verylovemanMarch 12, 20151min1477
အမေ……….။ အမေဘယ်မှာလဲအမေ…..? အမေဘယ်သူလဲအမေ…..? အမေက ချောလားဟင်………..? သားကအမေနဲ့တူလားအမေ……?   အမေ့ကို အမေ….လို့ အားရပါးရနဲ့ အကျယ်ကြီး အော်ခေါ်လိုက်ချင်ပါတယ် အမေရယ်။ တခါတလေ အမေ့ကို တမ်းတရင်း သားအားငယ်စိတ်တွေ ဝင်မိတယ်။ ဒါပေမဲ့သားတို့ ဆရာတော်က သဘောကောင်းတယ်အမေရဲ့။ မုန့်တွေလဲဝယ်ကျွေးတယ်။ စာတွေလဲသင်ပေးတယ်။ အားမငယ်ဖို့လဲ အမြဲဆုံးမတယ်။ အမေ.. သားအတွက် ဟိုး…..အဝေးတစ်နေရာကနေ စိတ်ပူမနေနဲ့နော်။ သားဒီမှာနေရတာ အဆင်ပြေပါတယ်အမေ။ သားနဲ့ဘဝတူ သူငယ်ချင်းတွေလဲ အများကြီး ရှိတယ်အမေရဲ့။ တခါတလေ အမေ့ရင်ခွင်ထဲ ခေါင်းလေးဝှက်ပြီး တစ်ညလောက် ဖြစ်ဖြစ်တော့ အိပ်ခွင့်ရချင်တာပေါ့အမေရယ်။ ဒါပေမဲ့ အမေ့ရဲ့ နို့ရည်နံ့သင်းတဲ့ ရင်ခွင်ထဲမှာ သားအိပ်စက်ခွင့် မရခဲ့ပေမဲ့ ဆရာတော်ရဲ့ သင်္ကင်္န်းနံ့ကြားမှာ သားပျော်အောင် အိပ်တတ်နေပါပြီအမေ…။ ————————&&———————— အဖေ……….။ အဖေဘယ်မှာလဲအဖေ…..? အဖေဘယ်သူလဲအဖေ…..? […]


မစုဥာဏ္October 8, 20141min33615
အမေရိကန်ပြည်ထောင်စုရဲ ့ ဆောင်းဦးကာလ ကို ရောက်လာတဲ့အခါ မူလက တပင်လုံးစိမ်းစိုနေတဲ့ သစ်ရွက်တွေက အဝါရောင်၊ အနီရောင်၊ ပန်းရောင် စသဖြင့် အရောင် အမျိုးမျိုးပြောင်းလို ့လာတယ်။ သဘာဝ ရောင်စုံပန်းချီကားချပ် တစ်ချပ် ကြည့်ရသလို လှနေတဲ့ အပင်တွေ ကို မြင်တော့ အမေ့ ကို သတိရ မိတယ်။ ရှမ်းပြည်မှာ သစ်ရွက်ဆိုရင် အစိမ်းရောင်လို ့ သာ မြင်ထားဖူးတဲ့ အမေက နယူးယောက်မှာ ဆောင်းဦးရောက်ရင် အရွက်တွေ အရောင်ပြောင်းတယ်လို ့ ကြားတော့ တအံ့တဩဖြစ်လို ့ နေခဲ့တယ်လေ။ အရွက်ရောင်စုံတွေကို မြင်ဖူးချင်ပေမယ့် ရှမ်းပြည်ကို ကြာကြာမခွဲနိုင်တဲ့ အမေက နယူးယောက် ရဲ ့ ဆောင်းဦးအလှကို စောင့်မကြည့်နိုင်ပဲ ပြန်သွားခဲ့ပါတယ်။ အသက် […]


လွန်ခဲ့တဲ့(၁၅)နှစ်ကျော်ကပေါ့ဗျာ။အမေနဲ ့ကျွန်တော်တို ့ညီအကို(၃)ယောက်နေထိုင်ရာ တဲစုတ်လေးထဲမှာ ရှိုက်သံ အံကြိတ်သံ ဒေါသသံတွေနဲ ့ ကမာ္ဘပျက်နေတယ်ဗျာ။မှတ်မှတ်ရရကျွန်တော် ဆယ်တန်းကို(၃)ဘာသာဂုဏ်ထူးနဲ ့အောင်ပြီးကာစ (၂)နှစ်ကျော်အကြာ မှာပေါ့ဗျာ။အလတ်ကောင် ဟောလစ်ကရှစ်တန်း၊အငယ်ကောင် ငပေါက်က ငါးတန်းပဲရှိသေးတာ။ကျောင်းသားတွေချည်းမို ့ အထင်မကြီး နဲ ့ဗျ။ကျွန်တော်တို ့မိသားစု ဆင်းရဲချက်က ထမင်းတောင်နပ်မမှန်တာ ခဏခဏပဲ။နေတော့တဲစုတ် စားတော့ပဲပြုတ်ပေါ ့။တဲက ခေါင်မိုး မလုံတော့ မိုးရွာရင် မိုးနဲနဲလွတ်တဲ့ တဲထောင့်လေးမှာ သားအမိတတွေ ကုပ်နေရတာကို မိုးရွာတိုင်းသတိရမိတယ်။ အဖေကအငယ်ကောင် တစ်နှစ်သားကတည်းက ဆုံးသွားတာလေ။အမေက အိမ်တကာလည်ပြီး အဝတ်လျှော် သန့်ရှင်ရေးလုပ် စသဖြင့် ရရာအလုပ်ကိုလုပ်ရတာ ညမိုးချုပ်ချိန်မှပြန်လာနိုင်ရှာတယ်။ကျွန်တော်က ဆန်ရှိရင် ထမင်းချက်ပေါ့။ဒါပေမယ့် ဆန်မရှိတာအမြဲလို လိုမို ့အမေ့ကိုအလုပ်ရှင်အိမ်ကပေးလိုက်မယ့် အစားအစာလေးတွေကို မျှော်ရတာပေါ့ဗျာ။အခုမှသတိထားမိတာက အမေပြန်လာတိုင်း အစား ပါလာရင်ကျွန်တော်တို ့ညီအကိုတွေကိုအကုန်ကျွေးပြီးအမေကစားခဲ့ပြီဆိုပြီးရေတခွက်သောက်အိပ်တော့တာပဲ။အမေပင်ပန်းလွန်းလို ့ထင်ပါရဲ့ […]


mamanoyarJuly 11, 20121min29919
ဝင်စပြုနေပြီဖြစ်သည့် နေမင်းကို ကျောခိုင်းပြီး သမီးပြန်အလာကို မျှော်နေမည့် အမေရှိရာ တဲအိုလေးဆီကို ခပ်သွပ်သွပ် လျှောက်လာနေမိသည်။ ရလာသည့် အဝတ်လျှော်ခ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ခါ အမေအစားချင်ဆုံး မုန့်ဟင်းခါးလေး တစ်ပွဲဝယ်ကျွေးချင်မိသည်။ သို့သော်….. သားအမိစားဖို့ မနက်ဖြန်စာ ဆန်မရှိသည့်အဖြစ် .. မုန့်ဟင်းခါးဆိုင်ရှေ့ ဖြတ်အလျှောက် တစ်ခါတစ်လေတော့လည်း မုန့်ဟင်းခါးလေး တစ်ပွဲလောက်တော့ စားချင်မိတယ် ဆိုသည့်  အမေ့မျက်နှာကို မြင်ယောင်မိသော်လည်း…….. မျက်စိမှတ်ဖြတ်လျှောက်ခဲ့ရသည့်အဖြစ်။ ဆန်ဝယ်ဖို့ ဆိုင်ထဲဝင် သားအမိနှစ်ယောက်စာ ဆန်လေးဝယ် တုန်ရီနေသော လက်အစုံက ခပ်နွမ်းနွမ်းပိုက်ဆံလေးတွေအတွက် လုပ်ရသည်နှင့်မကာ အပြောခံလိုက်ရသည်က မိမိဘဝနှစ်ပြားမတန်ဖြစ်ခဲ့ရသည့် အဖြစ်ကိုမျက်ရည်ဝဲမိသည်။ ဖျက်ခနဲသတိအဝင် မိမိခြေလှမ်းတွေ လေးလံနေလို့မဖြစ် ထမင်းဆာ၍ မိမိပြန်အလာ မျှော်နေရှာမည့် အမေ။ ကျန်းမာရေးချုချာသောအမေ့ကို မိမိတတ်နိုင်သောလုပ်အားနှင့် ဆေးများဝယ်တိုက်ခဲ့၍ အခုရက်ပိုင်း အမေ့ကျန်းမာရေး နလန်ထူလာနိုင်ခဲ့ပြီ […]


မေလရဲ့ ဒုတိယပတ်မြောက် တနင်္ဂနွေနေ့ဟာ အမေများနေ့လို့ ဆိုပါတယ် … ဒီ ၂၀၁၂ ခုနှစ်မှာဆိုရင်တော့ မေလ (၁၃) ရက်နေ့ပေါ့နော် .. အဲဒီနေ့ .. အမေများနေ့မှာ … ကျနော့် အမေအတွက် ရည်ရွယ်ပြီး စာတိုလေးတစ်ပိုဒ် ရေးထားတာ ရှိပါတယ် …. အဲဒီ စာတိုလေးကတော့ …. ဟိုး အဝေးကြီးမှာ နေထိုင်တယ် ဒါပေမယ့် ကျနော့်အနား အမြဲရှိနေတတ်တယ် “လူလေး” လို့ ခေါ်တတ်တဲ့ အမေ့ရဲ့ အသံတွေဟာ ကျနော့်ရဲ့ ဘေးနားပတ်လည်မှာ အချိန်တိုင်း ဝဲပျံနေလျက်ပါ အမေ …… အမေ့ကို ချစ်တဲ့ … သား လူလေး _______________________________________________ အောက်က ပုံတွေကတော့ အမေနဲ့ သက်ဆိုင်တဲ့ ပုံတွေပါပဲ […]


thit minOctober 24, 20111min19820
ဝန်ခံချက်။  ။ (Uncle fatty) လေးလေးဖက် စာကိုဖတ်မိရင်းမှ ရေးဖွဲ့မိပါသည်။ အမေ ညညအမေချောင်းခဏခဏဆိုးမိလို့ဒါမှမဟုတ်အိပ်မပျော်တိုင်းထထိုင်နေမိလို့ သားအိပ်ရေးပျက်မှာပူနေသလားအမေ။ ~~သားငယ်ငယ်ကအသံဗြဲကြီးနဲ့အော်အော်ငိုလို့ အမေအိပ်ပျက်ရခဲ့တာတွေကပိုများမှာပါအမေရယ်။ အမေ အစာစားတိုင်းပါးစပ်ကမသိမ်းနိုင်တော့လို့အမေတစုံတရာကိုစိုးရိမ်နေလားအမေ။ ~~သားငယ်ငယ်ကအစာစားတိုင်းပါးစပ်တွေပေကျံနေတာကိုချော့မော့ပြီး ယုယုယယအမေသုတ်ပေးခဲ့ပုံမျိုး အခုသားပြန်လုပ်ပေးမှာပေါ့။ အမေ လမ်းရှောက်ရင်ဟိုယိုင်ဒီယိုင်ဒူးမခိုင်တော့ပေမဲ့ ဟိုသွားဒီသွား သွားချင်နေတယ်မဟုတ်လားအမေ။ ~~သားမတ်တပ်ရပ်တတ်ခါစအမေလက်ကိုအားကိုးတကြီးဆွဲခဲ့တဲ့ဒီလက်တွေနဲ့ အခုသားအမေကိုပြန်တွဲမှာပေါ့အမေရယ်။ အမေ ဘာမှတနေကုန်မလုပ်ဘဲအိပ်လိုက်၊စားလိုက်၊ဘုရားရှိခိုးလိုက်၊ပုတီးစိတ်၊တရားထိုင်လိုက်လုပ်နေရလို့ သားကိုအားမနာနဲ့အမေ။ ~~သားငယ်ငယ်ကလဲဆော့လိုက်၊စားလိုက်၊အိပ်လိုက်လုပ်နေခဲ့တာတောင် အိပ်ရာနိုးရင်အမေက ကောင်းနိုးရာရာမုန့်လေးတွေကြင်ကြင်နာနာကျွေးနေကျမဟုတ်လား။ အခုလဲအမေဘယ်လိုဘဲနေနေအမေ့ကိုဆီဥထောပတ် အမေစားချင်ရာကျွေးဘို့အသင့်ပေါ့အမေရဲ့။ အမေ သားပြောတာအမေကောင်းကောင်း မကြားရင်လဲ နောက်တခါထပ်ပြောမှာပါ။အမေရဲ့ သွားတွေမစုံတော့တဲ့ အမေပါးစပ်ကပြောလာတဲ့မပီတဲ့စကားတွေကိုလဲ သားနားလည်နိုင်စွမ်းရှိပါတယ်အမေ။ ~~သားငယ်ငယ်ကတခုခုမေးရင် ခဏခဏစိတ်ရှည်လက်ရှည် အမေပြောပြပေးခဲ့တယ်လေ။မပီကလာ၊ ပီကလာသားရဲ့စကားသံလေးတွေကိုအမေပြုံးပြီးနားထောင်ပေးခဲ့တယ်မဟုတ်လားအမေ။ အမေ အမေစိတ်အလိုမကျလို့မြည်တွန်တောက်တီးတာ ရှိခဲ့ရင်လဲ ရတယ်နော်အမေ။ ~~အမေ့သားဂျီကျလို့အမေအလိုလိုက်ရတာတွေ သားမှတ်မိတာပေါ့အမေရယ်။ အမေ နောက်ဖေးနောက်ဖီကိစ္စတွေအားနာနေလို့လားအမေ။ ချောင်းဆိုးလို့ထွက်လာတဲ့ ချွဲ့သလိပ်တွေရဲ့ထွေးခံ ကိုသားမကိုင်နဲ့ရွံစရာလို့မပြောပါနဲ့အမေ။ ~~သားငယ်ငယ်ကအမေထမင်းစားနေတုန်း နောက်ဖေးသွားခဲ့တာ အမေ […]


စေနJanuary 23, 20111min1044
from Nine Nine SaNay by နိုင်းနိုင်းစနေ တစ်နေ့မှာ မိခင်(၃)ဦးဟာ စကားလက်ဆုံကျနေခဲ့တယ်။ အဲဒီထဲက မိခင်တစ်ဦးဟာ စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။ “မိသားစုတွေ ရှားရှားပါးပါးစုံတဲ့ နှစ်သစ်မှာလေ အဖေ့အလုပ်ကို အမွေဆက်ခံထားတာ မကြာသေးတဲ့သားက အသစ်စက်စက်ဇနီးနဲ့အတူ အိမ်ပြန်ရောက်လာခဲ့တယ်။ ကျွန်မတို့အားလုံး အိမ်မှာစားစရာတွေ၊ အသားကင်တွေ လုပ်စားကြတယ်။ သားက အသားကင်တွေကို တစ်ကင်ပြီးတစ်ကင် သူ့မိန်းမပန်းကန်ထဲ ပြည့်လုနီးပါး ထည့်ပေးနေခဲ့တယ်။ အမေလုပ်တဲ့ ကျွန်မပန်းကန်မှာတော့ အသားကင်တစ်ကင်မှ ရှိမနေခဲ့ဘူး။ ဒါကို သားမမြင်ခဲ့ဘူး။ ကျွန်မရင်ထဲ ဟာနေတာကို သူဘယ်တော့မှ မမြင်ခဲ့သလိုပေါ့။ လွန်ခဲ့တဲ့ လအနည်းငယ်က ပိုက်ဆံတွေတနင့်တပိုး အကုန်ခံပြီး သူ့ကို ကျွန်မတို့ မင်္ဂလာဆောင်ပေးခဲ့တယ်။ အိမ်အသစ်ဝယ်ပေးခဲ့တယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေ ကျွန်မတို့ တာဝန်ယူခဲ့တယ်။ ဒါတောင် ကျွန်မအတွက် […]


ohalaylayDecember 30, 20101min1201
မေမေ… သိပ်ကိုကျေးဇူးတင်ပါတယ်… ကျွန်တော့်ကို  သတ္တိရှိရှိမွေးထုတ် ရင်ကိုမြေကတုတ်လုပ်ပြီး ဖဝါးနဲ့ ပခုံး လက်နှစ်သစ် လက်နှစ်လုံးကစပြီး.. အရွယ်ရောက်ပြီး လူလားမြောက်တဲ့အထိ ဂရုဏာတွေပေး အကြင်နာအေးအရိပ်နဲ့ ချွေးသိပ်ပေးခဲ့တဲ့ …. မေမေ…. နှိုင်းဆမရ  မေမေ့ မေတ္တာက လိုချင်မှုကင်း နှောင်ကြိုးရှင်းတယ်… မေမေရယ်…. ကျွန်တော်ဟာ. ဒီလောကပေါ်ခြေချနင်းတော့ ပတ်ဝန်းကျင်ကထိုးနှက် ကြင်နာသူကရက်စက် မျက်ရည်တွေ ပိုးစိုးပက်စက်ကျခဲ့ရလည်း.. ညှာတာမှုဆိုတာ အလျှဉ်းမရခဲ့ပါဘူး.. မေမေသာ…. ကျွန်တော်ပြန်လာတိုင်း..ဆီးကြိုလို့ ညစာအတွက် မပျက်မကွက် ပြင်ပေးခဲ့တယ် ယှဉ်စရာရှိလာကာမှ.. မေမေ့မေတ္တာ တန်ဖိုးကြီးမှန်း သိလာတယ်.. သားလေ… တကယ်ရှက်မိပါတယ်.. မေမေနဲ့အတူ.. ၂၄ နာရီပြည့်အောင် မနေခဲ့မိတာ တော်တော်ကြာနေပါပြီလား… မေမေရယ်……. မေမေကသာ သားအတွက်.. အများကြီး ပြင်ဆင်တည်ဆောက်ခဲ့တာပါ.. သားကတော့.. နှလုံးသား ဗိမာန်ကို… တာ့ချ်မဟာလို […]