မိုင်းအတွေ ့အကြုံ
“မိုင်းထဲကို မသွားနဲ ့အုံး။ ရုံးရှေ ့မှာစောင့်နေပါ”
လုံခြုံရေးအစောင့်တစ်ယောက်က စိတ်မကောင်းတဲ့မျက်နှာနဲ ့ဝင်လာတဲ့အလုပ်သမားတိုင်းကို ပြောနေတဲ့အသံပါ။
ဘတ်စ်ကားပေါ်က ဆင်းဆင်းခြင်း ပုံမှန်ထက် ထူးခြားတဲ့အခြေအနေကို မြင်တွေ ့လိုက်ရတယ်။ ဘာဖြစ်တာလဲ။ လူတွေစုရုံးစုရုံးနဲ ့တစ်ခုခုတော့ ဖြစ်ပြီထင်တယ်။ ဒါနဲ ့ဘေးနားလူတစ်ဦးကို မေးကြည့်တယ်။
“ဘာဖြစ်တာလဲဗျ”
“မြေအောက်မိုင်းမှာ ကျောက်ပြိုလို ့ အလုပ်သမားသုံးယောက် ဒဏ်ရာရသွားတယ်။ ဒါ့ကြောင့် ဘယ်သူမှ အလုပ်ထဲကို မသွားသေးပဲ ရုံးရှေ ့မှာ စောင့်ခိုင်းနေတာ”
သူကလည်း မြေအောက်မှာလုပ်တဲ့ အလုပ်သမား။ ယူနီဖောင်းမှာ ကျောက်မှုန်တွေ၊ စက်ဆီတွေနဲ ့ဆိုတော့ ဒရေလာပဲဖြစ်ရမယ်။ သူ ့မျက်နှာကလည်း အတော်လေးကို စိုးရိမ်နေတဲ့ပုံစံ။
တစ်ခါမှ ကျောက်ပိတာ မတွေ ့ဘူးဘူး။ တီဗွီထဲမှာတော့ မြေအောက်မိုင်းတွေ ခဏခဏ ပိတ်မိလို ့ အလုပ်သမားတွေအသက် ဆုံးရှုံးတယ်။ ဒဏ်ရာရကြတယ်။ တစ်ခါက ချီလီက မြေအောက်မိုင်းမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကျနော်တို ့ပြည်နယ်က ဒရေလာကို ခေါ်ပြီး တူးခိုင်းခဲ့ဘူးတယ်။ ကျောက်ပိတာဆိုတော့ ဆန်အိတ်ပိသလိုမျိုးတော့မဟုတ်ဘူး။ အနဲဆုံး တစ်သက်စာ ဒဏ်ရာရရင်ရ၊ မရရင် တခါတည်း နေရမှာ ပွဲချင်းပြီးသေပဲ။ အခုတော့ တီဗွီမှာ မြင်တွေ ့ရတာတွေကို ဒီနေ ့မိုးမလင်းခင်အချိန်မှာ ကျနော့်မျက်စိနဲ ့တပ်အပ်တွေ ့နေရပြီ။
သွေးတွေ။ သွေးတွေ။ ခါးရိုးကျိုးနေတဲ့လူ။ ခြေထောက်ကျိူးပြီး အရိုးငေါထွက်နေတဲ့လူ။ လက်ကျိုးသွားတဲ့လူ။ သူတို ့အားလုံး သတိလစ်နေတယ်။
မနက် ၇-နာရီလောက်မှာ အရေးပေါ်အစည်းအဝေးလုပ်တယ်။ မိုင်းတစ်ခုလုံးက အလုပ်သမားတွေအားလုံးတက်ရတယ်။ ဘူမိဗေဒပညာရှင်၊ အင်ဂျင်နီယာ၊ ဒရိုင်ဘာ၊ အိုင်တီသမားကစလို ့အကုန်လုံး အစည်းအဝေးမှာ မြင်တွေ ့နေရတယ်။ အားလုံးရဲ ့မျက်နှာတွေမှာ စိုးရိမ်ပူပမ်မှုတွေနဲ ့။ ခန်းမတစ်ခုလုံး အပ်ကျသံတောင်မကြားရဘူး။
မိုင်းမန်နေဂျာက ဒီအချိန်မှာ မြို ့ထဲမှာရောက်နေတယ်။ ဒု-မန်နေဂျာက သူ ့နေရာမှာ ဝင်ပြီး အစည်းအဝေးကို ထိန်းတယ်။ သူ လည်း ခေါင်းမီးတောက်နေတဲ့ပုံ။ ဒါပေမဲ့ တည်ငြိမ်စွာနဲ ့ပဲ အစည်းအဝေးကို ဦးဆောင်တယ်။
“နာရီဝက်တစ်ခါ အခြေအနေမှန်ကို သတင်းပို ့မယ်။ ဘယ်သူမှ ဒီကိစ္စကို အပြင်ကို သတင်းမပေးပါနဲ ့။ ဘာ့ကြောင့်လဲဆိုတော့ ဒဏ်ရာရတဲ့သူတွေရဲ ့မိသားစုဝင်တွေ စိုးရိမ်နေမှာစိုးလို ့ပါ”
ဒဏ်ရာ ရတဲ့အလုပ်သမားတွေ အသက်အန္တာရာယ်စိုးရိမ်ရလားလို ့ အလုပ်သမားတစ်ယောက်က မေးတော့။ စိုးရိမ်စရာမရှိပါဘူး။ ကျိုးယုံပါပဲလို ့ဒု-မန်နေဂျာက ပြန်ဖြေတယ်။ ၁ဝ-မိနစ်လောက်ပြီးတာနဲ ့ အစည်းအဝေးကို အဆုံးသတ်လိုက်တယ်။
မိုင်းထဲမှာ လူနာတင်ကား၊ မီးသတ်ကားက အမြဲတန်းအဆင်သင့်ရှိတယ်။ လုပ်ငန်းခွင်လုံခြုံရေးဆိုင်ရာ အရာရှိတွေလည်း အဆင်သင့်။ ဒဏ်ရာရတဲ့လူတွေကို လေယျာဉ်နဲ ့ချက်ချင်းလာခေါ်သွားတယ်။ လေယျာဉ်ထဲမှာက ဆေးရုံလိုလုပ်ထားတာဆိုတော့ သူတို ့အတွက် မစိုးရိမ်ရတော့ဘူး။ မြို ့ထဲမှာ ရောက်နေတဲ့ မန်နေဂျာကလည်း ချက်ချင်း ဂျက်လေယျာဉ်နဲ ့အလုပ်ထဲကို လာနေပြီဖြစ်ကြောင်း ဒု-မန်နေဂျာက အစည်းအဝေးမှာပြောလိုက်တာ ကြားရတယ်။ မိုင်းကို ဒီနေ ့ကစပြီး ကျနော်တို ့ခဏပိတ်ရတော့မယ်။ အင်စပတ်ရှင်ပြီးတော့မှ ပြန်ဖွင့်မယ်။ အလုပ်သမားတွေအားလုံးအတွက် ဘတ်စ်ကား နှစ်စီးစီစဉ်ထားပါတယ်။ ကိုယ့်အိမ်ကို ကိုယ်ပြန်ကြရမယ်ဆိုပြီး သူက ထပ်ပြောနေတယ်။
မိုင်းပြိုတဲ့အချိန်က မနက်လေးနာရီကျော်ကျော်လေး။ ညဆိုင်းဆင်းတဲ့ အလုပ်သမားသုံးယောက်က မြေအောက် အနက်မီတာ တစ်ထောင်လောက်မှာ အလုပ်လုပ်နေတယ်။ မီးပြင်တဲ့လူ။ ကျောက်မိုင်းခွဲတဲ့လူနဲ ့ကျောက်စမ်းသပ်တဲ့လူသုံးဦးက တနေရာတည်းမှာ စုပြီး အလုပ်လုပ်နေကြတယ်။ ဒီအချိန်မှာ ကျောက်မျက်နှာကျက် သံပြားက ကျောက်ရွေ ့လျားမှု ့ကြောင့် အောက်ကိုပြုတ်ကျလာလို ့အခုလို ဖြစ်သွားတာဆိုပြီး မျက်မျင်သက်သေက ရှင်းပြနေတာကို တွေ ့နေရတယ်။
“ကျနော်အတော်လေးကို ရှော့ဖြစ်သွားတယ်။ မသေတာကံကောင်းပါဗျာ”
ပြောနေတဲ့အချိန်မှာ လူတွေက သူတို ့ထင်ကြေးတွေပေးကြမေးကြတယ်။ အားလုံးကတော့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်မကောင်းကြဘူး။
မနက်-၈ နာရီမှာ အပ်ဒိတ် တစ်ခါထပ်လုပ်တယ်။ ဒီအချိန်မှာ မိုင်းမန်နေဂျာရောက်နေပြီ။ မိုင်းတစ်ခုမှာ သူက အရေးကြီးဆုံး။ တာဝန်အရှိဆုံး။ ဒါပေမဲ့ သူ ့ကိုကြည့်ရတာ အတော်တည်ငြိမ်နေတာကို တွေ ့ရတယ်။
” ကျနော်တို ့နောက်တစ်ခါ ဒါမျိုးထပ်မဖြစ်အောင် လုပ်ရမယ်။ ဒီနေ ့ကစပြီး မြေအောက်မိုင်းကို ခဏပိတ်မယ်။ စစ်ဆေးမယ်။ လုံခြုံစိတ်ချမှ အလုပ်ပြန်ဆင်းကြမယ်။ ဘာမေးစရာရှိလဲ ”
ကိုးနာရီလောက်မှာ အားလုံးပြီးသွားပြီ။ ကျနော်တို ့မြေပေါ်က ရှာဖွေရေးဌာနက ဆက်ပြီးအလုပ်ဆင်းတယ်။ မြေအောက်ကို ပိတ်ထားတယ်။ ဒဏ်ရာရတဲ့သုံးယောက်ကတော့ တစ်သက်လုံး အလုပ်လုပ်လို ့ရပါ့မလားဆိုပြီး အားလုံးက မေးနေကြပြီ။ ဒီလိုဖြစ်ရင် ဒေါ်လာသန်းချီပြီတော့ သူတို ့လျှော်ကြေးတော့ရမှာပါ။ ဒါပေမဲ့ ဒါနဲ ့တစ်သက်လုံး စားမလောက်ပါဘူး။ ဘယ်သူမှလည်း ကျောက်ပိတာ မခံချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အတွေ ့အကြုံပေါ့လေ။ ကိုယ့်အလှည့်မဖြစ်အောင် သေချာ ဂရုစိုက်ရမှာပါ။
မိုင်းဆိုတာ ဖြစ်တာနဲ ့သေရင်သေ မသေရင် တစ်သက်လုံး လုပ်စားလို ့မရနိုင်အောင်ကို ကျိုးကျေ နိုင်ပါတယ်။
ဒါ့ကြောင့် ညက အိမ်မက်မကောင်းတာကိုး။
8 comments
bluerose
January 11, 2012 at 1:01 pm
ကိုယ့်အလှည့်မရောက်ဖို့ဆိုတာကကံတရားနဲ့လည်းဆိုင်တယ်နော်
အဲလိုအန္တရာယ်များတဲ့နေရာမှာဘာလို့လုပ်နေကြတာလဲနော်
koyinmaung
January 11, 2012 at 2:47 pm
ကိုဘုန်းကျော် အဲ့ဒီလိုစာမျိုးကိုရေးတာအားပေးပါတယ်..
ဝါးလုံးရှည်ချီးသုတ်ရမ်းတဲ့စာမျိုးတွေမရေးပါနဲ့လို့ဘဲပြောချင်ပါတယ်…
KoNyeinChan
January 11, 2012 at 3:46 pm
ကျုပ်မျှော်လင့်တာ ဒီလိုပို ့စ်မျိုးဗျ..
ခွေးမြီးကောက်ကျည်တောက်စွပ်လို ကြီးမိုက်လို မျိုးတော့ မဖြစ်စေနဲ ့တော့ကိုယ့်လူ..ဆက်ရေး အားပေးပါတယ်.. ဗဟုသုတလည်းရတာပေါ့phone_kyaw
January 12, 2012 at 4:47 am
ဟုတ်ကဲ့ပါ ဆရာရယ်။ ခင်ဗျားပဲ ကျနော့်ကို ဆုံးမပါ။
KoNyeinChan
January 12, 2012 at 9:18 am
တေနာ… ငါ့ကိုဘဲ ငေါ့တော့တော့နဲ ့ 😀 😀 😀
zaw min
January 11, 2012 at 3:59 pm
မောငရင်ဘုန်းကျော်မှာ စေတနာစိတ်လေးတွေရှိတယ် ဗဟုသုတလေးတွေ မျှဝေချင်တဲ့ဆန္ဒတော့ရှိပါတယ်၊စေတနာလွဲမှားမူလို့ပဲ ယူဆလိုက်ပါတယ်၊ ဆက်ရေးပါ ဒီလိုစာတွေကိုအားပေးပါတယ်၊နောက် ခင်ဗျားကိုယ်တိုင် ကြုံတွေခဲ့ရတဲ့ တောတွင်းအတွေ့အကြုံ့တွေပါရေးစေချင်တယ်၊ဒါမှ ကြားဘူးတာတွေနဲ့ချိန်ဆပြီးယုံလို့ရမှာပေါ့ဗျာ…
phone_kyaw
January 12, 2012 at 4:48 am
http://www.phonekyaw.blogspot.com
Go to this blog to read the story of my experience in jungle. You will enjoy it.
Thel Nu Aye
January 11, 2012 at 4:57 pm
ဒီလိုစာမျိုးလေးတွေပဲရေးပေးပါကိုဘုန်းကျော်။ ကျေးဇူးတင်ပါတယ်။