“ခက်တဲ့လူ ……………”
“ခက်တဲ့လူ ……………”
တစ်ခါ တစ်ခါ
ရှင်တော်တော်
အလိုက်မသိ။
အားမှအားရဲ့လား
မစဉ်းစား
မီးစိမ်းကလေးမြင်တာနဲ့
ဇွတ်ခေါ်
Busy ပါလို့ ရေးထားလဲ
သိတော်မမူ
ရှင်တော်တော်ခက်တဲ့လူ။
တစ်ခါတစ်ခါ
ရှင်တော်တော်
အလိုက်မသိ။
လိုင်းကောင်းမှ
ကောင်းရဲ့လား
နည်းနည်းမှမစဉ်းစား
ရှင်
Hai လို့
ပြန်မ hai မိရင်
ပူပူ ဆူ ဆူ
ရှင် တော်တော်ခက်တဲ့လူ။
“သရီးရှဲဒိုး
နဲဗားနိုး”
“မရှိတာထက်
မသိတာခက် “
ရှင့်အတွက်များ
ရည်ရွယ်ထားခဲ့သလား
ရှင်တော်တော်ခက်တဲ့လူ။
ကိုပေါက်လက်ဆောင်အတွေးစဉ်
28-9-2014
8 comments
aye.kk
September 28, 2014 at 11:42 am
ေဩာ်…ခက်၏
အသိမရှိတာထက် သတိရှိဘို့်က
ပို၍ခက်လှသည် ဟုသာဆိုပါရစေ
ကိုပေါက်(မန္တလေး)
September 28, 2014 at 12:54 pm
မှတ်ထားပါမ် မမအေးရေ
kyeemite
September 29, 2014 at 11:51 am
.ခုတလော ရွာထဲမှာ ကဗျာဉာဏ်အတော်ကွန့်မြူ းနေကြပေသကိုး
.တော်တော်ခက်တဲ့လူတွေ..ဟေးဟေး :k:
ကိုပေါက်(မန္တလေး)
September 29, 2014 at 12:43 pm
ကျနော်က ပျင်း ရင် ကဗျာ ရေးတယ်လေ ကိုမိုက်။
ကျနော် က ကဗျာ အတို လေးတွေ စိတ်ကူးပေါါ်လာရင်ကောက်ရေးပြီး တင်လိုက်တာများ
Mr. MarGa
October 1, 2014 at 12:33 pm
ခက်စ် တယ် သက်ရယ် :a:
အလင်းဆက်
October 1, 2014 at 7:12 pm
အခုတလော…
ကဗျာတွေ ဖတ်ရတာ လွယ်သလောက်…
ကိုယ်တိုင်ရေးဖို့…ခက်နေတယ်…
အော်.. ခက်တဲ့..ကဗျာရယ်..
:k:
ကိုပေါက်(မန္တလေး)
October 2, 2014 at 12:22 pm
အလင်းဆက်က စိတ်ထည့်လိုက်ရင်
ကဗျာ တွေ က ဖျပ် ကနဲ ခုန်ဆင်းလာမှာပါ
manawphyulay
October 2, 2014 at 2:15 pm
ကဗျာနှင့် ဆောင်းပါး ရေးရင်
ဘယ်ဟာ ပိုခက်သလဲ လေးပေါက်….
မနောအတွက်တော့ အကုန်ခက်ပါတယ်လေ…… 😆