စေနJanuary 2, 20111min712
လူ့ဘဝ “လိုအပ်ချက်သုံးခု” တရုတ်စာရေးဆရာမ Bing Xin(冰心)က ပြောခဲ့တယ်။ “ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သူ့ဘဝတစ်သက်ဟာ ပန်းတစ်ပွင့်နဲ့တူသင့်တယ်။ ပန်းမှာ အရောင်၊ အနံ့၊ အရသာရှိသလို လူ့ဘဝမှာလည်း အရည်အချင်း၊ ခံစားချက်နဲ့ ပျော်ရွှင်ခြင်းတွေရှိသင့်တယ်။ ဒီသုံးချက်မှာ တစ်ခုခုလျော့နေလို့ မဖြစ်ဘူး” လူ့ဘဝ “ဆေးသုံးလက်” ပါမောက္ခ Hu Shih(胡适) က ဘွဲ့ရကျောင်းသားတွေကို စကားတစ်ခွန်း လက်ဆောင်ပါးခဲ့တယ်။ အဲဒီစကားက လူ့ဘဝမှာ “အမေးဆေး”၊ “ဝါသနာဆေး”နဲ့ “ယုံကြည်မှုဆေး”ဆိုတဲ့ “ဆေးသုံးလက်” ရှိသင့်တယ်ဆိုတာဖြစ်တယ်။ လူ့ဘဝ “ကျောက်ဆောင်သုံးခု” ပြင်သစ်နာမည်ကြီးစာရေးဆရာ (Honoré de Balzac)က လူငယ်တွေကို သတိပေးစကားပြောခဲ့တယ်။ “မိမိကိုယ့်ကိုယ်အထင်ကြီးခြင်း”၊ “စိတ်ကြီးဝင်ခြင်း” နဲ့ “အယုံလွယ်ခြင်း”ဟာ လူ့ဘဝရဲ့ ကျောက်ဆောင်သုံးခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ လူ့ဘဝ “ဖိုခုံလောက်သုံးချောင်း” ပန်းချီဆရာ […]


စေနJanuary 2, 20111min26117
From Foward Mail မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ခပ်တည်တည်ပြောကြားသွားခဲ့သည်။ ကျွန်ပ် အနေနှင့်လည်း တာဝန်သိအမျိုးချစ်ပြည်သူတယောက်ပီသစွာ ခပ်ပြောင်ပြောင် ဖော်လိုလိုက်ရသည်ရှိသော်- စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြပြီဖြစ်သည်။ လက်မှုလယ်ယာ။ ။ စာရွက်စာတမ်း နှင့် စာရင်းဇယားပေါ်တွင် လျာထားချက်ထက် ကျော်လွန်၍ ထွက်ရှိနေလျက်ရှိသည်။ စိုက်ပျိုးရေး ။ ။ UNODC မှပင် အသိအမှတ်ပြုရသည်အထိ ဘိန်းစိုက်ပျိုးရေးတွင် အထူးဖွံ့ဖြိုးတိုးတက် နေသည်။ နောင်အနာဂတ်တွင် ကမ္ဘာ့နံပါတ်တစ် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ်ရောက်ရှိအောင် အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း သက်ဆိုင်သူများမှ ကတ်ိပြုပြောကြားထားသည်။ စွမ်းအင် ။ ။ နောက်ချေး […]


စေနDecember 21, 20101min1417
ဗိုလ်ချုပ်ဟောင်း၏ သားကို နေရွှေသွေးအောင် လူလွှတ်၍ ရိုက်ခိုင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်(ဖိုးလပြည့်) က ၎င်း၏ နောက်လိုက်များအား စေလွှတ်ပြီး ဗိုလ်ချုပ်ဟောင်း ဝင်းလှိုင်၏သား ဝင်းထွေးလှိုင်ကို ရိုက်နှက်ထိုးကြိတ်စေခဲ့ကြောင်း သတင်းရရှိသည်။ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ လစ်လပ်နေသည့် ဝန်ကြီးဌာနပိုင် မြေနေရာများနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်များကို ငွေကြေးရယူ လုပ်ကိုင်ဆောင်ရွက် ပေးနေကြောင်း၊ ၎င်းပြောဆိုထားသည့် မြေနေရာကို ကာကွယ်ရေး ဝန်ကြီးဌာန ပစ္စည်းဝယ်ယူရေး (ကက ဝယ်) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ဝင်းလှိုင်၏သား ဝင်းထွေးလှိုင်ကလည်း ဝင်ရောက် လုပ်ကိုင်ရန် ကြိုးစားရာမှ ပြဿနာ စတင်ခြင်းဖြစ်သည်ဟု သိရကြောင်း စစ်အစိုးရနှင့် နီးစပ်သူ လုပ်ငန်းရှင်တဦးက ဧရာဝတီ သို့ ပြောသည်။ “ဝင်းထွေးလှိုင်ကို ဖိုးလပြည့်က ဒီနေရာဟာ သူဦးထားတဲ့အတွက် […]


စေနDecember 18, 20101min1208
from Nine Nine SaNay by နိုင်းနိုင်းစနေ မနေ့ကရဲ့အဖြစ်အပျက်တွေကို ထမ်းပိုးရင်း၊ ခုနှစ်တွေကို နင်းဖြတ်လျှောက်ရင်း အရပ်ရှစ်မျက်နှာမှာ ကျွန်တော်တို့ ကျင်လည်ကျက်စားခဲ့ကြတယ်။ ကွေ့ကွေ့ကောက်ကောက် လမ်းပေါ်မှာ မိုးသက်လေပြင်းဒဏ်ကြောင့် အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ မညီမညာလမ်းပေါ်မှာ ခလုတ်ဆူးညှောင့် ထိခဲ့ရတယ်။ ဘဝက ဒီလိုပါပဲ…. နေရာတိုင်းမှာ စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ တချို့စိန်ခေါ်၊ စမ်းသပ်မှုတွေက ကျွန်တော်တို့အတွက် ဖြေရှင်းကခက်တဲ့ နာကျင်မှုတွေဖြစ်ခဲ့တယ်၊ မရေမတွက်နိုင်တဲ့ အတားအဆီးတွေဖြစ်ခဲ့တယ်။ ပျော်ရွှင်တဲ့ဘဝမှာတောင်မှ နာကျင်မှုက ရှိတတ်သေးတယ်။ တချို့က ဘဝရဲ့အနှောင့်အယှက်၊ အတားအဆီးတွေကို တည့်တည့်ရင်ဆိုင်ဖြေရှင်းပြီး နာကျင်မှုကို လျော့ချတယ်။ တချို့က အတားအဆီးတွေကို ပုံကြီးချဲ့ပြီး နာကျင်မှုကို ကြီးထွားအောင်လုပ်ကြတယ်။ အနှောင့်အယှက်၊ အတားအဆီးအတွက် ကျွန်တော်တို့မှာ မတူတဲ့ဖြေရှင်းနည်းတွေကို ရွေးချယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအနှောင့်အယှက်၊ […]


စေနDecember 15, 20106min36024
မိုက်ခရိုဝေဖ့်ရဲ့ ဆိုးကျိုးများ မိုက်ခရိုဝေဖ့် မီးဖို နည်းပညာများ တစ်နေ့တစ်ခြား တိုးတက်ထွန်းကားလာသော ယနေ့လို ခေတ်ကာလမျိုးမှာ ဘယ်အရာမဆို ခလုပ်လေးတစ်ချက်နှိပ်ယုံနဲ့ အဆင်သင့် ရနိုင်လောက်တဲ့အထိ ခေတ်တွေ ပြောင်းလဲလာပြီ ဖြစ်ပါတယ်.. အစားအသောက်ချက်ပြုတ်ရာမှာလည်း ယခင်ကတော့ ထင်းမီးဖိုနဲ့ ချက်ပြုတ်ကြပါတယ်.. ဒီကမှ မီးသွေး၊ လျှပ်စစ်၊ဂက်စ် စသည်တို့နဲ့ ချက်ပြုတ်လာကြရာမှာ ခုတော့ အိမ်ရှင်မတွေအတွက် မိုက်ခရိုဝေဖ့်မီးဖိုနဲ့ လွယ်ကူလျှင်မြန်စွာနဲ့ သက်သက်သာသာ ချက်ပြုတ်နေကြပါပြီ.. အချိန်ကုန်လဲ သက်သာသလို လွယ်လဲလွယ်ကူတာကြောင့် လူသုံးများတဲ့ ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် နေရာယူလာပြီ ဖြစ်ပါတယ်.. ဒါပေမဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေမှာ side effect ကတော့ အနည်းနဲ့ အများ ရှိနေတတ်ပါတယ်..  အခုလည်း တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုနေကြတဲ့ မိုက်ခရိုဝေဖ့် မီးဖိုနဲ့ပတ်သက်ပြီး လေ့လာမိသလောက် ဆိုးကျိုးတွေ […]


စေနDecember 13, 20101min1027
from Nine Nine SaNay by နိုင်းနိုင်းစနေ စိတ်နေသဘောထားနဲ့ အပြုအမူ စိတ်ပညာရှင်တစ်ဦးက လူရဲ့ စိတ်နေသဘောထားဟာ အပြုအမူကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေကြောင်းကို သိချင်တာနဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ ပထမဦးဆုံး စိတ်ပညာရှင်ဟာ လူ(၁ဝ)ယောက်ကို သူ့ဦးဆောင်မှုနဲ့ မှောင်မည်းနေတဲ့ အိမ်တစ်အိမ်ထဲ ဖြတ်စေခဲ့တယ်။ လူ(၁ဝ)ယောက်လုံး အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့ကြတယ်။ အဲဒီနောက် စိတ်ပညာရှင်ဟာ အိမ်ထဲမှာရှိတဲ့ မီးတစ်လုံးကို ဖွင့်လိုက်တယ်။ ဝါကျင်ကျင် မီးမှိန်မှိန်အောက်မှာ အိမ်ထဲက အရာဝတ္ထုတွေကို တွေ့မြင်ပြီးနောက် လူ(၁ဝ)ယောက်လုံးဟာ ကြက်သီးဖြန်းဖြန်း ထသွားမိကြတယ်။ အကြောင်းက အိမ်ရဲ့အောက်မှာ ရေကန်တစ်ကန်ရှိပြီး ကန်ထဲမှာ မိကျောင်းတွေကိုမွေးထားတယ်။ ကန်ပေါ်မှာ တံတားငယ်လေးတစ်ခုရှိပြီး သူတို့က အဲဒီတံတားကို ဖြတ်လျှောက်ခဲ့လို့ဖြစ်တယ်။ စိတ်ပညာရှင်က “အခု မင်းတို့(၁ဝ)ယောက်ထဲက ဒီတံတားကို […]


စေနDecember 10, 20101min581
(၁) ဆိုင်ကယ်တစ်စီး၊ထိုင်တွယ်စီးလျက် အနီးနားက၊မကျော်ရအောင် ဖိကာပိတ်ထား၊အရှေ့များ၌ တစ်အားတိုးသော၊လူ့ငပေါသည် ဧကန်စင်စစ်၊ပွဲစားဖြစ်၏။ ဟွန်းမှလွဲ၍၊အကုန်မြည်ငြား ဒစ်(စ်)ဝိုင်းပါလျက်၊ဆိုင်ကယ်မှတ်၍ အတင်းခွတိုး၊ထိုလူမျိုးသည် ဟိုသည်ချောင်ခို၊မှောင်ခိုဖြစ်၏။ ဆီထုတ်ပြည်သား၊ငါတို့များမူ တက်အနင်းခံ၊အတိုက်ခံဖြင့် နောက်ဆုံးမှသာ၊ရောက်ရရှာသည် နိစ္စမြဲနေ၊တိုးနိုင်စေ……………။ (၂) ပုဂ္ဂလိက၊ပေးပြီးမှမူ ဝစ်သောက်နံပတ်ချိတ်၊တိုးကြလိပ်သည် တစ်စီးဆယ်ခေါက်၊ပွဲစားရောက်လာ အသာတကြည်၊ဓါတ်ဆီဝယ်သည် မှောင်ခိုစီးပွား၊ထောင်သူများ၏။ တို့များအစိုးရ၊ပေးစဉ်ကမူ ထုတ်ရလွယ်ကူ၊ငွေလျှော့ယူသည် သို့သော်ဓါတ်ဆီခိုးသတည်း။ လျော့ပါသော်လည်း၊သည်းညည်းခံလိမ့် စိတ်၏ချမ်းသာ၊မတိုးရရှာ မှန်းဆထွေထွေ၊လွမ်းနိုင်စေ…………။ (၃) နှစ်ထောင့်ငါးရာ၊အရင်းရှာ၍ အပြေးလာထုတ်၊ဝန်ထမ်းစုတ်မှာ VIP List၊ ပါသည်ဖြစ်၍ စီးပွားဖြစ်သည်၊မောင့်စစ်သည်။ ကျောင်းသားဖြစ်သူ၊ကျွန်တော့်မှာမူ VIP များ၊ပါမလားလို့ တန်းကာစီတော့၊သူတို့ပြောသည် နောက်ဆုံးမှာနေ၊ကျောင်းသားရေ။ ကျောင်းသားကဒ်တွင်၊ဆံပင်တိုနှင့် အပြစ်ကင်းစင်၊ဆံပင်ရှည်သွား ကျွန်တော်များကို၊ပုံမတူ၍ အသေချာထိုင်၊ရစ်ကြလေသည် မျက်စောင်းမယွင်း၊ခဲစေမင်း……………..။ (၄) VIP List၊ပြောင်းသစ်လေပြီ သတင်းကြားသော်၊အဖော်ခေါ်၍ အတည်သွားထုတ်၊ဆိုင်းဘုတ်ကြီးက ငြီးတွားလှောင်ပြောင်၊အူကြောင်ကြောင်နှင့် တိုးကြလေစမ်း၊အစိုးရဝန်ထမ်း Only တဲ့။ VIP List ၊ပါရန်မဖြစ်တော့ […]


စေနDecember 10, 20102min18111
ထားဝယ်မှ ပျံသန်းလာသည့် မြန်မာ့လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစီးသည် ရန်ကုန် လေဆိပ်တွင် ပြေးလမ်းချော်ပြီး လေယာဉ် ခြေထောက်ကျိုးမှု ဒီဇင်ဘာ ရ ရက် နံနက်က ဖြစ်ပွားခဲ့သည်။ ဒန်အိုး ဒန်ခွက်အဟောင်းများကို အရည်ကျိုပြီး အလူမီနီယမ် ကိုယ်ထည်ဟူ၍ လိမ်လည် ထုတ်လုပ်ကာ၊ သူများ နှာခေါင်း အငှားတောင်း ဆိုသကဲ့သို့ ပြင်သစ်နိုင်ငံလုပ် ATR လေယာဉ်စက်များ တပ်ဆင်ထားသော တရုတ်ပြည်ဖြစ်  Xian MA 60 လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နံနက် ၁၁ နာရီခန့်က အဆင်းတွင် ခြေခေါက်ကာ ခြေထောက်ကျိုးခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု မရှိဟု လေဆိပ်အာဏာပိုင်များက ပြောသည်။ ယခု အခါ ခြေထောက်ကျိုးသွားသော လေယာဉ်ကို တရုတ် အကြောပြင် ဆရာတစ်ဦးက တရုတ်တိုင်းရင်းဆေးဖြင့် […]


စေနDecember 7, 20101min833
မြန်မာပြည် ဘာတွေလိုလို့ မဲမှောင်တယ်။ မီး မလာလို့ မဲမှောင်တယ်။ ရေမီး မလာ ပြည်ကြီးမှာ။ လာပါရဲ့သား ရောင်းလို့ စား။ လျှပ်စစ်ဓာတ်အား ရှားလှတယ်။ မီးစက် မောင်းပြီးလင်းပါ့မယ်။ လောင်စာ ကုန်ကြမ်း ရောင်းလို့ ခမ်း။ ဖယောင်းတိုင် မီးနဲ့ လင်းပါမယ်။ ရေနံ ကုန်ကြမ်း ရောင်းလို့ ခမ်း။ ငွေ လရောင်နဲ့ လင်းပါမယ်။ လ ရောင်ကုန်ကြမ်း ရောင်းလို့ ခမ်း။ ငွေ လရောင် ဘယ် မခမ်း။ သုံး ကြ တို့ ခွဲ တမ်း ။ ။ ရှင်ရဲထွဋ် ခုခေတ် ကလေးတွေ ရွှေစွန်ညို ဖမ်းတမ်း ကစားရင် အခုကဗျာထဲကအတိုင်း ရွတ်ကြတော့မယ်ထင်ပါရဲ့။ ပရိသတ်တယောက်ပေးပို့တဲ့ သရော်စာ […]


စေနDecember 3, 20101min15412
မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးများ ထားရှိသည့် အနုပညာရှင်များအား အနုပညာဖျော်ဖြေခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။ ပိတ်ပင်ခံရသည့် အနုပညာရှင်များမှာ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ ကျားပေါက်၊ အနဂ္ဂ၊ သံသာဝင်း၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီး၊ ချိုတူးဇော်၊ ကျော်သူ၊ ရွှေဇီးကွက်၊ နှင့် သန်းမြင့်အောင်တို့ ဖြစ်ပြီး၊ အချို့မှာ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးထားခြင်းကြောင့် ဖြစ်ကြောင်း သိရပြီး၊ အချို့မှာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး မရှိသော်လည်း၊ အဆိုပါ အမွေးများ ထားရှိသူများနှင့် ဆက်သွယ်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ပိတ်ပင်ခြင်း ခံရတာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ သတင်းကြောင့် မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ နှုတ်ခမ်းမွေးထားရှိသည့် အချို့အနုပညာရှင်များသည် သူတို့၏ အမွေးများ အားလုံးကို အလျင်အမြန် ရိတ်သိမ်းလျက် ရှိနေကြကြောင်း […]


စေနDecember 3, 20102min601
မြန်မာရာဇဝင်ကျမ်းဂန်များ၊ ကျောက်စာ၊ ပေစာ၊ ပုရပိုက် မှတ်တမ်းတွေမှာ မွန်လူမျိုး ဖြစ်ကြောင်း အခိုင်အမာ ဖော်ပြထားတဲ့  “ငရမန်ကန်း” ဆိုတဲ့ ပုဂံခေတ်က ပေါ်ထွန်းခဲ့တဲ့ ဥဿာမြို့စားနဲ့ ပတ်သက်လို့ သမိုင်း သီအိုရီသစ် တစ်ရပ်ကို အိန္ဒိယ မဟာမေဒင် သမိုင်း ပညာရှင်များက ပို့စ်မော်ဒန်နည်းနဲ့ တင်ပြလိုက်ပါတယ်။ သူတို့က “င-ရမန်ကန်း” ဆိုတဲ့ ပုဂ္ဂိုလ်ဟာ Mr Rahman Khan ဆိုတဲ့ ဆော်ဒီအာရေဗျ နိုင်ငံက လာရောက်တဲ့ မဟာမေဒင် အာရပ် လူမျိုး တစ်ဦးဖြစ်တယ်လို့ ဒီနေရာမှာ ရေးသားလိုက်တာကို တွေ့ရပါတယ်။ သူတို့က (င=Mr, ရမန်=Rahman, ကန်း=Khan) ဆိုပြီးတော့ အသံထွက် နီးစပ်မှုအရ အဓိပ္ပါယ် ဖွင့်ဆိုတာ ဖြစ်ပါသတဲ့။ အဲဒီ သီအိုရီသစ် ပေါ်ထွက် ခဲ့ပြီးနောက်ပိုင်းမှာတော့ ဘေဂျင်း တက္ကသိုလ်က သမိုင်း […]


စေနNovember 24, 20101min744
ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ဦးဟာ အထုပ်ကြီးတစ်ထုပ်ထမ်းပိုးပြီး မိုင်ပေါင်းများစွာကနေ ဆရာတော်တစ်ပါးဆီ ရောက်လာခဲ့တယ်။ ဆရာတော်ဆီရောက်တာနဲ့ သူက “ဆရာတော်.. တပည့်တော် အထီးကျန်လွန်းနေပါတယ်။ နာကျင်ကြေကွဲနေပါတယ်။ နှစ်ရှည်လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကြောင့် တပည့်တော် ပင်ပန်းနွမ်းနယ်နေပါတယ်။ ဖိနပ်လည်း ပေါက်ပြဲခဲ့ပါပြီ။ ခြေထောက်နှစ်ဖက်မှာလည်း ဆူးဒဏ်ရာတွေ ပြည့်ခဲ့ပါပြီ။ လက်တွေလည်း သွေးတစိမ့်စိမ့်နဲ့ ထိရှခဲ့ပါပြီ။ နှစ်အတော်ကြာ ဟစ်အော်ခဲ့ရတဲ့ လည်ချောင်းလည်း ကွဲအက်နေခဲ့ပါပြီ….. ဘာဖြစ်လို့ တပည့်တော်ရင်ထဲက နေရောင်ခြည်ကို တပည့်တော် မတွေ့ရသေးတာလဲ ဘုရား?” လို့ လျှောက်တင်တယ်။ အဲဒီအခါမှာ ဆရာတော်က “ဒကာတော် အိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ?”လို့ မေးတယ်။ လူငယ်က “အိတ်ထဲကပစ္စည်းတွေဟာ တပည့်တော်အတွက် အင်မတန်အရေးပါတဲ့ ပစ္စည်းတွေပါဘုရား။ ထည့်ထားတာတွေက လဲကျတိုင်း တပည့်တော် နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေ၊ ထိခိုက်တိုင်း ငိုကြွေးခဲ့ရတာတွေ၊ အထီးကျန်တိုင်း […]