အမေသို့ ………….
မေလရဲ့ ဒုတိယပတ်မြောက် တနင်္ဂနွေနေ့ဟာ အမေများနေ့လို့ ဆိုပါတယ် …
ဒီ ၂၀၁၂ ခုနှစ်မှာဆိုရင်တော့ မေလ (၁၃) ရက်နေ့ပေါ့နော် ..
အဲဒီနေ့ .. အမေများနေ့မှာ …
ကျနော့် အမေအတွက် ရည်ရွယ်ပြီး စာတိုလေးတစ်ပိုဒ် ရေးထားတာ ရှိပါတယ် ….
အဲဒီ စာတိုလေးကတော့ ….
ဟိုး အဝေးကြီးမှာ နေထိုင်တယ်
ဒါပေမယ့်
ကျနော့်အနား အမြဲရှိနေတတ်တယ်
“လူလေး” လို့ ခေါ်တတ်တဲ့
အမေ့ရဲ့ အသံတွေဟာ
ကျနော့်ရဲ့ ဘေးနားပတ်လည်မှာ
အချိန်တိုင်း ဝဲပျံနေလျက်ပါ အမေ ……
အမေ့ကို ချစ်တဲ့ …
သား လူလေး
_______________________________________________
အောက်က ပုံတွေကတော့ အမေနဲ့ သက်ဆိုင်တဲ့ ပုံတွေပါပဲ ..
အင်တာနက်ပေါ်ကနေ တိုက်ရိုက် ယူသုံးထားတာတွေပါလို့ ……… 😀
_______________________________________________







.jpg)





__________________________________________
အားလုံးသောသူအပေါင်း အမေများနေ့တွင် မိမိ မိခင်၏ မိမိအပေါ်တွင် ထားရှိသော မေတ္တာများကို သိရှိ နားလည်ပြီး သားကောင်း သမီးမွန်များ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် …
(လိမ္မာပြီးသားသူတွေတော့ ပါဘူးပေါ့နော် … 😀 )
ခင်မင်စွာဖြင့်
အံစာတုံး
25 comments
windtalker
May 12, 2012 at 11:28 pm
မဟာရာဇာကြီးရေ
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
ကျုပ် ရဲ့မာတာကို သင်္ကြန်တုန်းက မကန်တေတာ့ခဲရတာ
အခု တနင်္ဂနွေမှ အကျိုးကြောင်း ပြောပြီး ကန်တော့မယ်ဗျား
ဗိုက်ကလေး
May 13, 2012 at 11:34 am
ကန်တော့မယ်ဆိုပြီး ခုထိ အမူးမပြေသေးတဲ့အကောင်..
ထစမ်း..ထစမ်း..နေက ဖင်ထဲကဝင်ပြီး ခေါင်းက ပြန်ထွက်တော့မယ်..ခုထိ မှောက်ကောင်းတုန်း…
ပြောင်ဂျီး..နင်တော့လား..
(မောင်ပေ့ မာတာ၏ အသံ)
pooch
May 13, 2012 at 12:43 pm
ဗိုက်ကလေး ရဲ့ နင်ဘာသိလို့လဲ ကပေက အခုလို အမွှာလေးတို့ အဖေ ဖြစ်လာတော့မှ
သိတတ်လာတာ။
ခုဆို အရင်လို မသောက်တော့ဘူး လိမ္မာနေပြီ။ ညနေတိုင်းပဲ အမှောက်ကစ်တာ ။ 😆
ဗိုက်ကလေး
May 13, 2012 at 1:41 pm
ဪ..

အူးပေ..အူးပေ
ပေးထားတဲ့ windtalker ဆိုတဲ့ နာမည်နဲ ့ တယ်လိုက်သကိုးဗျာ..
အပြောတစ်မျိုး..အလုပ်တစ်မျိုး..အူးလေအိုး..အဲလေ..အူးပေရေ..ခလေးတွေကော အကြွေးတွေကော..ဒါတောင်
မိုက်ကောင်းတုန်း မှောက်ကောင်းတုန်းပဲလားဗျာ
shwe kyi
May 12, 2012 at 11:34 pm
ရွှေကြည်လည်းအမေနဲ့ဝေးနေရသူပါ
အမေက တစ်ခါကဘာပြောလဲဆိုရင် လသာတဲ့ညတစ်ညမှာ ကောင်းကင်ကလကိုကြည့်ပြီး
သမီးနေတဲ့ရန်ကုန်မှာလဲ ဒီလပဲသာမှာ လို့တွေးမိတယ်တဲ့။
အမေကလေ ပညာလည်း ၄ တန်းအထိပဲသင်ခဲ့ရတာပါ ဒါပေမယ့် ရွှေကြည်အတွက်စံပြအမေတစ်ယောက်
ဖြစ်ခဲ့ပါတယ်။ သားသမီးအားလုံးက လေးစားရတဲ့အမေရယ်ပါ။
အမေ့ကိုသတိရလျှက်
ထာဝရဦးခိုက်လျှက်
အတိသဉ္ဖာ နာဂရချစ်သူ
May 12, 2012 at 11:37 pm
မေ(၁၃)ရက်နေ ့အမေနေ ့အတွက်ပေါ့နော်
surmi
May 13, 2012 at 2:22 am
အမေ …လို. တိုးတိုးလေးရေရွတ်မိရင်တောင် ခွန်အားတွေ အတိုင်းမသိတိုးလာတယ် ။
အမေနဲ. ဝေးနေပေမဲ. ….ရင်ထဲမှာ အမေအမြဲရှိတယ် ။
ရင်.ကျက်မှု၊ ခက်ထန်မာကြောမှုတေူွနဲ.ဖုံးအုပ်ထားပေမဲ. ……
အမေ.သားက အရင်လိုဘဲ …..အမေ.ခွန်အားတွေ
လိုအပ်နေဆဲပါ အမေ …….။
Khin Latt
May 13, 2012 at 6:07 am
ဒီလို နေ့ထူးလေးကို အသိပေးတာရယ်။ ကြည်နူးစရာ ပုံလေးတွေ ရယ် အတွက် ကျေးဇူးပါ။
အဓိကကတော့ မင်း အမေ အတွက်ကဗျာလေး အတွက်ပေါ့။ 🙂
ဒီမှာတော့ အမေများ နေ့က မတ်လ ထဲမှာပြီးခဲ့ပြီ။
aye.kk
May 13, 2012 at 7:54 am
အမေ…
၁။ လောကမှာအစားထိုး၍မရနိုင်ပါသောအမေ…
၂။ မြင့်မိုရ်တောင်မျှမကကျေးဇူးကြီးမားပါသောအမေ…
၃။ ကမာ္ဘကိုပါဩဇာလွှမ်းမိုးကျေးဇူးတုံ ့ပြန်ပြုနိုင်တတ်ပါသောအမေ…။
ထိုထိုဂုဏ်ပုဒ်များကိုပိုင်ဆိုင်ပါသောအမေအား..
လက်ဆယ်ဖြာဦးထိပ်မှာမိုး၍ညအိပ်ရာဝင်တိုင်းဘုရားနှင့်တဂိုဏ်းတည်းထားကာ
နေ ့စဉ်နေ ့တိုင်းအမေ့ခြေစုံခြေဖမိုးအားဦးခိုက်၍
သားမောင်အလိမ္မာ၊သ္မီးအလိမ္မာတို ့ရိုသေမြတ်နိုးရှိခိုးကန်တော့၍အိပ်ပါ၏အမေ…။။
(ထေရဝါဒဗုဒ္ဓဘာသာဝင် သားအလိမ္မာ၊သမီးအလိမ္မာတို ့ဖြစ်ကြပါစေကြောင်း
ဆုတောင်းမေတ္တာဝေမျှလိုက်ပါသည်)
kyeemite
May 13, 2012 at 10:42 am
မိအံဇာ..ဓါတ်ပုံလေးတွေ ရှာရှာဖွေဖွေ တင်ပေးတာ ကျေးကျေးပါတော်..
ဗိုက်ကလေး
May 13, 2012 at 10:53 am
ဒီနေ ့ဟာ အမေနေ ့များပါကလား..
အရက်တမားတွေ သတိမှ ရပါလေစ..ကျုပ်ကတေ့ လိမ်မာပြီးသားမိုလို ့သိပ်ပြဿနာမရှိလှ
ကြီးပြီးမိုက်တဲ့လူတွေနဲ ့မကြီးမငယ်နဲ ့ မိုက်တဲ့လူတွေ အမေ့ကျေးဇူး ရည်စူး၍ သောက်စားခြင်းအမှု အလျင်းမပြုကြလေနှင့်
အမေ့အား ရည်စူး၍ ကာင်းမှုကုသိုလ်များလုပ်ကြလော့…လုပ်ကြလော့..
မဟာရာဇာ အံစာတုံး
May 13, 2012 at 10:59 am
အစကတော့
တိုဗိုက်ကို ဘီအီးသမား လူရမ်းကားဂျီးလို့ ထင်နေဒါ …
ခုမှ သားလိမ္မာလေးမှန်း သိဒေါ့ဒယ် .. 😀
ပြီးတော့ ပြောချင်သေးထယ် ..
ကြီးပြီး မိုက်တဲ့လူဒွေ ဂနေ့ ကောင်းကောင်းနေဂျ ..
htet way
May 13, 2012 at 11:52 am
ကျေးဇူးတင်တယ်ဗျာ
အမေ …ငါတို့ အားလုံးရဲ့ အမေ
ကြိုဆိုဂုဏ်ပြု ခဲ့ပါတယ်
pooch
May 13, 2012 at 12:38 pm
လက်မတချောင်းထောင်ပေးခဲ့ပါတယ်နော်။
မျက်နှာများသလောက်အားကြီးချစ်တတ်တဲ့ သားလိမ္မာကြီးကို 😆
အရင့်ရောင်
May 13, 2012 at 1:35 pm
အားပေးတွားပါ၏
TTNU
May 13, 2012 at 1:41 pm
မောင်အံစာရေ…
ကျက်သရေရှိတဲ့ Post လေးဖြစ်ကြောင်း မှတ်တမ်းတင်တယ်ကွယ်။
အမေ့ကျေးဇူးသိသော သားအဖြစ် လေးစားပါတယ်။
အတိသဉ္ဖာ နာဂရချစ်သူ
May 13, 2012 at 2:30 pm
ကိုအံစာတုံးရေ. ပုံလေးတွေက အသက်ဝင်လွန်းတယ်ဗျ
marblecommet
May 13, 2012 at 4:02 pm
အောက်ဆုံးက အမေ (15) ပန်းချီကား က
ဆုံးသွားတဲ့ ကိုမြင့်စိုး လက်ရာများလားဗျ
…….
ကျွန်တော်လည်း အိမ်နဲ့ဝေး အမေနဲ့ဝေးနေတာ
ကြာလှပါပြီဗျာ………
မဟာရာဇာ အံစာတုံး
May 13, 2012 at 4:06 pm
အဲ့ဒါတော့ သိဘူး ကိုကမ်းကြီးရေ ..
ကျနော်လည်း အင်တာနက်ပေါ်မှာ
အမေနဲ့ ပတ်သက်တာတဲ့ပုံတွေကို ရှာရင်းနဲ့ တွေ့လာတာ …
မူရင်းလင့်ကိုတော့ သွားမကြည့်လိုက်မိဘူးရယ် …
အမေနဲ့ဝေးနေတာ ကြာပြီဆိုတော့ ခဏတစ်ဖြုတ်လောက်
အမေ အလွမ်းပြေအောင် ပြန်လိုက်ပါဦးလားဗျ ..
marblecommet
May 13, 2012 at 6:45 pm
မပြန်ဖြစ်ပါဘူးဗျာ…
အကုသိုလ်အတုံးအခဲကောင်ဆိုတော့….
…….
ကိုမြင့်စိုးက အဲဒီ လက်ရာမျိုးလေးတွေ ဆွဲတတ်လို့ပါဗျာ.
ဒါပေမဲ့ ခင်ဗျားဆိုလိုရင် အမေ က ပိုအရေးကြီးလို့
ကျနော်လည်း ကျနော့်အမေကို လွမ်းလွမ်းဆွေးဆွေးဖြစ်သွားတယ်……
ခင်ဗျားပို့(စ်)ကိုတော့ ပီတိ နဲ့အားပေးသွားပါကြောင်းဗျာ….
ahnyartamar
May 14, 2012 at 11:01 am
ခြောက်မျက်နှာရေ…အသက်ဝင်၏၊ ထိထိမိမိခံစားရ၏။ အဲဒီနေ့က ထူးအိမ်သင် ရဲ့ အမေ သီချင်းအခွေကို နားထောင်ပြီး အမေ့ ကို လွမ်း၏။
mocho
May 14, 2012 at 1:13 pm
ရင် ကို ထိရှ စေတဲ့ ပုံလေးတွေ ပါပဲ။ ပုံ ၄ က အမေ က ချောသလို သူ့ ကလေးလေး က သူ့ အမေကို ပြန်ကြည့် ပြီး မှတ် နေတာကို ကြည့် ရတာ ကြည်နူးလိုက်တာ။
စနေ
May 14, 2012 at 1:47 pm
အားပေးသွားပါတယ် … ကိုအံစာရေ …
စနေကတော့ အမေ့နားမှာနေပြီး
အမေ့ကို လုပ်ကျွေးခွင့်ရနေတာကို အရမ်းကြည်နူးမိပါတယ် ………
the best
May 14, 2012 at 9:12 pm
ကျွန်တော်မှာ ခေါ်စရာ အမေ မရှိပါ သော်လည်း ရင်ထဲကနေ “ အမေ ” လို့တိုးတိုးလေးခေါ်မိတယ်။
အမေ ရှိနေ သေးတဲ့ သူများ အမေ ကြားအောင် အမေအတွက် ဝမ်းသာစရာ စကားလေးတစ်ခွန်းလောက် ပြောလိုက်ပါလားဗျာ….။
“အမေ” ရဲ့ ရင်ခွင်ဟာ သား၊သမီး တို့ ရဲ့ ကမ္ဘာပါ။
မဟာရာဇာ အံစာတုံး
May 14, 2012 at 9:30 pm
” … လက်သစ်တောင်တာ
ယူဇနာပေါင်း
တာပြန်လောင်းသော်
ရှစ်သောင်းလေးထောင်
အမြင့်ဆောင်သား
တောင်မြင့်မိုရ်ရှိ
ဂုဏ်ကြီးဘိသည်
မွေးမိဖခင်
ကျေးဇူးရှင်နှင့် …………….. ”
မြင့်မိုရ်တောင်ဦး မကကြူးသည့် မေတ္တာ အရှင်သခင် မွေးမိခင်နှင့် ပတ်သက်၍
လာရောက် ဖြည့်စွက် ပြောကြားပေးကြပါကုန်သော သူအပေါင်းအား
ကျနော် အံစာတုံးမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ….
အားလုံးကို ခင်တဲ့
အံစာတုံး