Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူကမဗျိုင်းလေးလိုဆိုရင် ကိုယ်ရောမဗျိုင်းလေးများဖြစ်နေမလား?

တစ်ရက်ကိုအောင်မောင်းရယ် သူ.ရုံးကကောင်လေး မောင်ကျော်ရယ် ဘဏ်ကို ငွေထုတ်ဘို.သွားကြပါတယ်။
ကိုအောင်မောင်း ဘဏ်မှာလက်မှတ်ထိုးတာ ဘာညာကွိကွတွေလုပ်ပြီး ကိုယ်.အလှည်.ရောက်အောင်ထိုင်စောင်.နေတုန်းမှာ
အရင်ကမြင်ဘူးနေကျ စိတ်ထဲမှာရင်းနှီးပြီးသားမျက်နှာလေးကိုမြင်လို.ပြုံးပြီးအားရဝမ်းသာလက်လှမ်းပြလိုက်ပါတယ်.။
လူအများထဲမှာဆိုတော. အားနာလို.နာမည်ကိုတော.လှမ်းမခေါ်ဖြစ်လိုက်မိပါဘူး။
ဒါပေမဲ.ကိုအောင်မောင်းလှမ်းနုတ်ဆက်လိုက်တဲ.ကလေးက တစ်ချက်လှမ်းကြည်.ပြီးကိုအောင်မောင်းကိုမျက်နှာလွှဲသွားပါတယ်။
အမှန်အတိုင်းပြောရရင် ကိုအောင်မောင်းတစ်ယောက်လူမရှက်ပေမဲ.လက်ကတော.ရှက်သွားပါတယ်။
ဒါနဲ.ဘဲခေါင်းပွတ်တာလိုလို ဘာလိုလိုနဲ.လက်ပြန်ချပြီးဟန်မပျက်ဆက်ထိုင်နေလိုက်ပါတယ်။
ကောင်လေးကတော. ကိုအောင်မောင်းနဲ.ခပ်လှမ်းလှမ်းမှာ ဘဏ်ကချထားပေးတဲ. စာစောင်ကိုဖတ်ပြီးမျက်နှာကိုကွယ်ထားပါတယ်။
ငွေထုတ်ပြီးအပြန်လမ်းမှာ လက်ဖက်ရည်ဆိုင်ဝင်ထိုင်ကြတော.ပါလာတဲ.မောင်ကျော်က “လေးအောင် ဘဏ်တုန်းကလှမ်းနုတ်ဆက်တာကိုပြန်နုတ်မဆက်တဲ.ကောင်လေးက ဘယ်သူလဲ လေးအောင်က မှားနုတ်ဆက်တာလား”
လို.မေးတဲ.အခါ ကိုအောင်မောင်းက ရီသံစွက်လို. “မဗျိုင်းအသစ်ကလေးပါကွာ” လို.ပြန်ဖြေတဲ.အခါ မောင်ကျော်က နားမလည်တဲ.မျက်နှာလေးနဲ.”လေးလေးပြောမှ ရှုပ်ကုန်ပြီ ယောက်ျားလေးကဘယ်လိုလုပ်မဗျိုင်းဖြစ်ရမှာလဲ”လို.မေးပြောပြေတော.မှ
“တင်စားပြောတာပါမောင်ကျော်ရာ နောက်မှလေးလေးပြောပြမယ်” လို.တိုတိုပြောပြီးစကားစဖြတ်လက်ဖက်ရည်ကိုလည်းလက်စသတ်လို.ထပြန်ခဲ.ကြပါတယ်။
ရုံးပြန်ရောက်လို.ထမင်းစားပြီးခဏနားတော.မှ ထုံးစံအတိုင်းကလေးတွေနဲ.စကားပြောကြတော.မှမနက်က “မဗျိုင်း”အကြောင်းကိုပြန်ဆက်ဖြစ်ပါတယ်။

“ခုခေတ်ကလေးများကတော. မဗျိုင်းဆိုတာလေးကိုသိတဲ.လူလဲရှိ မသိတဲ.လူလဲရှိပေါ.ကွာ၊
လေးလေးတို.ငယ်ငယ်ကတော.လူကြီးတွေက လေးလေးတို.တစ်တွေဘဝမမေ.အောင်ပုံပြလို.ဆုံးမခဲ.တဲ.ပုံပြင်လေးပေါ.။
တကယ်ဖြစ်ခဲ.သလားမဖြစ်ခဲ.ဘူးလားဆိုတာထက် သဘာဝကျမကျ ယုတိ္တရှိမရှိက ပိုအရေးကြီးပါတယ်။
တိုတိုပြောရရင် ဆင်းရဲတဲ.တော.သူတောင်သားကနေမွေးဖွားလာတဲ.
အလေ.ကျပေါက်တဲ.ဇီးသီးလေးတွေကိုကောက်ပြီးရောင်းစားရတဲ.
တောသူနဲ.မတူ အသားလေးက ဗျိုင်းကလေးလိုဖြူလို. မဗျိုင်းလို.ခေါ်တဲ.ကလေးမလေးတစ်ယောက်ရှိခဲ.ပါသတဲ.။
တစ်နေ.တော. တိုင်းပြည်အရှင်ဘုရင်ကြီးက အားတာနဲ.လမ်းသလားတုန်းမှာ အသားမဲမဲညိုညိုတွေကြားက ဖြူဖွေးနေတဲ.ကလေးမလေးကိုလည်းမြင်ရော ချစ်ခြင်းတရားတွေပွားများလို. မိဖုရားအဖြစ်မြောက်စားလိုက်ပါသတဲ.။
ဒါနဲ.အစကမှလှတဲ.ကလေးမ နန်းတော်ထဲမှာကောင်းတာတွေစားကောင်းတာကိုဘဲတွေ.ကောင်းတာတွေကိုဘဲရွေးပြီးအပြောခံ
ရတာကြာလာတော. ထုံးစံအတိုင်းဘဝင်တွေမြင်.ကုန်တော.တာပေါ.။
ဘုရင်ကြီးနဲ.ပွဲတော်အုပ်ကို အတူစားခွင်.ရတဲ.တစ်ရက်မှာ စားတော်ခေါ်ပြီးရင်အချိုတည်းဘို.အတွက်ထည်.ထားတဲ.ပွဲတော်အုပ်ထဲမှာ အသီးအနှံအစုံထည်.ထားပါသတဲ.။
အဲသည်အခါမှာ ဘဝတွေမေ.နေတဲ. မဗျိုင်းကသူများတွေအထင်ကြီးမလားလို.ပဲတွေများပြီး
ဇီးသီးကို မြင်နေပါရက်နဲ. “ဟိုအသီးနီနီလေးတွေကဘာများပါလိမ်.”
လို.မေးလိုက်တဲ.အသံလည်းကြားရော ဘုရင်ကြီးကအမျက်ထွက်လို.
“ကိုယ်.ဘဝကိုယ်မေ.တဲ.မိန်းမနေရာဟောင်းကိုပြန်ပို.လိုက်”လို.အမိန်.တွေချလိုက်တော.မဗျိုင်းတစ်ယောက်တောပြန်ရောက်သွားပါတယ်။
ဘုရင်ကြီးကဒါလေးကြားတဲ.နဲ. တောပြန်ပို.ဘို. အမိန်.ချက်ခြင်းချလိုက်တာက အသစ်တစ်ယောက်ကိုမြင်တာလား မဗျိုင်းကို ရိုးသွားတာလားဒါကလည်းထည်.စဉ်းစားရမဲ.တစ်ချက်ပေါ.။
ဘာဘဲပြောပြော မဗျိုင်းတောပြန်ရောက်သွားတာကတော. အသေအချာပေါ.နော်။
ဒီအချိန်ကစလို. လူတွေများ ကို်ယ်.ဘဝဟောင်းကိုမေ.နေသူ မေ.ချင်ယောင်ဆောင်နေသူဆိုရင် မဗျိုင်းလို.တင်စားကြတာပေါ.။
ကလေးတွေကိုဟာသလေးနှောလို.သာပြောလိုက်ရပေမဲ.အောင်မောင်းစိတ်ထဲမှာတော. သူ.ဘဝတစ်လျှောက်ဆုံခဲ.ရတဲ.မဗျိုင်းလေးတွေကို သတိရနေပါတယ်။
အောင်မောင်းဆုံခဲ.ဘူးတဲ. မဗျိုင်းလေးများကတော.
ဟိုငယ်ငယ် အောင်မောင်း အသက်နှစ်ဆယ်လောက် အစိုးရအလုပ်ထဲမှာရှိနေစဉ်တုံးကပေါ.။
အောင်မောင်းလုပ်တဲ.စက်ရုံထဲမှာ ကုန်ထုတ်ဌာနမှာလုပ်တဲ. ဖြူဖြူဖွေးဖွေးရုပ်သန်.သန်.လေးနဲ. မနန်းဆိုတဲ.ကလေးမလေးနဲ.ဆုံခဲ.ဘူူးပါတယ်။
မှတ်မှတ်ရရဆယ်တန်းအောင်ပေမဲ.ထောက်ပံ.မဲ.သူမရှိ ငွေကြေးကလဲအဆင်မပြေတော.ကျောင်းဆက်မတက်နိုင်လို.
အလုပ်ကြမ်းဝင်လုပ်ရတာပေါ.။
ဒါနဲ.ပဲအောင်မောင်းတို.အထက်က ဆရာတွေလူကြီးတွေက သည်ကလေးမလေးကျောင်းတက်နို်င်အောင်
ဝိုင်းဝန်းလို. ပံ့ပိုးကူညီလိုက်ကြတဲ.အတွက် အဝေးသင် တက်လို.ဘွဲ.တစ်ခုရသွားပါတယ်။
ဘွဲ.ရလို.မကြာခင်မှာဘဲ ကျောင်းဆရာမဝင်လျှောက်တာ ရတာနဲ.အလုပ်ထွက်သွားပါတယ်။
နောက်တော.သူတက္ကသိုလ်တုန်းက ချစ်သူနဲ.လက်တွဲပြီးသူ.ဘဝလေးက အဆင်ပြေတယ်လို.ကြားရပါတယ်။
အောင်မောင်းလဲ အစိုးရအလုပ်ကထွက်လို. အပြင်အရောင်းအဝယ်လုပ်ငန်းဘက်ကိုရောက်သွားပါတယ်။
တစ်ရက်စတိုးဆိုင်တစ်ခုမှာဈေးဝယ်ရင်းရွှေတွဲလဲငွေတွဲလဲနဲ.အဆင်ပြေနေပုံရတဲ.သည်ကလေးမကို တွေ.လို.အောင်မောင်းက အားရဝမ်းသာနှတ်အဆက်သူကလေးကမျက်နှာလွှဲလို.ထွက်သွားပါတယ်။
အမှန်အတိုင်းပြောရရင် သည်ကလေးမလေး ရဲ.ကျောင်းတက်ဘို.အခက်အခဲရှိနေစဉ်ကလူကြီးတွေသိအောင်တင်ပြခဲ.
အကောင်အထည်ဖော်ခဲ.တာအောင်မောင်းပါ ဒါကိုသည်ကလေးမလည်းသိပါတယ်။
ဒါအောင်မောင်းတွေ.ဘူးတဲ.မဗျိုင်းလေးပါ။
နောက်တစ်ယောက်ကတော. အောင်မောင်း ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းအဖြစ်နဲ.ကြိုးစားရုန်းကန်နေရတုန်းကပေါ.။
အောင်မောင်းတို.လို. အရောင်းသမားလေးတွေအားလုံးမိန်းကလေးတွေရော ယောက်ျားလေးတွေပါ
မနက်ဈေးချိုရောက်လို.ဈေးပါတ်ပြီးရောင်းပြီးအလုပ်ကိစ္စတွေပြီးပြီဆိုရင်လက်ဖက်ရည်ဆိုင်မှာထိုင်လို. စကားတွေပြောကြသတင်းတွေဖလှယ်ကြ စကြနောက်ကြနဲ.ပျော်စရာကောင်းပါတယ်။
အပေါ်ယံကြည်.ရင်အပျော်အချိန်ဖြုန်းတယ်ထင်ရပေမဲ. သည်လိုပြောရင်းက ကိုယ်နဲ.ဆက်စပ်ပါတ်သက်နေတဲ.ဆိုင်တွေရဲ.
ကျန်းမာရေးအခြေအနေကို သိရ ဈေးကွက်ပြောင်းလဲသွားတာကို သိရနိုင်တဲ.သတင်းစုံရပ်ကွက်ပါ။
အဲဒီတုန်းကနယ်ကနေ စရောက်လို.အလုပ်ဝင်စ အတီးအတ ကလေးမလေးတစ်ယောက်ကိုဆုံခဲ.ရပါတယ်.။
အလုပ်ဝင်လို.မကြာခင် ခပ်လည်လည်ဆိုင်တစ်ဆိုင်ကအကြွေးကောက်လို.ပြန်အလာမှာ ငွေအတွက်မှားလို. ငွေနှစ်သောင်းရော.လာပါတယ်။
ရုံးကိုငွေပြန်မအပ်နိုင်ရင် အဆူလည်းခံရမယ် လူသစ်ဖြစ်တဲ.အတွက်ညံ.တယ်လို.သတ်မှတ်ခံရတယ်ဆိုရင်တက်လှမ်းနှေးမယ်ဆိုတော. မျက်ရည်လေးစမ်းစမ်းပေါ.။
စိုက်စရာပိုက်ဆံကလည်းမရှိဘူးလေ။
သည်ဆိုင်မှာငွေကွာလို.ကတော. ပြန်ရတယ်ဆိုတာ ထုံးစံမရှိတဲ.အတွက် ကျနော်တို.အားလုံးကနိုင်သလောက်တစ်ယောက်ငါးရာတစ်ထောင် ဝိုင်းစုလိုက်တော. လိုနေတဲ.ငွေပြည်.သွားပါတယ်။
အဲဒီတုန်းကများအားလုံးကိုကျေးဇူးတင်ပါတယ်ပြောမဆုံးပေါ.ဗျာ။
ဒါနဲ.သူကလဲအလုပ်ကိုကြိုးစားကံတရားကသူဖက်ပါချင်တော. သူအထက်ကလူကအလုပ်ကအထွက်ဆိုသူရာထူးတက်သွားပါတယ်။
တိုတိုပြောရရင်သူနဲ. ဆိုင်ပိုင်ရှင်တစ်ယောက်ရဲ.မောင်လေးနဲ.ချိတ်မိလို.လက်ထပ်ဘို.သေချာသွားတာပေါ.။
ကောင်လေးက မန်းလေးမြို.ကနေ.ချင်းပြန်လို.ရတဲ.မနီးမဝေးမြို.လေးပေါ.။
အောင်မောင်းတို.တစ်သိုက် မင်္ဂလာဆောင်ကိုဘယ်လိုသွားမယ် ဆိုတာကိုဝိုင်းပြောကြဘယ်လိုလက်ဖွဲ.ကြမလဲဆိုတာကို အစီအစဉ်တွေဆွဲကြပေါ.။
မင်္ဂလာဆောင်မရောက်ခင်လေးရက်လောက်အလိုမှာ သူကအောင်မောင်းတို.ဆုံရပ်ကိုရောက်လာပြီး
“နင်တို.ကို ငါမဖိတ်တော.ဘူး နင်တို.လဲလာနိုင်မှာမဟုတ်ပါဘူး”လို.လာပြောလိုက်တော. အောင်မောင်းတို.အားလုံးစကားတောင်မဟနိုင်ဘူးဖြစ်သွားပါတယ်။
ပိုဆိုးတာကတော.နောက်မှ ကြားရတာ သူမင်္ဂလာဆောင်ကိုလူရွေးလို.ဖိတ်တယ်ဆိုဘဲ။
သူယောက်ျားနောက်လိုက်နေတဲ.မြို.ကလေးကို ကျနော်တို.အရောင်းသမားတွေရောက်လို.သူဆိုင်ကိုပစ္စည်းဝင်လို.ရောင်းတယ်ဆို
ရင် သူက မသိဘူး မမြင်ဘူးသလိုနေပါသတဲ.။
ဒါကလဲ မဗျိုင်းလေးတစ်ယောက်ပေါ.။
နောက်ကောင်လေးတစ်ယောက်ကတော. မြန်မာပြည်မှဘဏ်တွေခေတ်စားစ ဘဏ်တွေအပြိုင်အဆိုင် ပရိုမိုးရှင်းလုပ်ကြတဲ.ကာလတုန်းကပေါ.။
သည်ကောင်လေးက ဘဏ်ငွေလွှဲတွေလိုက်ပြီးရအောင်ကောက်ရ စည်းရုံးရတဲ.အဖွဲ.လေးကပါ။
သည်တုန်းကအောင်မောင်းဆီကိုရေထွက်မတတ်လာ မနက်လင်းတာနဲ.ဖုန်းဆက် သူဆီကငွေလွှဲပါမယ်.အကြောင်းကောင်းကောင်းကြီးကိုအောင်မောင်းကိုအပူကပ်ပါတယ်။
သူလဲနောက်တော. နာမယ်ကောင်းလက်မှတ်ရလို. ရာထူးတွေတက်လို.နယ်ဘဏ်တစ်ခုမှာလက်ထောက်မန်နေဂျာတောင်ဖြစ်သွားပါသတဲ.။
တစ်ခါသားမှာတော. သူပြောင်းသွားရတဲ.ဘဏ်လေးကို အောင်မောင်းအလုပ်ကိစ္စနဲ.အသွား
တစ်မြို.ထည်းသားချင်းတွေ.လို.အားရဝမ်းသာနုတ်ဆက်မယ်အလုပ်မှာ ကိုယ်တော်ချောလေးကတစ်ခါမှမသိဘူးသလို
မျက်နှာပေးနဲ.ကျနော်.ဘေးမှာ ဟန်းဖုန်းလေးကိုလမ်းသွားရင်းဟန်ပါပါပြောလို.အထဲဝင်သွားပါတယ်။
ဒါကတော.ကိုဗျိုင်းလေးပေါ.နော်.။
မနက်ကတွေ.ခဲ.တဲ.ကလေးကတော. သူအလုပ်လုပ်တဲ.ကုမ္ပဏီနဲ.အောင်မောင်းတို.ကုမ္ပဏီအကျိုးတူပူးပေါင်းလို.လုပ်စဉ်တုံးက
ပါလာတဲ.ရောင်းမောင်းဝန်ထမ်းလေးပါ။
တစ်ခါက မှတ်မှတ်ရရ ရတနာ.ဂူ နတ်ပွဲနောက်ဆုံးည သူတို.မောင်းလာတဲ.ကားက မုံရွာကဈေးရောင်းအပြန်ညမှာ ရတနာ.ဂူပွဲတော်သွားတဲ.စစ်ကိုင်းကားနဲ.ဝင်ချိတ်ကြပါတယ်။
သူတို.ကရပ်ပြီးလူတင်နေတဲ.စစ်ကိုင်းကားကိုဝင်ချိတ်မိတော.လျော်ပေတော.မစဉ်းစားနဲ.ပေါ.။
ထုံးစံအတိုင်းအမူ.ပွဲစား ပြဿနာပွဲစားအောင်မောင်းဘဲလိုက်ဖြေရှင်းရတာ ပေါ.ဗျာ။
ကြေးအနည်းဆုံးနဲ.ဖြစ်အောင်ချော.ရချောက်ရ ဟောက်ရ တောင်းပန်ရပေါ.ဗျာ။
သူတို.ကိစ္စညနေငါးနာရီလောက်ကဖြစ်တာ ညနှစ်နာရီမှကိစ္စပြတ်ပါတယ်။
အဲဒီတုန်းကများ အောင်မောင်းကိုကျေးဇူးတွေတင်လိုက်တာ ထိုင်ရှစ်ခိုးမတတ်ပါဘဲ။
အခုတော.သူဘာဖြစ်လို.ဘာတွေလုပ်စားနေတယ်ဆိုတာအောင်မောင်းမသိပါ။
မြင်လိုက်ရတာကတော. သူလဲကိုဗျိုင်းလေးပေါ.။

ကိုယ်ကသာ သူများကိုမဗျိုင်းလို.နာမယ်တွေတပ်နေပါတယ်။
ကိုယ်ကိုတိုင်လည်းတစ်နေ.တစ်နေ. အချိန်နဲ.အမျှသွားလာနေရပါတယ်။
အမှန်အတိုင်းပြောရရင် အလုပ်အာရုံဇောကပ်နေတဲ.အချိန်မှာ ဘာကိုမှသိပ်သတိမထားမိတာများပါတယ်။
သည်တော.လဲသူတို.နှုတ်ဆက်တာကို မမြင်မကြားမိခဲ.တဲ.အောင်မောင်းကိုလည်းဘယ်သူတွေကများ မိဗျိုင်းစာရင်းထဲ
ထည.်ထားလိုက်တယ်ဆိုတာကို သိချင်လိုက်တာနော်…………………………………………..

5 comments

  • zaylay

    June 14, 2010 at 5:51 am

    that post is so nice. most of the people are like this post. thank for your post.

  • water-melon

    April 9, 2012 at 8:54 am

    ကျွန်တော်တို့ကတော့ ဆင်းရဲချမ်းသာပါစေ
    ကိုယ့်ဘဝကိုတော့ မမေ့ပါဘူးလေးပေါက်ရေ
    တစ်ချိူ့သူတွေက မတန်သလုိုဆက်ဆံတာခံဘူးတယ်
    ဟွန့် ပြောတော့ပါဘူး

  • TTNU

    April 9, 2012 at 11:29 am

    ကိုပေါက်ရေ…
    အဟောင်းတွေ အသစ်ဖြစ်လာပေမဲ့
    အတွေးတွေ သစ်နေဆဲပါပဲလားကွယ်။

  • char too lan

    April 9, 2012 at 1:39 pm

    ဟုတ်တယ်လေးပေါက်ရေ…. ဒီခေတ်ထဲမှာ ဗျိုင်းလေးတွေရော ဗျိုင်းကြီးတွေရော အားဂျီးပဲ ..
    ဘယ်နေရာကပဲဖြစ်ဖြစ် ဒီ Post လေးဖတ်မိကြပါစေ…

Leave a Reply