သတ္တုတစ်စနဲ. အဝန်းအဝိုင်းခွေ တစ်ခုခုကို ကိုယ်စားပြုလေရဲ. အဲဒါတွေက ချစ်မေတ္တာတွေလည်း ဟုတ်ရဲ. ဂုဏ်ဒြပ်တွေလည်း ဖြစ်နိုင်လေရဲ. ဟန်ဆောင်မှုတစ်ခုကိုလည်း ထမ်းပိုးပေးလားပေးရဲ. တစ်ခါတစ်ခါ ချောင်တစ်ချောင်မှာ သိမ်းထားတဲ့ မောင်းကွင်းတွေလည်း ရှိနေရဲ. ကိုယ်စားပြုသင်္ကေတတွေ… အစားထိုးလဲလှယ်ခံခဲ့ရတဲ့ မြတ်နိုးခြင်းတွေ… လက်သူကြွယ်တွေအပေါ်မှာ ပြောင်းလဲသွားခဲ့တဲ့ ငါတို.ရဲ့ဘဝတွေ… ကိုယ်စားပြုခြင်းတွေ… ဘယ်ဘက်လက်သူကြွယ်တွေရေ… တစ်ဘဝမှာ ငါတို.လိုလက်စွပ်ဘယ်နှစ်ကွင်း မင်းတို.ကျောပေါ် အနင်းခံမှာလဲ…?