နိုင်ငံတော်သမ္မတကြီး၏လမ်းညွန်မိန့်ကြားချက်(၂၀၁၂ ခုနှစ် မေလ ၁၁ရက်)…
ယခုပဲ ရန်ကုန်တိုမ်းကနေဖတ်လိုက်ရလို့ ပြန်လည်ဖောက်သည်ချခြင်းပါပဲ…မူရင်းလင့်ကတော့….
…http://yangonmedia.com/news/2012/05/myanmar-persdent-speech-meeting-and-instruation…
“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ယနေ့ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကိုလိုချင်ပြီး ကျနော်တို့ အစိုးရရဲ့ အောက်ခြေအဆင့် ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ်၊တိုင်းဒေသကြီး ၊ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်း လုပ်ဟန်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြတာကို မကြိုက်တော့ဘူး ဆိုတဲ့ အနေအထားကို ပြသခြင်းဖြစ်ပါတယ်။ဒါကြောင့် Reform ကိုထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။”
ဟုတ်ကဲ့…သမ္မတကြီးခင်ဗျား…ပြုပြင်ပြောင်းလဲရေးများကို အောက်ခြေ အဆင့်မှ စ၍ ထိထိရောက်ရောက် ပြောင်းလဲကြမယ်ဆိုရင် ကျတော်တို့ ပြည်သူလူထုကလည်း ဝမ်းသာအားရ ဂုဏ်ယူစွာနဲ့ အားပေးထောက်ခံပါတယ် ခင်ဗျား…
“ရှေးကကဲ့သို့ ပြည်ထောင်စုအစိုးရက Top Down ချမှတ်ပေးမှ ဆောင်ရွက် အကောင်အထည်ဖေါ်တဲ့ ပုံစံအစား ကိုယ့်ဒေသဖွင့်ဖြိုးဖို့ ကိုယ်တိုင်လေလာကြံဆ ကြိုးပမ်းပြီး Bottom Up Initiative နဲ့ကိုယ်လုပ်ချင်တဲ့ အစီအမံတွေကို ပြည်ထောင်စု အစိုးရထံသို့ အသိပေးတင်ပြပြီး ဆောင်ရွက်သွားကြဖို့လိုပါတယ်။ပြည်ထောင်စုအစိုးရအနေနဲ့ကလည်း တိုင်းဒေသကြီး၊ပြည်နယ်များကို တင်ပြဆေင်ရွက်စေခြင်းဟာ ပြုပြင်ပြောင်းလဲရေးကာလ (Transition Period) အောက်ပါအချက်များကို အခြေခံ အုပ်မြစ် (Foundation) ခိုင်မာအောင် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းရမယ့် ကာလတစ်ရပ်၊အခြေအနေတစ်ရပ်လိုအပ်တာကြောင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အောက်ခြေအဆင့်အထိ ဆောင်ရွက်မူများအစဉ်ပြေ ချောမွေ့ ခိုင်မာ သွားတဲ့အခါမှာ အခြားနိုင်ငံများနည်းတူ နိုင်ငံတော်အဆင့် မှလုပ်ဆောင်ရမယ့်အပိုင်း၊ပြည်ထောင်စုအဆင့်မှ ဝန်ကြီးဌာနများမှ လုပ်ဆောင်ရမယ့် အပိုင်း၊တိုင်းဒေသကြီး ပြည်နယ်များမှ လုပ်ဆောင်ရမယ့်အပိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသများက လုပ်ရမယ့်အပိုင်း၊ ခရိုင်အဆင့် ၊ မြို့နယ်အဆင့်များမှ လုပ်ဆောင်ရမယ့်အပိုင်း တွေ ဆိုပြီးသူ့အဆင့်နဲ့သူ အုပ်ချုပ်ရေး စီမံခန့်ခွဲမူ (Administrative Management System) ပြောင်းလဲတိုးတက်လာမှာဖြစ်ပါတယ်။
ဒါကြောင့် ယခုလို အပြောင်းအလဲ ကာလမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများဟာ
-မူဝါဒ ညှိနှိုင်းခြင်း ၊
-မဟာဗျူဟာ၊နည်းဗျူဟာ အကောင်အထည်ဖေါ် မည့်လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း၊
-မြေအသုံးချမူ အပါအဝင် သဘာဝ သယံဇာတ အရင်းအမြစ်အသုံးချမူများ စီမံခန့်ခွဲမူ ညှီနှိုင်းခြင်း၊
-တိုင်းဒေသကြီး /ပြည်နယ်များ၏ ဖွံဖြိုးတိုးတက်မူ စိမံကိန်းနှင့် ပြည်သူတို့၏ လူမူစီပွါးရေး ညွန်းကိန်း တိုးတက်ရန် လိုအပ်ချက်များ ညှိနှိုင်းခြင်း၊ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမူ လျှော့ချရေး၊လူ့စွမ်းအား ရင်းမြစ် ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊
– နိုင်ငံတော် ဘဏ္ဍငွေ ဘက်ချက် ခွဲဝေမူ သုံးစွဲမူ ညှိနှိုင်းခြင်း၊အခွန်အကောက်ဆိုင်ရာ ခွဲဝေ သုံးစွဲမူ ညှိနှိုင်းခြင်း၊
-နိုင်ငံခြားအကူ အညီထောက်အပံ ဆိုင်ရာ ခွဲဝေ သုံးစွဲမူ ဆိုင်ရာ ညှီနှိုင်းဆောင်ရွက်ခြင်း၊
-ဒေသအလိုက်ဖွင့်ဖြိုးတိုးတက်မူအတွက် ပြည်တွငးပြည်ပ ရင်းနှီးမြုပ်နှံမူများ ဖိတ်ခေါ် ရင်းနှီးမြျုပ်နှံဆောင်ရွက်ရေး ညှိနှိုင်းခြင်း၊
-ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အုပ်ချုပ်မူလုပ်ငန်းများ ခွဲဝေ ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းခြင်း၊
-ကဏ္ဍ စီမံကိန်းများ၊ဒေသန္တရ စီမံကိန်းများနှင့် သီးခြား ဖွံ ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ၊နိုင်ငံခြား အကူ အညီ ထောက်အပံ့များ၊ရင်းနှီးမြုပ်နှံမူများနှင့် ပြည်သူ လူထု နှင့်ထိတွေ့ ဆောင်ရွက်နေသော လုပ်ငနးများကို လေးလပတ် လေ့လာ သုံးသပ် အကဲဖြတ်ခြင်းနှင့် လေ့လာသုတေသနပြုလုပ်ရေး လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်း စတဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို လေးလပတ် အစည်းဝေးတွေ ပြုလုပ်ပြီး ဆောင်ရွက်သွားကြရန် လိုအပ်မှာ ဖြစ်ပါတယ်။
ဆက်လက်ဖေါ်ပြပါမည်…။
11 comments
htoosan
May 13, 2012 at 6:50 am
ပြောပေါင်းများလို့ ရိုးနေပါပြီ..
zarlay
May 16, 2012 at 4:16 pm
လက်တွေ့ဟုတ်မဟုတ်စောင့်ကြည့်ရမှာပေါ့လေ
the best
May 13, 2012 at 9:38 am
နိုင်ငံတော်သမ္မတကြီးက တကယ် Reform ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ချင်လို ့
လမ်းညွန်မိန် ့ကြားတာ လို ခံယူမိပါတယ်။ ဒါကြောင့် ပြောင်းလဲသင့်တာတွေ ဝိုင်းအကြံပြုစေချင်ပါတယ်။
ရန်ကုန်တိုင်း စည်သာယာရေးကော်မီတီက အိမ်ခြံမြေ ဝယ်ယူမှုမှာ ဝန်ထမ်းများမှ
သတ်မှတ်တဲ့ ဝန်ဆောင်ခယူပြီး ဆောင်ရွက်ပေးတာ သိရှိရလို ့ကြိုဆိုပါတယ်။
အကြံပြုချင်တာ ကညန ဝန်ဆောင်မှုပေးသလို ဘယ်နေရာ ဘယ်လောက်ပေးလိုက်ပါ ဆိုတဲ့
ဝန်ဆောင်မှုမျိုး မဖြစ်ပါစေနဲ ့။
ဘယ်ခေတ်ပဲ ရောက်ရောက် ပြည်သူ ့ဝန်ထမ်းတွေ နာမည်ပျက် အကျင့်ပျက် မဖြစ်အောင်
ပြည်သူတွေအားလုံး တစ်ယောက် တစ်ခုအကြံပြု ကြပါစို ့။
နိုင်ငံတော်သမ္မတကြီးကလည်း ထိထိရောက်ရောက် ပြောင်းလဲပေးဖို ့အကြံပြုချင်ပါတယ်။
အတိသဉ္ဖာ နာဂရချစ်သူ
May 13, 2012 at 2:34 pm
အမှန်တော့ မြင်တတ်လာပီ ထင်ပါတယ်
jackalin jongin
May 13, 2012 at 4:25 pm
မျက်မှန် ပါဝါတိုးသလို ဦးဏှောက်ကိုလည်း ပါဝါတိုးဖို့လိုပြီ မဟုတ်လားဗျာ။
နေဝန်းနီ
May 13, 2012 at 5:28 pm
..
..
ဗိုက်ကလေး
May 13, 2012 at 6:18 pm
အူးလေးဟာ လေးဒေါင့်တွေဖြစ်နေလို ့ ဇော်ဂျီကို ပြန်ကုဒ်ပေးလိုက်တယ်ခင်ဗျ
ရေလည်များလို ့ နားနားပြီးဖတ်ရဦးမယ်..
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ပြုပြင် ပြောင်းလဲမှုများ တစ်ဆင့်တက် ကြိုးပမ်း လုပ်ဆောင်ကြရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လမ်းညွှန်မိန့်ကြား (၂၀၁၂ ၊ မေ ၁၁ ရက်)
အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဒုတိယ သမ္မတနှင့်
ပြည်ထောင်စု ဝန်ကြီးများ ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရ ဝန်ကြီးချုပ်များ ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဌ များခင်ဗျား
ဒီနေ့ အစည်းအဝေးကို ခေါ်ယူရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အစိုးရရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ ပထမအဆင့် (First Stage of Reform Strategy for National Development) ကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခု ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို တစ်ဆင့်တက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ် ၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်း လုပ်ဟန်တွေ အတိုင်းလုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Reform ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။
ကျွန်တော်တို့က လမ်းကြီးတွေဖောက် ၊ တံတားကြီးတွေ ဆောက်၊ စက်မှုဇုန် ၊ စီးပွားရေးဇုန်တွေ တစ်ဘက်က တည်ဆောက်နေပေမယ့် ဒီတည်ဆောက်မှုတွေထက် ပြည်သူတစ်ဦးချင်း ထိတွေ့ခံစား နေရတဲ့ နေ့စဉ် တွေ့ကြုံနေတဲ့ စားဝတ်နေရေး ၊ သွားလာနေထိုင်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြောင်းလဲတိုးတက်အောင် တစ်နည်းအားဖြင့် ပြည်သူတစ်ဦးချင်းရဲ့ လူမှု စီးပွားရေး ဘဝကို ထိထိရောက်ရောက် တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ့် အစီအမံတွေကို ကျေးရွာမှအစ ကျေးရွာဖွံ့ဖြိုးမှု အစီအမံ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေ ထိထိရောက်ရောက် စီမံကြဖို့ အရေးတကြီး လိုအပ်လာပါတယ်။ ဥပမာ အားဖြင့် နေထိုင်စရာ နေအိမ် အဆောက်အအုံ နဲ့ ရေလိုအပ်ချက်၊ မီးလိုအပ်ချက်၊ သွားလာစရာ ဘတ်စ်ကား ကြပ်တည်းမှု ၊ အဆင်မပြေမှု လိုအပ်ချက်တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ စီမံ ဖန်တီးပေးဖို့ ၊ သိသိသာသာ ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တော်ဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁ဝ ပုံ ၁ ပုံ ရှိပြီး ထိုင်းနိုင်ငံ ၊ ဘန်ကောက် နဲ့ နှိုင်းယှဉ်ရင် များစွာ ကွာဟနေမှုအပေါ် အားမလို အားမရ ဖြစ်တဲ့ လူတန်းစားအလွှာတွေ ရှိသလို ၊ ထက်ဝက်ကျော်သော မြို့လူထု ရဲ့ နေထိုင်ရာ ရပ်ကွက်တွေဟာ ပျဉ်ကာ ၊ ထရံကာ မီးဘေး စိုးရိမ်ရတဲ့ အဆင့်ကနေ တိုက်တာပေါ် မတင်နိုင်သေးတဲ့ အနေအထားတွေ ၊ သူတို့ရဲ့ ရေ လိုအပ်ချက် ၊ မီးလိုအပ်ချက်တွေ ၊ သွားလာရေးမှာလည်း ဘတ်စ်ကား ကြပ်တည်းမှုနဲ့ လုပ်ငန်းခွင်သွားဖို့ မနက်ပိုင်းမှာ နှစ်နာရီလောက် သွားလာရေးအတွက် အချိန်ကုန်ရသလို ၊ လုပ်ငန်းခွင်က အပြန်မှာလည်း ည မိုးချုပ်မှ အိမ်ပြန်ရောက် ၊ မနက် မိုးလင်း အစောကြီး ပြန်သွား ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ မကျေမနပ် အားမလို အားမရ ဖြစ်နေတဲ့ လူတန်းစား အလွှာတွေ ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဈေးကွက်နေရာ ဖန်တီး မပေးနိုင်လို့ ဖြစ်စေ လမ်းဘေး ဈေးသည်များနဲ့ အာဏာပိုင်များရဲ့ အပြန်အလှန် တားမြစ်နေမှု မြင်ကွင်းများ ၊ မြို့တွင်း ကားရပ်နားရန် နေရာ ရှားပါးလာတဲ့ ပြဿနာက အစ ဒီမြင်ကွင်း အားလုံးကို ပြောင်းလဲသွားအောင် ကျွန်တော်တို့ စီမံရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေ များပြား၍ သိသာထင်ရှားပြီး နိုင်ငံရေး ၊ စီးပွားရေး အချက်အခြာ၊ ထင်ရှားတဲ့ ဥပမာ ဖြစ်လို့ မြင်သာအောင် ဥပမာ ပေးရခြင်း ဖြစ်ပါတယ်။ အခြား တိုင်းဒေသကြီး/ ပြည်နယ်များလည်း အလားတူ ဖြစ်စဉ်များ သူ့နေရာနဲ့သူ ရှိကြပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် ပြည်သူ တစ်ဦးချင်း နေ့စဉ် ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ ပြေလည်ပြီး ပြည်သူတို့ရဲ့ လူမှုစီးပွားရေးဘဝ သိသိသာသာ ပြောင်းလဲ သွားအောင် Reform လုပ်ရမှာ ဖြစ်ပါတယ်။ Reform လုပ်ရာမှာ ငါးပွက်ရာ ငါးစာချ ၊ မြေပုံ ကြည့်ပြီး ကြုံသလို နေရာချ ဆောင်ရွက်မှုမျိုး ရှောင်ကြဉ်ပြီး မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို နောင် ရေရှည်အတွက် တိုးတက်လာမယ့် လူဦးရေနဲ့ ဖွံ့ဖြိုးလာမယ့် မြို့ပြ စီးပွားရေး အခြေအနေတွေကိုပါ ထည့်သွင်းတွက်ချက်ပြီး ခပ်မြန်မြန် ဆောင်ရွက်နိုင်မယ့် အစီအမံများကို ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ မြို့ပြတွေမှာ စားသောက်ဆိုင် ဖွင့်ချင်တာ ၊ Shopping Mall ၊ ကာရာအိုကေ ၊ ကာစီနို၊ ဖွင့်ချင်တာက အစ လာရောက် စုံစမ်းကြပြီး ဒေသ အသီးသီးမှာ ရရာ မြေနေရာ ၊ ရရာ အဆောက်အဦ ရရှိရေး ကြိုးစားနေကြတာ တွေ့ရှိနေရ ပါတယ်။ ဒေသ လူတွေကလည်း မြေနေရာ လွတ်ရင်ပြီးရော ၊ ပေးလို့ရတာ အရင်ပေး စနစ်နဲ့ သွားရင် နောင်တစ်ချိန်မှာ မြို့ပြ ဖွံ့ဖြိုးမှု အခင်းအကျင်း ပုံစံ မမှန်တော့ဘဲ Environmental Impact, Social Impact တွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ အခြားနိုင်ငံ မြို့ကြီး ပြကြီးတွေလို City Development Master Plan ရေးဆွဲပြီး ဘယ်နေရာကတော့ Residential Area ၊ ဘယ်နေရာကတော့ Commercial Area၊ ဘယ်နေရာကတော့ Plantation ၊ ဘယ်နေရာကတော့ Forest Area , ဘယ်နေရာကတော့ Industrial Area စသဖြင့် ကြိုတင် လျာထား အကွက်ချဖို့ လိုအပ်ပါတယ်။ မြေလွတ်မြေရိုင်းများနဲ့ တောင်သူ လယ်သမားတွေ စိုက်ပျိုး ဖြစ်ထွန်းမှု မြေဆီ မြေဩဇာ မကောင်းတဲ့ မြေတွေမှာ တစ်ဧကအပေါ်မှာ ရတဲ့ အကျိုးအမြတ်နဲ့ စက်ရုံတစ်ရုံမှာ ရရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို နှိုင်းယှဉ် တွက်ချက်ပြီး ကြိုတင် လျာထား စီမံ သွားကြရမှာ ဖြစ်ပါတယ်။
မြို့နယ်တွေမှာ အစိုးရ ဘတ်ဂျက်နဲ့ စည်ပင်သာယာ ရတဲ့ အခွန်လေး ပေါ်မှာ မြို့လူထုအတွက် ရေ ၊ မီး ၊ လမ်းပန်း ဆက်သွယ်ရေးက အစ ထိရောက်အောင် မလုပ်ပေးနိုင်တာက ငွေကြေး အရင်းအနှီး လိုအပ်ချက်ကြောင့် ဖြစ်တာ တွေ့ရပါတယ်။ လယ်တစ်ဧကပေါ်မှာ ရတဲ့ အခွန်အခနဲ့ စက်ရုံ တစ်ရုံပေါ်မှာ ရရှိမယ့် အခွန်အခ ၊ အခြား ရရှိမယ့် ရေခွန် ၊ မီးခွန် ၊ ကုန်ထုတ်လုပ်မှု အခွန်အခများဟာ မြို့နယ်တစ်ခုအတွက် အခွန် တိုးတက် ရရှိစေမယ့် နည်းလမ်းတွေကိုလည်း တိုးတက် ကြံဆ သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ မြို့ပြတွေကို ကောင်စီ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ များကို ရွေးချယ် တင်မြှောက်ပြီး မြို့တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် လူများနဲ့ နေ့စဉ် ၊ အပတ်စဉ် လေ့လာ ဆွေးနွေး တိုင်ပင် ဆောင်ရွက်ယင်း မြို့ပြတွေ တစ်နှစ်ထက် တစ်နှစ် အရှိန်အဟုန်နဲ့ တိုးတက်အောင် ဆောင်ရွက် နေတဲ့ အနေအထားတွေ လေ့လာ အတုယူ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို ဆောင်ရွက်ရာမှာ
(၁) ပြည်သူလူထုရဲ့ လူမှုစီးပွားရေး လိုအင်တွေကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ့် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People Centered Development) ဖြင့် ဆောင်ရွက်ရေး ၊
(၂) ပြည်သူလူထု ဗဟိုပြု တိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါ လာသည့် လူမှုရေး ၊ စီးပွားရေး အသင်းအဖွဲ့များ ပါဝင်သော လူမှုအဖွဲ့အစည်း (Civil Society) များ၏ ပူးပေါင်း ဆောင်ရွက်မှု အရေးပါ လာသည့်အလျောက် မြို့နယ် တိုင်းမှာ လူမှုရေး ၊ စီးပွားရေး အသင်းအဖွဲ့များ ၊ ကျေးလက် သမဝါယမ အစုအဖွဲ့များ ၊ မြို့နယ် သမဝါယမ အသင်းများ တိုးချဲ့ ဖွဲ့စည်းပေးပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်အောင် တိုးချဲ့ ဆောင်ရွက် ခြင်းဖြင့် တိုင်းပြည်၏ စွမ်းအားကို မြှင့်တင် ဆောင်ရွက်ရေး ၊
(၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု စီးပွားရေး တိုးတက်မှုအတွက် ငွေကြေး အရင်းအနှီးများ ရင်းနှီးမြှုပ်နှံ သုံးစွဲ နိုင်မှု အခြေအနေ အခွင့်အလမ်းသည် လူ့စွမ်းအား အရင်းအမြစ် ပြီးလျှင် အခြေခံ အကျဆုံး အဓိက လိုအပ်ချက် ဖြစ်သည့်အတွက် ဘဏ္ဍာရေး မူဝါဒ ၊ ငွေကြေး မူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ အောက်ပါ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲ ရင်းနှီးမြှုပ်နှံမှုများကို ထိရောက် အကျိုးရှိစွာ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေးတွင် –
(က) နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက် တိုးမြှင့် သုံးစွဲနိုင်ရေး၊ အခွန်အကောက် တိုးတက် ရရှိရေးနည်းလမ်းများ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ခြင်း ၊ ပြည်သူ့ ဘဏ္ဍာ (Public Finance) အား ထိရောက်သော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ခြင်း၊
( ခ ) ပြည်သူတို့၏ ငွေကြေး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုများ တိုးပွားလာစေရန် ကုမ္ပဏီများ ၊ အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းခြင်းနှင့် ငွေကြေး ဈေးကွက် ဖြစ်ပေါ်လာရေး ဆောင်ရွက်ခြင်း ၊
( ဂ ) ဘဏ်များ ၊ ငွေစုငွေချေး လုပ်ငန်းများ ၊ သမဝါယမ အစုအဖွဲ့များ စုပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှု တိုးချဲ့ ဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံခြား အကူအညီ အထောက်အပံ့များ အကျိုးရှိ ထိရောက်စွာ ခွဲဝေ အသုံးပြုခြင်း ၊
( င ) နိုင်ငံခြား ချေးငွေများအား နိုင်ငံတော် စီမံကိန်းများနှင့် ဒေသန္တရ စီမံကိန်းများတွင် အကျိုးရှိ ထိရောက်စွာ အသုံးပြုခြင်း၊
( စ ) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ငွေကြေး စီးဆင်း လည်ပတ်မှုများ စနစ်တကျ မှန်ကန်အောင် ဆောင်ရွက်ခြင်း၊
(၄) ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှု အတွက် (Regional Development Plan, City Development Plan, Township Development Plan, Village Development Plan) တွေ ကြိုတင် ရေးဆွဲ၍ မြေ အသုံးချမှု မူဝါဒ နှင့် အစီအမံ (Land Use Policy and Plan) ထားရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ် တိုးချဲ့ ဆောင်ရွက်ရေး၊
(၅) မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး အမြင်ဖြင့် ဆောင်ရွက်ယင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွားရေး ပြဿနာများ ဒွန်တွဲ ပါလာမှု အပေါ် ဥပဒေ စည်းမျဉ်းဖြင့် ထိန်းကျောင်း နိုင်သည့် လုပ်ထုံးလုပ်နည်းများ (Code of Conduct for Township Development) ရေးဆွဲ ဆောင်ရွက်ရေး ၊ ကူးသန်း ရောင်းဝယ်ရေး အဟန့် အတားများ ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင် သွားလာရေး အဟန့်အတားများ၊ ရုံးဌာန ညွှန်ကြားချက်နှင့် ထောက်ခံချက်များ ဆိုင်ရာ အဟန့် အတားများ စသည့် အုပ်ချုပ်မှု ဆိုင်ရာ စီမံခန့်ခွဲမှု (Administration Management) များကို Decentralize လုပ်ပြီး ဥပဒေ စည်းမျဉ်းဖြင့် သာ ထိန်းကျောင်း၍ ပြည်သူများ အတွက် သိသာထင်ရှားသော အပြောင်းအလဲ တစ်ရပ် ပေါ်ပေါက်ရေး တစ်နည်းအားဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance ) သန့်ရှင်းသော အစိုးရ အုပ်ချုပ်မှုစနစ် (Clean Government) ဖြစ်ပေါ်လာရေး ၊
(၆) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် အပါအဝင်ဖြစ်သော အောက်ပါ စီမံကိန်းများကို ပိုမို ထိရောက်စွာ တိုးမြှင့် ဆောင်ရွက်ရေးတွင် –
(က) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းတွင် ကျေးရွာတိုင်း၌ ကျေးရွာ အစုအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရေးနှင့် မြို့နယ် အဆင့်တွင်လည်း မြို့နယ် သမဝါယမ အသင်းများကို အမိန့်ပေးစနစ်ဖြင့် မဟုတ်ဘဲ ၎င်းတို့ ဆန္ဒအရ ဖွဲ့စည်း၍ တစ်ဦးချင်း ကုမ္ပဏီ မထောင်နိုင်မီ စုပေါင်း ထည့်ဝင် ဆောင်ရွက်တတ်သည့် အလေ့အထဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက် တတ်သည့် အလေ့အထများ ဖြစ်ပေါ် လာအောင် ဆောင်ရွက်ခြင်း ၊
( ခ ) လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဘဏ်ဝန်ဆောင်မှု ၊ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှု ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနှင့် အခြား ကုန်ထုတ် လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု အသီးသီး၌ ကျွမ်းကျင် ဝန်ထမ်းများ ပိုမို လိုအပ်လာသည့် အလျောက် အသက်မွေး ဝမ်းကျောင်း ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်၍ လေ့ကျင့် ပြုစုပျိုးထောင်ခြင်း ၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက် ဖန်တီးပေးခြင်း ၊
( ဂ ) ကျန်ကဏ္ဍစီမံကိန်း (၁၄) ခုအား ဒေသအလိုက် ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် ကဏ္ဍ စီမံကိန်း တာဝန်ယူသော ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဒေသ စီမံကိန်း တာဝန် ယူသော ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊
အချက်များဟာ ဒုတိယအဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ အတွက် အဓိက ဆောင်ရွက်သွားရမယ့် အချက်တွေ ဖြစ်ကြောင်း ပြောကြားလိုပါတယ် ။
အထက်ပါ မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပြည်ထောင်စု ဝန်ကြီးဌာနများအလိုက် နိုင်ငံတော် စီမံကိန်းများကို လည်းကောင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များအလိုက် ဒေသန္တရ စီမံကိန်းများကို လည်းကောင်း ဆောင်ရွက်ရာမှာ ပြည်ထောင်စု အစိုးရရဲ့ ချမှတ် ဆောင်ရွက်မယ့် မူဝါဒဟာ တစ်နိုင်ငံလုံးအတွက် တူညီသော်လည်း တိုင်းဒေသကြီး / ပြည်နယ်များ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များရဲ့ တည်နေရာ အကျယ်အဝန်း မတူညီမှု၊ လူမျိုး ဓလေ့နှင့် လူဦးရေ အချိုး အစားချင်း မတူညီမှု ၊ သဘာဝ အရင်းအမြစ်နဲ့ ရာသီဥတု မတူညီမှု စတဲ့ ကွဲပြား ခြားနားမှု များကြောင့် လည်းကောင်း၊ လုံခြုံရေး ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သွားလာရေး အခြေအနေ များကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု ၊ အလုပ်အကိုင် အခွင့်အလမ်း မတူညီမှု စတဲ့ အခြေအနေများ အပေါ်မှာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရများ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ များ အနေနဲ့ အသေးစိတ် အစီအမံ နည်းလမ်းများကို ကိုယ်တိုင် ဝါယမထုတ် ၊ လေ့လာကြံဆ ကြိုးပမ်း အားထုတ်ဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။
ရှေးကကဲ့သို့ ပြည်ထောင်စု အစိုးရက Top Down ချမှတ်ပေးမှ ဆောင်ရွက် အကောင်အထည်ဖော်တဲ့ ပုံစံအစား ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ ကိုယ်တိုင် လေ့လာ ကြံဆကြိုးပမ်းပြီး Bottom Up Initiative နဲ့ ကိုယ်လုပ်ချင်တဲ့ အစီအမံတွေကို ပြည်ထောင်စု အစိုးရထံ အသိပေး တင်ပြပြီး ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရအနေနဲ့ကလည်း တိုင်းဒေသကြီး/ ပြည်နယ်များကို တင်ပြ ဆောင်ရွက်စေခြင်းဟာ ပြုပြင်ပြောင်းလဲရေးကာလ (Transition Period) မှာ အောက်ပါ အချက်များကို အခြေခံ အုတ်မြစ် (Foundation) ခိုင်မာအောင် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းရမယ့် ကာလတစ်ရပ် ၊ အချိန်တစ်ရပ် လိုအပ်ချက်ကြောင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး အောက်ခြေအဆင့်အထိ ဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့ ခိုင်မာ သွားတဲ့အခါမှာ အခြားနိုင်ငံများ နည်းတူ နိုင်ငံတော် အဆင့်က လုပ်ရမယ့်အပိုင်း ၊ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာန များက လုပ်ရမယ့်အပိုင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များက လုပ်ရမယ့်အပိုင်း ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများက လုပ်ရမယ့်အပိုင်း ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်က လုပ်ရမယ့် အပိုင်းတွေ ဆိုပြီး သူ့အဆင့်နဲ့သူ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု (Administrative Management System) ပြောင်းလဲ တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ယခုလို အပြောင်းအလဲ ကာလမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများဟာ
မူဝါဒ ညှိနှိုင်းခြင်း ၊
မဟာဗျူဟာ ၊ နည်းဗျူဟာ အကောင်အထည် ဖော်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း၊
မြေအသုံးချမှု အပါအဝင် သဘာဝ သယံဇာတ အရင်းအမြစ် အသုံးချမှုများ စီမံခန့်ခွဲမှု ညှိနှိုင်းခြင်း၊
တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ပြည်သူတို့၏ လူမှု စီးပွားရေး ညွှန်းကိန်း တိုးတက်ရန် လိုအပ်ချက်များ ညှိနှိုင်းခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းခြင်း၊
နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက် ခွဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊ အခွန်အကောက် ဆိုင်ရာ ခွဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုင်ရာ ထိရောက်စွာ ခွဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရေး ညှိနှိုင်းခြင်း၊
ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အုပ်ချုပ်မှု လုပ်ငန်းများ ခွဲဝေ ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းခြင်း၊
ကဏ္ဍ စီမံကိန်းများ ၊ ဒေသန္တရ စီမံကိန်းများနှင့် သီးခြား ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ၊ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်သူ လူထုနှင့် ထိတွေ့ ဆောင်ရွက်နေသော လုပ်ငန်းများကို လေးလပတ်အလိုက် လေ့လာ သုံးသပ် အကဲဖြတ်ခြင်းနှင့် လေ့လာသုတေသနပြုရေး လုပ်ငန်းများ ညှိနှိုင်းခြင်း
စတဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို လေးလပတ် အစည်း အဝေးတွေ ပြုလုပ်ပြီး ဆောင်ရွက် သွားကြရန် လိုအပ်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစီအစဉ် ရှိရှိ၊ ထိထိရောက်ရောက်ဖြစ်အောင် ယခုဆိုရင် ဘဏ္ဍာရေး ကော်မရှင်ကဲ့သို့ စီမံကိန်း ကော်မရှင်ကို ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ ဘဏ္ဍာရေး ကော်မရှင် ဖွဲ့စည်းမှု ပါဝင်ပြီး ယင်းကော်မရှင်မှာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဝန်ကြီးချုပ်များနဲ့ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ဝန်ကြီးတို့သာ ပါဝင်သော်လည်း စီမံကိန်း ကော်မရှင်မှာတော့ ပြည်ထောင်စု ဝန်ကြီးဌာနများ အားလုံး နဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဝန်ကြီးချုပ်အားလုံး ပါဝင်ကြမှာ ဖြစ်ပါတယ်။
အလားတူ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ထိရောက်စွာ စီမံခန့်ခွဲ အသုံးပြု နိုင်ရန်အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဖွဲ့စည်း ထားပြီး ဖြစ်ပါတယ်။ ယင်းဗဟိုကော်မတီ အောက်မှာ အကောင်အထည်ဖော် ဆောင်ရွက် ကြမယ့် ပြည်ထောင်စု ဝန်ကြီးဌာနများနဲ့ လုပ်ငန်းကော်မတီ ဖွဲ့စည်းထားပြီး ပုဂ္ဂလိက ကဏ္ဍ ကမ်းလှမ်းလာမှု များအတွက် (Civil Society) ကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေး ကောင်စီ ဖွဲ့စည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြား အကူအညီ အထောက်အပံ့များကို သုံးစွဲရာမှာ တိုင်းဒေသကြီး/ ပြည်နယ်များ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များမှာ ဒေသ ဖွံ့ဖြိုးရေးနဲ့ ပြည်သူများရဲ့ လူမှု စီးပွားရေး ဘဝ ထိရောက် အကျိုးရှိစွာ ဖြစ်ထွန်းရေး အတွက် အဓိက စောင့်ကြည့် ကြပ်မတ် ပူးပေါင်း ဆောင်ရွက် အကောင်အထည်ဖော်ကြရမှာ ကတော့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့ ဒေသအလိုက် ၊ မြို့နယ်အလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများဘဲ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှသာ ထောင်စုနှစ် ရည်မှန်းချက်အတိုင်း ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်သလို ဘတ်ဂျက်ငွေနဲ့ ဒေသ ဖွံ့ဖြိုးမှု တိုးတက်အောင် လုံလောက်မှာ မဟုတ်တဲ့အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များကို ထိရောက် အကျိုးရှိအောင် ဒေသအတွက် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ များသော အားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့ ၎င်းတို့ ခန့်အပ်သောသူများနဲ့ တိုက်ရိုက်ဆောင်ရွက်ပြီး ၎င်းတို့ သုံးသော ဝန်ဆောင်မှုစရိတ်က (၃၀% – ၄၀%) ခန့် ရှိနေတဲ့အတွက် ပြည်သူများအတွက် တစ်ဝက်ကျော် ခန့်ဘဲ ခံစားရတာ ဖြစ်ပါတယ်။ အလှူရှင်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကလည်း ၎င်းတို့၏ ကူညီ ပံ့ပိုးမှုများကို အစိုးရ အဖွဲ့အစည်းများ လက်သို့ အပ်နှံ ဆောင်ရွက်ပါက Corruption နှင့် ၎င်းတို့ သုံးစေလိုသောနေရာ မရောက်ရှိသည့် အတွက် ၎င်းတို့ ခန့်အပ်သူများနှင့် ဒေသရှိ လူမှုရေး အဖွဲ့အစည်းများ တိုက်ရိုက်ချိတ်ဆက် ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဒေသရှိ လူမှုရေး အဖွဲ့အစည်းများကလည်း အကူအညီ အထောက်အပံ့ ရရင် ပြီးရော သဘောထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းနှင့် စာရင်းဇယားများကို တောင်းယူ သိရှိနိုင်ခြင်း မရှိဘဲ ပေးသမျှဖြင့် ဆောင်ရွက် ခဲ့မှုများ ရှိသလို အချို့ အောက်ခြေ ပါတီ နိုင်ငံရေး အဖွဲ့အစည်းများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက် ပေးခဲ့သည့်အတွက် ပြီးခဲ့သည့် ကိုးကန့် အရေးအခင်းတွင် နိုင်ငံခြား ရိက္ခာထောက်ပံ့ရေး အဖွဲ့အစည်း တစ်ခုမှ ရိက္ခာများသည် အဖွဲ့အစည်း အသုံးပြုရန်သာ ဖြစ်ခဲ့ပြီး ပြည်သူ့ လက်ဝယ် မရောက်ရှိခဲ့သည်ကို တွေ့ရှိရပါတယ်။ အချို့ကလည်း နိုင်ငံရေးပါတီ အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ပေးပြီး ဆောင်ရွက်မှုကြောင့် ပြည်သူက ထိုသူနှင့် ထိုပါတီက ကူညီသည်ဟု ထင်မှတ်မှားခဲ့သည်ကို တွေ့ရှိခဲ့ ရပါတယ်။
နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟို ကော်မတီ အနေနဲ့ နိုင်ငံတကာမှ အစိုးရဖြစ်စေ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်စေ မည်သည့် အဖွဲ့အစည်း ၊ မည်သည့် အကူအညီ ၊ မည်သည့် ချေးငွေ လာသည်ဖြစ်စေ ပင်မ သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် ကနဦးညှိနှိုင်း MOU နှင့် Agreement များကို တရားဝင် ဆောင်ရွက်စေပြီးမှသာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ခွဲဝေ ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် တိုင်းဒေသနှင့်ပြည်နယ် အစိုးရများဟာ မိမိတို့ ဒေသအတွင်း နိုင်ငံတကာ အကူအညီ အထောက်အပံ့ ပေးမည့် အဖွဲ့အစည်းများ ရောက်ရှိလာပါက သတင်းပို့စေပြီး ၎င်းတို့၏ လုပ်ငန်း Project များကို ရှင်းလင်းတင်ပြစေခြင်း ၊ မြို့နယ် ဒေသအထိ ပူးပေါင်း ဆောင်ရွက် ကြီးကြပ်မှု အသွင်ဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ခြောက်လပတ် အလိုက် တိုးတက်မှု အကဲဖြတ်ခြင်း များကို ညှိနှိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်း (၉)ခုနဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO ပေါင်း (၅၃) ခုခန့် ရှိပြီး ၎င်းတို့အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့လည်းကောင်း ၊ ပုဂ္ဂလိက လူမှုရေး ၊ စီးပွားရေး အသင်း အဖွဲ့များ ၊ ဖောင်ဒေးရှင်းများနှင့် တိုက်ရိုက် ချိတ်ဆက်၍လည်းကောင်း ဆက်သွယ်ပေးအပ်ရန် ကမ်းလှမ်းကြတာကို တွေ့ရပါတယ်။ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO များအနေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီးခြင်း ၊ ၎င်းတို့လုပ်မယ့် လုပ်ငန်းကဏ္ဍနဲ့ ဆိုင်တဲ့ ပြည်ထောင်စု ဝန်ကြီးဌာနထံ သတင်းပို့ တင်ပြပြီး ယင်းမှ နိုင်ငံတကာ အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟို ကော်မတီ ခွင့်ပြုချက် ရယူ ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ များက တိကျစွာ လိုက်နာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး အနေနဲ့ မြို့နယ်တိုင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝင်ရောက် ဆက်သွယ်လာလျင် အစိုးရနဲ့ရော နိုင်ငံရေး ပါတီများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ပါ ပတ်သက်ခြင်း မရှိဘဲ ဒေသ ဖွံ့ဖြိုးရေး အမြင် သက်သက်ဖြင့် ဆောင်ရွက်နေကြတဲ့ အောက်ပါ လူမှုရေး ၊ စီးပွားရေး အဖွဲ့အစည်းများကို ဖွဲ့စည်းသွားရန် ဖြစ်ပါတယ် –
ကုန်သည် အသင်းအဖွဲ့များ
စိုက်ပျိုးရေး ၊ မွေးမြူရေး အသင်းအဖွဲ့နှင့် အစုအဖွဲ့များ
သမဝါယမ အသင်းများ
ဖောင်ဒေးရှင်းများ
အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ ၊ အထူးပြု ကုမ္ပဏီများ
နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း မြို့နယ် အဆင့်သို့ ကွင်းဆင်း ဆောင်ရွက်ရာ၌ ၎င်းတို့ ခန့်အပ် တာဝန်ပေးသူများကို ယုံကြည်စိတ်ချရမှု မရှိခြင်း၊ ဒေသခံများကလည်း စွမ်းဆောင်ရည်နှင့် အတွေ့အကြုံ မရှိခြင်း စသည့် အခက်အခဲ များကြောင့် မြို့နယ်များ၌ စွမ်းဆောင်ရည် ရှိသော ၊ ပြည်သူများက လက်ခံ သော လူမှုရေး စီးပွားရေး အသင်းအဖွဲ့များ ၊ အစုအဖွဲ့များ ၊ ဖောင်ဒေးရှင်းများကို ဖွဲ့စည်း သွားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အနာဂတ်မှာ အရေးပါ လာမယ့် Civil Society များဟာ အစိုးရဌာနများနဲ့ရော နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ပါ ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိလာပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုတဲ့ လူသားအရင်းအမြစ်များ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အကူအညီအထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟို ကော်မတီကလည်း အလှူရှင် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် Donors Meeting တွေ ကျင်းပဖို့ ရှိပြီး Driver Seat ကို မြန်မာနိုင်ငံကဘဲ တာဝန်ယူထားမှာ ဖြစ်ပါတယ်။ Donors Meeting ကျင်းပတဲ့အခါ အလှူရှင် နိုင်ငံများ၊ အဖွဲ့အစည်းများ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) နဲ့ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) ကို သိလိုကြကြောင်းနှင့် ယင်းကဲ့သို့ သိမှသာ ၎င်းတို့ စိတ်ဝင်စားသော ပေးအပ်လိုသည့် အကူအညီ ပေးလိုသော နယ်မြေဒေသနှင့် လုပ်ငန်းကဏ္ဍကို ရွေးချယ် အသိပေးစေလိုကြောင်း မကြာခဏ မေးမြန်း ပြောဆိုကြတာ ရှိပါတယ်။
ဒါ့ကြောင့် ဒီနေ့ အစည်းအဝေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (National Development Plan) နဲ့ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Regional Development Plan) ကိုရော ၊ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) ကိုရော မူဝါဒ ရေးရာ ချပြ ညှိနှိုင်းခြင်းနဲ့ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ထိရောက် အကျိုးရှိစွာ စီမံခန့်ခွဲရေး (Foreign Aid Effective Management) အတွက် ညှိနှိုင်း အစည်းအဝေး ဖြစ်ပါတယ်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေထဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု လျှော့ချရေး စီမံကိန်း ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တွေဟာ နိုင်ငံခြား အကူအညီ အထောက်အပံ့ တွေနဲ့ ဆောင်ရွက်ရမယ့် Development Plan တွေ ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များရဲ့ လူမှု စီးပွားရေး ညွှန်းကိန်းများ အချိုးကျ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့ ပြည်ထောင်စု ဝန်ကြီးဌာနများ ညှိနှိုင်း တွက်ချက်ပြီး နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ မေလကုန် အပြီး တင်ပြရန်ဖြစ်ပြီး မေလ နောက်ပိုင်းမှာ Donors Meeting တွေကို ကျင်းပတဲ့အခါ မိမိတို့ လိုအပ်တဲ့ လုပ်ငန်းကဏ္ဍနဲ့ နယ်ပယ်ကို ချပြ ဆွေးနွေး တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေထဲမှာ ဘတ်ဂျက်နဲ့ နိုင်ငံခြား အကူအညီ မရနိုင်တဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ယခုအခါ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံနဲ့ လုပ်ငန်းရှင် အများအပြား လာရောက်ကြပေမယ့် ရင်းနှီးမြှုပ်နှံခွင့် ပြုနိုင်တဲ့ လုပ်ငန်း ကဏ္ဍ (Investment Sector) နဲ့ ရင်းနှီးမြှုပ်နှံခွင့် ပြုနိုင်တဲ့ နယ်မြေဒေသ (Investment Potential Area) ကို အချို့ တိုင်းဒေသကြီး/ပြည်နယ် တွေမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး ထိခိုက်မှု (Environmental and Social Impact) ၊ မြေ အသုံးချမှု မူဝါဒနှင့် စီမံခန့်ခွဲမှု (Land Use Policy and Plan) ပြဿနာတွေကြောင့် ရင်းနှီးမြှုပ်နှံမှုများကို အသင့်လက်ခံနိုင်တဲ့ အခြေအနေ (Readiness) မဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ Readiness ဖြစ်ဖို့အတွက် Township Development Plan, Village Development Plan ရေးဆွဲထားပြီး ဘယ်နေရာတွေကိုတော့ လူဦးရေတိုးတက်မှုအတွက် နေထိုင်ရန် ရပ်ကွက် ၊ ကျေးရွာတွေ ချထားရန် လျာထားခြင်း ၊ သောက်သုံးရေနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် သစ်တောမြေ လျာထားခြင်း ၊ ဒေသခံ ပြည်သူများ လူမှု စီးပွားရေး လုပ်ကိုင်စားသောက်မှု အခွင့်အလမ်း အတွက် စိုက်ပျိုးမြေနှင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင် မည့် စက်ရုံ အလုပ်ရုံ ၊ စက်ရုံစု လျာထားမြေ ၊ လက်လီဈေး ၊ လက်ကားဈေး နှင့် သယ်ယူ ပို့ဆောင်ရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လျှပ်စစ်မီး လျာထားခြင်းတို့ကို မြို့နယ်တိုင်း အတွက် အသင့် ရှိနေမှသာ ရင်းနှီးမြှုပ်နှံမှုများ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ပြီး ဒေသခံ ပြည်သူများရဲ့ လူမှု စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက် ရရှိ လာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ GDP ကိန်းဂဏန်း Plan ထက် Physical Plan ဟာ ပိုမို အရေးကြီးပါတယ်။ ရှေးယခင် ကာလများကဲ့သို့ အထက် ဌာနများက မြေပုံကြည့်ပြီး နေရာချထား သတ်မှတ်ပေးရုံ သက်သက် စီမံခန့်ခွဲရင်တော့ ရှေးယခင် လိုဘဲ ထွေ/အုပ်က တစ်မျိုး ၊ သစ်တောက တစ်မျိုး ၊ စည်ပင်က တစ်မျိုး ၊ မြေစာရင်းက တစ်မျိုး အောက်ခြေမှာ အမိန့် မျိုးစုံ ၊ နားလည်မှု မျိုးစုံနဲ့ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ရေရှည်မှာ ယခုလို တံခါးဖွင့်ပြီး ရင်းနှီးမြှုပ်နှံမှု လက်ခံတဲ့အခါ မြေယာ ပြဿနာ အခက်အခဲဟာ တိုင်းဒေသကြီး/ ပြည်နယ်တိုင်းမှာ ဖြစ်ပေါ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ စပ်လျဉ်းပြီး မြို့ပြ စီမံကိန်း ရေးဆွဲ စီမံခန့်ခွဲ အုပ်ချုပ် လုပ်ကိုင်မှုတွေကို ပြန်လည် လေ့လာ ကြည့်စေတဲ့အခါ ဥပဒေ ၊ စည်းမျဉ်း ၊ လုပ်ထုံး လုပ်နည်းများ (Code of Conduct) များဟာ အသီးသီး ရေးဆွဲ ထားရှိခဲ့ကြပေမယ့် လက်တွေ့ နယ်ပယ်များ အသုံးပြု စီမံ ခန့်ခွဲနိုင်ခြင်း မရှိတော့တာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေ စည်းမျဉ်းနဲ့ အုပ်ချုပ်ခြင်းအစား အမိန့်ပေးစနစ် ၊ အစည်းအဝေး ဆုံးဖြတ်ချက် စနစ် တွေနဲ့ ဦးစားပေး လုပ်သွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ နောင်အခါမှာ ဥပဒေ ၊ စည်းမျဉ်းနဲ့အညီ (Rule of Law) နဲ့ လုပ်မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် Township Development Plan ကို မြို့နယ် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်စေသော်လည်း အတွေ့အကြုံ အလေ့အကျင့် မရှိသေးတဲ့ အတွက် လုံးဝ ပုံအပ်ထားခြင်းဖြင့် ဥပဒေ ၊ စည်းမျဉ်း ၊ လုပ်ထုံး လုပ်နည်းများ (Code of Conduct) များကို မျက်ကွယ်ပြု၍ အဖွဲ့အစည်းနှင့် အစည်းအဝေးထိုင် ဆုံးဖြတ်လျင် ရသည်ဟူ၍ ထင်မြင်ယူဆ ဆောင်ရွက်ခြင်းမျိုး မရှိစေရန် နှင့် မြို့နယ်အဆင့်က ရေးဆွဲ တင်ပြမှုကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများက လွှတ်တော် ကိုယ်စားလှယ်များ ၊ ကျွမ်းကျင်သူ ပညာရှင်များ ၊ လူမှုရေး ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် တစ်မြို့နယ်ချင်းအပေါ် ပြည်သူများရဲ့ စားဝတ်နေရေး လိုအပ်ချက် ၊ လူမှုရေး လိုအပ်ချက် နဲ့ မြို့နယ်အတွက် တိုးတက် ရရှိလာမယ့် အခွန်အကောက်နဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်သွားနိုင်မယ့် စီးပွားရေး တွက်ခြေကိုက်ပြီး ဖွံ့ဖြိုးတိုးတက် စေမယ့် အစီအမံများကို အောက်ပါ ရည်မှန်းချက်များနဲ့ အသေးစ
zaw min
May 14, 2012 at 1:00 am
ကျေးကျေးပါ…ဗိုက်ဗိုက်နဲ့ဦးနီတို့ရေ…
နိဂုံးချူပ်ကတော့….
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။တိုးတက်လိုတဲ့ ဆန္ဒသာရှိပြီး အလုပ်ကိုကြိုးစားမလုပ်ရင်၊စည်းကမ်းမရှိရင်၊စည်းလုံးမူမရှိရင် သူများနိုင်ငံနောက်ကလိုက်နေရမှာပဲဖြစ်ပါတယ်။ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ရေမြေတောတောင်သဘာဝအရင်းမြစ်တွေကို ပိုင်ဆိုင်ထားသောလည်း အလုပ်ကိုကြိုးစားပမ်းစားနဲ့မလုပ်ရင် ဆင်းရဲမြဲဆင်းရဲနေမှာဖြစ်ပါတယ်။
“အဆင်းရဲဆုံး LDC နိုင်ငံဘဝက ရူန်းထွက်နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့အညီ အလုပ်လုပ်ကြဖို့ဖြစ်ပါတယ်။ယခု ကောင်းမွန်တဲ့မူတွေ ချပေးပြီးဖြစ်ပါတယ်။မူတွေ ကောင်းသောလည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး၊တိုးတက်လိုတဲ့အမြင် မရှိတဲ့ ရှေးရိုးစွဲတွေ၊ခေတ်နောက်ပြန်ဆွဲလိုတဲ့ သူတွေကိုတော့ နောက်မှာချန်ထားခဲ့ရပါမည်။ခေတ်စနစ်တွေ ပြောင်းလဲနေပါပြီ ဖြစ်ပါတယ်။နိုင်ငံရေးနဲ့ဟန်ချက်ညီစွာ စီပွါးရေး ကဏ္ဍတွေကို ကျနော်တို့ တွန်းတင်ရပါမယ်။တစ်နှစ်ကုန်သွားပြီ ဖြစ်လို့ Second Wave တွန်းတင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချူပ်လိုက်ပါတယ်။”
ယနေ့ ပြည်တွင်းသတင်းစာထဲမှာ သမ္မတညွန်ကြားချက်တွေ တစ်ချို့ကို ချန်လပ်ထားခြင်းခံရတယ်လို့သိရပါတယ်။
အဲဒီမှာပဲ…စတွေ့နေပါပြီ အပေါ်က ပြောတာတစ်မျိုး အောက်က လုပ်နေတာက တစ်မျိုး။သမ္မတကြီးရဲ့လူတွေကို သမ္မတကြီးရဲ့ စကားနားထောင်တက်အောင်အရင်သင်ရအုံးမယ်ထင်ပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
May 14, 2012 at 9:51 am
အကောင်းမြင်သဘေဖက်ကနေကြည့်ရင်တော့
လူဂျီးဘိုင်းဂ ဒီလိုပြောဒါဂို ကြိုဇိုဘာဒယ်
ကမ်းလွန်ဂ ဒတ်ငွေ့ဒေ ဗမာပြည်မှာ နည်းနည်းခွဲသုံးဘို့ စီဇင်ဘာမယ်
ပုံ
ရခိုင်ဗိုလ်ဂျုပ်ဂျီး
ကြောင်ကြီး
May 14, 2012 at 10:08 am
သမဒဂျီးပေါစဂါးဂို သဒင်းဇာဒဲမှာ ဖြတ်တောက်ထားယင် လွယ်ပါဒယ်.. ကိုယ်ပိုင်သဒင်းဇာ တဇောင် ထုတ်လိုက်ပါ..။ မန်းလေးဂေဇက်ဂို ပြည်ဒွင်းမှာ သဒင်းဇာ ထုတ်ဂွင့်ပေးပြီး သမဒဂျီး အာဘော် တင်ပြဒါ အမြန်ဇုံးနည်းလမ်းဖြစ်မယ်။ သဂျီးဂို အမေရိကန်ဒေါ်လာ ဆယ်သန်းပေးလိုက်ရင် မယောင်းဂျင်ယောင်းဂျင် မျက်ရည်အရွှဲသားနဲ့ ဝမ်းနည်းပက်လက် လက်လွှဲပေးလိမ့်မယ်။ မယုံရင် စမ်းကြည့်လိုက်ပါ..။
kyeemite
May 16, 2012 at 7:01 pm
ဒီတစ်ခါ ကျုပ်ရဲ့အစ်ကိုအရင်း သမဒဂျီး ဦးသိန်းစိန် စဂါးဂိုဒေါ့
အားလုံးသဘောပေါက်စေဂျင်ဘာဒယ်..သူဒဂယ်ပျောနေဒါဘာ..
သူနဲ့ ရွှေမန်း တစ်စိတ်တစ်ဝမ်းထဲ သွားဂျရင်ဒေါ့ နိုင်ငံ တိုးတက်ဘို့
မြန်မယ်ထင်ဘာဂျောင်း…
သမဒရဲ့ညီအရင်းခေါက်ခေါက်..
ကြီးမိုက်။