ဇာတ်သိမ်းခဲ့ပြီ မြနှင်းဆီ
ကံကြမ္မာက ဖန်တီးခဲ့
အမှတ်တမဲ့ မှ အမှတ်တရ
ပတ်သက်လာကြပြီးတဲ့နောက်
အခေါက်ခေါက်သော တွေ့ဆုံမှုကြား
တိုးပွားခဲ့ရ သံယောဇဉ်
ပြောချင်စရာ အများအမြင်ကြောင့်
စောင့်နေကျနေရာတွေကို ငါရှောင်
ဆာလောင်တဲ့ နှလုံးသားကို တပ်ဆုတ်
ကျပ်ထုပ်နေတဲ့ခံစားမှုကို ယမကာနဲ့မျှော
ချောမွေ့မယ့် မင်းဘဝလမ်း
ငါ့ကြောင့် မကြမ်းစေချင်သမို့
ထွက်စို့လို့ အသံပေး
ငါပြေးမယ် ကြံခါမှ
ခွာမရအောင် ကပ်လာတော့
ထပ်မကျော့သင့်တဲ့ ဇာတ်ဝင်ခန်း
ရပ်တန်းကရပ်လိုက်ရင်း
ဇာတ်တိုက်ခြင်း မရှိပဲ ငါတို့ငို
ပြိုမယောင် မိုးတွေကြား
သွားကြစို့မှန်း တစ်ယောက် တစ်လမ်း ၊
11 comments
ကိုပေါက်(မန္တလေး)
September 27, 2014 at 10:40 pm
လွမ်းခွဲ စကား ကို မင်းဘဲ ဆို
အလိုလိုရင် ထဲမှာ ငိုေ နတာ သူ မသိ
ခင် ခ
September 27, 2014 at 11:58 pm
မင်းလမ်းမင်းလျှောက်
ငါလမ်းငါလျှောက်
ဆိုသည့်နောက်မှာ
ဆုံနိုင်ခွင့်များ
ဝေလွင့်သွားပြီ
ဆိုရမည်
kai
September 28, 2014 at 2:23 am
ဒေါ်စုရဲ့.. အင်္ဂလိပ်နာမယ်က.. ရိုစ့်ဆိုပြီးကြားဖူးတာမို့.. နိုင်ငံရေးများရေးသလားလို့…
ဆိုတော့…
အရက်ကို.. ပျော်မှသောက်စေချင်…။ :k:
ကေဇီ
September 28, 2014 at 7:47 am
အချစ် ထက်
သံယောဇဉ် က ပို အဆုံးးသတ်ရ ခက် သတဲ့
:a:
မြစပဲရိုး
September 28, 2014 at 4:18 pm
ဟွမ်
လိုရာ စွဲ ပြီး ဒီလို အဓိပ္ဗါယ်ကောက်ကြေး လား။
သူကြီး အပြောအရ ဆို ရို့စ် နားက ပုဂိ္ဂုုလ် ကြီးများ က
“ထွက်စို့လို့ အသံပေး ငါပြေးမယ် ကြံခါမှ” …
လို့
ဘယ်သောအခါမှ တွေးကြမယ်လို့ မထင်ပါ။ 🙄
ကျုတ်ကျက်လိ ပြီး ဆက်စပ်ပါ သူကြီးမင်း။
ဟေ့ ကိုမျိုး
လာပြီးရှင်းပါဦးဗျ။ :))
အတွေးလေး
September 28, 2014 at 4:51 pm
ဇာတ်တိုက်ခြင််းမရှိဘဲငါတို့ငို
ပြိုမယောင်မိုးတွေကြား
အားပေးသွားပါတယ်ဗျ
Myo Thant
September 29, 2014 at 10:00 am
ကိုပေါက် ကိုခ နဲ့ အတွေးလေး ရေ
ဝေးလွင့်ခြင်းရဲ့ နောက်ဆုံးခြေရာ သီချင်းလေးလိုပေါ့ဗျာ ၊
ကေဇီရေ
မှန်သကွယ် ၊ သံယောဇဉ် သံယောဇဉ်
သဂျီးရေ
ရို့စ် လို့ဆိုတိုင်းသာ နိူင်ငံရေး ပါရမယ်လို့ ဥပဒေများ ရှိလို့လားဗျာ ၊
အန္တရာယ်ကင်းတဲ့ ချစ်ခြင်းအကြောင်းပဲ ပြောပါရစေနော့ ၊
ဟုတ်တယ်မလား အရီးရေ 🙂
Ma Ei
September 29, 2014 at 10:24 am
တစ်ကယ် သိမ်း(နိုင်)ရဲ့လား ကိုမျိုးသန့်ရေ…
တော်ကြာ ခဏနေ တိုက်ဆိုင်လို့ပါ…သတိရလို့ပါ…အမှတ်ရလို့ပါ…နဲ့
နာရီတွေ…အိတ်တွေ..
ရေးတင်မှာ …မြင်သေး…
🙂
Myo Thant
September 29, 2014 at 10:48 am
အမအိရေ
သိမ်းပါပြီဗျာ ၊ သိမ်းလည်း သိမ်းသင့်လှပါပြီ ၊
သူလည်း သူ့ဘဝသူ ထူထောင်နိူင်ဖို့ ကျနော်ပြောသလို ပြင်ဆင်နေပြီပဲ ၊
ဒါဟာ နှစ်ယောက်လုံးအတွက် အကောင်းဆုံး အဖြစ်သင့်ဆုံးပါ ၊
kyeemite
September 29, 2014 at 11:47 am
.တစ်ခါတစ်ခါ
.ဖြစ်ချင်တာထက်
.ဖြစ်သင့်တာကို
.ရွေးကြရတာ..သဘာဝကိုး။ :a:
Mr. MarGa
October 1, 2014 at 12:38 pm
ဖြစ်ချင်တာ နဲ့
ဖြစ်သင့်တာ
နှစ်ခုကြားမှာ ဗျာများ
အတွေးတွေ လွင့်ပါးနေတော့
နောက်ဆုံးမှာ ရွေးမိတာက
ဖြစ်နိုင်တာ…..