ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မရုံး (အမိန့်အမှတ်၊ ၁၄/၂၀၁၂) (၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်) ဒုတိယဝန်ကြီးအဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (ခ) တို့အရ အောက်ပါ ဒုတိယဝန်ကြီးများအား မိမိ သဘောဆန္ဒ အလျောက် ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။ (၁) ဦးတင့်လွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (၂) ဦးစိုးအောင် စွမ်းအင်ဝန်ကြီးဌာန (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုမြန်မာနိုင်ငံတော် http://ministryofinformation.gov.mm/index.php?option=com_content&view=article&id=156:2012-06-06-02-55-23&catid=1:local-news&Itemid=58