အမေ မပြောဖြစ်ခဲ့တဲ့စကား

လွန်ခဲ့တဲ့(၁၅)နှစ်ကျော်ကပေါ့ဗျာ။အမေနဲ ့ကျွန်တော်တို ့ညီအကို(၃)ယောက်နေထိုင်ရာ တဲစုတ်လေးထဲမှာ ရှိုက်သံ အံကြိတ်သံ

ဒေါသသံတွေနဲ ့ ကမာ္ဘပျက်နေတယ်ဗျာ။မှတ်မှတ်ရရကျွန်တော် ဆယ်တန်းကို(၃)ဘာသာဂုဏ်ထူးနဲ ့အောင်ပြီးကာစ (၂)နှစ်ကျော်အကြာ

မှာပေါ့ဗျာ။အလတ်ကောင် ဟောလစ်ကရှစ်တန်း၊အငယ်ကောင် ငပေါက်က ငါးတန်းပဲရှိသေးတာ။ကျောင်းသားတွေချည်းမို ့ အထင်မကြီး

နဲ ့ဗျ။ကျွန်တော်တို ့မိသားစု ဆင်းရဲချက်က ထမင်းတောင်နပ်မမှန်တာ ခဏခဏပဲ။နေတော့တဲစုတ် စားတော့ပဲပြုတ်ပေါ ့။တဲက ခေါင်မိုး

မလုံတော့ မိုးရွာရင် မိုးနဲနဲလွတ်တဲ့ တဲထောင့်လေးမှာ သားအမိတတွေ ကုပ်နေရတာကို မိုးရွာတိုင်းသတိရမိတယ်။

အဖေကအငယ်ကောင် တစ်နှစ်သားကတည်းက ဆုံးသွားတာလေ။အမေက အိမ်တကာလည်ပြီး အဝတ်လျှော် သန့်ရှင်ရေးလုပ်

စသဖြင့် ရရာအလုပ်ကိုလုပ်ရတာ ညမိုးချုပ်ချိန်မှပြန်လာနိုင်ရှာတယ်။ကျွန်တော်က ဆန်ရှိရင် ထမင်းချက်ပေါ့။ဒါပေမယ့် ဆန်မရှိတာအမြဲလို

လိုမို ့အမေ့ကိုအလုပ်ရှင်အိမ်ကပေးလိုက်မယ့် အစားအစာလေးတွေကို မျှော်ရတာပေါ့ဗျာ။အခုမှသတိထားမိတာက အမေပြန်လာတိုင်း အစား

ပါလာရင်ကျွန်တော်တို ့ညီအကိုတွေကိုအကုန်ကျွေးပြီးအမေကစားခဲ့ပြီဆိုပြီးရေတခွက်သောက်အိပ်တော့တာပဲ။အမေပင်ပန်းလွန်းလို ့ထင်ပါရဲ့

အမေ့ အသက်(၃၅)ဆိုရင်မယုံကြဘူး။(၅၀)လောက်ထင်ကြတယ်။

ကျွန်တော်ကလည်းဆင်းရဲတဲ့ဘဝကလွတ်ချင်လို ့စာကြိုးစားခဲ့တယ်။ဆရာ/မ တွေနဲ ့အများကကူညီလို ့လည်း(၁၀)တန်းထိရောက်

ရတာပဲလေ။အိမ်မှာကြည့်စရာမှန်မရှိလို ့ မှန်ကွဲလေးကို ထရံမှာမှာထိုးထားရတယ်ဗျ။အလှအတွက်မှန်ကောင်းကောင်းမကြည့်ရတော့ ဘဝ

အတွက် စာကြည့်ရတော့တာပေါ့ဗျာ။ရလဒ်ကတော့ဆယ်တန်းကို(၃)ဘာသာဂုဏ်ထူးနဲ ့အောင်ပြီးဆေးကျောင်းတောင်မှီတယ်ဗျာ။

အဲဒီမှာအမေခေါင်းစားတော ့တာပဲပေါ့။ကျွန်တော်ရည်မှန်းချက်ကြီးတာ အမေသိတယ်လေ။ဒါပေမယ့် ဆေးကျောင်းစရိတ်က သိ

တဲ့အတိုင်းပဲ ကျွန်တော်တို ့အတွက်အလှမ်းဝေးလွန်းလှပါတယ်။မဖြစ်နိုင်လွန်းတော့ ဇွတ်မှိတ်မေ့ဖို ့ကြိုးစာရတာပေါ့။မကြာခင်မှာပဲ ကျွန်တော်

ဆေးကျောင်းတက်နိုင်တော့မှာ ဖြစ်တဲ့အကြောင်းပြောလာတယ်။ကျွန်တော်အံ့ဩလွန်းလို ့မေးတော့ စေတနာရှင်(၁)ယောက်က ကူညီသလို

လိုပြောတယ်။ဘာပဲပြောပြောကျွန်တော်ဆေးကျောင်းသားဖြစ်ခဲ့ပါတယ်။အမေကတော့အလုပ်ပိုလုပ်ရတယ်နဲ ့တူပါရဲ ့။တခါတလေ ပြန်တောင်

မအိပ်နိုင်တော့ဘူး။

ဒီလိုနဲ ့တနေ့တော့ ရပ်ကွက်ထဲက ပန်းရံဆရာ ကိုငြိမ်းက မူးမူးနဲ့ရောက်လာပြီး အမေကရပ်ကွက်ထိပ်က သံဆိုင်ပိုင်ရှင် မာမွတ်

မယားငယ်ဖြစ်နေတဲ့ အကြောင်းလာပြောသွာတာပေါ့။အံ့ဩတာရော ရှက်တာရော မွှန်ထူသွားတော့တာပါပဲ။

အမေပြန်လာတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ သားတွေဝိုင်းပြောကြတဲ့ ဒေါသသံတွေကို မျက်ရည်တွေနဲ ့အမေတခွန်းမှပြန်မပြော

ပဲ အပြစ်ရှိသူ တယောက်လိုကုပ်ကုပ်လေးနားထောင်နေခဲ့တယ်လေ။တဆတ်ဆတ်တုန်နေတဲ့ အမေ့နှုတ်ခမ်းတွေဟာ တခုခုပြောချင်ပုံရပေ

မယ့် အမေမပြောခဲ့သလို ကျွန်တော်တို ့လဲ နားမလည်ခဲ့ မသိခဲ့ပါဘူး။

ပတ်ဝန်းကျင်က အမျိုးမျိုးကဲ့ရဲ့တိုင်းအမေ့ဒေါသဖြစ်ခဲ့တယ်။အထူးသဖြင့် အမျိုးဖျက်မသား အပြောခံရတိုင်းအမေ့ကို စိတ်နာတယ်။

အမေနဲ ့မျက်နာချင်းမဆိုင်မိအောင်နေခဲ့တယ်။ကျောင်းစရိတ်တွေကို အမေကမသိအောင်တမျိုး အမျိုးမျိုးထောက်ပံ့ခဲ့တာကိုတော့ မရှောင်

လွှဲနိုင်ခဲ့ပါဘူး။

အခုဆိုရင် ကျွန်တော်ဆရာဝန်ကြီးတစ်ယောက်ဖြစ်နေပါပြီ။အလတ်ကောင်က နိုင်ငံခြားသင်္ဘောသားဖြစ်နေပြီး အငယ်ကောင်က

တော့နာမည်ကြီးကျူရှင်ဆရာကြီးပေါ့။လှပခေတ်မှီပြီး မြေကြီးကိုင်ရမှာတောင်ရွံ ့တတ်တဲ့ ကျွန်တော့်မိန်းမ အမေ့ချွေးမနဲ ့ ခေတ်မှီပုဂ္ဂလိက

ကျောင်းမှာတက်တဲ့ သမီးနှစ်ယောက်ရယ် ခေတ်မှီတိုက်တွေ ကားတွေနဲ့ ကျွန်တော့ဘဝက ပြည့်စုံလွန်းပါတယ်။လွန်ခဲ့တဲ့(၁၅)နှစ်ကျော်က

အမေပြောချင်ခဲ့တဲ့ စကားတွေကို အခုချိန်မှာ ကျွန်တော် နားလည် သဘောပေါက်လာပါပြီ။

ဒါပေမယ့် ဒါတွေအားလုံးကို အမေမသိနိုင်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဆရာဝန်ဘွဲ ့ရပြီးတစ်နှစ်ကျော်အကြာ

မှာပဲ ကျွန်တော့အမေဟာ သူများအကဲ့ရဲ ့ခံဘဝ သူဆင်းရဲမကြီးဘဝ သူများမယားငယ်ဘဝနဲ ့ကျွန်တော်တို ့နေခဲ့ရာ တဲစုတ်လေးမှာပဲ

ကွယ်လွန်သွားခဲ့ရလို ့ပါပဲ။    ။

(၂၀၁၂ ဇန်နဝါရီကတည်းက လွန်ခဲ့တဲ့နှစ်ပေါင်း၂ဝခန် ့က စစ်ကိုင်းမြို ့နယ်တွင်းရွာတစ်ရွာက ဖြစ်ရပ်မှန်ကို အခြေခံရေးဖွဲ ့ခဲ့တာပါ။)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

10 comments

  • P chogyi

    August 28, 2012 at 11:21 am

    ကျွန်တော်က ဆယ်တန်းအောင်ပြီး ၂ နှစ် ဆိုတော့ အနည်းဆုံး ၁၈ နှစ်
    အမေက ၃၅ ဆိုတော့ အနည်းဆုံး ၁ရ နှစ်မှာ အိမ်ထောင်ကျတယ်။
    လောကဓံကို ငယ်ငယ်လေးနဲ့ ခံခဲ့ရတာပေါ့လေ။

  • နေဠု ဝင်း

    August 28, 2012 at 12:27 pm

    အမေက အမေပါဘဲ တစ်ခါတစ်လေ မဖြစ်ချင်တာတွေလဲ ဖြစ်တာဘဝပါဘဲ။သူလည်း ကုလားမယားငယ်ဘယ့်လုပ်ချင်မလဲ။အမှန်တကယ်ဆိုရင် သားတွေကအမေဘက်ကဖြစ်ရမှာ။အမေမှားလည်းအမေမှန်တယ်။အမေဘာလုပ်လုပ်ကျွန်တော်ကတော့ အမေကိုယုံတယ်။အမေကို သတိရတယ်ဗျာ။

    • ကောင်းသီဟ ဇော်

      August 28, 2012 at 12:33 pm

      အင်းပါ အမေကိုသတိရရင်အဖေကိုလည်းမမေ့ပါနဲ့။

  • ကောင်းသီဟ ဇော်

    August 28, 2012 at 12:32 pm

    ကောင်းတယ်ဗျာ ရင်ထဲကိုထိသွားတာပဲ တကယ်ကိုကောင်းတဲု့ဇာတ်လမ်းလေးတစ်ပုဒ်ပါဘဲ အတုယူချင်စရာကောင်းပါတယ် အခုခေတ်လူငယ်လေးတွေလည်းအဲလိုမျိုးဖြစ်စေချင်ပါတယ် မိဘကျေးဇူးဟာဘုရားတောင်လိုက်မမှီနိုင်ပါဘူး ဘုရားဆိုမိဘကိုလုပ်ကျွေးတာတောင်နို့တစ်လုံးဘဲကျေသတဲ့ အခုခေတ်ကျွန်တော်အပါဝင်လူသားတိုင်းကိုလည်း မိဘကျေးဇူးသိတတ်စေချင်ပါတယ်လို့ကျွန်တော်ရင်ထဲကလှိုက်လှိုက်လှဲလှဲပြောချင်ပါတယ် ။

    • Foreign Resident

      August 28, 2012 at 2:59 pm

      ” ဘုရားဆို မိဘကိုလုပ်ကျွေးတာတောင်နို့တစ်လုံးဘဲကျေသတဲ့ ”

      အဲဒီစကား ထေရဝါဒ ပိဋကတ်တွေမှာ မပါပါဘူး ။
      အဋ္ဌကထာ ဋီကာ ဆရာတွေ ချဲ့ထားတာပါ ။ မယုံပါနှင့် ။

  • မောင်ပေ

    August 28, 2012 at 2:05 pm

    ဖတ်လို ့အရမ်းကောင်းတဲ့ ဖြစ်ရပ်မှန် ဇါတ်လမ်းတစ်ပုဒ်ပဲဗျို ့

  • ရွှေ ကြည်

    August 28, 2012 at 2:26 pm

    ဖြစ်ရပ်မှန်လို့သိလိုက်ရတော့ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။

  • kotun winlatt

    August 28, 2012 at 2:35 pm

    ဂွတ်ထ…ဂွတ်ထ….ဂွတ်ထ….
    နောက်ထပ်လည်းးးးဂလို ဖြစ်ရပ်မှန်လေးတွေ ရေးပါဦးဗျို့….။

  • Mobile

    December 16, 2012 at 2:08 pm

    အားပေးသွားပါတယ်ဗျာ။
    အရေးအဖွဲ့ကောင်းလှပါ၏။
    နောက်နောင်လဲ အားပေးချင်လှ၏။

Leave a Reply