အိမ်တွင်းအလှဆင် အပင်လေးများ – Go Green

ဇီဇီAugust 30, 20187min9807

ခုတလော ရောဂါထနေတာတော့…

အိမ်တွင်းစိုက်ပျိုးလို့ရတဲ့…

စိုက်သင့်တဲ့…

စိုက်နိုင်တဲ့ အပင်တွေ ပေါ့လေ။ ရောဂါလေးစကတည်းက ရှာဖွေမှတ်သား စမ်းသပ်ထားတာလေးတွေ ရောဂါငြိမ်မသွားခင် ရေးပါရစေလားးး

😛

အိမ်တွင်း

အိပ်ခန်းတွင်း ရေချိုးခန်းတွင်း

မီးဖိုခန်တွင်း ထားလို့ရတာ အများကြီးရှိတာမို့ ဖတ်သူတွေ အဆင်ပြေအောင် စဉ်ကြည့်တဲ့အခါ …

နာဆာက မှတ်ချက်ပြုထားတဲ့ အပင်တွေ ကို စာရင်း စဉ်ရင်း သိမှတ်ဖွယ်ရာတွေ ရေးသွားတာ ကောင်းမယ်လို့ တွေးမိတယ်။

စပြီ။

၁၉၈ဝ နှစ်များဆီက နာဆာက space station တွေ အတွက် လေထုကို သန့်ရှင်း သန့်စင်စေတဲ့ အပင်များအကြောင်း စတင်လေ့လာခဲ့ပါတယ်။

 

၁) Aloe Vera

 

မြန်မာလို ရှားစောင်းလက်ပတ် ပင်ပေါ့နော်။ မှတ်မိနေသေးတာတော့ ကိုယ် ၄/၅ တန်းတုန်းက နယ်မှာ ကျောင်းသွားရင် ရှားစောင်းလက်ပတ်ပင်တွေဆိုတာ တောထနေအောင် ပေါတာ။

အဲဒီတုန်းက ခုလို ရှားစောင်းပင်က ဘယ်လောက် အသုံးဝင်တာမသိကြသေးဘူးး

ရှေးနည်းအတိုင်း ဝမ်းနှုတ်ဆေး ချက်ဆေး ချက်တာလောက် သိကြတာရယ်။

ခုများတော့ ရှားစောင်းလက်ပတ်အသုံးဝင်ပုံရေးဆို စာအုပ် တစ်အုပ် ဖြစ်မှာမို့ စာအုပ်ကိုပဲ ညွှန်းပါရစေ။

မောင်မောင်လှိုင် (အပ်စိုက်ကု) ရေးတဲ့ အံ့ဖွယ်ဆေးစွမ်းထက်တဲ့ ရှားစောင်းလက်ပတ် သတ္ထုရည် ဆိုတဲ့ စာအုပ်သာ ရှာဖတ်ပါ။

အိမ်မှာ ရှားစောင်းလက်ပတ် ပင် အနည်းဆုံး (၁) ပင်ဖြစ်ဖြစ်စိုက်ဖြစ်ပါလိမ့်မယ်။

နာဆာ အပြောကတော့

စိုက်ရလွယ်

ရှင်သန်လွယ်

အိမ်သုတ်ဆေးနဲ့ တခြားဓာတုသန့်စင်ပစ္စည်းတွေမှာ တွေ့ရတဲ့ အဆိပ်အတောက် (benzene) တွေကို စင်ကြယ်စေပါသတဲ့။

.

.

.

 

၂) Peace Lily

 

 

မြန်မာလို ဘာပန်းခေါ်မလဲ မသိ။ (ရှင်သီဝလိ ဂမုန်းပင် ပါတဲ့။)

နာဆာ အလိုအရ လေထုကို ၆၀% ထိ ပိုကောင်းအောင် စွမ်းဆောင်နိုင်တဲ့ အပင်ဆိုပဲ။

ရေချိုးခန်းမှာထားဖို့လည်း သင့်တော်ပါတယ်တဲ့။

လေထုနဲ့ပတ်ဝန်းကျင်က မှို တို့ အန္တရာယ်ရှိတဲ့ ရေခိုးရေငွေ့တို့ကို ကို အရွက်ကနေ အမြစ်အထိ အပင်အတွက် စားသုံးနိုင်ခြင်းနဲ့ လေထုကို သန့်စင်ပေးပါသတဲ့။

.

.

.

 

၃) Spider Plant

 

မြန်မာလို ခပ်တည်တည်ပဲ ဘာသာပြန်ရမယ်။

ပင့်ကူပင်။ ဟိ။

စလုံးမှာတော့ တိုက်ခန်းအောက်ဘက် လမ်းမဘေးတွေမှာ အများကြီးကို စိုက်ထားတတ်တဲ့ အပင်တွေပါ။

မျိုးကွဲများစွာရှိပါတယ်။

အိမ်တွင်း အပင်အနေနဲ့ ဆိုရင် ရှင်သန်လွယ်တဲ့ အပင်မျိုးဖြစ်ပါသတဲ့။

၂ ရက်အတွင်း အိမ်တွင်းက လေထုကို ၉ဝ ရာခိုင်နှုန်းအထိ သန့်စင်ပေးနိုင်ပါတယ်တဲ့။

အရွက်တွေက လေထုထဲက ယားယံဓာတ်မတည့် ဖြစ်နိုင်တဲ့ မှိုနဲ့ ဖုံအမှုန့်စတာတွေကို စုပ်ယူနိုင်လို့ ဖုံ အလာဂျီရှိသူများအတွက် သင့်တော်ပါတယ်တဲ့။

.

.

.

 

၄) English Ivy

 

ဘိလပ်ရုပ်ရှင်တွေမှာဆို သစ်သား ဝရန်တာလေးမှာ တွဲလောင်းချ အိုးလေးတွေနဲ့ စိုက်ထားတဲ့ အပင်မျိုးလေးတွေပေါ့။

သူက သစ်သားနဲ့ ပရိဘောဂတွေမှာ ကောဇော တွေ သန့်စင်တဲ့ ဆေးတွေမှာ ပါတဲ့ အဆိပ်အတောက်ဓာတ်ကို ဖယ်နိုင်ပါတယ်တဲ့။

ရေချိုးခန်းမှာ ထားဖို့လည်း သင့်တော်သလို စာကြည့်စားပွဲမှာ ထားရင်တောင် ကိုယ့်ရဲ့ အာရုံစူးစိုက်မှု ပိုအားကောင်းစေမယ် ဆိုပဲ။

.

.

.

 

၅) Boston Fern

 

 

ငါးရိုးပင်လို့ ခေါ်တာမျိုးပဲ။ အရိုင်းမျိုးတွေများ ရှမ်းပြည်သွားတဲ့ လမ်း တစ်လျှောက် ပေါမှပေါ။ (ဍ ရင်ကောက်ပင်လို့လည်း ခေါ်သတဲ့။)

အိမ်မှာ ပန်းအိုးထိုးမယ် ဆို သွားသွားချိုးရတာ။ အလှပန်းအိုး ထိုးတဲ့နေရာမှာ မပါမဖြစ်ပေါ့။

Fern မျိုးက အများကြီးပါ။

အသေးမျိုးတွေကိုတော့ အိမ်တွင်းအပင်အဖြစ်နဲ့ ရေချိုးခန်းမှာ အလှထားလို့ ရပါသတဲ့။

အိမ်မှာ စိုက်ထားမယ်ဆိုရင်ဖြင့် လေထုထဲမှာ ရေငွေ့ထိမ်းသိမ်းနိုင်စွမ်းမြင့်မားပြီး အသားအရေခြောက်သူတွေ တခြား အအေးကြောင့် ခံစားရတဲ့ ဝေဒနာတွေ လျော့ပါးစေပါတယ်တဲ့။

နေရောင်တိုက်ရိုက်၊ ရေနဲ့ စိုစွတ်မှု မျှတမှုကို ကြိုက်ပါတယ်။

.

.

.

 

၆) Heart Leaf Philodendron

 

မြန်မာလို ရွှေလာ ငွေလာ ဂမုန်း ခေါ်သလားပဲ။ စလုံးမှာတော့ မန်းနီးပလန့် လို့ ခေါ်တယ်။

သူ့မျိုးကွဲကလည်း အများကြီးရယ်။

နွယ်မျိုး။

ကိုယ် စစိုက်ဖူးတာ ဒီ အပင်ပဲ။ မြေကြီးမလိုဘူး။ ပန်းစိုက်ဂျယ်လီနဲ့လည်း ရတယ်။

ရေနဲ့ စိမ်လည်း အမြစ်ထွက်ပြီး လန်းနေတာပဲ။

အပင်ကိုယ်တိုင်ကတော့ စားမိရင် အဆိပ်အတောက်ဖြစ်လို့ ကလေးငယ်ရှိရင်တော့ ဝေးရာမှာထားပါတယ်။

ကိုယ့်လို ဘာရွက်မြင်မြင် ငပိရည်နဲ့ တို့ချင်သူနဲ့လည်း ဝေးရာမှာ ထားပါပေါ့။ ဟေးဟေးဟေး။

😛

သစ်သား အပိုင်းအစတွေ ကြိတ်သားပြားတွေမှာ တွေ့ရတဲ့ အဆိပ်အတောက်တွေကို တော့ ဖယ်ရှားနိုင်ပါတယ်တဲ့။

ရုံးမှာရော အိမ်မှာရော ထားတယ်။

.

.

.

 

၇) African Violets

 

မြန်မာလို ဘာခေါ်တုန်းတော့မသိ။ (လိပ်ပြာ နှင်းဆီ တို့ မီးကွင်းဂမုန်း တို့ ခေါ်တယ်လို့လည်း ပြောတယ်။)

ကိုယ်ကတော့ ပန်းရောင်စုံမြင် သရက်ထည်ပန်းခေါ်ပစ်တာ။

အပင်သေးမျိုး စိုက်ရလွယ်ပါသတဲ့။

အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမှာထားပါတဲ့။

ပန်းပွင့်လေးကို ငေးကြည့်ရုံနဲ့တင် စိတ်ဖိစီးမှုလျော့ပြီး ဦးနှောက်ကို အောက်စီဂျင် စီးဆင်းတာ မြန်စေတယ် ဆိုလား ဘာလားး

.

.

.

 

၈) Chinese Evergreen

 

ဘာပင်ခေါ်တုန်းမသိ။ ရွှေလာ ငွေလာလိုမျိုးကို အရွက်ပိုကြီးတယ်။

တရုတ်ကားတွေထဲ အိမ်တိုင်တွေမှာ ဖက်တက်နေတဲ့ အပင်အဖြစ်မြင်ဖူးတယ်။

ဘယ်ရီလို အနီသီး သေးသေးလေးတွေ သီးသတဲ့။

အိမ်မှာ ထားရင် ထားတာ ကြာတာနဲ့ အမျှ အိမ်တွင်း လေထုကို သန့်စင်ပေးနိုင်နှုန်း မြင့်မြင့်လာသတဲ့။

.

.

.

 

၉) Chrysanthemum

 

 

ဟုတ်ကဲ့။ ဒါကတော့ သိကြမှာပါ။

ဂန္ဓမာပါ။။

အိမ်သုတ်ဆေး၊ ပလတ်စတစ်အသုံးအဆောင် စတာတွေမှာ တွေ့ရတတ်တဲ့ အဆိပ်အတောက်တွေကို လေထုထဲက ဖယ်ရှားနိုင်ပါသတဲ့။

နေရောင်ကြိုက်တဲ့ အပင်မျိုးဖြစ်ပါတယ်တဲ့။

.

.

.

 

၁၀) Eucalyptus

 

ယူကလစ်မျိုးတွေပါ။

သိမှတ်ဖွယ်ရာ တစ်ချို့သူတွေက ယူကလစ်ပင်ဟာ မြေအောက်ရေကို စုပ်ယူခမ်းခြောက်စေတာမို့ ယူကလစ်အပင်ကြီးကို မစိုက်ဖို့ ဖတ်ဖူးပါတယ်။

စိတ်မပူပါနဲ့။

ဒါ အပင်အသေးမျိုးပါ။

အပင်ကရတဲ့ အနံ့အသက်က လူ့ ကိုယ့်ခန္ဒာအတွက် ကောင်းမျိုးပေးပြီး အအေးမိခြင်းကနေ ကာကွယ်နိုင်ပါတယ်တဲ့။

ဒါတွေကတော့ နာဆာ က မှတ်ချက်ပြုထားတဲ့ ၁ဝ မျိုးပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အရပ်ပြော ပြောကြတဲ့ အပင်လေးတွေ အကြောင်း သွားရအောင်။

.

.

၁) Dragon Tree

 

 

အရပ်အခေါ် ဘာခေါ်လဲ မသိ။ ပေပင်နဲ့ တူတယ်။

တစ်ချို့ က သစ်မင်း ဆိုလားပဲ!

အပင်ကြီးမျိုးကို ခြံထဲစိုက်စိုက် အပင်သေးမျိုးကို အိမ်ထဲ စိုက်စိုက် ကောင်းပါသတဲ့။

.

.

.

၂) Gerbera Daisy

 

ဒေစီပင်ပေါက်လေးတွေပါ။

ညဘက်အခါ အောက်စီဂျင်ကို လွှတ်တာမို့ အိပ်ခန်းမှာထားဖို့ သင့်တော်ပါတယ်တဲ့။

.

.

.

 

၃) Snake Plant

 

မြွေ ပင်တဲ့။ မစိုက်ရဲ စရာ။

မြန်မာလို နဂါးစက် ဂမုန်း တဲ့။

နောက် နာမည် တစ်မျိုးသိရင် ပိုတောင် မစိုက်ရဲဦးမယ်။

Mother-in-law’s tongue တဲ့။ ဘာသာတောင် မပြန်ရဲပါဘူးဆို။

နာမည်သာဆိုးတာပါ။

လေထုသန့်စင်အပင်မို့လို့ ဧည့်ခန်း နဲ့ မီးဖိုချောင် အတွက် သင့်တော်ပါသတဲ့။

အပင်ရဲ့ အာဟာရက လောင်စာကျွမ်းရာကရတာမို့ ထင်းမီးဖိုရှိတဲ့ အခန်းတွေမှာ ထားသင့်ပါတယ်တဲ့။

.

.

.

 

၄) Areca Palm

 

မြန်မာလို တောထန်း လို့ ခေါ်တာထင်တယ်။ တောထန်း = တန်းထော ဆိုပြီး စိုက်ကြတာ ကြားဖူးတာပဲ။

ရုံးခန်းတွေအတွက် သင့်တော်ပါသတဲ့။

အုန်းပွါးပင်ပါတဲ့ ခင်မျာ။

.

.

.

 

၅) Baby Rubber Plant

 

ရာဘာပင်ပေါ့။ ရာဘာထွက်တဲ့ အပင်နဲ့ တူတူပဲလားမသိဘူး။

မြန်မာလို လင်းလွန်းပင် (ညမွှေးပန်း အကြီးမျိုး ပွင့်တဲ့ အပင်) နဲ့ရော တူတယ်ထင်တယ်။

အပင်ကနေ အောက်စီဂျင်ထုတ်တာမို့ အိမ်တွင်း အပင်အမျိုးအစားအနေနဲ့ သင့်တော်ပါတယ်တဲ့။

.

.

.

 

၆) Moth Orchid

 

အလွယ်ခေါ်ရင် မြေစိုက်သစ်ခွပင်ပေါ့။

လေထုသန့်စင်ရေးမှာ အရေးပါတဲ့ အပင်ဖြစ်ပေမဲ့လည်း တခြား အိမ်တွင်းအပင်တွေထက် ဂရုစိုက် ယုယရပါတယ်တဲ့။

.

.

.

 

၇) Succulents & Cacti

Miniature succulent plants

 

 

မြန်မာလို ရွက်ကျပင်ပေါက်မျိုးနဲ့ ကန္တာရပင်မျိုးလေးတွေပါ။

ဘယ်လိုစိုက်စိုက်ရှင်တဲ့ အပင်မျိုးတွေ ဖြစ်ပြီး သိပ်အကြမ်းခံပါတယ်။

မျိုးစပ်တွေ အများကြီးရှိတာမို့ ပုံစံအမျိုးမျိုးနဲ့ အိမ်တွင်းစိုက် အပင်တွေထဲ လူသိများ လူကြိုက်များပါတယ်။

လေထုသန့်စင်စေတဲ့ အပြင် အပင်ကထိန်းသိမ်းထားတဲ့ ရေဓာတ်နဲ့ ရေငွေ့ကြောင့် အသားအရည်ခြောက်သွေ့ခြင်းကို ကာကွယ်ပြီး လေထုခြောက်သွေ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တခြား အလှဆင် အိမ်တွင်းအပင်တွေ အနေနဲ့ပြောရမယ်ဆိုရင်

.

.

 

၁) Laceleaf

 

မြန်မာ အခေါ် လက်ထပ်ပန်းခေါ်လား ပိန်းပန်းခေါ်မလားပဲ။

မျက်စိပသာဒရှိသလို သိပ်လည်း မယုယရတာမို့ စိုက်ဖို့ အားပေးတယ်။

.

.

.

 

၂) Rosemallows

 

မြန်မာလိုတော့ ခေါင်ရမ်းပန်းအမျိုးအစားပါ။

အကြမ်းခံသလို အပွင့်က ရောင်စုံရှိတာမို့ ရွေးချယ်ပြီး စိုက်လို့ကောင်းပါတယ်။

.

.

.

 

၃) Crown-of-Thorns

 

 

နောက် အခေါ် တစ်ခုက ကစ်မီကွစ် အပင်ပါ။

ဆူးများလို့ မကြိုက်သူရှိပေမဲ့ သူ့ ပန်းပွင့် အရောင်လေးတွေက စိတ်ဝင်စားစရာမို့ စိုက်သူတွေလည်း အများကြီးပါ။

.

.

.

 

၄) Desert Rose

 

မြန်မာ အခေါ် မလေးရှား စကား ခေါ်တယ်မဟုတ်လား။ တစ်ခါပွင့်ရင် ၁၂ ပွင့်လား ပွင့်ရင် ချမ်းသာတယ်တို့ ဘာတို့လေ။

အပင်သေး (ဘွန်ဇိုင်း) ဆိုရင် အိမ်တွင်းမှာလည်း ထားကြပါတယ်။

.

.

.

 

၅)  Fittonia

 

 

မြန်မာလိုဘယ်လိုခေါ်တယ် မသိပေမဲ့ အဲ့ဒီ အရွက်လေးတွေကို ချစ်လို့ စမ်းစိုက်မိရာက အင်မတန် အကြမ်းခံ အပင်ပေါက်မြန်တယ်ဆိုတာ သိလိုက်ရပါတယ်။

တစ်ချို့ လက်ဆောင်ပစ္စည်းဆိုင်တွေမှာ terrarium ဖန်အိုးလို အလုံးလေးထဲ ရောင်စုံကျောက်လေးတွေနဲ့ စိုက်တဲ့ အပင်လေးတွေပါ။

တစ်အိုးထဲမှာ အရွက်ရောင်စုံရအောင်ရှာစိုက်နိုင်ရင် ပိုလှမှာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖတ်ထားသလောက် ဒီမှာ လာစုထားတာ။

မှားတဲ့ဟာတွေ ပြင်ပေးကြဦးနော်။

ကိုယ်ပိုင် ဓာတ်ပုံ သုံးချင်သော်လည်း အိမ်မှာ မစုံသေးတဲ့ အတွက်ကြောင့် ဂူးဂဲ မှ ယူထားပါတယ်။

All the photos credit to Original Uploaders

~~~~~~~~~~~~~~~~~~~~~~~

ကဲကဲ။
ခုဟာကတော့ အကြွားပို့(စ) ပါ။
ဟိ။
အိမ်က ကလေးတွေ ကို ကြွားပါရဇီ။
ကလေးတွေမယ် ကောင်းကောင်းမနေရ ဟိုအိုးကနေ ဒီ အိုးပြောင်း နေရာပြောင်းး လုပ်နေတာ။
ဟီးဟီးး

 

 

 

 

 

 

အိမ်က မန်းနီးပလန့် ရေစိမ်ထားရုံပဲ။

 

ရုံးက မန်းနီးပလန့်
မြေကြီးနဲ့ စိုက်ထားတာ။

7 comments

  • Shar Thet Man

    September 1, 2018 at 9:32 am

    ချစ်စရာကောင်းပါတယ်

  • ko six

    September 2, 2018 at 5:35 pm

    မိုက်တယ်

  • Thint Aye Yeik

    September 5, 2018 at 12:01 pm

    ကန္တာရပင်မျိုးလေးတွေ စိုက်ကြည့်အုန်းမယ်။

  • aye.kk

    September 26, 2018 at 12:31 pm

    ဇီဇီရေ

    အခုလိုရှာရှာဖွေဖွေတင်ပေးတာ
    ကျေးဇူးပါနော်။
    ကုမုဒြာလည်းအိမ်နံရံမှာကပ်စိုက်လို ့ရတဲ့အပင်မို ့။
    အကျိုး,အပြစ်သိရကောင်းမယ်နော်။

  • manawphyulay

    September 26, 2018 at 4:49 pm

    အခုလောလောဆယ်တော့ ရွှေလာငွေလာလို့ခေါ်တဲ့အပင်တော့ ရုံးစားပွဲပေါ်ထားထားတယ်။ တစ်နေ့ တစ်နေ့ ဒီပင်ရဲ့ အမြစ်ထွက်လာတာကို ကြည့်လို့ကို မဆုံးဘုး။
    အပင်စိုက်တာ ဝါသနာပါပေမယ့် ခုထိတော့ ထိထိရောက်ရောက် မစိုက်ဖြစ်သေးဘူး။

  • kai

    June 2, 2021 at 4:55 am

    FB မှာပြောနေတာနဲ့….

Leave a Reply