ဇီဇီAugust 12, 201412min47766
  ဇီဇီ ဆာဆာ ပို့(စ) တွေ က ဒီ မှာပါ၊။ https://myanmargazette.net/wp-admin/edit.php?tag=%e1%80%87%e1%80%ae%e1%80%87%e1%80%ae-%e1%80%86%e1%80%ac%e1%80%86%e1%80%ac       အဟမ်းးး!!! နံပတ်တပ်တာက တခြားမဟုတ်ဘူးနော်။ အရီး ရေ တွက်ရလွယ်အောင်ရယ်။ အဟင့်။ ကြောက်နေရတာဗျဲ။ အပိုင်းခွဲတာကို ဂလောက် ရှင်းပြထားတာတောင်မှ ခံစားကြတယ် ဆိုတော့။ အဟင့်။ :a: ဘာပဲဖြစ်ဖြစ် စ မိတဲ့ လမ်းကို ဆုံးအောင်ဆက်လျှောက်ပါရစေ။ မကျေနပ်တာလေးတွေ စု ပြီး အကုန်ပြီးမှ ဆဲနိုင်ပါတယ်နော့။ :s:   ၄၉) ဂဇက် က ချစ်ရတဲ့ မောင်လေး တစ်ယောက်ပါပဲဗျ။ ရွာထဲ စဝင်ကတည်းက ပျော်ပျော်ရွှင်ရွှင်ကြိုဆိုခဲ့တာပေါ့ဗျာ။ ဗေဒင်… ရသစာ… ကဗျာ… ဘာသာရေး… နိုင်ငံရေး စတာတွေကိုပါ ရေးနိုင် […]


ဇီဇီAugust 1, 20145min64872
    အပိုင်း (၂) လာပါပြီ။ ထပ်ရှင်းပြရရင် အပိုင်းခွဲတာက တစ်ပို့(စ) ထဲနဲ့ မလောက် လို့ ခွဲတဲ့သဘောပါနော်။ ဘယ်သူပါတဲ့ အပိုင်းမို့ တစ်ပြီး ဘယ်သူမို့ နှစ်တာမျိုးမရှိပါဘူးးးနော်။ မပါသေးတဲ့သူတွေဆိုတာလည်း တမင်ချန်ခဲ့တာမျိုးမဟုတ်သလို အားလုံးပါအောင် ကြိုးစားပြီး မေးမြန်းသွားမှာ ဖြစ်ပါကြောင်း အသိပေးချင်ပါတယ် ဗျာ။ ကဲ။ ဒီ တစ်ပတ်မှာတော့ ကျနော့ ညီမလေးတစ်ယောက်နဲ့ အရင် စ လိုက်ရအောင် ဆာဆာရေ။ သူက မော်ဒယ်(လ) တစ်ယောက်လိုလှပြီး ထက်မြက်တဲ့ အမျိုးသမီးလေးးး၊ ဒီ ဂဇက်မှာလည်း သူ့ပရိတ်သတ်ရယ်လို့ အများကြီးသီးသန့်ရှိတဲ့ သူတစ်ယောက်။ အလှူအဖွဲ့ရဲ့ ကိစ္စတွေမှာလည်း မပါမဖြစ် ညီမလေးပေါ့ ဆာဆာရေ။ ဘယ်သူလေးပါလိမ့်ဗျာ။ Etone ပေါ့ဗျာ။ ကျုပ်ကို ပထမဆုံး ယောက္ခမခေါ်တဲ့သူပေါ့ […]


ဇီဇီJuly 30, 20146min221073
      နိဒါန်းတွေ ချီမနေတော့ဘူးးး မေးသူ – ဇီဇီ ဖြေသူ – ဆာဆာ ~~~~~~~~~~~~~ ကဲ၊ ဆာဆာ၊ ရွာထဲက သူတွေ အကြောင်း စကားစမြည်ပြောပါရစေ။ ပြောပါဗျာ။၊ ကော်မန့် အပေးမှာ ကျနော်ချစ်တဲ့ ရွာလူဂျီး ၂ ယောက်ရှိတယ်ဗျ။ အမျိုးသား တစ်ယောက်။ အမျိုးသမီးတစ်ယောက်။ အမျိုးသမီးကတော့ အရီးလတ်ပေါ့။ သူ က စပြောကြမယ်ဗျာ။ အရီးလတ် အကြောင်း ပြောရမယ် ဆိုရင်……………….. အရီးလို့ဘဲခေါ်ခေါ် ၊ အရီးလတ်လို့ဘဲခေါ်ခေါ် အတော်လေးလဲခင်ဖို့ကောင်း နဲနဲလောက်လဲ လန့်စရာကောင်းတဲ့ဘွားတော်ကြီးပါ ။ ခင်ဖို့ကောင်းတာကတော့ ဟောင်းသစ်မရွေး မန့်တဲ့နေရာမှာတော့ အားသွန်ခွန်စိုက်ဘဲဗျ ။ သူမသိတာလည်း အလွန်နဲပါပေတယ် အဲ အဲ လန့်ဖို့ကောင်းတာကတော့ ထော်လော်ကန့်လန့်မြင်ရင် […]


ဇီဇီJuly 15, 20141min50860
  ဟိ။ နာမည် ကိစ္စ အုန်းထနေတုန်း ရေးချင်ရာရေးအူးမှ။ ပေါက်ကရပို့(စ) ပဲရေးတတ်တယ်။ ပြောချင်ရာသာ ပြော။ ကော်မန့်များတာ မကျေနပ်ရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်။ အဟစ်။ အနော်တို့ အမျိုးက နာမည်ပေးး သိပ်တော်တာ…။  :mrgreenn: မဟုတ်သုတ်ခ (မဟုတ်တရုတ် နဲ့ ဗရုတ်သုတ်ခ ပေါင်းရေးသည်) နာမည်တွေပေးတဲ့ နေရာမှာ သူ့ထက်သူ လူစွမ်းကောင်းချည်းပဲ။ အဲဒီထဲ အနော့ မွေးမေလေ့က အတော်ဆုံး. :mrgreenn: အဖိုးက အမေတို့ ညီ အမ လေး ယောက် ကို ပေးတဲ့ နာမည်တွေတဲ့။ ကြည့်ဦးးးးးး။ . အကြီးဆုံး ကို “တုတ်တိုး”  တဲ့။ တုတ်တိုးအိုးပေါက် ပြောတတ်လွန်းလို့။  :mrgreenn: . .   […]


ကုိ ထြဋ္July 6, 20141min45118
ကျွန်တော် ရေမြေ့သနင်းသည် ရုံးကိစ္စဖြင့် မော်လမြိုင်၊ ကျိုက်ထို… ပြည်၊ မကွေး၊ ပခုက္ကူမြို့များသို့… ခရီးသွားရန်ရှိပါသည်… တာဝန်မှာ ရုံးခွဲများ၏ ကွန်ပျူတာ အခြေအနေ နှင့် လုပ်ငန်းကိုင်ငန်းများကို စာရင်းပြုစုရန် ဖြစ်ပါသည်… တခါမျှ ရွာသူားများနှင့် မဆုံဖူးဘူး.. ခရီးလဲ တော်ရုံဖြင့် မထွက်ဖူးပါ… ယခုထွက်ရသော ခရီးစဉ်နှင့်အတူ ရွာသူားများကို တွေ့ဖူးချင်ပါသည်… ကူညီလိုသော ရွာသူားများက လာရောက်ဆက်သွယ်ပေးကြပါရန် အကူအညီတောင်းအပ်ပါသည်… မရောက်ဖူးသောဒေသကို ရောက်ပါက လည်တယ်လည်တယ် ဖြစ်မှာကို အင်မတန်စိုးရိမ်မိပါသည်.. မှတ်ချက် ခွေးအလွန်ကြောက်တတ်ပါသည်… မြွေ အသက်ပါ ထွက်သွားနိုင်ပါသည်… ကျွန်တော့် မေးလ်လိပ်စာကိုလဲ Invite နိုင်ပါသည်… muli.htut@gmail.com ဒါမှ ဖုန်းနံပါတ်နှင့် လူပုံစံကို ပြောလို့ရမည် ဖြစ်ပါသည်… ဒါက ပို့စ်တော့ မဟုတ်ပါဘူး… kai […]


သတိ !!! “အိမ်ဒေါင်သည်များသာ ဖတ်ရှုသင့်သည်” – = == === မဖတ်သင့်ဘူး ပြောရက်နဲ့ ဖတ်လျှင်ဒေါ့ဖြင့် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲနော်။ ကျော်တောင် ဖတ်မိသွားလို့ ခုလို ပြန်ရေးမိနေတာ …. – = == ဟိုတစ်နေ့က ဒေးလီးမေးလ် သတင်းထဲမှာ အိမ်ထောင်သည်တွေကို သုတေသန စစ်တမ်းကောက် ထားတာကို ဖော်ပြခဲ့တယ်။ အဲ့ဒီမှာ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက် နေကြတဲ့ အိမ်ထောင်သည် တွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ် နိုင်ခဲ့တယ် ဆိုပဲ။ အဲ့ဒီ လျှို့ဝှက်ချက် က ဘာလဲ ဆိုတော့ ….. အိပ်တဲ့အခါ အဝတ်ဗလာနဲ့ အိပ်ကြခြင်း ဖြစ်ပါတယ်ဒဲ့ … ဟီးးဟီးး ခညားဒို့ရော အိုက်ဒလို အိပ်လို့ အိုက်ဒလို […]


ဇီဇီMay 11, 20141min53438
  စိတ်လိုလက်ရရှိတုန်း ကေဇီ မေမေ အကြောင်း ရေးပါဦးမယ်။ မာမီကို ကေဇီကတော့ အမျိုးစုံခေါ်တယ်။ ချစ်ရင်ချစ်သလို။ မေမေ၊ မာမား၊ မာမီ၊ မေ၊ စသည်ဖြင့်၊ သူကလည်း သူ့ကိုယ်သူ အမျိုးမျိုး ပြောချွဲတာ။ ဘဝမှာ ကေဇီ အသည်းခံဆုံး အချစ်ဆုံး အညှာတာဆုံး မိန်းမတစ်ယောက်ဖြစ်တာမို့ သူနဲ့ပတ်သက်ပြီး ကိုယ့်မှာ ရန်သူတွေ မွေးမိသလို…. မာမီကလည်း “လောကမှာ ကေဇီတစ်ယောက်နဲ့ တစ်လောကလုံးဖြစ်ပြီး ဘယ်လောက်မှားမှား ကေဇီဘက်ကပဲရှိမှာ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ချုပ်ထားခံရတာပါ။ စကား စကား ပြောပါများးး ဆိုလို့ ကေဇီတို့ အမျိုး စကားပြော လက်ပေါက်ကပ်တာ… သူများကို ပိတ်သလေး ဘေးပစ် ပြောတဲ့နေရာလည်း မျိုးနဲ့ ရိုးနဲ့။ ဒီ ကြားထဲမှာမှ ကေဇီ […]


ဇီဇီApril 1, 20141min51249
စုဆောင်းခဲ့ဖူးတယ်။ မူလတန်း အရွယ်လောက်က ကိုယ် ခဲဖျက်လှလှလေးတွေ သိပ်ကြိုက်တာ။ ဖျက်လို့ ကောင်းတာ မကောင်းတာ နောက်ထားးး၊ လှတာလေးတစ်ခုတည်းနဲ့ လိုချင်လို့ ဝယ်ပေးဖို့ ပူစာခဲ့ဖူးတယ်။ အလယ်တန်းလောက်အရွယ်ရောက်တော့ မှတ်စုစာအုပ် လှလှလေးတွေဆီ စိတ်ရောက်သွားပြန်ရော။ အရွယ်စုံ၊ ရောင်စုံ၊ အထူအပါးမျိုးစုံ၊ မရေးပဲနဲ့ အလှကြည့်ဖို့ မုန့်ဖိုးထဲကနေ ရသလောက် ဝယ်စုတာ။ အထက်တန်းလောက် အရွယ်မှာတော့ ကီးချိန်း မျိုးစုံ…. ဆန်းပြားပေ့ဆိုတာတွေ ဝယ်တယ်။ လက်ဆောင်တောင်းတယ်။ ရှိစုမဲ့စု စက်ဘီးလေးကတော့ မပြောင်းးး၊ သော့လေးကလည်း အထီးကျန်၊ ရှိသမျှ ကီးချိန်းတွေကို အလှကြည့်ထားတာကိုးးးးးးးး တက္ကသိုလ်တက်တော့ သူငယ်ပြန်တယ်လေ။ မွှေးပွ အရုပ်လေးတွေ စုချင်တာ။ အရူးတပိုင်းပဲ။ ဘယ်သူဘယ်နိုင်ငံသွားသွား အရုပ်ပဲ မှာတယ်။ ပြီးရင် ပလတ်စတစ် အကြည်ထဲကို ထည့်၊ ဖောင်းသွားအောင် […]


ဇီဇီMarch 17, 20142min39719
17-Mar-2014 ဒီနေ့ တီချယ်နု မွေးနေ့ပါ။ မွေးနေ့ ပို့(စ) လေး ရေးချင်တော့ လွန်ခဲ့တဲ့ ၁၅/၁၆ နှစ် က တီချယ်နဲ့တွေ့ခဲ့တဲ့ အမှတ်တရလေးတွေ ကိုယ့်မှတ်ဉာဏ်ထဲက ပြန်ဖော်ရတယ်ရယ်။ သေချာစဉ်းစားကြည့်ပြီးမှ အချိန် ၁၆ နှစ်ဆိုတာကို သတိထားမိပြီး လန့်သွားတယ်။ ဟုတ်တယ်။ အဲဒီလောက်ကြာသွားပြီကွယ်။ ဒါပေမဲ့ ပြန်တွေးတော့လည်း မနေ့တနေ့ကလိုပဲ။ ၁၉၉၈ ကိုယ် ၁ဝ တန်း အောင်စာရင်းထွက်ပြီးခါစမှာ တီချယ်ဆီ စရောက်တာ။ မလာခင်ကတော့ တီချယ် တော်တာ၊ ထက်တာတွေ ကြားဖူးနေခဲ့တယ်။ ကိုယ့်ဖိုးဖိုးက သူ့ ကျောင်းက တော်တဲ့ ထက်တဲ့ သူတွေအကြောင်းကို အမြဲပြောပြလေ့ရှိတယ်။ နောက်ပြီး ကိုယ့် မေမေဆို တီချယ် သား ကိုဖိုးချမ်းကို ထိန်းဖူးတာကိုးးး အဒေါ် ကျောင်းဆရာမတွေကလည်း […]


ဇီဇီFebruary 10, 20142min37640
၆ နာရီခွဲ နှိုးစက်သံ အစမှာပဲ ဖြူ့ မျက်လုံးတို့ပွင့်ကာ နိုးလာခဲ့ပြီ။ ဒီနေ့ ဈေးသွားရမဲ့နေ့ပဲ။ ဈေးမသွားခင်လည်း ဖေဖေ့ဖို့ မနက်စာစီစဉ်ရဦးမည်ဖြစ်သည်။ ဘာမှ ဆန်းကြယ်သော စီစဉ်မှုမဟုတ်သော်လည်းး ဒီနေ့က ဖြူတစ်ယောက်တည်းစီစဉ်ပေးရမဲ့ အစားအသောက်ကိစ္စမို့ ဒီလောက် ဝီရီယစောနေခြင်းသာ။ ဖြစ်ပုံက ဖြူတို့ မောင်၂ မှ ၂ ယောက်က မန်းလေးမှာ ကျောင်းတက်ရသည်။ မေမေက ဖေဖေနဲ့ တာဝန်ကျရာ နယ်လိုက်နေရ၏။ ဖြူ့ကျောင်းက အတန်းတင်စာမေးပွဲပိတ်ခိုက် နယ်ကို ခဏလိုက်လာတုန်းးး မေမေက မောင်လေးဆီ သွားချင်တယ်ဆိုပြီး မန်းလေးသို့သွားသည်။ ဒီလိုနှင့် ဖေဖေ့ စားရေးသောက်ရေး ဖြူ့ တာဝန်ကျလာ၏။ ရ ရက်စာ ဖေဖေ့ကို ဖြူလက် အပ်လိုက်သည်ဆိုပဲ။ ဒီနေ့က တနင်္လာနေ့။ အတွေးတို့ ခဏရပ်ပြီး အိပ်ယာက […]


ဇီဇီJanuary 24, 201418min1987
မနေ့ညက ကဗျာဆရာလေး ကိုဟိန်း (Heinn FiveStrings) ဖဘ ဝေါ ပေါ်မှာတွေ့လို့ ခွင့်တောင်းပြီး ယူလာတာပါ။ ကိုဟိန်းဆိုတာ ဟိုတစ်ခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကဗျာ ရေးတဲ့တစ်ယောက်လေ။ ခုလည်း သူ့စိတ်ကူးနဲ့သူ ကဗျာဆရာတွေရဲ့ ကဗျာလေးတွေ မိသားစု အကြောင်းကဗျာလေးတွေ စုနေတာကို သဘောကျလို့ ယူလာတာပါ။ ကဗျာဆရာ ပေါင်းစုံရဲ့ အကြောင်းအရာ တစ်ခုအပေါ် ခံစားချက်ပေါင်းစုံမို့ ရသစုံပါတယ်။ အားပေးပါဦးးး ————————— || မိသားစု || BY.. ရိုးမြေ ကျွန်တော် လေးတန်းနှစ်ရောက်တော့ ထမင်းနှစ်လုတ်စာက လေးလုတ်စာ ဖြစ်ခဲ့တယ် အမေဈေးရောင်းမကောင်းတဲ့ ရက်တွေမှာ အမေ့ဈေးဗန်းထဲက အကြော်တွေဟာ ကျွန်တော်တို့ရဲ့ ညစာ အဖေတစ်နာရီလောက် စောထရင် အဖေ့မှာ ကားခမရှိတော့ဘူး အဖေတစ်နာရီလောက် နောက်ကျတဲ့နေ့က ကျွန်တော်တို့တွေ […]


Mr. MarGaJanuary 10, 20141min27122
မိသားစု တစ်ခု ဆိုတာ သူစိမ်းနှစ်ယောက်ကနေ အစပြုတာ။ မိသားစု တစ်ခုဖြစ်ဖို့ သာယာတဲ့မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို့အတွက် နားလည်မှုတွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ အချိန်တွေကို အခြေခံအုတ်မြစ်အဖြစ် သုံးခဲ့ရတယ်။ ကွန်ဆာဗေးတစ်လို့ပဲပြောပြော လစ်ဘရယ်ပဲ ဖြစ်ဖြစ် မိသားစု ဆိုတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်ဖို့အတွက်တော့ ထိုက်တန်တဲ့ တန်ဖိုးထားမှု၊ နားလည်မှုတွေ ပေးရတာပဲ။ မတူညီတဲ့ဘဝနှစ်ခုကို တသားတည်းဖြစ်အောင် ပေါင်းစည်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာကိုး အိမ်ထောင်တစ်ခု ခိုင်မြဲဖို့၊ သာယာဖို့မှာ အချစ်ထက် ယုံကြည်မှု၊ နားလည်မှုတွေဟာ ပိုအဓိကကျလိမ့်မယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက် နိုင်တယ် ဆိုနိုင်ပေမင့် ဟင်းတစ်ခွက်ဖြစ်ဖို့ ဆားကအဓိကနေရာမှာ မပါဘူး။ သံယောဇဉ် ဆိုတာကတော့ အရေးကြုံလာရင် ချစ်ခြင်းမေတ္တာထက် ပို အသုံးဝင်ပါတယ်လေ။ အဲ…..ပိုပြီးတော့လည်း တည်မြဲလိမ့်မယ်။ […]