Mon LayDecember 12, 20191min21733
မွန်လေးခရီးတွေစထွက်ခဲ့ဖူးတာ လူကြီးတွေပြောပြချက်အရ ဟိုးခပ်ငယ်ငယ်၃ နှစ်သမီးလောက်ကတည်းက အဖွားနဲ့ လေယာဉ်ကြီးစီးပြီးကျောက်ဖြူကိုစသွားခဲ့တာပါ။ အဲ့ကတည်းကအခုချိန်ထိ ခရီးတွေတောက်လျှောက်ထွက်ဖြစ်နေခဲ့တာပေါ့နော်။ ခြေထောက်မှာ ဗွေပါတယ်ထင်ပါရဲ ့။သူငယ်ချင်းတွေနဲ့သွားတဲ့ခရီးစဉ်တွေလည်းရှိသလို မိသားစုနဲ့သွားတာတွေလည်းရှိပါတယ်။ ဒါပမေဲ့ တစ်ယောက်ခရီးသွားတာမျိုးတို့၊ ရည်းစားနဲ့ ခရီးသွားတာမျိုးတို့တစ်ခါမှမရှိခဲ့ပါ။ ကိုယ်ကိုယ်တိုင်ကလည်းမသင့်တော်လို့ မသွားချင်သလို အိမ်ကလည်း မလွှတ်ဘူးလေ။ ကိုယ်ကိုယ်တိုင်ကလည်း မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ပဲ သွားရတာ ပျော်လို့ ဒီတစ်ခေါက်ကတော့ မိသားစုနဲ့သွားတာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာကို ရေးပေးချင်ပါတယ်။ မွန်လေးထင်မြင်ချက်ကိုရေးပေးတာနော်.. မိသားစုနဲ့သွားရင် သူတို့က ကုန်ကျစရိတ်ပိုခံပေးတော့ ကိုယ်ပိုသက်သာတယ်။ မိသားစုကသာလျှင် ကိုယ့်အကြိုက်နဲ့ မကြိုက်တာကိုပိုသိတော့ ခရီးသွားရင် ညှိုစရာမလိုတော့ဘူး။ ကိုယ်ကိုဂရုစိုက်မှုအပေးနိုင်ဆုံးက မိသားစုပဲဆိုတော့ ခရီးသွားရင် ပိုလုံခြုံတယ်လို့ခံစားမိတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ၊ ချစ်ခင်နားလည်မှုတွေ မိသားစုတွင်း မှာ ပိုမိုရရှိစေပါတယ် ။ ခုနောက်ပိုင်းမှာ မိဘတွေက မိသားစုကိုအချိန်ပေးဖို့နည်းလာသလို သားသမီးတွေကလည်း […]


ဇီဇီFebruary 20, 20173min87836
စာ က ရေးချင်ပေမဲ့ ချရေးရလောက်အောင် စိတ်ထဲမဝင်လာလို့ မရေးဖြစ်။ ခုတော့ ခုတလော စိတ်ထဲ ခိုးလို့ခုလုဖြစ်နေတဲ့ အကြောင်းအရာ ကို ရေးမယ်လို့ စိတ်ကူးတယ်။ ကိုယ့် စိတ်အခြေခံလေးကို အရင်ပြောပါရစေအူး။ ငယ်တုန်းကတည်းက သူများရဲ့ ရုပ်ရည်သွင်ပြင် ပိန်တာ ဝတာနဲ့ ပတ်သက်လို့ ခန္ဒာကိုယ်ချို့ယွင်းမှုနဲ့ ပတ်သက်လို့ ကဲ့ရဲ့တာ ပြောင်လှောင်တာ မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသလို လုပ်နိုင်တဲ့ သူတွေရဲ့ စိတ်ကို နားမလည်နိုင်ခဲ့ဘူးး အသက်ကြီးတဲ့နောက်ပိုင်းမှ ဆိုက်ကိုဇစ် အရ အငုံ့စိတ်တို့ .. အာရုံစိုက်ခံချင်လို့ သူများမကြိုက်တာ တမင်ပြောလေ့ရှိတဲ့ စိတ်တွေကို နားလည်လာလို့သာ တော်တန်ရုံဆို ခွင့်လွှတ်တယ်။ နားလည်ဖို့ကြိုးစားတယ်။ စတာနောက်တာ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို လှောင်ပြောင်ဖို့ ဝန်မလေးသလို သူများလာ နှိပ်ကွပ်တာ လှောင်ပြောင် […]


thihayarzarApril 28, 20161min2577
အရိပ်အာဝါသကောင်း၍ ကြီးမားအုံမှိုင်းသော သစ်ပင်ကြီးများမှ တဆင့် ပေါက်ဖွားရှင်သန်လာကြသော အပင်ငယ်လေးများသည် ထိုအပင်ကြီးအား မှီတွယ်၍ ရှင်သန်ကြသည်။ ထိုအပင်ကြီး၏ များပြားလှသော အကိုင်း အခက်အလက်များနှင့် အရွက်တွေက အပင်ပေါက်လေးများအား လေဒဏ်မိုးဒဏ်များမှ ကင်းလွှတ်စေသည်။ သက်သာစေသည်။ အေးမြသော အရိပ်ကိုလည်း ပေးသည်။ အပင်ကြီး၏ အရိပ်ကို သိပ်မရသော အပင်ငယ်လေးများသည် နေရောင်ခြည်ကို အပြည့်အဝ ရသောကြောင့် ကြီးထွားနှုန်းမြန်ဆန်ပီး အရောင်အသွေးစုံလင် လှပသော အညွန့်များဝေဆာစွာဖြင့် ရှင်သန်ကြသည်။ သို့သော် ထိုအပင်ငယ်လေးများသည် လေဒဏ်မိုးဒဏ်ကိုတော့ အနည်းအများ ခံကြရရှာသည်။ တချို့သော အပင်ငယ်လေးများသည် လိုအပ်သော နေရောင်ခြည်ကိုတော့ အပြည့်အဝ မရကြပေ။ အဘယ့်ကြောင့်ဆိုသော် အပင်ကြီး၏ ကြီးမားသောအရိပ်သည် သူ့အပေါ်သို့ အုပ်မိုးထားသောကြောင့် ဖြစ်သည်။ ထိုအပင်ငယ်လေးများသည် ရှင်သန်မှု နှေးကွေးကြသည်။ အရောင်းအသွေး မစိုမပြေဖြင့် […]


ဇီဇီApril 6, 20165min55631
Right Approach to get Good Attention ~~~~~~~~~~~~~~~~~~~~~~ ဘာရယ်လို့ အမည်တတ်လို့မရတဲ့ အကြောင်းအရာလေးတွေ ပြောပြမို့။ ငိငိ၊ လူတွေ ရဲ့ စိတ်လိုအင် တစ်ခု က အာရုံစိုက်မှု (Attention) ခံချင်တယ်။ အာရုံစိုက်ခံရအောင်လုပ်တတ်တယ်။ ဒါပေမဲ့ ချဉ်းကပ်နည်း (approach) ပေါ် မူတည်ပြီး ရရှိတဲ့ ပမာဏ ကွာသွားတာပါပဲ။ အဲဒါကို ကိုယ်တွေ့လေးနဲ့ ယှဉ်ရေးချင်လို့ပါ။ :mrgreenn: ယခင် နဲ့ ယခု အသက် အပိုင်းအခြားဟာ ၂၆ နှစ် မတိုင်ခင်နဲ့ အလွန် ကို ပိုင်းခြားထားပါတယ်လို့။ ကိုယ်ကတော့ ကွကိုယ် ရင့်ကျက်လာတယ်လို့ ယူဆပြီး ထင်ရာစိုင်းနေတာ ခုထိပဲ။ :mrgreenn:   ကံကောင်းတာ တစ်ခုက အသက် […]


Happy Birthday ပါ ကို… ယနေ့မွေးနေ့မှစ.. နောင်နှစ်ပေါင်းများစွာတိုင် ထာဝရပျော်ရွှင်ပါစေ…။ မိဘကျေးဇူး အထူးပြန်ဆပ်နိုင်ပါစေ…။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ…။ ချစ်သူနဲ့ရွှေလက်တွဲ သက်ဆုံးတိုင် ခိုင်မြဲပါစေ…။


အစက မတင်ဘဲနေမလို့ရယ် . . ဒါမယ့် ရွာစုံတွဲဆိုတော့ကာ မှတ်တမ်းလေးတင်ပါဦးမယ် ဆိုပြီး လာတင်တာ . . . ရွာသူရွာသားများ ကောင်းမှုနဲ့ ဖူးစာဆုံခဲ့တဲ့ သများတို့အတွဲ ဒီနေ့ နှစ်နှစ်နဲ့ ခြောက်လတိတိ ပြည့်သွားပြီ ဖြစ်ပါကြောင်း . . . . (သဂျီးတစ်သိန်း သူမပြည့်ရင်နေ . . . သများပြည့်အောင်ယူမယ် . .  😛  )   Photo Credit to Ko Aung Moe Thu


Ma MaJune 14, 20151min44745
ငါးပုပ်ပြားဆိုတာ ငါးကိုအပုပ်ခံမှ အနံ့လည်းမွှေး အသားလည်းပွပြီး နူးညံ့တာမို့ အရင်ဆုံး စားရဲသူတွေအတွက်လို့ ပြောချင်ပါတယ်။ :i:   ငါးပုပ်ပြားထမင်းကြော်တဲ့အခါမှာ …… အရသာရဖို့နဲ့ အနံ့ရဖို့အတွက် ငါးကို ၂မျိုးခွဲထည့်ပါတယ်။   အရသာအတွက် အသားများတဲ့အပိုင်းကို ပါးပါးလှီးထားပါတယ်။   ငါးအနံ့ရဖို့အတွက် အရိုးနဲ့ကပ်နေတဲ့ငါးကို ပြုတ်ပြီး အသားထွင်ပါတယ်။ အသားထွင်တဲ့အခါမှာ အရေခွံကိုသပ်သပ်ဖယ်ပြီး ပါးပါးလှီးထားတဲ့ ငါးအသားနဲ့ရောထားပါတယ်။   ငါးပြုတ်ရည်ကို သွန်မပစ်ပဲ ထမင်းထဲထည့်ပြီး ထမင်းကို ဖွထားပါတယ်။ ငါးပြုတ်လိုက်လို့ ထွက်သွားတဲ့ အငံအရသာကို ပြန်ယူတာဖြစ်တဲ့အပြင် ဆီနည်းနည်းပဲသုံးချင်လို့လည်း ဖြစ်ပါတယ်။   ကြက်ဥကို ခေါက်ထားပါတယ်။ ပြုတ်ပြီး အသားထွင်ထားတဲ့ငါးတွေကို ဆီများများနဲ့ ရွှေဝါရောင်သမ်းတဲ့အထိ ကြွပ်နေအောင် ကြော်ပြီး ဆီစစ်ထားပါတယ်။   ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ပါးပါးလှီးထားတဲ့ငါးအသားနဲ့ […]


ဇီဇီMay 20, 20152min41236
    မယုံမရှိနဲ့။ အဲ။ မယုံလည်း ရှိစေတော့။ ဟိဟိ။ :mrgreenn: ကိုယ်တွေ သားအမိဟာ၊ မီးဖိုထဲဝင် ဟင်းချက်ရမယ် ဆိုရင်တော့ အချင်းချင်းလွှဲချပြီး ပြေးတဲ့ အကျင့်က အစ အတော်တူတာ။ ကိုယ်တွေ မလုပ်ချင်တဲ့ အရာတွေ မလုပ်တတ်တဲ့ အရာတွေက အများကြီး…. – ဟင်းမချက်ချင်ဘူးးး၊ ဟင်းစပ်ပဲ စပ်ချင်တယ်။ – ဈေးမသွားချင်ဘူးးး၊ အသားနဲ့ ဟင်းသီးဟင်းရွက် ဈေး ပြောတာ – ချည်ထိုး၊ ပန်းထိုး၊ ဆွယ်တာထိုး ဘာမှ မတတ်ဘူးး – အသက်မွေးဝမ်းကျောင်း ပညာရပ် ဘာမှ မတတ်ဘူးး (ဒီဇိုင်းထုတ်တာကလွဲရင်) :bb: မိန်းမတို့ လုပ်သင့်တယ် ဆိုတဲ့ အလုပ်တွေထဲမယ် အိမ်ရှင်းတာကိုပဲ သဘောကျတယ်။ မွေးမေလေ့နဲ့ ညီတာလည်း […]


လူတိုင်း လူတိုင်း အချစ်နဲ ့မကင်းကြဘူးလို ့ဆိုပေမယ့် … ကိုယ်ချစ်တဲ့ သူတစ်ယောက် အတွက် ကျွန်မတို ့ဘယ်လောက်အထိ အနစ်နာခံနိုင်ကြသလဲ။ ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ ကိုယ့်ချစ်သူ ရဲ ့ခံယူမှုတွေ ကို သူနဲ ့ထပ်တူတန်ဖိုးထားနိုင်သလား။ ကုစရာဆေးမရှိတဲ့ ရောဂါဆိုးတစ်ခု ကို ကိုယ်က နာနာကျင်ကျင်ခံစားနေရပြီး၊ သူ ့မျက်နှာလေးကို နောက်ဆုံးမြင်တွေ ့သွားဖို ့လိုအပ်နေချိန်မှာ ကိုယ့်ထက်ပိုအရေးပေးရမယ့်အရာတွေ၊ ငဲ့ညှာမှုတွေ ကြောင့် လာမတွေ ့နိုင်တဲ့ ချစ်သူကို နားလည်ပေးနိုင်လောက်တဲ့ ချစ်ခြင်းမေတ္ထာမျိုး ကျွန်မတို ့မှာ ရှိသလား။ ဟင့်အင်း..ကျွန်မကတော့ ကိုယ့်အနားမှာ အမြဲရှိနေပြီး၊ နားလည်မှုတွေ အပြန်အလှန် ပေးနိုင်တဲ့ ချစ်သူမျိုးကိုပဲ လိုချင်တယ်။ အတ္ထ ကြီးတယ်ပဲပြောပြော၊ နှိုင်းယှဉ်ရွေးချယ်စရာတွေ နဲ ့ ရင်ဆိုင်ရတဲ့အခါ […]


ဇီဇီOctober 21, 20141min35030
ဒီ ရွာမှာ ကျုပ် အကိုကြီးတွေထဲ ဆာဆာ၊ ကျောက်(စ) နဲ့ အမတ်မင်းပြီးရင် ကျုပ်က ကိုကြီးဘလက် (Black Chaw) ကို အချစ်ဆုံးရယ်။ ကျုပ်နဲ့ တူတာတွေ အများကြီးးးးး  :mrgreenn: ပေါက်ကရတွေပြောတတ်လို့ ပေါက်တတ်ကရလုပ်တတ်တယ်လို့ အထင်ခံရတာ (အမှန်တော့ မဟုတ်တာကို မလစ်ရင် မလုပ်ပါဘူးး) ဘာလုပ်လုပ် စိတ်အားတက်ကြွစွာ လုပ်တာ။ သူများလည်း တက်တက်ကြွကြွ ပါစေချင်သေးတာ။ (အဲလိုမဟုတ်ရင် ဒေါသကြီးတာ စိတ်ကောက်တတ်တာကတော့ ထည့်မပြောတော့ဘူးး) အရေထူမယ် ထင်ရပြီး သူများ စကားတို့ အမူအရာတို့ကို အသေးစိတ်ထိခိုက်လွယ်တတ်တာ။ (ပြီးရင် ဂရုမစိုက်ပါဘူး ဆိုတာ ပြောပြောပြီး ထပ်တလဲလဲ စားမြုံ့ပြန်ပြီး ခံပြင်းတတ်သေးရဲ့) ကိုယ်မနိုင်ရတဲ့သူကို လက်လျှော့သလောက် နိုင်ရတဲ့သူဆို အင်မတန်နိုင်စားတာ၊ (ဘေးနား အနီးဆုံးရှိတဲ့သူ နာပြီသာမှတ်) […]


ဇီဇီOctober 10, 20141min33456
အဖိုး ပြောတာလေး သွား အမှတ်ရတယ်။ ကျနော် တို့ အမျိုးက ချစ်ခြင်း မုန်းခြင်း ပြသနာတွေ သိပ်များတာ။ ငယ်တုန်းကတည်းက ဘယ်သူမေးမေး ဖြေရတာ… မဖြေမချင်း ကလေးတွေကို ဇွတ်မေးကြတာရယ်။ “ဘယ်သူ နဲ့ ဘယ်သူ မှာ ဘယ်သူ့ ပိုချစ်တုန်း” ဆိုတာမျိုးး… ပြီးရင် … “နင် က ငါ့ ကို အကြီးမ လောက် မချစ်ပါဘူး၊ သိပါတယ်” ဆိုတာ တသွယ်… နောက်လာသေးတယ်… “သူ့ ကြီးကြီးကို ကြည့်ရင် ချစ်စနိုး၊ ဒီ အဒေါ်ကတော့ချဉ်ဖတ်မှန်း သိပါတယ်” တို့ အဲလိုမျိုး အချစ်ရေး ပြသနာတွေကို ငယ်ကတည်းက ရင်ဆိုင်ခဲ့ရတာပေါ့။   ကိုယ့် မေးလို့ကတော့ မေးတဲ့ သူ […]


အမေရိကန်ပြည်ထောင်စုရဲ ့ ဆောင်းဦးကာလ ကို ရောက်လာတဲ့အခါ မူလက တပင်လုံးစိမ်းစိုနေတဲ့ သစ်ရွက်တွေက အဝါရောင်၊ အနီရောင်၊ ပန်းရောင် စသဖြင့် အရောင် အမျိုးမျိုးပြောင်းလို ့လာတယ်။ သဘာဝ ရောင်စုံပန်းချီကားချပ် တစ်ချပ် ကြည့်ရသလို လှနေတဲ့ အပင်တွေ ကို မြင်တော့ အမေ့ ကို သတိရ မိတယ်။ ရှမ်းပြည်မှာ သစ်ရွက်ဆိုရင် အစိမ်းရောင်လို ့ သာ မြင်ထားဖူးတဲ့ အမေက နယူးယောက်မှာ ဆောင်းဦးရောက်ရင် အရွက်တွေ အရောင်ပြောင်းတယ်လို ့ ကြားတော့ တအံ့တဩဖြစ်လို ့ နေခဲ့တယ်လေ။ အရွက်ရောင်စုံတွေကို မြင်ဖူးချင်ပေမယ့် ရှမ်းပြည်ကို ကြာကြာမခွဲနိုင်တဲ့ အမေက နယူးယောက် ရဲ ့ ဆောင်းဦးအလှကို စောင့်မကြည့်နိုင်ပဲ ပြန်သွားခဲ့ပါတယ်။ အသက် […]