အမှန်တရား နဲ့ အမှားတစ်ရံ
ဒီနေ့ အားနေလို့ နည်းနည်း ပွါးပါရစေလေ။
အရင်တုန်းကတည်းက ပြောချင်တာမျိုးတွေ ရှိပေမဲ့ …
ချမရေးနိုင်တာရော …
ဆရာလုပ်သလိုဖြစ်မှာရော …
ကိုယ်တိုင်ကလည်း ခုပြောမဲ့ အကြောင်းအရာမျိုး တစ်ချို့တစ်လေကို မလိုက်နာနိုင်သေးတာတွေရော မို့
ကိုယ်တိုင်က ရေးထိုက်လား မရေးထိုက်လား ပြန်ပြန်စဉ်းစားနေရတယ်။
ခုတော့ ရေးပြီလေ။
ဟီးဟီးး
:mrgreenn:
အချက်အလက်တွေက ကိုယ်တိုင် နားလည်သလိုရေးမှာဖြစ်လို့ မှားတာတွေ့ရင် အဖတ်မတော်ရင် ပြောဆို ပြုပြင်ပေးကြပါလို့။
ကျနော် တွေးမိတာနဲ့ ကျင့်သုံးမိတာလေးတွေ အကျဉ်းချုံပြောတာမို့ မပြည့်စုံတာ နားမလည်တာရှိရင်လည်း ကျနော့ကိုသာ နာနာခွင့်လွှတ်ပြီး ဖတ်သွားကြပါလေ။
:k:
ဂလိုဗျ။ ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ နေပြီ လူတောထဲ ရောက်ပြီဆိုတာနဲ့ ကိုယ့်အပြောအဆို အပြုအမူတွေထဲက..
(ဒါမှမဟုတ်)
သူတပါးရဲ့ အပြုအမူ အပြောအဆိုတွေထဲကနေ အမှား နဲ့အမှန်ကို ဆန်းစစ်ရပြီ ရွေးချယ်ရပြီ ။
အဲဒီမှာတင် ….
ဥပဒေ (LAW) တို့
ကျင့်ဝတ် (Ethics) တို့
ဘာသာရေး (Religion) တို့
ကိုယ်ပိုင်အတွေးအခေါ် အပြုအမူပိုင်း (Morality) တို့
စည်းကမ်း (Principle) တို့ ဆိုတာတွေနဲ့ ပတ်သက်ရပြီရယ်။
အဲ တစ်ချို့နေရာတွေမှာ အပိုရှိတာက ထုံးတမ်းတို့ ဓလေ့တို့ အစဉ်အလာတို့ (Tradition/Conservation/Superstation) ဆိုတာတွေက ရှိနေပြန်ရော။
(ဪ လူဖြစ်ရတဲ့ ဒုက္ခ)
:k:
ဥပဒေ ကတော့ ရှင်းတယ်။ နိုင်ငံ တစ်နိုင်ငံမှာ တရားဝင်ပြဌာန်းထားတဲ့ ဥပဒေကို လိုက်နာရုံပဲ။
ဘယ်နိုင်ငံရဲ့ ဥပဒေဖြစ်ဖြစ် အဲဒီနိုင်ငံသားတွေ ကောင်းဖို့ ပြဌာန်းထားတဲ့ ဥပဒေမျိုးလို့ ယေဘူယျလက်ခံလို့ရတဲ့ အတွက် ကျနော့ ကိုယ်ပိုင်စိတ်အရဆို လိုက်နာပေးဖို့ မခဲယဉ်းလှဘူးး
စည်းကမ်း ဆိုတာလည်း ကိုယ်ပါဝင်ပတ်သက်မဲ့ နေရာတစ်နေရာရဲ့ စည်းကမ်းပါ အချက်အလက်တွေကို စောင့်ထိန်းရုံပဲ။
ဥပမာဗျာ။ ကျနော်က မန်းဂဇက်မှာ စာရေးချင်နေရင် တဂျီး ချမှတ်ထားတဲ့ သူ့စည်းကမ်းလေး လိုက်နာရုံပါ့။ မခက်ခဲပါဘူးး။ မရေးချင်တဲ့ နေ့ ကန့်လန့်တိုက်ရုံပဲ။ အဟေးဟေးး
ဘာသာရေး ဆိုတာရောပဲ ကိုယ် ကိုးကွယ်တဲ့ ဘုရား ဟောကြားထားတာရယ် ကိုယ်ယူဆနှလုံးသွင်းထားတဲ့ ဘာသာတရားရဲ့ အဆုံးအမရဲ့ ကောင်းတယ် မကောင်းဘူး အချက်တွေနဲ့ ဆန်းစစ်ဆုံးဖြတ်ရုံပဲ။
ဒီနေရာမှ ဘယ်ဘာသာကောင်းတယ် မကောင်းဘူး ထိုင်ပြောနေတဲ့ ဂွစာတွေကို အရင်ဖယ်ထားကြည့်ရအောင်ဗျာ။ ဘယ် ဘုရားမှတော့ ကိုယ့် တရားကို လိုက်နာသူတွေ မကောင်းရာမကောင်းကြောင်းမဟောခဲ့လောက်ပါဘူး။
တဂျီးပြောသလို ဘယ်တရားက ဘုရားဟောစစ်လည်းမစစ်လည်း အရင်မငြင်းခင် ကိုယ့် စိတ်လေးနဲ့ကို အရင် ဆန်းစစ်ပြီးမှ လိုက်နာကြပေါ့။ ဘုရားဟောဆိုတာကို မျက်စိမှိတ် မယုံချင်သူတွေအတွက် ဥပမာပြောတာ။ ဘုရားက အရက်မသောက်ခိုင်းပေမဲ့ ဥပဒေမှာ အရက်မသောက်ရလို့တော့ ကန့်သတ်မထားဘူး ဆိုရင် ငရဲဆိုတာ နောက်မှ သောက်ချင်တဲ့သူက သောက်မှာပဲရယ်။ တားမရ။
အဲ! အမူးလွန်ပြီး ရမ်းကားတာတို့ ဟိုတိုက်ခိုက် ဒီဖျက်စီး ဆိုရင်တော့ ဥပဒေ ဆိုတဲ့ နီးရာဒါး နဲ့ တွေ့လိမ့်မပေါ့။ ဆိုတော့ကာ ကျနော် ကိုယ်တိုင်လည်း ဘာသာတရားက ဆုံးမထားမှုတွေ အပေါ်မှာ ချွင်းချက်နဲ့ လိုက်နာတတ်တယ်လို့ ပြောချင်တာပါ။ ဟီးးး
ကျင့်ဝတ် မှာလည်း ဆက်နွှယ်တဲ့ နယ်ပယ် တွေကွဲပြားပေမဲ့ နယ်ပယ်တိုင်း လိုက်နာရမဲ့ ကျင့်ဝတ်လေးတွေ ရှိတတ်ကြတာပဲ။
မြန်မာလို နီတိခေါ်ဦးမလားမသိ။ ငယ်တုန်းက သင်ဖူးတဲ့ ဆရာ့ဝတ်၊ တပည့်ဝတ် ဆိုတာမျိုးတွေပေါ့။
ကိုယ် ရောက်နေတဲ့ နေရာ အနေအထားလေး အပေါ် မူတည်ပြီး လူတွေသတ်မှတ်ထားတဲ့ ကျင့်ဝတ်ဆိုတာလေး နဲ့ ညှိနေဖို့ကလည်း မခက်သလို ဥပဒေမဲ့ မဟုတ်မချင်း ကျင့်ဝတ်ဆိုတဲ့အရာကို ဖောက်ဖျက်ဖို့ကလည်း လွယ်သဗျ။
ငရဲ နဲ့ ခြောက်ထားတာမျိုးမဟုတ်သလို ဥပဒေနဲ့ ပြဌာန်းထားတာမျိုးလည်း မဟုတ်တာမို့ ကျင့်ဝတ်ဆိုတာတွေက အဖောက်ဖျက်ခံရဆုံးလိုဖြစ်နေတာ။
ကျနော့ အမြင်ဆိုရင်တော့ ကျင့်ဝတ်ကို ထိန်းသိမ်းဖို့ လိုက်နာဖို့ဆိုတာ တစ်ဦးချင်းစီရဲ့ ရင့်ကျက်မှုရယ်၊ ပညာအရည်အချင်းရယ်၊ ကိုယ်ပိုင်အတွေးအခေါ်ရယ်ပေါ်မူတည်ပြီး အခြေအနေနဲ့ ကျင့်ဝတ်ကို ဘယ်လောက်ထိညှိနိုင်မလဲဆိုတာကွဲပြားသွားမှာပဲ။
ရှေးထုံးတမ်း၊ ဓလေ့၊ ရိုးရာ၊ ယဉ်ကျေးမှု ဆိုတာတော့ အနီးဆုံးကျနော်တို့ နိုင်ငံမှာသာကြည့်ဗျ။ နည်းတာမဟုတ်။
ဒီ အပိုင်းမှာကျ ကိုယ်နဲ့ အနီးကပ်ဆုံး အနီးစပ်ဆုံး ဝါကြီး အသက်ကြီးတဲ့ သူတွေရဲ့ ဆုံးမမှုအပိုင်းတွေ အများဆုံးပါဝင်တာပေါ့လေ။
ဥပမာ- ကိုယ်မှားမှားမှန်မှန် လူကြီးပြောရင် ပြန်မပြောရဘူးတို့၊ ထမင်းဝိုင်းမှာ အသက်ကြီးသူကို အရင် ဦးချရမယ်တို့၊ လူကြီးရှေ့လမ်းလျှောက်ရင် ခေါင်းငုံ့လျှောက်ရမယ်တို့၊
ထမင်းစားရင် တပြတ်ပြတ်မည်တာမကောင်းဘူးတို့၊ ဟင်းချိုသောက်ရင် တရှူးရှူးမမြည်သင့်ဘူးတို့တို့
ပစ္စည်းတစ်ခုခုပေးရင် လက်၂ဖက်နဲ့ပေးရတယ်တို့စသည်ဖြင့်ပေါ့ဗျာ။
လိုက်နာဖို့ ကောင်းတာတွေ အများကြီးပါသလို နိုင်ငံတကာမှာကျ ဘောင်မဝင်တဲ့ အရာတွေလည်း အများကြီးပေါ့။
လုပ်ကောင်းတယ် မလုပ်ကောင်းဘူးကနေ စ လိုက်တာမှာ အဲဒီ အရာတွေနဲ့ ချိန်ထိုးပီး လူကောင်း လူဆိုးတွေပါ ခွဲခြားကြတာ ခက်တာရယ်။
ခွဲခြားတဲ့လူတွေက ဘယ်လောက်မှန်နိုင်လည်းသာ မသိတာ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို တစ်ယောက် အဲဒီ အစဉ်အလာဆိုတာတွေနဲ့ ချိန်ထိုးပြီး Judgement လုပ်ပစ်ဖို့ သိပ်လွယ်ကူလွန်းတယ်။
ပစ်ပယ်လို့လည်းမရသလို ကျနော်အဖောက်ဖျက်မိဆုံးကိစ္စတွေမို့ ဒါတွေနဲ့ ယှဉ်တဲ့ အမှားအမှန်အကြောင်း အကျယ်ချဲ့ မပြောချင်တော့ပါဘူးးနော့။
ကျင့်ဝတ်မှာ ပြောခဲ့တဲ့ဟာလေးနဲ့ ပြန်ဆက်ရရင် Morality ပိုင်းမှာပေါ့…
အမှားအမှန်ပေါ်မှာ ကိုယ်ပိုင်ချမှတ်ထားတဲ့ အကျင့်၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ညာဏ်ရည်ကျတော့ ..
ကြီးပြင်းဖြတ်သန်းရတဲ့ အနေအထားရယ် …
သင်ယူထားရတဲ့ပညာရေးရယ် …
ပင်ကိုယ်သိစိတ်ရယ်ပေါ်မှာ မူတည်တာမျိုးလို့ လက်ခံထားတယ်။
ဥပမာဗျာ။
ချိန်းထားတဲ့ ကိစ္စတစ်ခုမှာ နောက်ကျမိရင် ဖုန်းလေး တကောလောက် ကြိုဆက်တောင်းပန်ဖို့ဆိုတာ ဥပဒေ အနေနဲ့ မပြဌာန်းထားဘူး၊ ဘာသာရေး အဆုံးအမထဲလည်း မပါဘူး၊ မိတ်ဆွေကျင့်ဝတ်ထဲလည်း မသင်ခဲ့ရဘူး၊ ရှေးထုံးတမ်း ဓလေ့ ရိုးရာယဉ်ကျေးမှုလည်းမဟုတ်၊ ဒါဟာ ချမှတ်ထားတဲ့ စည်းကမ်းလည်းမဟုတ်ပေမဲ့၊
ဖုန်းဆက်ပြီး ဆက်ဆက်စောင့်နေပေးဖို့ တောင်းပန်တာမျိုးကျ ကိုယ်ပိုင်တွေးခေါ်ထားတဲ့ လုပ်သင့်တယ် ဆိုတဲ့ အရာမျိုးကို ဆိုလိုချင်တာပါ။
နောက်ပြီး ချစ်ခင်သူအချင်းချင်းကြား အခြေအနေတစ်ခု တင်းမာတာလေးမြင်တာနဲ့ သူတို့ချင်းကွေကွင်းအောင် ကြားဝင် အဆင်းဘီးမတပ်ရဘူးဆိုတာမျိုးး၊
ကိုယ်နဲ့ ပုံစံ အတွေးအခေါ်မတူတာနဲ့ ရန်သူသတ်မှတ်ပြီး ကွယ်ရာ သောက်ဖောင်း မထုသင့်ဆိုတာမျိုးး စသည်ဖြင့်ပေါ့လေ။
ဒါမျိုးတွေကျ ဘယ် အချက်နဲ့ အလက်နဲ့မှ မှားတယ် မှန်တယ် ပြဌာန်းချမှတ်ထားတာမျိုးမဟုတ်ပေမဲ့ တစ်ဦးချင်းရဲ့ Morality နဲ့ပဲ သက်ဆိုင်တော့တာမျိုးပေါ့။
တဆက်တည်းမှာ ကျနော် စိတ်ထဲက အတွေးတစ်ချို့ ပွင့်ပွင့်လင်းလင်းပြောရရင် ဟိုး အရင်တစ်ချိန်က ဆရာတော်တွေ ဆိုဆုံးမတဲ့ စာအုပ်တွေ ထွက်လာချိန် လူကြိုက်များချိန်ကတည်းက တွေးဖူးတာလေးပါ။
နိဗာန်ရောက်ကြောင်း ဟောရမဲ့ သံဃာတော်တွေက ..
ဆရာ ဆရာမတွေ မိဘတွေ လူကြီးသူမတွေ အချင်းချင်းလက်ဆင့်ကမ်းသင်ကြားရမဲ့ ကျင့်ဝတ်တွေ စိတ်ထားတွေ အတွေးအခေါ်တွေကို ကိုယ်စား လူလိုပြော တွေးပြီး ဆုံးမနေရတာ သာသနာအတွက် နာတယ်လို့ တွေးတာ။ တွေးရင်းနဲ့လည်း ဆုံးမမဲ့သူရှိတာ တော်ဦးမလားပဲ ဆိုပြီး ကြိုးစား စိတ်ဖြေနေရပြန်ရော။
ခု အခြေအနေတွေကကျ လူတွေဖိုမ ကိစ္စအထိပါ ပါပြီး ပိုဆိုးနေသဗျ။
ပြောချင်စိတ်ကုန်လို့ ဒီ စကား ဒီမှာတင် ရပ်ပါဦးမယ်။
ကိုယ့်ကိုယ်ကိုယ် နဲ့ ယှဉ် စဉ်းစားပြန်တော့လည်း “ငါ့ အသက်နဲ့ ငါ မှန်တယ် ထင်တာ ထင်ရာစိုင်းနေတာ .. ငါ့ထက် အသက်အငယ်မျိုးဆက်တွေ အနေမှန်ဖို့ကျ ငါ ဘယ်လို ဆုံးမ နိုင်ပါ့မလဲ” တွေးမိပြန်ရော။
ဒါတောင် ကိုယ့်ကိုယ်ကိုယ် Morality ပိုင်းမှာ လက်ခံထားမှုတွေက ရိုးရာဓလေ့ထုံးတမ်းတွေကလွဲရင် ကျန်တဲ့ အပိုင်း တွေမှာ ဘောင်ထဲက ရှိ နေတယ်လို့ မှတ်ကျောက်အတင်ခံနိုင်သေးတယ်။
ဒီ ခေတ် ကလေးတွေနေထိုင်ပုံရယ် လူကြီးဘယ်လိုဖြစ်လာမလဲရယ် သူတို့ ဆိုဆုံးမရမဲ့ မျိုးဆက်တွေကို သွားသွားတွေးမိရင် ဆုတ်ကပ် ဆိုတာပဲ ပြေးပြေး သတိရတာပဲ။
ကဲပါလေ။
အာ့ဒါတွေက နောက်မှ ဆိုပြီးပဲ အတွေးကို ဖြတ်။
ကိုယ့် အမှား ကိုကို .. ကိုယ့် အမှန်တရား ကိုကို .. ကိုယ့်ဟာကိုယ် ဆန်းစစ်နေတာပဲ အေးပါတယ်။
ဘာလုပ်ချင်ချင် ဘာပဲတွေးတွေး ဘာပဲပြောပြော၊
ဒါဟာ
၁) ဥပဒေဖောက်ဖျက်ရမဲ့အရာလား (Yes/No)
၂) ကိုယ့်အလုပ်ရဲ့ ကျင့်ဝတ်နဲ့ ညိလား (Yes/No)
၃) ကိုယ်နေတဲ့ နေရာရဲ့ စည်းကမ်းကို ကျော်မိမလား (Yes/No)
၄) တရားနည်းလမ်းကျရဲ့လား (Yes/No)
၅) ကိုယ့် ကိုယ်ပိုင် ခံယူချက်/စည်းမျဉ်းကရော ဘာလဲ (…………)
ဒီလိုနဲ့…………………………………………………………
ကျန်တဲ့သက်တမ်းမှာ နေလို့ဖြစ်မယ် မျှော်လင့်ရတာပဲ။
:k:
23 comments
လုံမလေးမွန်မွန်
June 6, 2017 at 2:33 pm
လောလောဆယ် ဖတ်ဖြစ်တဲ့ ဆရာမောင်သာချိုရဲ့ စာအုပ်ထဲက စကားလေးအတိုင်းပဲ
ဥပဒေနဲ့ အရေးယူလို့မရတဲ့ မကောင်းမှု တဲ့..
လူ့လောကထဲမှာနေပြီး လူမပီသတဲ့သူတွေ အများကြီး… သူများအားနည်းချက်လေးကို နင်းလိုက်မယ်ဟဲ့.. လှောင်လိုက်မယ်ဟဲ့.. ငါပိုက်ဆံပေးထားတာ ဘာဖြစ်သေးလဲဟဲ့.. ဆိုတာတွေ အများကြီး..
အဲဒီစာအုပ်ထဲက ဆောင်းပါးလေးတွေ Copy/Paste နဲ့ တင်ပါဦးမယ်လေ 🙂
ဇီဇီ
June 6, 2017 at 2:48 pm
တခြားလူကို အရမ်းမှားနေတယ်လို့ ပြောရအောင်
မကောင်းဘူးလို့ ပြောနိုင်အောင်
ကိုယ်တိုင် ဘယ်လောက်မှန်လည်း ဘယ်လောက်ကောင်းနိုင်လည်း ဆိုတာမျိုး အရင် ဆန်းစစ်သင့်တယ်ရယ်။
အဒေါ်တစ်ယောက်ပြောဖူးတယ်။
မကောင်းမှုလို့ လူတိုင်းသတ်မှတ်ထားတဲ့ အရာကို မလုပ်ရုံနဲ့ လူကောင်းလို့ သတ်မှတ်လို့မရသေးဘူးဆိုတာမျိုးး
မမဂျီးတော့ သူများကို ပြောချင်စိတ်ပေါက်လာရင် ဟိုစကားကိုပဲ အမြဲတွေးတယ်။
Tortoises don’t laugh Turtles တဲ့..!!
???
အတူတူ အနူနူချင်းကို မဟားးနဲ့ ဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ…!!!
တစ်ချို့ ရှိတယ်.!!
သူများလုပ်တာကို ကဲ့ရဲ့ပြီးး ကိုယ်က ရှောင်နိုင်လားဆိုတော့ ကိုယ်လည်း လိုက်လုပ်တာပဲ ဆိုတဲ့သူမျိုးက များးလာပြီ..!!
??
သူများလုပ်လည်းး မကဲ့ရဲ့နဲ့..!! ကိုယ် ကဲ့ရဲ့ဖူးတဲ့ အလုပ်ကို ကိုယ်တိုင်လိုက်လုပ်ရမှာလည်း ရှက်တတ်တာကောင်းးပေမပေါ့ နော့..!! ???
ဘဝမယ် ကိုယ်လုပ်ချင်တာလုပ် ကိုယ်ဖြစ်ကိုယ်ခံပဲ.. ကိုယ်တိုင်လည်း Perfect မဟုတ်လို့ ဘယ်သူ့မှလည်း Perfect မဟုတ်ဘူးလို့ စကားကြီး စကားကျယ် သုံးပြီးး
နောက်ပြီး သူများကို ပြောချင်ရင် ကိုယ့်ကိုပြောရင်လည်း ခံနိုင်ရည်ရှိအောင် ကြိုးစားထားတယ်။
ဟီးဟီးး
:k:
aye.kk
June 6, 2017 at 3:35 pm
ခင်ဇော်ရေ ့
အန်တီကတော့
ှုဗုဒ္ဓရဲ ့အဆုံးအမအတိုင်း
လိုက်နာကျင့်သုံးနေထိုင်ကြတဲ့
ဘူတန်နိုင်ငံရဲ ့စည်းကမ်းဥပဒေတွေကို
အနှစ်သက်ဆုံးလို ့ပဲ ပြောပြချင်မိပါတယ်။
အန်တီအနှစ်သက်ဆုံးစကား
အကြိုက်ဆုံးစကားလေးရှိတယ်
အန်တီဝင်တဲ့ရိပ်သာမှာ
ဆရာတော်ကိုယ်တိုင်နွေရာသီကျောင်းပိတ်ရက်မှာ
ရိပ်သာလာဝင်တဲ ့ကလေးငယ်တွေကို
လိုက်နာကျင့်သုံးစေတဲ့စကားတစ်ခွန်းပါ။
အဲဒီစကားတခွန်းက
ဘဝမှာ အသက်ရှင်သန်နေထိုင်စဉ်ကာလပတ်လုံး
သူတစ်ပါးကိုမကဲ့ရဲ ့မိစေဖို ့ပါပဲ။
ကျန်တာတွေမပြောတော့ပါဘူးနော်။
ဇီဇီ
June 6, 2017 at 3:45 pm
တီအေးရေ။
ကျေးဇူးတင်ပါတယ်။
ကျနော်တို့က ဝိနည်းလွတ် သတိလွတ် အမှားလေးတွေ ကျူးလွန်တာများတတ်တယ်။
ဥပမာက နည်းနည်းပေးလိုက်လို့ပါ။
မပေးဖြစ်တဲ့ ဥပမာတွေအများကြီးကျန်သေးတယ်ရယ်။
:chit:
weiwei
June 6, 2017 at 4:06 pm
ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာတွေကို ဆန်းစစ်ရတာ မျက်လှည့်ကြည့်ရသလို မျက်စိလည်လွန်းလို့.. လူတိုင်းကို အမှန်ပဲ ပေးထားလိုက်တာကြာပြီ ..
ဇီဇီ
June 6, 2017 at 4:13 pm
ကျနော် သိသလောက် မွဝေ ဆီမယ် ကောင်းတဲ့ တစ်ချက်က သူများကိစ္စကို လိုတာထက်ပို စိတ်မဝင်စား၊ မစပ်စု၊ မသိချင်၊ အတင်းမပြော တတ်တာပဲ။
မှားတယ် မှန်တယ် ဆိုတာ ဒီလူ နဲ့ ဒီလူ အမှားထဲက လူအချင်းချင်း မပြောစကောင်းလို့ မပြောတော့ပါဘူးး။
ဟီးဟီးး
ကိုယ့် အမှန်တရား အတွက် ကွကိုယ် ဘယ်လို ဆန်းစစ်တတ်လည်း တွေးမိတာလေးချရေးထားတာပါ။
:chit:
weiwei
June 7, 2017 at 10:26 am
လူတိုင်း အမှားနဲ့ မကင်းကြဘူးဆိုတော့လဲ …
မှားနေတာကို မှားမှန်းသိတဲ့သူက အတော်ဆုံးပဲ ဖြစ်မှာပါ ..
အရင်ကကျော်စွာဦးကြီးမိုက်
June 6, 2017 at 4:17 pm
လူဆိုတာကောင်းတာကိုချည်းမလုပ်ဘူး၊ မကောင်းတာကိုချည်းဘဲလည်းမလုပ်ဘူးတဲ့
သူမလုပ်မဖြစ်တာကိုသာလုပ်ပါတယ်တဲ့…အဲ့အလုပ်ကိုမှတစ်ခြားလူတွေက ကောင်းမကောင်းသတ်မှတ်ကြတာတဲ့
ဤကား (ကျုပ်အာဘော်မဟုတ်)…စိတ္တရလေခါ၏အဘိဓမ္မာတည်း 😛
ဇီဇီ
June 6, 2017 at 4:22 pm
ကြွေပြီ မိုက်မိုက်ရေ။
အဲဒီ အတိုင်းပါပဲ။
ဒါပေမဲ့ ကျနော်ကတော့ ကျနော့ကို ဘလိုင်းကြီး Judge လုပ်တတ်တဲ့သူရဲ့ ကိုယ်ပိုင်အမှန်တရားအတွေးအခေါ် ဘယ်လောက်ရှိလဲ ဆိုတာကို ပြန်ပြန်တွက်မိနေသေးး
ဒုက္ခ။
:k:
ကျော်လွင်ဖြိုး
June 6, 2017 at 5:02 pm
ဒီခေတ် မှာ ဥပဒေ ပဲ ရှိတယ် ဂျီးဒေါ်
ကျင့်ဝတ် တွေ ငရဲ တွေ နားမလည်တော့ဘူး။
ကိုယ့် ပြန်လုပ်လို့ မရသရွေ့ ဆော်မှာပဲ။ 😛 😛 😛 😛
ဇီဇီ
June 6, 2017 at 8:14 pm
ငိုဖီယေ!
😥
သင့်အေးရိပ်
June 6, 2017 at 6:04 pm
ဘဝနေနည်း ကိုယ်တိုင်ကိုက အနုပညာ လို့တောင်
တွေးမိနေတဲ့အချိန်မှာ ဖတ်လိုက်ရတဲ့ပိုစ့်။
အသက်တစ်ရက် ကြီးလာလေလေ ဘဝနေနည်းနဲ့
ပတ်သက်ပြီး ပိုတွေးတောမိလာလေလေပါပဲ။
မစဉ်းစားမဆင်ခြင်ပဲ ဖြစ်ကတတ်ဆန်း ဖြတ်သန်းတတ်တဲ့ ခပ်ညံ့ညံ့ထဲတော့ ကျနော်တို့ မမဂျီးတို့ မပါဘူးလို့ ထင်တာပဲ။
အခုနောက်ပိုင်း ကိုယ်ရည်သွေးချင်စိတ်လေး နည်းနည်း ကဲနေတယ်။
:k:
ဇီဇီ
June 6, 2017 at 8:13 pm
ကန်ရာသီ တွေက…
ကိုယ်ရည်သွေးသဟဲ့!
ကွကိုယ် အထင်ကြီးသဟဲ့!
ယုံကြည်မှုလွန်ကဲသဟဲ့!
:k:
နာ့ ကို သာ ကြည့်ဒေါ့! ဟိ!
Swal Taw Ywet
June 7, 2017 at 2:21 am
မိမိကိုယ်ကို ကောင်းအောင် ကျိုးစားမည်။
မိမိအမျိုးကို ကောင်းအောင် ကြိုးစားမည်။
မိမိတိုင်းပြည်အတွက် ကောင်းအောင် ကျိုးစားမည်။ ဒဲ့။
ဆိုခဲ့ ဆိုနေ ကြတာ။
Don’t make a mistake twice တဲ့။
မမှားအောင် နေရတာ အင်မတန် ခက်သာကလားးးး။
With respect,
Swal Taw Ywet.
ဇီဇီ
June 12, 2017 at 12:29 pm
မမှားအောင်မနေတတ်လို့ဗျ။
ကိုယ့်လုပ်ရပ်တိုင်းကိုပဲ နောက်မှ အထက်ပါအချက်တွေနဲ့ ချိန်ထိုးနေရတယ်။
:mrgreenn:
kai
June 7, 2017 at 1:44 pm
ဤဒွန္တယာကြီးထဲ…
လူသားတွေဆက်ဆံရေးမှာ… ဘာသာရေးကို(သာ)ဘေးဖယ်လိုက်.. စစ်ပွဲတွေလည်းလျှော့နည်း.. စိတ်ဓာတ်တွေလည်း.. တော်တော်ကောင်းသွားလိမ့်မယ်… လို့..။ 🙂
ဇီဇီ
June 12, 2017 at 12:31 pm
နိတိ လောက်တောင် မသိပဲ မကျေပဲ ဘာသာရေးဖြုတ်ရင်
အတွေးအခေါ်ဘာသာရပ်မထွန်းကားပဲ ဘာသာရေးဖြုတ်ရင်
ရမလားး
🙄
Shar Thet Man
June 7, 2017 at 2:14 pm
အနာဂတ်ကို ခုခေတ်ကလေးတွေနဲ ့သွားဖို့ကတော့ ရင်လေးမိပါတယ်
surmi
June 8, 2017 at 9:44 pm
အမှားတစ်ထောင် အမှန်တစ်ခု ဆိုလားးး
ဟုတ်ကဲ့ . . ကျနော်ကအမြဲမှားနေတဲ့သူပါ
အမှားတွေများလွန်းလို့ မှန်နေရင်တောင် မနေတတ်မထိုင်တတ် . .
ဇီဇီ
June 12, 2017 at 12:28 pm
မှားနေမှကို အမှန်အကန်အူးဆာမိ ဖစ်ပေတော့သကိုး
:k:
Kaung Kin Pyar
June 12, 2017 at 11:01 am
အက်သစ်တွေ အက်တီကျု့တွေဆွာ.. ဆင်းရဲတဲ့နိုင်ငံတွေမှာ.. မဝရေစာလောက်ပဲ ရှိတာပါ မမဂျီးရယ်…
ဇီဇီ
June 12, 2017 at 12:27 pm
အာ့လည်း အမှန်ပဲရယ်။
ဆိုတော့ကာ အမှားအမှန်ဆွာလည်း ပိုက်ဆံပေါ် မူတည်သလို ဖစ်နေပြန်ရောလေ စမီးရေ
😥
Kaung Kin Pyar
June 12, 2017 at 1:17 pm
ပြန်ကြည့်ပြန်တော့လဲ သယံဇာတပေါတဲ့နိုင်ငံ ဆင်းရဲတယ်ဆိုတာ Top Management ၆သုံးမကျလို့ပါပဲ မမဂျီးရယ်…။ အာဏာရှိတဲ့သူများ ဆိုးတော့လဲ တိုင်းပြည်ကို ပျက်ရောပဲ…။ ထမင်းအိုးထဲ ဆန်မရှိတော့ Ethic တွေဘာတွေ ပြန်မကြည့်နိုင်ကြတော့ဘူးပေါ့…
အဘတွေ ကျန်းမာကြပါဇီ.. ချမ်းသာကြပါဇီ