ဂဇက် တံခါးစောင့်ကြီး (6/12)
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ မင်္ဂလာပါခင်ဗျာ။
ဟဲဟဲ စကိုင်းနက်အပ်တူဒိတ် က အနောင်ဆာလေးတွေ နှုတ်ဆက်သလို နှုတ်ဆက်လိုက်တာပါဗျာ။
ဒီနေ့ နေ့လယ်ခင်း ရွာထဲရောက်တော့ ပွဲဆူနေတဲ့ ပို့စ်လေးတစ်ခုကိုတွေ့လိုက်လို့ စိတ်မကောင်းဖြစ်ရပါတယ်။
ဟိုလူ့ကိုတူး ဒီလူ့ကိုဆွနဲ့ ရပ်တန့်လို့မရနိုင်သော ဘလက်တစ်ယောက် တံခါးဘက်ကို ပြေးလာခဲ့တာပါဗျာ။
ဆန္ဒများနောက် တကောက်ကောက်ဆိုတဲ့ ပို့စ်လေးအတိုင်းပါပဲ။ ဘလက်ရဲ့ ဆန္ဒတွေက အဆုံးမဲ့ ပါ။
မန်းသူမန်းသားတွေရဲ့ မန်းဂဇက် ပို့စ် ကို ရေးနေရာကနေပြီး ပြည်တော်ပြန်မယ့်မမှီအတွက်လည်း လှမ်းပြီးဂုဏ်ပြုချင်နေပါသေးတယ်။
ကိုဖက်တီးတို့ မဝေကြီးတို့ မမတို့ နောက်ဆုံး ပေါက်ဖေါ်လေးတို့ကိုတောင် ဂုဏ်ပြုချင်နေတာပါ။
သို့သော် ဘလက်က ရုပ်ရှင်ထဲကလို နှစ်ကိုယ်ခွဲလို့မရပါ။
တစ်ကိုယ်ထဲ ရေးရတဲ့အတွက် နောက်ကျနေတဲ့ ဆရာဆရာမတွေအနေနဲ့ ဘလက် က ခွင့်လွှတ်ပေးဘို့ တောင်းပန်ချင်ပါတယ်ဗျာ။
ကိုသစ်မင်း (ပါလာပြန်ပြီဗျို့ ကိုသစ်ရေ) ရဲ့ ပို့စ် ထဲက စာသားလေးကို ပြန်ကိုးကားချင်ပါတယ်။
မိမိဟာ သူတပါးရဲ့ ပါတ်ဝန်းကျင် ဖြစ်နေတယ်ဆိုတာလုံးဝ မမေ့ပါနဲ့။
ကောင်းသော ပါတ်ဝန်းကျင် ဖြစ် “ပေး” ဘို့ သင်ရော ကျနော့မှာပါ တာဝန်ရှိကြပါတယ်။
အဲဒီလိုပဲ ဘလက်က ခင်ဗျားတို့ ရွာသူရွာသားတွေအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်အောင် နေမယ်လို့
ဒီနေရာက တရားဝင် ပြောချင်ပါတယ်ဗျာ။
ဒီတစ်ခါ ကျွန်တော် ပြောခဲ့ချင်တာက မုဒိတာ စိတ်လေးတွေ နည်းနည်းပိုထားပေးကြပါ။
နည်းနည်း ခက်တယ်ဆိုတာ သေချာပေမယ့် နည်းနည်းအားထည့်ပြီး မုဒိတာလေးထားပေးကြပါဗျာ။
နောက်တစ်ခု ပြောချင်တာက ကွန်းမန့်တွေပေးတဲ့ နေရာမှာ သေသေချာချာ စဉ်းစားပြီး ပေးကြစေချင်ပါတယ်။
မရေးခင် သေချာတွေးပြီး ရေးပြီး မတင်ခင် တစ်ခါပြန်ဖတ်ကြစေချင်ပါတယ်။
ကျွန်တော် ကွန်းမန့်တွေကို ရသလောက် လိုက်ဖတ်နေမိလို့ ဒီစာကိုရေးတာပါ။
ကွန်းမန့်တွေက ကျွန်တော်တို့ ရဲ့ သမိုင်းပါ။
ကွန်းမန့်တွေမှာ အရောင်ရှိပါတယ်။
ဒေါသနဲ့ ပေးတဲ့ ကွန်းမန့်မှာ ဒေါသရောင်ကိုတွေ့ရမှာပါ။
မနာလိုစိတ်နဲ့ပေးတဲ့ ကွန်းမန့်မှာ မနာလိုတဲ့ အရောင်ကို တွေ့ရမှာပါ။
မောက်မာတဲ့ စိတ်နဲ့ပေးတဲ့ ကွန်းမန့်မှာ မောက်မာတဲ့ စိတ်ကို တွေ့ရမှာပါ။
မုဒိတာ စိတ်နဲ့ပေးတဲ့ ကွန်းမန့်မှာ မုဒိတာအရောင်ကိုတွေ့ရမှာပါ။
ကွန်းမန့်တွေက ကိုယ့် ဂုဏ်သိက္ခာဆိုတာလေးကို ထည့်တွက်ကြစေချင်ပါတယ်။
အဲဒီလိုပြောလို့ ပေါက်ဖေါ်ကြီးတို့ရဲ့ ပျော်စရာ ကွန်းမန့်တွေကို ဆိုလိုနေတာ မဟုတ်ပါဘူး။
ပျော်စရာကွန်းမန့်တွေက ရွာအတွက်လိုအပ်တယ်လို့ ထင်ပါတယ်။
တချို့ပို့စ်တွေမှာ ပို့စ်ထက် ကွန်းမန့်ကပိုကောင်းနေတာတွေ အများကြီးတွေ့ရလို့ပါ။
ဒါလေး အကြံပေးတာပါ။ ဆရာလုပ်တာမဟုတ်ပါဘူးခင်ဗျာ။
မိုးစက် ရဲ့ ကမာ္ဘခြားတဲ့ ချစ်သူ ပို့စ်လေးနဲ့ စလိုက်ချင်ပါတယ်ဗျာ။
ဆွံ့အ နားမကြားသူလေး တစ်ယောက်ရဲ့ ကြေကွဲစရာ တစ်ဖက်သတ် အသည်းကွဲ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မိုးစက် ဝန်ခံထားတာကတော့ ကိုယ်ပိုင်အတွေးမဟုတ်ပါဘူးတဲ့။ Different World ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ပါတဲ့။ ဘာသာပြန်တာ သိတ်မထူးချွန်လို့ ဇာတ်လမ်းကျောရိုးကိုယူပြီး ဇာတ်သိမ်းမှာ မူရင်းနဲ့ မတူအောင် အသည်းကွဲခိုင်းလိုက်တာပါတဲ့။ ကွန်းမန့်ပေးတဲ့ သူတစ်ယောက်ပြောသလို နည်းနည်းလေးများ ချဲ့ထွင်ပြီး ငြိကွက်ကလေးတွေ အားဖြည့်ရေးလိုက်ရင်ဖြင့် မြန်မာရုပ်ရှင်ဒါရိုက်တာတွေ မျက်စိကျသွားမယ့် ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်သွားနိုင်ပါတယ်ခင်ဗျာ။
မိုးစက်ရဲ့ အရေးအဖွဲ့လေးတစ်ခုကို ဖေါ်ပြပေးချင်ပါတယ်ခင်ဗျာ။
ကျွန်မက ချစ်သူရဲ့ဂီတသံကိုတောင် မခံစားနိုင်တဲ့သူပါ။ အဝေးကနေပဲ ချစ်ပါတော့မယ် ချစ်သူရယ်၊
ကျွန်မဆုံးဖြတ်ချက်က ပိုပြီးသေချာသွားပါပြီ။ ကျွန်မရဲ့ခံစားချက်ကို ဘယ်သူမှ မသိအောင် ကြိုးစားပြီးနေသွားပါ့မယ်၊
ကျွန်မရဲ့မေမေတောင်မသိအောင်လေ…။ ကျွန်မရဲ့ကမာ္ဘလေးကတော့ အမြဲတမ်း တိတ်ဆိတ်နေပါတယ်။ ဂီတသံတွေမရှိဘူး၊ ငှက်ကလေးတွေသီချင်းဆိုတဲ့အသံမရှိဘူး၊ လမ်းမပေါ်ကဆူညံတဲ့အသံတွေမရှိဘူး။
ဆရာမကြီး TTNU ပေးသွားတဲ့ ကွန်းမန့်လေး က မိုးစက် နဲ့ ထိုက်တန်ပါတဲ့ အကြောင်း။
TTNU says:
မိုးစက်လေး
မောင်ဂီပြောတဲ့အတိုင်းပဲ
သမီးမှာ
သိမ်းယူစွမ်းအား။
ပြုပြင်ပြောင်းယူစွမ်းအား။
ဉာဏ်သစ်စွမ်းအား။
ရှိတာမှန်ကြောင်း
အမေကြီးထောက်ခံသည်။
လင်းဝေ ရဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတကာအကူအညီများ
ပို့စ်လေးအကြောင်းဆက်ကြရအောင်ဗျာ။ ကိုလင်းဝေ ဟာ ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက မန်းဂဇက်မှာ
ဂျပန်အိုဒီအေ အကူအညီတွေ လာမယ့်အကြောင်း ဘယ်လို နေရာတွေမှာ တောင်းသင့်တဲ့ အကြောင်း
ဗီးရှင်းမြင့်မြင့် နဲ့ ကြိုတင် ရေးသားနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ အဲဒီအတွက် မှတ်မှတ်ရရ ကိုလင်းဝေကို လေးစားပါတယ်ဆိုတဲ့ အကြောင်း လူသိရှင်ကြား ပြောချင်ပါတယ်ဗျာ။ သို့သော် စိတ်မကောင်းဖြစ်စရာကတော့ မြန်မာဘက်က အဆင်သင့် မဖြစ်တာပါပဲ ခင်ဗျာ။
ဂျပန်ဘက်က အိုဒီအေနဲ့ ပတ်သက်တာတွေ ပြင်ဆင်လာပေမယ့် မြန်မာဘက်ကတော့ အိုဒီအေနဲ့ ပတ်သက်တဲ့ စာရင်းဇယား၊
ကိုယ်ဘက်က ဘာတွေ စတောင်းဆိုမယ်၊ အရင် အဟောင်းတွေ ဘာရှိတယ် စတာတွေ ဆွေးနွေးဖို့
အဆင်သင့်မဖြစ်ခဲ့ပါဘူးလို့ ဆိုပါတယ်။
ဆရာ ကိုသစ်မင်းတို့ ဆရာလေး အင်ဇာဂီတို့ ရေးပေးဘို့ အကြံပြုတောင်းဆိုသွားတာလေးကလည်း ဒီလိုပါခင်ဗျာ။
ပြောရရင် ဂျပန်ဘက် က METI ဆိုတဲ့ ဝန်ကြီးဌာနဟာ မြန်မာပြည်လိုဆိုရင် ကုန်သွယ်ရေးဝန်ကြီးဌာန၊
အမျိုးသားစီမံကိန်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန တွေ အားလုံးကို ဝန်ကြီးဌာန
တစ်ခုတည်း ဝန်ကြီးတစ်ယောက်တည်းက လုပ်ကိုင်ဆောင်ရွက်နေတာပါ။ ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊
ကုန်သွယ်မှု နဲ့ စက်မှုလုပ်ငန်းများ ရဲ့ ပမာဏ ကိုကြည့်ရင် ဘယ်လောက်ကြီးမယ်ဆိုတာ
သိသာမယ်ထင်ပါရဲ့။ မြန်မာပြည်နဲ့စာရင် အလုပ်တွေပိုများမှာပေါ့။ သို့သော် မြန်မာပြည်မှာတော့
ဝန်ကြီး သုံးယောက်ခန့်ထားတယ်ဗျ။ ( နောက်မှပဲ Clean Government အတွက်
Lean Government လုပ်သင့်ကြောင်းလေး လုပ်ပါဦးမယ်။ ဆရာသစ်မင်းနဲ့ ကိုအင်ဇာဂီ တို့ဖြစ်ဖြစ် ရေးသင့်ပါကြောင်း။)
ကဲ ကိုသစ်မင်းနဲ့ ကို ဂီဂီ ရေ။ ခင်ဗျားတို့ အတွက် ကိုလင်းဝေက အလုပ်အပ်ထားပြီဗျာ။ ရေးပေးကြပါဦးခင်ဗျာ။
ဟေးဟေး။ ပြည်တွင်းမှာ ကိုလင်းဝေလို စာရေးသူတစ်ယောက်ရှိတာ ကျွန်တော်တို့ မန်းဂဇက်အတွက် ဂုဏ်ယူမိပါကြောင်း
ပြောပါရစေခင်ဗျာ။
ရွာကို စိမ်းကားရက်စက်လှပါသော ကိုစိန်သော့ကြီးရဲ့ မလေးရှားသို့ တစ်ခါတစ်ခေါက် စီးရီးကြီးကတော့
အပိုင်း ၆ ကိုရောက်လာခဲ့ပါပြီ ခင်ဗျာ။ ဒီတစ်ခါတော့ ဂိမ်းဆိုင်မှာ မလေးငွေ ၂၀ဝ လျော်လိုက်ရလို့ လန့်သွားတာလေးနဲ့
စထားပါတယ်ခင်ဗျာ။ ကိုစိန်သော့ ပရိသတ်တွေ ဖတ်နိုင်ကြဘို့ပါ။
Kotun winlet ရဲ့ လူတစ်ယောက်အကြောင်း ကတော့ သူတစ်ခါရေးဘူးတဲ့ ဒေးဗစ်ချန်း ရဲ့ အဖေအကြောင်း
ပါခင်ဗျာ။ လက်ရှိတဲ့လူရေးတော့လည်း ဖတ်လို့ကောင်းသားဗျ။ အသက် ၄၅ နှစ်မှာ သမီး လေးယောက် သားငါးယောက်နဲ့ ဒါတောင်
နှစ်ယောက်က ဆုံးသွားလို့တဲ့။ Etone ရဲ့ ကွန်းမန့်မှာပါသလို ခြင်ပေါတဲ့ ရပ်ကွက်ပဲ ဖြစ်ရမယ်။ နာမည်လိုချင်ရင် သူတို့ရွာကို လာခဲ့ကြပါတဲ့။ ဗေဒင်ဆရာသွားမေးမနေနဲ့ဗျာ။ ကလေးမွေးပြီး ကင်ပွန်းတတ်ခါနီးရင် ရွှေမန်းတင်ဝင်းတို့ ရွာကိုသာ သွား။
နာမည်တစ်ခု ရစေရမယ်။
အလတ်ကောင် ကိုတော့ ရွာကလူတွေကပဲ ကင်ပွန်းတတ်ထားတယ် ကမ္မဋ္ဌာန်းတဲ့၊
ပြောလည်းပြောစရာပါ… ဒီကောင်က ပေါင်နဲ့ခြေသလုံးက တတန်းတည်းရယ်…သူ့ထက်အောက်ကကောင်ကိုတော့
ပင်လယ်ဓားပြတဲ့…ခင်ဗျားတို့များနာမည်ရချင်ရင် ကျုပ်တို့ရွာကိုလာခဲ့ နာမည်တစ်ခုတော့ရစေရမယ်…
အငယ်ဆုံးကိုတော့ မျက်ပြူးတဲ့ ..
ဒါပေမယ့် တစ်ဝက်တစ်ပျက်ကြီးနဲ့ ရပ်ချထားခဲ့ပြီး ခင်ဗျားတို့စိတ်ဝင်စားရင် ဆက်ရေးဦးမယ်တဲ့ဗျာ။ ကဲကိုထွန်းဝင်းလတ်ရေ။
ကျွန်တော်မျိုးကြီး ဘလက်ကတော့ ဖတ်ကောင်းနေတုန်း ရပ်ထားခဲ့တဲ့ ခင်ဗျားကို စိတ်ကုန်ပေမယ့် စိတ်ဝင်စားနေတော့
ဆက်ရေးဖို့ လက်တို့ ခဲ့ပါရစေဗျာ။
ကိုဖက်တီးရဲ့ ပန်းချီကားလေးတွေ ခံစားကြည့်ပါ (၁-၂-၃-၄) ကတော့ ပန်းချီကားလေးတွေကို
ဓါတ်ပုံရိုက်ပြီး ပို့စ်တင်ပေးထားတာပါ။ အရသာတစ်မျိုး ခံစားရပါတယ်။ ပန်းချီ ဝါသနာရှင်တွေ အကြိုက်တွေ့တဲ့ ပို့စ်ပါ။
သို့သော် ပန်းချီကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ ဖေါ်ပြပေးထားခြင်း မရှိပါဘူး။ ဒါကြောင့် ပန်းချီဆရာ
ဘယ်သူဆိုတာလေးကို မသိခဲ့ရပါဘူးခင်ဗျာ။
ကိုဆန်နီရဲ့ အမေ ကျွန်တော်သေရင် ဆိုတဲ့ ကဗျာလေးက မသေခင် အမေကိုမှာနေတဲ့
သားတစ်ယောက်ရဲ့ မှာတမ်းပါ ခင်ဗျာ။ ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်လိုက် ပြုံးလိုက် ခံစားမှုပေးခဲ့တဲ့ ကဗျာလေးပါ။
ခင်မင်ရင်းနှီးတဲ့ ကွန်းမန့်လေးတွေထဲက ကိုအောင်ပု နဲ့ သူကြီး ရဲ့ ကွန်းမန့်လေးကို ပြန်ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု says:
အိုမေမေ ကျွန်တော်သေရင်
ဖဲဝိုင်းထောင်ပြီး အကောက်ကောက်ပါ
ဟဲဟဲဟဲ အရဂါးနောက်ဒါ
( ကိုယ်သေရင်ပြုပေးပါဆိုတဲ့ အရေးလေး တွေးနေခြင်းသည်ကပင်လျှင်
ဥပါဒါန် ဖြစ်နေသည် ဆိုတာလေး သတိပြုကြစေခြင်ပါကြောင်း နှင့်
အနတ္တရှု့ခြင်းသည်သာလျှင် သင့်တော်မည်ထင်ပါကြောင်း (အထင်ပါ)
kai says:
ဒီစာတွေကို တီချယ်နုရဲ့ “ဤခရီး အတော်နီးလှပြီ ”
https://myanmargazette.net/85118/creative-writing
နဲ့တွဲဖတ်တော့.. ရသ-အရသာတမျိုးထွက်တယ်..။ လူသားဆိုတာ.. အချိန်မရွေးသေတတ်သေနိုင်တာကို..
လက်တို့သတိပေးလိုက်ကြသလိုဖြစ်တာပါ…။
ဤခရီး နီးပြီထင်ပြီး အဝေးကြီးဖြစ်နေသူတွေနဲ့.. ဝေးတယ်မှတ်ပြီး.. နီးနေနိုင်တဲ့အကြောင်းတွေပေါ့..။
ဆိုတော့…. နေ့တိုင်းနေ့တိုင်းကို.. နောက်ဆုံးနေ့တွေလို့..သဘောထား.. အကောင်းဆုံးလေးတွေလုပ်သွားကြဖို့..
တိုက်တွန်းသလိုဖြစ်တာမို့ပါ…။
တချို့က… ဘယ်တော့မှ မသေဘူးလေ..။ လူတွေလူတွေရဲ့..ရင်ထဲမှာပေါ့..။
ချမ်းချမ်း (ရွာသူလေး) ရဲ့ အွန်လိုင်းပေါ်က ဗုဒ္ဓဘာသာဝင်တစ်ချို့ ဆင်ခြင်ဖို့ ဆိုတာကတော့
တော်တော်ရှည်ရှည်ရေးထားတဲ့ ဘာသာရေး ပို့စ်တစ်ပုဒ်လို့ ယူဆရပါတယ်။
ကွန်းမန့်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ရမယ့် ပို့စ်ပါဗျာ။
Manawphyulay ရဲ့ Information System Development Trend ဟောပြောပွဲကျင်းမည်
ဆိုတာကတော့ ဟောပြောပွဲကျင်းပမယ့် သတင်းလေးပါခင်ဗျာ။
တီချာကြီး TTNU ရဲ့ ဆက်ပျံ့နေဦးမယ့် အတွေးစများ ပို့စ်လေးကတော့
ဆရာမကြီးရဲ့ အတွေးဝင်္ကဘာထဲကို လိုက်ပါစီးမျော ရမယ့်ပို့စ်လေးပါ။ ဆက်တိုက်လာနေတဲ့
အတွေးတွေကို ဖမ်းယူပြီးရေးထားတဲ့ ပို့စ်လေးပါခင်ဗျာ။
တွေးလို့ကောင်းမယ့် ကြောင်ကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်။
ကြောင်ကြီး says:
“အိမ် ပြန်စားချေ” ဆိုတဲ့ စကားလုံးလေးကို ဖတ်ပြီး အမှတ်မထင် အတွေးတခု ပေါ်မိတယ်
တူမချောလေးရှိတဲ့ အန်တီယောက္ခမလောင်း တီချယ်ကြီး။
သချာင်္မှာ ပိုင်းခြေ၊ ပိုင်းဝေ ဆိုတာ ရှိတယ် မဟုတ်လား။ ပိုင်းဝေက အပေါ်ကိန်း၊ ပိုင်းခြေက
အောက်ကိန်း စားခြေပေါ့။ စားခြေကြီးရင် ကြီးသလို ထွက်လာတဲ့ ရလဒ် သေးသွားတယ်။
အိမ်ပြန်တဲ့အခါ ကျနော်တို့ရဲ့ ရလဒ်အဖြေလည်း ကြီးမလား၊ သေးမလား အဖြေမသိသေးတဲ့
သချာင်္တပုဒ်တွက်သလို တွက်နေမိပါတယ်။
Kyaemon ရဲ့ ဒေါ်စု နဲ့ တရုတ်သံအမတ်တွေ့ဆုံ ဆိုတဲ့ ပို့စ်လေးကတော့ ဗိုလ်လိုရေးထားတဲ့ သတင်းလေးတစ်ပုဒ်ပါ။
Novy ရဲ့ ကျမနဲ့ တစ်နေ့တာ ပေါင်းတင်ခြင်း ပို့စ်လေးကိုတော့ ရွာသူရွာသားတွေ
အကြိုက်တွေ့ ခဲ့ကြပါတယ်ဗျာ။ အသက် ၃ဝလောက်ရှိတဲ့ အမျိုးသမီးတစ်ယောက် ဘော်ဒီပေါင်းတင်တဲ့ အတွေ့အကြုံလေးပါ။
ဟေးဟေး။ တွေးရင်း ဆီမာဆတ်ကို သတိရမိသေး ဟေးဟေး။ ပျော်စရာကွန်းမန့်လေးတွေနဲ့ ပြုံးစရာပို့စ်လေးပါဗျာ။
ပို့စ်တင်သူ novy ရဲ့ အသက်ကို ကျွန်ုပ်တို့ မန်းဂဇက်၏ ထောက်လှမ်းရေးဌာနမှ မစ္စတာ အင်ဇာဂီက အခုလို
ကွက်ရှင်ရှုထည့်လိုက်တာ ဖတ်ရပါတယ်ဗျာ။
inz@ghi says:
အင်း …… ၁၅ နှစ်လီလောက်ကိုတောင် ညီမလို့ ပြောထားတော့
အန်တီ နိုဗီ က အသက်အတော် ထောက်နေဘီပေါ့နော်……….
ခိခိ…
ဟိုတစ်နေ့က ကိုပေါက်ပွဲကို တက်လာသူတွေထဲမှာ မနိုဗီ လည်း ပါခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်ုပ်ဘလက်မှ ပွဲမတက်ခဲ့သော်လည်း ဆိုင်မှ စားပွဲထိုးလေးတစ်ယောက်ရိုက်ထားပေးသော ကင်မရာမှ ဓါတ်ပုံများကို ပြန်လည်စစ်ဆေးစဉ် တွေ့ ရှိခဲ့ရပါတယ်ဗျာ။ ရုပ်ရည်ကို ကြည့်ပြီး
အသက်ကို ခန့်မှန်းရမယ်ဆိုရင်တော့ ဂီဂီတို့ထက် ကြီးလှ တစ်နှစ်နှစ်နှစ်ပေါ့။ ထင်တာပြောပါတယ်။ အလကားနောက်ထှာ။
Manawphyulay ရဲ့ ဘလောဂ့် ဘာလဲ……… ဘယ်လဲ ဆိုတဲ့ ပို့စ်လေးက ခေါင်းစဉ်ပါအတိုင်း ဘလော့ဂ်တွေ အကြောင်း တင်ပြထားတာပါ။ ဒီလို ပို့စ်မျိုးလေးတွေကို မနောဖြူလေး အနေနဲ့ နည်းနည်းအားထည့်ပြီးရေးစေချင်ပါတယ်ဗျာ။ လောလောဆယ် ဂဇက်ရဲ့ ပွိုင့်အများဆုံးရထားသူတစ်ယောက်အနေနဲ့ ကိုယ့်အတွက်ကျန်မယ့် ပို့စ်လေးတွေကိုလည်း အားထည့်ပြီး ရေးစေချင်ပါတယ်လို့ အကြံပြုပါတယ်ခင်ဗျာ။ ထူးခြားတာလေးတစ်ခု ဖေါ်ပြပေးချင်ပါတယ်ဗျာ။
ဘလောဂ့်ဂါတွေဟာ သတင်းရေးရာမှာ သူတို့ရဲ့ အမည်မှန်ကို မဖော်ပြတဲ့အတွက် တကယ်လို့ သတင်းမှားတွေ ပေးခဲ့ရင်လည်း
သူတို့ကို ခြေရာခံနိုင်မှာ မဟုတ်ပါဘူး။ ထိုအဖြစ်တွေကြောင့် တချို့ ဘလောဂ့်ဂါတွေ မှားယွင်းတဲ့ ကောလဟလသတင်းတွေကို
ဖြန့်ဝေလာမိတဲ့အခါ ကျန်ဘလောဂ့်ဂါများကိုပါ ထိခိုက်နစ်နာစေမှု ဖြစ်ပွားနိုင်ပါတယ်။
အဲဒါလေးပါဗျာ။
ကိုရင်စည်သူရဲ့ အဘမင်းသိင်္ခ စီးရီးကြီးဖြစ်တဲ့ အသီးမှာသရက်၊ အရွက်မှာ လဘက်နှင့် ချက်သော ဝက်သားဟင်း
ပို့စ်လေးက မင်းသိင်္ခ ထုံးစံအတိုင်း ဖတ်လို့အင်မတန်ကောင်းပါတယ်ခင်ဗျာ။ ထုံးစံအတိုင်းပါပဲ ကိုပီတာကြီး
ပြောတဲ့ ပုံပြင်လေးကို ဖေါ်ပြပေးချင်ပါတယ်။
ကိုယ်ကြားဖူးတဲ့ ဟိန္ဒူပုံပြင်လေး တစ်ပုဒ် ပြောပြမယ်၊ တစ်ခါက နာရာဒ ဆိုတဲ့ လူတစ်ယောက်ရှိတယ်ဆိုပဲ၊ အဲဒီလူဟာ
ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ စကားပြောလို့ရတယ်တဲ့၊ တစ်နေ့မျာ နာရာဒဟာ တောအုပ်ကြီး တစ်ခုအတွင်းကို ဖြတ်ဝင်သွားတယ်၊ သစ်ပင်တစ်ပင် အောက်မှာ ယောဂီကြီးတစ်ဦး၊ ထိုင်နေတာကို တွေ့ရတယ်၊ သူ့ရဲ့အကျင့်က ထိုင်ပြီး ကျင့်ရတဲ့ အကျင့်ဖြစ်တယ်၊
အဲဒီယောဂီကြီးကို နာရာဒက “ဒီနေ့ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖိုရှိတယ် ဘာမှာဦးမလဲ”လို့ မေးလိုက်တယ်၊
အဲဒီတော့ ယောဂီကြီးက “ကျုပ် ဒီလို ထိုင်ပြီးကျင့်နေတာ အနှစ်လေးဆယ်ရှိပြီ၊ ဘယ်တော့ ကောင်းကင်ဘုံတံခါးကို
ဖွင့်ပေးမလဲလို့ မေးလိုက်စမ်းပါ” လို့ပြန်ပြီးပြောတယ်၊ အဲဒီမှာ နာရာဒက “ကောင်းပြီလေ မေးပေးပါမယ့်” ဆိုပြီး ထွက်သွားတယ်၊ တောနက်ထဲကို ရောက်တော့ ကောင်းကင်ကိုမော့ပြီး ယောဂီကြီးမေးတဲ့ စကားကို ကောင်းကင်ဘုံက
ပုဂ္ဂိုလ်တွေကို မေးပေးတယ်၊ အဲဒီမှာ ကောင်းကင်ဘုံက အသံတစ်သံ ကြားရတယ်၊ အဲဒီ ယောဂီထိုင်နေတဲ့ သစ်ပင်မှာရှိတဲ့
သစ်ရွက် အရေအတွက်ဟာ သူဖြည့်ကျင့်ဖို့ ကျန်တဲ့ ဘဝအရေ အတွက်ပဲ” လို့ပြန်ပြီးဖြေတယ်၊
အဲဒီအဖြေကို နာရာဒက ယောဂီကြီးထံပြန်လာပြီး ပြောပြတယ်၊ အဲဒီမှာ ယောဂီကြီးက အတော့်ကို ဒေါပွသွားတယ်၊
အခုလုပ်လာတာလည်း အနှစ်လေးဆယ်ရှိပြီ၊ ဒါကလည်း မပြီးသေးဘူး၊ နောက်လုပ်ရမယ့် ဟာတွေကလည်း နှစ်တွေမဟုတ်ဘူး၊
ဘဝတွေတဲ့၊ သစ်ရွက်အရေအတွက်လောက် လုပ်ရမယ်ဆိုတော့ သစ်ရွက်အရေအတွက်လည်း မနည်းဘူး သစ်ပင်ကလည်း
မကျည်းပင်ဆိုတော့ မလုပ်တော့ဘူး ပြန်မယ်” ဟု ဆိုပြီး ထပြီးပြန်သွားတယ်၊
အဲဒီအခါမှာ နာရာဒဟာ ရှေ့ဆက်ပြီး လျှောက်သွားတော့ သစ်ပင်တစ်ပင် အောက်မှာ ယောဂီလူငယ် တစ်ယောက်
ခုန်နေတာကို တွေ့ရတယ်၊ အဲဒီယောဂီလေးကို နာရာဒက ကောင်းကင်ကို ဘာမှာချင်သေးသလဲ သူဒီနေ့ ကောင်းကင်ဘုံက
ပုဂ္ဂိုလ်တွေနဲ့ စကားပြောစရာ ဂှိတယ်လို့ ပြောလိုက်တယ်၊ အဲဒီယောဂီလေး ကျင့်နေတဲ့ ကျင့်စဉ်က ခုန်ပြီးကျင့်တဲ့ ကျင့်စဉ်လို့ဆိုတယ်၊
ယောဂီလေးက “ကျုပ်ကတော့ ကျင့်နေတာပါပဲ၊ ကောင်းကင်ကို မေးပေးစေချင်တာကတော့ နောက်ထပ် ဘယ်လောက်ခုန်ရဦးမလဲ”
လို့ ပြန်ပြီး ပြောလိုက်တယ်၊
အဲဒီအခါမှာ နာရာဒက တောထဲကိုဝင်သွားပြန်တယ်၊ ကောင်းကင်ကို မော့ပြီးတော့ ယောဂီလေးအတွက် မေးပေးပြန်တယ်၊
ကောင်းကင်ဘုံ ကလည်းပြန်ပြီးဖြေတယ်၊ ဒီတောထဲမှာရှိတဲ့ မန်ကျည်းပင်တွေမှာ ရှိတဲ့ မန်ကျည်းရွက်လေး တစ်ရွက်ဟာ
ဘဝတစ်ခုပါ၊ အဲဒီဘဝတွေလောက် ခုန်ပြီးရင် တံခါးဖွင့်ပေးမယ်” လို့ပြန်ပြီးပြောတယ် အဲဒီတော့ နာရာဒဟာ ယောဂီလေးဆီပြန်လာပြီး အဲဒီအတိုင်း ပြန်ပြောတယ်၊ ယောဂီလေးဟာ နာရာဒရဲ့ စကားကိုကြားတာနဲ့ အတော့်ကို ပျော်သွားတယ်၊
ပြီးတော့ “တော်တာပဲ၊ အရင်တုန်းက ဘယ်လောက်ရမှန်း မသိဘဲလုပ်နေရတာ၊ အခုတော့ အရေအတွက်ကို သိရပြီး ဒီအချက်ဟာ အားရှိစရာ ကောင်းတဲ့အချက်ပဲ ဆက်ပြီး ခုန်မယ်” လို့ပြောပီး ပေါ့ပါးသွက်လက်တဲ့ စိတ်နဲ့ ခုန်လိုက်တယ်၊ အဲဒီအခါမှာပဲ
ကောင်းကင်ဘုံက ကောင်းချီးပေးသံ ကြားရတော့တယ်၊ တံခါးဖွင့်လိုက်ပါပြီးတဲ့၊
ဒီအချက်ကိုကြည့်ရင် ယောဂီအိုကြီးဟာ အတော့်ကို အကြောင့်အကျများတယ်၊ ဘယ်လောက်လုပ်ပြီးပြီ၊ ဘယ်လောက်ကျန်သေးလဲ၊
အဲဒီလောက် အများကြီးဆို ခက်တော့တာပဲ၊ ဘာညာပေါ့၊ ယောဂီလူငယ် လေးကတော့ အကြောင့်အကျ နည်းတယ်၊
အရေအတွက်ကို မေးမယ့်မေးတာပါ၊ သူ့သဘောထားကတော့ မပွင့်မချင်း၊ ခုန်မယ်ဆိုတဲ့ သဘောထားမျိုးရှိပြီး ဟန်တူပါတယ်၊ အဲဒီလိုလူမျိုးအတွက် ကောင်းကင်တံခါးဟာ အစဉ်သဖြင့် ပွင့်နေပါတယ်” ဟု ပြော၍ ကိုပီတာကြီးသည် သူ၏ပုံပြင်ကို
အဆုံးသတ်လိုက်ပြီးနောက် ထမင်းကို ဆက်၍စားနေလေ၏။
အစားအသောက်တွေကို စားချင်စဖွယ်ဖြစ်အောင်ရေးပြပြီး မှတ်သားစရာ ပုံပြင်လေးတစ်ပုဒ်အမြဲပြောပြတဲ့ပုံစံနဲ့ အဘမင်းသိင်္ခရဲ့
စာလေးတွေကို ကိုရင်စည်သူ က အပင်ပန်းခံ တင်ပြပေးနေတာ တန်ဘိုးရှိလှပါတဲ့ အကြောင်းနဲ့ ဒီပို့စ်မှာ ပါတဲ့ ဝက်သားဟင်း
ကို မန်းဂဇက်ကလုပ်တဲ့အလှူမှာ ချက်ကျွေးလျှင်ဖြင့် ကျွန်တော် က ထမင်းသုံးပန်းကန်လောက် စားမည့်အကြောင်း
ကြိုတင်ဘွတ်ကင်လုပ်ချင်ပါတယ်ခင်ဗျာ။
Uncle1974 ရဲ့ ဪ ဒုက္ခ ဆိုတဲ့ ပို့စ်လေးက သူကြီးရဲ့ sticky ပို့စ်လေးပါဗျာ။
စက်ဘီးနဲ့ သယ်သွားတဲ့ ကြက်တွေကို ဓါတ်ပုံလေးတစ်ပုံရိုက်ပြီး တင်ပြထားပါတယ်။ အဲဒီပုံနဲ့ ပတ်သက်ပြီး
အန်ကယ်ကြီးရဲ့ အတွေးလေးကိုလည်း ကျွန်တော်က ကြိုက်လို့ သဘောလည်းတူလို့ ဖေါ်ပြပေးချင်ပါတယ်ဗျာ။
ကျွန်တော်ကတော့ပုံမှာမြင်ရတဲ့ကြက်သယ်ယူနည်းတွေကိုကြည့်ပြီးအတွေးပွားမိပါတယ်
ဟိုးအရင်ကကြက်တွေကိုဒီလိုသယ်လို့မရပါဖူးအခုသယ်လို့ရနေပါတယ်
ဟိုးတုန်းကကြက်တွေကိုဒီလိုသယ်ရင်စည်ပင်ကအရေးယူတယ်လို့သိရပါတယ်
အခုစည်ပင်ကအလုပ်များနေလို့အရေးမယူနိုင်တော့ဖူးလို့တွေးမိပါတယ်
ဘာပြောပြောသတ်တာကသတ်တာပေါ့လေ
မသေခင်ညှင်းဆဲသလိုမဖြစ်အောင်သယ်ယူနိုင်ရင်မကောင်းဖူးလားလို့အတွေးပွားမိပါတယ်
ဘယ်သူတွေကများကြက်တွေရဲ့ဒီဒုက္ခကလွတ်အောင်ဆောင်ရွက်ပေးနိုင်ပါလိမ့်
သူကြီးရဲ့ ကွန်းမန့်လေးကိုလည်း ဖေါ်ပြပေးချင်သေးတယ်ဗျာ။
kai says:
အခုဓါတ်ပုံက… သတင်းဓါတ်ပုံအစစ်ပဲ..။
စေတီစွန်းလေးပါတာရယ်..။
လမ်းကြောမမြင်ရလောက်အောင် မှုန်နေ(ဒါမှမဟုတ်) မရှိသလောက်ရယ်..။
ဘယ်အကြောနဲ့.ဘယ်လိုမောင်းနေမှန်းမသိတဲ့.. ဘတ်စ်ရယ်..။ ဆိုင်ကယ်ရယ်..။
အိပ်တွေကိုအလွတ်ကြီးတင်ထားပြီးမောင်းနေတဲ့..ထရပ်ကားရယ်…။
ဆိုင်ကယ်ပေါ်ဖြစ်သလိုတင်ထားတဲ့..ကြက်တွေရယ်…။
–
သတ္တဝါတွေကို.. မသတ်ခင်ညှင်းပန်းနှိပ်စက်တာ မပြုရတာဟာ..ယဉ်ကျေးတဲ့..လူတွေရဲ့… ယဉ်ကျေးမှုပါ..။
ဒါကိုမြင်တဲ့.. ကလေးငယ်တွေမှာ.. စိတ်ကြမ်းတွေ..ကူးစက်နိုင်လို့လည်း ဖြစ်ပါတယ်…။
ဆိုတော့..
ဥပဒေလုပ်ထုံးတွေလိုနေသေးတယ်ထင်မ်ိပါတယ်..။
အောက်မှာ..နိုင်ငံကြီးတချို့… ဥပဒေတချို့ရဲ့.. လင်ခ်ပေးထားတယ်..။
ဥပဒေပြုသူတွေ.. အတုယူ..လုပ်နိုင်ဖို့ပါ..။
http://www.legislation.gov.uk/uksi/1995/731/contents/made
http://uscode.house.gov/download/pls/07C48.txt
သူကြီးပြောသလို သတင်းဓါတ်ပုံ အစစ် ဆိုတာကိုလည်း သင်ယူခွင့်ရခဲ့ပါတယ် အန်ကယ်ကြီးရေ။
ကွန်းမန့် ၂၄ ခုနဲ့ ဖတ်ကြရမယ့် အန်ကယ်ကြီးရဲ့ ပို့စ်ကောင်းလေးတစ်ခုပါဗျာ။
Mandalarthu ရဲ့ စွယ်တော်မြတ်လေးဆူ သမိုင်း နှင့် တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် ပို့စ်လေးကတော့
ဗုဒ္ဓနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်ရာ ရာဇဝင်လေးတွေ ပြန်ရေးပြထားတာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အခုတလော ကျွန်တော် အကြိုက်တွေ့မိနေပါသော ဆရာ
ကိုထွန်းဝင်းလတ်ရဲ့ ဆယ်စုနှစ်..တစ်ခုကျော်သို့…ကျနော့်အလွမ်း… ဆိုတဲ့ ပို့စ်လေးကလည်း
ဖတ်ရတာ အဆင်ပြေပြန်ပါတယ် ခင်ဗျာ။
သူ့အပြောအရဆိုလျှင် ကချင်ပြည်နယ်၏ မြို့တော်ဆိုတော့ မြစ်ကြီးနားမြို့ ဖြစ်မှာပါ။ အဲဒီမြို့လေးမှာ ကျောင်းတက်ခဲ့သော ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းအလွမ်းလို့ပဲ ပြောရမည်ထင်ပါသည်။
မိုက်တယ်ဗျာ။ ရန်ကုန်သားတွေ ရန်ကုန်တက္ကသိုလ်ကို လွမ်းကြတာ မဖတ်ချင်အဆုံး။ မန်းသားတွေ
မန်းတက္ကသိုလ်ကိုလွမ်းကြတာလည်း ဖတ်ဘူးကြတာပါပဲ။ မြစ်ကြီးနား (တက္ကသိုလ်လို့ထင်ပါတယ်ကိုထွန်းဝင်းလတ်ရေ)
သားတွေ ရဲ့ ကျောင်းသားဘဝ အလွမ်းလေးကို ဖတ်ရတာ ဒါပထမဆုံးပါဗျာ။
အမှန်တော့ ဒီမြို့လေးက ဒီကျောင်းတော်လေးမှာ လွမ်းစရာကောင်းသည့်အကွက် မရှိတာတော့
သေချာပါသည်။ သို့သော် ဘာကြောင့်မှန်းမသိ ကျနော်ဒီညမှာ လွမ်းမိတာတော့ အသေအချာပင်။
ကျနော့်မှတ်ဉာဏ်ထဲမှာ ပထမဆုံး သတိရမိသည်က ကျောင်းပေါက်ဝမှ ၂၅ကျပ်သာပေးရသော်လည်း
မနက်တိုင်းမှန်မှန် ဝယ်မစားနိုင်ခဲ့သော မုန်းဟင်းခါးဆိုင်လေးပင်။ ထို ၂၅ကျပ်တန်မုန့်ဟင်းခါးဆိုင်လေး
ကိုကျနော်လွမ်းပါသည်။ ဆေးလိပ်၊ ကွမ်းယာ၊ ချိုချဉ်၊ ပီကေများရောင်းသည့် မုန်းဟင်းခါးဆိုင်လေးဘေး
မှ နာနီး ( ကျနော်တို့က ဆိုင်ရှင်ကုလားမကြီးကိုခေါ်သော အမည် ) ဆိုင်က ကျားခုံလေးကို လွမ်းမိပါသည်။ ဝပ်ရှော့( လက်တွေ့)ချိန်တိုင်း သံလုံးကို လေးထောင့်ဖြစ်အောင် တိုက်စားရသော
တံစဉ်းပြားကြီးကိုလည်း လွမ်းမိပါသည်။ ကျနော်ပျင်းလျှင် အတန်းလစ်ကာ သွားသွားပြီးထိုင်ငေးတတ်
သော မြစ်ကမ်းနဘေးက ဘိလိယက်ခုံကြီးကိုလည်း ကျနော်လွမ်းပါသည်။ ( ယနေ့အထိ ကျနော်
ဘိလိယက်မထိုးတတ်သော်လည်း သူများတွေ ဘိလိယက်ထိုးတာကိုတော့ စိတ်ဝင်တစား ထိုင်ငေး
တတ်ပါသည်။ ) ကြက်မောက်သီးများပေါသော အချိန် ညပိုင်းများတွင် အဆောင်ရှေ့မှာ ဂစ်တာတီး ချင်ယောင်ဆောင်ပြီး ကြက်မောက်သီးခိုးစားခဲ့ရသည့် ဗန်းမော်သူများနေသည့် အဆောင်ရှေ့က
ကြက်မောက်ပင်ကြီးကိုလည်း လွမ်းမိပါသည်။ ( တစ်ညမှာတော့ အဆောင်ရှင်လိုက်၍ ပြေးခဲ့ရသေး၏။ ) ဟတ်တီးခေါ် ဖန်ခွက်သေးသေးလေးနှင့် အလင်းတန်းလ္ဘက်ရည်ဆိုင်မှ ပေါ့ဆိမ့်တစ်ခွက်ကို
လည်း လွမ်းမိပါသည်။ အချို့သော ညနေများတွင် ဆုတောင်းပြည့် ဘုရားမှာ စိတ်မမှန်သောလူကြီးနှင့်
ပေါက်တတ်ကရစကားတွေပြောရတာကိုလည်း လွမ်းမိပါသည်။ ( ထိုလူကြီးထံမှ ထူးထူးဆန်းဆန်း စကားများကို ကြားရတတ်ပါသည်။ )
ဆောင်းတွင်းမနက်စောစောမှာ ဘုရားရှိခိုးကျောင်းသို့ လိုက်ကူပေးခဲ့ရသော ကချင်သူငယ်ချင်း
လေးကိုလည်း လွမ်းမိပါသည်။ ( စာမေးပွဲဖြေခါနီးသော စာမရသောသူငယ်ချင်းက ဘုရားရှိခိုးကျောင်းသို့ ဆုတောင်းသွားခြင်းပါ။ )
မနက်တိုင်း အဆောင်ပိုင်ရှင်မိန်းမကြီးကသားဖြစ်သူကို နိုးသော “အာစလမ်း…အာစလမ်း..”ဟူသော အသံနှင့်အတူ “ ဂျေ…အာယား..အာယားး”ဟု
ထူးတတ်သော ကျနော့်ကိုခင်သော အစ္စလာမ်ဘာသာဝင် သူငယ်ချင်းကိုလည်းလွမ်းမိပါသည်။
( သူနဲ့ခင်ပြီးနောက် ကျနော်အမဲသားမစားတော့သည်မှာ ယနေ့အထိပါ။ )
ကျနော်နှင့်အတူ လက်တွေ့လုပ်ရန်ကျသော်လည်း ကျနော်တစ်ဦးတည်းကိုသာ ပုံအပ်ပြီး ပြန်ပြန်
သွားတတ်ကြသော သူငယ်ချင်းမလေးများကိုလည်း ကျနော်လွမ်းပါသည်။ကျနော့်ကို ကျောင်းအားရက်များတွင် သူနှင့်အတူ
အလုပ်ကူလုပ်ပေးရန်ခေါ်ကာ သူ့အပ်ထည်များ အဆင်ပြေလျှင် လ္ဘက်ရည်ဝယ်တိုက်တတ်သော ကျနော့်၏လက်တွေ့ဆရာကိုလည်းလွမ်းမိပါသည်။ပဲဖတ်ချဉ်ကောင်းသည်ဟု အကြောင်းပြကာ အိမ်မှငွေပို့သော လဆန်းရက်များတွင် အာမီရမ်သွားသွားသောက်ရသော ထောက်(၈)နား အရက်ဆိုင်လေးကိုလည်းလွမ်းမိပါသည်။ ပိုက်ဆံပြတ်တိုင်းမုန့်ဝယ်ကျွေးသလို
ပိုက်ဆံလည်းချေးပေးသော ကျနော်တို့မေဂျာက ကွင်း (queen) လေးကိုလည်းကျနော်လွမ်းပါသည်။
ကျောင်းတွင်းဘော့လုံးပြိုင်ပွဲတွင် ကျနော့်အား အဝါကတ်ပြသော ဘော့လုံးဒိုင်လူကြီးနှင့် ဗိုလ်လုပွဲမှာ
ကျနော့်အားပန်းစည်းဆက်ခဲ့သော စီနီယာ မမကိုလည်း လွမ်းမိပါသည်။မုတ်ဆိ်တ်မွှေး နှုတ်ခမ်းမွှေး ဗရပျစ်နှင့်
ကွမ်းတဖွတ်ဖွတ်ဝါးသော အဆောင်ပိုင်ရှင် မာမူကြီးကိုလည်းလွမ်းမိပါသည်။
(သူကကျနော့်ကို အသားဖြူစပ်စပ်နှင့် တစ်ဆောင်လုံးမှာ ပြောရခက်ဆုံးကောင်ဟုမှတ်ချက်ပေးပါသည်။)
ဗလမင်းထင်တံတားဖွင့်ပွဲမှာ မနက်အစောကြီး ကျနော့်ကိုလာနှိုးကာကျနော်မလိုက်ချင်ဟုဆိုသဖြင့် စိတ်ဆိုးပြန်သွားကြသော သူငယ်ချင်းများကိုလွမ်းမိပါသည်။ကျနော်အစသန်သဖြင့် ငိုယိုသွားရသော
အတန်းထဲမှ ရိုးဝမ်း ( အဆင့်တစ်) သူငယ်ချင်းမလေး ကိုလည်းလွမ်းမိပါသည်။ တန်ဆောင်တိုင်ညမှာ မအိပ်ကြကြေးဟုဆိုကာ တစ်ညလုံးစက်ဘီး လျှောက်စီးကာ မနက်၂နာရီထိုး အဆောင်ရှင်က တံခါးမဖွင့်ပေးသဖြင့် ရေတမာပင်အောက် အုတ်ခုံ ဝိုင်းလေးမှာ တစ်ညလုံးမိုးလင်းခဲ့ရသည် ဆေးပေါင်းခသောညကိုလည်း လွမ်းမိပါသည်။၁ဝရက်ကျော်ကျော် အိပ်ရေးပျက်ခံပြီး
အဆောင်မှ အဝတ်အစားများကို ခိုးသော သူခိုးလေးကိုဖမ်းမိသော ညကိုလည်း သတိတရလွမ်းနေမိ၏။
( သူခိုးလေးမှာ အသက် ၁၂နှစ်ခန့်သာရှိပါလိမ့်ဦးမည်။ )ကျနော်ရေးပေးသောရည်းစားစာနှင့် အဆင်ပြေသွား၍
ရွှေတောင်တန်းခေါက်ဆွဲဆိုင်တွင်အဝစားစေသော ဟိုပင်မြို့သားသူငယ်ချင်းအားလည်း လွမ်းမိပါသည်။
(ဒီအချိန်လောက်ဆိုဒီကောင် ကလေး သုံးယောက်လောက်တော့ရနေလောက်ပေပြီ။ ) သူတို့မေဂျာဘော့လုံးအသင်း
ကျနော်တို့မေဂျာဘော့လုံးအသင်းကို ရှုံးသဖြင့် ကျနော့်အားလာရန်တွေ့သော ကချင်တိုင်းရင်သူသူငယ်ချင်းမလေးအားလည်း လွမ်းးမိပါသည်။
ညအချိန်ပျင်းလျှင် စက်ဘီးတစ်စင်းဖြင့် တာရိုးလမ်းပေါ်မှာ
သီချင်းအော်ဆိုခဲ့ရသော ညများကိုလည်း မေ့မရပဲ လွမ်းမိပါသည်။ ထမင်းလခမှန်မှန်မပေးသော်လည်း ကျနော့်အား
ထမင်းမှန်မှန်ကျွေးပေးသော ထမင်းဆိုင်ပိုင်ရှင် အန်တီကြီးကိုလည်းကျနော်လွမ်းပါသည်။ သုံးနှစ်သုံးမိုး ပညာဆည်းပူးပြီး
ကျောင်းတော်ကြီးက ထွက်ခွာလာချိန်မှာမြို့လေးနှင့်အတူ လက်ပြကျန်ရစ်ခဲ့သော မုံရွာမြို့သားကျနော့်ဆရားအားလည်းလွမ်းမိပါသည်။
ဒါတွေကတော့ ဒီညကျနော့်အတွေးထဲဝင်ရောက်လာသော တောင်စဉ်ရေမရအလွမ်းများပင်..။ဘာပဲဖြစ်ဖြစ် ကျနော်လွမ်းနေမိပါသည်…။
ဖတ်ကြည့်ကြပါဗျာ။
Whowho ရဲ့ အဓိပ္ပါယ်ကိုယ်စီ ကြာပန်းများဆီသို့ ဆိုတဲ့ပို့စ်လေးကတော့ ထုံးစံအတိုင်း တရားပြဆောင်းပါးလေးပါခင်ဗျာ။
Naung ရဲ့ မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည် ပို့စ်လေးကတော့
မြန်မာတိုင်း ဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်ကို ပြန်ရှယ်ပေးထားခြင်းဖြစ်ပါသည်။
လွန်ခဲ့သည့် ၂၃ နှစ် (၁၉၈၈)ခုနှစ် အတွင်း ‘ဆရာဝန် တစ်ဦး’ ကလောင်အမည်ခံသူတစ်ဦး ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင်ဖြစ်ပါသည်။
လို့ဖေါ်ပြထားပါတယ်ဗျာ။ ကွန်းမန့်တွေကိုပါ ဖေါ်ပြပေးချင်ပေမယ့် ရှည်လွန်းနေတာကြောင့် ကိုယ်တိုင်ဖတ်ကြည့်ကြပါဗျာ။
ကိုနေဝန်းနီ ရဲ့ ခွေးစကားမပြောနဲ့ ဆိုတဲ့ ပို့စ်လေးကတော့
“စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ”
ဆိုတဲ့ အဆိုတစ်ခုကို တင်းတင်းမာမာ ဆန့်ကျင်ကြောင်း ရေးထားတဲ့ ပို့စ်လေးပါ။
ကိုနေဝန်းနီကို ထောက်ခံကြတဲ့ ကွန်းမန့်တွေ က စည်ကားလွန်းလို့ ၅၃ ခုတောင်ဖြစ်သွားပါတယ်ဗျာ။
ကွန်းမန့်တွေကလည်းဖတ်ကြည့်ချင်စရာလေးတွေချည်းပဲ ဆိုတော့ ကိုယ်တိုင်ဖတ်ကြည့်ကြပါဗျာ။
လူချစ်လူခင်ပေါများသော ကိုရင်စည်သူရဲ့ ကိုရင်နှင့် ဖီလိုဆိုဖီနိုင်ငံရေးဝါဒီ ဆိုတဲ့
ပို့စ်လေးကတော့ ကိုရင်စည်သူက သူ့တပည့် ဖြစ်ဘူးသူလေးတစ်ယောက်ကို ပြန်ပြောပြထားတဲ့ နိုင်ငံရေးအကြောင်းလေးတွေဖြစ်ပါတယ်။
၁။ ဆိုရှယ်လစ်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ တစ်ကောင်ကို အစိုးရကယူပြီး မင်းရဲ့ အိမ်နီးချင်းတွေကို ပေးလိုက်တယ်။
၂။ ကွန်မြူနစ်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ နှစ်ကောင်စလုံးကို အစိုးရက သိမ်းယူလိုက်ပြီး မင်းကို နွားနို့ဝေပေးတယ်။
၃။ ဖက်ဆစ်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ နှစ်ကောင်စလုံးကို အစိုးရကသိမ်းယူပြီး မင်းကို နွားနို့ ရောင်းစားတယ်။ အဲ့ဒါတောင် မင်းမှာ အလုံအလောက်မရဘူး။
၄။ အရင်းရှင်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ တစ်ကောင်ကို ရောင်းပြီး နွားထီးတစ်ကောင်ကို ပြန်ဝယ်တယ်။ မျိုးစပ်ပြီး နွားအုပ်တွေ အများကြီးဖြစ်လာအောင် လုပ်တယ်။ မျိုးစပ်နည်းကို အိမ်ဘေးက လူသိသွားမှာစိုးလို့ မှတ်ပုံတင်ထားလိုက်တယ်။
၅။ ဒီမိုကရေစီဝါဒ – မင်းမှာနွားနှစ်ကောင်ရှိတယ်။ နှစ်ကောင်စလုံးကို အစိုးရကသိမ်းယူလိုက်ပြီး မင်းနဲ့ မင်းအိမ်နီးချင်းတွေကို
ဒီနွားနှစ်ကောင်ကို ရောင်းမလား၊ သတ်စားမလား၊ နွားနို့ထုတ်မလား၊ မျိုးစပ်မလား မှတ်ပုံတင်မလား မေးတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ
မင်းနဲ့ မင်းအိမ်နီးချင်တွေ အများစုတောင်းဆိုတဲ့ ဘက်က နိုင်ရင် မင်းဆီက ရတဲ့နွားနဲ့ ပတ်သက်တဲ့ ရသမျှ အကျိုးကို မင်းနဲ့ မင်းအိမ်နီးချင်တွေကို ပြန်ဝေမျှပေးတယ်။
နိုင်ငံတစ်ခုမှာ နိုင်ငံရေးစနစ်တစ်ခု အခြေကျဖို့၊ အကျိုးဖြစ်ထွန်းဖို့ဆိုတာတော့ အချိန်နှင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ
ရင်းနှီးပစ်လိုက်ရတာတွေ ရှိတယ်။ တချို့နိုင်ငံတွေဟာ စနစ်နှစ်ခု သုံးခုကို မယားကြီး မယားငယ်လို ပေါင်းစပ်ပြီး ကျင့်သုံးကျတယ်။
ဥပမာ – မင်းဟာ ဒီမိုကရေစီကို လူသိရှင်ကြားသိတဲ့ မယားကြီးလုပ်ထားပေမယ့် ကွန်မြူနစ်ဝါဒ (သို့) အရင်းရှင်ဝါဒ ကို လည်း
လက်မလွှတ်သေးဘဲ မယားငယ်အဖြစ် ဆက်လက် ဆွဲကိုင်ထားရှိကြတယ်။ သဘောက မင်းဟာ လူရှေ့သူရှေ့ ပွဲလမ်းသဘင်သွားရင်
မယားကြီးကို လက်တွဲပြီး ပွဲထုတ်မယ်။ မင်းစိတ်ထဲမှာ တချိန်လုံး ချစ်ကြိုက်ပြီး စိတ်ထဲလက်ခံထားတာက မယားငယ်ကိုပဲ… ဒီသဘောပါပဲကွာ။
အဲဒါကတော့ ကိုရင်စည်သူ ရဲ့ နိုင်ငံရေးအမြင်လေးတွေပါခင်ဗျာ။ ကိုရင်က သူ့ကြောင့် ဆရာကြီးမင်းသိင်္ခ သိက္ခာကျမှာလည်း
စိုးရိမ်ဟန်ရှိပါတယ်။ ကိုရင်ရေ ခင်ဗျားက လူချစ်လူခင်ပေါတဲ့ ရွာသားတစ်ယောက်ပါဗျ။ ခင်ဗျားလည်း အတွေးတွေ မလွဲစေချင်ဘူးဗျာ။
အဲဒီတော့ ကျွန်တော်ကလည်း ခင်ဗျားကို ပွင့်ပွင့်လင်းလင်း ပြောရရင် ဆရာကြီးတစ်ဆူဖြစ်တာ မဖြစ်တာ ထားလိုက်ပါ။
အဘမင်းသိင်္ခတပည့်ထဲမှာ ခင်ဗျားကို အလေးစားဆုံးဆိုတာလေးတော့ ပြောချင်တယ်ဗျာ။ အဲဒါ…..။
ကိုရင်စည်သူ ရဲ့ အဘမင်းသိင်္ခ စီးရီး နောက်ပို့စ်တစ်ခုကတော့ သီးစုံကုလားပဲဟင်းနှင့် ငရုတ်သီးဆားထောင်း ဆိုတဲ့
ပို့စ်လေးပါ ခင်ဗျာ။ ဒီပို့စ်မှာလည်း ကိုပီတာကြီးက မှတ်သားစရာ ပုံပြင်လေးတစ်ပုဒ်ပြောပြပြန်ပါတယ်ခင်ဗျာ။
“တစ်ခါက အလက်ဇင်းဒါသဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်ကြီး တစ်ဦးရှိခဲ့ဖူးတယ်၊ တစ်နေ့မှာ သူဟာ မြတ်ဆိပ်တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်းနဖူး သဲပြင်ပေါ်မှာ အဝတ်အစား ဗလာကျင်းတုံးလုံးလှဲ အိပ်နေပြီး နေဆာလှုံနေတဲ့ ဒိုင်အိုဂျင်ဆိုတဲ့ သူတောင်းစားတစ်ဦးကို မြင်တွေ့ရတယ်၊ အဲဒီစစ်သူရဲကောင်းကြီးကလည်း အဲဒီသူတောင်းစား ဒိုင်အိုဂျင်ကိုု သိပါတယ်၊ အဲဒီဒိုင်အိုဂျင်ဟာ ကိုယ်လုံးကိုယ်ပေါက် အလွန်လှတယ်၊ မျက်နှာကလည်း ဥပဓိရုပ်ကောင်းတယ်၊
အဲဒီတော့ အလတ်ဇင်းဒါး သဂရိတ်က “ အို.. ဆရာသမား ကျုပ်ဘာများ ခင်ဗျားအတွက် လုပ်ပေးရမလဲ”
လို့ ရိသဲ့သဲ့စကားမျိုးနဲ့ မေးလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုင်ဂျင်က “အလက်ဇင်းဒါး သဂရိတ်ဆိုတဲ့လူကို ပြောချင် တာကတော့ ဘာမှလုပ်မပေးပါနဲ့၊ ဒီနားက နည်းနည်းဖယ်ပေးစမ်းပါ၊ နေဆာလှုံနေတာ အရိပ်ကွယ်လို့ပါ၊ ဒီ့အ ပြင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး” လို့ ပြန်ပြောလိုက်တယ်၊ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က နေရိပ်မ ကွယ်အောင် နေရာဖယ်ပေးလိုက်တယ်၊
အဲဒီအခါမှာ ဒိုင်အိုဂျင်က “တလောတုန်းက တပ်တွေပြင်နေတာကို ကျုပ်တွေ့ရတယ်၊ အဲဒါ ဘာလုပ်မလို့လဲ” လို့မေးလိုက်တယ်၊ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က “တခြားမ ဟုတ်ပါဘူး ဒိုင်အိုဂျင်ရယ်၊ အိနိ္ဒယကို တိုက်မလို့ အိနိ္ဒယကိုတိုက်လို့ နိုင်ပြီဆိုရင် ကမ္ဘာတစ်ခုလုံးကို နိုင်တာနဲ့၊ အတူတူပဲ” လို့ ပြန်ပြီးပြောလိုက်တယ်၊ အဲဒီအခါမှာ ဒိုင်အိုဂျင်က “အိနိ္ဒယကို နိုင်ပြီပဲ ထားပါတော့၊ ဘာလုပ်ဦးမလဲ” လို့မေးတော့ အလက်ဇင်းဒါး သဂရိတ်က “ အိနိ္ဒယကို အောင်နိုင်ပြီးရင်တော့ ကျုပ် အနားယူမှာပေါ့” လို့ ပြန်ပြီးဖြေလိုက်တယ်၊
အဲဒီအခါမှာ ဒိုင်အိုဂျင်က ဟတ်ဟတ်ပက်ပက် ရယ်လိုက်တယ်၊ “ခင်ဗျားက အရူးပဲ၊ အနားယူဖို့ ကိစ္စမှာ အိနိ္ဒယကို အောင်နိုင်ဖို့ဆိုတဲ့ အကြောင်းမပါဘူး၊ ဘယ်သူမဆို အနားယူခွင့်ရှိတယ်၊ အိနိ္ဒယကို အောင်နိုင်မှ အနားယူရမယ်လို့ ခင်ဗျားကို ဘယ်လိုဆရာသမားမျိုးက သင်ပေးလို့လဲဗျာ၊ ဒီမှာကြည့်စမ်း၊ ခု.. ကျုပ်အနားယူနေပြီ အိနိ္ဒယကိုလည် မအောင်နိုင်ပါဘူးဗျာ လွတ်လွတ်လပ်လပ် အနားယူခွင့် ကျုပ်မှာရှိနေပြီ၊ ခင်ဗျားနားရမယ့် အချိန်ဟာ ဒီအချိန်ပဲ၊ အိနိ္ဒယကို အောင်နိုင်ပြီးမှာ နားရမယ်ဆိုရင်တော့ ခင်ဗျားနားရမှာ မဟုတ်ဘူး၊ အိနိ္ဒယကို အောင်နိုင်ပြီးလည်း တခြားအောင်နိုင်စရာတွေကို ခင်ဗျား လုပ်ရဦးမယ်၊ ဘယ်တော့မှ နားရမယ့် လူစားမျိုးမဟုတ်ဘူး သေရင်လည်း၊ အိမ်မှာသေရမယ့် လူစားမျိုးမဟုတ်ဘူး၊ အဲဒီလိုပဲ စစ်ချီရင်း လမ်းမှာ သေရမှာပဲ” လို့ ပယ်ပယ်နယ်နယ်ကြီး ပြောချလိုက်တယ်၊
“ခင်ဗျားလုပ်ရတဲ့ အလုပ်တွေ မပြီးခင်မှာဘဲ ခင်ဗျား၊ သေမှာ၊ ကျုပ်ပြောတာ မယုံစောင့်ကြည့်” လို့ ဒိုင်အိုဂျင်က ဆက်ပြီးပြောလိုက်တယ်၊ အဲဒီတော့ အလက်ဇင်းဒါး သဂရိတ်က “ဒိုင်အို ဂျင်းပြောတာ ကျုပ်မှတ်ထားပါ့မယ်၊ ဒီလိုပြောပြတဲ့ အတွက် ကျေးဇူးလည်း တင်ပါတယ်၊ ဒါပေမဲ့ ခုတော့ အိနိ္ဒယကို အောင်နိုင်ဖို့ သွားရဦးမယ်ဗျို့” လို့ ပြောပြီး ထွက်သွားတယ်၊ အမှန်တကယ်ပဲ အလက်ဇင်းဒါး သဂရိတ်က လမ်းမှာပဲဆုံးသွားတယ်။ အိမ်က ိုပြန်မရောက်တော့ဘူး၊
အလက်ဇင်းဒါးသဂရိတ် သေဆုံးတဲ့နေ့မှာပဲ ဒိုင်အိုဂျင်လည်း သေဆုံးသွားပါတယ်၊ သူတို့နှစ်ဦးဟာ သေလွန်ပြီးတဲ့ နောက်ပိုင်း တမလွန်ဘဝမှာ ပြန်ပြီးတွေ့ကြတယ်၊ အဲဒီအခါမှာ အလက်ဇင်းဒါး သဂရိတ်က ရှက်ကိုးရှက်ကန်းနဲ့ “ဟော..စစ်သူရဲကောင်းနဲ့ သူတောင်းစား တစ်ဦးပြန်ပြီးဆုံ ကြပြန်ပြီ” လို့ ပြောလိုက်တယ်၊ အဲဒီအခါမှာ ဒိုင်အိုဂျင်က “ပြန်ပြီးဆုံတာတော့ မှန်တယ်ဗျို့ ဒါပေမဲ့ ခင်ဗျားရဲ့ တွေးထင်ချက်တွေဟာ လွဲနေတယ်၊ ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်ဟာ ဘယ်သူဟာ သူတောင်းစား၊ ဘယ်သူဟာ ဧကရာဇ် ဖြစ်တယ်ဆိုတာ ခင်ဗျား သဲသဲကွဲကွဲ သဘောပေါက်ပုံမရဘူး၊
ကျုပ်ဟာ လွတ်လပ်တယ်၊ ပြီးတော့ ကျုပ်ဘဝကို ကျုပ်ကျေနပ်တယ်၊ အပြည့်အဝ အသက်ရှင်တယ်၊ ခင်ဗျားဟာ ဒီလိုမဟုတ်ဘူး၊ အောင်နိုင်မှုတွေ အတွက်ကြိုးစားရင်း ခင်ဗျားဘဝကို ခင်ဗျားမကျေနပ်ဘူး အဲဒီတော့ ခင်ဗျားဟာ အစဉ်သဖြင့် လိုအပ်မှုတွေနဲ့ ပြည့်လျှမ်းနေတယ်၊ ကျုပ်ဟာ ဘာမှမလိုအပ်ဘူး၊ ဒါကြောင့် ကျုပ်ဟာ ူသူတောင်းစား မဖြစ်နိုင်ဘူး၊ ဖြစ်ချင်းဖြစ်ရင် ဟဲ.. ဟဲ.. မပြောတော့ပါဘူးလေ” လို့ ပြန်ပြီး ပြောလိုက်တယ်.. ” ဟု ဆိုကာ ကိုပီတာသည် သူ၏ပုံပြင်ကို ရပ်လိုက်၏။
ကိုပီတာကြီးပြောပြတဲ့ ပုံပြင်လေးကပေးတဲ့ ဘဝအမြင်လေးတွေကိုဖတ်ရင်း အဘမင်းသိင်္ခချက်ကျွေးတဲ့ ထမင်းဟင်းတွေကိုပါ
သရေကျရအောင် ဖတ်ရမယ့် ပို့စ်လေးပါဗျာ။
အဂ္ဂမဟာသရေစည်သူ၊အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ KING ရဲ့ လူတော်တို ့၏ ယေဘုယျ လက္ခဏာများ
ဆိုတဲ့ ပို့စ်လေးအကြောင်းပြောချင်ပါတယ်ဗျာ။ မပြောခင် ကလောင်နာမည်ကိုတော့ ကျေးဇူးပြုပြီး တိုတိုတုတ်တုတ် လုပ်ပါလို့
တောင်းဆိုပါရစေ ကိုကင်းရေ။ ကျွန်တော့်မှာ အခက်အခဲနည်းနည်းရှိပါတယ်လို့ ကြော်ငြာလေးထိုးချင်ပါတယ်ဗျာ။
ကိုကင်းက လူတော်တွေရဲ့အားသာချက် နဲ့ အားနည်းချက်တွေကို ပြောပြသွားတာပါ။ အရင်ဆုံး အားသာချက်တွေကို အရင်ပြောပါတယ်ခင်ဗျာ။
၁။ လူတော်တွေက ဉာဏ်ရည်မြင့်မားကြတယ်
(ဒါကတော့ သိပ်ပြောစရာတော့ မလိုဘူးထင်ပါ့ …. လူတော်ဆိုမှတော့ ဉာဏ်ရည်မြင့်ပြီပေါ့လို့ ဆင်ခြေတက်လာရင်လည်း တက်ပေါ့ဗျာ)
၂။ ရည်မှန်းချက်ကြီးမားတယ် (မဟုတ်တဲ့ ရည်ရွယ်ချက်တွေလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့ဗျာ)
၃။ ရည်မှန်းချက်ကို ပေါက်မြောက်အောင် အကောင်အထည်ဖော်နိုင်သည့် စွမ်းပကား ရှိကြတယ် (ရည်မှန်းချက်ကြီးကြီး ထားတတ်တဲ့သူဆိုတော့ ကိုယ့်ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုတာ အထူးပြောစရာတော့ မလိုလောက်ဘူးထင်ပါတယ်နော့်)
၄။ ဇွဲ၊ လုံ့လ၊ ဝိရိယ ကြီးမားသည်တဲ့ (ဒါကြောင့်လည်း လူတော်ဖြစ်တာပေါ့ဗျ … ဟုတ်တယ်ဟုတ်)
၅။ ထူးချွန် ထက်မြက်သည်တဲ့
ပြီးတော့မှ လူတော်တွေရဲ့ အားနည်းချက်ကို ပြောပြန်ပါတယ်ခင်ဗျာ။
၁။ တစ်ကိုယ်ကောင်းဆန်တတ်သည် … (အိမ်မှာ ကလေး ၃ ယောက်ရှိတယ်ဆိုပါစို့ တစ်ယောက်က စာတော်တဲ့
ကလေးဆိုရင် မိဘကလည်း အိမ်အလုပ် မလုပ်ခိုင်းဘူး ကျောင်းက ဆရာမကလည်း ကလေးကို ထူးချွန်စာမေးပွဲဖြေဖို့ စာပဲ လုပ်ခိုင်းနေမယ် ကျန်တဲ့ကလေးတွေကတော့ ကျောင်းလုပ်ငန်းတွေရော/ အိမ်လုပ်ငန်းတွေရော အကုန်လုပ်ရတာပေါ့ … ကြာလာတော့ ကလေးက
သူဘာမှမလုပ်ရဘဲ အားလုံးအဆင်အသင့်နဲ့ ကြီးပြင်းလာတော့ တစ်ကိုယ်ကောင်း ဆန်တတ် လာမယ်ဆိုတာတော့ ငြင်းလို့
မရနိုင်တဲ့ အချက်တစ်ချက်ပေါ့ဗျ)
၂။ မိမိကိုယ်ကို အထင်ကြီးသည် .. (အရာရာမှာ ထိပ်ဖြစ်နေတော့ ကျန်တဲ့သူတွေကို ငါ့လောက် မတော်ဘူး မတတ်ဘူး
စိတ်ထားဝင်လာပါလေရော … ဟုတ်တယ်ဟုတ်)
၃။ စည်းကမ်းလိုက်နာမှု အားနည်းတတ်သည် … (လူတော်ဆိုတဲ့ အခွင့်အရေးနဲ့အတူ အခွင့်အရေးတွေ ယူတတ်သလို
လူတော်ဆိုတော့ စည်းကမ်းတွေ စည်းမျဉ်းတွေကို လက်တစ်လုံးခြား လှည့်စားဖို့ စမ်းသပ်ကြပြန်ရော … တစ်ခါတစ်လေ
ကြာဖူးပါတယ် ဟတ်ကာတွေပေါ့ သူတို့ရဲ့ ပညာကို စမ်းသပ်တဲ့အနေနဲ့ ဟိုဟတ် ဒီဟတ် ဟိုဖောက် ဒီဖောက်နဲ့ပေါ့ဗျာ)
၄။ ပရဟိတ စိတ်ထား အားနည်းတတ်သည် … (ငယ်ငယ်ကတည်းက သူများတွေက သူတို့တွေကို ပံ့ပိုးလာတော့ သူတို့တွေက
သူများကို ပံ့ပိုးပေးဖို့ဆိုတဲ့ စိတ်ထား အားနည်တတ်လာတယ်ဗျ .. အကျယ်တော့ မရေးတော့ပါဘူးလေ)
ကိုကင်းရဲ့ လူတော်တွေရဲ့ ကောင်းတာရော မကောင်းတာရော အချက်အလက်တွေကို ရေးပြသွားတဲ့ ပို့စ်လေးပါဗျာ။ ဖတ်ကြည့်ကြဘို့ပါ။
ကိုဖက်တီး ရဲ့ စီးပွားရေးဆိုတာ.. သူများမလုပ်သေးတာ တီထွင်နိုင်မှတဲ့လား
ဆိုတဲ့ပို့စ်လေးကတော့ စီးပွားရေးလုပ်ကွက်လေးတစ်ခုကို ဓါတ်ပုံလေးတွေနဲ့ဖေါ်ပြထားတာပါ။
ဒီခေတ်ကြီးဟာ နေရာတကာပြိုင်နေကြရတဲ့ခေတ်ကြီးပါ …။
ကဲ .. လူငယ်လေးတွေစုပြီး လူငယ်စုံတွဲတွေ အေးအေးဆေးဆေးနားထောင်နိုင်တဲ့
Music သရေတာ တခုတီထွင်ထားပါတယ်။ Music ဝါသနာပါကြတာသိတော့
အရသာအပြည့်အဝရအောင် ဖန်တီးထားပြီး အအေးခန်းထဲမှာ ငြိမ့်နေအောင်နားထောင်နိုင်ကြမှာပါ။
ပြီးတော့ ကျန်တာတွေဘာပါသေးလဲတော့မသိပါဘူး ..။
တီထွင်မှုကတော့ချီးကျူးစရာပါ ….။
လူငယ်တွေတင်မက လူကြီးတွေကြိုက်ကုန်မှာလဲစိုးရပါတယ် …။
အမှန်ကတော့ ရိုင်းရိုင်းပြောရရင် ယဉ်ကျေးတဲ့ စုံတွဲတွေအတွက် အခန်းငှားစားတာပါဗျာ။
မပွင့်လင်းသေးသော သူများပေါ့ခင်ဗျာ။ ပွင့်လင်းပြီးသူများကလည်း ဟော်တယ်တို့ တည်းခိုခန်းတို့ သွားကြတယ်ပေါ့။
ပန်းခြံလူမြင်ကွင်းကြီးမှာ မဟုတ်တရုတ်လုပ်နေတာထက်စာရင်တော့ ဒီနေရာလေးတွေရှိတာက ပိုကောင်းတယ်ပြောရမလား။
မိန်းကလေးရှင်တွေ အတွက်တော့ အန္တရာယ်များလှတဲ့ နေရာတစ်ခုလို့ ပြောရမလား သိတော့ပါဘူးဗျာ။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါ။
Etone ရဲ့ အစားကျူးသူတို့ ရဲ့ အတ္တ ပို့စ်လေးကတော့ ဒီလိုပါဗျာ။
ကျွန်မတို့ လူသားတွေ တဖြည်းဖြည်း ဇာတ်ပျက်ချင်လာကြတယ် … ကျောက်ခေတ်ကို ပြန်ရောက်တော့လေမလား
မတွေးတတ်အောင်ပါပဲ … ။ ကိုယ့်လျှာရင်းမြက်မြက်စားရဖို့အတွက် … သက်ရှိသတ္တဝါတစ်ကောင်ကို အကြင်နာမဲ့စွာ
လက်ညိုးထိုးသေခိုင်းစေခြင်းဟာ အသိစိတ်ဓါတ်ရှိတဲ့ လူတွေမှာ ရှိသင့်ရဲ့လား ။ မိမိကိုယ်တိုင်ကလည်း သက်ရှိသတ္တဝါဖြစ်ပါလျှက် …အသိဉာဏ်ဆိုတဲ့အရာကွာခြားရုံလေးနဲ့ သက်ရှိအချင်းချင်း နိုင်ထက်စီးနင်း သတ်ဖြတ်ခွင့်ရသွားသတဲ့လား ။
မေးစရာတွေ မကုန်နိုင်လောက်အောင်ပါပဲ …. အစားကြူးသူတွေကို မျက်နှာမမြင်ချင်လောက်အောင် မုန်းမိတယ် … ။
ကိုယ့်အသက်ကိုတန်ဖိုးထားသလို သတ္တဝါလေးတွေရဲ့အသက်ကိုလည်း မိမိအတ္တတစ်ခုတည်းအတွက် သေစေချင်းပြုလုပ်မယ်ဆို
မတရားတာမို့ … လူတိုင်း ကိုယ်ချင်းစာစိတ်လက်ကိုင်ထားနိုင်ပါစေလို့ …တိုက်တွန်းလိုက်ချင်ပါတော့တယ် ။
သတ္တဝါတွေကို လတ်လတ်ဆတ်ဆတ် ဖမ်းဆီးစားသောက်နေကြသူတွေကို စိတ်ကုန်နေတဲ့ အကြောင်းရေးထားတာပါဗျာ။
သူကြီး ဦးဆောင်တဲ့ ကွန်းမန့်လေးတွေနဲ့ ဖတ်ကြည့်ကြရမယ့်ပို့စ်ပါခင်ဗျာ။
Ashinthusitta ရဲ့ လူမိုက်-လူယုတ်တို့ကို မမှီဝဲ-မဆည်းကပ်ခြင်း ဆိုတဲ့ ပို့စ်လေးကတော့ ဆုံးမစာလေးတစ်ပုဒ်ပါဗျာ။
Maung Dae ရဲ့ ကျွန်တော်နဲ့ ဒါနပါရမီဆိုတဲ့ ပို့စ်လေးကတော့ ကုသိုလ်ဆိုတာလွယ်လွယ်မရဘူးလို့ ပြောထားတာပါဗျာ။
Yan Shin ရဲ့ NGO တွေနေတဲ့အိမ် (၂) ကတော့ NGO တစ်ယောက်က သူတို့
ဝန်ထမ်းတွေစုငှားနေတဲ့အိမ်ကြီး ကို သူ့သမီး အလည်ခေါ်သွားရာကနေ ဆွဲဆန့်တွေးထားတဲ့ ပို့စ်ကောင်းလေးတစ်ခုပါ။
Khin Latt ရဲ့ မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည် ဆိုတာကတော့
အပေါ်မှာ naung တင်ခဲ့တဲ့ ပို့စ်လေးနဲ့ အတူတူပါပဲ ခင်ဗျာ။ အဲဒီအတွက် naung ရဲ့ ပို့စ်ထဲမှာလည်း Khin Latt က ကွန်းမန့်လေးနဲ့ ရေးထားပေးပါတယ်။ ဝေမျှပေးချင်တဲ့စေတနာကို လေးစားပါကြောင်းမခင်လတ်ရေ။
ပထမဆုံးပို့စ် နဲ့ ပထမဆုံးကွန်းမန့်ကို သူကြီးထံမှ အရယူနိုင်ခဲ့သော
ရဲစည်ရဲ့ မြေပုံလေးပဲ့မသွားအောင် ကိုယ်တိုင်မရေးလို့ မဖြစ်တော့သော သမိုင်းစာမျက်နှာသစ် ပို့စ်
ကိုတော့ ကိုယ်တိုင်ဖတ်ကြည့်ကြစေချင်ပါတယ်။ ပထမဆုံးကွန်းမန့်ရှင် သူကြီးရဲ့ ကွန်းမန့်လေးက ဒီလိုပါဗျာ။
kai says:
မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ လို့… ဒီရွာအဝင်မှာ ဆိုင်းဘုတ်ထောင်ထားခဲ့တယ်..။
ကိုရဲစည်ရဲ့.. ပထမဆုံးပို့စ်က.. အရေးရော..အမြင်ရော.. လှပါပေတယ်..။
ဆိုတော့..
တောင်မြန်မာ၊ မြောက်မြန်မာခွဲမယ်ဆို.. ဘယ်နေရာလောက်က ဖြတ်မယ် ထင်သလည်း…။
အဲဒီမှာ ကြောင်ကြီးရေးတဲ့ ကွန်းမန့်လေးကိုလည်း သဘောကျတာကြောင့်ဖေါ်ပြပေးလိုက်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း လူပြိန်းဆိုတော့ ကိုကြောင်ကြီးရေ အဲဒီအဆိုကို ထောက်ခံတယ်ဗျာ။
ကြောင်ကြီး says:
ဝမ်းသာပါတယ်ဗျာ….အခုလို တဝက်ဖော်တဝက်ဖုံး စာသားလေးတွေနဲ့ ဖတ်သူကိုပါ စဉ်းစားဖို့ အလုပ်ပေးသွားတာ။
အကြံတခုပေးမယ်ဗျာ၊ (ကျနော့်မှာလည်း သိပ်မကျန်ဒေါ့ဘူး) နောက်တခါဒီလို ဖတ်သူမူးနောက်အောင်ရေးမယ်ဆိုရင်
အကြောင်းအရာ တခုခြင်းလောက်ကို ခပ်တိုတိုရေးတာကောင်းမယ်။ သိပ်များသွားရင် စဉ်းစားရတာ ပင်ပန်းတယ်။
အခုတော့ ဝင်ပြောချင်ပေမဲ့ စာကသိပ်အကွေ့အကောက်များပြီး ရှည်လို့ ဥနှောက်က အလုပ်မလုပ်တော့ဘူး။
ရွာမှာ လူပြိန်းလူအများစုဆိုတာ မမေ့ပါနဲ့ဗျာ။ ဥနှောက်စားချင်ရင် နဲနဲချင်းလုပ်ပါ။
ကြောင်လတ်ရဲ့ ဂေါင်း(ဦးခေါင်း) ခြင်းဆက်အမွှာအားခွဲစိတ်ကုသလိုခြင်း ဆိုတဲ့ ပို့စ်လေးကိုလည်း
ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါဗျာ။ ကျွန်တော်တောင် ခေါင်းစားသွားတယ် ကိုကြောင်လတ်ရေ။ ဘယ်သူ့အသေခိုင်းရမလဲမသိတော့ ပါဘူးဗျာ။
ဘုန်းကျော် ရဲ့ တောသားဟာသ ဆိုတဲ့ ပို့စ်လေးကတော့ ဟာသလေးတွေပါခင်ဗျာ။
ဘုန်းကျော်ပဲ ရေးတဲ့ အပေါစားအယ်ဒီတာတွေများနေပြီလား ဆိုတဲ့ ပို့စ် ကိုတော့ ကိုယ်တိုင်သာ ဖတ်ကြပါဗျာ။
Whowho ရဲ့ ကုသိုလ် ရိက္ခာတွေ ထုပ်ကြပါစို့ ကတော့ ထုံးစံအတိုင်း တရားဆောင်းပါးလေးပါ။
စိတ်ဝင်စားသူတွေ ဖတ်ကြည့်ရမယ့်ပို့စ်ပါဗျာ။ အသေးစိတ်ရေးမပြနိုင်တော့တာကိုတော့ ခွင့်လွှတ်ပေးကြပါ။
Windtalker ရဲ့ For Treasure Hunter ပို့စ်ကတော့ ဈေးကြီးကြီးပေးဝယ်နေပါသော
ပန်းကန်ပြားအကြောင်းပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ ဖတ်ကြည့်ကြဘို့ပါ။
Uzin ရဲ့ သီဟာနာထ စာတမ်း ကတော့ သံဃာတော်များအတွက်သာ လို့ ဆိုထားတဲ့အတွက်
လူတွေအတွက်မဟုတ်ဘူးဗျို့။
ကိုစိန်သော့ကြီးရဲ့ အင်္ဂလန် နိုင်ငံထုတ်ရှေးဟောင်းကြွေပန်းကန်တွေ ပို့စ်လေးကတော့
သိန်းတစ်ရာနဲ့ အရောင်းအဝယ်ဖြစ်ပြီး ပွဲခငါးသိန်းပေးရတဲ့ ပန်းကန်ပြားအကြောင်းပဲ ဖြစ်ပါတယ်။
အင်း တစ်ချပ်လောက်တော့ ဝယ်ပြီး ထမင်းထည့်စားချင်စိတ်ဖြစ်မိသားဗျ။
ဘကြီး ရဲ့ သန့်ရှင်းသော အစိုးရဖြစ်ဘို့ ပြုပြင်ပေးကြပါ ဆိုတဲ့ ပို့စ်လေးကတော့
သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေကို ပြုပြင်စေချင်တဲ့ လူတစ်ယောက်ရဲ့ အော်ဟစ်လိုက်တဲ့ အသံလေးတစ်ခုပါ။
အော်သာအော် ဘကြီးရေ။ ဒါမှာ ကြားကြမှာ။
Nigimi 77 ရဲ့ ပိုစ် ခေါင်းစဉ်ကြီးက ကြောက်စရာဗျာ။
LEE လိုအကောင်တွေ ရှိရင်ကောင်းမယ်တဲ့ ဗျာ။ နီဂိမိရဲ့ လုပ်ငန်းခွင် မှာ ရာထူးအကြီးဆုံးက
မစ္စတာ LEE တဲ့ ခင်ဗျာ။ အဲဒီ မစ္စတာ LEE လိုလူတွေ ရှိရင်ကောင်းမယ်လို့ ဆိုလိုတာပါဗျာ။ အရေးအသား
ဒဲ့ဒိုးတွေနဲ့ မစ္စတာ နီဂိမိ ရဲ့ LEE ပို့စ်လေးကို ဖတ်ကြည့်ကြဘို့ပါ။ ကိုထွန်းဝင်းလတ် မန့်ထားသလိုပဲ နီဂိမိရေ။ နင့်ပို့စ်လေးတွေမှာ စေတနာလေးတွေကို တွေ့ရပါတယ်။ နည်းနည်းလေး ကီးလျှော့လိုက်ရင် လိုက်အော်လို့ ရမယ်လို့ ထင်ကြောင်းပါဗျာ။
(အထင်)
M-Lulin ရဲ့ အပျော်ပေါ့ ဆိုတဲ့ ဓါတ်ပုံပို့စ်လေးကိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြစေချင်တယ်ဗျာ။
ကျွန်တော်တို့လို ဝါသနာ ရှင်တွေအတွက်တော့ တော်တော် အကြိုက်တွေ့မိတဲ့ ဓါတ်ပုံလေးတွေပါဗျာ။ မိုက်တယ် ကို လုလင်ရေ။
ဆက်လုပ်ဗျာ။
အခုတလော ကျွန်တော် ဖတ်ဖြစ်နေသော Mg Ogga ရဲ့ အစည်းအဝေးတစ်ခု ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပို့စ်လေးကလည်း ကောင်းပြန်ပါတယ်ခင်ဗျာ။ သို့သော် ကွန်းမန့်တစ်ခုမှ မရခဲ့ရှာပါဘူးဗျာ။ အစည်းအဝေး ဆိုတာကို ရွာသူရွာသားတွေ စိတ်မဝင်စားကြတာလို့ပဲ ပြောရမလား မသိပါဘူးဗျာ။ အခု ကျွန်တော်တို့ ရွာရဲ့ အလှူတစ်ခုဖြစ်မြောက်အောင် ဦးဆောင်ကျိုးပမ်းနေသော
Etone ကိုလည်း အကြံပြုချင်ပါတယ်။ တကယ်လို့များ အဆင်ပြေရင်ပေါ့။ အလှူအတွက်ရည်ရွယ်ပြီး အစည်းအဝေးလေးတစ်ခုလောက်လုပ်စေချင်ပါသေးတယ်ဗျာ။ တက်နိုင်တဲ့လူတွေ တက်သင့်တဲ့ လူတွေတက်ကြပေါ့။
ဖြစ်သင့်တာလေးတွေ ဖြစ်အောင်၊ လုပ်သင့်တာလေးတွေလုပ်ရအောင် plan လေးတွေချကြပေါ့ဗျာ။ အကြံပေးတာလေးပါဗျာ။
ပထမဆုံးခြေလှမ်းလေးကို အလှပဆုံးဖြစ်သွားအောင်သာ လှမ်းပါ Etone ရေ။ နောက်ခြေလှမ်းတွေက အလိုလို လှပသွားမှာပါဗျာ။
Mg Ogga ရေ။ ဒီပို့စ်လေးအတွက် ကျေးဇူးပါဗျ။ ကွန်းမန့်ဝင်မရေးဖြစ်ခဲ့တာလည်း ခွင့်လွှတ်ပါနော။
ဘုန်းကျော် ရဲ့ မြန်မာပြည်ရဲ ့ Ecosystem ကိုမထိန်းရင် ဗမာတွေသေဖို့သာပြင်တော့ ဆိုတဲ့
ပို့စ်ကိုတော့ စိတ်ဝင်စားသူများ ကိုယ်တိုင်ဝင်ဖတ်ကြဘို့ပါဗျာ။
ကြောင်လေးရဲ့ သင်္ဘောသား ဆိုတဲ့ ပို့စ်လေးကတော့ အဘ FR ကို
ဂုဏ်ပြုရေးသားထားတာပါတဲ့ခင်ဗျာ။ ကွန်းမန့် ၂၆ ခုနဲ့အတူ ပျော်ပျော်ပါးပါးကြီးဖတ်ရမယ့်ပို့စ်ပါခင်ဗျာ။
ကျွန်တော်တို့ သူကြီး kai က နည်းနည်းလျှော့ကြပါ ဆိုပြီး ရွာသားတွေကို
ရည်ရွယ်တဲ့ ပို့စ်တင်ပါတယ်ခင်ဗျာ။ တင်းမာမှုတွေ ဖြစ်ပွားခဲ့တဲ့ ရွာတွင်းအခြေအနေကို သူကြီးက လူကြီးလူကောင်းဆန်ဆန်
ထိန်းသိမ်းလိုက်တာပါခင်ဗျာ။ ကွန်းမန့် ၄၈ ခုနဲ့ ရွာမှာနေရင်တော့ ဒီပို့စ်ကို ဖတ်ထားတာ မမှားပါဘူးလို့ အကြံပေးချင်ပါတယ်ဗျာ။
အခုရော တင်းမာမှုတွေ လျော့တန်သလောက်လျော့သွားပေမယ့် ကိုဘုန်းကျော် ကပဲ နောက်တင်းမာမှုတစ်ခုကို ဖန်တီးထားတာ
တွေ့ရပြန်တော့ စိတ်မကောင်းဖြစ်ရပါတဲ့အကြောင်း။
ဘီလူးကြီးရဲ့ လွန်ခဲ့သော ၄၉ နှစ်က မှတ်တမ်း ဆိုတဲ့ ပို့စ်လေးကတော့ အင်မတန်တန်ဘိုးကြီးသော
သမိုင်းဝင် ဓါတ်ပုံလေးများ ဖြစ်ပါတယ်။ ဘီလူးကြီးတစ်ယောက် ဘယ်က သွားရှာထားတယ်မသိပါဘူးခင်ဗျာ။
ကျွန်တော်တို့ သူကြီးရဲ့ကွန်းမန့်လေးက ဒီလိုဗျ။
kai says:
ဆဲဗင်န်းဂျုလိုင်ရဲ့.. အဓိကတရားခံဦးနေဝင်းတော့ သေသွားရှာပြီ..။
နောက်အဓိကသမိုင်းတရားခံတဦးဖြစ်တဲ့.. ဦးအောင်ကြီး ကျန်နေသေးပါတယ်..။
သေသေချာချာ မေးမြန်းပြီး တရားရေးအရ.. ခုံရုံးတင်သင့်တယ်ထင်တာပါပဲ..။
သာမန်အားဖြင့်.. တိုင်းပြည်သစ်ထူထောင်ချိန်မှာ ဒီလိုမျိုးတွ.. ပြန်လှန်လုပ်နေဖို့တေ့ာ မသင့်ဘူးပေါ့လေ..။
ဒါပေမဲ့..
ကျောင်းသားသမဂ္ဂကိစ္စကတော့..နောက်ဆုံးသမ္မတတဦးဖြစ်တဲ့.. ဒေါက်တာမောင်မောင်လည်း ကတိပေးသွားတာရှိတာမို့..
ပျော်ပျော်ပါးပါးအုပ်မြစ်ပြန်ချသင့်ပါတယ်..။
.. ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦး.. နိုင်ငံတော်စရိတ်နဲ့..ကျခံပြီး.. ပြန်ဖွင့်သင့်တယ်..။
ရိုင်းခဲ့တဲ့ သမိုင်းကိုလည်း.. ရှင်းလင်းအောင်..တရားဥပဒေကြောင်းအရ..သေသေချာချာ… လုပ်သွားသင့်တယ်ထင်မိတယ်..။
ပြောရရင်.. ကျောင်းသားသမဂ္ဂအဆောက်အဦပြန်ဆောက်ရာမှာ.. အဆက်ဆက်… သမဂ္ဂဥက္ကဌတွေ (သက်ရှိထင်ရှားရှိနေရင်)
ပြန်ပါသင့်တယ်..။
ရာသီဥတု သာယာနေပြီထင်ရင်ပေါ့…။
ဘီလူးကြီး တင်ပြတဲ့ သမိုင်းဝင်ဓါတ်ပုံလေးတွေကိုကြည့်ကြဘို့တိုက်တွန်းလိုက်ပါတယ်။
ဒီတစ်ခေါက် တံခါးစောင့်ကြီးပို့စ်ကိုတော့ မိုးစက်နဲ့ စပြီး မိုးစက်နဲ့ ပဲ အဆုံးသတ်လိုက်ပါတယ်ဗျာ။
ခရစ္စမတ်လက်ဆောင်လို့ အမည်ရတဲ့ ပို့စ်လေး ပါ။
(လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နယူးယော့ခ်မြို့တော်ရဲ့ နောက်ခံနဲ့ သိပ်ချစ်ကြတဲ့လူငယ်နှစ်ယောက်အကြောင်းပါ
O.Henry ရဲ့ Christmas Presents ကိုမှီငြမ်းပြီး အနီးစပ်ဆုံးပြန်ရေးထားတာပါ)
ကွန်းမန့် ၂၅ ခုနဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ အတွက် မိုးစက်ရဲ့ ခရစ္စမတ်လက်ဆောင်လေးပါ။
21 comments
thit min
January 10, 2012 at 6:02 pm
အော်ဟော် အွန်လိုင်းမှာမတွေ့မှတ်တယ်။
ရွှေပေါက်တူးနဲ့ အရောက်တူးနေတာကိုးဗျ။
လှချက်က ၂ ခုတွေ့ရတယ်။ ရေးသူရဲ့ စာကိုဖော်သလိုကွန်မန့်ကိုလည်း ပြန်ပြောပြတော့။
ဟင်း ဟင်း ဘလက်ကိုလိမ်လို့မရဘူးဘူးလို့ ပြောနေသလိုဘဲ။
ဟုတ်တယ်ဗျာ ကိုယ့်အဆင့်ကိုဖော်ပြတာ၊စိတ်ကိုပြောပြတာ ကော်မန့်တွေပါဘဲ။
မှန်လိုက်တာ။ ဖတ်နေတဲ့သူတွေက ကလေးတွေမဟုတ်ဘူး။ အချဉ်တွေမဟုတ်ဘူး။
ဒီနေ့မှ ရွာထဲဝင်လာပေမဲ့ “ဆရာ” တွေလည်း တပုံကြီးမို့ မလေးမစားမလုပ်မိအောင် ဂရုစိုက်ရမှာဘဲဗျို့။
သူ့ဂုဏ်ကို နှိမ့် ကိုယ် ဂုဏ် နှိမ့် မယ်မဟုတ်လား ဆရာဘလက်ရေ။
M-Lulin
January 10, 2012 at 6:15 pm
”သူ့ဂုဏ်ကို နှိမ့် ကိုယ့်ဂုဏ်နိမ့်” တဲ့ ရေးတတ်လိုက်တာ ဦးသစ်မင်း ရယ်။ ဦးသစ်မင်း post တွေက ကျွန်တော် နဲ့ နဲနဲ လှမ်းတော့ မမှီမကမ်း လေး ဖတ် ရင်း ကွန့်မန့် တော့ မပေးဖြစ်တာများပါတယ်။ လေးစားပါတယ်။
ငပေါက်ဖော်
January 10, 2012 at 6:24 pm
ဇိနဲ ့ စပြီး ဇိနဲ ့ပြန်ပိတ်လိုက်သကိုး..
အင်းလေ..ဇိဆိုတာ အဖွင့်အပိတ်လုပ်တဲ့ဟာပဲဟာ 😆
နောက်အခါများမတော့ တံခါးစောင့်ကြီးရဲ့ ပို ့စ်ပဲ အားကိုးရတော့မယ်ထင်ပါ့ဗျာ..
လောကီ၊လောကုတ္တရာ ၂ ဖြာအကျိုးတွက် လုပ်စား၊ကိုင်စား၊ဖမ်းစား၊ဆွဲစား လုစားရတာနဲ ့..အချိန်တွေရှားပါးလို ့
အောလ် အင် ဝမ်း ပဲ အားကိုးဖတ်ရမှာပဲဗျာ
စကားမစပ်.
ဂုဏ်ပြုခံထိုက်တဲ့လူတွေထဲမှာသများ မပါပါဘူးချင့်
ပါထိုက်တယ်ဆိုလဲ မပါပါရစေနဲ ့ချင့်..တောင်းပန်ပါတယ်ချင့်
အပေါ်က ဦးသစ်မင်းပေါသလို..လုဂုဏ် ဝဂုဏ် နှိမ့်ပါရေစေချင့်… – (မြင့်စရာဂုဏ်လဲ မရှိဝူးလေ 😆 )
ကျေးဇူးတင်ပါလယ်ချင့်..
-သများ-
windtalker
January 10, 2012 at 9:10 pm
ဟေ့သငယ်
မင်း ကောင်းကောင်းနေကွဲ ့
တံခါးမှူးကြီး မင်း ကို ကြည့်နေတယ်
မင်း လုပ်သမျှ အကုန်သိနေတယ်
ကွိသွားမယ်
ငှဲငှဲ
Moe Z
January 11, 2012 at 8:51 am
ပေါက်ကုန်းကုန်းတော့ ဇိကုပ်ပြီး နတ်ပြည် … အဲ.. ဟုတ်ဘူး ထိုင်ခုံပေါ်ကဆွဲချလိုက်ရမလား
😀 😀
ဘဘဘလက်ရေ မဖတ်ရသေးတာတွေ များနေတယ်
ရှာဖတ်လိုက်ပါဦးမယ် ကျေးဇူးပါနော်
ကိုပေါက်(မန္တလေး)
January 10, 2012 at 6:25 pm
ကိုသစ်ရေ ကိုချောဖတ်အားကိုတော့ လေးစားတယ်.
ကျနော်သူ့လို့မဖတ်နိုင်ဘူး။
ကျနော်အမြင်ပြောရရင်တော့ အသစ်ရယ် အဟောင်းရယ်
အခုရောက်တာနောက်ရောက်တာ မခွဲစေချင်ပါဘူး။
ကြီးသူ ငယ်သူ ရေးသူဖတ်သူ အပြန်အလှန်လေးစားကြဘို့ပါဘဲ။
အဲ အယူအဆမတူရင်တော့ လဲ ကြီးတာ ငယ်တာ အရင်ရောက်တာ နောက်ရောက်တာဘေးဖယ်ထား
ကိုယ့်အမြင် ကိုယ့်အယူအဆကို အလေးအနက်ထားလို့ ကော်မင်းတွေပေးလို့ အချက်ကျကျ
ငြင်းကြရင်ပိုကောင်းတာပေါ့။
ကိုသစ်တို့ကိုချောတို့က သီချင်းကြိုက်တော့ ခင်ဝမ်းသီချင်းစာသားလေးပြောပြချင်ပါတယ်။
“ငြင်သာစွာဆင်း”……..
MaMa
January 10, 2012 at 6:31 pm
“သူ့ကို ဂုဏ်ဖော်၊ ကိုယ့်ဂုဏ်ပေါ်” လို့လည်း ကြားဖူးသေးတယ် ဆြာဘလက်ရေ။
တူးသင့်တဲ့သူကိုပဲ တူးပါ။
ကလေးအတွေးသာသာနဲ့ ရေးထားတဲ့ ကျမရဲ့ ပိုစ့်တွေကိုပါ အားနာပါးနာ တူးဆွပေးမှာကို အားနာမိကြောင်းပါ….
(အမှန်က ကိုယ်ညံ့တာ လူမသိစေလို၍ပါ 😀 )
သတိရနေစေရန် မကြာခဏ ရေးပေးထားသော –
(မိမိဟာ သူတပါးရဲ့ ပါတ်ဝန်းကျင် ဖြစ်နေတယ်ဆိုတာလုံးဝ မမေ့ပါနဲ့။
ကောင်းသော ပါတ်ဝန်းကျင် ဖြစ် “ပေး” ဘို့ သင်ရော ကျနော့မှာပါ တာဝန်ရှိကြပါတယ်။)
ဆိုတဲ့ စကားကိုလည်း ဖတ်ရှု့မှတ်သားပြီး လိုက်နာကျင့်သုံးနိုင်ရန် ကြိုးစားပါမည့်အကြောင်း….
thit min
January 10, 2012 at 6:55 pm
ကိုအမ်လုလင်ရေ
ကျနော့စကားမဟုတ်ဘူးခင်ဗျ။
ရွာ့ရဲ့ လေးစားအပ်သော မမ ဆိုတဲ့ ဆရာမရဲ့ ဆုံးမစကားကိုကျနော်က ဗားရှင်းချိန်းပြီးပြောပေးတာပါ။
သူ့မူရင်းကသူပြောထားတယ်ခင်ဗျ။ကျေးဇူးပါ။
~~~~~~~~~~~~~~~~~~~~~~~
ညီလေးလို့ဘဲခေါ်ချင်တယ်
ညီပေါက်ဖော်ရေ့ လူကြီးတွေကို ဂယောင်ချောက်ခြားဖြစ်အောင်မလုပ်ကြေးနော်။
~~~~~~~~~~~~~~~~~~~~~~~~
ကိုပေါက်ရေ
ကျနော်လည်း အဲဒီစိတ်နဲ့ အသစ်တွေမှားနေရင်လည်း ယဉ်ယဉ်ကျေးကျေး
အေးအေးဆေးဆေးလက်တွဲခေါ်ပါတယ်။
ကျနော့တုန်းကလဲ သုံးကျပ်ခွဲတန်စာအုပ်ထဲကခိုးပြီးကော်ပီလုပ်တင်တာလားလို့တောင်
အပြောခံခဲ့ရပါတယ်။ ကိုယ်မှမဟုတ်တာ၊ မတုန်လှုပ်ပါဘူး။
အဲဒီလိုလေးတွေ လူသစ်တွေကိုမဆက်ဆံသင့်ဘူးပေါ့ဗျာ။
ဒီမှာသာ သူကလူသစ် ကိုယ့်ထက် ဂုဏ၊ဝရ ကြီးသူတွေ အပုံကြီးမဟုတ်ပါလား ။
~~~~~~~~~~~~~~~~~~~~~~~~~~
မမရေ
အဲဒီ စကားက မမ ပြောတဲ့စကားကိုဘဲ ရီဗာတ်ဗားရှင်းနဲ့ တွေးလိုက်တာပါ။
————
မမ ရေ လူတွေက ပါတ်ဝန်းကျင်မကောင်းလို့ ကျနော်ပျက်စီးရတယ်လို့ပြောလေ့ရှိတယ်။
အပေါင်းအသင်းမကောင်းလို့ ကျနော်အမှားတွေ ကျူးလွန်ရတယ်တဲ့ ပြောပြန်တယ်။
ကိုယ်ကရော သူများအတွက်ဆိုရင် ပါတ်ဝန်းကျင်ရဲ့ အပိုင်းအစတခုမဟုတ်ပါလား။
ကိုယ်ကရော သူများအတွက် ကောင်းသော မိတ်ဆွေဖြစ်ဘို့ တာဝန်ရှိတာမဟုတ်ဘူးလား။
လူအချင်းချင်းအဲဒီ စိတ်ကလေးတွေရှိစေချင်တယ်ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမယ် ရေးတာက ကိုဘလက်၊ ရီပလိုင်းက ကျနော် ဖြစ်နေပါလား။
သိဘူးဟေ့၊ ဒို့နာမည်ပါလို့ဟေ့။ ရေးမယ်ဟေ့။(^^)
ကိုပေါက်(မန္တလေး)
January 10, 2012 at 6:44 pm
မမ ကိုချောက ကျနော်ကို သီချင်းတပုဒ်ဆိုပြသွားတယ်။
အဲလက်စ်သီချင်းအလိုက်လေးနဲ့ပါ။
“တူးမှာဘဲ တူးမှာဘဲ ဘလက်ကိုလာမတားနဲ့…………… တူးသင့်ရင်တူးမယ်”
ပါတဲ့ခင်ဗျာ။
blackchaw
January 10, 2012 at 8:37 pm
ကိုသစ်ရေ။
ဒီကွင်းက တစ်ရွာလုံး ပိုင်တဲ့ကွင်းပါဗျာ။
ကြိုက်သလိုသာ ကန်ကြပါ။
နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။
အဲ.. တစ်ခုပါပဲ။
ကွန်းမန့်တစ်ခုရေးရင် ရေးသူက ၆ ပွိုင့်ယူပါ။
ကွင်းပိုင် ကျွန်တော့်ကို ၄ ပွိုင့်တော့ ပေးရမယ်ဗျာ။
ဟားဟား။
htet way
January 11, 2012 at 9:11 am
ကိုမဲချောရေ
ကဗျာတွေကို ခံစားမူလေးတွေနဲ့ မှတ်ချက်ပေးပေးပါလားဗျာ
သီချင်းဆိုသလို ခံစားချက်လေးနဲ့…..
weiwei
January 11, 2012 at 9:18 am
တံခါးစောင့်ပို့စ်ဖတ်ကြည့်လိုက်မှ ကျွန်မပို့စ်ရေးတာ နဲသေးကြောင်း သတိထားမိတော့တယ် … ကိုယ့်ဟာကိုယ် တော်တော်ရေးထားတယ်ထင်နေတာ … အပိုင်း (၅) နဲ့ (၆) ထဲမှာ မပါတာတွေ့မှ … အော် … နဲနေပါသေးလားလို့ပေါ့ ….
တကယ်တော့ ပို့စ်ပဲဖြစ်ဖြစ် ကွန်မန့်ပဲဖြစ်ဖြစ် သေချာစဉ်းစားပြီးမှ ပေးသင့်ပါတယ် …. ကျွန်မဆိုရင် အတွေးတစ်ခုကိုပို့စ်ရေးဖြစ်ရင် တော်တော်နဲ့မတင်ပါဘူး … ထပ်ခါထပ်ခါ စဉ်းစားပြီးမှ တင်ဖြစ်လို့ ရေးတိုင်းမတင်ဖြစ်ဘူး .. ကွန်မန့်လဲ အတူတူပါပဲ .. ရေးလိုက် ပြန်ဖျက်လိုက်နဲ့ မတင်ဖြစ်တာများလာလို့ အားလုံးနီးပါးဖတ်ဖြစ်ပေမယ့် ကွန်မန့်အပေးနဲခြင်းဖြစ်ပါတယ် ….
ဘယ်သူပဲရေးရေး အနဲဆုံးအကြမ်းဖျဉ်းလောက်တော့ အချိန်ပေးပြီး ဖတ်ဖြစ်ပါတယ် … မည်သူ့ကိုမဆို အားပေးပါတယ် …
blackchaw
January 11, 2012 at 10:38 am
ရေးနေရင်း နဲ့ အန်တီဝေ ကွန်းမန့်လေးမြင်လို့
အပြေးအလွှား ဝင်မန့်လိုက်တယ်ဗျာ။
ပို့စ်အရေးနည်းတာ မဟုတ်ဘူး အန်တီဝေရေ။
ကျွန်တော် က ဒီဇင်ဘာ ၁ ရက်ကစပြီး တင်ခဲ့တဲ့ ပို့စ်တွေကို
တစ်ရက်ခြင်း အကုန်ပြန်ဖတ်ပြီးရေးနေတော့ ဒီတစ်ခါက
ဒီဇင်ဘာ ၁၆၊ ၁၇၊ ၁၈ လောက် သွားကျမလားမသိဘူး။
အဲဒီရက်တွေမှာ အန်တီဝေတင်တဲ့ ပို့စ်မရှိလို့ဖြစ်မယ်ဗျာ။
အခု နောက်ပိုင်း အန်တီဝေပို့စ်တွေအများကြီးတက်လာတယ်လေ အဲဒါ….။
ကိုထက်ဝေးရေ။
ကျွန်တော် ကဗျာ တွေကို ချစ်တတ်သူတစ်ယောက်ပါ။
ခံစားနိုင်စွမ်းကျတော့ ကဗျာဆရာ စစ်စစ်တစ်ယောက်နဲ့
အနိမ့်အမြင့် အနီးအဝေး မတူတာလေးတွေ ရှိနိုင်ပါတယ်။
အဲဒီအခါ ကျွန်တော် တစ်ခါတစ်ခါ စဉ်းစားမိတာက
ကဗျာတွေကို ကိုနေဝန်းနီ တို့လို ကိုထက်ဝေးတို့လို
ကျွမ်းကျင်သူတွေက ဖတ်ပေး ခံစားပေးရင် ပိုပြီးသင့်တော်မလားလို့ပါ။
နောက် ဓါတ်ပုံတွေဆိုလည်း ကိုစိန်သော့တို့ ဘာတို့ပေါ့ဗျာ။
အခု ကျွန်တော် ရေးနေတာက
(အင်ဇာဂီစကား ခဏငှားပြောပါရစေ)
ဆမ်းမသင်းရှိနေတာ နတ်သင်း ဖြစ်နေတာထက်တော့ အပုံကြီး ကွာတယ်လို့
ထင်လို့ ရေးပေးနေတာပါ။ ကိုထက်ဝေး ကဗျာတွေကလည်း အဲဒီရက်မှာ မပါဘူးထင်တယ်ဗျာ။
နောက်တစ်ခုက တက်သမျှပို့စ် အကုန် ကျွန်တော် ဖတ်နေတာပါ။
တစ်ရက်ခြင်းရေးသွားတဲ့ ပုံစံနဲ့ သွားနေတယ်ဆိုတာလေး
အားလုံးသိထားရင် အဆင်ပြေမယ်ထင်တယ်ဗျာ။ အဲဒါ…….။
အကြံပေးတာ ကျေးဇူးဗျာ ကိုထက်ဝေးရေ။
အဂ္ဂမဟာသရေစည်သူ၊အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ KING
January 11, 2012 at 9:40 pm
ဦးဘလက်ရေ
နာမည်ကတော့ ခုလောလောဆယ် ရှည်နေအုံးမှာပဲ
ရှေ့ကဘွဲ့တံဆိပ်တွေကို ကချင်တိုင်းရင်းသားတွေနဲ့ တကယ့်ငြိမ်းချမ်းရေးရမှပဲ ဖြုတ်မယ်လို့ စိတ်ကူးထားလို့
အခုလောလောဆယ်ဆယ် ရှည်နေပါအုံးမယ်ဗျ … ဦးဘလက်အတွက် ရေးရတာ အနှောက်အယှက်ဖြစ်ရင် ခွင့်လွှတ်ပါဗျ
ဦးဦးပါလေရာ
January 11, 2012 at 11:31 pm
အဲဒီရက်ပိုင်းက သိပ်မဖတ်ဖြစ်တာ
ကိုဘလက်တူးပြမှ တကယ့်ပိုစ့်တွေကျန်နေတာသိတော့တယ်။
ကိုဘီလူးရဲ့ လွန်ခဲ့သော ၄၉ နှစ်က မှတ်တမ်း- ဆို ဘယ်လိုလုပ်မျက်စေ့မှောက်သွားတယ်မသိဘူး။
Swal Taw Ywet
January 11, 2012 at 11:41 pm
Regarding Ko Tun Win Latt’s Post,
It will be Myit Kyee Nar GTI.
Because of technical data = ( “Mechnical Power ” and “Machine tools and design” ) majors only need to do practical of filing.
And Three year course meant it was OLD GTI course.
After 2000, they changed as first 2 year as GTI ( AGTI certificate ),
second 2 year as B Tech ( Bachelor in Technology ) and
third 1 year as B E ( Bachelor in Engineering ).
Now all of the Technical Colleges were upgraded as Technological University by changing the Sign Boards.
Thanks you for honoring our GTI.
With respect,
Swal Taw Ywet.
manawphyulay
January 12, 2012 at 11:40 am
ဟုတ်ကဲ့ပါ ဦးဦးဘလက်ရေ… မနောလည်း ရေးချင်ပါတယ်။ အိမ်က စက်ပျက်နေတာကြာနေလို့ ဘယ်လိုမှ အဆင်မပြေဖြစ်နေပါတယ်။ ဆိုင်မှာရေးဖို့ကျတော့လည်း အချိန်မပေးနိုင်ဘူးဖြစ်နေလို့ပါရှင်။
inz@ghi
January 17, 2012 at 10:50 am
ရေးလက်ကို ကြည့်ရတာတော့ …၉မိုင်က ကို ..စိန်ပေါက်ပေါက် ကိုပြကြည့်ဗျို့…
အဲ့ဆြာသမား ပီစီ ကောင်းကောင်း ပြင်တတ်တယ်…
လက်တို့တယ်နော..မစိတ်ဖွေးပိစိရေ….
ကစိန်ပေါက်ပေါက်ရေ …
မပိစိ ရဲ့ ပီစီ ကို ကလိ လိုက်ပါဦးဗျို့ …
ပွိုင့်-၁သိန်းထုတ်ရင် ဘီဘီလိုက်တိုက်ပီး ကျေးဇူးဆပ်မယ်ဆိုပဲဗျ…
ခင်တဲ့
စိန်ဇာဂီ
စိန်ပေါက်ပေါက်
January 17, 2012 at 11:02 am
ဟဲ့..ဟဲ့..
ဘယ်က ပီစီရဲ ့ ပိစိကို ပြင်ရမှာတုန်း
အသာလုပ်ပါဟဲ့
နမှာလဲ အပျက်တွေချည်းပဲ စုထားတာ စက်မှုဇုံ တည်လို ့ရနေဘီ
blackchaw
January 12, 2012 at 12:32 pm
ပွိုင့်တစ်သိန်း ပြည့်ကာနီးလူတစ်ယောက်အနေနဲ့
ရွာသူရွာသားတွေ စောင့်မျှော် ဖတ်ရှုနေကြမယ်ဆိုတာလေး
အကြံပေးတာပါ မနောဖြူလေးရေ။
ကျွန်တော် အကြံပေးတာလေးကို လက်ခံပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
Novy
January 17, 2012 at 11:31 am
QUOTE
ဟိုတစ်နေ့က ကိုပေါက်ပွဲကို တက်လာသူတွေထဲမှာ မနိုဗီ လည်း ပါခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်ုပ်ဘလက်မှ ပွဲမတက်ခဲ့သော်လည်း ဆိုင်မှ စားပွဲထိုးလေးတစ်ယောက်ရိုက်ထားပေးသော
ကင်မရာမှ ဓါတ်ပုံများကို ပြန်လည်စစ်ဆေးစဉ် တွေ့ ရှိခဲ့ရပါတယ်ဗျာ။ ရုပ်ရည်ကို ကြည့်ပြီး
အသက်ကို ခန့်မှန်းရမယ်ဆိုရင်တော့ ဂီဂီတို့ထက် ကြီးလှ တစ်နှစ်နှစ်နှစ်ပေါ့။
ဂိတ်မူးကြီး.
နောက်ကြုံမှ ဘီဘီ တိုက်မယ်နော်
ဂီဂီနဲ့ အသက်ချင်းသိပ်မကွာဘူးလို့ ခန့်မှန်းထားလို့
မာန်တောင်တက်သွားပြီး
ဒါကြောင့်မို့ ဖျာလိပ်ထဲမှာပေါင်းတင်ပါလို့