားက ထန်းသီးသည် စားချင်စဖွယ်ဗျ
9 ဒါကတော့ ချော်တွင်းကန်ုးမှတ်တိုင်မှာကားစောင့်ရင်းမြင်ရတဲ့ ပန်းသည်
10 ရတဲ့နေရာမှာရသလိုရောင်းရတဲ့ ပန်းသည်(အခုဖယ်ဆိုရင်ဖယ်ရမှာပါဘဲ အများသွားတဲ့လမ်းကိုးဗျ)
ဖျပ်ကနဲ့ ရန်ကုန် အပိုင်းနှစ်(ပရိယေသန)
ရန်ကုန်ရောက်တဲ့အခါမှာ အလုပ်ကိစ္စနဲ့သွားရင်းလာရင်းမြင်ခဲ့ရတာလေးတွေကို
ကားပေါ်ကနေဖြစ်ဖြစ် လမ်းလျောက်ရင်းဖြစ်ဖြစ် လက်ဆော့မိပါတယ်။
အဲဒီမှာဘာကိုသွားတွေ့လိုက်လဲဆိုတော့ လူဦးရေနည်းပါးတဲ့နယ်မြို့လေးတွေနဲ့
လူဦးရေထူထပ်တဲ့မြို့ကြီးတွေ ကလူတွေရဲ့ ကွာခြားပုံကိုပါ။
ဒီမှာတော့ ထမင်းတစ်လုပ်အတွက် ရတဲ့နည်းလမ်းနဲ့အလုအယက်။
ပိုပြီးပင်ပန်းလှပါတယ်။
အဲလို ဖြစ်တဲ့နည်းနဲ့ရှာရတဲ့အခါမှာ ထုတ်ပြန်ထားတဲ့ စည်ပင်သာယာ ဥပဒေများနဲ့လွတ်ကင်းတာ မကင်းတာ၊
သူများကို ထိခိုက်တာ မထိခိုက်တာ၊
အသက်အန္တရာယ်ရှိတာ မရှိတာ တွေကိုသိပ်ခေါင်းထဲမထည့်နိုင်တော့ပါဘူး။
မိမိလက်ထဲမှာရှိတာလေးတွေရောင်းကုန်မှ အမြတ်အစွန်းလေးထွက်လာမှ
ဝမ်းတစ်ထွာအရေး နေ့ပြန်တိုးမှန်မှန်ပေးနိုင်ဘို့အရေး ပြေလည်မှာကတော့
အမှန်ပါဘဲ။
ဒီတော့လဲကျီးလန့်စာစား ဘဲပြောပြော အလုအယက်ဘဲပြောပြော
မောနေအောင်ရှာရတာပါဘဲ။
ဘာတွေဘယ်လိုပြောနေနေ အခုမြင်နေတဲ့ပုံလေးတွေကတော့ တကယ့်လက်တွေ့
ဘဝ စစ်စစ်တွေပါဘဲ။
ကိုယ်ချင်းစာမိပါတယ်။
ဒါပေမယ့် ငါလဲမင်းတို့လိုပါဘဲလို့ ပြောနိင်ရုံကလွဲလို့………………….
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့
(10-1-2012)
Post Views: 301
11 comments
ရွှေဘိုသား
January 10, 2012 at 10:30 am
လေးပေါက်ရယ် ထန်းသီး တွေမြင်ရတော့ 7 တန်းနှစ် ရွာမှာကျောင်းတက်တုန်းက ဖြစ်ပျက်ခဲ့တာလေးကို သတိရမိတယ် နေ့တစ်ဝက်ကျောင်းပြေးပြီးတော့ သူငယ်ချင်းတစ်စုနဲ့ ထန်းသီးသွားခူးပြီး စားကြ ထန်းသီးလှပ် လေးတွေကို ကျွတ်ကျွတ်အိတ် ကလေးထဲထည့်ပြီး ငယ်ကျွမ်းဆွေလေးအတွက် ယူလာရသေးသဗျ ကိုယ့်ဘက်ကစည်းကျော်တာပါ သူကတော့ သူငယ်ချင်းလိုပဲသဘောထားတာပါ တော်တော်ကြည်နူးဖို့ကောင်းသား အခုကျတော့ လွမ်းလိုက်တာ ထန်းသီးတွေမြင်ရတော့ ရောဂါက ပိုတိုးပါလေရော တရားခံက လေးပေါက်
ငပေါက်ဖော်
January 10, 2012 at 10:40 am
မောင်ပေ
ပန်းရောင်းရင် ဘောင်းဘီလေးဘာလေး လဲအုံးလဗျာ
အခု အကုန်မှတ်မိကုန်ဘီ..
windtalker
January 10, 2012 at 1:45 pm
ပေါက်ဖော်
နံပါတ် ၁ဝ ထဲမှာ
စီးပွားပေါင်းစုံ လုပ်ကြောင်း
ပြနေတယ်ပေါ့လေ
ဟွင်းဟွင်း
yaungchikha
January 10, 2012 at 1:08 pm
ကျနော်ရန်ကုန်မရောက်တာ ဆယ်နှစ်ကျော်ပြီ အရင်ကတော့ ရန်ကုန်မှာနေခဲ့ဘူးတယ်၊ တင်ပေးတဲ့ ရန်ကုန်က ဖျပ်ကနဲ့ပုံတွေကြည့်ပြီး ရန်ကုန်သွားနိုင်အောင် ကြိုးစားဦးမယ်…………. 🙂
blackchaw
January 10, 2012 at 1:35 pm
ရန်ကုန်သားတွေ မရိုက်နိုင်တဲ့
မန်းသား ကိုပေါက်ရဲ့ ရိုက်ချက်များပါခင်ဗျာ။
နောက်တစ်ခါလာရင် ကိုယ်တိုင် လိုက်ပို့ပေးမယ်ဗျာ။
ဒီတစ်ခေါက်ဓါတ်ပုံရိုက်တာ ကျွန်တော် မပါလို့
နှမြောနေတာဗျ။
M-Lulin
January 10, 2012 at 6:21 pm
ဦး ဘလက်ချော လာစေချင်တာဗျ။ ဘုရားမှာတုန်းက ဖုန်းဆက် ပြီးလာမယ်ထင်တာ။
ဆူး
January 10, 2012 at 2:58 pm
ရန်ကုန်မှာ နေ့တိုင်း မြင်တွေ့နေရပေမဲ့ ထိုကဲ့သို့ စိတ်ကူးမျိုး မရှိခဲ့ပါဘူး။
မြင်နေကျမို့ သာမန်လို့သာ တွေးမိပါတယ်။
အခုတော့လည်း အတွေးတွေက တော်တော် လန်းနေတယ်။
kai
January 10, 2012 at 4:13 pm
ကိုပေါက်ဒါ့ပုံတွေက.. အမိမြေကဝေးနေသူတွေအတွက်..တကယ်အသက်ဝင်နေတဲ့.. ရန်ကုန်ကို ပြနေတဲ့ ပုံတွေပါ…။
ကျေးကျေးကမ္ဘာဗျာ..။
ကိုပေါက်(မန္တလေး)
January 10, 2012 at 4:25 pm
ကိုခို်င်ရေ
ဖျပ်ကနဲ့ရန်ကုန်တွေက ဆက်လာအုံးမှာ။
နာမယ်ကြီးတွေအသစ်အဆန်းတွေမပါဘူး။
တကယ့်လူမူ့ဘဝလေးတွေကို ပြမှာ။
စောင့်ကြည့်နော်………….
M-Lulin
January 10, 2012 at 6:27 pm
ဦးပေါက် သာ ရန်ကုန် မှာတစ်လ လောက်နေရင် လမ်းညွှန် စာအုပ် တောင် ထုတ်လို့ ရလောက်တယ်။ လေးစားပါတယ်။ အဲလောက် လမ်းလျှောက်နေလို့ ဦးပေါက် ကျန်းမာတာ ဖြစ်မယ် ဗျ။
ကိုပေါက်(မန္တလေး)
January 10, 2012 at 6:45 pm
လမ်းလျှောက်တော့ ဖိနပ်ပေါက်ပါတယ်။
လုလင်ရေ…………….
လူမသိအောင်ကျိတ်လျျောက်နေရတာရယ်။