“ယောမင်းကြီးဦးဘိုးလှိုင်ရဲ့ ကောင်းမူ့ ဟိုရှေးရှေးကကျောင်းအိုအို”












“ယောမင်းကြီး ရဲ့ ကျောင်းအိုအို”
ကြာနီကန်ုကို နာရေးသွားပို့တိုင်း ရွှေကျင်ဘက်ကို သွားတိုင်း မတ္တရာဘက်ကိုသွားတိုင်း
မန်းလေးတောင်ရဲ့အနောက်ဘက်လမ်းကနေ အမြဲဖြတ်သွားရပါတယ်။
မန်းလေးတောင်မှာလည်း ဘိုးဘွားရိပ်သာရှိပါတယ်။
ဒါပေမယ့် အမြဲသာဖြတ်သွားနေတယ် ဘိုးဘွားရိ်ပ်သာရဲ့မြောက်ဘက်မှာရှိတဲ့
အဆောက်အဦ ဝါဝါကြီးကို အမှတ်တမဲ့ပါဘဲ။
ထုကြီးထည်ကြီးနဲ့ ကျောင်းကြီးမှန်းသိပေမယ့် တစ်ခါမှဝင်ကြည့်ဘို့သတိမရခဲ့မိတာလဲအမှန်။
တစ်ရက် 85လမ်း 12လမ်းကကျောင်းအိုကြီးကိုလဲ တင်လိုက်ရော ရန်ကုန်ရောက်ညီငယ်တစ်ဦးက
ယောမင်းကြီးကျောင်းကိုလဲတင်သင့်တယ်လို့ ပြောလာပါတယ်။
ဒီယောမင်းကြီးကျောင်းကတော့ သမိုင်းသုတေသနဌာနက စောင့်ရှောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်လဲအပျက်အစီးနည်းနည်းဘဲရှိတာကိုတွေ့ရပါတယ်။
အဲဒီထဲမှာ ရေကန်ကြီးတစ်ကန်ကိုတွေ့ရပါတယ်။
ဗန္တုလဦးဆိုင် ကောင်းမူ့ဆိုပြီး စာတန်းကြီးထိုးထားပါတယ်။
မန်းလေးမြို့ရဲ့ ဘုရားကျောင်းကန်တွေမှာ ဦးဆိုင်ရဲ့ လှူဒါန်းထားတာတွေကို နေရာတော်တော်များများမှာတွေ့ရပါတယ်။
ဘာဘဲပြောပြော ဒီလိုသမိုင်းဝင်ရှေးက ကျောင်းအိုများကို ကမ္ဘာလှည့်ခရီးသည်တွေကို
ပြသင့်တဲ့နေရာ လူအများသွားရောက်လေ့လာသင့်တဲ့နေရာထင်လို့ တင်ပေးလိုက်ပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(15-1-12)
16 comments
ကိုပေါက်(မန္တလေး)
January 15, 2012 at 8:23 am
အစကတော့ ဒီပို့စ်လေးကို ရန်ကုန် ပို့စ်တွေပြီးမှတင်မယ်လို့ စိတ်ကူးပေးမယ့် အခုတော့
ကြားဖြတ်အစီအစဉ်အနေနဲ့တင်ပေးလိုက်ပါတယ်။
pooch
January 15, 2012 at 8:58 am
လေးပေါက်ရေ အနော်တောင် အတွင်းထဲကို တခါမှ မရောက်ဖူးပဲနဲ့ အပြင်ကနေပဲ မြင်ဖူးတာပါ..
ခုအထဲကို ဝင်ကြည့်လို့ရပြီလား..ဒါဆိုတခေါက်လောက်တော့ သွားပြီး သေချာ ကြည့်လိုက်ပါအုန်းမယ်..
ကိုပေါက်(မန္တလေး)
January 15, 2012 at 9:02 am
ကျောင်းအတွင်းထဲကတော့ ဝင်လို့မရဘူး။
အပြင်ကဘဲ ကြည့်ခဲ့လက်ဆော့ခဲ့ရတာပါကွယ်။
water-melon
January 15, 2012 at 9:14 am
တစ်ခါမှတော့ မရောက်ဘူးသေးဘူး
ယောမင်းကြီး ဦးဘိုးလှိုင် တည်ထားတဲ့ ဘုန်းကြီးကျောင်းတော့ မန်းလေးမှာသိသလိုဘဲ လေးပေါက်
အောင် မြင်
January 15, 2012 at 11:14 am
ဗဟုသုတ ရလို ့ ကျေးဇူးတင်ပါတယ် ခင်ဗျား၊၊ တစ်ခါမှတော့ မရောက်ဖူးသေးဘူး ၊၊ မန္တလေး ရောက်ရင်တော့ သွားလည်ပါအုံးမယ်၊၊
စိန်ပေါက်ပေါက်
January 15, 2012 at 11:35 am
ကျနော့်နာမည် ပြောလိုက်ရင် အတွင်းထဲ၊မြေအောက်ခန်း၊မြေအောက်လိုဏ်ဂူထဲထိ ဝင်လို ့ရတယ်
ကျနုပ်သည် ယောမင်းကြီးဦးဘိုးလှိုင်၏ တစ်ဦးတီးတဲသော မြစ် အောမင်းကြီးမောင်ပေါက်လှိုင်ပင် ဖြစ်ပါသည်
ကိုပေါက်(မန္တလေး)
January 15, 2012 at 3:57 pm
စိန်ပေါက်ပေါက်ရေ မင်းဘယ်သူလဲဆိုတာ သိနေသလိုဘဲနော်။
water-melon
January 15, 2012 at 4:04 pm
အမလေး လေးပေါက်ရေ
အဲဒီ စိန်ပေါက်ပေါက်က လမ်း၈ဝဘုံကျောင်းမှာ ဝက်နံကင် ရောင်းတဲ့ ပီကင်းပြန်ဖော်ကြီးရဲ့သား ဖော်ပင် ငပေါက်လေ
(ချစ်လို့ စတာ စိန်မစိုးကြေး) 😀
စိန်ပေါက်ပေါက်
January 15, 2012 at 4:35 pm
ဟေ့
ဝှဒို ့စိန်မျိုးစိန်နွယ်တွေက ဝှက်သားဒုတ်တိုးရောင်းစရာလားဝှေ ့
အီမှန်ကတော့…ဝှက အိုးတိုက်ဖွဲပြာရောင်းတာပါဝှေ ့
…♫…ရင်ထဲကိုအေးမြသွာမယ်..ရေခဲ့ရေ..ရင်ထဲကိုအေးမြသွာမယ်..ရေခဲ့ရေ….♫….
kanjosan
January 15, 2012 at 4:06 pm
ဒါတွေက ရှေးဟောင်း အမွေအနှစ်တွေဘဲ… တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပေါ့… နိုင်ငံခြား ခရီးသွားတွေကို စွဲဆောင်ပြီး ပြတိုင်လိုပြစားရမှာ… နိုင်ငံခြားဝင်ငွေတစ်ဖက်တစ်လမ်းကရတာပေါ့
ကိုပေါက်(မန္တလေး)
January 15, 2012 at 5:20 pm
သိပ်ဟုတ်တာပေါ့ အဲလိုဖြစ်လာစေချင်လို့ ဓါတ်ပုံရိုက်တင်တာပါဗျာ။
inz@ghi
January 15, 2012 at 8:15 pm
လေးပေါက်ရေ …
ကျနော် သွားရိုက်ချင်တဲ့ စာရင်းမှာ (+၁) လုပ်လိုက်ပြီနော….
ခုရက်ပိုင်း တာဝန်မကျေလွန်းစွာ ရွာမှာ ပျက်ကွက်နေလို့ပါဗျာ….
ဖတ်ဖြစ်နေတယ် …အချိန်ပေးမမန့်နိုင် မရေးနိုင်….. လှည့်ပါတ် ဘရုတ်မကျနိုင်
မနှူးဘာ နိုင် ဖြစ်နေရပါသည်….။
နောက်မှ အသေးစိတ် ရေးပါဦးမည်…
ခွင့်ပြုပါဦးဗျာ….
ခင်တဲ့
ဂီ….
windtalker
January 15, 2012 at 8:30 pm
ယောမင်းကြီး ရဲ ့ကျောင်းအိုအို
ကန်ရေ တွေ စိမ်းစို
လှမ်းလိုလျှင် မန်းတောင်အို
ခြေဆင်းမှာပ
မပန်းသာအောင် ရိပ်ခိုရတာမို ့
လှမ်းလာကြည့်ကွဲ ့ ။
ပုံ အမည်သိ ခေတ်စာဆို ဘိုးဘိုးပေ
ကိုပေါက်(မန္တလေး)
January 15, 2012 at 10:00 pm
ဘိုးဘိုးပေ
ဆိုးဆိုးတေရင်ဖြင့်
မသေချင်ရင်
ဒုတ်ကောက်ခဲ့
မှာလိုက်ကဲ့လေး။
ဇွဲမာန်(အင်းဝ)
January 18, 2012 at 8:22 pm
ရှေးဟောင်းအမွေတွေကိုတဖတ်တလမ်းကနေကမ္ဘာကိုသိစေခဲ့တဲ့အတွက်ကျေးဇူးပါပဲ အကိုပေါက်ရေ…။
ကိုပေါက်(မန္တလေး)
March 13, 2012 at 10:00 pm
အခုဒီပုိုစ်လေးကိ ုဖေစ်ဘုတ်မှာ ရှယ်လိုက်တယ်ဗျာ။
ယူကျူ့မှာ တင်ထားတာတွေ့လို့