ဇီဇီMay 10, 20196min27563
မျိုးကြီး သီချင်းခေါင်းစဉ်လေးကို ယူသုံးလိုက်တယ်။ “Minimalism” ဂျပန်မှာ ခေတ်စားနေတာကြာပြီဖြစ်တဲ့ စာလုံးလေး။ ဒီ စကားလုံးလေးကို စတင် ရင်းနှီးတုန်းက Home Decor နဲ့ ပတ်သက်ပြီး Minimalist Living အကြောင်း စဖတ်မိရာက ဆက်တိုက်ဖတ်ရင်းနဲ့ ဗုဒ္ဓ တရားတော်နဲ့ အညီနေနိုင်တဲ့ Lifestyle လေးမို့ လက်ခံမိခဲ့တယ်။ ဘယ်လို ဘာသာပြန်ရမလဲဆိုတော့ ရိုးရှင်းနိုင်သမျှရှင်းလင်းအောင် ဘဝ နေထိုင်မှု လို့ပဲ ပြောရမလားမသိ။ နေထိုင်တဲ့ ဘဝမှာ ကိုယ့် အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ ကြွေးမြီ ပစ္စည်း လူ အကြောင်းအရာတွေကို လျှော့ချဖြတ်တောက်နေနိုင်တဲ့ ဝါဒီမျိုး လက်ကိုင်ထားတဲ့ ဘဝ နေထိုင်နည်းမျိုးပေါ့။ ငွေကြေးချွေတာ စုဆောင်းမှုနယ်ပယ်မှာလည်း အသုံးပြုလာပြီဖြစ်တဲ့ စကားလုံးလေးပါ။ ကိုယ်တွေ မြန်မာ စကားနဲ့ပြောရင်တော့ လောဘလျှော့/ဖြတ် […]


ဇီဇီJanuary 30, 20195min302322
ဝိတ်ချမို့ (အဟွတ်) 😜😜😜 ဒါမယ့် “ဘာစားပြီး ဝိတ်လျော့ရင်ကောင်းမလဲ” ဆိုတဲ့ အမျိုးအစားမှာ ပါဝင်သူ ခင်ဇော့်အတွက်တော့… ကျန်းမာရေးလည်း ညီညွတ်/ထမင်းလွတ်/ဝိတ်ကျ အဲ့ဒီလို ၁ ချက်ခုတ် တောက်တောက်စင်းပြီးသားဖြစ် အကြံနဲ့ To a better health page က အရိုးပြုတ်ရည် ချက်နည်းနဲ့ စွတ်ပြုတ် စတင် ပြုလုပ်နေပါဘီ! 😬😬😬😬😬 . . အရိုုးပြုတ်ရည် (Credit to “To a better health”) အရိုုးပြုတ်ရည်ဟာ ဦးနှောက်နဲ့ အာရုုံကြော ရောဂါ ဖြစ် နေ တဲ့ သူ များ အတွက် အလွန် သင့် တော် ပါ တယ်။ အဖေ၊ အမေ၊ […]


ဇီဇီAugust 30, 20187min9587
ခုတလော ရောဂါထနေတာတော့… အိမ်တွင်းစိုက်ပျိုးလို့ရတဲ့… စိုက်သင့်တဲ့… စိုက်နိုင်တဲ့ အပင်တွေ ပေါ့လေ။ ရောဂါလေးစကတည်းက ရှာဖွေမှတ်သား စမ်းသပ်ထားတာလေးတွေ ရောဂါငြိမ်မသွားခင် ရေးပါရစေလားးး 😛 အိမ်တွင်း အိပ်ခန်းတွင်း ရေချိုးခန်းတွင်း မီးဖိုခန်တွင်း ထားလို့ရတာ အများကြီးရှိတာမို့ ဖတ်သူတွေ အဆင်ပြေအောင် စဉ်ကြည့်တဲ့အခါ … နာဆာက မှတ်ချက်ပြုထားတဲ့ အပင်တွေ ကို စာရင်း စဉ်ရင်း သိမှတ်ဖွယ်ရာတွေ ရေးသွားတာ ကောင်းမယ်လို့ တွေးမိတယ်။ စပြီ။ ၁၉၈ဝ နှစ်များဆီက နာဆာက space station တွေ အတွက် လေထုကို သန့်ရှင်း သန့်စင်စေတဲ့ အပင်များအကြောင်း စတင်လေ့လာခဲ့ပါတယ်။   ၁) Aloe Vera   မြန်မာလို ရှားစောင်းလက်ပတ် ပင်ပေါ့နော်။ မှတ်မိနေသေးတာတော့ […]


ဇီဇီJune 29, 20173min101033
:k: ငရုတ်သီး ကိစ္စလေးပဲ ရေးမလို့ပါ။ (ဟွာ၊ သိပြီးသားလူတွေကတော့ သည်းခံပေါ့နော့။ ဆရာလုပ်တာဟုတ်ဖု၊ ကွကိုယ်လည်း အရင် က လည်တယ်တယ်မို့ ချက်စားကောင်းမှန်းမသိ အစိမ်းမစားကောင်းမှန်းမသိ ဖြစ်ဖူးလို့ သိသလောက်လေး ပြောပြောမှာ) ကိုယ်က အစပ်/ငရုတ်သီး ကြိုက်သမား ဆိုတော့ လေ့လာထားရတာ။ ဘာရယ်မဟုတ်၊ အသည်းကင်ဆာတို့ အစာအိမ်ရောဂါတို့ တရားခံက သူထဲက ပါတဲ့ မှို လို့ လက်ညှိုးထိုးကြတာများတော့ ကြည့်စားရတာတယ်။ သတိနဲ့ စားရတယ်ရယ်။   ချက်နည်း၊ ထောင်းနည်းတွေ ပြောမှာလည်းမုန့်ဘူး။ အာ့ဒါ နောက်တစ်ပတ်အတွက် သတင်းစာအတွက် ဟောင်ကောင်က လူဂျီး တာဝန်။ အာဟိ။ :k: ကိုယ်က ငရုတ်သီး အကြောင်းလေးပဲ ပြောပြမှာ။ ပျမ်းမျှခွဲလိုက်ရင် … . . ဒါက […]


ဇီဇီJune 19, 20171min98244
အရီး ရဲ့ စုန်းမ စာ ဆိုတာလေး ယူသုံးပါရစေခညာ။ ~~~~~~~~~~~~~~~~~~~ ပြန်တွေးကြည့်တော့လည်း လူကြီးတွေက (၁၀) တန်း သည်သာ အရေးကြီးဆုံးလို့ ပြောလို့သာ အင်း အင်း ဟုတ်ကဲ့ လိုက် ခဲ့တာ။ ကွကိုယ် ဘာဖြစ်ချင်လဲ ရေရေရာရာမသိဘူးး!! အဲ ဘာလုပ်ချင်လဲ မေးလည်း အဲဒီ အချိန်ပိုင်းလေး အသက်ပိုင်းလေးမှာ စိတ်ရူးပေါက်ပြီး လုပ်ချင်တာလောက် ပြောမိတာရယ်။ . . အခုလည်း သေချာသိလား ဆိုတော့ ဝေတေတေ ပါ။ လာမေးရင်လည်း ဘစိုင်း ယူရကောင်းနိုးး ရဲတိုက် ကို စောင့်ရကောင်းနိုးး ထမင်းလေးနပ် ဆက်စားရကောင်းနိုးး တနိုးနိုး ဖစ်နာ။ (နောက်ထာ နောက်ထာ အဟုတ်မမှတ်ကြနဲ့။ ဒီလက်က အတည်ရေးလို့ကိုမရလို့) :mrgreenn: ~~~~~~~~~~~~~~~~~~~~~~~~~ […]


ဇီဇီJune 15, 20173min116738
ဟိုနေ့က တဂျီးကို ခရုချက်နည်းဆိုပေးတော့ သူက ခရုဆိုတာ ဒါမိုးလား ဆိုပြီး (မြန်မာ အခေါ် ခရု ခေါ်တဲ့) ပက်ကျိလိုအကောင်ကို လာပြတယ်။ အာ့အကောင်မျိုးကို ဘိလပ်အခေါ်က “snail” လို့ ခေါ်တာတော့ သိတယ်။                   စားရတဲ့ ခရု အခွေမျိုးက “escargot” လို့ ခေါ်သတဲ့။   .                 ဟေးဟေးဟေးး ကိုယ်ပြောတဲ့ ချက်နည်းက ခရုဆိုတာ အခွံ ၂ ခြမ်းကွဲ အကောင်မျိုး။ ဂစ်ဂစ်!! သိထားတာတွေက တလွဲတွေချည်းဖဲ။ […]


ဇီဇီJune 12, 2017118min91150
June 12, 2016 Status by Khin Zaw ရုပ်ရှင်မကြည့်ခင်လေးးး စိတ်ထဲရှိနေတဲ့ ရွာလေးးအကြောင်းးရေးးချင်ပါရဲ့..!! ဒီ FB အကောင့်ထဲမှာ ၉၀% က ရွာသူရွာသားတွေ နဲ့ ၁၀% က တခြားသူတွေ ဆိုပေမယ့် ကိုယ်တွေပြောလွန်းလို့ Myanmargazette ဆိုတဲ့ ရွာကို သိပ် မစိမ်းလောက်ဘူးးထင်ပါရဲ့..!! ??? 2012 Oct မှာ စရောက်တယ်.. Facebooker တစ်ယောက်မို့ တခြားဘလော့ကို စွဲစွဲမြဲမြဲ လည်ဖို့ သိပ် အချိန် မပေးဖူးးရာကနေ ဘာက စွဲဆောင်မှန်းးမသိ ရွာမှာ နေပျော်သွားတယ်..!! ??? FB မှာတော့ တစ်ချို့ အပြင်လူတွေ အနေနဲ့ ရွာကသူ တစ်ယောက်ချင်းစီရဲ့ Personality, အပြောအဆို ကိုယ့်အချင်းးချင်းး […]


ဇီဇီJune 6, 20171min34323
ဒီနေ့ အားနေလို့ နည်းနည်း ပွါးပါရစေလေ။ အရင်တုန်းကတည်းက ပြောချင်တာမျိုးတွေ ရှိပေမဲ့ … ချမရေးနိုင်တာရော … ဆရာလုပ်သလိုဖြစ်မှာရော … ကိုယ်တိုင်ကလည်း ခုပြောမဲ့ အကြောင်းအရာမျိုး တစ်ချို့တစ်လေကို မလိုက်နာနိုင်သေးတာတွေရော မို့ ကိုယ်တိုင်က ရေးထိုက်လား မရေးထိုက်လား ပြန်ပြန်စဉ်းစားနေရတယ်။ ခုတော့ ရေးပြီလေ။ ဟီးဟီးး :mrgreenn: အချက်အလက်တွေက ကိုယ်တိုင် နားလည်သလိုရေးမှာဖြစ်လို့ မှားတာတွေ့ရင် အဖတ်မတော်ရင် ပြောဆို ပြုပြင်ပေးကြပါလို့။ ကျနော် တွေးမိတာနဲ့ ကျင့်သုံးမိတာလေးတွေ အကျဉ်းချုံပြောတာမို့ မပြည့်စုံတာ နားမလည်တာရှိရင်လည်း ကျနော့ကိုသာ နာနာခွင့်လွှတ်ပြီး ဖတ်သွားကြပါလေ။ :k: ဂလိုဗျ။ ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ နေပြီ လူတောထဲ ရောက်ပြီဆိုတာနဲ့ ကိုယ့်အပြောအဆို အပြုအမူတွေထဲက.. (ဒါမှမဟုတ်) သူတပါးရဲ့ အပြုအမူ အပြောအဆိုတွေထဲကနေ […]


ဇီဇီJanuary 4, 20171min1946
လွယ်တယ်။ ဘီယာနဲ့စပ်တာမို့ အကြိုက်တွေ့ပြီး လာပြောပြတာ။ ငိငိ။ :mrgreenn:   ပုဇွန်ကြော် ၁) ပုဇွန်တွေကို အမြီးချန်ပြီး ခေါင်းခွံခွါ၊ ကိုယ်ထည်ခွါ၊ ကျောခွဲချေးကြောင်းထုတ်၊ လက်တွေညှပ်ထားပြီး ငရုတ်ကောင်းနည်းနည်းနဲ့ ဆားနယ်ထား     ၂) ပန်းကန်လုံးထဲ ကြက်ဥ၊ ဘီယာ၊ ဂျုံမှုန့်ထည့်ပြီး ခပ်ပြစ်ပြစ်ဖျော်ထား       ၃) နောက် ပန်းကန်လုံးထဲ Bread crumbs နဲ့ coconut flakes ကို ဆတူရောထားး   ၅) ဆီအိုးတည်ပြီး ဆီပူချိန်မှာ ပုဇွန်တစ်ကောင်ချင်းဆီကို အနှစ်ထဲနှစ် ပြီးရင် အမှုန့်ထဲ နှစ်ပြီး ဆီထဲ တစ်ကောင်ချင်းထည့်ကြော်တာပဲ။     ၆) အချဉ်ကတော့ သန်ရာသန်ရာ အချဉ်နဲ့သာ […]


ဇီဇီSeptember 27, 20161min24711
အသားဆို အစိမ်းစားဖို့တောင် မကြောက်တတ်သော အမတစ်ယောက်တွင် အနံ့အရသာပြင်းသော ဘယ် အစားအသောက်မျိုးမဆို လုံးဝမစားသော မောင်တစ်ယောက် ရှိလေသည်။ :mrgreenn: မဆာဘူး ပြောပြောပြီး မျက်စိရှေ့တွင်ရှိသော စားစရာများကို ချန်ထားက ရန်များ၏ ထုံး နှလုံးမူကာ စားတတ်သော အမတစ်ယောက်တွင် ဘယ်လောက်ကောင်းတာကျွေးကျွေး မဆာလျှင် လုံးဝ ငြင်းနိုင်သော မောင်တစ်ယောက်ရှိလေသည်။ :mrgreenn: အပြောဆိုးသလောက် သဘောကောင်း သော အမတစ်ယောက်တွင် (အာဟိ) :mrgreenn: စကားမပြောသလောက် မလုပ်ချင်တာကို ခေါင်းမာမာနဲ့ မလုပ်ပဲနေနိုင်သော မောင် တစ်ယောက်ရှိလေသည်။ :mrgreenn: အင်မတန် အာရုံများကာ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာ ပါသော အမတစ်ယောက်တွင် ဘာလုပ်လုပ် အင်မတန် အာရုံစိုက်ကာ သေချာလုပ်နိုင်သော မောင် တစ်ယောက် ရှိသည်။ :mrgreenn: […]


ဇီဇီSeptember 16, 20166min94944
Wintpyone Myint September 14 at 7:04am · အလွတ်သဘော ရေးတာပါ။ လူတစ်ယောက် ဖြစ်ထွန်းလာဖို့ ဆိုတာ ပြုစုပျိုးထောင်မှု လိုပါတယ်။ ဆိုက်ကားသမားကလည်း သူဌေးဖြစ်လာနိုင်တာပဲ ပြောလို့ ရတယ်။ ဒါပေမယ့် ကြားထဲမှာ ကွင်းဆက်တွေ ရှိတယ်။ အဲဒီဆိုက်ကားသမား ၂လုံး ၃လုံး ရောင်းတာတွေ မဟုတ်တာ လုပ်တာတွေ အဲဒါတွေ လူမသိတဲ့အပိုင်းပေါ့။ လက်ဖဝါးခြေဖဝါး ဘဝကနေ လူရိုသေရှင်ရိုသေ ဘဝဖြစ်လာဖို့ ဆိုတာ ဟိုခေတ်အမြင်ကတော့ မိမိကိုယ်ကိုအားကိုးမှု အခရာ လို့မြင်ကြတယ်။ ဒီဘက်ခေတ်ကျတော့ အဲဒီလို ပုံစံမျိုး မမြင်မိဘူး။ မြင့်မြင့်မားမား ရောက်လာတဲ့ လူတွေဟာ ကောင်းကောင်း ပြုစု ပျိုးထောင်ခံခဲ့ရတာချည်းပဲ။ အဓိက မိဘ၊ နောက် အိမ်ထောင်ဘက် စသူတွေက အသားကုန်ပံ့ပိုးပေးတဲ့အတွက် […]


ဇီဇီAugust 15, 20162min2119
ကိုယ့် အိမ်မှ အဆာကျယ်များက ဆိုင် တစ်ခုခု သွားစားပြီးရင် ဒီတိုင်းမနေပါဘူးး…အိမ်မှာ ပြန်လုပ်ခိုင်းပါတယ်။ ဟတ်စကဲ့။ ကိုယ်ကလည်း အောက်သက်မကြေတာနဲ့တော့ တွေ့ပြီလေ။ :mrgreenn: ခု လည်း ကိုရီးယားဆိုင်မှာ ဝက်သားကင်နဲ့ ဆလပ်မျိုးစားချင်တယ်တဲ့။ ဘာမှ လုပ်မနေဘူးး.. K Pop မဟုတ်တဲ့ K Pork ပါ။ အဟိ  :mrgreenn: ဝက်သား ၃ ထပ်သားရယ် (ဘာ အစာပလာမှ နယ် စရာမလို၊ ရေစင်စင်ဆေးပြီး စစ်ထားရုံ) ဆလပ်ရွက်ရယ်၊ (ဆလပ်က တစ်ရွက်ချင်းခွါပြီး ဆားရည်လေး စိမ်ပြီး စင်အောင်ဆေး ရေစစ်ထားး) သခွါးသီးရယ်၊ (ရေစင်အောင်ဆေး ပါးပါးလှီးထား) ငရုတ်သီးစိမ်းရယ် ကင်ချီရယ် Chilli bean sauce ရယ် ကြက်သွန်ဥအကြီးရယ် ကြက်သွန်ဖြူတွေရယ် […]


ဇီဇီAugust 4, 20161min72820
မလေးရှားက စားဖိုမှူး ကိုလပြည့် လက်ရာ။ မဘုတ်ဆီက တဆင့်ခိုးလာတာပါ။ ဟိ!!!   ကြက်သွန်နီ -၂ လုံး၊ ငရုတ်သီးစိမ်း – ၁၅ဝ ဂရမ်၊ ပူစီနံ – ရ ခက် ပင်စိမ်း – ၁ဝ ခက် ကြက်သွန်ဖြူ – ၂ လုံး ဂျင်း – တစ်တက် စပါးလင် – သုံးချောင်း ကိုနုတ်နုတ်စင်းပြီး အကုန်ရောကြိတ်၊ ဆား၊ကြက်သားမှူန့်၊ငရုတ်ကောင်းသင့်တငိ့ရုံထည့်ပြီးရောကြိတ်၊ ပြီးရင် ြ၊ကက်ပေါင်ကို ဓားနဲ့သုံးချက်စီမွန်းပြီး ခုနကကြိတ်ထားတဲ့အနှစ်တွေကိုသင့်တင့်ရုံနှယ်ပြီးနှပ်ထား၊ တစ်နာရီလောက်ကြာရင်၊ဗန်းထဲရေထည့်၊ ဇကာခံ၊ ကြက်ပေါင်တင် ၊ အာဗင်အပူချိန်၄၅ဝနဲ့၊မိနစ်လေးဆယ်၊လေးဆယ့်ငါးလောက်ကင်ပြီးရင်စားလို့ရပြီ၊။ အနှစ်တွေပိုနေရင်အအေးခန်းထဲမှာသိ်မ်းထား.. ပြန်လုပ်စားလို့ရတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အဲဒါ လုပ်စားကြည့်တော့ ထင်ထားတာထက်ကို အရသာကောင်းလွန်းလို့ လာမျှတာ။ မယ်ခွစ်ရော မွသဲရော […]