Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဆဲခံခြင်လို့ကိုရေးတယ် ( ၄ ) ( နိုင်ငံရေး ခိုလှုံခွင့် ခံထားသူတွေ )

Foreign ResidentJanuary 10, 20124min60831

အဆဲခံခြင်လို့ကိုရေးတယ် ( ၄ )

ကိုဘုန်းကျော်ရဲ့
” ဂေဇတ်ရွာအလှူတွင် အလိမ်မခံရအောင် “
Post မှာ Comment လေးတွေဖတ်ရင်း
တွေးမိတာလေးတွေပါ ။

etone says:
” ဖျံကျမှ သာမယ့် နိုင်ငံကလူတွေကြားထဲရောက်နေလို့ ရှင့်မှာ ဒီလို စိတ်ရှိတာ “
” တစ်သက်လုံး သူများနိုင်ငံသွားပြီး ကျွန်လုပ်ဖို့ “

E Tone ရေ
အင်းးးးးး အဘဖော ခမျာမလဲ ကိုဘုန်းကျော်နေတဲ့ ဩဇီမှာ နေမိနေတော့ ၊
ငရုတ်သီး နှင့်ပေါင်းမိတဲ့ ကြက်သွန်လို ရောအထောင်းခံရတော့တာပါပဲ ။
ဩဇီက ” ဖျံကျမှ သာမယ့် နိုင်ငံ ” ရယ်လို့တော့ မဟုတ်ပါဘူးကွယ် ။
ဒီလောက် ဆိုးတဲ့  နိုင်ငံတော့ မဟုတ်ရပါကွယ် ။

သူများနိုင်ငံသွားပြီး ကျွန်လုပ် နေရတာကတော့ အမှန်ပါကွယ် ။
ကိုယ်ပိုင် Company မထောင်နိုင်သေးသရွေ့ကတော့
( သင်္ဘောသားလည်း ) သူများခိုင်းတာလုပ်ရတဲ့ ကျွန် ပါပဲကွယ် ။

etone says:
အလှူရှင်စာရင်းကို ပို့စ်အနေနဲ ့မတင်ရတာက …
အလှူရန်တိုက်ပေးသလို ဖြစ်နေမှာစိုးတာကြောင့်ပါပဲ

အလှူရှင်စာရင်းကို လှူဒါန်းပြီးတဲ့အခါ တရားဝင် ကြေငြာတာကောင်းမယ် သမီးရဲ့ ။
အလှူရန်တိုက်ပေးသလို မဖြစ်လောက်ပါဘူးကွယ် ။
လှူဒါန်းတဲ့ ရွာသူားတွေမှာလည်း ဒီတစ်နေရာတည်း လှူတာမှမဟုတ်တာကွယ် ။
သူတို့တွေမှာလည်း နေရာအနှံ့လှူနေကြရတာဆိုတော့ ။   
နည်းနည်း နည်းနည်းစီ ဖြန့်ခွဲပြီး လှူရတာကိုးကွယ် ။

အောက်က Comment တွေကတော့
အဘ နှင့် သဘောညီတဲ့ Comment လေးတွေပါကွယ် ။
” Bravo ” လို့ပဲ အားပေးလိုက်ပါတယ်ကွယ် ။

Ko Ko Aung says:
သူ့ကိုယုံတဲ့ယုံကြည်မှု့ဟာ အဆိုတော်လေးဖြူထက်ရော၊
လူထုဦးစိန်ဝင်းထက်ရော မလျော့ပါဘူး။
ခင်ဗျားလှူချင်ရင် ကိုယ့်ဘာသာပဲ ကြိုက်တဲ့နေရာ သွားလှူပါဗျာ။
သူတို့ကို သွားမနှောက်ယှက်ပါနဲ့။
ဒီလူလေးတွေစုမိဘို့ ဒီအလှူလေးဖြစ်မြောက်ဘို့
လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက
ဝိုင်းပြော ဝိုင်းဆွေးနွေး ဝိုင်းကြိုးပမ်းခဲ့ကြတာ ။
အခုမှ စရုံတင် စဖြစ်သေးတာပါ။
ခင်ဗျားလိုလူတွေကြောင့် သူတို့ အရှိန်ပျက် စိတ်ပျက်သွားမှာစိုးလို့ပါ။

( စိတ်ပျက်သွားမှာကို တကယ်စိုးရိမ်ပါတယ်ကွယ်
ကောင်းတဲ့လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ အရွယ်ငယ်သော်လည်း
ဖရောင်းတိုင်လည်း သူ့အဆင်းနှင့် အချင်းနှင့်ပါကွယ် )

blackchaw says:
မနေ့က ခင်ဗျားပြောခဲ့တဲ့ မြန်မာပြည်ကို ပြန်လာမယ်ဆိုရင်တောင်
မြန်မာပြည်က ခင်ဗျားနဲ့ အံမဝင်လောက်တော့ပါဘူးဗျာ။

Khin Latt says:
ကျွန်မ သာဆိုရင် “လူထုဦးစိန်ဝင်း” ဆီမှာ လှူမှာထက် “အိတုန်း” ဆီမှာ လှူပါမယ်။
ဘာလို့လဲ ဆိုတော့ ကျွန်မတို့ ဒီရွာထဲ မှာ စကားတွေ ပြောရင်း
သူ့စာ တွေဖတ်ရင်း သူ့စိတ်ကို သိနေလို့ပါ ။

ထူးခြားတာလေးတစ်ခုကို ထောက်ပြလိုတာကတော့ ၊
phone_kyaw says:
ခင်ဗျားတို ့ကလဲပြော။ ကျနော်ကလည်းပြောပေါ့ဗျာ။ ဘာဖြစ်လဲ ဟုတ်ဘူးလား။
” လေထိုးလေရော် ” ပေါ့။ ခင်ဗျားတို ့အုပ်စုတောင့်တာကိုးဗျ။ ဟဲ…ဟဲ ။

ကို ဘုန်းကျော်ရဲ့ စကားထဲမှာပဲ သူ့ရဲ့ သဘောထား ခံယူချက်လေးက
တစွန်းတစ ပေါ်လာသလိုပါပဲ ” လေထိုးလေရော် ” ပေါ့ တဲ့ ။
ရင်ဘတ်ကြီးနှင့် ခံစားပြီး ရေးနေတဲ့ ရွာသူားများ သတိပြုကြဖို့ပါ ။

နောက်ထပ်တွေးတောမိတာလေးတွေက

ဩဇီမှာ နေတဲ့မြန်မာတွေထဲမှာ
Refugee / နိုင်ငံရေး ခိုလှုံခွင့် ခံထားသူတွေက တော်တော်ကို များပါတယ် ။
အဘလည်း Sydney မှာနေရတဲ့အခါ
အဲဒီ Refugee / နိုင်ငံရေး ခိုလှုံခွင့် ခံထားသူတွေ နှင့်လည်း ပေါင်းဖြစ်ပါတယ် ။
အဲဒီတော့ သူတို့ရဲ့ ခံစားချက်လေးတွေ ဘဝတွေ အခြေအနေတွေ ကို
တော်တော်လေး တီးခေါက်မိပါတယ် ။

ပထမဦးဆုံး အဘ ပြောချင်တာကတော့
( ၁ ) အစစ်အမှန် နိုင်ငံရေး ခိုလှုံခွင့် ခံထားသူတွေဟာ တိုင်းပြည်အတွက် ဦးတည်ပြီး
တစ်ခုခု လုပ်ခဲ့သူများဖြစ်ကြပြီး ။ အဘ အနေနှင့် သူတို့ကို လေးစားပါတယ် ။
( ၂ ) အခုပြောမယ့် အကြောင်းအရာတွေဟာ ကိုဘုန်းကျော်ကို ဦးတည်ပြီးပြောတာမဟုတ်ပါဘူး ။
( ၃ ) ဩဇီမှာရောက်နေတဲ့မြန်မာ နိုင်ငံသားတစ်ဦးရဲ့ Personal အမြင်လေးပါ ။ မှားနိုင်ပါတယ် ။

အဲဒီ အစစ်အမှန် နိုင်ငံရေး ခိုလှုံခွင့် ခံထားသူတွေဟာ
တစ်ချိန်တစ်ခါတုန်းကတော့ တိုင်းပြည်အတွက် ဦးတည်ပြီး
ကိုယ်ကျိုးစွန့်ခဲ့ကြသူတွေဖြစ်ပါတယ် ။

ဒါပေမယ့် ကံဆိုးတာတစ်ခုကတော့ သူတို့ဟာ
သူတို့ရဲ့ ငယ်ရွယ်စဉ် ပညာသင်ရမယ့် အချိန်မှာ
ပညာသင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီး
ပညာလုံလုံလောက်လောက် မတတ်ပဲကြီးပြင်းလာခဲ့ရပါတယ် ။
အများစုကတော့ ဆက်ပြီး မသင်ယူကြတော့ပဲ
ဘဝကို ရေစုန်မျောလိုက်ကြပါတယ် ။

ဘာပဲပြောပြော ပညာဆိုတဲ့ အရာဟာ
လူတွေရဲ့ အတွေးအခေါ် မြင့်မားဖို့နှင့် ရင့်ကျက်ဖို့အတွက်
အရေးပါတဲ့ ဒေါက်တိုင်တစ်ခုပဲလေ ။

အဆိုးဆုံး အခြေအနေကတော့
ငယ်ရွယ်စဉ် သင်ယူနေရမယ့် အချိန်မှာ
သူတို့ဟာ ပညာကို မသင်ယူခဲ့ရယုံတင်မကဘူး ၊
တိုက်ခိုက် သတ်ဖြတ်တာတွေကို လက်တွေ့ လေ့လာသင်ယူခဲ့ရတယ် ။
အဲဒီ အခြေအနေတွေက သူတို့ကို လူရိုင်း လူကြမ်း ကြီးများအဖြစ်ပြောင်းလဲပြစ်ခဲ့ကြတယ် ။

လူတွေဟာ တကယ်တော့ ငယ်ရွယ်စဉ် အသက် ၂ဝ မတိုင်ခင်မှာ ရခဲ့တဲ့
အကျင့်စရိုက်တွေဟာ မသိစိတ်ထဲမှာ ဘဝတလျှောက်လုံး စွဲမြဲသွားပြီး ၊
အမှန်တကယ် ပြန်လည် ပြုပြင်နိုင်ဖို့ ခဲယဉ်းလှပါတယ် ။

နောက်တစ်ချက်က
သူတို့တိုင်းပြည်အတွက် စွန့်လွှတ်ခဲ့ကြသော်လည်း
အခုထက်ထိ အသိအမှတ်ပြုမခံရပဲ
အသိအမှတ်ပြုခံရဖို့ အလားအလာကလည်း မရှိသလောက်ပဲဖြစ်နေပြီ ။

NLD ကမှ ရွေးကောက်ပွဲဝင်ပြီး အမတ်ဖြစ်ဖို့ အလားအလာ ရှိသေးတယ် ။
သူတို့ခမျာမတော့ နိုင်ငံခြားသားခံယူပြီးပြီဆိုတော့
မြန်မာပြည်နိုင်ငံရေးမှာ လမ်းမရှိတော့ဘူးပေါ့ ။

နောက်တစ်ချက်က အဘအမြင်ကတော့
ဩဇီမှာ ဒေါ်လာ သန်း ၂ဝ လောက်ချမ်းသာတဲ့ သူတွေတောင်
Maid အိမ်အကူ ၊ Gardener မာလီ ၊ Chauffeur ဒရိုင်ဘာ နှင့်မနေနိုင်ပါဘူး ။
ကိုယ့်အိမ်အလုပ် ကိုယ့်ဖာသာလုပ်ပြီးနေရတာပါ ။

လုပ်ငန်းခွင်မှာလည်း တော်တော်ကို ပင်ပန်း တင်းကျပ်တာကိုတွေ့ရပါတယ် ။
ဝင်ငွေ မနည်းလှပေမယ့် ထွက်ငွေများပါတယ် မစုမိလှပါဘူး ။

အဘရဲ့ တရုတ် Tour တုန်းကဆိုရင်
Tour ခ တယောက် ဒေါ်လာ သုံး လေး ထောင်လောက်ကျတာကို ဖြုန်းနိုင်ဖို့
တနှစ်လုံး အသည်းအသန်စုရတဲ့ အဖြူတွေကိုတွေ့ခဲ့ရပါတယ် ။

အဘ အံဩလို့ မဆုံးပါဘူး ။
အဲဒီ ဒေါ်လာ သုံး လေး ထောင်ဆိုတာ မြန်မာပြည်က သူဌေးကြီးတွေ
သူတို့ သားသမီးတွေကို တစ်ခါ မုန့်ဖိုးပေးစာ လောက်ပဲရှိတာပါ ။

မြန်မာပြည်က အဘ အသိတစ်ယောက် ဩဇီ လာလည်တော့
Cox Harbour မြန်မာ ဘုန်းကြီးကျောင်း သွားလည်တာ
ဘုန်းကြီးကျောင်း မှာ ကုဋီ / အိမ်သာ မလုံလောက်တာတွေ့တာနှင့်
ချက်ချင်း ဒေါ်လာ သုံးသောင်း ကောက်လှူခဲ့တာပါ ။
အမှန်က မြန်မာပြည်ကလူတွေကမှ ဩဇီက မြန်မာတွေထက် ၊
ချမ်းသာရင် ပက်ပက်စက်စက်ကို ပိုချမ်းသာတာပါ ။
ဩဇီမှာ နေနေရတဲ့ဘဝက လူတန်းစေ့ရုံလောက်ပဲရှိတာပါ ။
နာမည်ကြီး ထမင်းငတ် လို့တောင်ပြောရမလိုပါ ။

အဲတော့ ဩဇီဟာ အရမ်း အထင်ကြီးလောက်အောင် တော့ မဟုတ်ပါဘူး ။
Pressure လည်းများပါတယ် ။
ဩဇီမှာ ကောင်းကွက်တွေ တော်တော် များများ ရှိသော်လည်း
ဆိုးကွက်ကတော့ ချမ်းသာပြီး ဇိမ်ကျတဲ့ ဘဝနှင့် နေရဖို့က မဖြစ်နိုင်သလောက်ပါပဲ ။

အဲဒါကြောင့် အဘတောင် အဘမိန်းမကို အသက်ကြီးလာရင်
မြန်မာပြည် ပြန်နေရအောင်လို့ ဆွဲဆောင်နေပါတယ် ။

အားလုံးချုပ်လိုက်ရင်တော့ သူတို့ရဲ့ရင်ထဲက ဖိစီးမှုတွေနှင့်
ဘဝပေး အခြေအနေတွေကို မြင်လောက်ပါပြီကွယ် ။
မြန်မာနိုင်ငံကိုပါ မပြန်ရတဲ့သူတွေကပိုဆိုးတော့မပေါ့ ။
စဉ်းစား ဆုံးဖြတ် နိုင်ဖို့ နှင့် နားလည် နိုင်ဖို့ Information ပေးတာပါ ။

အမှန်တော့ အဘလည်း ဒီ ” အဆဲခံခြင်လို့ကိုရေးတယ် “
ဆိုတဲ့ နာမည်ကြီးကို ဆက်မသုံးချင်ပါဘူးကွယ် ။

ဒါပေမယ့် ဒီတစ်ခေါက်ကတော့
အဆဲခံရဖို့က မြေကြီးလက်ခတ်မလွဲ သေချာနေတော့ကာ
ဒီခေါင်းစဉ်ကိုပဲ မသုံးချင်ပဲနှင့် ဆက်သုံးလိုက်ရပါတယ် ။

အဘ Foreign Resident

31 comments

  • windtalker

    January 10, 2012 at 10:45 pm

    အဘ ကို အဘိုးပေ ပြောချင်တာကတော့
    ဟောင်တိုင်းသာ ထကြည့်နေရင်
    အိပ်ရေးပျက်လို ့ပင်ပန်းကုန်ကြမှာပေါ့ ကွယ်…
    အသိ ကို သတိ နဲ ့ထိန်းကြပါလို ့
    အဟွတ် အဟမ်း အဟု
    တော်သေးဘီ

  • water-melon

    January 10, 2012 at 10:46 pm

    အဘရယ် ဘာလို့ဆဲရမှာလဲ
    အဘလည်း အဘအမြင်နဲ့ပြောတာပါ
    လူတိုင်းလူတိုင်း ပုံစံမတူသလို သူ့တွေးကိုယ်တွေးတော့ ရှိတတ်စမြဲပါ
    အတွေးခြင်းတူရင်တော့ အကောင်းဆုံးပေါ့ အဘ

  • padonmar

    January 10, 2012 at 10:57 pm

    FR
    (၁) မြန်မာ့မီးရထား၏ခေါင်းတွဲ အနေဖြင့်ပြောပါသည်။ဒီနာမည်ကိုဆက်သုံးမည်ဆိုလျှင် ခြင် အစား ချင် ဟု သတ်ပုံပြင်ပါရန်

    (၂)ကိုဘုန်းကျော်ကို နားလည်ခွင့်လွှတ်ပေးဖို့ ပြောတာလား၊
    နည်းနည်း ဝေ့ နေလို့၊

    (၃)လေထိုးလေလျော်စကားပြောချင်ရင် ရင်ဘတ်နဲ့ခံစားတတ်တဲ့ အသိုင်းအဝိုင်းကြားမှာ မပြောသင့်ပါဘူးဆိုတာလေး မှတ်ချက်ပေးချင်ပါတယ်။
    (အဘနဲ့တော့ မဆိုင်ပါဘူး၊ဟိုဘက်မှာ ပြန်မမန့်ချင်တော့လို့ပါ)

    • Foreign Resident

      January 11, 2012 at 6:02 am

      ” နည်းနည်း ဝေ့ နေလို့ ”

      မ padonmar ရေ
      ဒဲ့ပြောဖို့ ရေးမထွက်တဲ့ အဘကိုခွင့်လွတ်ပါကွယ် ။
      ဒီထက် ဒဲ့ ရရင်လည်း ဆဲဖို့ပဲ ကျန်တော့ လို့ပါကွယ် ။

      ကိုပေါက်လာတုန်း MG တွေ့ဆုံပွဲမှာကတည်းက
      ဩဇီက မြန်မာအများစုရဲ့
      သူတို့ကိုယ်သူတို့ ထင်နေတဲ့အထင်တွေ နှင့်
      မြန်မာပြည်ကလူတွေအပေါ် မြင်နေတဲ့ အမြင်တွေကို
      ရှင်းပြခဲ့ပါသေးတယ် ။

      ဒီလို ( အစော်ကားခံရမယ့် ) ကိစ္စမျိုးတွေ
      ပေါ်လာနိုင်ကြောင်း E Tone ကို
      အဘ အရိပ်အမြက် ပြောခဲ့ပါသေးတယ် ။
      ခုတော့ …

      အဲဒီ ကိုပေါက်လာတုန်း MG တွေ့ဆုံပွဲမှာ ပြောခဲ့တဲ့
      စကားတွေနှင် ဆက်စပ်ပြီး တွေးကြည့်ရင်တော့
      အဘ ရဲ့ သဘောထား အမှန်ပေါ်လာမှာပါ ။

      By the way,
      ဘာပဲပြောပြော အခုအဖြစ်အပျက် ( ဂေဇတ်ရွာအလှူတွင် အလိမ်မခံရအောင် )မှာ
      ရွာသူားတွေ ဆဲဆိုခြင်းမရှိပဲ အဆင့်မြင့်မြင့် ဝေဖန်ဆွေးနွေးလာကြတာကို
      အထူး ဝမ်းသာပါတယ် ။ အထူး ချီးကျူးပါတယ် ။

      ကိုဘုန်းကျော်က မ E-Tone ကို ပုဂ္ဂိုလ်ရေး ပြောတာ နဲနဲတော့ ရှိတာပေါ့ ။
      ” အိတုံက လူလေးစားရတဲ့လူမှ မဟုတ်တော့ ၊ ဘယ်သူက ယုံမှာတုန်း ”
      နဲနဲ လက်လွန်သွားတယ် ထင်မိတာပဲ ။

      မ padonmar ရဲ့
      ” လေထိုးလေလျော်စကားပြောချင်ရင် ၊
      ရင်ဘတ်နဲ့ ခံစားတတ်တဲ့ အသိုင်းအဝိုင်းကြားမှာ မပြောသင့်ပါဘူး ”
      ဆိုတဲ့ မှတ်ချက်လေးကိုတော့ လေးလေးနက်နက် ထောက်ခံပါတယ် ။

  • Swal Taw Ywet

    January 10, 2012 at 11:54 pm

    သူများနိုင်ငံသွားပြီး ကျွန်လုပ် နေရတာကတော့ အမှန်ပါကွယ် ။
    ကိုယ်ပိုင် Company မထောင်နိုင်သေးသရွေ့ကတော့
    ( သင်္ဘောသားလည်း ) သူများခိုင်းတာလုပ်ရတဲ့ ကျွန် ပါပဲကွယ် ။
    Totally agreed.
    We worked as a slave at oversea jobs. It is for our families, our poor villages , our outdated towns and struggling our mother land. I already sent / donated over 3 Lakhs for 2000 Group via MG Daw Padonma’s posts. Because I believed on MG. I believe on MG and I will believe on MG.
    Go ahead ( Ma ) Etone.
    With respect,
    Swal Taw Ywet.

  • ဦးဦးပါလေရာ

    January 11, 2012 at 12:05 am

    ကိုဖေါရင်းဆိုလိုတာကို သဘောပေါက်ပါတယ်ဗျာ။

    ဘဝမှာ တွေ့ကြုံခံစားခဲ့ရတာတွေပေါ်မူတည်ပြီး လူအမျိုးမျိုးစိတ်အထွေထွေရှိတတ်တာကိုလဲ နားလည်နိုင်ပါတယ်။ နားလည်ပေးပါတယ်။

    ဒါပေမယ့်ဗျာ…
    အဲဒါဟာ အခြားလူတွေကို အနှောက်အယှက်ပေးဘို့ အကြောင်းပြချက်တော့မဟုတ်ပါဘူး။
    အဲဒါကြောင့်ပဲဖြစ်ဖြစ်ပေါ့- သူတပါးကို အနှောက်အယှက်ပေးတာကိုတော့ ခွင့်လွှတ်နိုင်မှာမဟုတ်ပါဘူး။
    ကျေနပ်နိုင်မယ် မထင်ပါဘူး။

    ဒီအလှူပွဲကလေးက တော်တော်အားထည့်လုပ်ကြတာမို့ အားလုံးပဲ စိတ်အနှောက်အယှက်ဖြစ်ကြပုံရပါတယ်။
    ရွာသားများကိုတိုက်တွန်းချင်တာက ဖြစ်နိုင်ရင် သူ့ကိုရော သူပြောတာတွေကိုရော တတ်နိုင်သလောက် ခေါင်းထဲကထုတ်ထားပြီး ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ကြစေလိုပါတယ်ဗျာ။

  • Khin Latt

    January 11, 2012 at 3:40 am

    အမ်း …… ဆဲချင်သော်ငြား ဘာကို ဆဲရမလဲ စဉ်းစားမရဘဲ သဘောမျှ နေတာကြောင့် နံပါတ် (၅) ကို သာ စောင့်၍ ဆဲရန် မျှော်နေပါသည် အဘဖော ရှင့်။ jk 🙂

    • Foreign Resident

      January 11, 2012 at 6:30 am

      မ Khin Latt ရေ

      ဒီ Post မှာ ဆဲစရာမတွေ့သေးရင် အမှတ် ( ၅ ) အထိစောင့်စရာ မလိုပါဘူးကွယ် ။
      Forum ထဲက ” ပန်းဖြူနှင့် သဇင်တို ့၏ မင်္ဂလာသတင်း ” မှာ ဖတ်ကြည့်ပါအုန်းကွယ် ။
      မိရိုးဖလာ မြန်မာ အယူအဆ နှင့် ကြည့်လိုက်ရင်တော့ ၊
      အဘ ကို ဆဲချင်စိတ်တွေ တဖွားဖွား ပေါ်လာပါလိမ့်မယ်ကွယ် ။

    • kai

      January 11, 2012 at 6:44 am

      အရီးလတ်ကလည်း.. အနောက်နိုင်ငံရဲ့ အသည်းနှလုံးနေရာမှာ နေနေတာမို့.. အတွေ့အကြုံလေးတွေ.. မျှပြီး.. မတူတဲ့အတွေးလေးတွေနဲ့.. အရှေ့-အနောက်… ပေါင်းကူးပေးပါဦးလို့နော.။ 😆

      အဲ..
      အပေါ်ကမန်းထားတဲ့..ရေနံကမ္ဘာကြီးထဲက..Swal Taw Ywet စွယ်တော်ရွက်ရောပေါ့…။ 🙂

  • phone_kyaw

    January 11, 2012 at 7:35 am

    အိမ်ဖော်တွေဟာ တကယ်တန်းဆိုရင် ကျွန် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဥပဒေအရကို ဩစတျေးလျအစိုးရက လက်မခံတာပါ။ အဖြူတွေရဲ ့စိတ်ထဲမှာလည်း ဒီလို ကျွန် မျိုးထားတဲ့လူတွေကို သူတို ့ရွံ ပါတယ်။ ဗမာတွေကတော့ ကျွန်ကို အတော်နှစ်သတ်ပုံရတယ်။ ဦးကပ်ပတိန်ကြီးလည်း ခလေးမရှိ ခလောက်မရှိတဲ့ ဘဝမှာတောင် ကျွန်ထားချင်နေတယ်ထင်ပါတယ်။ ကျနော် လုံးဝသဘောမကျပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင် ကျွန်ဖြစ်ခဲ့ဘူးပါတယ်။

    မြန်မာတွေဟာ ငွေလေးနဲနဲရှိလာရင် သူများအပေါ်မှာ အညွန် ့ခူးစားချင်တဲ့စိတ်ဓာတ်က အင်မတန်အောက်တန်းကြတယ်။ အားလုံးကို ပြောတာမဟုတ်ဘူးနော်။ ဆန်မရှိအစားကြီးတယ်။ အကြွားထူတယ်။ အထူးသဖြင့် ရန်ကုန်သားတွေက ပိုဆိုးတယ်။ ကျနော်လည်း ရန်ကုန်သားဖြစ်ပါတယ်။

    ဦးကပ်ပတိန်ပြောတဲ့ ကျနော်တို ့ဘဝအကြောင်းကို ဖြစ်နိုင်ရင်တပတ်လောက်နေကြည့်ပေးပါ။ လက်တွေ ့ကျကျပေါ့။ အထင်အမြင်နဲ ့က မလုံလောက်ပါ။ ကျနော်တို ့ဘဝတွေ ဘယ်လောက် ချိနဲ ့ခဲ့လဲ။ ဘယ်လောက်ဒုက္ခရောက်ရလဲဆိုတာကို ကိုယ်တိုင်ဖြတ်သန်းဘူးတဲ့လူမှ သိပါတယ်။ သူများတွေအပေါ်မှာ သာမန်အရပ်သားတွေထက် အနစ်နာခံ စွန် ့လွှတ်ခဲ့ဘူးတယ်။

    ကျနော်ဟာ နိုင်ငံရေးဒုက္ခသည်အဖြစ်နဲ ့လာပါတယ်။ နိုင်ငံရေးဒုက္ခသည်ဆိုရင် နှာခေါင်းရှုံ ့ချင်တဲ့သူက ရှိသေးတယ်။ အထူးသဖြင့် အစိုးရဘက်က လူတွေ၊ နိုင်ငံရေးကို နားမလည်တဲ့လူတွေက ပိုဆိုးသေးတယ်။ ဒါပေမဲ့ ကျနော် တို ့ သူများတွေလို မလိမ်ဘူး။ မကောက်ကျစ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောတယ်။ ကျနော်တို ့ကို အသိအမှတ်မပြုလည်း ကိစမရှိဘူး။ ကြွားလည်း မကြွားဘူး။ တောင်တစ်လုံးမြောက်တစ်လုံးရေးနိုင်တဲ့ အင်္ဂလိပ်စာတက်တဲ့လူလည်း မဟုတ်ဘူး။ မယုံရင်စုံစမ်းကြည့်ပါ ဦးလေး။ ဖြစ်နိုင်ရင် ဦးကပ်ပတိန်ရဲ ့ဓာတ်ပုံနဲ ့ရေးတဲ့စာတွေမှန်သမျှ ကျနော့်ဘလော့ဂ်မှာ တင်ခွင့်ပြုပါ။

    ပြီးရင် နိုင်ငံရေးပတ်ဝန်းကျင်က လူတွေဘာပြောလဲဆိုတာကို လေ့လာကြည့်ပါ။

    တိုက်ခိုက်တာမဟုတ်ပါဘူး။ ကျနော်ရင်ထဲက ခံစားချက်ဖြစ်ပါတယ်။

    • Thel Nu Aye

      January 11, 2012 at 9:21 am

      ကိုဘုန်းကျော်ရဲ့ခံစားချက်တွေကိုနားလည်ပေးချင်ပါတယ်။ ဒါပေမဲ့စကားလုံးအရွးပဲမှားလို့လား၊ ညဏ်မမှီလို့ပဲလားတော့မသိဘူးနားလည်ပေးလို့မရဘူးဖြစ်နေတယ်။ ဒါပေမဲ့ညဏ်မမှီရင်ကိုယ် တယောက်ပဲနားမလည်ရမှာပေါ့။ အခုဟာကအများနဲ့တယောက်ဖြစ်နေတော့ ရှင့်စကားလုံးရွေး ချယ်မှု့အားနည်းနေတယ်လို့ပဲကောက်ချက်ချရမှာပေါ့။ ကျွန်မတခုအကြံပေးလို့ရမလား ကိုဘုန်းကျော်။ ရှင်နိုင်ငံခြားမှာအလုပ်လုပ်တယ် ဆိုတော့နိုင်ငံခြားသား ပိုင်ရှင်၊အုပ် ချုပ်သူတွေအောက်မှာလုပ်ရမှာပေါ့။ သူတို့ကမြန်မာတွေ နဲ့လုံးလုံးမတူပါဘူး။ ဟိုမှာအနေ ကြာလို့မေ့နေမှာစိုးလို့သတိပေးတာပါ။ ကျွန်မအမျိူးသားက လဲဒီမှာလုပ်ပေမဲ့အဖြူပိုင် တဲ့ကုမ္ပဏီမှာလုပ်ရတာပါ။ မြန်မာ head တွေလဲရှိပါတယ်။ အဖြူတွေနဲ့စကားပြောရင်အခုကိုဘုန်းကျော်ကျွန်မတို့ကိုပြောသလိုတိုက်ရိုက် ( မကြိုက် တာကိုမကြိုက်သလို ) ပြောလို့ရပါတယ်။ မြန်မာ head တွေကျတော့ပညာသားပါပါပြော ရပါတယ်။ ဒီလိုပြောလို့ရှင်ကမြန်မာတွေသဘောထားသေးတယ်လို့ပြောလာနိုင်ပါတယ်။ ဒါပေမဲ့ဒါဟာမြန်မာ့ယဉ်ကျေးမှု့ထုံးတမ်းစဉ်လာပါ။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတာမြန်မာတွေရဲ့ချစ်စရာယဉ်ကျေးမှု့ပါ။ အဖြူတွေမှာမရှိပါဘူး။ ဒါကြောင့်စကားအသုံးအနှုန်းကလဲတူလို့မရပါဘူး။ ဒါလေးကိုဂရုပြုပြီးနောက်ကိုစိတ်ရှိ တိုင်းပြောချင်ရင်တောင်မှစကားလုံးကိုအရွယ်သုံးပါးလုံးအကျုံးဝင်အောင်သာသာယာ
      ယာရွေးပြောပေးပါလို့တောင်းဆိုချင်ပါတယ်။ ကျွန်မတို့မရိုင်းချင်ဘူး။ ရှင့်ကိုဒီလောက် ဝိုင်းပြောနေရတာတော်တော်စိတ်ပင်ပန်းပါတယ်။ မြန်မာစိတ်နဲ့အားလဲနာပါတယ်။ ကျွန်မတို့ဒီ့ထက်ပိုပြီးအချင်းမများကြရအောင်လား။ ရှင်ဆင်ချင်ပေးနိုင်လိမ့်မယ်လို့မျှော် လင့်ပါတယ်။ တောင်းဆိုပါတယ်။

    • Foreign Resident

      January 11, 2012 at 11:45 pm

      ကို ဘုန်းကျော် ရေ
      ( ၁ ) ယခုကဲ့သို့ လူကြီးလူကောင်းဆန်စွာ ပြန်လည် ရှင်းလင်းတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။

      ( ၂ ) အိမ်ဖော်တွေဟာ တကယ်တန်းဆိုရင် ကျွန် ဖြစ်ပါတယ်။
      တပိုင်းတစ်စ လက်ခံပါတယ် ။ ဒါပေမယ့် ကို ဘုန်းကျော် ရေ
      အဘ ကိုယ်တိုင်ကလည်းပဲ ကျွန် တစ်မျိုးပဲ လို့ ရှေ့မှာ ဝန်ခံထားတယ်နော် ။
      ” ကိုယ်ပိုင် Company မထောင်နိုင်သေးသရွေ့ကတော့
      ( သင်္ဘောသားလည်း ) သူများခိုင်းတာလုပ်ရတဲ့ ကျွန် ပါပဲကွယ် ”

      အဲဒီတော့ကာ အဘက အိမ်ဖေါ် ကို နှိမ်ချတဲ့သူတွေထဲမှာ မပါပါဘူးကွယ် ။
      အိမ်ဖေါ်အလုပ် ဆိုတာလည်း professional အလုပ်တစ်မျိုးပါပဲ ။
      ရိုးရိုးသားသား တာဝန်ကျေကျေ လုပ်ရတဲ့ အလုပ်မှန်သမျှဟာ ဂုဏ်သိက္ခာ ရှိပါတယ် ။

      အဘလည်း ကိုယ်ကျွမ်းကျင်တဲ့ Field မှာ သက်စွန့် ဆံဖျား ပိုက်ဆံရှာပါတယ် ။
      ရှာလို့ရတဲ့ ပိုက်ဆံ ကို အဘ ကုန်းပေါ်မှာ ပြန်နားချိန်မှာ အဆင်ပြေသလို သုံးစွဲတယ် ။
      ( Eg, Gardener & Domestic Helper ကို Part Time ဖြစ်ဖြစ် ခေါ်သုံးတယ် )

      အမှန်ပြောရရင် အဲဒီ ဩဇီက Gardener & Domestic Helper ရဲ့ တစ်လ ဝင်ငွေဟာ
      မြန်မာ သဘောင်္ ကပ္ပတိန် ရဲ့ ဝင်ငွေထက် မနည်းပါဘူး ။
      အဘအိမ်မှာ ရေချိုးခန်း အိမ်သာ တွဲရက် ၂ ခန်း နှင့် မီးဖိုချောင်ကို cleaning လုပ်ဖို့
      Domestic Helper ခေါ်ဘူးပါတယ် ။
      တစ်ယောက်ထဲ ၂ နာရီလောက်ပဲ လုပ်ပြီး ဒေါ်လာ ၃၀ဝ တောင်းသွားပါတယ် ။
      မြန်မာ သဘောင်္ ကပ္ပတိန်က တနေ့လုံး ၈ နာရီ လုပ်မှ ဒေါ်လာ ၂၀ဝ လောက်ရတာပါ ။
      သဘောင်္ ကပ္ပတိန် ကတောင် ပင်လယ်ထဲ သက်စွန့် ဆံဖျား လုပ်ရသေး ။

      အဲဒီတော့ သူများတွေအပေါ်မှာ အညွန် ့ခူးစား နေတယ်လို့ မမြင်မိပါဘူး ။
      Roman ခေတ်က ကျွန်တွေလို မတရားခိုင်းနေတဲ့ ခေတ်မှမဟုတ်တာ ။
      Service တစ်ခုကိုပေး တယ် In return လုပ်အားခ / ပိုက်ဆံ ကိုယူ တာပါ ။
      ဘာမှ မထူးဆန်းလှတဲ့ ငွေကြေး နှင့် လုပ်အား လဲလှည်မှုလေးပါ ။

      ( ၃ ) ” ကျနော်တို ့ဘဝတွေ ဘယ်လောက် ချိနဲ ့ခဲ့လဲ။
      ဘယ်လောက်ဒုက္ခရောက်ရလဲဆိုတာကို ကိုယ်တိုင်ဖြတ်သန်းဘူးတဲ့လူမှ သိပါတယ်။
      သူများတွေအပေါ်မှာ သာမန်အရပ်သားတွေထက် အနစ်နာခံ စွန် ့လွှတ်ခဲ့ဘူးတယ် ”

      ” နိုင်ငံရေးဒုက္ခသည်ဆိုရင် နှာခေါင်းရှုံ ့ချင်တဲ့သူက ရှိသေးတယ်။
      အထူးသဖြင့် အစိုးရဘက်က လူတွေ၊ နိုင်ငံရေးကို နားမလည်တဲ့လူတွေက ပိုဆိုးသေးတယ် ”

      အဘ လည်း စိတ်မကောင်း ဝမ်းနည်းမိပါတယ်ကွယ် ။
      ” အစစ်အမှန် နိုင်ငံရေး ခိုလှုံခွင့် ခံထားသူတွေဟာ တိုင်းပြည်အတွက် ဦးတည်ပြီး
      တစ်ခုခု လုပ်ခဲ့သူများဖြစ်ကြပြီး ။ အဘ အနေနှင့် သူတို့ကို လေးစားပါတယ် ” လို့
      အဘ ပြောခဲ့ပြီးပြီပဲကွယ် ။

      ( ၄ ) ” ဖြစ်နိုင်ရင် ဦးကပ်ပတိန်ရဲ ့ဓာတ်ပုံနဲ ့ရေးတဲ့စာတွေမှန်သမျှ ကျနော့်ဘလော့ဂ်မှာ တင်ခွင့်ပြုပါ။
      ပြီးရင် နိုင်ငံရေးပတ်ဝန်းကျင်က လူတွေဘာပြောလဲဆိုတာကို လေ့လာကြည့်ပါ ”

      အဘ ရေးတဲ့စာဟာ ကိုဘုန်းကျော် ဘလောက် အတွက် ရည်ရွယ်ပြီးရေးထားတာ မဟုတ်တဲ့အတွက်
      အဘ အနေနှင့် ငြင်းပါယ် ပါရစေကွယ် ။
      ကိုရင် ဘုန်းကျော်ရဲ့ ရင်ထဲက ခံစားချက်ကို နားလည်စာနာပေးနိုင်ပေမယ့် ၊
      စိတ်မဆိုးရင် တစ်ခုလောက် ထောက်ပြပါရစေ ။

      လောကကြီးဟာ ” နိုင်ငံရေးပတ်ဝန်းကျင်က လူတွေ ” only နှင့်ပဲ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။
      နိုင်ငံရေးပတ်ဝန်းကျင်က လူတွေဘာပြောလဲဆိုတာ တစ်ခုပဲ ဦးစားပေး နားထောင် မိရင်တော့
      တကယ့် အရေးအပါဆုံး ပြည်သူ့ အသံ နှင့် ဝေးကွာသွားပါလိမ့်မယ် ။

      ပြည်သူ့ အသံ အစစ်ကို လွယ်လွယ် ကူကူ ရိုးစင်းစွာ နားထောင်ချင်ရင်တော့ ၊
      ဒီ Post နှင့် ” ဂေဇတ်ရွာအလှူတွင် အလိမ်မခံရအောင် “ Post နှစ်ခုက
      Comment တွေကို ပြန်ဖတ်ကြည့်တာက ပိုနီးစပ်ပါလိမ့်မယ် ။
      ဘာတွေ မှားနေသတုန်း ???

      ကိုဘုန်းကျော် ရဲ့ စိတ်ရင်းမှာ တိုင်းပြည်ကိုချစ်တဲ့စိတ်
      ပြည်သူတွေ ကို ဗဟုသုတတွေ ဖြန့်ဝေပေးလိုစိတ်တွေ ရှိမှာကို
      အဘ ယုံကြည်ပါတယ် ။

      ပြည်သူတွေရဲ့ အမြင်မကျယ်မှုအတွက် အားမလိုအားမရ
      ဖြစ်နေလောက်တာကိုလည်း အဘ ခံစားမိပါတယ် ။

      ဒါပေမယ့် မှားမှား မှန်မှန် ပြည်သူ ဟာ မိဘ ဖြစ်တဲ့အတွက်
      ကိုယ့်ဖက်က မှန်တယ်ထင်ရင်တောင်မှ
      ပြည်သူကို ဆွဲဆောင် ပြီးပဲ ခေါ်ခွင့်ရှိပါတယ် ။

      ကြမ်းတမ်းတဲ့ စကားကို ဆိုခြင်းဟာ အကျိုး မများတဲ့ အတွက်
      လိမ္မာ ပါးနပ်စွာ ဆွဲဆောင် ခြင်းနှင့်ပဲ အောင်မြင် နိုင်ပါစေကွယ် ။

      မေတ္တာဖြင့် အဘ F R

  • MaMa

    January 11, 2012 at 8:30 am

    နှစ်ဖက်စလုံးကို မြင်နေတဲ့ လူတစ်ယောက်အနေနဲ့ ရေးပြပေးတာ ကောင်းပါတယ်။

    FR က ပေါင်းကူးတံတားပေ့ါ။

    အဲဒီတံတားကို အသုံးပြုပြီး နှစ်ဖက်စလုံးက နားလည်ခွင့်လွှတ်မှုတွေ ပေးကြရင် ကောင်းမယ်။

    အီတုံး အနေနဲ့လည်း ကိုယ့်ကို မယုံကြည်တဲ့လူကို အပြစ်မတင်ပဲ လစ်လျှူရှု့ပေးလိုက်ပေ့ါ။

    တစ်ဖက်ကလည်း ကိုယ့်စိတ်ရှိတဲ့အတိုင်း
    -ယုံကြည်ရင် ပူးပေါင်းပါဝင်လိုက်၊
    -မယုံကြည်ရင်တော့လည်း လူအများကြားထဲမှာ လျှောက်အော်နေမယ့်အစား မလှူပဲ တိတ်တိတ်ကလေး နေပေးလိုက်ပေ့ါ။ (လှူချင်ရင် ကိုယ်တိုင်လည်း ရွှေဇီးကွက်နဲ့ သိလို့ တိုက်ရိုက်လှူနိုင်တာပဲလေ)

    အနစ်နာခံတယ်၊ စွန့်လွှတ်တယ်ဆိုတဲ့ စကားလုံးတွေကို (ကိုယ်သိသလောက်) ဒေါ်စု က တခါမှ မသုံးဖူးဘူး။

    သူဟာ ဖေဖေ့သမီးတစ်ယောက်အနေနဲ့ သူ့စိတ်နဲ့သူ၊ သူလုပ်သင့်တယ် ထင်တာကို လုပ်တယ်လို့ ပြောလို့ သူ့အပေါ် ကြည်ညိုတဲ့စိတ်က ပိုလာပါတယ်။

    နောက်ဆုံးပြောချင်တာတော့-
    အဆဲခံချင်လို့ကို ရေးတယ်ဆိုတဲ့ ခေါင်းစဉ်ကို ပြောင်းရေးရင်ကောင်းမယ်။
    ဘာဖြစ်လို့လဲဆိုရင် ၂၀၁၂ မှာ သဂျီးက ဆဲခွင့်မပေးတော့လို့။ အဆဲမခံရမယ့်တူတူ ခေါင်းစဉ်ပြောင်းလိုက်တာ ပိုကောင်းမယ်။ 🙂

  • htoosan

    January 11, 2012 at 9:09 am

    အဲဒီ အကျင့်က “ငါမှန်တယ် လို့အမြဲစွဲတတ်တဲ့ ကျနော်တို့သွေးသားတွေ”
    “ငါနဲ့မတူငါ့ရန်သူလို့ သတ်မှတ်တတ်တဲ့ကျနော်တို့ညီအကိုမောင်နှမတွေ”
    “ဗူးဆိုရင်ဖရုံမသီးဘူး၊ မင်းသားမလုပ်ရရင် ပါတ်မကြီးထိုးခွဲပလိုက်မယ်ဆိုတဲ့ကျနော်တို့မိသားစုနိုင်ငံသားတွေ”
    သူများ စကားလေးများ “မာနကင်းကင်း ၊ အစွဲအလန်းကင်းကင်း၊ ငါအနစ်နာခံထားတာကွ၊ငါလုပ်ထားတာကွဆိုတဲ့
    အတ္တစိတ်ရှင်းရှင်း” လေးနဲ့ နားထောင်ပေးတတ်၊ ပြောခွင့်ပေးတတ်၊ ဆွေးနွေးပေးတတ်ဖို့လေး လိုတယ်လို့ကျနော်
    ထင်မိပါတယ်။
    မောင်သစ်မင်း

    “ဆြာသစ်၏ ဂေဇက်ဆီမီနာ (၂) တဦးချင်း၏ပြုပြင်ပြောင်းလဲရေးအကောင်းလေးတွေ တွေးလို့ဒီနေ့ဘဲလုပ်ရအောင်။”

    မှ ကူးယူဖော်ပြခြင်းအား ဆြာသစ်ခွင့်လွှတ်နိုင်မည်ဟုထင်ပါသည်။

  • kokothandar

    January 11, 2012 at 9:19 am

    ကိုယ့်နိူင်ငံကို အလိုမကျရှိလို ့ စွန် ့ခွါ ရောက်တဲ့တိုင်းပြည်မှာလဲ အလိုအကျဖြစ် ဒါဟာ…တစ်ကယ်တော့
    စိတ်ကျရောဂါ တစ်မျိုးလို ့ဆိုရမလိုပါဘဲ တွေ ့တဲ့လူနဲ ့တည့်အောင်ပေါင်း ရောက်တဲ့အရပ်မှာပျော်အောင်နေ
    ဇွဲလုံးလရှိရှိနဲ ့ကြိုးကြိုးစားစားအလုပ်လုပ်နေရင်း ့ဘဝကိုရောင့်ရဲနေထိုင်တတ်ရင် ပျော်စရာပါ

  • etone

    January 11, 2012 at 9:24 am

    အဘ FR ရေ ဒီလူ ဘယ်လိုဘဝမျိုး ဖြတ်သန်းလာရလဲဆိုတာ ကျွန်မစိတ်မဝင်စားပါဘူး ။ ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတိုင်း မြဲမြဲရပ်နိုင်ဖို့ ကိုယ့်ကိုယ်ကို တာလုံအောင် လေ့ကျင့်နေရလို့ပါပဲ … ။

    ဖြတ်သန်းလာရတဲ့ ဘဝကိုဗန်းပြပြီး လူတွေကို အကြောင်းမဲ့ သက်သက် စော်ကားဖို့ လိုင်စင်ရထားသလို ပေါက်လွတ်ပဲစား စကားလုံးတွေသုံးပြီး လမ်းဘေးစရိုက်နဲ့ အော်ဟစ်ချင်နေတဲ့ သူ့ကို ဥပက္ခာပဲပြုထားလိုက်ပါတယ် ။ မနေ့ကတော့ ပို့စ်တပုဒ်ရေးထားပါတယ် …. လူသိရှင်ကြား စည်းမဲ့ကမ်းမဲ့ ပြောလိုက်တဲ့ သူ့စကားအတွက် အလှူရှင်တွေ စိတ်မကွက်စေဖို့ပါ … ။ ပိုစ့်တင်ပါဦးမယ် ။

    AKKO လည်း အလှူရှင်စာရင်းကို ပါ့ဘလစ်လုပ်ဖို့ပြောခဲ့ဖူးတယ် …. ဒါပေမယ့် …. မြင်ခဲ့တွေ့ခဲ့ဖူးတဲ့ ရပ်ကွက်အလိုက်လုပ်တဲ့ စုပေါင်းအလှူတွေကလို စေတနာအလျှောက်မဟုတ်ပဲ ပြိုင်ဆိုင်အလှူငွေထည့်ဝင်ခြင်း ၊ လော်စပီကာလို ကြားခံပစ္စည်းမျိုးအသုံးပြုပြီး အကြိမ်ကြိမ် ဂုဏ်ဖော်ခြင်းမျိုး တွေ မလိုလားတာကြောင့်…..
    ပါ့ဘလစ်မဖော်ပြတာပါ ။ ဒါပေမယ့် သဂျီးနဲ့ တကွ အလှူရှင်တွေဆီကိုပဲ မေးလ်ပို့ approve လုပ်တယ် ။ (တချို့အလှူရှင်တွေရဲ့ email address မသိလျှင်တော့မပို့ပါဘူး ) ။ အလှူခံစာရင်းပိတ်တာနဲ့ အလှူရှင်စာရင်းကို အတိကျ ပါ့ဘလစ်လုပ်မှာပါ .. ကောက်ခံနေစဲ ကာလအတွင်းမှာတော့ … မေးလ်ကနေပဲ ပို့ပြီး အကြောင်းကြားမှာဖြစ်ပါတယ် ။

    ကျွန်မတို့ ယုံကြည်လို့ လှူတဲ့အလှူရှင်တွေရှိသလို … ဖြစ်နိုင်ပါ့မလားလို့ စောင့်ကြည့်တဲ့ လူတွေရှိပေမယ့် … ကိုယ်လုပ်တဲ့ အလှူအပေါ် စိတ်သန့်သန့်နဲ့ပဲ ဆက်လုပ်သွားချင်တယ် ။ ဘယ်အမှောင့်ပယောဂကြောင့်မှ အစီစဉ်ပျက်ဆီးသွားတာမျိုး ဖြစ်မှာမဟုတ်တာကိုတော့ …. အာမခံချက် အတိလင်းပေးလိုက်ချင်ပါတယ် ။

    • phone_kyaw

      January 11, 2012 at 10:06 am

      Just do what you have to do. Please do not be a kid. Have a go. I will donate. OK????

      • MaMa

        January 11, 2012 at 10:30 am

        အီတုံးအစား ဖြေပေးလိုက်မယ်။
        လှူပေးဖို့က အဓိက မဟုတ်ပါဘူး ကိုဘုန်းကျော်ရေ။
        အဓိက က တစ်ယောက်နဲ့တစ်ယောက် အမြင်မှန်ဖို့ပါ။
        အခုလို ပူးပေါင်းပါဝင်လာမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေ့ါ။ 🙂

      • etone

        January 11, 2012 at 10:45 am

        သဒါ္ဓမပြတ်လျှင် မလှူတာက ရှင့်အတွက်ရော ၊ ကျွန်မတို့အဖွဲ့ အတွက်ပါ ပိုကောင်းပါလိမ့်မယ် ။ အလှူကို မငြင်းကောင်းပေမယ့် …. ရှင့်ပိုက်ဆံနဲ့ အတူပါလာမယ့် အပူတွေကြောင့် … ရှင့်အလှူကို refuse လုပ်ပါတယ် ။ (ငွေလွှဲလျှင်လည်း မည်သူကမှ တာဝန်ယူထုတ်မပေးပါ ) ။

        ရှင်ပြောတဲ့ … ကိုယ့်မောင်နှမတွေကို ပိုက်ဆံသွားယူပြီးခိုင်းပြီးလှူလည်း ရတယ် လို့ပြောဖူးတာလေးလည်း ရှိတာကြောင့် တကယ်လှူချင်စိတ်ရှိလျှင် တိုက်ရိုက်ချိတ်ဆက် လှူဒါန်းလိုက်ပါ … ။

        စိတ်တူ ၊ ကိုယ်တူ၊ ဝါသနာတူတဲ့ လူတွေ စုပြီး လုပ်တဲ့ပွဲမှာ စေတနာရှိသလိုလို ၊ ပူပေါင်းချင်သလိုလိုလုပ်ပြီး သံသယမကင်းနဲ့ ထည့်ဝင်တဲ့ အလှူငွေမျိုး(ဘယ်လောက်များများ) လုံးဝ မလိုချင်တာကြောင့်ပါပဲ … ။

        • phone_kyaw

          January 11, 2012 at 12:47 pm

          နာမည်ကိုက ကဗျာမဆန်တဲ့နာမည်။ အိတုံ မဟုတ်ပဲ ချိပုံ လို ့ပြောင်းရတော့မလို။ စ..တာနော်။ စိတ်ဆိုးသွားအုံးမယ်။ အမလေးရယ်…သနားပါဗျာ…ကျနော်အရမ်းလှူချင်လို ့ပါ…ဆိုပြီးတောင်းပန်ရတော့မလို။ အမလေးတို ့နဲ ့မှ မလှူရရင် နောင်ဘဝ ကြရင် ဂေဇတ်မှာ ရေစက်မဆုံမှာစိုးရိမ်လို ့ပါဗျာ။ ဟား…ဟား..။ လူပုသလောက် စိတ်လည်း မရှည်ဘူး။

        • etone

          January 11, 2012 at 2:18 pm

          လှူချင်လျှင် လက်ညှိုးထောင် ၊ အဂုင်္လိမာလလွှတ်ပြီး အလှူခံခိုင်းလိုက်မယ် 😆

          တကယ်စိတ်ပိုင်းဖြတ်ပြီး လိုလိုလားလား လှူချင်တယ်ဆိုလျှင်တော့ ကြိုဆိုပါတယ် ။
          ဒါပေမယ့် ကလေးတွေလို လှူပြီးပြန်တောင်းလို့တော့မရဘူး ။ မျက်စိစွံတတ်တယ် :mrgreen:

          မနေ့က ဩစီကဖုန်းနံပါတ်တစ်ခုဝင်ထားတာတွေ့တယ် ……. ဘယ်သူများပါလိမ့် ။ +61430429667 🙄

  • htet way

    January 11, 2012 at 9:31 am

    အဘအမြင်ဟာ စာနာစိတ် ပါ
    နိုင်ငံရေးလုပ်ပြီး တဖက်ရောက်သွားသူတွေရဲ့ အနှစ်နာခံတတ်တဲ့ စိတ်ကို
    အဘက လေးစားကြောင်း၊ သူတို့ရဲ့ ကြမ်းတမ်းတဲ့ ဘဝဖြတ်သန်းမူအပေါ်မှာ
    စိတ်တွေ ခက်ထန်လာကြောင်း.. စာနာစိတ်နဲ့ ပြောပြရှင်းပြပါတယ်
    နောက်တခုက…ဒေါက်တာနဲ့ E- tone တို့ ဆောင်ရွက်တာ အမြင့်မြတ်ဆုံးစိတ်နဲ့
    စာနာမူကိုရှေ့တန်းတင်နေတာပါ။ပျက်သွားမှာစိုးပါတယ်။အများအတွက် တာဝန်ထမ်းရွက်
    တဲ့ အခါ ဒီလို တိုက်တာခိုက်တာတွေ ခံရ မှာပါ..နောက်မဆုတ်လေနဲ့။
    “ဘာပဲပြောပြော ပညာဆိုတဲ့ အရာဟာ
    လူတွေရဲ့ အတွေးအခေါ် မြင့်မားဖို့နှင့် ရင့်ကျက်ဖို့အတွက်
    အရေးပါတဲ့ ဒေါက်တိုင်တစ်ခုပဲလေ ။”
    အဘပြောတဲ့ ပညာ စကားကမှတ်သားစရာပါ။အဆိုတော် ထူးအိမ်သင်က
    လောကမှာ အရေးကြီးဆုံးက ချစ်ခြင်းမေတ္တာနဲ့ ဉာဏ် ပညာလို့ပြောခဲ့ဖူးပါတယ်။
    ဟုတ်ကဲ့ ကျေးဇူးပါအဘ

  • yaungchikha

    January 11, 2012 at 11:15 am

    အဘရေ…….. ကျနော် အရင်က ဂဇက်ရွာသူားတွေ ဆုပေါင်းပြီး အလှူလေးလုပ်နိုင်ရင်ကောင်းမှာပဲလို့ တွေးမိဘူးတယ်၊ ဒါပေမယ့် ကျနော်ကိုယ်တိုင်ဦးဆောင်ပြီးလဲ မလုပ်နိုင်ဘူးလေ၊ အဲ့လိုဆိုတော့ အခု မအိတုန်ရဲ့ အလှူစာလေးကိုတွေ့တော့ ကျနော် တကယ်ကိုပျော်ရွှင်ခဲ့တယ်၊ ကျနော်ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံး ကိုယ်နဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေအပေါ်မှာ မယုံကြည်တဲ့ စိတ်မျိုးမထားခဲ့ဘူးဘူး၊ အဲ့လိုပဲ လိမ်လည်တဲ့လူတွေနဲ့လည်း မတွေ့ခဲ့ပါဘူး၊ ရိုးသားတဲ့လူတွေနဲ့ပဲ တွေ့ခဲ့ဘူးပါတယ်၊ အဓိကက ကိုယ်တိုင်ရိုးသားမှု့ပါ၊ ကိုဘုန်းကျော်အနေနဲ့လည်း သံသယစိတ်မဖြစ်ပါနဲ့၊ ကိုဘုန်းကျော်ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် လူတွေကို သံသယစိတ်တွေနဲ့ ဆက်ဆံနေရင် ပင်ပန်းပါတယ်၊ ကျနော်ကတော့ အခုလို အလှူလုပ်တာကို အားပေးထောက်ခံပါတယ်၊ ကိုယ်တိုင်မလှူနိုင်ရင်လည်း အလှူလုပ်တဲ့လူတွေကို သံသယမရှိ သာဓုခေါ်နေမှာပါ…………

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 11, 2012 at 11:20 am

    အဲ့ဒါဘဲ
    အဲ့ဒါဘဲ
    ပြောဗျန်ဒေါ့လဲ ချီးဘတ် လွန်ရာကျဦးမယ်
    ဘာ !!!!!!!!!!!!!!!! ကျွန်လဲ
    ဘာ !!!!!!!!!!!!!!!!!!! အစေခံလည်း
    မသေမချင်းမှတ်ထားဂျ
    ဘဝင်မြင့်မှ ဘဝမြင့်တယ်
    ဘဂျီးသင်္ဘောဒရိုင်ဘာရော လခငါးထောင်ဒေါ်လာရတဲ့ သဘုံရော
    နှစ်ယောက်စလုံးကို တစ်လ စားပြီးသောက်ပြီး ငါးသောင်း ( ကျပ် ) ရတဲ့
    ချီးဘတ် က ပြတ်ပြတ်သားသညးဝေဖန်ဒယ်
    ကိုယ် ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ကျွန် အစေခံလို့ သဘောထားမှတော့
    ဘာအသုံးကျတော့မှာလဲ
    ကိုယ်လုပ်လို့ အလုပ်ရှင်ဆိုတဲ့လူ ချမ်းသာနေတာပါလားလို့
    ကြံကြံဖန်ဖန် သူများနဲ့မတူအောင်
    တွေးလိုက်ဂျဇမ်းဘာ
    တွေးလိုက်ဂျဇမ်းဘာ

    • Harumoto

      January 11, 2012 at 7:22 pm

      ဟုတ်ပါ့…
      သူဌေးလိုတွေးမှ သူဌေး ဖြစ်မယ်။
      ကျွန်လိုတွေးနေတဲ့လူတွေ ကျွန်ဘဝက လွတ်လမ်းမမြင်…..။

    • Harumoto

      January 11, 2012 at 7:28 pm

      သခင်စိတ်မွေးလို့ တို့ဗမာတွေ သခင် နာမယ်တတ်ပြီး
      ကျွန်ဘဝကလွတ်အောင် ဦးဆောင်ခဲ့တဲ့ သခင်မျိုးဟေ့ ဒို့ဗမာ တွေကို
      အားကျပြီး…သခင်တွေးတွေးလို့ သခင်စိတ်မွေးနိုင်အောင်
      ဝိုင်းဝန်း အားပေး ကူညီကြရအောင်….။

  • titanmandalay

    January 11, 2012 at 11:24 am

    photo တွေအများကြီးစုပြီးဘယ်လိုတင်ရလဲမသိလို့ပြောပြပေးကြပါ
    တစ်ပုံထဲပဲပြနေလို့ အခက်တွေ့နေရပါသည်

    • M-Lulin

      January 12, 2012 at 12:58 am

      ဖုန်းဆက် ကွာ . ဖုန်းဆက် .. ဖုန်းနံပါတ် တွေ ပါ့ဘလစ် ဖြစ်နေတာ တွေရှိတယ်.. ဟီး .ကြပ်တာ.. ကြပ်တာ…
      ပြေးပြီ … ဒပ်~~ကလောက်..ဒပ်~~ကလောက်

    • amatmin

      January 11, 2012 at 9:56 pm

      ကိုဘီလူး ကွန်မန့်လေးကို စိမ်းပေးလိုက်တယ်ဗျာ..
      အပြန်အလှန် ကွန်မန့်တွေ ဖတ်လာတာ
      ကိုဘီလူးမန့်တာလေးတွေ့မှအူရွှင်ရလို့ဗျို့.. 🙂 🙂

Leave a Reply