တူညီသောဆန္ဒ

မစုဥာဏ္October 8, 20141min015
ဆောင်းဦးကာလ (နယူးယောက်)
ဆောင်းဦးကာလ (နယူးယောက်)

အမေရိကန်ပြည်ထောင်စုရဲ ့ ဆောင်းဦးကာလ ကို ရောက်လာတဲ့အခါ မူလက တပင်လုံးစိမ်းစိုနေတဲ့ သစ်ရွက်တွေက အဝါရောင်၊ အနီရောင်၊ ပန်းရောင် စသဖြင့် အရောင် အမျိုးမျိုးပြောင်းလို ့လာတယ်။ သဘာဝ ရောင်စုံပန်းချီကားချပ် တစ်ချပ် ကြည့်ရသလို လှနေတဲ့ အပင်တွေ ကို မြင်တော့ အမေ့ ကို သတိရ မိတယ်။

ရှမ်းပြည်မှာ သစ်ရွက်ဆိုရင် အစိမ်းရောင်လို ့ သာ မြင်ထားဖူးတဲ့ အမေက နယူးယောက်မှာ ဆောင်းဦးရောက်ရင် အရွက်တွေ အရောင်ပြောင်းတယ်လို ့ ကြားတော့ တအံ့တဩဖြစ်လို ့ နေခဲ့တယ်လေ။ အရွက်ရောင်စုံတွေကို မြင်ဖူးချင်ပေမယ့် ရှမ်းပြည်ကို ကြာကြာမခွဲနိုင်တဲ့ အမေက နယူးယောက် ရဲ ့ ဆောင်းဦးအလှကို စောင့်မကြည့်နိုင်ပဲ ပြန်သွားခဲ့ပါတယ်။

အသက် ၇ဝ နားနီးနေတဲ့ အမေဟာ ရှမ်းပြည်က ရွာလေးတစ်ရွာမှာ ပဲ ကြီးပြင်းခဲ့ပြီး၊ ရပ်ဝေးခရီးဆိုရင် ရန်ကုန်ကို တောင် သိပ်မရောက်ဖြစ်ခဲ့တာမို ့၊ ကျွန်မရှိတဲ့ နယူးရောက်ကို အလည်လာရတဲ့အခါ သူ ့ရဲ ့ အမေရိကခရီးစဉ်ဟာ အံ့ဩစရာတွေ နဲ ့ပြည့်လို ့နေခဲ့ပါတယ်။

နယူးရောက်ကို စစခြင်း ရောက်တဲ့ ညမှာ အမေက “သမီး ဧည့်စာရင်း သွားမတိုင်ဘူးလား”တဲ့။ အမေရိကမှာ  ဧည့်စာရင်းတိုင်ဖို ့မလိုဘူး လို ့ပြောပြပေမယ့် အစအနောက်သန်တဲ့ ကျွန်မပြောတာကို  အမေက ချက်ခြင်း မယုံခဲ့ပါဘူး။ ဧည့်စာရင်း တကယ်မတိုင်ရဘူးဆိုတာ လက်ခံသွားတဲ့ အချိန်က စပြီး  အမေဟာ သူတစ်သက်လုံး နားလည် လိုက်နာလာခဲ့တဲ့ မြန်မာပြည်က စနစ်နဲ ့ မတူတဲ့ ဒီမိုကရေစီစနစ် ကို  တအံ့တဩနဲ ့  စူးစမ်းပါတော့တယ်။

ဒီမိုကရေစနစ် ဆိုတာ လူတွေ ထင်တိုင်းကြဲပြီး လွတ်လွတ် လပ်လပ်နေနိုင်တဲ့စနစ်လို ့ပဲ နားလည်ထားခဲ့တဲ့ အမေက နယူးယောက် ရဲ ့ည၊ လမ်းမတွေပေါ်မှာ အရက်မူးပြီး အော်ဟစ်သောင်းကျန်းနေသူတွေ (မြန်မာပြည်မှာလို) ကိုမတွေ ့ ရတော့ လဲ အံ့ဩတာပါပဲ။ လမ်းမတွေပေါ်မှာ ဘီယာသောက်ရင် အဖမ်းခံရမှာ မို ့လူတွေက အိမ်ထဲ၊ ဆိုင်ထဲမှာ ပဲ သောက်ကြတဲ့ အကြောင်း တကယ်တမ်းတော့ လွတ်လပ်စွာနေထိုင်တယ် ဆိုတဲ့နေရာမှာ တခြားသူတွေရဲ ့ အခွင့်အရေးကို မထိခိုက်ရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ထားတယ် ဆိုတဲ့ အကြောင်းတွေ ရှင်းပြတော့ အမေက ဒီမိုကရေစီစနစ်ကို တော်တော်သဘောကျသွားခဲ့ပါတယ်။

 

***********************************************************************************

အမေရောက်ပြီး နောက်တနေ ့မှာ နယူးယောက်မြို ့လယ်က Times square ကို ကျွန်မလိုက်ပို ့ ပါတယ်။

အမေ့ကို ဓာတ်ပုံရိုက်ပေးဖို ့ အလုပ်မှာ မြင်းစီးပြီး လုံခြုံရေးကင်း လှည် ့နေတဲ့ ရဲတစ်ယောက် က အမေ့ကို လှမ်းခေါ်ပါတယ်။ စစ်သားတွေ ရဲတွေဆိုတာ ကြောက်စရာလူတွေလို ့သာ မြင်တတ်တဲ ့  တိုင်းရင်းသူပီပီ အမေက သူ ့ ကို ဖမ်းတော့မယ်ထင်ပြီး ပြေးပါတော့တယ်။ အမှန်တော့ ရဲက သူနဲ ့ ဓာတ်ပုံ တွဲရိုက်ဖို ့ခေါ်တာပါ။

အမေ အကြောက်လွန်သွားတဲ့ ပုံက ရီစရာကောင်းလှ ပေမယ့် ကျွန်မ မရီ ရက်ခဲ့ပါဘူး။ ရဲက မြင်းပေါ်က ဆင်းပြီး အမေ့ကို ရင်းရင်းနှီးနှီးနဲ ့ဓာတ်ပုံ တွဲရိုက်တော့ အမေက “အမေရိက က ရဲတွေ က သဘောကောင်းကြတယ်နော်” တဲ့။ အဲဒီလို အမေက ခပ်ရိုးရိုးလေးတွေးပြီး  ပြောသွားပေမယ့် ကျွန်မအတွက် အတွေးတွေ များခဲ့ရတဲ့ အဖြစ်အပျက်တွေ က ပြောမကုန်ပါဘူး။

ဥပမာ အမေရိကန်သမ္မတအိုဘားမားနေတဲ ့ အိမ်ဖြူတော်အနီးကို အမေ့ကို အလည်ခေါ်သွားတုန်းက “သမီးရယ် အိုဘားမားက ဒီအိမ်မှာ တကယ်နေတာဖြစ်နိုင်ပါ ့မလား” လို ့မေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်လို နိုင်ငံသေးသေးမှာတောင် သမ္မတဘယ်မှာ နေတယ်ဆိုတာ ထိပ်တန်းလျို ့ဝှက် ချက်အနေနဲ ့ ထားရတဲ့ ကိစP၊  လုံခြုံရေးတင်းကြပ်ထားရတဲ့ဟာ။ အခုလို ကမာ႓ ကျော်သမ္မတ တစ်ယောက်အိမ်ကို အမေရိကန်ပြည်သူတွေရော နိုင်ငံခြားသားခရီးသွားတွေရော အိမ်နဲ ့ ခပ်နီးနီးအထိ ပေးလာပြီး ဓာတ်ပုံတွေ အရိုက်ခံတော့ သမ္မတက တကယ်မနေလို ့ နေမှာပေါ ့တဲ့။ ကျွန်မအဖြေရကျပ်သွားခဲ့ပါတယ်။

ကျွန်မတို ့အိမ်ဖြူတော်နား ဓာတ်ပုံရိုက်နေတုန်းမှာ တိုက်တိုက်ဆိုင်ဆိုင် စစ်ဝါဒီဆန် ့ကျင်သူတစ်စု ရောက်လာပြီး အိုဘားမားကို မကျေနပ်တဲ့ အကြောင်း ဆန္ဒလာပြကြပါတယ်။ကြွေးကြော်သံတွေနဲ ့ အော်ဟစ်သူတွေ၊ ဆိုင်းဘုတ် ကိုင်ထားပြီး အော်ဟစ်နေသူတွေကို အိမ်ဖြူတော်နားစောင့် နေတဲ့ ရဲတွေက ဘာမှ မလုပ်ပဲနေတဲ့ မြင်ကွင်းက အမေ့ အတွက်တော့ ရင်သပ်ရှုမောနဲ ့ မမေ့နိုင် စရာမြင်ကွင်းပါတဲ့။

ဆန္ဒပြသူနဲ ့ အိမ်ဖြူတော်ကို နောက်ခံထားပြီး အမေ ့ကို ဓာတ်ပုံရိုက်ပေး လိုက်ပေမယ့် အမေက အဲဒီပုံကို မြန်မာပြည်ယူသွားရင် သူပါဆန္ဒပြနေတယ်ထင်ပြီး အပြစ်ကျ ခံရမှာစိုးလို ့ ကြောက်တယ်ဆိုပြီး ထားခဲ့ပါတယ်။ ဪ အမေ..အမေ။

***********************************************************************************

သုံးလတာ ကာလအတွင်းမှာ အမေဟာ အမေရိက ရဲ ့သမိုင်းဝင်နေရာ တော်တော်များများကို လည်ပတ်ခဲ့ရပြီး အမေရိကန်ရဲ  ့သမိုင်း၊ နိုင်ငံသားတိုင်းရပိုင်ခွင့်၊ လူ ့ အခွင့်အရေးစသဖြင့်တွေကို  ခပ်ရေးရေး တီးမိခေါက်မိသွားခဲ့ပါတယ်။
နယူးယောက်ရဲ  ့ မြို ့တော်ဝန် က သာမာန်ပြည်သူတွေလို ပဲ မြို ့ပတ်ရထားစီးပြီး ရုံးတက်တာ တို ့၊ ကိုယ်လက်မသန်စွမ်းတဲ့ သူတွေ ကို တခြားသူတွေနဲ ့ တန်းတူ အခွင့်အရေးပေးတာတို ့၊ အသက် ၆၅နှစ်နဲ ့အထက် လူကြီးတွေ အတွက် အစိုးရ က ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ စနစ်ကျင့်သုံးတာတို ့စတာတွေကိုလဲ အမေက ချီးကျူးသွားပါတယ်။

ရေဒီယိုသတင်းတွေမှာ ရှမ်းပြည်နယ်နဲ ့ ကချင်ပြည်နယ် အတွင်း တိုက်ပွဲတွေ ဖြစ်ပြီး တိုင်းရင်းသားတွေသေကြ၊ ထွက်ပြေးကြရတာတွေကို ကြားတော့ အမေက” အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ ့ နေရတဲ့ ဘဝကို လိုချင်လှပါပြီ” တဲ့။ ခေတ်ပညာတတ်ကြီး မဟုတ်တဲ့ ဒီမိုကရေစီ ဆိုတာ ဘာမှန်းအသေချာ နားမလည်တဲ့ တိုင်းရင်းသူတစ်ဦးရဲ ့ရိုးရှင်းတဲ့ ဆန္ဒပါ။ အမေရေ အစိုးရသစ်လက်ထက်မှာ ပြောင်းလဲမှုတွေ လုပ်လာနေပြီ။ နယူးယောက်က အရွက်တွေ ရောင်စုံပြောင်းတာ အမေ မမြင်သွားရပေမယ့် ပြည်တွင်းမှာ ဒီမိုကရေစီရတာကို တော့ အမေမြင်ရတော့ မယ်နဲ ့တူတယ်။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ ့ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဒေါ်စုက အသက်ကြီးကြီး အမယ်အိုတစ်ဦးကို “ဒီမိုကရေစီ ဘာလို ့လိုချင်သလဲ” လို ့မေးတော့ အမယ်အိုက “အကြောက်တရားကင်းကင်းနဲ ့ နေချင်လို ့ပါ”လို ့ ဖြေသတဲ့။
ကျွန်မတို ့လူသားတွေ အားလုံးဟာ နေထိုင်စားသောက်ပုံခြင်း ကွဲရင်ကွဲမယ်၊ ဘာသာစကားနဲ ့ ယုံကြည်မှုတွေ ကွဲရင်ကွဲမယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ ့ လူ ့အခွင့်အရေး အပြည့်အဝနေရတဲ့ ဘဝကို လိုချင်တာခြင်း တူကြပါတယ်။ နိုင်ထက်စီးနင်း ဆက်ဆံခံရတဲ့ ဘဝ၊ မတရား ဖိနှိပ်ချုပ်ချယ်တာကို မခံချင်ကြတာခြင်းလဲ တူကြပါတယ်။ မွေးရာပါ လူ ့ အခွင့်အရေးကို ရယူလိုတဲ့ တူညီသောဆန္ဒ တွေပါ။

 

(လွန်ခဲ့တဲ့ ၂ နှစ်ခန် ့က ရေးထားတဲ့ မှတ်စုလေး ကို ဒီမှာ ပြန်တင်လိုက်တာပါ)

မစုဉာဏ်

 

About မစုဥာဏ်

မစု ဥာဏ် has written 10 post in this Website..

15 comments

  • မွစပဲရိုး

    October 8, 2014 at 10:40 pm

    မစုဉာဏ် ရယ် အရေးကောင်းလိုက်တာ။
    အမေ့ ရဲ့ ပုံလေး ကို မျက်စိထဲ မှာ ပေါ်နေရော။
    ဘာလို့လဲ မသိဘူး။
    တိုင်းရင်းသား တွေကို ချစ်တယ်။

    ပုံထဲ အရွက်တွေ ဝါ နေတာ လှ လိုက်တာ။
    မကြာဘူး။ ကြွေတော့ မယ်ထင်ရဲ့ နော်။
    စာရေးကောင်းသူတစ်ယောက် တိုးလာတာ အရမ်းဝမ်းသာမိတယ်။

    တရားဥပဒေနဲ့အကာအကွယ်ပေးထားခံရတာကို နှစ်သက်သူတိုင်း က တော့ ဒီမိုကရေစီ အစစ် ကို လိုချင်ကြတာပါဘဲ။
    တရားဥပဒေ ကို အိတ်ထဲ ထည့်ချင်သူတွေ ကတော့ ဘယ်လိုချင်ပါ့မလဲ။

  • ကေဇီ

    October 9, 2014 at 5:35 am

    Love this post.
    Bravo, sis.
    :chit:

  • ဝင့်ပြုံးမြင့်

    October 9, 2014 at 7:30 am

    လူသစ်လား မသိဘူးနော်။ ကြိုဆိုပါတယ်။ စာကလည်း ဖတ်လို့ကောင်းတယ်။ ပြည်ပဗဟုသုတ ရယ် ဒီမိုရဲ့ အနှစ်ရယ်။ ရွာထဲမှာ ကြာကြာနဲ့ ပျော်ပျော်နေဖို့ ဖိတ်ခေါ်ပါတယ် ညီမရေ။

  • kyeemite

    October 9, 2014 at 9:25 am

    .ဗရာဗိုပါဗျာ…တကယ့်ဒီမိုကရေစီဆိုတာဘာလဲလို့ လက်တွေ့မျက်တွေ့မသိသေးသူ ကျုပ်တို့အတွက်
    .အင်မတန်အသိအမြင်တိုးစေတဲ့ပို့စ်လေးပါ
    .မြန်မာပြည်မတော့ တယ်မထူးလှသေး :p:

  • အလင်းဆက်

    October 9, 2014 at 10:35 am

    ငြိမ်းချမ်းရေးဆိုတာ..တိုက်ယူရတဲ့အရာ..
    ဂွစ်ဂွစ်စ်

    :k:

  • ကေဇီ

    October 9, 2014 at 11:22 am

    ဒီ ပို့(စ) ကို တကယ်ကြိုက်တယ်။
    ဇာတ်လမ်း အသွားထဲကို ပေးချင်တဲ့ မက်ဆေ့(ချ) ထည့်သွားတာ တကယ် သပ်ရပ်တယ်။
    ရသ စာ အရသာလည်း ပျောက်မသွားဘူးး
    ရှယ်ပြီနော်။

    :)

  • aye.kk

    October 9, 2014 at 1:11 pm

    အ​ကြောက်​တရားလည်​း ကင်​းပါ​စေ
    ​အေးချမ်​းမှုအပြည်​့အဝ ခံစားစံစားနိုင်ပါ​စေ
    လို့ဆုမွန်​​တောင်​း​ချွေရင်​း အား​ပေးဖတ်​ရှုသွားပါတယ်​ မစုဉာဏ်​
    ​​ရေ ကျမတို့တိုင်​းပြည်​ကြီးအတွက်​ပါ။

  • kai

    October 9, 2014 at 2:02 pm

    အဲလိုညွှန်းညွှန်းပြောပြီး.. တိုင်းပြည်၂ခုကို.. ယှဉ်ရေးသွားတာလေးလှတယ်…။
    ဒီမိုကရေစီအခွင့်အရေးအများဆုံးနဲ့.. အနည်းဆုံးနိုင်ငံ၂ခုပေါ့..
    အဲလိုနဲ့..ဖြေးဖြေးချင်းတန်းညီလာနိုင်ကောင်းရဲ့.. လို့..။ :k:

  • manawphyulay

    October 9, 2014 at 3:01 pm

    မတူကွဲပြားတာတွေ ရေးပြ ထောက်ပြရမယ်ဆိုရင် တစ်ပုံကြီးပါပဲ။
    မြန်မာပြည်ကတော့ နယူးယောက်မပြောနဲ့ ခုမှ ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့တောင် ယှဉ်စရာမလိုအောင် သိသိသာသာကွဲပြားခြားနားတာ လူတိုင်း သိပါတယ်။

    ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ နေ မြန်မာပြည်မှာ ကြီးလို့လားတော့မသိဘူး။ ခုထိ နေတတ်နေပါသေးတယ်။

    မစုဉာဏ်တို့ကတော့ ဟိုမှာ အနေကြာလာရင် မြန်မာပြည်ကို ပြန်လာချင်မှာ မဟုတ်တော့ပါဘူးလေ…

  • Ma Ma

    October 9, 2014 at 8:50 pm

    ကိုယ့်ကိုယ်ကို နွားခြေရာခွက်ထဲက ဖားသူငယ်လေးတွေဖြစ်နေကြောင်း ခုမှပဲသိတော့တယ်။
    အော်………. သနားစရာ သတ္တဝါဆိုတာ ငါတို့ပါလားးးး :'(

  • ခင် ခ

    October 9, 2014 at 11:36 pm

    တန်းညှိတာ ဘယ်တော့များမှ ညီပါစလို့ ဖတ်ပြီးအတွေးပွားသွားပြီ

  • Foreign Resident

    October 10, 2014 at 8:33 am

    မစုဉာဏ် ရဲ့ အမေ ကို Capitol Tour ( US Parliament ) ခေါ်မသွားဘူးလား ။
    အဲဒီတုန်းက သူတို Capitol အကြောင်း ရှင်း ပြတဲ့ VDO လေးရှိတယ် ။
    အရမ်းကောင်းတာဘဲ ၊ ဝယ်ချင်လို့ အဲဒီ Capitol ထဲက ၊
    အမှတ်တရ ပစ္စည်း ရောင်းတဲ့ဆိုင်မှာမေးတာ ၊ မရှိဘူးတဲ့ ။

  • uncle gyi

    November 9, 2014 at 10:50 pm

    ဒီမိုကရေစနစ် ဆိုတာ လူတွေ ထင်တိုင်းကြဲပြီး လွတ်လွတ် လပ်လပ်နေနိုင်တဲ့စနစ်လို ့ပဲ နားလည်ထားခဲ့တဲ့ အမေက နယူးယောက် ရဲ ့ည၊ လမ်းမတွေပေါ်မှာ အရက်မူးပြီး အော်ဟစ်သောင်းကျန်းနေသူတွေ (မြန်မာပြည်မှာလို) ကိုမတွေ ့ ရတော့ လဲ အံ့ဩတာပါပဲ။ လမ်းမတွေပေါ်မှာ ဘီယာသောက်ရင် အဖမ်းခံရမှာ မို ့လူတွေက အိမ်ထဲ၊ ဆိုင်ထဲမှာ ပဲ သောက်ကြတဲ့ အကြောင်း တကယ်တမ်းတော့ လွတ်လပ်စွာနေထိုင်တယ် ဆိုတဲ့နေရာမှာ တခြားသူတွေရဲ ့ အခွင့်အရေးကို မထိခိုက်ရဘူး

    ဒီမိုကရေစီမှာဒီလိုစည်းကမ်းတွေရှိပါတယ်ဆိုတာ
    မြန်မာပြည်သူတွေအားလုံးသိရှိလိုက်နာလာအောင်
    ဘယ်နှယ်နှစ်လောက်များစောင့်ရအုန်းမှာပါလိမ့်
    မစုရေ

  • Shwe Ei

    November 10, 2014 at 1:26 pm

    ဘာသာရေး အကြောင်းပြပြီး ရပ်ကွက်ပေါက်အောင် ဒီဂျေဖွင့်တာ(ဘုရားဆင်းတုလဲ ကားခေါင်းခန်းမှာ တင်ထားသေးရဲ့)
    ညမအိပ်တမ်း စတိတ်ရှိုးဆိုပွဲရီးကျင်းပပီး မူးကျ ရူးကျ ကကျ ခုန်ကျတာ
    ကထိန်ခင်းတယ်ဆိုပီး အက်ဖ်နဲ့ တမျိုး ဘီနဲ့တမျိုး ဆိုနေတဲ့ သီချင်းတွေကို အကြိုက်ဖွင့်တာ
    ဘုရားလှည့်အကြောင်းပြပီး လမ်းပိတ်တာ…တွေရှိနေသရွေ့တော့ ဒီမိုကရေစီ မရသေးဘူးဆိုတာ စဉ်းစားတတ်ကျရင်ဘယ်လောက် ကောင်းမလဲလို့ :P

Leave a Reply

%d bloggers like this: