အရိုးများသလေး အရွက်ခါးသလေး မလုပ်ကြပါနဲ့ – Bone Broth & Green Juice
ဝိတ်ချမို့ (အဟွတ်)
😜😜😜
ဒါမယ့် “ဘာစားပြီး ဝိတ်လျော့ရင်ကောင်းမလဲ” ဆိုတဲ့ အမျိုးအစားမှာ ပါဝင်သူ ခင်ဇော့်အတွက်တော့…
ကျန်းမာရေးလည်း ညီညွတ်/ထမင်းလွတ်/ဝိတ်ကျ
အဲ့ဒီလို ၁ ချက်ခုတ် တောက်တောက်စင်းပြီးသားဖြစ် အကြံနဲ့ To a better health page က အရိုးပြုတ်ရည် ချက်နည်းနဲ့ စွတ်ပြုတ် စတင် ပြုလုပ်နေပါဘီ!
😬😬😬😬😬
.
.
အရိုုးပြုတ်ရည်
(Credit to “To a better health”)
အရိုုးပြုတ်ရည်ဟာ ဦးနှောက်နဲ့ အာရုုံကြော ရောဂါ ဖြစ် နေ တဲ့ သူ များ အတွက် အလွန် သင့် တော် ပါ တယ်။
အဖေ၊ အမေ၊ အဖိုုး၊အဖွား၊ ကလေးတွေ အကုုန်လုုံး ကိုု တိုုက် ပါ။
ဗီတာမင် တွေ ဝယ်ပြီး သောက် ရန် မတတ် နိုုင် သူ များ အရိုးပြုတ်ရည်ကိုု သောက် ကြ ပါ။
ကျန်းမာရေး ကောင်း လာ ပါ လိမ့် မယ်။
🍽🍽🍽🍽🍽🍽🍽🍽🍽🍽
.
.
ပါဝင်ပစ္စည်း

- အမဲရိုုး ၃ – ၄ ပေါင် အဆစ်ရိုုး ၊ ချဉ်ဆီရိုုး ( ကြက်ရိုုး၊ ဝက်ရိုး၊ ဆိတ်ရိုုး နှင့် အစားထိုုး နိုုင် ပါ သည်)
- ရင်ရိုုး များ short ribs
- ပန်းသီး ရှာလကာရေ (apple cider vinegar ) ½ cup ထည့် ဖိုု့ အရေးကြီး ပါ သည်။ အရိုုး မှာ ရှိ တဲ့ အာနိသင်ဓာတ် တွေ ကိုု ဟင်း ချို ထဲ ရောက် အောင် လုုပ် ပေး မှာ ဖြစ် ပါ တယ်။
- 4 quarts of water ( 1quart = 4 cups )
- တရုုပ်နံနံရိုး ၃ ချောင်း celery halved
- ခါချက်ဥနီ ၃ ချောင်း carrot halved
- ကြက်သွန်နီ ၃ ဥ လေးစိတ်စိတ်
- Sea salt or Rock salt
- Fresh parsley (နံနံပင် နဲ့ အစားထိုုး နိုုင် ပါ သည် )
🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽
.
.
ပြုတ်နည်း


- ဦးစွာ အရိုုး တွေ ကိုု သန့် စင် သွား စေ ရန် ရေ ထဲ မှာ ရှာလကာရေ ထည့် ပြီး ဆေး ပြစ် ပါ။ ပြီး ရင် ရေ နဲ့ တစ်ခါ ထပ် ဆေး ပါ။
- အရိုုး တွေ ကိုု အိုုး ထဲ မှာ ထည့် ပါ။
- Apple cider vinegar ပန်းသီး ရှာလကာရေ နဲ့ ရေ ထည့် ပါ။ (တစ်နာရီ ခန့် စိမ် ထား ရင် အရိုုးထဲ မှ ကိုုယ်လိုု ချင် တဲ့ အကျိုးပြု မဲ့ ဓာတ် တွေ အား လုုံး စိမ့် ထွက် လာ ပါ လိမ့် မယ်။)
- အရိုုးမြုပ် တဲ့ အထိ ရေ ထည့် ဖိုု့ လိုု ရင် ထပ် ထည့် နိုုင် ပါ တယ်။
- အထက်ဖော်ပြ ပါ ဟင်းသီးဟင်းရွက် များ ကိုု ထည့် ပြီး ဆူ အောင် တည် ပါ။
- အပေါ် ကိုု ဝေတက် လာသော အမြှုပ် မဲမဲ တွေ ကိုု ဇွန်း နဲ့ ဖယ် ပြစ် ပါ။ ဒါ တွေ ဟာ မသန့် ရှင်း သော အရာများ (impurities)များ ဖြစ် ပါ သည်။
- ဆူလာ သည့် အခါ မီး ကိုု လျော့ ချ လိုုက် ပြီး မီးအေးအေး နဲ့ တည် ထား လိုုက် ပါ။ ကြာလေ ကောင်း လေ ဖြစ် ပါ တယ်။
- အရိုုး ထဲ က ဓာတ် မျိုးစုုံ ဟာ တဖြေးဖြေး နဲ့ စိမ့် ထွက် မှာ ဖြစ် ပါ တယ်။ အချို့တွေ ဆိုု ရင် ၂၄ နာရီ လောက် တောင် မီး ဖြေးဖြေး လေး နဲ့ ပစ် ထား လိုုက် ကြ ပါ တယ်။
- slow cooker ရှိ သူ များ အတွက် အလွန် သင့် တော် ပါတယ်။ ပစ်ထား လိုု့ ရ လိုု့ ပါ။
- ချခါနီး ၁ဝ မိနစ် လောက် အလိုု မှာ parsley or နံနံပင် ထည့် လိုု့ ရ ပါ ပြီ။ မွှေးပြီး အရသာ လည်း ရှိ ၊ အာနိသင် တွေ လည်း အပြည့် ဖြစ် ပါ တယ်။
- Sea salt or Rock salt ကိုု မိမိ နှစ်သက် သလောက် မြည်းကြည့် ပြီး ထည့် နိုုင် ပါ တယ်။
- အရိုးပြုတ်ဟင်းရည်အဆင်သင့် ဖြစ်နေပါပြီ။
🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽
.
.
သိမ်းထားလိုသော်…

- အအေးခံ ထား ပါ။ အရိုုးတွေ နဲ့ ဟင်း ရွက် တွေ ကိုု ဇကာ နဲ့ စစ် ချ လိုုက် ပါ။
- ထွက်လာတဲ့ ချဉ်ဆီ တွေ ကိုု အရိုုးပြုပ် ရေ ထဲ ပြန် ထည့် ပေး ပါ။
- ပိုု နေ တာ ကိုု ရေခဲသေတ္တာ ထဲ မှာ ထည့် ထား ရင် ၅ -ရ ရက် ခံ ပါ တယ်။
- Freezer ဆိုုရင် ၆ လ ခံ ပါ တယ်။
~

ခင်ဇော်ကတော့ ဆန်းဒေးလို နေ့မျိုးမှာ ပြုတ်ထားပြီး တစ်ရက်စာ ဘူးလေးတွေနဲ့ သိမ်းသိမ်းထားတယ်။
နောက်ရက်တွေမှာ တစ်ရက် တစ်ဘူး ထုတ်နွှေးပြီး စွပ်ပြုတ် အမျိုးမျိုးလုပ်သောက်တယ်။
ပြောင်းဖူးလေး ဘာလေးထည့် ရွှေဖရုံသီးလေး ဘာလေးထည့်ပြီး ထပ်ပြုတ်တာမျိုး
ချဉ်စပ်စားချင်တဲ့နေ့မျိုးဆို သံပုရာလေးညှစ် ငရုတ်သီးစိမ်းလေးထည့်တည် နွှေးလုပ်တာမျိုး
ခါတလေ ခေါက်ဆွဲ အချိုပြုတ် ချဉ်စပ်ပြုတ်စားချင်တဲ့ အခါမျိုးလည်း ခေါက်ဆွဲလေး ထည့်တည်တာမျိုးလေး နေ့တိုင်းသောက်နိုင်အောင် အမျိုးမျိုးလုပ်သောက်ဖြစ်တာပေါ့။
အရိုးဆိုတာ ခွေးမှ ကိုက်တာတို့ အမဲသား မစားဘူးဆိုတဲ့ အစွဲနဲ့ အရိုးမစားဘူး အမဲသား/ရိုး တို့ ဘာတို့မလုပ်ကြပါနဲ့။
မြန်မာပြည်မှာ သက်သက်သာသာနဲ့ အာဟာရပြည့်တာတွေ လွယ်လင့်တကူစားသောက်လို့ရပါတယ် လို့။
လူတွေက ကိုယ်တိုင် လုပ်ရမှာ ပျင်းပျင်းလာလို့သာ အချောင်သမားတွေရဲ့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ စားနေရသလိုဖြစ်ဖြစ်နေတာ။
Sharing is Caring. Share လုပ်လက်စနဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်လေးပါ တစ်ခါတည်း တင်ထားပါရစေ။
မူရင်းက ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း ဆီက ထင်တယ်။
ကိုယ်ကတော့ အန်တီဒုံ ဆီက ရတာ။
ခု ရုံးပိတ်ရက်ရှည်မှာ ပြန်သောက်မလို့ ပြန်ရှာပြီး ပြန်စဉ်ထားတာ။
.
“ဟင်းသီးဟင်းရွက်စုံ ဖျော်ရည်”

Anti-Oxidant အစုံရအောင် ဟင်းသီးဟင်းရွက်စိမ်းစိမ်းကြမ်းကြမ်းများကို အရည်ကြိတ်၍ သောက်ရန်။
(က) ပိုးသတ်ဆေး+ပိုးမွှားများ ကုန်စင်အောင် ရေ ၁ ဂါလံ တွင် ရှာလကာရည် ထမင်းစားဇွန်း ၂ဇွန်း ရော၍ ၅မိနစ် စိမ်ပါ။ ပြီးမှရေစင်အောင်ဆေး၍ ၁မိနစ် ပြုတ် (သို့) ပေါင်းပါ။
(ခ) အားကောင်းသော Blender နှင့် ကြိတ်ချေ၍ ရေအနည်းငယ် ရောပါ။
(ဂ) သောက်မကုန်လျှင် ရေခဲသေတ္တာထဲ ၁ ရက် (သို့) ၂ ရက်ထားနိုင်သည်။
(ဃ) ထည့်နိုင်သောအရွက်များ –
- ကိုက်လန် ၊ ဟင်းနုနွယ် ၊ မုန်လာဥနီ ၊ ရဲယိုရွက် ၊ မယ်ဇလီရွက် ၊ သင်္ဘောရွက် ၊ ကန်ဇွန်းရွက် ၊ မုန်ညင်း ၊ မြင်းခွာရွက် ၊ ခရမ်းချဉ်သီး (နှစ်သက်ရာ)
- တရုတ်နံနံ(သွေးတိုးရောဂါတွက် ကောင်းသည်)
- ပန်းဂေါ်ဖီ(ဖြူ) ၊ ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီထုပ်(ခရမ်းရောင်) (ကင်ဆာကာကွယ်သည်)
- သောက်ကောင်းရန် ပန်းသီး၊သံပုရာသီးစသည့် မချိုလွန်းသော အသီးများထည့်နိုင်ပါသည်။
(င) တခါကြိတ်လျှင် ကြိုက်နှစ်သက်ရာ ဆယ်မျိုးခန့်ပါနိုင်လျှင် ကောင်းပါသည်။ အမယ်စုံလေ Anti Oxidant များလေဖြစ်သည်။
(စ) အစာစားပြီးမှသောက်ပါ။ (သွေးတွင်းသကြားဓာတ်ကျစေနိုင်သောကြောင့်)
(ဆ) တနေ့ ၁ ကြိမ် နေ့စဉ်သောက်ပါ။
All Photos – Credit to Original Uploader
တလောကပဲ. ဝက်ခြေထောက်ရိုးတွေဝယ်လာပြီး.. ပြုတ်..။
ကိုလက်စရောကြောက်တာနဲ့.. ပထမ ၁၅မိနစ်ပြုတ်ထားတဲ့ရေကို သွန်..။
ရေအေးနဲ့ဆေးပြီး..ဒုတိယံမိ ပြန်ပြုတ်တာ..။
အဲဒီ ပြုတ်ရည်က.. တော်တော်ကို အရသာမရှိ ပေါ့ရွတ်ရွတ်.. ဖြစ်သွား.။
တခြား.. ဘာညာကွိကွ.. အရွက်တွေ..ထည့်ပြုတ်လို့ရတာ.. မသိလိုက်လို့..
မကြေနပ် ၁ကပြန်စ.. လုပ်ကြည့်ဦးမယ်..။
Was this answer helpful?
LikeDislikeဟာဂျာ ဟာဂျာ။
လုပ်ပြီ။
ဘယ်နှာ အရည်တွေ သွန်နေတာတုန်းး
နံနံမြစ်ထည့်ပြုတ်ပြီး တက်လာတဲ့ အမြှုပ်တွေ ဆယ်ပစ်ရင် ရပြီဟာကို။
ဒီမှာ ဒီမှာ ကျနော့ အလွယ်နည်းလေးး
https://www.facebook.com/photo.php?fbid=10215197055273721&set=a.10212435870805835&type=3&theater
ဝက်လက်တွေ ဆေးပြီးသားကို …
ပန်းသီးရှလကာရည်ရယ်…
ပဲငံပြာရည်အကြည်ရယ်..
ဆားရယ် နဲ့ နယ် … ၁ နာရီလောက်နှပ်ထားရော..
ပြီးတော့ Rice cooker ထဲ
သကြားနဲ့ ဝက်လက်တွေအရင် လှိမ့်လိုက်တယ်!
နောက်မှ
ဂျင်းရယ်
စပါးလင်ရယ်
ကြက်သွန် ဖြူ
ကြက်သွန်နီတွေ ညက်အောင်ထောင်းထားတာတွေရယ် …
နာနတ်ပွင့်ရယ် …
ရေရယ်ထည့်ပြီးး ခလုပ်နှိပ်ထားလိုက်တာပဲ!
ခလုပ်တက်ရင် အပေါ့အငံမြည်းပြီးး စားလို့ရပြီ!
ချဉ်ချဉ်စပ်စပ် စားချင်ရင် သံပုရာသီးနဲ့ ငရုတ်သီးစိမ်းကင်ထောင်းထားတာ ပြင်ထားလိုက်တယ်!
မြန်မှမြန်
နူးမှနူးးး
ရှေ့သို့ လှမ်းချီ PIG
Was this answer helpful?
LikeDislikeသကြားနဲ့.. ဝက်ဆီနဲ့..
ဟိုတပတ်ကမှ.. ဆီးချို၊သွေးချို.. ဘာညာတွေ ကျန်းမာရေးဟောပွဲသွားထားတာ.။
ဆေးနဲ့.. ဆေးရုံဖြစ်သွားမှာစိုးလို့..။
အရင်.. သွေးပြေးစစ်လိုက်ဦးမယ်.။
လွမ်းနေဦးမည် PIG
Was this answer helpful?
LikeDislikeငင်။
အာ့ဆိုလည်း မစားနဲ့လေဗျာ။
စားရင် လည်း အရသာရှိရှိစား၊
ရှောင်ရင်လည်း အပြီးရှောင်။
Was this answer helpful?
LikeDislikethank you
Was this answer helpful?
LikeDislikewelcome!
Was this answer helpful?
LikeDislikeအခုလိုပြန်လည်ဆုံတွေ့ အဲလေ မှားလို့

အခုလို ပြန်လည်စာတွေဖတ်ရတာ ဝမ်းသာပါကြောင်းဦးစွာပထမ အစမ်းသဘောမန့်ပါရစေ . . .
သဂျီးဆိုဒ်ကို မရောက်တာကြာတော့ ဂယောင်ဂရင်ဖြစ်ပြီး မန့်မရ ပို့စ်တင်မရဖြစ်နေလို့
Was this answer helpful?
LikeDislikeအဟိ။
ပို့(စ) တင်ရတာ အစဉ်ပြေတော့ ပျော်ပြီး ပို့(စ) တွေ ရေးနေပါပြီ နော်!
Was this answer helpful?
LikeDislikeဟယ်တော့
မေ့နေတဲ့ ပတ်စဝပ်ကြီး သွသူ ချပေးလို့
ဲဗြုန်းဆို ရွာထဲ ရောက်သွားရော ..
ပျော်ပါတယ်လို့ ..
Was this answer helpful?
LikeDislikeပြန်လည်တွေ့ဆုံကြပါစို့။
ဟိ
Was this answer helpful?
LikeDislikeအမယ် ဒီလိုကြေးဆို ကိုယ့်ကို ကျော်တက်သွားတဲ့ ကိုဘလောချက်ကို ပြန်ကျော်လိုက်လို့ ရပြီ။
ကြော်တာ မဟုတ်။
Was this answer helpful?
LikeDislikeပြန်ကျော်တက်ရမယ် တီဒုံ

တစ်ထောင်ကျော်လေးပဲ ကွာတာ။
Was this answer helpful?
LikeDislikeဘာဘဲဖြစ်ဖြစ် ရွာထဲစာပြန်ရေးရတာပျော်ဖို့တော့အကောင်းသား
Was this answer helpful?
LikeDislikeကိုယ်တွေ ရဲ့ သီးသန့် နေရာလေးလို ခံစားရလို့။
Was this answer helpful?
LikeDislikeလုပ်သောက်ရမှာ ပျင်းလို့ အချိန်မရတာလည်း ပါတယ် စိတ်ချရတဲ့ နေရာက နေ လုပ်ရောင်းမယ်ဆို တကယ် အမြဲ ဝယ်သောက်မှာ နောက်ပြီး ဇော်ဂျီ ဖောင့်တေ ွ သိပ်အဆင်မ ပြေ တော့ သလိုပဲ ရိုက်ရတာ ဟိုရောက် ဒီရောက် ယူနီကုတ်စမ်းသုံးကြည့် ချင်လို့ က ွန်ပျူတာမှာ ဘယ်လို လုပ်ရမှာလဲ သိတဲ့သူ ပြောပြပါအုန်း
Was this answer helpful?
LikeDislikeမသိဘူး ပု ရ။
ဘားဂလစ် အင်ဂျင်ထဲမှာ ရိုက်ပြီး ကော်ပီ / ပေ့(စ) လိုက်တာ။
ဟီးဟီး။
တဂျီးကို ဘယ်လိုလုပ်ဆိုတာ အံစာပြောနေသလိုပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
သဂျီးရေ.. website ထဲမှာ use any font plugin ထည့်ထားဗျာ.. အဲ့ဒါမှ စာအမှန်ပေါ်ပြီး ဖတ်လို့ရမှာ…
ပြီးတော့ instant article လည်း လုပ်ထားလိုက်.. အိုကေမှာ စိုပြေသွားလိမ့်မယ်… အရင်က ဂွဇက်ပြန်ဖြစ်လာလိမ့်မယ်..
(Anzar)
Was this answer helpful?
LikeDislikesticker comment တွေရ သေးလား မသိဘူး စာရိုက်ပျင်းရင် သုံးချင်လို့ LOL
စာပြန်ရေးမလားလို့ ဒီလ လေး အားတုန်း နောက်ဆုံး ပိုစ့်က 2015 October မှာ တင်ခဲ့ တာဆိုတော့ လေ နှစ်က တော်တော်ကြာနေပြီ ကုန်ကြမ်းတွေ ပေါသ လောက် ရေးပျင်းတာ ဆိုတာ လေ
ဇော်ဂျီတွေ သုံးမရရင် ရေးခဲ့တဲ့ စာတွေ နှမြောတာ ဘာမှ ရှာလို့ ရမှာ မဟုတ်တော့ဘူး
Was this answer helpful?
LikeDislikeအရင်က ရေးသလို ရေးကြည့်တော့ စတစ်ကာ တလွဲတွေ ထွက်နေလို့။
တဂျီးကို ပြန်မေးရအူးမယ်
Was this answer helpful?
LikeDislikeရှိသေးတယ် facebook မှာလေး ဝေဖန်လေကန်တာတွေ မ ရေးရဲဘူး အဲ့လို အချိန်ဆို ထင်တိုင်း ကျဲ ခဲ့ရတဲ့ ရွာကို လွမ်းတယ်
Was this answer helpful?
LikeDislikeဇော်ဂျီပျက်ကပ်က..ဘယ်တော့ဆိုက်မလဲတော့မသိ..
အခုထိတော့ အိုကေနေတာပဲ..
ကြည့်ရတာ.. ဇော်ဂျီ အင်စတောလုပ်ထားရင်တော.. အမြဲအိုကေချင်..ကေမှာ..
use any font plugin ဆိုတာ..ရှာမရ။..
အတိအကျလင်ခ့်ပေးရင်ကောင်းမှာ..
Was this answer helpful?
LikeDislikeဟုတ်တယ်ဗျဝင်ရတာနဲနဲပြန်အဆင်ပြေလာတယ်လူဟောင်းတွေထွက်လာတာလဲတွေ့ရတယ်ဒါပေမဲ့၁၀%တောင်ရှိမယ်မထင်ဘူး၊
အရင်လိုဘဝမျိုးရောက်ချင်တယ်လို့ပြောရမလားပေါ့၊
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
အရင်လို ဖြစ်ဖို့တော့ မလွယ်လောက်

Was this answer helpful?
LikeDislike