Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြက်အာဗင်ကင်

ဇီဇီAugust 4, 20161min164120

မလေးရှားက စားဖိုမှူး ကိုလပြည့် လက်ရာ။

မဘုတ်ဆီက တဆင့်ခိုးလာတာပါ။
ဟိ!!!

 

  1. ကြက်သွန်နီ -၂ လုံး၊
  2. ငရုတ်သီးစိမ်း – ၁၅ဝ ဂရမ်၊
  3. ပူစီနံ – ရ ခက်
  4. ပင်စိမ်း – ၁ဝ ခက်
  5. ကြက်သွန်ဖြူ – ၂ လုံး
  6. ဂျင်း – တစ်တက်
  7. စပါးလင် – သုံးချောင်း ကိုနုတ်နုတ်စင်းပြီး အကုန်ရောကြိတ်၊
  8. ဆား၊ကြက်သားမှူန့်၊ငရုတ်ကောင်းသင့်တငိ့ရုံထည့်ပြီးရောကြိတ်၊
  9. ပြီးရင် ြ၊ကက်ပေါင်ကို ဓားနဲ့သုံးချက်စီမွန်းပြီး ခုနကကြိတ်ထားတဲ့အနှစ်တွေကိုသင့်တင့်ရုံနှယ်ပြီးနှပ်ထား၊
  10. တစ်နာရီလောက်ကြာရင်၊ဗန်းထဲရေထည့်၊
  11. ဇကာခံ၊
  12. ကြက်ပေါင်တင် ၊
  13. အာဗင်အပူချိန်၄၅ဝနဲ့၊မိနစ်လေးဆယ်၊လေးဆယ့်ငါးလောက်ကင်ပြီးရင်စားလို့ရပြီ၊။
  14. အနှစ်တွေပိုနေရင်အအေးခန်းထဲမှာသိ်မ်းထား.. ပြန်လုပ်စားလို့ရတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲဒါ လုပ်စားကြည့်တော့ ထင်ထားတာထက်ကို အရသာကောင်းလွန်းလို့ လာမျှတာ။

မယ်ခွစ်ရော မွသဲရော လုပ်စားပြီးပါပြီ။

သူတို့သာမေးကြည့်ပါတော့။

လုပ်ရတာလည်းလွယ်တယ်။

 

IMG_5338

 

IMG_5342

 

 

အနှစ်တွေ ကျန်တာနဲ့ ရှိတဲ့ ပုဇွန်တွေရော ပြည်ကြီးငါး အသေးလေးတွေရော ဝက်အူချောင်းတွေကို ရောနယ်ပြီး ထပ်ကင်လိုက်တယ်လေ။
ပလော်ပလန်??

:mrgreenn:

 

IMG_5340

 

IMG_5341

 

FullSizeRender

 

 

20 comments

  • ဂျစ်စူ

    August 4, 2016 at 10:08 am

    ကြက်ခလေးခမျာ သနားစရာ
    ကျွတ်ကျွတ်ကျွတ်စ်

    ဘီအီးနဲ့ တို့စားလိုက်ရ
    မွှေးနေမှာဘဲ အာယိစ်…

    • မမချွိ

      August 4, 2016 at 2:56 pm

      အေးးး
      ဟုသားး
      အရက်ကလေးမှ ထည့်မနယ်လိုက်ရ။

      :k:

  • Thint Aye Yeik

    August 4, 2016 at 11:06 am

    လုပ် စားချင်စရာ . . .

    ဒါမယ့် လုပ် မစားချင်စရာ.. . .
    (မြို့ထဲမှာ ကြက်က အနည်းဆုံး အစိပ်သား ၁၅၀ဝ ဖိုး ဝယ်မှ ရလို့။ တစ်ယောက်ထဲ အဆောင်မှာ ချက်စားတာ ကြက်အတွက်ချည်း ၁၅၀၀+တခြား ဗာဟီရတွေ ဝယ်မှာနဲ့ဆို . . . .အမငီးးးးး တစ်ခါ စားရဖို့ကို နည်းမှာမဟုတ်။ အကုန်မခံနိုင်သေးလို့။ လုပ် မစားချင်စရာ. . .)
    :k:
    .ဘော်ဒါတွေနဲ့ စုပြိီး အာ့မျိုး လုပ် စားအုန်းမှ။

    😆

    • မမချွိ

      August 4, 2016 at 2:54 pm

      တခြားဗာဟီရ စဉ်းစားမနေနဲ့။
      ကြက်ပေါင်လေး ဝယ်ပြီး အဆာပလာ ရှိတဲ့ အိမ်ကို တက်လည်။
      ဒီပို့(စ) လေးပြ။
      ဟိ

      :mrgreenn:

  • အောင် မိုးသူ

    August 4, 2016 at 11:20 am

    အာဗင်လိုချင်နေတာ။ ကြက်ကင်စားချင်တာ။ ဒီပို့စ်လေး ယူသုံးချင်တယ် မကြီး။

    • kai

      August 4, 2016 at 2:12 pm

      အမ်.. ဈေးကွက်လုသူပေါ်လာပြီ…
      ဆိုတော့…

      မနေ့က… တောဝက်ပေါင်တပိုင်းရယ်…။
      သမင်သား အသားချည်း၂ပေါင်ကျော်ကျော်ရယ် ဝယ်လာတယ်..။
      ဘယ်လိုလုပ်စားရမယ်မှန်းမသိ..။
      ကယ်နိုင်သူများ ရှိမလား.. သိချင်ပါ၏..။ :k:

      • မမချွိ

        August 4, 2016 at 2:45 pm

        သမင်သား(Deer Meat) က သေးသေးပါးပါးတုန်းပြီး ဆား/ပဲငံပြာရည် အကြည် နဲ့ နယ်ထားလိုက်။
        ဘရိုကိုလီကို သေးသေးစိတ်ပြီး ရေဆေးစစ်ထားး
        ကြက်သွန်ဖြူမိတ်ကို ရှည်ရှည်လေးတွေ လှီးပြီး ထားး
        ကော်မှုန့် ကျဲကျဲဖျော်ထားး
        ကြက်သွန်ဖြူ၊ ဂျင်း တစ်ပြားရိုက်ပြီး ဆီသတ်၊ သမင်သားထည့်၊
        ရေထွက်လာပြီဆို ဘရိုကိုလီထည့်။
        ကျက်ခါနီးမှ အမြိတ်ထည့်။ ကော်ရည်ထည့်။
        အရသာမြည်းး။ (Easiest Way)
        တောဝက်ကတော့ ဝက်သားချက်သလိုချက်စားလို့ရတယ်တဲ့။
        ~~~~~~~~~~~~~~

        ဆောဒီးး တဂျီးရေ။
        သတင်းစာထဲပေးမဲ့ဟာကို သတင်းစာထဲပါပြီးမှပဲ တင်တော့မယ်။
        ခုတစ်ခေါက်တော့ ခွေးလွှတ်။

        :k:

        • kai

          August 4, 2016 at 2:50 pm

          ဘရိုကိုလီနဲ့ အမဲသားချက်ထားတဲ့ ပုံစံမျိုးပဲ..။
          Chinese ဟင်းလားမသိ.. စားဖူးတယ်..။

          ဝက်သားကို ချဉ်ပေါင်ဝယ်လာသမို့.. အဲဒါနဲ့ ချက်ကြည့်မယ်..။

          ဟိုဈေးကွက်လုတဲ့ ကိုရင်လေးက.. ဗီဒီယိုရိုက်မှာထင်ပါတယ်..။
          မိမိအနေနဲ့ ပြဿနာတော့.. မရှိပါလို့နော..။ :k:

        • မမချွိ

          August 4, 2016 at 2:52 pm

          ကဲကဲ။
          အယ်ဒီတာ ပတနာမရှိဆိုရင်တော့ သဘောပါခညားး
          :k:

    • မမချွိ

      August 4, 2016 at 2:51 pm

      မိုးသူရေ။
      နောက်လ လောက်မှ ယူပါ။
      မမဂျီးက စားစရာပို့(စ) က တဂျီး သတင်းစာ အတွက် ရေးတာမို့။
      သတင်းစာထဲ ပါပြီးမှ ယူသုံးပေးပါနော်။
      :k:

  • စိန်ကြက်ဆင်

    August 4, 2016 at 2:52 pm

    အိမ်း ဒီပုံတော့ မဆိုးဘူး ….
    ဖေ့ဘွတ်မှာ …. မွသဲ တင်ထားတာတော့ …. ကြက်တကောင်လုံး မီးလောင်ထားတဲ့အတိုင်းပဲ ??

    • မမချွိ

      August 4, 2016 at 2:53 pm

      အေးဆို။
      နာက လက်လွန်ပြီး ထားအူးမလို့အေ။
      ကံကောင်းလို့။ အချိန်ပြည့်ပဲ ကောင်းပါတယ်ဆို ထုတ်လိုက်တာ။

      :mrgreen:

  • Foolish Girl

    August 5, 2016 at 4:15 pm

    အာဗင်ရှိဝူး တစ်ခါဘာနည်းရှိသလဲဟင်

    • မမချွိ

      August 8, 2016 at 2:11 pm

      အမလည်း မရှိဘူးး
      အိုးထူကြီးကြီးရှိရင်ရေထည့် အပေါ်က စကာတင်ပြီး ကြက်သားကို တင်လိုက် ပြီးဖုံးပြီး တည် လည်းရတယ်တဲ့။
      မရှိရင် Aluminium Foil ခံပြီး မီးဖိုမှာ ကင်လိုက်။ Grill လုပ်လိုက် ရတယ် အရေခွံ
      မကြွပ်တာပဲရှိမယ်

      :mrgreenn:

      • Foolish Girl

        August 9, 2016 at 2:27 pm

        ဟုတ်ကဲ့ပါ

  • အမြင်က ပတ်တနာ မချိပါဘူး.. စားကောင်းတယ်ဆိုရင် ပြီးတာပဲ..
    စမ်းသပ်တာ ကောင်းတယ်ဆိုရင် အတည်လုပ်ကျွေးတော့နော်.. တီသဲ.. အဟိ

  • black chaw

    August 5, 2016 at 8:13 pm

    အရက်သောက်ရင်း ဝင်ဖတ်သွားတယ်ဗျာ…။
    တကယ်ကောင်းနေတုန်းမို့ သားရေပါကျသွားပါတယ်…။

    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • nozomi

    August 9, 2016 at 8:30 am

    အဲဒီ အဆာပလာတွေရယ်
    ကြက်တကောင်ရယ်
    အာဗန်တစ်လုံးရယ်
    ချက်တတ်တဲ့ ငယ်ငယ်ချောချော ခေး တယောက်ရယ်
    ရ ရင်တော့ လိုချင်မိတယ်

    • မမချွိ

      August 11, 2016 at 11:39 am

      ခေး ငယ်ငယ်ချောချောက ဘယ်ကပါလာတာတုန်း

      👿

Leave a Reply