“အမိူက်ကစ၍ ” ကျနော်မိတ်ဆွေတွေနဲ့ပါတ်သက်ရင် တစ်ခါတစ်ခါ ရီစရာလေးတွေတွေ့တတ်ပါတယ်။ ကျနော်ကအလုပ်ကိစ္စနဲ့မပါတ်သက်တဲ့ ကျနော့်လူမူ့ရေးဘဝမှာပွင့်ပွင့်လင်းလင်းဘဲနေ တတ်ပြောတတ်ပါတယ်။ ဘယ်သွားမှာ ဘာလုပ်မှာ ဘာသွားစားမှာ ဆိုတာမျိုးတွေပေါ့။ နောက် ကျနော်က မိတ်ဆွေမက်သလို အလေးအနကိထားပြီးလဲပေါင်းတတ်ပါတယ်။ ကျနော့်မိတ်ဆွေတော်တော်များများကလဲ သူတို့ရဲ့ကိစ္စတွေဘာတွေကိုလဲတိုင်ပင်လေ့ ပြောပြလေ့ရှိပါတယ်။ ကျနော်ကလဲသိသလောက်မှတ်သလောက် အကြံပေးသလို တတ်နိုင်သလောက်လဲ ကူညီပေးတတ်ပါတယ်။ အဲ့တော့ မိတ်ဆွေတွေရဲ့ကိစ္စတွကို ကျနော်သိနေတယ်လို့ထင်တတ်ပါတယ်။ တစ်ခါတစ်ရံမှာကျနော်နဲ့သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေက ကျနော့်ကိုမပြောဘဲထိန်ချန် ထားတာမျိုးတွေရှိတတ်ပါတယ်။ တိုက်ဆိုင်ချင်တော့ ကျနော်သိတယ်မှတ်ပြီး နောက်တစ်ယောက်ကလာပြောရော။ အဲ့အခါမျိုးမှာကျနော်ကလဲသိသလိုလိုနဲ့ ချော်လဲရောထိုင်လုပ်ရတော့တာပေါ့။ တစ်ခါက ဆိုပါစို့ ကျနော်သိပ်ရင်းတဲ့သူငယ်ချင်းရဲ့ ညီလေးစေ့စပ်ပွဲလုပ်တော့ လိုက်ခဲ့ပါဆိုတော့ မနက်ကတည်းက လုက်ပေးရတာပေါ့။ ကျနော်နဲ့နှစ်ဖက်လုံးကလဲရင်းနှီးနေတာကိုး။ ညနေလဲရောက်ရောက်ရော သူငယ်ချင်းတစ်ယေက် က မနက်ကစေ့စပ်တဲ့ကောင်လေးရဲ့ ညစာ စားပွဲကို […]