“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၈)” စက်တင်ဘာလ နောက်ဆုံးအပါတ်ထဲမှာတောင်ကြီးဘက်ကို ခရီးထွက်ဘို့အကြောင်းဖန်လာပါတယ်။ အဲတာနဲ့တောင်ကြီးကားဘယ်အချိန်ထွက်လဲဆိုတာကို 32လမ်းက ကားလက်မှတ်ရောင်းတဲ့နေရာမှာသွားပြီးမေးတော့ အိပ်စ်ပရက်စ် အမြန်ကားကြီးတွေရှိတယ်။ညမှာဘဲထွက်တယ်လို့ဆိုပါတယ်။ “ရန်ကြီးအောင်”ဆိုတဲ့ကားမှာ မှ ကိုယ်ထို်င်ချင်တဲ့နေရာရလုို့ ဝယ်လိုက်ပါတယ်။ ကားခကတော့ တစ်ယောက်ခြောက်ထောင့်ငါးရာ။ ကျွဲဆယ်ကန်ကားကို သွားစီးချင်ရင် ငါးနာရီခွဲအရောက်သွား။ ဂိတ်ကလိုက်ပို့မယ်ကားနဲ့လိုက်မယ်ဆိုရင်လေးနာရီလောက် 32လမ်း 82လမ်းကဒီ ဂိတ်ကိုရောက်အောင်လာလို့မှာပါတယ်။ ကျနော်ခရီးသွားရင် အများအားဖြင့်ရှေ့ပိုင်းက ခုံမှာထို်င်လေ့ရှိပါတယ်။ ဓါတ်ပုံရိုက်ချင်တယ်ဆိုရင်အဆင်ပြေအောင်လို့ပါ။ တစ်ခါမှမရောက်ဘူးသေးတဲ့မြို့ကိုသွားရမယ်ဆိုတော့ ဘယ်လိုဘဲပြောပြော စိတ်လှုပ်ယှားပါတယ်။ အဲဒါနဲ့တောင်ကြီးမှာနေတဲ့မိတ်ဆွေကို လှမ်းမေးရပါတယ်။ သန့်လဲ့သန့် ဈေးလဲသက်သာ သွားလို့လွယ်ကူတဲ့ တည်းခိုခန်းကို တည်းချင်ပါတယ်ပေါ့။ အမှန်ကတော့ တောင်ကြီးရောက်ရင် ဘယ်ကိုပို့လို့ တက်စီသမားကို တန်းပြောချင်တာလဲပါ ပါတယ်။ ဟိုရောက်မှ ဘယ်ကိုသွားရမယ်မှန်းမသိရင်ပိုခက်မှာစိုးလို့ပါ။ တောင်ကြီးကမိတ်ဆွေက ကျနော်တည်းဘို့တည်းခိုခန်းနာမယ်ကိုပြောပေးပါတယ်။ သူကလာကြိုရမလားမေးတော့ မနက်လေးနာရီလောက်ရောက်မယ်ဆိုတာကိုသိထားတော့ သူအလုပ်ရှုပ်မှာရယ် အားနာတာရယ်ကြောင့် လာမကြိုနဲ့လို့ပြောပြီး မနက်ရောက်မှဖုန်းဆက်လိုက်မယ်လို့ဘဲပြောလိုက်ပါတယ်။ ဒါနဲ့ဘဲတောင်ကြီးသွားမယ့်နေ့ရောက်တော့ ညနေငါးနာရီခွဲအရောက်လာပါလို့ […]


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (အပိုင်းလေး ခံစားမူ့နှင့်ယှဉ်သော………………) (ခံစားမှု့နှင့်ယှဉ်သော………….) လူငယ်ဘဝ ဆယ်တန်းမအောင်သေးခင်အထက်တန်းကျောင်းသားဘဝနဲ့ဆယ်တန်းကိုလွန်မြောက်လို့ တက္ကသိုလ်ရောက်တဲ့ကာလ ဒီကာလနှစ်ခုမှာ အချိန်ကွာခြားချက်ကသိပ်မကွာပေမယ့် စိတ်ခံစားမှု့ကတော့အများကြီးကွာသွားပါတယ်။ ဆယ်တန်းအောင်လို့ တက္ကသို်လ်ဆိုတာကြီးကို တကယ်မတက်ရသေးတဲ့အချိန်မှာတောင် မြကျွန်းညိုညိုတက္ကသိုလ်တို့ တက္ကသိုလ်တမာတန်း တို့ သစ်ပုတ်ပင်တို့ ဂျဒ်ဆင်တို့ အမိတက္ကသိုလ်တို့ ရေနီမြောင်းတို့ စိန်ပန်းရိပ် တို့ဆိုတဲ့ တက္ကသိုလ်နဲ့ပါတ်သက်တဲ့အသုံးအနုန်းကိုဖတ်ရကြားတာနဲ့တင် ရင်တွေ ခုန်နေပါတယ်။ တက္ကသိုလ်နဲ့ပါတ်သက်တဲ့ အချစ်ဝတ္တုုတွေကို ဖတ်လို့ ခံစားလို့ကောင်းတဲ့အချိန်ပေ့ါ။ အဲဒီအချိန်မှာ မောင်ဝဏ္ဏရဲ့ “ပန်းတွေနဲ့ဝေ”တက္ကသိုလ်နောက်ခံဝတ္တုုကရှပ်ရှင်အဖြစ်ထွက်လာပါတယ်။ မင်းသားက ညွန့်ဝင်း မင်းသမီးက ခင်ယုမေ ဒုတိယမင်းသားကအောင်လွင်။ လူငယ်ဘဝ အတွေးထဲမှာအချစ်တွေနဲ့ထုံမွှန်းနေချိန်ဆိုတော့ အဲဒီကားကြည့်ရတာအတော်လေးကို အရသာရှိပါတယ်။ စစခြင်းအခန်းမှာ ကိုက လွမ်းစရာ။ မိုးတွေအုံ့မိူင်းနေတဲ့တစ်ရက်နဲ့ဇာတ်လမ်းကို အစပြုပါတယ်။ တက္ကသိုလ်ဆရာအဖြစ်သရုပ်ဆောင်တဲ့ညွန့်ဝင်း(အောင်လတ် လို့ထင်ပါတယ်) ကျောင်းသွားဘို့အတွက်ခန်းတံခါးပိတ်လို့အပြင်အထွက်ကောင်းကင်မော့ကြည့် ထီးလေးကို လက်မှာချိတ်လို့ထွက်အလာ […]


“ဆာသော်” နှင့် “ဘောစမျိုး”များတွေ့ဆုံခြင်း……………………. ” တစ်ရက်လမ်း80က ကမ္ဘောဇ ဘဏ်မှာ ငယ်ပေါင်းမိုက်ဖော်မိုက်ဘက် “သော်ကြီး”ကို တွေ့လိုက်ရပါတယ်။ သူက ဘဏ်အပြင်ဘက်မှာရှိတဲ့ အုဌ်ခုံလေးပေါ်မှာ ဂျာနယ်တစ်စောင်ကို ခင်းပြီး ခပ်ခန့်ခန့်ကြီးထိုင်နေတာပါ။ “ဘာစောင့်နေတာတုန်း………ဟ” “ ဟာ ငပေါက် ရုံးကလာကြိုမယ့်ကားစောင့်နေတာ ငွေလာသွင်းတာလေ၊ မင်းကရော…………..“ “ငါက လာထုတ်တာ…………… “ ကို်ယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဒီလောက်ဘဲနုတ်ဆက်ပြီး အထဲဝင်ခဲ့ပါတယ်။ ခါတိုင်း ကိုယ့်လိုဘဲ ဖြစ်သလိုဝတ်စားနေတတ်တဲ့ကောင်က ယူနီဖောင်းနဲ့သပ်သပ်ရပ်ရပ်။ ဆံပင်ကလဲ ဖြီးသင်ထားလိုက်တာသေသေ သပ်သပ် ဒါပေမယ့် တော်တော်လေးတော့ဖြူနေပါပြီ။ မြင်ရတာအရင်” သော်ကြီး”နဲ့တော့ တစ်ခြားစီ။ ငွေထုတ်မယ့်နေရာရောက်တော့ ဖြည့်စရာ ရေးစရာရှိတာရေးပြီးထိုင်စောင့်နေုရင်း “ သော်ကြီး“ အကြောင်းပြန်စဉ်းစားနေမိပါတယ်။ ကျနော်နဲ့သူက တကယ့်ကို ငယ်ပေါင်း။ အိမ်ကလဲ အိမ်နီးနားခြင်း ပြန်တွက်ရင် သားချင်းကလဲ မကင်း […]


ကျနော်တို့ မိုးကုတ်ရောက်တဲ့ည ကျတော့ ညနေစာ ထမင်းစားထွက်ရင်းတည်းခိုးခန်းနားလေးမှာရှိတဲ့ညဈေးလေးကို လမ်းလျှောက်ကြပါတယ်။ လမ်းဒေါင့်နားလေးမှာ အင်တာနက်ဆိုင်လေးတစ်ဆိုင်ရှိတယ်။ အဲတော့လဲ ရန်ကုန်သွားတုန်းကလို့ မနက်စောစော အင်တာနက်ဆိုင် ထိုင်လို့ရနိုင်တယ်ပေါ့။ နောက် ပူရီ တိုရှည် ချပါတီရတယ်လို့ စာရေးထားတဲ့ အိန္ဒိယ စားသောက်ဆိုင်လေးကိုတွေ့တော့ မနက်လာစားမယ်ဆိုပြီး စိတ်ကူးထားကြပါတယ်။ မနက် ခြောက်နာရီလောက် အိပ်ယာထ လမ်းလျှောက် 7နာရီထိုးခါနီးလောက် ညကတွေ့တဲ့ဆိုင်လေးကို မုန့်စားဘို့လာတော့ ဆိုင်ကမဖွင့်သေးပါဘူး။ ကိုးနာရီကျော်လောက်မှ ဖွင့်မယ်လို့သိရပါတယ်။ အဲဒါနဲ့ဘဲ လမ်းဒေါင့်နားက ရတနာကောင်းကင်စာပေနဲ့မျက်နှာခြင်းဆိုင်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်လေးမှာဘဲ မနက်စာ စားလိုက်ကြပါတယ်။ အဲဒါနဲ့ညကတွေ့လိုက်တဲ့အင်တာနက်ဆိုင်လေးကိုကြည့်လိုက်တော့ သော့ပိတ်ရက်သား။ သူလဲကိုးနာရီဘဲနေမှာလို့တွေးမိတော့ ခြေဦးတည့်ရာလမ်းလျှောက်လို့လာခဲ့ကြပါတယ်။ မနက်7နာရီကျော်ပေမယ့် မနက်စောစော ကားဟွန်းသံမရှိ ၊ ကလေးငိုသံမရှိ၊ ဟန်းဖုန်းမြည်သံမရှိ မြိုု့လေးက ပကတိ တိတ်ဆိတ်ငြိမ်သက်။ လမ်းပေါ်မှာရှိနေတဲ့ အနည်းငယ်သောလူတွေကလဲ အေးအေးဆေးဆေး။ ကားတွေကလဲအေးဆေး၊ […]


ကိုပေါက်လမ်းသလားနေသည် အပိုင်း-၆ “ဟတ်ထိတယ်………… ဟတ်ထိတယ် ဟေ့ ………………” https://myanmargazette.net/55327/travel/photography-pictures-galleries-wallpapers-photo-tips#comments https://myanmargazette.net/54973/travel/photography-pictures-galleries-wallpapers-photo-tips#comments https://myanmargazette.net/55182/travel/photography-pictures-galleries-wallpapers-photo-tips#comments https://myanmargazette.net/55287/travel/photography-pictures-galleries-wallpapers-photo-tips#comments (ဒါလေးတွေကတော့ ဒီပို့စ်နဲ့သက်ဆိုင်တဲ့လင့်လေးတွေပါ) ကျနော်ရန်ကုန်ကိုလာမယ်လို့မိတ်ဆွေတွေကိုလှမ်းသတင်းပေးတဲ့အခါ တညင်ကိုလိုက်ပို့ပေးမယ်ဆိုပြီး မိတ်ဆွေတစ်ယောက်ကစီစဉ်ပေးပါတယ်။ သွားမယ့်ရက်ကတော့(2-7-2011)နေ့ပေါ့။ ခရီးစဉ်အသေးစိတ်ရယ် ဘယ်လိုသွားကြမယ် ဘယ်သူတွေလိုက်မယ် ဆိုတာကို အတိအကျ မသိပေမယ့် သူတို့အိမ်က ကားနဲ့ဘဲသွားမယ်ဆိုတော့ လူသိပ်မများဘူးလို့ တွေးမိပါတယ်။ ကျနော်တို့ကတော့ မဒမ်ပေါက်နဲ့ကျနော် နှစ်ယောက်ပေါ့။ တကယ်တမ်းပြောရရင် အတူသွားကြမယ်ဆိုသူတွေကလဲ ချက်တင်က စာလုံးလေးတွေ၊ တယ်လီဖုန်းကအသံလေးတွေနဲ့သာ ခင်မင်ထားကြတဲ့ မမြင်ဘူးသောမိတ်ဆွေတွေဖြစ်ကြပါတယ်။ အဲဒီရက်မတိုင်ခင် တရက်အလိုမှာ ဘယ်မှာဆုံကြမယ်ဆိုတာကို အဓိကထားလို့တိုင်ပင် ကြပါတယ်။ သွားမယ့်နေ့မှာ မှတစ်ယောက်တစ်နေရာစီ လိုက်ခေါ်နေရမယ်ဆိုရင်လဲ အချိန်လင့်မှာစိုးရပါတယ်။ ကျနော်ကလဲ ရန်ကုန်သိပ်မကျွမ်းတဲ့သူ။ အဲတော့ အိမ်ကိုလိုက်ရှာနေရမယ်ဆို ရင်ခက်မှာစိုးတော့ ကျနော်တစ်ခါရောက်ဘူးတဲ့ လမ်းလဲသင့်မယ်ထင်တဲ့ ကော်ဖီဆိုင်လေးကိုချိန်းလိုက်ပါတယ်။ ချိန်းတဲ့အချိန်ကတော့ မနက် […]


မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန္တလေးအပိုင်း7) ဒီမင်္ဂလာတံတား ဆိုတာက နန်းတွင်းကနေထွက်ရင်တောင်ဘက်အရပ်မှာရှိတဲ့တံခါးပေါက်ပေ့ါ၊ သူနဲ့တည့်တည့်လမ်းကြီးက( 73)လမ်းမကြီးပါ။ (73)လမ်းမကြီးရဲ့အဆုံးကတော့ အရင်က မန်းလေးမြို့ နဲ့အထက်မြန်မာပြည်က ကျောင်းသားများ အတွက်တစ်ခုတည်းသော အဆင့်မြင့်ပညာရင်နို့သောက်စို့ရတဲ့ (M.A.S.U)(မာဇူး)လို့အတိုကောက်တဲ့ မန္တလေးတက္ကသိုလ်ကြီးဖြစ်ပါတယ်။ မင်္ဂလာတံတားကထွက်လိုက်ရင် သူ့ရဲ့အရှေ့ဘက်ခြမ်း မှာတော့ ကျုံးနဲ့မြို့ရိုးကြားကမြေကွက်လပ်ကတော့ ဘာမှမရှိပါ။ တစ်ခါတစ်ရံစစ်တပ်က အစောင့်တပ်သားလေးတွေက အသီးအနှံစိုက်ခင်းလေးတွေလုပ်ထားတာဘဲရှိတတ်ပါတယ်။ သူ့အနောက်ဘက်မှာတော့ လှပသော အေးချမ်းသောဆိုတဲ့ ဝိသေသဂုဏ်ထူးတွေနဲ့ပြည့်စုံခဲ့ဘူးတဲ့ နာမယ်ကျော်” မန်းသီတာဥယျာဉ်”ပါ။ နိုင်ငံခြားကအတိုင်း မြို့လယ်ခေါင်မှာ ရှိတဲ့ ပန်ုးဥယျာဉ်ကလေးပါ။ မြန်မာပြည်သိန်းတန် သီဆိုဘူးခဲ့တဲ့ “မန်းမြေမှာလေးနှစ်တာ”ဆိုတဲ့သီချင်းလေးမှာ ” မန်းသီတာ လူငယ်လူကြီးအလည်ရောက်လို့လာတာ “လို့ထည့်ပြီးသီဆိုဘူးပါတယ်။သူပြောတာ အမှန်ပါဘဲ။ ဒီမန်းသီတာဥယျာဉ်လေးရဲ့ဖွဲ့တည်ပုံလေးကိုပြောရမယ်ဆိုရင် အနံတိုတို အလျားရှည်ရှည် စတုယန်းပုံလေးပါ။ အနံကတော့ ကျုံးရေပြင်နဲ့ နန်းမြို့ရိုးကြားက ကွက်လပ်ကလေးပါ။ အလျားကတော့ အနောက်ဘက် (79)လမ်းက […]


လွမ်းတယ်ဆိုတဲ့အကြောင်းပြောရရင် မန်းလေးတောင်အတက်လမ်းက စကားဖြူပန်းနံ့လေးတွေကိုလည်းလွမ်းပါတယ်။ ကုသိုလ်တော်ဘုရားထဲက ခရေပန်းတွေကိုလည်းလွမ်းပါတယ်။ အောင်ပင်လယ်ကန်ဘောင်ရိုးကနေမြင်ရတဲ့ မူံပြပြရှမ်းရိုးမကိုလည်းလွမ်းပါတယ်။ ရန်ကင်းတောင်သွားတဲ့လမ်းက ကြာပင်အိုင်ကြီး ကိုလည်းလွမ်းပါတယ်။ လူငယ်လူကြီးအလယ်ရောက်ဘူးတဲ့ “မန်းသီတာဥယျာဉ်”ကိုလည်းလွမ်းပါတယ်။ တက္ကသိုလ်ထဲက တမာနံ့သင်းသင်းလေးကိုလည်းလွမ်းပါတယ်။ ချစ်သူနဲ့အတူထိုင်စကားပြောဘူးတဲ့ ရေနီမြောင်းထဲက ရေနီကျင်ကျင်တွေကိုလည်းလွမ်းပါတယ်။ ပေတရာလမ်းမပေါ်မှာ တခွပ်ခွပ်နဲ့ အသံပေးတဲ့မြင်းလှည်းလေးရယ် လှည်းဘီးကို ကြိမ်တုတ်နဲ့ထောက်လိုက်လို့ထွက်လာတဲ့ တတောက်တောက်အသံလေးကိုလည်းလွမ်းပါတယ်။ ကျုံးနံဘေးက အေးမြတဲ့အရိပ်တွေကိုပေးတဲ့ ကုက္ကိုပင် ကြီးတွေကိုလည်းလွမ်းပါတယ်။ လွမ်းမယ်ဆိုရင်တော့ လွမ်းစရာတွေချည်းပါဘဲ။ ****************** ***************************** ************************************* ကျောက်တော်ကြီးဘုရား ကတော့ မန်းလေးမှာရှိတဲ့ကြည်ညိုဘွယ်ရာ ဘုရားများထဲမှာ ထုထည်အကြီးဆုံးလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ ရွှေကျင်ကျောက်စခန်းကနေထွက်ပေါ်လာတဲ့ ထုထည်ကြီးမားလှသောသောစကျင်ကျောက်တုံးကြီးတစ်တုံးကနေ ပြီး ကိုးကွယ်စရာ ဘုရားတစ်ဆူဖြစ်အောင်ထုလုပ်ထားတာပါ။ အင်မတန်မှ သပ္ပါယ်လှသော မျက်နှာတော်ရှိပြီးအချိုးအစားကျနလှသော ကျောက်ဆင်းတုတော်ကြီးဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ အင်္ဂျင်နီယာအတတ်ပညာ ကျောက်ဆစ်အတတ်ပညာမှာ မညံ့ဘူးလို့ မြန်မာ့ဂုဏ်ရည်ကို ပြထားတဲ့ ပြယုဂ်တစ်ခုလို့လဲဆိုနိုင်ပါတယ်။ ကျောက်တော်ကြီးဘုရားအရှေ့ဘက်စောင်းတန်းဘက်က […]


ကျနော်တို့ငယ်ငယ်တုံးက အဖေ့ရဲ့အမေဘက်ကအဖွားရဲ့အမွေဆိုင်ခြံထဲမှာ အမျုးိတွေအားလုံး စုနေခဲ့ကြပါတယ် တော်တော်လေး ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ တစ်မိသားစုကို အိမ်တစ်လုံးစီနဲ့ပေါ့။ အိမ်ထောင်အသစ်ထူထောင်လို့ မိသားစုတစ်ဖွဲ့တိုးရင် လွတ်နေတဲ့ ကွက်လပ်မှာ အိမ်တစ်လုံးထပ်ဆောက်ပေါ့။ မှတ်မှတ်ရရ ရှစ်အိမ်ကိုးအိမ်လောက်တောင် ရှိမယ်ထင်ပါတယ်။ အဲတော့ကျနော်တို့ခြံကြီးထဲမှာ လူတွေအများကြီး ရှိသလို အဖိုးအဖွားတွေ ဦးကြီးဒေါ်ကြီးတွေ ဦးလေး ဒေါ်လေးတွေနဲ့ အတူတူ သိုက်သိုက်ဝန်းဝန်းကြီးနေရတာပေါ့။ မကောင်းတာကတော့ လူများတော့ ဇာတ်လမ်းများတယ် ။ လူကြီးတွေနဲ့ နေရတော့ ဟိုလိုမလုပ်နဲ့ ဟိုဟာမလုပ်နဲ့လို့ အချုပ်ချယ်ခံရတော့ လွတ်လပ်တာကို နှစ်သက်တဲ့လူငယ်အတွက် စိတ်တွေညစ်တာပေါ့။ ကျနော်တို့များ သူတို့မျက်စေ့ထဲမတွေ့တဲ့ အဝတ်အစားဝတ်တာ အပြုအမူကိုတွေ့တော့ ပြီဆိုလို့ကတော့ အဆူခံရတဲ့အပြင် အမြဲကြားရတဲ့စကားလေးတစ်ခွန်းကတော့ ” ငါတို့တုံးကနဲ့များ ကွာပါ့”ဆိုပြီး ခေတ်တစ်ခေတ်နဲ့တစ်ခေတ်ကို နုှိင်းယှဉ်တဲ့စကားလေးပါဘဲ။ စစ်ပြီးခေတ်ကရှေးဟောင်းရုပ်ရှင်ထဲကလို တစ်ခါတစ်ရံဘောင်းဘီအတို ဖော့ဦးထုပ် အောက်က ဘွတ်ဖိနပ်စီးတဲ့အခါစီးပြီး (ဆောင်းတွင်းဆိုရင်တော့ကုတ်အကျီအရှည်ကြီးနဲ့) […]


(ရေရဲ့အဆုံးကုန်းတစ်ဝက်ဆို ပိုင်ချင်တာပေါ့ ……………အလွမ်းမီးလေးငြိမ်းပေးပါတော့……………………..လို့ မင်းသား (နေအောင်)လဲသီချင်းတွေဝင်ဆိုဘူးပါတယ်။ (မေတ္တာစေကျွန်………………….တို့ မူပိုင်ရှင်မကြီးမမနိုင်…………….တို့ကိုလည်းကွယ်လွန်သူ (ဒွေး)ကလဲဝင်ဆိုဘူးပါတယ်။ ရဲအောင်လဲဝင်တာဂွမ်းသွားပါတယ်။ ကိုစောနုရဲ့သီချင်းဆိုပြိုင်ပွဲကနေပြီး ဘိုသီချင်း(power of love) ဘာသာပြန်သီချင်းလေးဆုရတာကစလို့ တပြည်လုံးကို (အချစ်ရေ ကိုယ့်ကြောင့်………………………လို့ ဝန်ခံလိုက်တဲ့အသံဘယ်လောက်များကျယ်သလဲဆိုရင်ခုချိန်ထိကို သူ့အရှိန်က ကာတွန်းငွေကြည်ရဲ့သား မုတ်ဆိတ်မွေးတိုနံ့နံ့ လူကလဲ တိုနံ့နံ့ပေမဲ့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့နေတတ်သူ စည်သူလွင်ပါ။ နောက်ဆိုတဲ့သူ့သီချင်းတွေဘယ်လောက်ကောင်းကောင်း ပထမဆုံးသီချင်းအရှိန်ကိုမကျော်နိုင်တာသေချာပါတယ်။ သူကမင်းသားလုပ်ကြည့်ပေမယ့်ကံမပါတော့ တစ်ခါနဲ့လန်သွားပါတယ်။ သူ့လိုအသံအေးအေးသီချင်းအေးအေးလေးတွေဆိုတတ်သူ အသံကောင်းသူကတော့ဂရေဟမ်ပါ။ သူကလဲ သီချင်းတွေအဆိုကောင်းအသံလဲကောင်းပေမဲ့ အဟောင်းနဲ့မှပိုနာမယ်ထွက်သူပါ။ သူ့သီချင်းထဲမှာနားထောင်ကောင်းတာကတော့ စုံတွဲဆိုတဲ့ ယနေ့မှစ၍နှစ်တစ်ရာတိုင်နဲ့ အိပ်မက်မက်တယ်ပါ(သည်သီချင်းမူရင်းက ပက်ထရစ်ပါ)။ ရတနာဦးလဲ ထို့အတူပါဘဲ။ ကျန်တာတွေဘယ်လိုကောင်းကောင်း ကော်ဖီသောက်တိုင်းလွမ်းတယ် ကိုမမှီဘူးထင်ပါတယ်။ စည်သူလွင်လိုဘဲ (ဆိုကြမယ် ပျော်ကြမယ်ပြိုင်ပွဲကနေတက်လာတဲ့သူတွေကတော့ ကောင်းကင်ပြာသီချင်းနဲ့နာမယ်ကြီးသွားတဲ့ စိုးအောင် တွံတေးစိုးအောင်နဲ့တူမှာစိုးလို့ ကောင်းကင်ပြာနာမယ်တတ်လိုက်ရတဲ့သူ။ နောက်တစ်ယောက်က တော့ ကံ့ကော်တောမျိုးအောင်ရဲ့စာရေးလိုက်ပါတယ်မိစံရယ်နဲ့နာမယ်ရလာပြီးလူကပိတ်ညောင်ညောင် တစ်ကြောင်ထဲကြောင်လို့အော်တတ်တဲ့ကောင်လေး […]


တစ်ရက်ကိုအောင်မောင်းရယ် သူ.ရုံးကကောင်လေး မောင်ကျော်ရယ် ဘဏ်ကို ငွေထုတ်ဘို.သွားကြပါတယ်။ ကိုအောင်မောင်း ဘဏ်မှာလက်မှတ်ထိုးတာ ဘာညာကွိကွတွေလုပ်ပြီး ကိုယ်.အလှည်.ရောက်အောင်ထိုင်စောင်.နေတုန်းမှာ အရင်ကမြင်ဘူးနေကျ စိတ်ထဲမှာရင်းနှီးပြီးသားမျက်နှာလေးကိုမြင်လို.ပြုံးပြီးအားရဝမ်းသာလက်လှမ်းပြလိုက်ပါတယ်.။ လူအများထဲမှာဆိုတော. အားနာလို.နာမည်ကိုတော.လှမ်းမခေါ်ဖြစ်လိုက်မိပါဘူး။ ဒါပေမဲ.ကိုအောင်မောင်းလှမ်းနုတ်ဆက်လိုက်တဲ.ကလေးက တစ်ချက်လှမ်းကြည်.ပြီးကိုအောင်မောင်းကိုမျက်နှာလွှဲသွားပါတယ်။ အမှန်အတိုင်းပြောရရင် ကိုအောင်မောင်းတစ်ယောက်လူမရှက်ပေမဲ.လက်ကတော.ရှက်သွားပါတယ်။ ဒါနဲ.ဘဲခေါင်းပွတ်တာလိုလို ဘာလိုလိုနဲ.လက်ပြန်ချပြီးဟန်မပျက်ဆက်ထိုင်နေလိုက်ပါတယ်။ ကောင်လေးကတော. ကိုအောင်မောင်းနဲ.ခပ်လှမ်းလှမ်းမှာ ဘဏ်ကချထားပေးတဲ. စာစောင်ကိုဖတ်ပြီးမျက်နှာကိုကွယ်ထားပါတယ်။ ငွေထုတ်ပြီးအပြန်လမ်းမှာ လက်ဖက်ရည်ဆိုင်ဝင်ထိုင်ကြတော.ပါလာတဲ.မောင်ကျော်က “လေးအောင် ဘဏ်တုန်းကလှမ်းနုတ်ဆက်တာကိုပြန်နုတ်မဆက်တဲ.ကောင်လေးက ဘယ်သူလဲ လေးအောင်က မှားနုတ်ဆက်တာလား” လို.မေးတဲ.အခါ ကိုအောင်မောင်းက ရီသံစွက်လို. “မဗျိုင်းအသစ်ကလေးပါကွာ” လို.ပြန်ဖြေတဲ.အခါ မောင်ကျော်က နားမလည်တဲ.မျက်နှာလေးနဲ.”လေးလေးပြောမှ ရှုပ်ကုန်ပြီ ယောက်ျားလေးကဘယ်လိုလုပ်မဗျိုင်းဖြစ်ရမှာလဲ”လို.မေးပြောပြေတော.မှ “တင်စားပြောတာပါမောင်ကျော်ရာ နောက်မှလေးလေးပြောပြမယ်” လို.တိုတိုပြောပြီးစကားစဖြတ်လက်ဖက်ရည်ကိုလည်းလက်စသတ်လို.ထပြန်ခဲ.ကြပါတယ်။ ရုံးပြန်ရောက်လို.ထမင်းစားပြီးခဏနားတော.မှ ထုံးစံအတိုင်းကလေးတွေနဲ.စကားပြောကြတော.မှမနက်က “မဗျိုင်း”အကြောင်းကိုပြန်ဆက်ဖြစ်ပါတယ်။ “ခုခေတ်ကလေးများကတော. မဗျိုင်းဆိုတာလေးကိုသိတဲ.လူလဲရှိ မသိတဲ.လူလဲရှိပေါ.ကွာ၊ လေးလေးတို.ငယ်ငယ်ကတော.လူကြီးတွေက လေးလေးတို.တစ်တွေဘဝမမေ.အောင်ပုံပြလို.ဆုံးမခဲ.တဲ.ပုံပြင်လေးပေါ.။ တကယ်ဖြစ်ခဲ.သလားမဖြစ်ခဲ.ဘူးလားဆိုတာထက် သဘာဝကျမကျ ယုတိ္တရှိမရှိက ပိုအရေးကြီးပါတယ်။ တိုတိုပြောရရင် […]


ကိုအောင်မောင်းတစ်ယောက် တရုပ်ပြည်နယ်စပ် ရွှေလီကို သွားရဘို.အလုပ်ကိစ္စပေါ်လာပါတယ်။ အရင်ကဆို မေမြို.အထွက်ဝက်ဝံထက် ဟိုဘက်ကိုမရောက်ဘူးတဲ.သူ မန္တလေးမြို.ကနေ ဘယ်မှမခွာရတဲ.သူက ခရီးထွက်ရမယ်ဆိုတော့တော်တော်လေး ကိုပျော်နေပါတယ်။ ဟိုမှာတစ်ပါတ်ကျော်ကျော်လောက်ကြာမယ်ဆိုတော.အဝတ်အစားထည်.မယ်လုပ်တော.ရောက်ဘူးတဲ.မိတ်ဆွေတွေက အလေးခံပြီးများများမသယ်နဲ.လို.ပြောကြပါတယ်။ ဟိုရောက်မှဝယ်ဝတ်လို.ပြောတာနဲ. နည်းနည်းဘဲထည်.ခဲ့ပါတယ်။ ကားလက်မှတ်ကတော.တစ်ရက်ကြိုဝယ်ရပါတယ် ရွှေနယ်စပ် အမြန်ကားနဲ.ပါ။ ကားလက်မှတ်ဖြတ်မယ်ဆိုတော.လည်းအလုပ်မှာသာ ဆရာ အပြင်ကိစ္စဆိုတပည်.ဖြစ်နေတယ်ဆိုတော.ကလေးတွေက”လေးအောင်” ဗင်မဝယ်နဲ. မတ်တူးဝယ်မတ်တူးကမှမြန်တာ ဆိုလို.သူတို.ပြောတဲ.အတိုင်းလိုက်လုပ်ရပါတယ်။ အိမ်တိုင်ယာရောက်လာကြိုပေးပါတယ်။ ကားခကတော.နောက်ခန်းကသုံးယောက်ထိုင်ရတယ် သုံးသောင်းရှေ.ခန်းကတစ်ယောက်ထဲထိုင် လေးသောင်းပါ။ သည်ကသွားမှာနှစ်ယောက်ဆိုတော.နောက်ခန်းဘဲယူလိုက်ကြပါတယ်။ မသွားခင် ဟိုကလာကြိုမယ်သူကိုဘယ်မှာဆင်းရမလဲမေးတော.နန်းတော်အလည်ပေါက်ဆင်းပါလို.မှာထားပါတယ်။ သွားတဲ.နေ.ကျတော့မနက် 6း30မှာလာကြိုပါတယ်။ ကျနော်နဲ.အတူသွားမယ်.သူရယ်ရှေ.ခန်းကထိုင်မယ်.ကောင်မလေးရယ်ကို ကြိုပြီးမှကျနော်.ကိုဝင်ကြိုတာပါ။ နောက်တစ်ယောက်က မြို.သစ်ထဲမှာဝင်ကြီုရမယ်ဆိုတော. မနော်ဟရီလမ်းကထွက်ရင် မေမြို.လမ်းရောက်ပြီပေါ.။ ဖြစ်ချင်တော. ကားလဲထွက်မယ်ရောက်ရော ကားဆရာဆီကိုဖုန်းလာပါတော.တယ်။ ကားဆရာက မြို.ထဲဂိတ်ကို ပြန်သွားရမယ် နောက်တစ်စီးက မထွက်ဖြစ်တော. ပါဆယ်ထုပ်တွေသွားယူရမယ်ပြောပါတယ်။ ဒါနဲဘဲမြို.သစ်ကနေ မြို့ထဲ 32လမ်း ကဂိတ်ကိုရောက်တော. 7နာရီ။ ရောက်တော.ဂိတ်မှာလူမရှိ အဲဒါနဲ.ကားဆရာကိုပြောပြီး […]