“ရှိစေ သင့်၏ မသင့်၏ “ အခုရက် မဟာ ဖွဘုတ်တော်မှာ မြန်မာပြည်ကဆယ်လီများရဲ့ သတင်းတွေကလှုပ်လှုပ်ယှားယှားရှိလှပါတယ်။ အဆိုတော်လေးကို မော်ဒယ်လေးက ရေချိုးပေးခိုင်းတဲ့ သတင်းကို အမေ့စကားနားထောင်ပြီးအဝတ်အစားပြောင်းလိုက်မှ ကင်မရာကောင်း ကောင်းတွေကြောင့် မပေါ်သင့်တာပေါ်သွားတဲ့သတင်းက ကျော်လွှားနေတုန်းနေဆဲမှာ တော်လှန်ရေးသမားကြီးကို အလိုမတူဘဲလှန်ပါတယ်ဆိုပြီး တိုင်ခံရတဲ့ သတင်းက အနိုင်ယူလိုက်ပါတယ်။ တကယ်ဖြစ်ခြင်းမဖြစ်ခြင်းကတော့ ကာယကံရှင်တွေ ကိုယ်တိုင်သာ သိနိုင်တဲ့ကိစ္စဖြစ်လေတော့ ဘယ်သူကမှားပြီး ဘယ်သူက မှန်တယ်ဆိုတာကို တော့ ဘေးလူအနေနဲ့ပြောပြဘို့ခက်ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ အဓိက ဇာတ်ဆောင်ကတော့ အိမ်အကူ အမျိုးသမီးရဲ့ သတင်းထောက်များနှင့် တွေ့ဆုံခြင်း ဗီဒီယို ဖိုင် မဟာဖွဘုတ်တော်ပေါ်ရောက်ရှိလာချိန်မှာတော့ ငွေကြေးတတ်နိုင်သူမိသားစု အတော်များများမှာမရှိမဖြစ်လိုအပ်နေသောလူတန်းစားတစ်ရပ်ဖြစ်တဲ့ အိမ်အကူ အမျုးိသမီးတွေနဲ့ပါတ်သက်ပြီး အိမ်ထောင်ရှင်မတွေ့ရဲ့ရင်ဖွင့်သံ အတော်များများကို နားဆင်ခံစားရပါတော့တယ်။ ဟိုအရင် အရင်းရှင် ခေတ်ကတော့ အစေခံ ဆိုရှယ်လစ်ခေတ်မှာတော့ […]


  “လွယ်စေ သင့်၏ မသင့်၏ “ ကလေးမြို့ကိုရောက်သောအခိုက် မြို့ခံမိတ်ဆွေက ရိဒ်ရေကန်သို့သွားရအောင်အဖော်စပ်လေသောအခါ အသည်းပုံရှိသောရေကန်ကို ဓါတ်ပုံများတွင်သာမြင်ဘူးထားလေရာ ရောက်ဘူးချင်သည်နှင့်ကွက်တိမို့ နှစ်ခါမခေါ်ရဘဲခေါင်းငြိမ့်မိလေသည်။ နောက်နေ့မနက်စောစောတွင် ကျနော်တို့ ချင်းပြည်နယ်ခရီးကိုစခဲ့လေသည်။ တစ်ရက်ကိုတစ်သိန်းခွဲဖြင့် ငှားလာခဲ့သောကားသည် ဖိုးဝှီး ဖြစ်ပြီး ဒီလမ်းခရီးနှင့်လိုက်ဖက်သော ကားဖြစ်ကြောင်း ရှင်းပြသည်ကိုနားဆင်ရင်းတောင်တက်ခရီးစခဲ့လေသည်။ ပထမဆုံးခရီးမို့ ကြည့်မြင်ရသည်နေရာတိုင်းသည် လှပစွာတည်ရှိနေလေသည်။ မြေသားတောင်နံရံကိုပါတ်၍ ဖောက်ထားသော လမ်းဖြစ်သည်မို့ ဖုံတထောင်းထောင်းရှိလေသည်။ တစ်ဖက်တွင်တောင်နံရံ တစ်ဖက်တွင် ခြေတံရှည်အိမ်များရှိကြလေသည်။ တိုင်သေးသေးလေး ပေါ်တွင် အိမ် တင်ပြီးဆောက်ထားသောကြောင့် အိမ်တစ်ခုလုံးက လေထဲမှာဝဲနေသည်မှာနေချင်စရာကောင်းသလို အသဲယားစရာလည်းကောင်းလှပေသည်။ အတိုအရှည်မညီသောတိုင်များပေါ်တွင်လမ်းနှင့် အညီဆောက်ထားကြသည်ကများလေသည်။ အိမ်အများစုမှ သစ်သားအိမ်လေးများဖြစ်ပြီး အိမ်တိုင်းလောက်တွင် အိမ်ကပြင်အကျယ်ကြီးရှိနေလေသည်။ ထိုအိမ်လေးများကို မြင်မိသောအခါ ဆရာမ ဂျူး၏ တိမ်နှင့်ချည်သောကြိုးကို အထူးသတိရမိလေသည်။ မနက်(၇)နာရီလောက်က ကလေးမြို့က စထွက်လာခဲ့ကြသည်မှာ ၈နာရီခွဲကျော်ကျော်တွင် […]


“မင်းတိုင်းကျေ “ ကျနော်အလုပ်အတွက် ဘဏ်အတော်များများသို့ မကြာခဏ ရောက်လေသည်။ တံခါးဝတွင်တန်းစီရပ်နေသော ဝန်ထမ်းများထံမှ “ကျေးဇူးတင်ပါတယ်”ဆိုသောအသံကို ဘဏ်အဝင်တွင်ဖြစ်စေ အထွက်တွင်ဖြစ်စေ ကြားရမြဲဖြစ်လေသည်။ သို့သော်ကျနော်ရင်ထဲစိတ်ထဲတွင်မည့်သို့မျှ မခံစားရ။ ညွှတ်နူးသောစိတ်သည် ရောက်မလာခဲ့။ ကျနော်စိတ်ထဲတွင်ရောက်လာသောစကားလုံးသည်ကား ငယ်စဉ်ကတည်းက ကြားနေကျဖြစ်သော “မင်းတိုင်းကျေ “ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။ ကျနော်ငယ်ငယ်က အဆော့မက်ပါသည်။ အဖွားက လက်တိုလက်တောင်းခိုင်းစရာရှိလျှင် ကျနော်ကိုဘဲခေါ်ပါသည်။ သူခိုင်းလိုက်သည်ကိုအမြန်ပြီးအောင်လုပ် ပေးပြီးသူငယ်ချင်းများနှင့်ပြန်ကစားဘို့သာစိတ်ရှိပါသည်။ ဥပမာ အဖွားက တရုတ်ပဲငံပြာရည်ဝယ်ခိုင်းသည်ဆိုပါစို့။ အဖွားကြိုက်သော ပဲငံပြာရည်မှာ ၃၄လမ်း မှာရှိသော အရှုပ် တို့ စက်ရုံမှဖြစ်ပါသည်။ ကြာညို့ဆိုလျှင်လည်းထို့အတူ။ အရှုပ်တို့ စက်မှထွက်သော ပစ္စည်းက လေးလေးပင်ပင်ရှိသည် သုံးရသည်မှာ တာသွားသည် ဟုဆိုလေသည်။ ကျနော့်အမြင်ကား ဒီပဲမှနေ၍ ဒီလိုနည်းဖြင့်ချက်သော ပဲငံပြာရည်ဖြစ်စေ ကြာညို့ဖြစ်စေ အတူတူ ပင်။ ထို့ကြောင့် […]


“မနိုင်သော ပဲကြီးဟင်းများ “ ဒီနေ့မနက် မူဆယ်ကနေ ကျယ်ခေါင်ဘက်ကို ဝင်ဘို့ ဆင်ဖြူပေါက်ရောက်တော့ ဆိုင်ကယ်တန်းက ရှည်လျားစွာရှိနေလေသည်။ လင်းရောင်ခြည်လမ်းဟုခေါ်တွင်သောလမ်းလေးခွဆုံကိုကျော်ပြီးအတော်ဝေးဝေးအထိရောက်နေပေသည်။ ဆိုင်ကယ်များက ရုပ်ရှင်အနှေးပြကွက်လို တအိအိသာရှေ့သို့ ချီတက်နေ၏။ ဒီအထဲမှာမှ တန်းစီနေသူတို့သည်နောက်မှရောက်လာသောမိတ်ဆွေတို့ကိုအားရပါးရ လှမ်းခေါ်ပြီးဝင်စေလေသောအခါ တန်းစီနေသောဆိုင်ကယ်များသည် အမိူက်များဖြင့်ပြည့်နေသောရေမြောင်းလို တအိအိနှင့်သာမရွေ့ချင်ရွေ့ချင် ရွေ့နေလေတော့သည်။ သည်းခံခြင်းတရားဖြင့်ပြည့်စုံပြီးအလွန်တစ်ရာကူညီတတ်သူများကြောင့်လည်း နောက်မှရောက်လာပြီးကြားဖြတ်ဝင်သူများမှာအခက်အခဲမရှိ အချိန်မကုန် လူမပန်းဘဲ အလွယ်တကူ ရှေ့သို့ရောက်တော်မူလေ၏။ စည်းကမ်းမဖောက်ဘဲ စံနစ်တကျတန်းစီနေကြသော နိုင်ငံကြီးသားပီသသော သူတို့ မှာမူ ရှေ့သို့အတော်နှင့်မရောက်ဘဲရှိနေလေသည်။ ဆိုင်ကယ်တန်းစီနေသောသူသာများသည်မထင်ပါနှင့်။ လမ်းလျောက်ပြီးဝင်ကြမည့်သူများမှာလည်း နှစ်တန်း တန်းလျှက် လူရာချီ၍ တန်းစီနေကြလေသည်။ အများအပြောအရ တစ်ခါဝင်လျှင် တစ်နာရီကျော် နှစ်နာရီနီးပါး တန်းစီရသည်ဟု ဆိုကြလေသည်။ အလိုအလျောက်ဝင်ခွင့်ကဒ်ပြားကို လက်ဝယ်ရှိထားသူများကတော့ တန်းစီစရာမလိုဘဲတန်းဝင်နိုင်သော်လည်း စာအုပ်အနီနှင့် တစ်ခါသုံးကဒ်အစိမ်းကိုင်ဆောင်ထားသူများကတော့တမေ့တမော မတ်တပ်ရပ်ကာ မိုးရွာအစို နေပူအခြောက် စောင့်ကြရလေသည်။ […]


  ပထမခွက်အဖြူ လေးက မန်းလေးက ကော်ဖီဘားမှာ ကျပ်၂၀၀၀ ဒုတိယခွက်အညို လေးက မန်းလေး လေဆိပ်မှာ ကျပ်၄၀၀၀ ကက်ပချိနို ကော်ဖီခြင်းအတူတူ အရသာခြင်းအတူတူ ဈေးကွာသွားတယ်။ အခင်းအကျင်းနဲ့ နေရာကွာရင် တန်ဘု်းလဲကွာတတ်ပါတယ်။ လူတိုင်း လူတိုင်း မိမိရဲ့အခင်းအကျင်းနဲ့နေရာကို သတိထားသင့်ပါတယ်။ ဒါမှတန်ဘိုးမြင့်လာမှာပါ။    


“ မရှိမဖြစ် ကျူရှင်  ”   ကျုရှင် ဆိုတဲ့ ဝေါဟာရ က ဘယ်ခေတ်ဘယ်ကာလ ကစတင်သုံးခဲ့ပြီးဘယ်ဘာသာစကားလဲဆိုတာတော့ကျုပ်လဲမသိဘူး။ ဒါပေမယ့် ကျုပ်ငယ်ငယ်လေးကတည်း က ဒီစကားလုံးကို ရင်းနှီးခဲ့တာ။ ရင်းနှီးဆို ကျုပ်အဘိုးက  ပင်စင်စားကျောင်းဆရာကြီး။ အိမ်မှကျူရှင်ဖွင့်တယ်။ အလွတ်ပညာသင်ကျောင်းလဲ ထောင်ထားတယ်။ “ ဆရာကြီး ရယ် ဒီကောင်ဆိုးလွန်းလို့၊ စာလဲ ဘာမှမတတ်ဘူး။ ဒါကြောင့် ဆရာကြီးဆီ လာထားတာ။ မကျိုးမကန်းရင်တော်ပြီ စိတ်တိုင်းကျသာဆုံးမ။ စာတတ်ရင်တော်ပြီ“ဆိုပြီး အတန်းကျောင်းကအပြန်ကျူရှင်လာပို့တဲ့ မိဘတွေကအများကြီး။ ပြောရရင် ဟိုးရှေးရှေးက ကျူရှင်တက်တယ်ဆိုတာ အတန်းထဲမှာ စာညံ့တဲ့သူ စာမလိုက်နိုင်သူတွေပေါ့၊ ကျုပ်ခပ်ငယ်ငယ် ၁၉၆၀  ခုနှစ်များဆီကပေါ့။   အခုနေများပြန်တွေးကြည့်ရင် ကျုပ်ရဲ့ မူလတန်း အလယ်တန်းကျောင်းသားဘဝတွေက ဘာမှ ဖိအားမရှိဘဲ ကုန်လွန်ခဲ့တယ်ရတယ်လို့ဘဲပြန်တွေးမိပါတယ်။ ကျောင်းသွားတဲ့အခါလဲ အိမ်က […]


  ဒီနေ့မနက် ကိုအောင်မောင်းကိုတွေ့တော့သူ့မျက်နှာကြီးက ခပ်ဖြီးဖြီး။ ကျနော်လည်း ခုံတစ်ခုံဆွဲထိုင်ရင်း နို့စိမ်းတီးတစ်ခွက် လှမ်းမှာလို်က်ပါတယ်။ “ဟေ့ကောင် မင်းမျက်နှာဘာဖြစ် “ “ငပေါက် မင်းတူမ မွေးပြီလေ မနက် သုံးနာရီက ယောက်ျားလေး “ “ဒါဆို မင်းဆန္ဒပြည့် ပြီပေါ့  “လို့ ဆိုုလိုက်တော့ နဂိုရ်ကဖြီးနေတဲ့မျက်နှာက ခပ်ဖြဲဖြဲ ဖြစ်သွားသလိုပါဘဲ။ သူနဲ့ဟိုပြောဒီပြော ပြော လက်ဖက်ရည်သောက်ပြီး နာရီဝက်လောက်နေတော့အိ်မ်ပြန်လာလိုက်ပါတယ်။ အိမ်ရောက်တော့ ခပြင်မှာထိုင်နေရင်း မသန်းစိန်သမီးအလတ်မ မိထူး ဟင်းသီးဟင်းရွက်တွေတောင်းနဲ့အပြည့်ဆိုင်ကယ်ပေါ်တင်လာ တာမြင်လို်က်တာရယ် အောင်မောင်း မြေးအသစ်ရတာရယ်ဆက်စပ်ပြီး မွေးလာတဲ့ကလေးတစ်ယောက်ရဲ့ခြင်းစီရဲ့ကံကြမ္မာ မတူကြပုံကို သွားတွေးမိပါတယ်။   ကျနော်တို့သူငယ်ချင်းထဲမှာ ဝင်းမောင်အေးဆိုတဲ့ တစ်ယောက်ရှိပါတယ်။ သူတို့မောင်နှမ ခြောက်ယောက်ထဲမှာ သူက နို့ညှာ။ သူ့မိဘတွေရောဆွေမျုးိတွေရောက ဝင်မောင်အေးကို အဝင်း အဝင်း နဲ့ပါးစပ်ဖျားကမချ။ သူလို့ချင်တာဆို […]


“အဝေးသတင်းးးးးးးးးးးးးးးး”   ဒီနေ့မနက်ရုံးရောက်တော့ အမြဲပြုံးရွှင်နေတတ်တဲ့ မသင်း တစ်ယောက် ခပ်ငေါင်ငေါင်ကြီးထိုင်နေတာမြင်ရတော့ စိတ်ထဲ အထူးအဆန်းကြီးဖြစ်နေပါတယ်။ ဒါနဲ့ သူ့နောက်မှာထိုင်နေတဲ့တစ်ယောက်ကို မေးငေါ့ပြီးအသံတိတ်မေးလိုက်တော့ ဖုန်းဆက်တယ်ဆိုတဲ့သင်္ကေတလေး လုပ်ပြတော့ကျနော်သဘောပေါက်သွားပါတယ်။ မယ်သင်း အိမ်က ဖုန်းလာ ထားလို့ ဆိုတာကို။   ကျနော့်ရုံးက နယ်မှာဆိုတော့ အိမ်နဲ့ဆက်သွယ်စရာတယ်လီဖုန်းဘဲရှိပါတယ်။ ဟိုအရင်က တော့ ဒီလို ရပ်ဝေးမှာလာပြီးအလုပ်လုပ်တဲ့သူများအဖို့ အဝေးသတင်း အတွက် ပြတ်တောင်းပြတ်တောင်း မပီ့တပီ အသံထွက်တတ်တဲ့ မြန်မာ့ဆက်သွယ်ရေးကိုဘဲအားကိုးခဲ့ရတာပါ။ အခုခေတ်မှာတော့လမ်းပန်းဆက်သွယ်ရေးကလဲကောင်း ဆက်သွယ်စရာ လက်ကိုင်ဖုန်းကလဲ မပုတုလဲရှိ ကိုတာနောလဲရှိ မအော်ရီလဲ ရှိဆိုတော့ အဝေးသတင်းရဘို့ မခက်ခဲ့တော့ပါဘူး။ ခဏနေလို့ မသင်း အပြင်ထွက်သွားတော့မှ မွန်မွန် ကိုလက်ယပ်ခေါ်ပြီး အဝေးသတင်းကိုမေးရပါတော့တယ်။ “သူ့ မောင်လေး ဆိုင်ကယ် မှောက်လို ့ တဲ့  အဲဒါ […]


“ကျ မျ က် ရည် ”   မနေ့က သူငယ်ချင်းတွေရောက်လာတော့ မထိုင်ဖြစ်တာ အတော်ကြာတဲ့ “စိန်ဝင်းဝင်း “လက်ဖက်ရည်ဆိုင်လေးကို သွားထိုင်ဖြစ်ကြပါတယ်။ ကျနော်ကအဲဒီဆိုင်ကလက်ဖက်ရည် ကျဆိမ့်ကိုကြိုက်သလို အရည်ရွှဲရွှဲနဲ့နံပြား မခမ်းသုတ်ကိုလဲကြိုက်တယ်။ အဲတော့ အဆင်တွေပြေသွားတာပေါ့။ မတွေ့တာကြာတဲ့သူငယ်ချင်းတွေဆိုတော့စကားတွေဖောင်ဖွဲ့ကြတာပေါ့။ အစကတော့ ရေပက်မဝင်ပြောနေကြပေမယ့် ကြာလာတော့ အရှိန်ကျ သွားပါတယ်။ ကျဆို အပြင်ရာသီဥတုကပူလောင်လွန်းတာကိုး။ ပူလွန်းတော့လဲ  ပြောနေတဲ့စကားတွေကို အာရုံကြာကြာ မစိုက်နိုင်ပါဘူး။ ဒီတော့ ဟိုကြည့်ဒီကြည့်လုပ်နေရင်း မျက်စေ့ကို အညောင်းဖြေနေရင်း ကနေကျနော့်အတွက်စိတ်ဝင်စားစရာမြင်ကွင်းလေးကိုသွားတော့ပါတယ်။ ကျနော်ရှေ့တည့်တည့်မှာ လက်ဆေးစင်လေးတစ်ခုရှိပါတယ်။ အရပ်နဲနဲမြင့်မြင့်အသားညိုညိုအကျီနီနီလေးဝတ်ထားတဲ့ကောင်မလေးက ပန်းကန်တွေဆေးရင်း ငိုနေတယ်ထင်ပါတယ်။ ပုခုံးနဲ့ကျောပြင်လေးက တသိမ့်သိ်မ့်နဲ့ အချက်ကျကျ လှုပ်နေတာမြင်ရလို့ပါ။ ကျနော်ကို ကျောပေးထားတော့ အသေအချာတော့မမြင်ရဘူးပေါ့။ အဲလိုကျနော်စိတ်ဝင်တစားနဲ့ကြည့်နေတုန်း အသားဖြူဖြူ ဝလုံးလုံးနဲ့ကလေးမလေးတစ်ယောက်ကအပြေးလေးလာပြီး “ညီမလေး မငိုနဲ့လေ”ဆိုရင်း စားပွဲပေါ်ကတစ်ရှူးဘူးထဲက တစ်ရှူးတွေဆွဲထုတ်ပြီး […]


“ကျပ်၂၀ဝ နဲ့ အဆ ၄၀” ကျနော်ရန်ကုန်ကိုရောက်တဲ့အခါ ဘယ်သွားသွား ဘတ်စ်ကားစီးလေ့မရှိပါဘူး။ မစီးရတဲ့အကြောင်းရင်းက တော့ ကိုယ်က အညာသားရုပ်ပေါက်နေတော့ခါးပိုက်နိူက်ခံရမှာစိုးလို့ပါ။ နောက်ပြီး ဘယ်ကားစီးရင် ဘယ်ရောက်တယ် ဆိုတာလဲ မသိတာရယ် မှတ်တိုင်များမှားဆင်းရင် ပိုပြီး ဒုက္ခရောက်တတ်တာကိုကြောက်ပြီး မစီးရဲတာပါ။ အဲတော့ ဘယ်သွားသွား တက္ကစီဘဲစီးတော့ ပိုက်ဆံ အရမ်းကုန်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ တက္ကစီးရတာ အဆင်မပြေတော့ပြန်ပါဘူး။ တက္ကစီမောင်းသူတွေ က လမ်းမသိတော့ အဆင်မပြေဘူးဖြစ်နေပါတယ်။ နယ်ကရောက်လာတာ သိပ်မကြာသေးဘဲအငှားကားတက်မောင်းကြတော့ ဘယ်အပိုင်း ဘယ်နားရောက်အောင် ဘယ်လို သွားရမယ်ဆိုတာ မသိ တဲ့ ကားမောင်းသူတွေများများလာပါတယ်။ ကိုယ်ကလဲ နယ်က လာသူဆိုတော့ ရန်ကုန်ကို မကျွမ်း ။ တစ်ခါလောက်ဘဲ ရောက်ဘူးတဲ့ နေရာဆို ဘယ်လို လမ်းပြရမှန်းမသိ။ ကားမောင်းသူ ကိုယ်တိုင်ကလဲ […]


“၁ ဟိုလိုတွေး ဒီလိုတွေး အပိုင်းအစလေးများ (၂၀၁၇) ” (မလိမ်စကောင်း လိမ်စကောင်း ) “ လေးလေး နဲ့ တိုင်ပင်စရာ ရှိလို့ ခုလေးလေး ကဘယ်မှာလဲ “ “ ငါက လက်ဖက်ရည်ဆိုင်မှာ ပြောလို့ရတယ်ပြော အေ“ “ သမီးနောက်လထဲ ယောက်ျားယူတော့မလို“ “ ဘာလဲ ငါ ယောက်ျားတောင်းပေးရမှာလား “ “ တောင်းစရာလား လို့ နောက်ပြီး အလုပ်လဲ ထွက်မှာလို့ ပြောမလို့“ “ဟ ယောက်ျားယူမှာနဲ့ အလုပ်ထွက်မှာဘာဆိုင်လို့ လဲ ညည်းယောက်ျားက အလုပ်ဆက်မလုပ်ရဘူးပြောလို့လား “ “ အဲလိုလဲ မဟုတ်ဘူး “ “ ဒါဆို ဘာဖြစ်လို့ ထွက်မှာလဲ “ “ ဟုတ်ဘူး […]


“စိတ်ကန်းခြင်း” ယုံကြည် ရသူက ညာ   အတူရှိနေမယ် ထင်သူက ခွာ   တစ်စိတ်ထဲလို့ ထင်ရသူက မပါ   ထင်မထားတာတွေ ဖြစ်လာတဲ့အခါ   ရင်ထဲမှာ   ဗလာ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၉၁၁၁၆