Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းမထမီအောက်မှ ကျွန်ုပ်ယောက်ကျင်္ား

စေနJanuary 22, 20111min84718

လူ သတ္တဝါတွင် အခြား သတ္တဝါများ အလားတူ ၂ မျိုး ၂ စား ရှိသည်။ လူ ယောက်ကျင်္ား အမျိုးအစား နှင့် လူ မိန်းမ အမျိုးအစား တို့ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ယောက်ကျင်္ား သည်လည်း လူဖြစ်ပြီး မိန်းမ သည်လည်း လူသာပင် ဖြစ်သည်။ လူအချင်းချင်း အတူတူမှာ ဒီအမျိုး အစားက မြင့်မြတ်သည် ဟိုအမျိုး အစားက ယုတ်ညံ့သည် ဟူသည့် အတွေး အခေါ်ကို မိမိ လက်မခံနိုင်ပါ။ ယဉ်ကျေးသူ လူမျိုးများ ကလည်း လက်မခံပါ။

အမျိုးသမီး များကို ဒုတိယ အဆင့် လူတန်းစား များဟု သတ်မှတ်ခြင်း သည်သာ သိက္ခာ မရှိသည့် လူမျိုး များ၏ လုပ်ရပ် အဖြစ် မိမိ ထင်မြင် ယူဆသည်။ အမျိုးသား တစ်ဦးသည် သူလွတ်လပ်ရာ နေထိုင် သွားလာ လုပ်ပိုင်ခွင့် ရှိသကဲ့သို့ အမျိုးသမီး တစ်ဦးသည်လည်း သူလွတ်လပ်ရာ နေထိုင် သွားလာ လုပ်ပိုင်ခွင့် ရှိရစေမည်။ အနောက် နိုင်ငံများတွင်မူ အမျိုးသမီးများကို အရာရာ ဦးစားပေးကြသည်။ အမျိုးသားများသည် အမျိုးသမီးများနှင့် ယှဉ်လာလျှင် အနစ်နာခံကြသည်။ အမျိုးသမီး များအားလည်း ချုပ်ခြယ်မှုများ မလုပ်ကြဘဲ အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေး လုပ်ပိုင်ခွင့်များ ရစေသည်။

ယောက်ကျင်္ားနှင့် မိန်းမဟူ၍ ၂ မျိုး ၂ စားကွဲပြား သကဲ့သို့ ယောက်ကျင်္ား၏ သဘာဝနှင့် မိန်းမ၏ သဘာဝသည် လည်း ၂ မျိုး ၂ စားကွဲပြားသည်။ ယောက်ကျင်္ားတို့သည် ခန့်ငြားသည်ဟု ယူဆပြီး မုတ်ဆိတ်၊ နှုတ်ခမ်းမွေးများကို ထားရသည်ကို ကြိုက်ကြသူများ ရှိသည်။ ထိုကိစ္စကို ထိုယောက်ကျင်္ားသည် ရွံစရာ ကောင်းသော အမွေးအမျှင်များကိုပင် မျက်နှာပေါ်တွင် ထူလပစ် ထားကြသည်မှာ ယဉ်ကျေးမှု မရှိဟု မည်သူ ပြောသနည်း။ မိန်းမတို့သည် သူတို့၏ ကိုယ်ခန္ဓာကို လှပတင့်တယ်သည် ဟု ယူဆပြီး၊ ရင်သားနှင့် တင်သားများကို ပေါ်လွင်စေရန် ဝတ်စားဆင်ယင်ကြသည်။ ထိုအခါမူ ထိုမိန်းမများသည်ကား ရှက်စရာကောင်းသည့် သိက္ခာမရှိသူများဟု ဆိုခြင်းမှာ သဘာဝကျ မှန်ကန်ပါမည်လား ဆိုသည်မှာ ပညာနှင့်ယှဉ်၍ စဉ်းစားကြည့်နိုင်ပါမည်။

အင်္ဂလန်တွင် နေထိုင်သူ မြန်မာအမျိုးသမီး တစ်ဦးသည် သူမ၏ လှပသော ကိုယ်လုံးကို ဖော်ပြပြီး မော်ဒယ် ဓါတ်ပုံများ ရိုက်သည်။ ထိုအကြောင်းကို မြန်မာ သတင်းဝက်ဆိုဒ်များ တွင် အပြင်းအထန်ကန့်ကွက် ဝေဖန်ကြသည်။ မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် သိက္ခာမရှိဟု ဆိုကြသည်။ မွတ်စလင် လူမျိုးများမှ အပ မည်သည့် လူမျိုးကမှ ကောက်ညှင်းထုတ်လို လုံအောင်ထုတ်ထားသည့် အမျိုးသမီးကိုမှ သိက္ခာရှိသည်ဟု သတ်မှတ်သည် မဟုတ်ပေ။ သိက္ခာရှိခြင်း နှင့် ကိုယ်လုံးအလှ ကို ဖော်ခြင်းမှာ တစ်ခြားစီပင် ဖြစ်ပေသည်။ ထိုသို့ ကိုယ်လုံး အလှ ဖော်သဖြင့်လည်း မည်သူကမှ အထင်သေးသည့် မျက်လုံးများဖြင့် မမြင်ကြပေ။ မြန်မာ အမျိုးသား အများစုကသာ ယောက်ကျင်္ားစင်စစ် ဖြစ်ရက်နှင့် သဘောထား သေးသိမ်လှပြီး အလွန် သိမ်ဖျဉ်းကျဉ်းမြောင်း သည့် အမြင်ဖြင့် မိန်းမများကို အထင်သေးတတ်ကြသည်။ မြန်မာပြည်တွင်မူ ဆေးလိပ်သောက်တတ်သူ အပျိုအရွယ် မိန်းကလေး တစ်ယောက်သည် လူကြားသူကြားတွင်ပင် အစော်ကားခံရမည်၊ မိန်းမပျက်ဟု အထင်လွဲခံရမည် စိုးရိမ်ရသောကြောင့် ဆေးလိပ်မသောက်ရဲသည်ကို မိမိ မြန်မာပြည်တွင် ရှိစဉ်က ကြုံသိခဲ့ရဖူးသည်။

ဩစတေးလျနိုင်ငံတွင်လည်း အခြေချ နေထိုင်ခွင့် လျှောက်ထားသည့်အခါ ဩစတေးလျနိုင်ငံ၏ တန်ဖိုး (Australian Value) ကို နားလည် လက်ခံပါမည်ဟု ဝန်ခံချက် လက်မှတ်ရေးထိုးရသည်။ ထိုဝန်ခံချက်တွင် အမျိုးသမီးများ၏ ဆင်ယင်ထုံးဖွဲ့ပုံကို ရှုတ်ချကဲ့ရဲ့ခြင်း မပြုရ၊ အမျိုးသမီးများ အား သူတို့၏ ဆင်ယင် ထုံးဖွဲ့မှုကြောင့်လည်း ထိုအမျိုး သမီးအား စော်ကားသည့် အပြုအမူ အပြောအဆို မပြုလုပ်ရဟု အတိအလင်း ဖော်ပြထားသည်။

မြန်မာ အမျိုးသား တစ်ဦးသည် အနောက်တိုင်းသူ ရွှေရောင် ဆံပင်နှင့် အမျိုးသမီး တစ်ဦးကို တွဲသွားလာသည့် အခါ၊ သို့မဟုတ် လက်ထပ်ယူသည့် အခါ သူ၏ ဆွေမျိုး မိဘ အသိုင်းအဝိုင်းများက သူ့ကို အတော်စွံသည်ဟု ချီးမွမ်းကြသည်။ မြန်မာ အမျိုးသမီး တစ်ဦးမှာ အနောက်တိုင်းသား တစ်ဦးဖြင့် လက်ထပ်မည် ဆိုပါမူ မိဘများ မျက်နှာပျက်စေမည်၊ မြန်မာ အမျိုးသမီး သိက္ခာကျ စေမည်ဆိုသည်မှာကား မိမိ နားမလည်နိုင်သည့် ကောက်ကွေးနေသည့် အတွေးအခေါ်ဖြစ်ပေသည်။

ထို့အပြင်တွင်ကား အမျိုးသားတို့ဟူသည် အမျိုးသမီးများထက် ပို၍ ခွန်အားဗလရှိကြသည်။ အမျိုးသမီးများသည် အားနွဲ့သူများဖြစ်ကြသည်။ ယဉ်ကျေးသူ ပညာတတ် လူသားတစ်ဦး မှာ အားနွဲ့သူကို အားရှိသူက အနိုင်ကျင့်ခြင်း မပြုလုပ်တတ်ပေ။ ယောက်ကျင်္ား စစ်စစ်တို့၏ ယောက်ကျင်္ား ပီသပြီး မြင့်မြတ်သော နှလုံးသား ရှိသည်ဆိုသည်မှာ ဓါးဖြင့်ယှဉ်လာလျှင် ဓါးဖြင့်၊ ဒုတ်ဖြင့် ယှဉ်လာလျှင် ဒုတ်ဖြင့်သာ ညီတူမျှတူ ယှဉ်ပြိုင် တိုက်ခိုက်ရဲသည့် ရဲစွမ်းသတ္တိမျိုး ကဲ့သို့ဖြစ်သင့်သည်။ မိန်းမတစ်ယောက်ကို ပါးရိုက်သည့် ယောက်ကျင်္ားတစ်ဦးသည် သူ့တွင် ယောက်ကျင်္ားတို့၏ မြင့်မြတ်သည့် နှလုံးသား မရှိသူ ဖြစ်သည်။ ဩစတေးလျနိုင်ငံတွင် မူ မည်သည့် အကြောင်းဖြင့် မဆို မိမိ၏ ဇနီး အပါအဝင် မည်သည့် အမျိုးသမီးကို မဆို ပါးရိုက်ပါက ရဲမှ ချက်ခြင်း လက်ထိပ်ခတ် ဖမ်းဆီးထားနိုင်ပြီး အမှုရင်ဆိုင်ရပြီးလျှင် ထောင်ကျသည် အထိ အပြစ်ကြီးသည်။

မိမိထိုင်းနိုင်ငံတွင် နေထိုင်ခဲ့စဉ်က မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတွင် အမှုထမ်းခဲ့ဖူးသည့် အမျိုးသမီး တစ်ဦးနှင့် သိကျွမ်းခဲ့ဖူးသည်။ သူသည် မိမိအား မြန်မာ အမျိုးသားများသည် အလွန်ပင် အောက်တန်းကျ စက်ဆုပ်ဖွယ် ကောင်းလှသည့် ယောက်ကျင်္ားများဖြစ်ကြသည် ဟု တဲ့တိုး ပြောဖူးသည်။ မိမိက သူ့အား စိတ်မဆိုးဘဲ ဘာကြောင့် ထိုသို့ ပြောရသလဲ ဆိုသည်ကို မေးမြန်းကြည့်သည်။ သူသည် ထိုင်းနိုင်ငံ၏ သံရုံးဝန်ထမ်းဖြင့် ကမ္ဘာ အရပ်ရပ်သို့ ရောက်ခဲ့ဖူးရာတွင် မြန်မာ ယောက်ကျင်္ားများ၏ မိန်းမများအပေါ် ထင်မြင်ယူဆ ပြုမူပြောဆို ဆက်ဆံပုံသည် မွတ်စလင် လူမျိုးများထက်ပင် ဆိုးရွားလှပြီး ယုတ်ညံ့လှသည်ဟု သာဖြေခဲ့ပြီး အသေးစိတ်ကိုမူ ရှင်းပြပြောပြရမှာပင် ရွံရှာလှသဖြင့် မပြောလို ဟု ဆိုသည်။

ဤသို့ကြားသိရပြီး ကမ္ဘာ့အလယ်တွင် မြန်မာ အမျိုးသမီးများသည် မြန်မာ့ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း မဟုတ်ဘဲ မြန်မာအမျိုးသားများသည်သာ သူတို့၏ အမျိုးသမီးများအပေါ် ထားရှိသည့် ယုတ်ညံ့သည့် အမြင် နှင့် ဆက်ဆံပုံ တို့ဖြင့် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဂုဏ်ကို ကောင်းကောင်းချနေကြခြင်းသာ ဖြစ်တော့သည်ကို သိရသည်။

မြန်မာလူမျိုးများတွင် အယူအဆ တစ်ခုရှိသည်။ မိန်းမ ထမီအောက် ဝင်လျှင်၊ သို့မဟုတ် မိန်းမ ထမီတန်း အောက်ဝင်လျှင်ပင် ထိုယောက်ကျင်္ားသည် ဘုန်ကံနိမ့်သည်ဟု ဆိုသည်။ ရှေးအခါက မြန်မာ သူရဲကောင်း စစ်သူကြီး တစ်ဦးသည် စစ်တိုက် ထွက်သည့် အခါတွင် မိခင်၏ ထမီစကို နားမှာပန်၍ စစ်တိုက်ထွက်ရာ သူသည် အဘယ်ကြောင့် ဘုန်းတံခိုး တောက်ခဲ့ပါသနည်း။ အဓိပ္ပါယ်မရှိသော အယူအဆ အတွေးအခေါ်များကို မျက်စိပိတ်နားပိတ်ပြီး ရှေးရိုးဓလေ့ ထုံးစံ အယူအဆဟူ၍ နားထောင်ရမည် ဆိုပါက ပညာမဲ့ရာသာ ဖြစ်ချေတော့မည်။ အကယ်စင်စစ် မိန်းမထမီ ခေါင်းတွင် ခြုံထားလင့်ကစား၊ ကျွန်ုပ် ယောက်ကျင်္ားတွင် မြင့်မြတ်သည့် နှလုံးသားဖြင့် မြင့်မြတ်သည့် အမြင်ကို ထားရှိပါမူ ကျွန်ုပ်၏ဘုန်းကံ တန်ခိုး တောက်ပြောင်နေမည်ဟုသာ လက်ခံယုံကြည်ပါသည်။

http://www.aung.info မှ ကူးယူဖော်ပြသည်။

ခေါင်းစဉ်ကတော့ ဖတ်လို့မကောင်းဘူး ၊ အကြောင်းအရာလေးက ကောင်းလို့ပါ၊ ဒီရွာက ရွာသားတွေကရော ဘယ်လိုမြင်လဲဆိုတာ သိချင်လို့ တင်လိုက်တာပါ …

18 comments

  • nigimi77

    January 22, 2011 at 11:32 am

    မွတ်ဆလင် လူမျိုးဆိုတဲ့ စကားလုံးကလွဲရင် ကျန်တာ အကုန်ဖတ်လို ့ကောင်းတယ်။ မွတ်ဆလင် ဆိုတာ လူမျိုးမဟုတ်ဘူး။ မွတ်ဆလင် ဘာသာဝင်တွေလို ့ပြောမှ မှန်တယ်။

    • kai

      January 22, 2011 at 6:55 pm

      သာမန်အားဖြင့်ဂျူးဘာသာကိုးကွယ်တဲ့သူကို .. ဂျူးလူမျိုးလို့ခေါ်ကြပါတယ်.။
      ဂျူးလူမျိုးတွေဆိုတာ ဘိုလိုတော့ .. Jews (Jewish People)ပေါ့..။

      အစ္စလမ်ဘာသာ ကိုးကွယ်သူကို .. မွတ်စလင်လို့ ခေါ်ရပါတယ်..။
      ဘိုလိုတော့ .. Muslim ဖြစ်ပါတယ်။
      အဲဒီမှာ ထူးခြားတာက .. အလာအရှင်နဲ့ တမန်တော်မိုဟာမက်ကိုယုံကြည်တဲ့.. ဘယ်နိုင်ငံသားဖြစ်ဖြစ်.. ဘာလူမျိုးဖြစ်ဖြစ်..အာရပ်ဖြစ်ဖြစ်..အဖြူဖြစ်ဖြစ်..အဝါဖြစ်ဖြစ်..အမဲဖြစ်ဖြစ်..
      မွတ်စလင်ဖြစ်ကြတာပါ..။
      =
      အပေါ်ကဆောင်းပါးက .. မွတ်စလင်လူမျိုးများထက်ပင် ဆိုထားပြီး …
      ထိုင်းလူမျိုးတယောက်ရဲ့သဘောထားကိုပြန်ရေးထားပုံ (အချက်အလက်)ဖြစ်နေတာမို ့.. ဖြတ်တောက်ခြင်းမပြုသေးပါ။
      ဘာသာရေးခွဲခြားမုန်းတီးမှုဖြစ်စေတယ်ခံစားရရင်.. တိုင်စာပို ့ပါ..။ ဖျက်ပေးပါ့မယ်..။

  • Gipsy

    January 22, 2011 at 12:13 pm

    အကြောင်းအရာကို မပြောချင်ပါ……ခေါင်းစီးက ဖတ်မကောင်းဘူး…
    နားထောင်ရတာလဲနားဝင်မချိုဘူး…ယောကျင်္ားတိုင်း မကောင်းဘူးလို့ပြောတာလဲ….
    မမှန်လောက်ဘူးနော်…..

  • intro

    January 22, 2011 at 12:41 pm

    မြန်မာမိန်းကလေးတွေကိုလဲ ယောက်ျားတွေနဲ့တန်းတူ လုပ်ချင်တာ လုပ်ခွင့်ရှိပါတယ် ဆိုတာကတော့ ဖြစ်သင့်ပါတယ်… ဒါပေမယ့် မိန်းကလေး တစ်ယောက် မလုံ့တလုံဝတ်ပြီး ဓါတ်ပုံအရိုက်ခံတာတို့၊ ဆေးလိပ်သောက်တာကို ကြည်ဖြူတဲ့ အမြင်ရှိဖို့ကတော့ (ပွင့်ပွင့်လင်းလင်းဝန်ခံရရင်) ကျွန်တော်တို့ မြန်မာအမျိုးသားတွေ အနေနဲ့ အချိန်ယူရဦးမယ် ထင်တယ်ဗျာ… တစ်သက်လုံး အရိုးစွဲနေတဲ့ အမြင်တွေကို ချက်ချင်းတော်လှန်ဖို့တော့ မလွယ်လှဘူး…

  • naywoonni

    January 22, 2011 at 1:20 pm

    ပုခုန်းနှစ်ဘက်ကြားက ခေါင်းထွက်လာကြတာချင်းတူပေမဲ့ ဦးခေါင်းထဲက ဦးဏှောက်တွေရဲ့ အတွေးအခေါ် အယူအဆ ချင်း သုံးသပ်ပုံချင်းတော့ တူနိုင်မယ်မထင်ပါ အားလုံးကို ခြုံပြီးပြောရင်တော့ ယေဘူယျ သဘော သက်ရောက်သွားပါလိမ့်မယ်

  • bigbird

    January 22, 2011 at 1:34 pm

    သိမ်မွေ ့ယဉ်ကျေးလှတဲ့ မြန်မာတွေရဲ ့ဓလေ့ထုံတမ်းစဉ်လာကို ဘယ်နားသွား
    ထားမှာလဲဗျာ…

  • manawphyulay

    January 22, 2011 at 2:36 pm

    ခေါင်းစဉ်က သိပ်ဖတ်လို့ လူမြင်မကောင်းသလိုပဲနော်။ ယောက်ျားလေးတွေ အကုန်ပါသွားမယ်လို့ မြင်မိပါတယ်ရှင်

  • zippo

    January 22, 2011 at 4:20 pm

    ဟုတ်လိုက်လေ ။ မှန်လိုက်လေ ဗျာ..။။။…

  • bigcat

    January 22, 2011 at 4:23 pm

    ဖတ်ရတာ အတွေးသစ်ပေါ်ပါတယ်။ ဒီလိုစာမျိုးကို သဘောတူတူ မတူတူ ရှိသင့်တယ်လို့ ယူဆပါတယ်။ စာထဲမှာပါတဲ့ ထိုင်းအမျိုးသမီးရဲ့ မြန်မာအမျိုးသားများအပေါ် ကောက်ချက်ကတော့ သူ့နိုင်ငံရဲ့ သမိုင်းကြွေးအပေါ်တဖက်သက် အခြေခံတယ်လို့ ယူဆပါတယ်။ အကယ်လို့သူနဲ့တွေ့ဖြစ်ခဲ့မယ်ဆိုရင် မြန်မာကြောင်ထီးတကောင်ရဲ့ ယုယကြင်နာမှုကို ပြလိုက်ချင်စမ်းပါရဲ့။

  • monmon

    January 23, 2011 at 4:40 am

    လူမျိုးတိုင်းမှာ ယဉ်ကျေးမှု အစဉ်အလာဆိုတာရှိသလို မြန်မာလူမျိုးတွေမှာလည်း ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ရောမရောက်ရင် ရောမလို ကျင့်ရတယ်ဆိုသလို မြန်မာလူမျိုးဆိုရင် မြန်မာ့ယဉ်ကျေးမှုနဲ့အညီ နေဖို့လိုပါတယ်။

    အရင်တုန်းက မိန်းကလေးတွေဟာ ဖက်ကြမ်းဆေးလိပ်တွေသောက်ခဲ့ကြပါတယ်။ မြန်မာဘုရင်လက်ထက်ကစပြီး သောက်ခဲ့ကြတာပါ။ ကွမ်းစား၊ ဆေးလိပ်သောက်ဆိုတာ မြန်မာ့ရာဇဝင်မှာ တွေ့နိုင်ပါတယ်။

    ဒါပေမယ့် ဒီခေတ်ဘက်မှာတော့ ဆေးလိပ်ဆိုတာ ဆိုးကျိုးတစ်ခု ဖြစ်လာခဲ့ပြီး ဘယ်သူမှ မသောက်သင့်တော့တဲ့အချိန်မှာ မိန်းကလေးတစ်ယောက်က စီးကရက်လက်ကြားညှပ်ပြီး သောက်နေတယ်ဆိုတာတော့ မြင်ရတာ အဆင်မပြေတဲ့ ကိစ္စဖြစ်လာပါပြီ။

    အစဉ်အလာဆိုတာ ထိန်းသင့်တာထိန်းရသလို ပယ်သင့်တာလည်း ပယ်ရပါတယ်။ ကျောင်းမှာသင်ခဲ့ရတဲ့ စာတစ်ပုဒ်ထဲမှာ (ဘယ်သူရေးတာလဲဆိုတာ မမှတ်မိတာ ခွင့်လွှတ်ပါ) ဆေးမင်ကြောင်ထိုးကွင်းထိုးတယ်ဆိုတာ မြန်မာတွေရဲ့ အမှတ်အသားတစ်ခုပါ။ ဒါပေမယ့် ဆေးမင်ကြောင်ထိုးခြင်းကနေ ရောဂါပိုးတွေ ကူးစက်နိုင်တဲ့အတွက် ဒီဓလေ့ကို မလုပ်သင့်တော့ပါဘူး။ ဒါပေမယ့် အသားမှာဖျက်မရအောင် စွဲတဲ့ ဒီဆေးမင်ကြောင်ထိုးနည်းနဲ့ ဆေးကိုတော့ ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ ရေးထားပါတယ်။

    နောက်ပြီး သားသမီးဝတ်ငါးပါးမှာ စောင့်လေမျိုးနွယ်ဆိုတာ ပါပါတယ်။ မိမိရဲ့အမျိုးအနွယ်ကို စောင့်ရှောက်ခြင်းဟာ သားသမီးတို့လိုက်နာရမယ့် ဝတ်တစ်ခုပါ။
    ဒါပေမယ့် အခုအချိန်မှာတော့ မြန်မာမိန်းမလေးတွေ လူမျိုးခြားတွေနဲ့ လက်ထပ်တာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် လက်မခံနိုင်တဲ့ သူတွေကိုလည်း နားလည်ပါတယ်။ ကိုယ့်နိုင်ငံမှာနေတဲ့ လူမျိုးခြားမဟုတ်ဘဲနဲ့ တိုင်းတစ်ပါးသားလူမျိုးခြားကိုလက်ထပ်တာ လူတိုင်းကတော့ လက်ခံနိုင်မှာမဟုတ်ပါဘူး။
    မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ ရှေးရိုးအယူအဆတွေနဲ့ နေထိုင်နေကြတဲ့ ကျေးလက်လူတန်းစားက မြို့နေလူတန်းစားထက် အဆပေါင်းများစွာ များပါတယ်။

    အမျိုးသမီး တစ်ဦးသည်လည်း သူလွတ်လပ်ရာ နေထိုင် သွားလာ လုပ်ပိုင်ခွင့် ရှိရစေမည် ဆိုတဲ့နေရာမှာ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်လို ညဉ့်နက်သန်းခေါင် ဘီယာသောက်၊ ကလပ်တက်၊ ယောက်ျားတကာနဲ့ တွဲပြီး ဖြစ်ချင်တိုင်းဖြစ်နေမယ်ဆိုရင် မြန်မာ့အသိုင်းအဝိုင်းက လက်ခံနိုင်ပါ့မလား။ ဒါဟာ ခေတ်နဲ့အညီဖြစ်လာတဲ့ ယဉ်ကျေးမှုဆိုပြီး အတင်းလက်ခံခိုင်းလို့ ဖြစ်ပါ့မလား။

    ဩစတေးလျနိုင်ငံရဲ့ ယဉ်ကျေးမှုက လက်ခံနိုင်ပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ မြန်မာ့အသိုင်းအဝိုင်းကတော့ လက်ခံဖို့ ခက်ခဲပါလိမ့်မယ်။

    အရာရာတိုင်းဟာ ပုံသေတော့ ရှိမနေပါဘူး။ ကာလနဲ့ဒေသအလိုက် ပြောင်းလဲနိုင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 23, 2011 at 5:41 am

    မွန်ဇဂါးမှာ
    ဝေါဟာရတစ်ခုရှိတယ်
    ဟနိုင်တဲဟာ ဟနိုင်တဲ
    တဲ့
    ဆိုလိုတာက သူ ့နေရာနဲ ့သူတဲ့

  • monmon

    January 23, 2011 at 6:19 am

    မွန်က မွန်လူမျိုးမဟုတ်ပါဘူး။ ရေတောင်မရောတဲ့ ဗမာစစ်စစ်ပါ… ဒါပေမယ့် မွန်တွေနေခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဘက်က…

  • Dream28

    January 23, 2011 at 9:22 am

    ကောင်းပါတယ်.. ဆက်ရေးပါ … ဝေဖန်သူဘက် ကလဲဆက်ဝေဖန်ပါ…. ဘယ်သူမှားလဲမှန် လဲ ဆိုတာတော့မပြောတက်ဘူး…. ရေးတက်သူဘက် အဆိုတွေ အကုန် လုံးကို လက် မခံနိုင် ပေမဲ့ ….
    နှာစီးနေလိုက်တော့မယ်….

  • kopauk mandalay

    January 23, 2011 at 4:00 pm

    တကယ်လို့ သာ စာရေးသူကိုယ်တိုင် ဒီဆိုက်ကိုလာတင်တာဆိုရင်တော့ သူနဲ့ကိုယ်အမြင်မတူတာတွေ
    သူရေးထားတာက သဘာဝကျတဲ့အချက်၊ကောင်းတဲ့အချက်၊ သဘာဝမကျဘဲ ထင်ရာမြင်ရာတွေပြောထားတဲ့အချက်ကို ထုတ်နုတ်ပြီး တစ်ချက်စီချေပလို့ ပြန်ပြီးရေးမိမှာအမှန်ပါဘဲ။
    ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်မတင်တဲ့ အတွက် သူများက တဆင့်ပြန်ပြောပြတာကို ပြန်ပြောနေလဲ သူသိမှာ ချေပနို်င်မှာ မဟုတ်တဲ့
    အတွက် သူ့မျက်ကွယ်မှာ ဝေဖန်မယ်ဆိုရင် တရားမမျှတဘူးလို့ ယူဆတဲ့အတွက် မပြောတော့ပါ ဘူး။

  • photwenty

    January 24, 2011 at 8:37 am

    ဒီနေရာမှာနဲနဲတော.ဝင်မန်းခွင်.ပြုပါ

    ကျနော်တို.နို်င်ငံရဲ. ၇၀% လောက်က မြို.နေလူတန်းစားမဟုတ်ကြပါဘူး (ကျနော်ပြောချင်တာက ရန်ကုန်၊ မန္တလေးလိုမြို.ကို မြို.လို.သတ်မှတ်ပြီး တောင်ငူ လိုမြို.မျိုးကိုတောင်မြို.လို.မသတ်မှတ်နိုင်)
    အဲ.ဒီလိုတောဘက်မှာနေတဲ.လူအများစုက အခုခေတ် ဖက်ရှင်ဒီဇိုင်းကဲ.သို.သော ဝတ်စားဆင်ယင်မှုကို လက်မခံနိုင်ကြသေးပါဘူး
    အမျိုးသမီးတွေကိုမပြောပါနဲ. အမျိုးသားတွေတောင်မှမြို.ကပြန်လာပြီး ရွာဘက်မှာဘောင်းဘီတိုချက်ပြုတ်နဲ. သွားလာရင် လူမပြောနဲ.ခွေးတောင်မျက်စိနောက်ပြီးလိုက်ဆွဲပါသေးတယ်
    အဲ.ဒီတော.ကာ ကျွန်တော်တို.မြန်မာလူမျိုးတွေအနေနဲ. ရှေးရိုးဆိုတာကြီးကိုလွယ်လွယ်နဲ.ပယ်လို.ရမယ်တော.မထင်သေးပါဘူး

  • Maung Dae`

    January 24, 2011 at 9:41 am

    ဒါဆို ဖော်ချွတ်ဝတ်ထားတာတွေကို ခေတ်မီစွာ လက်ခံသင့်တယ်ပေါ့နော်.. ယောက်ျားလေးတွေ စွတ်ကျယ်ဝတ်သလို မိန်းကလေးတွေဝတ်ရင်လည်း တန်းတူညီမျှစွာလက်ခံရမယ်ပေါ့..

    အရှက်အကြောက် တရားကို ဘယ်နားသွားထားမလဲ..

    ဘာပဲဖြစ်ဖြစ်ကြည့်သောသူ အသက်ရှည်၏ ပြသောသူကုသိုလ်ရ၏ ဆိုပြီးသဘောထားလိုက်ရင်တော့….
    မုဒိန်းမှုတွေ များလာနိုင်တယ်…

    ငါတို့နဲ့တော့အနေသာကြီး.. ဖော်ချင်ဖော် ချွတ်ချင်ချျွတ်.. ဟီးဟီး.. 😀

  • cobra

    January 24, 2011 at 10:00 am

    ဝတ်ကျစမ်းပါစေ..
    မင်းတို့ပြလေငါတို့ကြိုက်လေဘဲ…
    ကြာတော့ရိုးနေပါပီ…
    အကုန်လုံးဒီလိုပါဘဲလေ..။
    အရင်တုန်းကတော့လိုက်ကြည့်မိတယ်အခုတော့သိပ်စိတ်မဝင်စားတော့ဘူး
    မိန်းမတိုင်းအလိုလိုပေါ်နေတော့သိပ်မကြည့်ဖြစ်တော့ဘူး
    သူတို့ကပေါ်ချင်တာနဲ့ ခေတ်ကာလပေါ်ပင်နဲ့ရော
    တော့နောက်ဆုံးတော့မင်းလေးတို့ပဲ ဖော်ပင်တာပေါ့…..
    ဟဲ…….ဟဲ…….ဟုတ်လား။

  • nigimi77

    January 24, 2011 at 11:07 am

    ဆရာ member ခွေးက ဘောင်းဘီတို ချက်ပြုတ်ဝတ်လို ့ ဆွဲတာမဟုတ်ဘူးဗျ။ လူစိမ်းဆိုရင် ဟောင်တတ်တဲ့ခွေးက ဟောင် ကိုက်တတ်တဲ့ ခွေးက ကိုက်။ အတွေးအခေါ်လေးနဲ ့ပြောပါ။

Leave a Reply