“စိတ်မဆိုးဘဲနေနိုင်ပါ့မလား”
“စိတ်မဆိုးဘဲနေနိုင်ပါ့မလား”
(တောင်တွေးမြောက်တွေးအပိုင်းအစလေးများ-2016)
ကျနော်တို့ငယ်ငယ်ကပေါ့။
စာသင်ပေးတဲ့ဆရာ ဆရာမ ဆိုရင် အရမ်းကြောက်ရပါတယ်။
သူတို့ စာသင်နေချိန်မှာ
နားမထောင်ရင်
စာလိုက်မရေးရင်
ငေးချင်ရင်ငေးနေရင်
ဆော့နေရင်အဆော်ခံထိ မှာ အသေအချာပါဘဲ။
အဲလို့ နေမိရင်လဲ စာသင်ပေးနေတဲ့ဆရာ ဆရာမကို
မခန့်လေးစားလုပ်တယ် လို့ အသတ်မှတ်ခံရပြီး
အပေအတေ စာရင်းထဲဝင်သွားတတ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျနော်ခရီးတွေထွက်ရင်း တာချီလိတ်ကို ရောက်တော့
လမ်းလေးတစ်ခုသာခြားတဲ့ ထိုင်းနိုင်ငံနယ်စပ်က မယ်ဆိုင်မြို့ဘက်ကို မိတ်ဆွေတစ်ယောက် လိုက်ပို့ပေးလို့ ရောက်သွားခဲ့ပါတယ်
အဲလိုသွားနေရင်းက ခန်းနားတဲ့အဆောက်အဦးတစ်ခုကိုမြင်တော့
ကားရပ်ခိုင်းပြီးအထဲကိုဝင်ကြည့်လိုက်တဲ့အခါ
ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်ပါနေပါတယ်။
ကျောင်းဝင်းထဲလှည့်ပါတ်ကြည့်ရင်း သစ်ပင်ရိပ်မှာ စာသင်နေတဲ့
ဆရာတစ်ဦးနဲ့ ကလေးလေးတွေကိုမြင်တော့ စိတ်ဝင်စားသွားပါတယ်။
ဆရာကပြောပြလိုက်
ဆရာကမေးတဲ့အခါ ကလေးတွေကလက်ကလေးတွေထောင်ပြီးပြန်ဖြေလိုက်
လုပ်နေတာကို မြင်ရတာကတော့ ကြည်နူးစရာပါဘဲ။
စာသင်နေပုံက တကယ့် ကို သက်တောင့်သက်သာ
ဘာဖိအားမှ မရှိသလိုပါဘဲ။
ထိုင်းဘာသာစကားကိုကျနော်မတတ်တော့ ဘာတွေပြောနေတယ်တော့မသိပါဘူး။
အဲလိုကြည့်နေရင်းက နောက်ဆုံးမှာထိုင်နေတဲ့ကလေးမလေးတစ်ယောက်က
စိတ်ကောက်သလို မျက်နှာပေးနဲ့ ဆော့နေတာကိုမြင်မိပါတယ်.။
ဆရာက လဲ ဒီကလေးမလေး အဲ့လို နေ နေတာကို ဆရာလုပ်သူက
စိတ်ဆိုးတဲ့အမူအယာလဲမပြသလို
စာအသင်လဲမပျက်ပါဘူး။
သူစာသင်တာကို နားထောင်နေတဲ့ကလေးတွေနဲ့ မေးလိုက်ဖြေလိုက်
လုပ်နေပါတယ်။
ဆော့နေတဲ့ကလေးကလဲ ဆော့လျက်ပါဘဲ။
ဒီမြင်ကွင်းကိုမြင်လိုက်တော့
ဖျပ်ကနဲ့ ပေါ်လာမိတာကတော့
ကျောင်းခန်းထဲမှာသမားရိုးကျစာသင်တာနဲ့
ယဉ်ပါးနေခဲ့တဲ့ကျနော်တို့တစ်တွေသာ ဆရာဖြစ်ခဲ့ရင်
အခုလို စာသင်တာကို ဂရုမစိုက်ဘဲနေတဲ့ ကလေးလေး ကို
စိတ်မဆိုးဘဲ နေနိုင်ပါ့မလားဆိုတဲ့မေးခွန်းပါဘဲ။
ကဲ မိတ်ဆွေတို့ ဆိုရင်ကောဗျာ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
18-3-2016
5 comments
kai
March 18, 2016 at 7:44 am
အနန္တောအနန္တ ငါးပါး… :k:
အကျယ်ကို.. http://myanmargazette.net/222587 တွင်ဖတ်ပါခင်ဗျား..။
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
March 18, 2016 at 10:19 am
ပလိုင်းမလိုင်းဂလိုင်းဂွိုင်း မွိုင်းအိုင်းဘွိုင်းဂျိုင်း
ထိုင်းလို စိတ်ဆိုးမိမှာပဲလို့ပြောတာ
အရင်ကကျော်စွာဦးကြီးမိုက်
March 18, 2016 at 10:49 am
.မူလတန်းဆရာ..ဆရာမတွေအဖို့ သိပ်တော့မလွယ်လှဘူး…တော်တော်လေ့ကျင့်ယူမှရလိမ့်မယ်ဗျ
.တက္ကသိုလ်ရောက်တော့မှအဲ့လိုနေလို့ရသွားတယ်…
Thint Aye Yeik
March 18, 2016 at 1:36 pm
ကျနော် ခြောက်တန်းလောက်က သချင်္ာ ၂ သင်ပေးတဲ့ ဆရာ.. ဦးစိုးပိုင် ဆိုတာကို ပြေး သတိရတယ်။
ဆရာစိုးက…သူ့အတန်းချိန်မှာ အိပ်ငိုက်တာတို့ စာသင်တဲ့ဆီ အာရုံ မရောက်တာတို့ ဖြစ်နေတဲ့ ကျောင်းသားကို တွေ့ရင်… သားရေကွင်းနဲ့ ပစ်တာ…
အားကြီးနဲ့… ။
အပစ်ခံရတဲ့ ကျောင်းသားလေးတွေခမျာ… နာလွန်းလို့… မျက်ရည်အတောင့်လိုက် ထွက်ကျ ကြတယ်။
ကျနော်တို့မြန်မာပြည် စာသင်စနစ်က…အဲ့လိုလည်း ဖြစ်ခဲ့ဖူးတယ်…
😆
Ma Ma
March 20, 2016 at 6:48 pm
အခုကိစ္စက ကျောင်းစာ မဟုတ်ပဲ ပြင်ပဗဟုသုတ လေ့လာရေးမို့လည်း ဖြစ်မယ်ထင်ပါတယ်။
ကျောင်းခန်းတွင်းမှာဆိုရင်တော့ စာသင်တာကို စိတ်မဝင်စားပဲ လုပ်ချင်ရာ လုပ်နေတာကို လျစ်လျှူရှု့ထားမယ်ဆိုရင်လည်း ဆရာ့တာဝန် မကျေပွန်ရာ ရောက်သွားမလားလို့။