“သိတော့ သိနေတယ် ဒါပေမယ့်…..”     မဟာသကျသီဟ(အများ အခေါ် စက်ကြာသီဟ) ဘုရားပါတ်ဝန်းကျင် အထူးသဖြင့် လမ်း၃ဝနဲ့၃၂လမ်းကြားက အရှုပ်ဆုံးပါဘဲ။ ဒီပါတ်ဝန်းကျင်မှာက လက်ကားဖြန့်တဲ့ဆိုင်ကြီးတွေရှိကြပါတယ်။ ဆီပွဲရုံ ဆန်ပွဲရုံ ထန်းလျက်ပွဲရုံ ဆားပွဲရုံ တွေရှိတော့ အတော်လေးစည်ကားသပေါ့။ ဟိုအရင်က ဒီနားပါတ်ဝန်းကျင်က ပန်းဒိုင်လဲရှိ မြစ်သားကျောက်ဆည်ကားဂိတ်တွေလဲရှိ ဆိုတော့ပိုပြီးစည်ကားခဲ့ပါတယ်။ အခုချိန်မှာတော့ ပန်းသည်တွေကိုလဲ ဧရာဝတီကမ်းနံဘေး မရမ်းခြံဆိပ်ကိုရွှေ့လိုက်ပါတယ်။ ကားဂိတ်တွေကိုလဲကားကြီးဝင်းဘက်ကို ရွှေ့လိုက်ပြန်ပါတယ်။ ဒါပေမယ့်ပန်းလက်လီရောင်းတဲ့ ဈေးတန်းလေးက၃၁လမ်းနဲ့၈၅လမ်းဒေါင့်မှာတန်းစီပြီးဖွင့်ထားတဲ့အပြင်ကားဂိတ်တွေကလဲ ဒီပါတ်ဝန်းကျင်မှာဘဲလာလာပြီး ခရီးသည်စောင့်ကြ ကုန်တင်ကြနဲ့ဆိုတော့ လမ်းက အမြဲကျပ်ပိတ်လို့နေပါတယ်။ ကားဂိတ်ထိုးထားတယ်ဆိုတော့ ကုန်လာပို့တဲ့ ဆိုက်ကားတွေ တွန်းလှည်းတွေ ခေါက်တိုကားတွေနဲ့ ဆိုပြန်တော့ရှုပ်သထက်ရှုပ်ပါဘဲ။ ဒီ၈၅လမ်းက အရင်ကလမ်းကျဉ်းကျဉ်းလေးမို့ကားကျပ်တယ်လို့ ဆိုကြပါတယ်။ အခုလမ်းချဲ့ပြီးပြင်လိုက်တော့ အရင်ထက် နှစ်ဆလောက်ကျယ်လာပါတယ်။ ဒါပေမယ့် လမ်းက ကျပ်မြဲပိတ်မြဲ။   အခုရက်ပိုင်းမှာ […]


ဒီထက်ကောင်းတဲ့ နည်းလမ်းလေးမရှိတော့ဘူးလားဗျာ   ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျောက်တော်ကြီးဘုရားကိုအသွား အရှေ့မြောက်ကျုံးထိပ်မှာ ယာဉ်ထိန်းတွေအများကြီးစောင့်နေတာ တွေ့ရပါတယ်။ ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်တွေကိုလိုက်ဖမ်းနေတာပါ။ ယာဉ်ထိန်းတွေက ဦးထုပ်မပါတဲ့ဆိုင်ကယ်မြင်ရင် ဖြစ်ဖြစ် ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်က နန်းရှေ့မီးပွိုင့်ကိုကျော်လွန်ပြီးလွတ်သွားတဲ့အခါ ဝိုင်ယာလက်နဲ့လှမ်းပြောရင်ဖြစ်ဖြစ် လမ်းလယ်ခေါင်ကနေတက်ပြီးတားပါတယ်။ အဲဒီအခါမှာ ဆိုင်ကယ်သမားကလည်း တားထားတဲ့လူတွေကို ကွေ့ပါတ်ပြီးရှောင်မောင်းပါတယ်။ မျက်နှာချင်းဆိုင်က လာတဲ့ ဆို်င်ကယ်များကလဲ “ရှေ့မှာဖမ်းနေတယ်နော်” လို့လှမ်းအော်ပြီးသတိပေးရင် ဦးထုပ်မပါတဲ့ဆိုင်ကယ်တွေက ပြန်ကွေ့လို့ လမ်းပြောင်းပြန် စီးပြီး ထွက်ပြေးပါတယ်။ မော်တော်ပီကယ်များကလဲ ဦးထုပ်မပါဘဲ ဇွတ်ဝင်လာတဲ့ဆိုင်ကယ်တွေကို မတားနို်င်တာအမှန်ပါဘဲ။ မတော်လို့ ဖမ်းရင်းဆိုင်ကယ်လဲ သွားလို့ လူတစ်စုံတစ်ရာဖြစ်ခဲ့ရင် မော်တော်ပီကယ်မှာဖြေရှင်းရခက်နို်င်ပါတယ်။ ဖမ်းတယ်ဆိုတာသိတော့လဲ ရှောင်ကွင်းကွေ့ပါတ်မောင်းကြတာ အန္တရာယ်ကြီးလှပါတယ်။ အပွင့်လင်းဆုံးပြောရရင် အတော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။ အဲတော့ စည်းကမ်း မဲ့တဲ့သူတွေကိုဖမ်းတယ်ဆိုတာ မှန်ကန်သောလုပ်ရပ်ပါ။ ဒီလိုလူတွေကို ဖမ်းဆီးတာကို အခုလိုဖမ်းမယ့်အစား ဘယ်လိုနည်းနဲ့ သေသေသပ်သပ်လေးဖမ်းရင်ကောင်းမလဲလို့စဉ်းစားပေးကြပါလားလို့ […]


“စဉ်ဆက်မပြတ်လည်ပါတ်လျက်ရှိသော……..”   အလှူတစ်ခုမှာ သူငယ်ချင်းတွေစုမိကြတဲ့ တစ်ရက် မာကြောင်းသာကြောင်း တစစ တိုးတက်ပြောင်းလဲနေပြီလို့ ထင်ရတဲ့ ကိုယ့်ရပ်ကိုယ့်မြေအကြောင်း ဟိုအကြောင်းဒီအကြောင်း စုံစီနဖာပြောနေရင်းကနေရောင်းကြဝယ်ကြတဲ့အကြောင်း ဆီကို အလိုလို ရောက်သွားပါတယ်။ အဲဒီမှာ “ကိုထွန်းဝေ”က သူများကိုပေးထားတဲ့အကြွေးတွေ ပြန်တောင်းလို့မရတာကိုအစဖော်ပြီးပြောလိုက်တဲ့အခါ”အကြွေး”ဆိုတာလူတိုင်းကြုံတွေ့နေရတဲ့ ကိစ္စဆိုတော့လည်း တစ်ယောက်တစ်ပေါက်ဝင် ဝင်ပြောရင်း ဇာတ်ရှိန်မြင့်ကလာပါတယ်၊ “မင်းဆွေ”က “ကြွေးယူတုန်းကသာခပ်တည်တည်နဲ့ ယူသွားတာ။ သွားတောင်းလိုက်ရင် နက်ဖြန် နက်ဖြန်နဲ့ နက်ဖြန်ပေါင်းကို မကုန်နိုင်တော့ဘူး “လို့ညည်းတဲ့အခါ “ဖုန်းဆက်ရင် မကိုင်တာကိုလည်းထည့်ပြောအုံးလေ”လို့ “ကိုလေးမောင်”က ထပ်ဖြည့်ပေးပါတယ်။ “ကိုင်ပါတယ် သူက လူကြီးမင်းလို့ခေါ်တတ်တဲ့ ကောင်မလေးကို ကိုယ်စားလှယ်လွှဲထားတာလေ” လို့ “ကိုချစ်မောင်”ကဝင်ပြီးပြောတော့ ဝေါကနဲပွဲကျသွားပါတယ်။ “အောင်မာ မင်းတို့ပိုက်ဆံက ဘယ်လောက်များလို့လဲပြန်မေးတဲ့ကောင်ကရှိသေးတယ်”လို့ “ကိုဘသင်း”က လဲ ဝင်ဖြည့်ပေးပါတယ်။ ” လူတိုင်းစိတ်ညစ်ရတဲ့အုံးစားရတဲ့ဒီ အကြွေး ဆိုတာကြီးကို ဘယ်ကောင်ကများ […]


“ပင့်အားနဲ့ဖိအား ”   ကျနော်တက္ကသိုလ်ပထမနှစ် အောင်ပြီးစအချိန်မှာ တစ်နှစ်ဘဲခြားပြီးအဖေရော အမေပါ အသဲရောဂါနဲ့ ခြောက်လစီခြားပြီးကွယ်လွန်သွားခဲ့ပါတယ်။ ကျနော်အောက်မှာ (၂)နှစ်စီဘဲခြားတဲ့ နှမငယ်တစ်ယောက်နဲ့ညီငယ်တစ်ယောက် ကျန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လက်ငုတ်လက်ရင်းဆိုလို့ ကျနော်တို့နေတဲ့ရပ်ကွက်ထဲမှာဖွင့် ထားတဲ့ လက်ဖက်ရည်ဆိုင်လေးဘဲကျန်ခဲ့ပါတယ်။ အဲတော့ ကျနော် တက်နေတဲ့ကွန်ပြူတာသိပ္ပံကိုဆက်မတက်တော့ဘဲ အဝေးသင်ပြောင်းပြီး အိမ်ကလက်ဖက်ရည်ဆိုင်လေးကို ဆက်ဦးစီးခဲ့ပါတယ်။ ကျနော်အမေဖက်ကတော့ဟိုးမြင်းခြံနယ်ဘက်ကဆိုတော့ ဆွေမျိုးတွေနဲ့တွေ့ဘို့မလွယ်ကူပါဘူး။ အဖေ့ဘက်ကတော့ တစ်မြိုထဲနေ အဒေါ်နှစ်ယောက်ရှိပါတယ်။ တစ်ရက် အဖေ့တစ်နှစ်ပြည့်နဲ့ အမေ့ခြောက်လပြည့်အတွက် အိမ်မှာ ဆွမ်းကပ်လို့ အဒေါ်နှစ်ယောက်လုံးလာကြတဲ့အခါ ……………………………………………………………………………     “မောင်ဌေး သားတို့ မောင်နှမတတွေအဆင်ပြေကြလား။ ငါ့တူက အကြီးဆုံးဆိုတော့ မင်းကိုဘဲမှာရတော့မယ်။ အဖေရော အမေရော မရှိတော့ဘူးဆိုတော့ မင်းအောက်က ညီလေး ညီမလေးတွေ ကို မင်းဘဲ စောင့်ရှောက်ရတော့မှာလေ။ ဒေါ်ကြီးတို့ ဝိုင်းနိုင်ဝန်းနိုင်တယ်ဆိုတာ […]


“အလင်းရောင်အောက်မှာပျောက်နေသောဘဝများ”   မနေ့ နေ့လည့်ခင်း တက္ကသိုလ်ဘက်ကအပြန် ရုတ်တရက်မိုးတွေရွာချပါတယ်။ သိပ်မကြာခင်မိုးတိတ်သွားပေမယ့် လမ်းပေါ်မှာတော့ရေတွေဖွေးလို့ပါဘဲ။ မန္တလေးမှာတော့မိုးလေးမှ မရွာလိုက်နဲ့ မြောင်းရေက လျံ လမ်းမှာရေတိုးဖို့ အဆင်သင့်ဖြစ်ပြီးသားပါဘဲ။ ၃၅လမ်းကုန်းကျော်တံတားပေါ်ကတက်လာတော့ မြောင်းရေလျှံလို့ အိုင်ထွန်းနေတဲ့ ညစ်ပတ်ပတ်ရေထဲမှာ ကလေးလေးတွေဆော့နေတာမြင်ရပါတယ်။ မီးပွိုင့်နားမှာနေပြီး တောင်းရမ်းစားသောက်နေတဲ့ကလေးတွေပါဘဲ။ ကုန်းကျော်တံတားရဲ့ အမြင့်ဆုံးကုန်းတက် ရဲ့အလည်ခေါင်လောက်မှာ ၁ဝနှစ်အရွယ်လောက်ရှိတဲ့ ကလေးမလေးတစ်ယောက်က တစ်နှစ်သားလောက်ရှိတဲ့ကလေးလေးကို ချီထားရင်း က လာသမျှကားကို လက်ဖြန့်လို့တောင်းနေပါတယ်။ ကားတွေက သူ့ကိုရှောင်ကွင်းသွားရတာလဲ တဒုက္ခပါဘဲ။   ရုံးရောက်လို့အင်တာနက်ဖွင့်လိုက်ပြန်တော့ ဒီလိုတောင်းရမ်းစားနေတဲ့ကလေးတစ်ယောက် ကော်ရှုလို့ စိတ်ဖောက်ပြန်ပြီးသူဝတ်တဲ့အင်္ကျ ီကို သုံးပြီး ကြိုးဆွဲချသေတယ်ဆိုတဲ့သတင်းအောက်မှာ ပေးထားလိုက်တဲ့ ကော်မင်းတွေ မှတ်ချက်တွေ ကောက်ချက်တွေတစ်ပုံကြီး။ တစ်ယောက်ကများဆို ကော်ဘယ်လိုရှူတယ်ဆိုတာကိုများ ဗဟုသုတရအောင်ရေးထားလိုက်ပုံက မလုပ်ဘူးသေးတဲ့သူတောင် သူရေးထားတာဖတ်လိုက်ရင် ကော်ရှုဘို့တတ်သွားနိုင်လောက်အောင်ကို အနုစိတ်လှပါတယ်။   တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါဘဲ […]


“ကြောက်စေသင့်၏ မသင့်၏”   ဥပုဒ်နေ့ဆိုတာ မန်းလေးသူမန်းလေးသားများရဲ့အလုပ်ပိတ်ရက်ပေါ့။ ဟိုးရှေးကတည်းက ဈေးချိုတော်နဲ့ ကုန်စည်ဒိုင်ပိတ်ရက်ဖြစ်တဲ့ဥပုဒ်ေ့နကို အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ကြပါတာပါ။ ကြားဥပုဒ်တွေပိတ်ချင်ပိတ် မပိတ်ချင်နေ ဥပုဒ်ကြီးလို့ခေါ်တဲ့ လပြည့်လကွယ်နေ့ကတော့ လူတိုင်းလောက်နီးပါးဆိုင်ပိတ်ပါတယ်။ အဲ့တော့ မန်းလေးမှာလာဖွင့်ကြတဲ့ကုမ္ပဏီအတော်များများရဲ့ပိတ်ရက်ကလဲ ဥပုဒ်နေ့ အလိုလိုဖြစ်ကုန်ပါတယ်။ ရှေးရှေးကတော့ ဒီလို ဥပုဒ်ရက်ဆိုတာ ဘုရားသွားကျောင်းတက်ပေါ့။ ကျနော်တို့ခေတ်မှာတော့ ဘုရားသွားကျောင်းတက်ဆိုတာထက် သူငယ်ချင်းတွေဆုံကြတဲ့ရက်ပါဘဲ။ အဖိတ်နေ့မနက်မှာ ကျနော်တို့ က “သူကြီးသား”လို့ခေါ်တဲ့ သူငယ်ချင်းက ဖုန်းဆက်လာပါတယ်။ “နက်ဖြန်လာဖြစ်အောင်လာခဲ့ ပြောစရာရှိတယ်ဟ” လို့လှမ်းပြောပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေက စုရပ်ဖြစ်တဲ့ “စိန်ဝင်းဝင်း”လက်ဖက်ရည်ဆိုင်ကိုရောက်ပေမယ့် အလုပ်ရှုပ်တတ်တဲ့ ကျနော်က ရောက်ချင်တဲ့အခါမှရောက်လို့ပါ။ ကျနော်တို့သူငယ်ချင်းတွေထဲမှာ ဒီ “ သူကြီးသား“က စကားအပြောကောင်းတဲ့သူ။ ဒါပေမယ့် သူစိတ်ပါမှပြောတာပါ။ ပြောပြန်ရင်လဲ အဆီအသားပါပါ ဆိုတော့ သူပြောတယ်ဆိုရင် ထိထိမိမိလေးနားထောင်ရတတ်ပါတယ်။ **************************************************************************** ဒီတစ်ပါတ်ဥပုဒ်က လပြည့်ဥပုဒ်ကြီးဆိုတော့ […]


“ ကိုင်ထားတာတွေများနေတော့ လွတ်မကျခင် လွှတ်ချပေးရင်ကောင်းမယ်”   မနက်အလုပ်လာတဲ့အချိန်မီးပွိုင့်အရောက် မင်္ဂလာဆောင်လှည့်လာတာနဲ့ကြုံတော့ ရပ်စောင့်နေရပါတယ်။ မင်္ဂလာဆောင်လှည့်ရင် အလှူလှည့်ရင် အသုဘချလာရင် သူတို့ကိုဦးစားပေးပြီး ဆန့်ကျင်ဘက်ယာဉ်ကြောတွေ ကို လမ်းခဏပိတ်ပေးထားတတ်ပါတယ်။ ယာဉ်ထိန်းက ပိတ်မပေးရင်လည်း ရှေ့ပြေးဆိုင်ကယ်သုံးလေးစီးက ခပ်တည်တည်နဲ့လမ်းကို ကန့်လတ်ဖြတ်ပြီး ရပ်ထားလိုက်တာပါဘဲ။ “မည်သူမျှမဝင်ရ”ဆိုတဲ့ဒီဇိုင်းနဲ့ပေါ့။ အုပ်စုလိုက်တန်းစီလှည့်လာရင် သာမန်လမ်းသွားလမ်းလာတွေရပ်ပေးရတယ်ဆိုတာ ထုံးစံလိုဖြစ်နေပါတယ်။ အဲတော့ကျန်တဲ့လူက အလုပ်ဘယ်လောက်ရှိရှိ ဘယ်လောက်အရေးကြီးကြီး လှည့်လာတဲ့ ယာဉ်တန်းမဆုံး မခြင်းရပ်စောင့်နေရတာ ကတော့ အမြဲတမ်းလိုလိုဖြစ်နေပါတယ်။ မနက်(၈)နာရီပါတ်ဝန်းကျင်ဆိုတာ ကျောင်းသွားဈေးသွားအလုပ်သွားတတ်တဲ့အချိန် တနည်းအားဖြင့်အချိန်ကိုက်လုပ်ဆောင်ကြရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးကြီးမှာ  အလှူဖြစ်ဖြစ် မင်္ဂလာဆောင်ဖြစ်ဖြစ ်လှည့်လာတာများ နှစ်ခုသုံးခုနဲ့ဆက်တိုက် ကြုံရင်လိုရာခရီးကို အချိန်မီမရောက်နိုင်တာအသေအချာ။ ရုံးသမား ဈေးသမားလဲအချိန်မှီမရောက် ကလေးများလဲကျောင်းနောက်ကျပေါ့။ အခုလိုသီတင်းကျွတ်ပြီးစရက်များမှာတော့ မင်္ဂလာဆောင်တွေက ပူလွန်းလို့ တွင်းထဲက ထွက်လာတဲ့ ပုရစ်များလို အလုအယက် တန်းစီလို့ဆောင်လိုက်ကြတာ […]


        “လူသားတစ်ယောက်ရဲ့ အဆုံးသတ်နိဂုံး” ဒီနေ့ ဦးလေးတစ်ယောက်ကွယ်လွန်သွားလို့ ပြင်ဦးလွင်ကိုသွားပြီး နာရေးလိုက်ပို့ပါတယ်။ အခုခေတ်ထုံးစံအတိုင်း မီးသဂြိုဟ်တာပေါ့။ မီးရှိိုပြီး ခဏနေတော့ ခေါင်းတိုင်ကနေမီးခိုးလေးတက်လာပါတယ်။ အဲဒီမှာတွေးမိတာက ဘယ်သူဘယ်လောက်ဘာကြီးဘဲဖြစ်ဖြစ် နောက်ဆုံးတော့ မီးခိုးလေးအဖြစ်နဲ့ဘဲ လောကကြီးကို ကျောခိုင်းသွားရတယ်ဆိုတာကိုပါဘဲ။ ကျနော်တို့အားလုံးဘယ်လောက်ဘဲမျှော်လင့်ချက်တွေကြီးခဲ့ ကြီးခဲ့ ယုံကြည်မူ့တွေဘယ်လိုဘဲရှိခဲ့ရှိခဲ့ နောက်ဆုံးတော့ အဆုံးသတ်က ဒီမီးခိုးတန်းလေးနဲ့ဘဲအဆုံးသတ်သွားရတာပါဘဲ။ ကျနော့်ရဲ့အတွေးပါးပါးလေးက မှန်ချင်မှတော့မှန်မယ် ။ ကျနော်တွေးမိသလောက်လေးပေါ့။   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး 13-11-2012  


“ပြဒါးပျယ်နေတဲ့ မှန်ထဲမှာ စလေအညာက ပုလွေဆရာ့နောက်လိုက်နေတဲ့ကြွက်တွေကိုတွေ့လိုက်တယ်”   ၁၉၆၂ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရတဲ့ ကျနော်တို့အဘို့ ကိုယ်ပိုင်ဆိုင်တာလေးတွေ နဲ့ ကိုယ့်ရပိုင်ခွင့်လေးတွေ လက်လွတ် ဆုံးရှုံးမှာကို စိုးရွှံတဲ့ကြောက်စိတ်နဲ့ နှစ်ပေါင်းများစွာနေလာခဲ့ကြရပါတယ်။ အဲဒီစိ်တ်တွေရဲ့ အကျိုးဆက်ကတော့ ကိုယ်စွမ်းကိုယ်စနဲ့ မိမိကိုယ်မိမိယုံကြည်တာတွေ တစထက်တစ မသိမသာ ပျောက်ဆုံးသွားခဲ့တာပါဘဲ။   နောက်တစ်ချက်က ရုံးပြင်ကန္နားသွားရမှကိုကြောက်ရွှံ့တဲ့စိတ်တွေကိုဖျောက်မရနိုင်တာပါ။ ကျနော်တို့မြန်မာလူမျုးိတွေက ရုံးရောက်ဂါတ်ရောက်အင်မတန်ကြောက်ပါတယ်။ အဲလိုသွားရတာကို  ကျက်သရေမရှိ မင်္ဂလာမရှိ လို့သတ်မှတ်ထားခဲ့ကြပါတယ်။ ဟိုးနှစ်ပေါင်းများစွာ အင်္ဂလိပ်လက်ထက်ကတည်းက အရိုးစွဲနေအောင်ကြောက်ခဲ့ကြတာပါ။ ကြောက်ဆိုလဲကြောက်စရာပါဘဲ။ အင်္ဂလိပ်ခေတ်ကတည်းက သုံးစွဲလာခဲ့တဲ့ ဥပဒေ-ဓမ္မသတ်အတော်များများဟာ စကားလုံးခန့်ထည်မူ့နဲ့အတူ ကျနော်တို့သာမန်လူတွေနားမလည်နိုင်လောက်တဲ့ ထည်ဝါလှတဲ့ ပြောဆိုသုံးနုူန်းတာတွေကြောင့် ပိုမိုပြီးကြောက်ရွှံခဲ့ကြတာလဲအမှန်ပါဘဲ။ သူတို့ပြောတဲ့စကားအသုံးအနှုန်းကိုသေချာမသိဘဲဖြေလိုက်မိရင်အမှန်ကနေအမှားဖြစ်သွားတတ်လို့လဲ ကြောက်ကြတာပါ။ တကယ်လဲ မေးတာကိုသေချာနားလည်ဘဲ ကြောက်ကြောက်ရွှံ့ရွှံနဲ့ ဟုတ်ကဲ့မိလို့ ဒုက္ခရောက်ခဲ့ကြတာ တွေကိုလဲ နားမဆန့်အောင်ကြားဘူးထားကြတာကိုး။ တရားရုံးမှာ […]


  “အီးဘယ်သူပေါက်…………….မောင်ပေါက် “   ကျနော်မနက ်မနက်လမ်းလျောက်သွားတဲ့အခါ လမ်းလျောက်သူလူတော်တော်များများရဲ့လက်မှာ ရေဒီယုိုအသေးလေးတွေ ကိုယ်စီကိုယ်စီပါလာကြတာကို တွေ့ရပါတယ်။ မြန်မာ့အသံက မလွှင့်လို့ ကြားရခဲတဲ့ မြန်မာသီချင်းအဟောင်းအကောင်းလေးတွေကို အဲဒီရေဒီယိုလိုင်းတွေက နေပြီး လွှင့်ပေးတော့ အလွမ်းပြေ ကြားရတတ်ပါတယ်။ တစ်ခါတစ်လေတော့လဲ မနက်စောစောစီးစီးမှာ အဆွေးသီချင်းတွေလာချင်လာနေတတ်ပါတယ်။ အများအားဖြင့်ကတော့ မြန်မာနိုင်ငံနဲ့ဆို်င်တဲ့သတင်းတွေ၊နိုင်ငံတကာသတင်းတွေ၊ ဝေဖန်ချက်တွေကိုဝေဝေဆာဆာလွှင့်ပေးနေတာကိုကြားနေရပါတယ်။ အခုအချိန်မှာတော့ မြန်မာဘာသာနဲ့လွှင့်တဲ့နိုင်ငံခြားလုိုင်းတွေလဲများသထက်များလာတယ်ဆိုတော့ ကိုယ်နှစ်သက်ရာလိုင်းကို ကိုယ်ရွေးနားထောင်လို့ရနေပြန်ပါတယ်။ အချို့လူတွေများဆို မနက်လမ်းလျောက်ရင်း ၊ဆိုင်ကယ်စီးရင်း စက်ဘီးစီးရင်း ၊ကားမောင်းရင်း ရေဒီယိုလေးကို လက်ကကိုင်ပြီး နားထောင်ရင်းခေါင်းလေးကတငြိမ့်ငြိမ့်တကယ့်အရေးကြီးကိစ္စကိုလုပ်နေတဲ့အတိုင်း။ ပဲများတာလဲ နည်းနည်းတော့ပါတာပေါ့။   ဟိုအရင်တုံးက ဆိုရင်  BBC နဲ့ VOA နှစ်လိုင်းဘဲ  အကောင်းလုပ်ပြီးနားထောင်ခဲ့ရတာပါ။ နားထောင်ရတာကလဲ သိပ်ပေါ်ပေါ်တင်တင်ကြီးတော့နားထောင်လို့မရ။ တကယ့်ကို တိုးတိုးတိတ်တိတ်လေး။ နားထောင်သူများကလဲ တစ်ရက်နားမထောင်လိုက်ရရင် တစ်ရက်ခေတ်နောက်ကျသွားသလို ကို […]


           “မောနင်း………မောမောင်း…………..”                   (စက်ဘီးလေးရဲ့ရာဇဝင်)   တစ်ရက်ကျနော်နဲ့ကိုအောင်မောင်းအလုပ်အတူလာကြရင်း သူတို့ရုံးကို ကျနော်လိုက်သွားပါတယ်။ ရုံးအဝင် လမ်းမှာတွေ့သမျှ ကလေးတွေက “လေးလေး မောနင်း”လို့နုတ်ဆက်တော့ ခပ်နောက်နောက်နေတတ်တဲ့ ကိုအောင်မောင်းက “မောမောင်း………..ပါကွ” လို့ပြန်နုတ်ဆက်သံကိုကြားရပါတယ်။ သူူ့ရုံးမှာ အလုပ်ကိစ္စတွေလုပ်စရာရှိတာလုပ် ပြောစရာတွေပြောပြီးပြန်လာပါတယ်။ ကိုယ့်ရုံးပြန်ရောက်တော့ နေ့စဉ်လုပ်ရမယ့် အလုပ်တွေစီစဉ်အားလုံးပြီးပြီဆိုမှ အမောပြေထိုင်မိပါတယ်။ ထိုင်တုံးလေးခဏမှာဘဲ မောနင်းနဲ့မောမောင်း ဆိုတာလေးက စိတ်ထဲရောက်လာ တော့ ငယ်တုံးကအဖြစ်တွေကို ပြန်တွေးပြီး ပြုံးမိပါတယ်။   ကျနော်ငယ်ငယ်က ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှာအလုပ် လုပ်တုံးကပေါ့။ ကျနော့် တို့ အလုပ်ရှင်ဆရာက မနက်ဆိုရင် ဝင်းတံခါးအဝင်ဝ ကနေ စောင့်ပြီးနုတ်ဆက်ပါတယ်။ တစ်ယောက်ဝင်လာရင် “မောနင်း………….”လို့သူကစပြောရင် ကျနော်တို့ကလဲ “မောနင်း။။။။။။ဆာ…………..”ဆိုပြီးပြန်နုတ်ဆက်ရပါတယ်။ ကျနော်တို့ အလုပ်နောက်ကျလား စောလား ဆိုတာကို သိချင်တော့ အဝင်ပေါက်က လာစောင့်ရင်းနုတ်ဆက်တာပါ။ […]


“ဖြေသိမ့်ကောင်း၏ မကောင်း၏(မိမိကိုယ်မိမိ အဆုံးစီရင်ခြင်း)”   အခုနောက်ပိုင်းမန်းလေးမှာကောင်းလာတာလေးတစ်ခုကတော့ လက်ဖက်ရည်ဆိုင် ဆံပင်ညှပ်ဆိုင်နဲ့ဘဏ်တော်တော်များများမှာ ကိုယ်ဆီလာတဲ့ဖောက်သည်များမပျင်းရအောင် ဂျာနယ်လေးတွေချပေးထားကြတာပါ။ ဂျာနယ်တွေကလဲ ဖတ်မနိုင်ဝယ်မနိုင်လောက်အောင်ထွက်ပါတယ်။ အဲလိုချပေးထားတော့ ဘာဘဲဖြစ်ဖြစ် ဖတ်ဖြစ်သွားတာပေါ့ဗျာ။ ဟိုတစ်ရက်က ဘဏ်မှာငွေသွားထုတ်တော့စောင့်နေရင်း ခုံပေါ်ရှိနေတယ်ဂျာနယ်တစ်စောင်ယူဖတ်ဖြစ်ပါတယ်။ အဲဒီထဲမှာ သတင်းတပုဒ်က လေးရက်အတွင်း လူသုံးယောက် ကိုယ့် ကိုကိုယ်သေကြောင်းကြံတဲ့သတင်းလေးပါလာပါတယ်။ တစ်ယောက်ကတော့ ဆေးလိပ်ခိုးသောက်တာကို အမေကဆူလို့ဆိုပြီး သတ်သေတာက အရွယ်မရောက်သေးတဲ့ယောက်ျားလေး။ ဘာကြောင့်လို့ ဖော်ပြမထားဘဲသတ်သေတယ်ဆိုတာလောက်ဘဲ ရေးထားတာက အရွယ်ရောက်ပြီးမိန်းကလေး၊ နောက်တစ်ယောက်ကတော့ အရက်ကြောင်ကြောင် ပြီးသတ်သေပါသတဲ့။ လူ့အသက်တစ်ချောင်း အလဟဿ ဆုံးပါးသွားတာ နှမျှောစရာကောင်းလှပါတယ်။ အဲဒါဖတ်မိတော့ ဟိုတစ်လောက နိုင်ငံခြားမှာ သတ်ေသေသွားတဲ့ကောင်မလေးကတော့ မသေခင် ဖေစ်ဘုတ်မှာစာတွေရေးသွားတော့ အင်တာနက်မှာရော ဂျာနယ်တွေမှာရော ဒီအကြောင်းကတော်တော်လေးကို ှ ပျံ့နှံ့လို့သွားခဲ့ပါတယ်။ ဒီလို ကိုယ့်ကိုကိုယ်အဆုံးစီရင်တာတွေ ဖတ်ရသိရတော့ ကိုယ့်မိတ်ဆွေအသိုင်းအဝို်င်းထဲမှာလဲ ဒီလိုဖြစ်ခဲ့ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၂ (ဘီလူးချောင်းရင်ခွင်သို့အရောက်………………….) အဝေးကတောင်တန်းများကြားမှာတော့ မြေလွတ်မကျန်ရလေအောင်ကောက်ပင်စိမ်းတွေက နေရာယူထားကြပါတယ်။ သဘာဝပေါက်ပင်ပန်းလေးတွေက လည်းလှတပတ။ မနက်စောစောမှာအိမ်အလုပ်တွေလုပ်နေတဲ့မိသားစုလေးတစ်စုကိုလှမ်းတွေ့တော့ လက်ဆော့ချိန်မှာ ကျနော်နောက်က ခုံမှာထိုင်နေတဲ့အဒေါ်ကြီးက “ရှေ့ကလူလက်ထဲကဘာလေးလဲ “လို့အမေးမှာ “အဲဒါဓါတ်ပုံစက်လေ”လို့ဒေသစကားနဲ့ဘာသာပြန်တဲ့စကားလုံးလေးကိုကြားမိတဲ့အခါ သဘောကျလွန်းလို့ပြုံးမိပါတယ်။ လမ်းတစ်နေရာမှာတော့ ရွှေရောင်ဝင်းနေတဲ့စေတီစုစုလေး။ ဟိုဝေးဝေးကစိမ်းနုရောင်လယ်ကွင်းနောက်မှာတော့ ထုံးဖြူဖြူစေတီအစု။ တိမ်ညိုမိူင်းနေတဲ့ကောင်းကင်တောင်စဉ်တန်းတွေကစေတီကိုထွေးပွေ့ထားသလိုပါဘဲ။ ကျနော်ထိုင်ရတဲ့ကားဆရာနောက်က ညာဘက်ခြမ်းကကြည့်လေလေရာမှာတော့ တောင်တန်းတွေလယ်ကွင်းတွေမြင်ရပြန်တော့ “ရူ့မဆုံးတော့သည်စိမ်းလဲ့လဲ့ကွင်းပြင်” ဆိုတဲ့ မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း “သီချင်းက ရင်ထဲကိုတိုးဝှေ့လို့နားထဲမှာအလိုလိုကြားလာရပါတယ်။ လမ်းတစ်လျောက်လုံးမှာလဲ လမ်းလျောက်လို့ကျောင်းကိုသွားကြတဲ့ လန်းဆန်းတက်ကြွနေတဲ့ ကလေးတွေက ထမင်းချိုင့်ကိုယ်စီကိုယ့်အစုနဲ့ကိုယ် မြင်ခဲ့ရပြန်တော့ ဒီသီချင်းလေးက တော်တော်နဲ့ နားထဲကမထွက်ဘူးဖြစ်နေပါတယ်။ အဝါရောင်လမ်းပြမှတ်တိုင်လေး ကားထွက်ခါစတုံးကတော့ ကားပေါ်မှာလူအပြည့်မပါ ပါဘူး။ ခရီးသွားသူတွေကလည်း လမ်းတစ်လျှောက်တက်လိုက်ဆင်းလိုက်နဲ့ပါဘဲ။ စပယ်ယာလိုက်တဲ့ကောင်လေးတွေက လူသစ်ကလေးတွေဆိုတော့ လမ်းကနေတက် လမ်းမှာဘဲဆင်းတဲ့ခရီးသည်တွေရဲ့ ကားခကိုဘယ်လောက်တောင်းရမယ်ဆိုတာမသိကြပါဘူး။ အဲတော့ တစ်ယောက်တက်လာရင် တစ်ခါမေးရပါတယ်။ ဘယ်ကနေဘယ်အထိ လိုက်မှာ […]