ငွေတောင်ပြည် သို့ အပိုင်း – ၅ (ဆန်းဘွန်း ကျေးရွာ)
ဒီပိုစ့် ပြီးရင် နောက် တစ်ပိုစ့်ပဲ ကျန်ပါတော့တယ်။ သူကြီးတော့ သူ့ ဆာဗာ အတွက် ရင်လေးနေမလားပဲ။တောင်းပန်ပါတယ် သူကြီးရယ်။
ပြန်ရမယ့် မနက် လင်းလင်းချင်းမှာပဲ ကျွန်တော် ဆန်းဘွန်းကျေးရွာ ကို ဆိုင်ကယ်ငှားပြီးသွား လို့ရခဲ့ပါတယ်။ အဲ့ဒီ့ ကျေးရွာမှာတော့ ပဒေါင် လို့ လူသိများတဲ့ ကယန်း လူမျိုး အများစု အခြေချ နေထိုင်ပါတယ်။ အများစု က မီး မသွယ်ကြဘူး။ မီးမလိုဘူးလို့ ယူဆ တဲ့ အသိရှိကြသေးတယ်။ မီးသွယ်ထားတဲ့ အိမ်ကျတော့ SKY NET ပါတတ်ထားတယ်နော်။
အဲ့ဒီ့ လူမျိုး တွေနဲ့ ပတ်သက်ပြီး ယိုုးသယား အနွယ်ဝင် လိုလို မြန်မာ တိုင်းရင်းသား လိုလို ငြင်းခုံ စရာလေးတွေ ရှိနေပါသေးတယ်။ အသေးစိတ် သိတဲ့ သူတွေ ဝင်မန့် စေချင်ပါတယ်။
အဲ့ဒီက အများစု က စာဖတ် ရမယ် ဆိုတဲ့ အသိလေး နည်းပါး နေကြတုန်းပါပဲ။ စာကြည့်တိုက် တွေတော့ ရှိပါတယ်။ ကျွန်တော်လဲ မှတ်တမ်းပုံ နဲ့ပဲ ကျေနပ် ခဲ့ရပါတော့တယ်။
21 comments
blackchaw
January 11, 2012 at 11:25 am
ကို လုလင်ရေ။
ဓါတ်ပုံတွေ ဝင်ကြည့်ပြီး သရေကျသွားတယ်ဗျာ။
M-Lulin
January 11, 2012 at 2:45 pm
ဦးဘလက်ချော ကျေးကျေး ဗျာ ..။
Novy
January 11, 2012 at 11:41 am
အမောင်လုလင်
ကိုယ်တိုင် မောင်းဝင်ထောင်းနေတယ်ပေါ့လေ
အရမ်းအားကျပါတယ်
အဲလိုခရီးသွားတာ နဲ့ ဓါတ်ပုံရိုက်တာကို
M-Lulin
January 11, 2012 at 2:46 pm
မော်ဒယ် လိုနေလို့ ကိုယ်တိုင် ဝင်လုပ် ပလိုက်တာ။ ဟီး ..
ငပေါက်ဖော်
January 11, 2012 at 12:06 pm
မောင်ပေ
ကောင်းကောင်း ထိုင်စီးကွာ..မဆော့နဲ ့
ပြုတ်ကျမယ်
ကမောင်ချောလဲ ကားကို ဖြည်းဖြည်းမောင်းအုံး
ဝါးက ဆွေးနေဘီ..ပြုတ်ထွက်ဦးမယ်
nozomi
January 11, 2012 at 12:20 pm
ကိုလုလင် ရဲ့ ဓါတ်ပုံလက်ရာတွေကိုလဲ သဘောကျတယ်
ကင်မရာကြီးလဲ သဘောကျတယ်
လွိုင်ကော်ကို တစ်ခေါက်တော့ ရောက်ဘူးတယ် တောင်ကွဲစေတီပေါ်ရောက်ဖူးတယ် ၊ဈေးထဲကို ရောက်ဖူးတယ် ဆိုတာကလွဲလို့ သိပ်မမှတ်မိချင်တော့ဘူး
M-Lulin
January 11, 2012 at 2:48 pm
သဘောကျ တယ်ဆိုလို့ ကျေးဇူးပါ။ ကင်မရာ ကြီးကတော့ အဟိ …. လက်ဆောင် ရတာဗျ။ လွိုင်ကော် က အရင်လို မဟုတ်တော့ဘူး .. အဆင်ပြေ နေပြီဗျ ..
pooch
January 11, 2012 at 2:30 pm
သူတို့ဆီမှာ အခုထိ အရင် ဓလေ့တွေအတိုင်းပဲ နေထိုင်ကျင့်သုံး နေကြတုန်းပဲနော် …
တခါတခါ တွေးမိပါတယ် သူတို့ရဲ့ လူနေမှုဓလေ့လေးတွေကို အခုခေတ်လူနေမှု ဓလေ့စရိုက် လို အကုန်လုံးက ကျင့်သုံးလိုက်ရင်……
အခုလို ဓလေ့လေးတွေ ပျောက်ကွယ်သွားမှာကိုလည်း စိုးတယ်…
သူတို့လို တိုင်းရင်းသားများကိုလည်း လူတွေထဲက လူတွေလို အသိပညာတွေ ဖွံ့ဖြိုးတိုးတက်ပြီး သူတကာနဲ့ ရင်ဘောင်တန်းနိုင်စေချင်တယ် …. ရိုးရာလေးတွေကိုလည်း ထိန်းသိမ်းပြီး ရှိနေစေချင်တယ်…
ဆလုံတွေ ပျော်တဲ့ ရေပြင်ကျယ်ဆိုတာမျိုးကို ဖတ်ရတော့လည်း ဒီလို အတွေးမျိုး တွေးမိတယ် … ….
အင်း…. ငြင်းစရာ ခုံစရာလေးတွေကတော့ အကိုးအကားအထောက်ထားစုံလင်စွာ ပြောနိုင်မှ ကောင်းမှာပါလေ..
M-Lulin
January 11, 2012 at 2:53 pm
တီတီ ပုရှ် .. အဲဒါတော့ ဟုတ်တယ်။ အဲ့ရွာမှာ ဘန်ကောက် နဲ့ စင်ကာပူ ပညာတော် သင်ပြန်၂ ယောက်ရှိတယ်ဗျ။ ဟော်တယ်မန်နဂျမန့် ဘာသာ အထူးပြု နဲ့ သွားတက်ထားတာ။ လက်ရှိ လုပ်ငန်း ခွင် ဝင်နေကြတယ်။ ဘာသာ စကား ၄ မျိုး လောက်တတ်တယ်။ ကျွန်တော် မရောက်ခင် တုန်းက ထင်ခဲ့တာက .. အဲ့ဒီ့ ကယန်းလူမျိုးတွေက ကြေးကွင်းတွေကို … ကန်စပ်မှာ ထိုင် .. ကောက်ရိုးနဲ့ ပွတ် .. ဘေးမှာက လဲ သစ်ရိပ်.. ဝါးရိပ်တွေနဲ့ စိမ်းစိမ်းစိုစို.. ညှိုညိုမှောင် မှောင် .ကလေး တွေက ရေဆော့ နေပြောက်လေးကလေးတွေနဲ့ .. အဲလိုမျိုး ရိုက်မယ် ပေါ့ .. အားတင်းပြီးသွားတာ.. ဟိုလဲ ရောက်ကော .. ကြေးကွင်းတွေကို (ဘရာစို-ကြေးချေးချွတ်ဆေး) နဲ့ တိုက်ပြီး ဆပ်ပြာမှုန့် နဲ့ ဆေးနေတာ သာ တွေ့ခဲ့ပါကြောင်း ….
M-Lulin
January 11, 2012 at 2:54 pm
အချိန် မရလို့ ရယ် နဲ့ တခြား အကြောင်းကြောင်း တွေကြောင့် ဟိုး အစွန်း ထိ . မသွားနိုင်ခဲ့တာ လဲ ပါမှာပါ။
နွယ်ပင်
January 11, 2012 at 3:16 pm
၈။ သူတို့ စီးတဲ့ ဆွဲလည်း ပုံလေးကို သဘောကျတယ်
ဒါနဲ့ ကိုယ်တိုင်မော်ဒယ်လ် ဝင်လုပ်လို့လဲ ဖြစ်တာပါပဲလား ..
လိုက်တယ်နော် ဟီးးးးးးးးး 🙂
M-Lulin
January 11, 2012 at 3:28 pm
ခံစားချက် တွေတူညီနေတော့ လဲ ရှေ ့သွားနောက်လိုက် ညီတော့ တာ ပေါ့ဗျာ။ ကိုယ်သာ ရိုက်နှက် ချင်တာ ကိုယ့် ကိုလာ ရိုက်နှက် မှာတော့ ကြိုက်ဘူးရယ်။ 🙂
MaMa
January 12, 2012 at 9:46 am
အော်…မောင်လုလင်
တော်တော် ကိုယ်ချင်းစာစိတ် ရှိတာပဲ။ 😆
အမှန်တကယ်တော့လည်း …..
ရိုုက်တတ်သူက အရိုက်မခံချင်ဘူး။
မရိုက်တတ်သူက အရိုက်ခံချင်တယ်။
ရိုက်တတ်လို့ ရိုက်ပေးသူကို ကျေးဇူးတောင် တင်ရသေးတာ။
သဘာဝကြီးက အပေးအယူမျှပါတယ်။
Diamond Key
January 11, 2012 at 4:18 pm
M-Lulin ရေ၊ ပုံလေးတွေက မိုက်မိုက်ဗျာ။ သဘောကျသဗျို့။ 😀
M-Lulin
January 12, 2012 at 12:26 am
သဘော ကျတယ် ဆိုလို့ ကျေးကျေးဗျို ့ .. မတွေ့တာကြာလို့ ဦးပေါက် ကိုတောင် မေးနေသေးတာ။ ဒီနေ့ ထိုင်း အပြန်လက်ဆောင် ဒါ့ပုံ စာအုပ် တစ်အုပ် ရတယ်ဗျို ့ .. ရွာထဲမှာ ပြချင်လို်က်တာ (လွယ်ဘူး scan ဖတ်ရမှာဗျ )… ဘာတွေများလဲ လို့ အသည်းအသန်ကြည့်တာ . အင်းလေးလဲပါတယ် ရွှေတိဂုံ လဲပါတယ် ဗျို ့ ..စာအုပ် တန်ဖိုး က ဘတ် 300.. ယိုးဒယား English နှစ်ဘာသာ နဲ့ ထုတ်တာ။ စာမျက်နှာ 168 မျက်နှာ နဲ့ နံမည် က My Digital Way – 2 တဲ့။ ရွာထဲက ဆြာ တွေဝိုင်း ရိုက်လိုက် ရင် အဲ့ဒီ့ တစ်အုပ် လောက်တော့ အသာလေး ဗျ လို့ တွေးမိတယ်ဗျာ …
ကိုပေါက်(မန္တလေး)
January 11, 2012 at 5:14 pm
မင်းသားငှားချင်ပါ၏
လက်ခံမခံသိချင်ပါ၏။
M-Lulin
January 12, 2012 at 12:28 am
လက်ခံပါဒယ်။ လက်ခံပါဒယ်။ ဒါနဲ့ စကားမစပ် မင်းသမီးကတော့ ဝတ်မှုန်ရွှေကြည် ဖြစ်ရမယ်နော်. ဒါဗြဲ
yaungchikha
January 11, 2012 at 7:50 pm
သွားချင်လို်က်တာနော်၊ အဲ့ဒီနေရာတွေတော့မရောက်ဘူးသေးဘူး၊ တူဝရီးနှစ်ယောက် စပါးထောင်နေတဲ့ပုံလေး ကြည့်လို့ကောင်းလိုက်တာ………
M-Lulin
January 12, 2012 at 12:29 am
အဲဒီ့ ထဲက အပျို လေးက .. အမြဲ တမ်း ရိုးရာ ဝတ်စုံ ဝတ်တာမဟုတ်ဘူး ဗျ။ သူတို့ ပွဲ ရှိလို့ ဝတ်တာ… ကြုံ ဖို့ ခက်တယ်။ ငယ်ငယ် လေးတွေ တွေ့ရဖို့ ကလေ..
ကိုပေါက်(မန္တလေး)
January 12, 2012 at 9:43 am
လုလင်ရေ ငါတို့လဲဓါတ်ပုံစာအုပ်ထုတ်ဘို့လုပ်ကြစို့ဟေ့
မှတ်တမ်းလေးတင်ကျန်ရစ်အောင်
M-Lulin
January 12, 2012 at 11:20 am
အရင်း တွက်လိုက်ဦးမယ်။ ဘန်ကောက် မှာ သွားရိုက်(press) မှ ပို အဆင်ပြေ နိုင်မလား ပဲ။ လိုကယ် မှာ ထွက်တဲ့စာအုပ် က … သိပ် မနိပ် ဘူး။ ဒါ့ပုံ ကိုပြောတာ မဟုတ်ဘူးနော်။ ရိုက်နှိပ် ထားတာကို ပြောတာ…