အတန်းရှင်း ပလိ(စ) – Now & Then
Right Approach to get Good Attention
~~~~~~~~~~~~~~~~~~~~~~
ဘာရယ်လို့ အမည်တတ်လို့မရတဲ့ အကြောင်းအရာလေးတွေ ပြောပြမို့။
ငိငိ၊
လူတွေ ရဲ့ စိတ်လိုအင် တစ်ခု က အာရုံစိုက်မှု (Attention) ခံချင်တယ်။ အာရုံစိုက်ခံရအောင်လုပ်တတ်တယ်။
ဒါပေမဲ့ ချဉ်းကပ်နည်း (approach) ပေါ် မူတည်ပြီး ရရှိတဲ့ ပမာဏ ကွာသွားတာပါပဲ။
အဲဒါကို ကိုယ်တွေ့လေးနဲ့ ယှဉ်ရေးချင်လို့ပါ။
:mrgreenn:
ယခင် နဲ့ ယခု အသက် အပိုင်းအခြားဟာ ၂၆ နှစ် မတိုင်ခင်နဲ့ အလွန် ကို ပိုင်းခြားထားပါတယ်လို့။
ကိုယ်ကတော့ ကွကိုယ် ရင့်ကျက်လာတယ်လို့ ယူဆပြီး ထင်ရာစိုင်းနေတာ ခုထိပဲ။
:mrgreenn:
ကံကောင်းတာ တစ်ခုက အသက် ၂၆ နှစ် အထိ…
ဘေးမှာ နားလည်နိုင်တဲ့ မိဘရယ်၊
နားမလည်ပေမဲ့ ချစ်လို့ ခွင့်လွှတ်တတ်တဲ့ ဆွေမျိုး အရင်းတွေရယ်၊
Best Friends/Close Friends လို့ ခေါ်ရမဲ့ သယ်ချင်း အရင်းခေါက်ခေါက် ၁၆ ယောက်လောက်ရယ် ရှိနေခဲ့တာပဲ။
:mrgreenn:
အရင်ထဲက…
စိတ်ခံစားမှုနဲ့ပတ်သက်ရင်ဖြစ်ဖြစ်
လူတွေရဲ့ အမူအကျင့်နဲ့ပဲဖြစ်ဖြစ်
အပြောအဆို အမူအရာကိုဖြစ်ဖြစ် မှတ်မှတ်သားသားအရမ်းရှိပြီး ထိန်းညှိတတ်တဲ့ အကျင့်ကောင်းလေးလည်း ရှိတယ်လေ။
😉
ကိုယ့်ဆီမှာ ရှိသမျှ အကျင့်စရိုက်တွေထဲ ဒီ တစ်ခုကိုပဲ သဘောကျခဲ့ပြီး …
ဒီ တစ်ခုကပဲ ဒီ အသက်အရွယ်အထိ လောကဓံ အလှည့်အပြောင်း၊ ကံကြမ္မာအနိမ့်အမြင့်မှာအကျမနာအောင် ထိန်းပေးခဲ့လို့ပဲ။
ငိငိ။ :mrgreenn:
ဟီးး ထုံးစံအတိုင်း ခြေဆင်းက များနေပြီ။
ကိုယ့်ရဲ့ ယခင် နဲ့ ယခု ကွာခြားချက် စဉ်းစားရသလောက် ၆ ခုလောက် ပြောပြချင်တယ်။
၁)
ယခင် – ပွဲ တစ်ခုများဆို ကိုယ့် ကို ဂရုတစိုက်ဖိတ်စေချင်၊ လာကြိုစေချင် ပေမဲ့ အိုက်တင်က ခံသေး..
နေမကောင်းချင်ယောင်ဆောင်ချင်သလိုလို၊ မအားချင်ယောင်ဆောင်ချင်သလိုလို
“ဟယ် ဘာဖစ်လို့လဲ၊ လာခဲ့ပါဟယ်” ဆိုတဲ့ အသံလေးကြားမှ
“အေးနော်၊ ဒါပဲနော်၊ နင်တို့ခေါ်လို့နော်” စသည်ဖြင့် ပြောပြီး လိုက်ရတာ အရသာပေါ့လေ။ :mrgreenn:
နောက်တော့ အာရုံစိုက်မှုတွေကို အဲလိုဖန်တီးယူတာဟာ အဲဒါက မရင့်ကျက်ခြင်း တစ်မျိုး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းတစ်မျိုးလို့ သိလာတဲ့အခါ ပြင်ဖို့ကြိုးစားတယ်။
ယခု – ကိုယ်လိုချင်တဲ့ ပွဲမျိုး ကိုယ့်ဟာကိုယ်ဖန်တီးယူတယ်။ ကိုယ်ဖိတ်ချင်တဲ့သူဖိတ်တယ်။ ကိုယ့်ကို အာရုံနောက်မဲ့သူ သူများအပျော်တွေ ဖျက်ဆီးတတ်တဲ့သူမျိုး ဆို မတွေ့ဘူး၊ မဖိတ်ဘူးး။
သူများ ဖိတ်တာမဖိတ်တာကိုလည်း မခံစားတတ်တော့ဘူးး
စိတ်မဆိုးတတ်တော့ဘူးး။
စကားနာမထိုးဘူး။
စိတ်မကောက်ဘူး။ ကိုယ့်ကို အဲလိုတွေလုပ်ရင်လည်း အာရုံနောက်တယ်။
သွားချင်တဲ့ပွဲ၊ ပျော်ရွှင်ရမဲ့ နေရာဆို သွားတယ်။ အကျိုးဆက် ကောင်း တစ်ခုခုရမဲ့ ပွဲဆို သွားတယ်။
မဟုတ်ရင်တော့ အိမ်မှာ ရုပ်ရှင် တစ်ကားနဲ့ ဗိုက်မှောက်နေတယ်။
အဲဒီလို သူများကို ကွန်ပလိမ့်မလုပ်ပဲ နားအေးထားပြီး ကိုယ်နဲ့တွေ့ရင် ပျော်ရရင် အသိတစ်ခုရရင် စကားပြောတည့်ရင် ကိုယ့် ကို တွေ့ချင်တဲ့သူများလာတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂)
ယခင် – သူများ အသွင်အပြင်၊ ရုပ်ရည်နဲ့ ပတ်သက်ပြီး သိပ် ဂရုစိုက်မိတာရယ်။ ကဲ့ရဲ့တတ်သေးး။
အဲဒီတော့ ကိုယ့်လည်း အဲလိုပဲ စိုက်မယ်မှတ်ပြီး တစ်ခုခုဆို ပြင်ဆင်လို့မပြီး အရမ်းလှချင် အပြောလွတ်ချင် သိပ်ဖြစ်တာ။ အဲဒီ အတွက် ပိုမောပြီး ပိုရုပ်ဆိုးတယ်။ လှဖို့ဆို ဘာမဆိုလုပ်ချင် လုပ်ခဲ့ဖူးတာ။
ယခု – စိတ်ဓာတ်အဆိုးအကောင်းကို ပိုပြီး ဂရုစိုက်တဲ့ အတွက် အရေပြား တစ်ထောက်ကိစ္စတွေကို လိုအပ်သလောက် ပဲ လုပ်တော့တယ်။ “ငါ လှမှ လှပါ့မလား” တွေ ဘာတွေ စိတ်ထဲ အလေးအပင်မရှိတော့ဘူးး။
တွေ့တဲ့ ကြုံတဲ့သူ အပေါ် စိတ်ကောင်းမွေးတယ်။
ကောင်းကောင်းမွန်မွန်အကြံပေးတယ်။
စေတနာထားတယ်။
လူတစ်ယောက်ရဲ့ သွင်ပြင်ပြစ်ချက်နဲ့ ပတ်သက်ပြီး ဘယ်တော့ မှ မလှောင်ခဲ့ မကဲ့ရဲ့ဘူးး
အဲလို လှောင်ပြောင်ကဲ့ရဲ့တတ်တဲ့ စိတ်ဓာတ်တွေကိုလည်း အထင်သေးတာ တားမရတော့ဘူးး..
ကိုယ့်ကိုချစ်ရင် သူတို့မျက်စိထဲ ကိုယ်လှလာမယ်လေ နော့။
လှတာထက် ချစ်စရာကောင်းတာကို လူတွေ ပိုမလွန်ဆန်နိုင်မှန်း သိသွားပါပြီ အသင်လောက!!!
:mrgreenn:
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၃)
ယခင် – ပွဲ တစ်ခုများဆို နောက်ကျမှ သွားတယ်။ စာသင်ခန်းဆို နောက်ကျမှ ဝင်တယ်။
ကိုယ့်ကို မျှော်ရတာ ကို သဘောကျ ၊ ဖုန်းတွေနဲ့လှမ်းခေါ်တာကို အသားတကျ။
အညိုညင်ခံရမှာမျိုးကို မတွေးတတ်ဘူးး
အချိန်မှန်ခြင်းရဲ့ Impression ကို နားမလည်ဘူးး၊
မရင့်ကျက်ခြင်းတွေပေါ့ဗျာ။ ဟေးဟေးဟေးး
ဒီလို သောက်ကျင့်ကြီးနဲ့ အလုပ်လည်း လုပ်ရော သောက်တလွဲတွေကို ဖြစ်လို့ဗျာ။
ယခု – ဘယ်သူချိန်းချိန်း အချိန်မှန်ရောက်ဖို့ပဲ ကြိုးစားတယ်။
ကိုယ်က ကြိုရောက်နှင့်ခြင်းဟာ အောက်တယ်လို့ တွေးတဲ့သူကိုလည်း အထင်သေးသွားရော။
ကြိုတင်ချိန်းဆိုမှုတွေမှာ အဓိပ္ပာယ်မဲ့ သူများ နောက်ကျလည်း မစောင့်တတ်တော့ဘူး။
အဲတော့ .. အနည်းနဲ့အများ အလုပ်မှာ လူလေးစားတယ်။
၄)
ယခင် – အံမယ်။
ကိုယ် ပျောက်သွားရင် ပျာပျာသလဲလဲ ရှာမှာလားတို့၊
ကိုယ်လမ်းခွဲရင် အသီးတွေ မတရားကွဲကြမှာလားတို့၊
ကိုယ်သေသွားရင် ဘယ်သူတွေ လိုက်သေမှာလည်းတို့၊
ဒီနေရာက ကိုယ်ထွက်သွားရင် ကိုယ့်ကို တမ်းတကြမှာလားတို့….
တွေးဖူး၊ လုပ်ကြည့်ဖူး၊ ကြံဆဖူးသဗျ။
မှားပါတယ် ပိတ်သတ်ကြီး ခများး။
ဘဝသံသရာမှာ အရာအားလုံး က အရှိန်မပျက်၊ ဟန်ချက်ညီမှုမပျက် စီးဆင်းနေတာပါ။
ကိုယ်မရှိလို့ မဖြစ်ဘူး ဆိုတာ ဘယ်အရာမှ မရှိပါဘူး။
ရိုင်းရိုင်းပြောရရင် “ငကန်းသေရင် ငစွေလာလိမ့်မယ်” ဆိုတဲ့ သဘောမျိုး ရှိတဲ့ လောကကြီးပါ။
ဆိုတော့ အဲဒီ Concept ကို သိရ မြင်ရတဲ့ အချိန်တိုင်း ကိုယ့် အသီးတွေပဲ တဖြတ်ဖြတ်ကွဲ ကိုယ့် စိတ်ဓာတ်တွေပဲ တဘုန်းဘုန်း ကျပြီးနောက် လာထားးးးးး။
:mrgreenn:
ယခု – အဲဒီ လို ဘယ်တော့မှ အားမစမ်းတော့ဘူးး၊ ကိုယ့်ကို လိုအပ်စေချင်ရင် လိုအပ်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှာတယ်လေ။ ခုခိ ခိခု
ပြေးတိုင်း အလိုက်မခံရပါဘူး ပိတ်သတ်ကြီးး၊ ကိုယ့် နောက်က လိုက်လာအောင် ပြေးတတ်ရပါတယ်။
(ဒီ အချက်မှာတော့ လူ တစ်ယောက်ဆီ ရဲ့ လိုအပ်ချက်အပေါ်မှာ ကိုယ် က ပေးနိုင်မပေးနိုင်လည်း မူတည်ပါတယ်။)
ဥပမာ – (အဟွတ်၊ တကယ်ဥပမာပါ) :mrgreenn:
တဂျီး ကို ချစ်တဲ့ အချက် အဓိက အချက်ထဲမှာ အဲဒါပါပါတယ်။
သူ့ ကို “ဒီရွာက ထွက်သွားမယ်” တို့ ဒီ ရွာထဲမလာတော့ဘူး” တို့ ဘယ်တော့မှ အားစမ်းလို့ အသည်းကုတ်လို့ မရပါဘူးး..
“မထွက်သွားပါနဲ့” တို့ “ပြန်လာပါ” တို့ ပြောစေချင်မှန်းသိတာတောင် ဘာမှ မပြောပဲ သဘောပေါက်နိုင်မဲ့ စကားတို့ပဲ ရွေးပြောလေ့ ရှိ ပါတယ်။
ဟုတ်တာပဲ။
ကိုယ် တကယ် လုပ်ချင်ရင် ဘယ်သူတားတာ ဘယ်ဝါတားတာ စောင့်စရာမလိုသလို တကယ်မလုပ်ချင်တဲ့ စကားတွေလည်း မလိုအပ်ပဲ ပါးစပ်က မထွက်တာ ကောင်းတာပေါ့။ ငိငိ
(ဥပမာလို့ ပြောထားတယ်နော်) :mrgreenn:
အဲဒီ အချက်ကို ထိုင်ကြည့်နေရင်းကို မြင်ရတော့မှ ဒီ “မင်းမရှိလို့ ကိုယ့်မှာ ဘာမှ မဖြစ်” Consept ကို တဂျီးက အရင် တွေ့ရှိထားပြီးပြီကိုးလို့ သိလိုက်ပါတယ်။ အာ့ကို အတုယူထားတယ် သလား?
ခိခိခိ :mrgreenn:
ကိုယ့် ကိုယ်ပိုင်နေထိုင်မှု အနေနဲ့ပြောရရင်တော့ ဘယ်သူ့လိုအပ်ချက်ကြောင့်တို့ ကိုယ့်ကို ဘယ်သူလိုအပ်လို့ပါတို့ ဘာ အကြောင်းမှ မပြတော့ပါဘူးး..
ကိုယ် လိုအပ်တယ်ထင်ရင် အဲဒီနေရာမှာ နေတယ်။ မနေချင်ရင် သွားမယ်။ It is so simple.
တစ်ယောက်ထဲ ပုန်းနေတဲ့ အချိန်သည် တကယ်ကို “Leave me alone” ဖြစ်စေချင်လို့ပါ။
အဲ ဒီ အချိန် လာချော့တာတို့ လာခေါ်တာတို့ကို အရမ်းမုန်းပါတယ်။ :mrgreenn:
~~~~~~~~~~~~~~~~~~~~~~~~
၅)။
ယခင် – ကိုယ့် ကို အရမ်းချစ်စေချင်တာ။ ချစ်တယ် ဆိုရင် ကိုယ် ဘာလုပ်လုပ် ဘယ်လောက် ဆိုးဆိုး ချစ်မယ်ပဲမှတ်တာ။ တဖက်သတ် တွေပဲ လိုက်ချစ်စေချင်။ ကိုယ်ကတော့ အိုက်တင်ခံချင် ပုံစံမျိုး နေချင်တာ။
မှားပါတယ် ညီမလေးတို့။ မဟုတ်ပါဘူးး :mrgreenn:
လူ့စိတ်ဟာ သူတို့ကို အလေးအပင် မဖြစ်စေတဲ့ အခြေအနေမှာပဲ ကြာရှည်ချစ်ပါတယ်။
ရှင်းရှင်းလေးပါ။
“ကိုယ်ကပေးမှ ကိုယ့်ဆီပြန်ရ” Give & Take လောကကြီး ပါ။
ကိုယ့်ကို ချစ်စေချင် ကိုယ်ကလည်း စိတ်ရှင်းရှင်းနဲ့ ချစ်ရပါတယ်။
ကိုယ့် ကို နားလည်စေချင်ရင် ကိုယ်ကလည်း တကယ် နားလည်ပေးရပါတယ်။
ကိုယ့်ကို ဂရုစိုက်စေချင်ရင် ကိုယ်က ဂရုစိုက်တတ်ရပါတယ်။
ယခု – ခုတော့ တဖက်သတ်တို့ စုန်ရေတို့ မမျှော်လင့်ပဲ ပေးဆပ်မှုတို့ ကို အယုံအကြည်ကို မရှိတော့တာ။
ကိုယ့်ဘက်က ပေးရမှု တစ်ခုအတွက် ကိုယ်ကို ဘာသိတတ်မလဲ စောင့်ကို ကြည့်တယ်။
ရုပ်ဝတ္ထုပစ္စည်း ပိုင်း အပေးအယူကို ပြောတာမဟုတ်။
Appreciation and Acknowledgement are needed in every relationships and friendships.
စိတ်ဓာတ်အရာ စကားအရာလေးနဲ့ပဲဖြစ်ဖြစ် သိတတ်မှု၊ အသိအမှတ်ပြုမှု စောင့်ကို ကြည့်တာ (အကျင့်မကောင်းဘူးရယ်) :mrgreenn:
အဲ … သူများဆီက ယူထားမိရင်လည်း တန်အောင် ပြန်ပေးဖို့ စဉ်းစားခဲ့တာချည်းပဲ။
ကိုယ့်ကို ပေါင်းရသင်းရဆက်ဆံရလို့ အရှုံးမပေါ်စေရဘူးဆိုတဲ့ ခံယူချက်နဲ့ပဲနေတယ်။
အဲဒီ အပေးအယူသဘောကို နားလည်တဲ့သူတွေပဲ ဘေးနားကျန်တယ်လေ။ စိတ်ချမ်းသာစရာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၆)
ယခင် – လက်ဆောင်၊ တံစိုး၊ အလကားပေးတာ ရရင်ကို ပျော်တတ်တာ။ ကိုယ့် ရပိုင်ခွင့်လို့ ကို ထင်လာရောဗျာ။
စိတ်ဓာတ်တွေ ရဲ့ ပျက်စီးမှု အပိုင်းအစ တွေပေါ့ဗျာ။
တောင်းရင်လည်း ပေးမှ ကြိုက်တယ်၊ လိုချင်ရင်လည်း ပေးစေချင်တယ်။
ဟေးဟေးဟေးး ဘယ်ရမတုန်း။
မိဘကိုတောင် အဲဒီလို မလုပ်ရဘူးး၊ ကိုယ်က တောင်းတိုင်း အလကားရမယ်ဆိုတာ ဒီ သံသရာမှာ မရှိဘူးကွဲ့။ :mrgreenn:
ယခု – ရှင်းရှင်းလေးပါပဲ။
Give & Take/ Take & Give အပေးအယူသဘောကို ပေါက်ပြီးတဲ့ နောက်မှာ အလကားပေးမယ်ဆိုတဲ့ အရာတွေကြောက်တယ်။
မလိုချင်ဘူးး။ မလိုချင်တဲ့ အရာကို အလကားယူမိလို့ နောင်တကွေ့မှာ ဘာတွေ ပြန်ပေးရမယ် မသိဆိုတာကို လန့်တယ်။
ဘယ်သူကတော့ ပေးမှာပဲ၊ ဘယ်သူ့ဆီကတော့ အလကားရမယ်လို့ ကို မတွေးတတ်တော့တာ။
အဲ။ လိုချင်တဲ့ အရာကို ဆိုရင်တော့ လည်း ရဲရဲတောင်းတယ် ။
ဘယ် အခါလည်းဆို .. သူလိုအပ်တာမျိုးကိုလည်း ကိုယ်စိတ်ရှင်းရှင်းပြန်ပေးနိုင်တာ သေချာတဲ့ အခါမျိုးပေါ့ဗျာ.
ဒီ သဘောကို မင်းသားကြီး ဆီက တစ်ခါ၊ တဂျီးဆီက တစ်ခါ ကြားဖူးပါတယ်။
ရှေ့လျှောက် ကြုံရမဲ့ လူ အထွေထွေ အတွက် ကြိုတင်ပြင်ဆင်ဖို့ ဒီ လူဂျီးတွေဆီက အတုယူခဲ့ရတယ်။ :mrgreenn:
ကိုယ့်ဆီက ရပါများလို့ တောင်းတိုင်းရပါများလို့
သူတို့ရပိုင်ခွင့်လို့ ထင်မှတ်မှားပြီးပြီး ကိုယ့်ကို အချဉ်ဖမ်းဖို့ ကြိုးစားမှုတွေကိုလည်း ဒီ သဘောတရားနဲ့ပဲခွါပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ်ပါ။
လူဆိုတာ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ဖြတ်တာပါ..
အနှစ်ချုပ်ကတော့ ကိုယ်လိုချင်တဲ့ အရာ တစ်ခု ရဖို့ သင့်တော်တဲ့ လိုက်လျောညီထွေရှိတဲ့ ချဉ်းကပ်မှုမျိုး သုံးစေချင်တာပါ။
😳
ဒါကို ရင့်ကျက်မှု နဲ့လည်း တိုင်းတာနိုင်တယ်။
ကိုယ်ကိုယ်တိုင်က မရင့်ကျက်ခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေ စိတ်ဒဏ်ရာတွေ ခံစားဖူးတော့…
တချို့ အဲလိုဖြစ်တာ မြင်နေရတဲ့ သူတွေ တွေ့ရင် နားလည်ပေးနိုင်ပေမဲ့ သိပ်ပြောပြချင်တာ။
အဲဒီစိတ်ရဲ့ပူလောင်မှုတွေကို ကိုယ်အသိဆုံးပဲ။ မပြင်မချင်း ခံစားရတယ်။
ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်ကြီးတာငယ်တာနဲ့တော့ မဆိုင်ဘူးဗျ။
ကိုယ့်စိတ်၊ ကိုယ့်အခြေအနေ၊ ကိုယ့်အပြုအမူကို ဆန်းစစ်၊ အမှန်အတိုင်းသိမြင် ပြူပြင်နိုင်ဖို့ပဲလိုတာ။
ခုတော့ Check & Blance သုံးပြီး ပြင်လိုက် ထင်ရာစိုင်းလိုက် လုပ်နေတာ ဆရာ မနိုင် ၂ ဆောင်ပြိုင်ဖြစ်နေပြီလေ။
31 comments
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
April 6, 2016 at 11:20 am
ယခင် တစ်လုံး သောက်နိုင်တယ်
ယခု တစ်ပိုင်းနဲ ့ တစ်စိတ်ပဲ သောက်နိုင်တော့တယ်
ပူလို ့
ခင်ဇော်
April 6, 2016 at 11:38 am
သနားး လပ်ထှာ ဟယ်..
???
Wow
April 6, 2016 at 11:33 am
နိပြောတဲ့အတိုင်းလုပ်လို့မှ တစ်နှစ်အတွင်း ဘာမှမဘာရင် နိကိုဘာရမလား
ခင်ဇော်
April 6, 2016 at 11:36 am
ငမ့်..!!
မှားးမယ်.. မှားးမယ်…
ဒီ နည်းးတွေ သုံးး ရင် ဘာမှ ဘာစရာမလိုတော့ဘူးး
အဲလေ..
နိ ဘယ် အချက် ကို ဖတ်ပြီးး ဘာ ချင်တာတုန်းးး
ပေါဇမ်းး ပေါဇမ်းး
:k:
Wow
April 6, 2016 at 11:40 am
4 , 5 ကိုဗားရှင်းပြောင်းပီးစင်းဇားကျိတာ
ခင်ဇော်
April 6, 2016 at 11:47 am
အမ်းးးးး
စီဘောပေါက်ပီ…
သုံးးကြည့်ပေါ့..
ဟီးးး
မီးးမ ကြိုက်တော့ မျှော်လိုက်ခါ ဘာညာ အစဉ်အလာ ကိုတော့ ဖောက်ရတာပေါ့..
:k:
Wow
April 6, 2016 at 11:52 am
ကွီးကို စမီးက ခိုးတာပါပေါ့
kai
April 6, 2016 at 12:56 pm
. . ဒီဟာက.. ဒီလိုပြောရရင်… လေဒီတွေအတွက်ပေါ့နော….
ဒါပေမယ့်.. သေချာဖတ်ကြည့်ရင်.. တော်တော်ကျားဆန်နေသလိုပဲ….
…. အံ့ဖွယ်သုတ…။
ခင်ဇော်
April 6, 2016 at 1:19 pm
ငင်..
ဟုတ်ပါလိမ့်မယ်..
အမှန်တော့ မသိစိတ်ထဲ မိန်းမတွေ ကို မိန်းမ အရမ်း မဆန်စေချင်တာ နေမှာ.. ဟီးးး
ပင်ပန်းတယ်ဗျ..
:k:
မြစပဲရိုး
April 6, 2016 at 1:42 pm
လူ တွေ အားလုံး အတွက် အကြုံးဝင်တဲ့ စကားတွေပါ သူကြီးမင်းရယ်။
discriminate လုပ်တယ်လား။
…. အံ့ဖွယ်သုတ…။ lol:-)))
မြစပဲရိုး
April 6, 2016 at 1:39 pm
စောစောစီးစီး ကြက်စွပ်ပြုတ် တွေ တိုက်နေတာပါလား ကျုပ်တူမ။ 😉
နောက် ၁ဝနှစ် ထပ်ကြာရင် ပိုပြီး ချို တဲ့ ပိုပြီး အားရှိမဲ့ ဟင်းစပ် အတွက် အကြိုပါဘဲ။
Well Done ပါ။ :-)))
ခင်ဇော်
April 6, 2016 at 1:42 pm
ဒီ ကြက်စွပ်ပြုတ်က …
အယူတိမ်းရင် နတ်စိမ်းဖြစ်သဗျ အရီးရ။
:mrgreenn:
တခါတလေများ သူတို့ အယူမှားပြီး ကိုယ်တင်တဲ့ စစ်ကဲ ကိုယ်ပြန် ချမရ ဖြစ်ခဲ့ဖူးးးသေးး..
ဪ မိန်းမ…
မိန်းမ မိန်းမ ဆိုတာ။
:k:
မြစပဲရိုး
April 6, 2016 at 1:44 pm
မိန်းမ တွေချည်း နတ်စိမ်း ဟုတ်မယ်မထင်ပါအေ။ 😉
ခင်ဇော်
April 6, 2016 at 2:11 pm
ခညာ။
ဂယ်ဘာ။
မိန်းမမဟုတ်တာတွေ အယူတိမ်းတော့ လူပျိုကြီးတွေဖစ်သွားဂျဒါပေါ့။
ခိခိ
:k:
Kaung Kin Pyar
April 6, 2016 at 3:19 pm
ငယ်ငယ်ကတည်းက ဆိုက်ကိုနဲ့မှာ..ကျောင်းမှာရော အိမ်မှာပါ ကိုယ့်ကို မှတ်မှတ်ရရ ရှိစေချင်တာ တပိုင်းသေ…။ ကောင်းတဲ့နည်းနဲ့ မှတ်မှတ်ရရ မဖြစ်ရင် ဆိုးတဲ့နည်း သုံးခဲ့တဲ့ အထိပဲ…..
ကြာတော့ ကိုယ်တိုင်ပဲ ပင်ပန်းလာတာကို ပြန်သတိထားမိတယ်…
ဒီပိုစ့်ကို တဂျီးလို discriminate လုပ်ပြီးတော့ မတွေးမိဘူး….။ ယောကျာင်္း၊ မိန်းမ ဘယ်သူမဆို ဖြစ်နိုင်တယ်လို့ပဲ မှတ်တယ်…(တုံ့ပြန်ပုံခြင်းတော့ နည်းနည်းပါးပါး ကွာကောင်းကွာမှာပေါ့လေ….)
ခင်ဇော်
April 6, 2016 at 3:24 pm
တူပါ့၊
အတန်းရှင်းလိုချင်တာက အယူမတတ်ရင် ကလေးဘဝမှ ကလေးဆိုးဖြစ်သွားတတ်တာမျိုးး
အရွယ်ရောက်ပြီးတဲ့ အချိန်ကျ အတွေးအခေါ်မရင့်ကျက်ရင်ကျ လမ်းလွဲသွားတာမျိုးးးး ဖြစ်တတ်တာမျိုးနော့။
ကိုယ် ရချင်တာ တယောက်ထဲဆီ က ဆိုရင် ပိုဆိုးတယ်။
အဲ ဒီ တစ်ယောက်က ကိုယ်ထက် လည်ပြီး စိတ်မာရင် ပိုဆိုးတယ်။
ဆရာကောင်းတွေ့ခဲ့တာပါ စမီးရယ်။
အဲဒီ စိတ်ဖိစီးမှုတွေ မခံနိုင်လို့ ပြောင်းရက ဒီလိုဖစ်သွားတာပါပဲ။
:mrgreenn:
Kaung Kin Pyar
April 6, 2016 at 3:52 pm
မထိုက်တဲ့သူ မရရင် ထိုက်တဲ့သူ ရလိမ့်မပေါ့ မမဂျီးရေ…
အဓိကက ပြောင်းလွယ်ပြင်လွယ်တတ်ဖို့ပဲ လိုတာပါ…။
ဝင့်ပြုံးမြင့်
April 7, 2016 at 2:56 am
စိတ်ကို စစ်စစ်ပေါက်ပေါက် သရုပ်ခွဲထားတာပဲနော်။ မျှစ်မတို့များ တစ်ခါမှ အဲလောက် မတွေးဖူးဘူး။ တွေးနိုင် လောက်အောင်လည်း ဉာဏ်မမီဘူး။
ခင်ဇော်
April 7, 2016 at 6:51 am
စိတ် အပြောင်းအလဲ နဲ့ ကိုယ့် အကျင့်စရိုက်ကိုပဲ သရုပ်ခွဲ ကြည့်တာပါ အမရယ်..
စိတ် ကို ခွဲခြမ်းစိတ်ဖြာဖို့ တော့ ကျနော် လည်း ဉာဏ်မမှီပါဘူးး
???
Thint Aye Yeik
April 7, 2016 at 3:08 pm
ငါ့မမကြီး တော်တော်ကြီးကို တွေးနိုင် / ရေးနိုင် နေပြီပဲ… အားကျလိုက်တာ…လို့ မပြောလို့ မဖြစ်တော့ဘူးဆိုတော့ ပြောရတော့မှာပဲ။
”ငါ့မမကြီး… တော်တော်ကြီးကို တွေးနိုင် / ရေးနိုင် နေပြီပဲ… အားကျလိုက်တာ…”
:k:
ခင်ဇော်
April 7, 2016 at 3:25 pm
ငင့်။
ဘာလားးး
နောက်တာလားး
ဆက်ရေးချင်တာတွေ တောင် တွန့်သွားဒယ်/
:k:
Thint Aye Yeik
April 7, 2016 at 3:33 pm
တိန်
ဂယ်ပြောတာလေ….
ဆက်ဆက် ဆက်ရေးပါလေ…
ဆက်ဆက် ဆက်ဖတ်ပါ့မယ်လေ..
😆
ခင်ဇော်
April 7, 2016 at 3:37 pm
ဆက်ဆက် ဆက် ရေး ပါ့မယ်လို့
ဆက်ဆက်ကို ဆက်ဆက် ကတိပေးပါ တယ် ဆက်ဆက်ရယ်။
ဆက်ဆက် ဆက်ဖတ်ပါနော်။
:kwi:
Tawwin Pan
April 7, 2016 at 3:56 pm
စမီးကိုအားကျလို့ profile နီနီလေး ချိန်းလိုက်တာလားဟင်
ခင်ဇော်
April 7, 2016 at 4:50 pm
ဟုတယ်
ဆင်တူ ဖစ်အောင်
:chit:
manawphyulay
April 8, 2016 at 2:10 pm
ယခင် – ဖေဖေ ရှိတယ်။
ယခု – ဖေဖေ မရှိတော့ဘူး။ 🙁
ခင်ဇော်
April 8, 2016 at 7:13 pm
😥
လုံမလေးမွန်မွန်
April 8, 2016 at 5:02 pm
အဲဒါတွေက အသက် (၂၆) ကျော်မှာ ကြုံရမှာတွေလားဟင်.. အခု (၂၆) နှစ်… ခုချိန်ထိတော့.. ယခင် ဆိုတာတွေပဲ ဖြစ်နေတုန်းပဲ…
ဒါမယ့်.. စိတ်တွေပြောင်းလဲလာတာကိုတော့ သတိထားမိတယ်… ၂၆ နှစ်ထဲမှာ ဆိုတဲ့ အသိနဲ့ ဘဝကို အခြေတကျဖြစ်ချင်လာတယ်… တစ်ခုခုကို ရွေးချယ်ရမယ်ဆိုတာ စဉ်းစားမိလာတယ်.. အဆင်သင့်မဖြစ်သေးတာကို မကျေနပ်ဘူး ဖြစ်လာတယ်.. နောက် (၅) နှစ်မှာ ဘဝတစ်ခု ဖြစ်နေဖို့ ဘာလုပ်ရမလဲဆိုတာ တွေးလာတယ်.. ဖြစ်နေတာတွေတော့ အစုံပဲ.
ခင်ဇော်
April 8, 2016 at 7:12 pm
မမဂျီးးက ကိုယ့်အကြောင်း ကို ပြောတာမို့
ကိုယ့် အသက်နဲ့ ပဲပိုင်းးထားးတာ..
အသက် ၂၆ မှာ အကုန်လုံးနဲ့ ခွဲပြီးး ဒီရောက်ပြီးး ကိုယ့်ပိုက်ဆံ ကိုယ်ရှာနိုင်တဲ့ အချိန် လူကြီး အဖြစ်မြန်သွားးတာ ထင်ပါရဲ့..
ဦးကြောင်ကြီး
April 10, 2016 at 8:05 am
အယင်ကပန်းသေး.. အခုဝှီဂါ… နောင်.. .?
ခင်ဇော်
April 11, 2016 at 4:13 pm
မော် ခင်ဇွတ်
??