Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မွေးမေလေ့ (၂) – နာမည်ပေးး အကြောင်း တစေ့တစောင်းး

ဇီဇီJuly 15, 20141min132060

 

ဟိ။
နာမည် ကိစ္စ အုန်းထနေတုန်း ရေးချင်ရာရေးအူးမှ။
ပေါက်ကရပို့(စ) ပဲရေးတတ်တယ်။
ပြောချင်ရာသာ ပြော။ ကော်မန့်များတာ မကျေနပ်ရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်။ အဟစ်။

အနော်တို့ အမျိုးက နာမည်ပေးး သိပ်တော်တာ…။  :mrgreenn:
မဟုတ်သုတ်ခ (မဟုတ်တရုတ် နဲ့ ဗရုတ်သုတ်ခ ပေါင်းရေးသည်) နာမည်တွေပေးတဲ့ နေရာမှာ သူ့ထက်သူ လူစွမ်းကောင်းချည်းပဲ။

အဲဒီထဲ အနော့ မွေးမေလေ့က အတော်ဆုံး. :mrgreenn:

အဖိုးက အမေတို့ ညီ အမ လေး ယောက် ကို ပေးတဲ့ နာမည်တွေတဲ့။ ကြည့်ဦးးးးးး။

.
အကြီးဆုံး ကို “တုတ်တိုး”  တဲ့။ တုတ်တိုးအိုးပေါက် ပြောတတ်လွန်းလို့။  :mrgreenn:
.

.

 

အနော့ အမေကို ကျ “ပိဿလေး ဘေးပစ်” တဲ့။ လူတဖက်သား အင့် ကနဲ့ နေအောင် ပြောတတ်လို့။  :mrgreenn:

.

.
တတိယ သမီးကို “ခေါင်းလောင်းထဲက အဆံ” တဲ့။ ဟိ။ ပြဿနာဟေ့ဆို သူကပဲ စ။ ဟိုဘက်သယ် ဒီဘက်ပို့။  :mrgreenn:

.

.
စတုတ္ထသမီးကိုတော့ “ငါ့ စကားနွားရ” တဲ့။ သူမမှန်တာသိတာတောင် စွတ်ဆက်ငြင်းပြီး လိုရာဆွဲပြောလို့။ :mrgreenn:

.

.
အငယ်ဆုံးဦးလေးကျ “ရွာပြင်ထွက်” တဲ့။ မှန်တာပြောလွန်းလို့။  :mrgreenn:

.

.
အဲဒါတွေ အကုန်လုံး အမွေရတဲ့ သများ ဆို ဘယ်လောက် တော်မလဲ စဉ်းစားသာကြည့်.။ အဟိ။။ 

:mrgreenn:

~~~~~~~

အဲလို မိသားစု ချင်းချင်း ပေါက်တတ်ကရ နာမည်ပေးတတ်တာတွေ အနော့ အမေမှာ ပါလာတော့ အိမ်မှာ ဆို ပါးစပ်မပိတ်ရဝူးးးး။
၄ ယောက်ကို အချင်းချင်း ကပ်ဖဲ့တာ။

.

.
အနော့ ဖေဖေက စာအုပ်စု ရတာ ဝါသနာပါလို့ “ဗို စာအုပ်” တဲ့။

.

.
အနော့ အဖေက ပြန်ခေါ်ပါတယ်။ သူ့ကို “ဧည့်လာ ဂမုန်းလေး” တဲ့။ ဟိ။ အိမ်မှာ သူရှိရင် ဧည့်သည်မပြတ်ဘူးးး  :mrgreenn:

.

.
အနော့ ကျမှ ရာဇဝင် ဆန်ဆန် နာမည် “ထင်ရာစိုင်း” တဲ့ဗျ။ (ဂစ်)  :mrgreenn:

~~~~~~~~~~

 

 

နောက်ပြီး ညီ အမတွေ စုံရင် ရန်စသေးတယ်ဗျ၊။

.
“ငါ နင်တို့ ကို နင်တို့ ကာရိုက်တာနဲ့ လိုက်အောင် သစ်သီးနာမည်တွေပေးမယ်” ဆိုပြီး ဇတ်လမ်းစ တယ်။ အမှတ်မရှိတဲ့ ညီအမတွေကလည်း ဟေးလားဝါးလားပေါ့။

.

အကြီးမ၊ နင်က သိပ်ဆရာလုပ်လွန်းလို့ နင်နာမည် က ဩဇာသီးး ……. (ငင့်)

.

.
အလတ်မ၊ နင်က လိမ်ညာ (အဲလေ) လိမ်မာ လွန်းလို့ လိမ်မော်သီး……… (ဟမ်)

.

.
အငယ်မ နင်က အပျိုကြီးဆိုတော့ သရက်သီး …… (ဟင်၊ ဘာဆိုင်တုန်း)၊

.

 

ဆိုင်တယ် လေ။ သရက်သီးကို အင်္ဂလိပ်လို မန်းဂိုး လို့ ခေါ်တယ်လေ။ (တောက်)

.

 

(အဲတော့ မမလေးရဲ့ နာမည်က ဘာတုန်းးး)
ငါ က အသစ်ကြိုက်ပြီး သိပ်တော်တော့ သစ်တော်သီးး(ဂစ်ဂစ်)

.

 

 

ကဲကြည့်! အဲလို တွေ ရန်စတတ်တာများ ကေဇီ သူ့ခြေဖျား မမှီသေးပါဝူး ပိတ်သတ်ကြီးရယ်။ ဟိ။  :mrgreenn:

~~~~~~~~~~~~~~

 

အဲနောက်ပြီးးး ကျနော်တို့ မောင်၂မ ဝမ်းကွဲ တွေ ကို ဘို နာမည်ပေးမတဲ့။ အဟုတ်မှတ်လို့ ကိုယ်တွေက တက်ကြွပေါ့။

 

မီးငယ် က အပေါင်းအသင်းများလွန်းလို့ “လူစီ” (ဂစ်)

.
ကိုဖြိုးက နောက်တီးနောက်တောက် ပေါတောတောနေတတ်လို့ “ပေါ(လ)” (ငင်)

.

.
ကိုငယ်က လောဘကြီးလွန်းလို့ “ရောဘတ်” (ဗျာ)

.

.
မိပွင့်က တဟီဟီကို ရီ နေလို့ “ဟီလာရီ” (ရှင်)

.
ဖိုးသားကို ရစ်လွန်းလို့ “ရစ်ချတ်” တဲ့။ (ခင်ဗျာ)

.
သူ့သား ဇော်သန့်ကျ တော်လို့တဲ့ဗျာ။ “တော်မီလီ” တဲ့။ မတရားပုံများးး၊ အဟေးဟေးဟေးးး  :mrgreenn:

 

သူ့ ယောင်္ကျား အနော့ အဖေကျ  ဇီဇာကြောင်လွန်းလို့ “ဆီဇာ” တဲ့ဗျားးးးး  :mrgreenn:

.
သူ့ အမကြီးကို စိတ်မာ လို့ “မာရီရာ” တဲ့။

:mrgreen:

 

ဟမ်မလေးးး အဲဒီလိုနဲ့ လူစုံတက်စိ မနေရအောင် နာမည်တွေ လျှောက်ပေးတတ်တာပြောပါတယ်။
စိတ်ဆိုးရအခက် ရီရ အခက်ရယ်။

အဲလို နာမည် အပေးသာကောင်းတာ။ နာမည် အမှန်ဆို ဖြောင့်အောင် မခေါ်တတ်ဘူးးး မမှတ်မိဘူးးး
ထင်ရာမြင်ရာခေါ်တာ။  :mrgreenn:
မွေးမေလေ့ နာမည်မှတ်ထားပုံက ” စံ ” ပဲ။

ဥပမာ ဆိုပါစို့.။

အောင်ကျော်သူ ဆိုရင် သူက ဘယ်လိုမှတ်ထားတုန်း ဆို နာမည် သုံးလုံး စလုံး ယောင်္ကျားဆန်တဲ့ စာလုံးတွေ လို့ အကြမ်းဖျင်းမှတ်ထားတယ်။
အဲ။ အဲဒီလူပြန်တွေ့လို့ ခေါ်လိုက်ရင် ကျော်အောင်လွင် တို့ ထင်အောင်ကျော် တို့ ဖြစ်ကုန်တာ။ :mrgreenn:

သား အမိ အချင်းချင်း စကားပြောရင်တော့ သူ ဘယ်လောက် မှားမှား ကျနော်တို့ မောင်၂မ ၂  ယောက်လုံး သူ ဘယ်သူ့ကို ဆိုလိုတယ် ဆိုတာ သိတယ်။

တခြားနေရာတွေ မှတ်ဉာဏ်အရမ်းကောင်းပြီး အဲ နာမည်မမှတ်နိုင်တာ (နာမည် အတည်တွေကို ပြောတာ) ကျ အနော်က အမေနဲ့ သွားတူတာ။

:mrgreenn:
ဒီရောက်ခါစ ခရစ်ယန် နာမည်နဲ့ တရုတ် မျိုးရိုး နာမည်နဲ့ တွဲထားတာတွေ ရောထွေးပြီး ထင်ရာလျှောက်ခေါ်တာ။
နောက်မှ စိတ်ထဲ ကွကိုယ် နာမည်တွေပေးပြီး မှတ်ထားမှ ဖြောင့်အောင်ခေါ်လို့ ရတယ်။ :mrgreenn:
ဘယ်လောက် အကျင့်ကောင်းတုန်း ဆို။ ဟိ။  :mrgreenn:

ခါတလေများ ကိုယ့်ချင်းချင်း သာသိတဲ့ နာမည်ပြောင်တွေ ကို သူများ က အဟုတ်မှတ်လို့ လိုက်ခေါ်ရင် ရီနေရတယ်။
နောက် မှ အဲဒီ အလွဲတွေ ရေးပါဦးမယ်။

ဟိ။
ခုကတော့ အပျော်ပါ။
အနော့ ယောက်ခမွသဲ နာမည်ပြောင်းချင်တယ် ဆိုလို့ ဒီ ပို့(စ) လေး ရေးလိုက်ပါတယ်။

:s:

 

60 comments

  • TNA

    July 15, 2014 at 6:01 pm

    အဟီးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး မျက်စိထဲကွင်းကွင်းကွက်ကွက်ပါပဲလားချွိချွိရယ်။ ရီလိုက်ရတာ။ ပေးလဲပေးတတ်တယ်။ သစ်သီးနာမည်တွေအရီရဆုံပဲ။ ဟို ကာတွန်းကား Smuff က ချွိအမေကို အထူးပြုထားပုံရတယ်။ သူတို့လဲ အကျင့်လိုက်လို့ နာမည်တွေပေးထားတာဆိုတော့ ကိုင်း ဟောဒက ယောက်ခမွကိုလဲတလုံးလောက်အဲ့ နာမည်တမျိုးလောက် :mrgreen:

    • ဇီဇီ

      July 15, 2014 at 7:55 pm

      ဟိ။
      “ဆွေ့ဆွေ့ခုန်” ဆို။
      သစ်သီးနာမည် လိုချင်သလားးး စဉ်းစားလိုက်ဦးမယ်။

      :mrgreen:

      • TNA

        July 15, 2014 at 9:10 pm

        အဟိ အဟိ စဉ်းစားလိုက်ပါအုံးသစ်သီးနာမည်လေး :byee:

        • အရီးခင်

          July 15, 2014 at 10:16 pm

          မင်းဂွတ် သီး
          မကြိုက်ရင်
          ဒူးရင်းသီး လို့သာယူ။
          ကိုယ့် ကို ဘူမှ မထိရဲတော့ဘူး။ :-)))

        • ဇီဇီ

          July 16, 2014 at 9:44 am

          ဒူးရင်းသီးက ဝါး ယူပြီးသွားပြီ။
          ဒီတော့ ယောက်ခမွသဲ မထူးဘူးးး

          လိုက်ချေး သီး နာမည် ယူပြီး ပိုက်ဆံလိုက်ချေးကြမယ်။
          ဟိ။
          :mrgreenn:
          ယောက်ခမွ စီနီယာ လိုက်ချေး
          ချွေးမ ဂျူနီယာလိုက်ချေးးး
          :mrgreen:

          ယောက်ခမွ ဆွေ့ဆွေ့ခုန်
          ချွေးမွ ဆန်းဆန်းတင့်
          :mrgreen:

          ခိခိ။ အ ရမ်းလိုက်ဖက်ညီမှာ။

          :s:

        • ကထူးဆန်း

          July 17, 2014 at 12:44 pm

          TNA အတွက် သစ်သီးနံမည် မရသေးဘူးလား ???
          သူက ဘာကြိုက်တယ် ဆို ၁၉၉၃ က စဆိုဘဲ .. သမိုင်းတောင် ရေးထားသေးဆိုတော့ ..
          အဟိ ..
          ..ေ- သီး ..
          ပြေးပြီ … :harr:

        • ဇီဇီ

          July 17, 2014 at 12:48 pm

          အဲလာ က အံစာတုံးးး နာမည် ဖြစ်သွားပြီး မကြီးဆန်းရဲ့။
          အဟိ။
          ဂု
          လိုက်ချေးသီး ပါ ဆို။
          ကြုံတုန်း သိန်း ၁ ရာ ၂ ရာလောက် ချေးသွားပါဦးးး

          :kwi:

        • TNA

          July 17, 2014 at 2:45 pm

          အောင်မယ်လေး ကထူးဆန်း မတွေ့ရကြာပေါ့။ လွမ်းနေတုန်းဗြုန်းဆိုပေါ်လာ။ ရှားရှားပါးပါးရွာဝင်တုန်းသများကိုနာမည်ပေးသွားတာကျေးဇူးပါ။ နာမည်ပေးကင်ပွန်းတပ်အတွက် ပိုက်ဆံလေး တရာနှစ်ရာ ( သိန်း ) လောက်ချီးသွားပါအုံး။ 🙂

  • weiwei

    July 15, 2014 at 10:00 pm

    ဟားဟားဟား … ရီရတယ် ..
    အစ်မ တူမလေးကို ငယ်ငယ်က ကင်မ်ချီ ဆိုပြီးခေါ်တာ (ချဉ်ဖတ်ကလေးမို့လို့ ) သူ့အမေက မကြိုက်လို့ ကြာကြာမခေါ်လိုက်ရဘူး ..
    အငယ်ကောင်ကတော့ ရစ်ချတ် ..

    • ဇီဇီ

      July 16, 2014 at 9:39 am

      ဟိဟိ။
      နာမည်က ကိုရီးယားဆန်သွားတာပေါ့။
      အညာဆန်ဆန် နာမည်ဆိုရင်တော့ တမာချဉ် လို့ ခေါ်ရကောင်းမားးး

      :mrgreen:

  • အရီးခင်

    July 15, 2014 at 10:15 pm

    ရီလိုက်ရတာ ဖတ်ဖတ်မော။
    အရီး တို့ မောင်နှမတွေ မှာလဲ နာမယ် ကိုယ်စီ နဲ့။
    အစ်ကို က ဂျပန်ကြီး (ဗိုလ်ကျတတ်လို့)
    မောင် (၁) က ကုလား (အသား မဲလို့)
    မောင်(၂) က တရုတ် (အသားဖြူလို့)
    အရီး ကို ဘာခေါ်လဲ။ သိလား။
    အဟိ။ မသိရင် နောက်မှ ကျောမယ်။ :-))))

    • ဇီဇီ

      July 16, 2014 at 9:37 am

      မြင်ရသလောက် ကတော့ ကိုရီးယား မလေး လို့ ခေါ်တာမြန်းလားးး ခင် ရယ်။

      :s:

      • အရီးခင်

        July 16, 2014 at 1:41 pm

        ဝုတ်ဘူး။
        “ယိုးဒယားမ” တဲ့။ အဲဒီ နယ်စပ်မှာ မွေးလို့။
        ပြသနာ က အခု “ယိုးဒယားမ” ဆို အစစ်လား၊ အတုလား ရှုပ်နေပြီ။ ;-)))

        ကျောင်းတုန်းက လဲ နာမည်ပြောင် ရလေ့ ရှိတယ်။
        အစ မှာတော့ ဒေါသထွက်သပေါ့။
        အခုတော့ အရည်ထူ နေပြီ။
        ဘယ်သူ ဘာခေါ်ခေါ်။
        :-))))

        • ဇီဇီ

          July 16, 2014 at 1:45 pm

          ဟေးဟေးးး
          ဟုတ်တယ်။
          အတု အစစ်သာ မငြင်းရဘူး ဆို ယိုးဒယား မ လေး တွေက ပိုလှတယ်။
          တူတယ် ခင်။
          အစစ်နဲ့။

          😀

        • အရီးခင်

          July 16, 2014 at 1:50 pm

          ဇီ ကလေး ရယ်
          “ခင်” လို့ ကြား နေတာ ကျောချမ်းလှတယ်။
          ဒေါက်တာ ဖေသက်ခင် လိုများ အပြောခံရတော့ မလားလို့။
          :-)))))

        • အရီးခင်

          July 16, 2014 at 1:52 pm

          ဟို သနလ လေး ဟိုဘက်မှာ ပြောနေတာ။ :-)))

        • ဇီဇီ

          July 16, 2014 at 1:53 pm

          ဟိ။
          အရီး လို့ မခေါ်ရက်တော့လို့။
          အဟိ။
          အမှန်တော့ အရီးလို့ပဲ ပိုင်ပိုင်နိုင်နိုင်ခေါ်တာ အားရပါတယ်လေ။
          နောက်တာ။,
          ။သတိထားမိသားပဲ။

          😀

        • အရီးခင်

          July 16, 2014 at 1:58 pm

          ဘာဘဲဖြစ်ဖြစ် အရမ်းချစ်ဖို့ကောင်းတဲ့ ကလေး တွေလို့။ :-)))

  • မဟာရာဇာ အံစာတုံး

    July 16, 2014 at 6:50 am

    အမငေးးးး ငေးး
    နံမယ် ပေးထားပုံတွေက လန်ထွက်နေဒါဘဲ …
    အဲ့ဒီနံမယ်တွေထဲ ဟို မန်းဂိုး (သရက်သီး) နံမယ်ကို အကျိုက်ဆုံးဘဲ …
    နောက်ခါ … အပိုကြီးတွေကို သရက်သီးတွေ လို့ပဲ ခေါ်တော့မယ် …
    ဟုတ်တယ်နော် … သရက်သီး မမ … ခွိခွိ
    :mrgreen:

    • ဇီဇီ

      July 16, 2014 at 9:34 am

      အမ်။
      နှိပ်ကွတ်ဖို့ လမ်းစ ရှာရသွားပြီ။
      ဒွတ်ခပဲ။
      နေဦးးး
      နိ ကိုလည်း နာမည်ပေးဦးမှ။

      အချဉ်ပေါင်းလုပ်စားတဲ့ အသီးနာမည် ယူမားးးး
      ဟိုတခါ နိ ပို့(စ) တင်ဖူးတယ်လေ။

      :mrgreen:

  • kyeemite

    July 16, 2014 at 9:46 am

    ခိခိခိ..ခစ်ခစ်ခစ် ရီလိုက်ရတာဖတ်ဖတ်ကိုမော 😀
    ကျုပ်ပေါက်စနလေးတုံးက နီရဲနေလို့ လူနီ လို့ခေါ်ဂျတယ်…
    ကျုပ်အမေ ကိုတော့ ကျုပ်တို့အားလုံးက “ဒေါ်ခင်မျိုးချစ်” လို့ခေါ်တယ်( အမျိုးတွေကိုချစ်တတ်လွန်းလို့) :mrgreenn:
    ကျုပ်အစ်ကိုကြီးကိုတော့ အားလုံးက “ဘိုးတော်”လို့ခေါ်သဗျ (အိမ်ထောင်ခွဲနေပြီးတော့…မိဘအိမ်လာလည်ရင် တစ်ခုမဟုတ်တစ်ခု မမသွားတတ်လို့) :mrgreenn:
    ပျော်စရာကြီးနော်…..

    • ဇီဇီ

      July 16, 2014 at 9:57 am

      အဟိဟိ။
      ဒေါ်ခင်မျိုးချစ်ကတော့ အမေတိုင်းပါပဲ။
      အဟေးဟေးးး
      :mrgreen:
      အိမ်လာ ပြီး မ မ သွားရင် ဘိုးတော် ဟုတ်လားးးး
      ဒီ နာမည်ကိုတော့ ကြိုက်သွားပြီ။
      ပျော်စရာကြီးနော်…..

      :mrgreenn:

    • ဇီဇီ

      July 16, 2014 at 9:59 am

      ဟိဟိ။
      ချစ်လုံ။
      အပေါ်က ဟိုတစ်ယောက်ကို မှာထားအူးးး
      နာ့ ကို ဂျီးဒေါ်မန်းဂိုးလို့ ခေါ်နေမှ ဖြင့်။

      :kwi:

  • Nyo Win

    July 16, 2014 at 9:58 am

    ဪ မန်းဂိုး မန်းဂိုး အိုက်နာမည်တော့သဘောကျသွားပီ…အပျိုကြီးတွေကိုစအုံးမှ…
    အိမ်နားကခလေးနာမည်က အောင်ကောင်းစံ တဲ့ ဗွက်ထအောင်ဆော့လွန်းလို ့
    အောင်ဗြောင်းဆန်လို ့ပေးထားတယ်… 🙂

    • ဇီဇီ

      July 16, 2014 at 10:04 am

      အနော့ အဖွား ဆို လွဲတာက ရှိသေးတယ်။
      အိမ်နားက မိသားစုမှာ ရှိတဲ့ ကလေး အကြီးဆုံး ကို သူတို့ မိသားစုက “ကိုကြီးဆုံး” လို့ ချစ်စနိုးခေါ်တာတဲ့ဗျာ။
      အဲဒါ နားကြားမှားပြီး ခေါ်ခေါ်ခိုင်းရင် “ကိုချီးတုန်း” “ကိုချီးတုန်း” လို့ ခေါ်သတဲ့။
      လွဲချက်ကနာ။

      :hint:

  • Yae Myae Tha Ninn

    July 16, 2014 at 10:03 am

    ပေါက်တတ်ကရတွေကွယ်… အို… တကယ်ပါပဲ… 🙂

    • ဇီဇီ

      July 16, 2014 at 10:06 am

      ပြောထားတယ် လေ။
      ပေါက်တတ်ကရ
      မဟုတ်သုတ်ခ ပါဆို။

      😀

  • alinsett (gazette)

    July 16, 2014 at 10:40 am

    ငါ က အသစ်ကြိုက်ပြီး သိပ်တော်တော့ သစ်တော်သီးး ။

    အဲ့…သစ်တော်သီးဆိုတဲ့ နာမည်လေးကြိုက်တယ်.. ။
    ပေးမလား..မမဂျီး..

    :mrgreen:

    • ဇီဇီ

      July 16, 2014 at 10:41 am

      ဟယ်။ ယူစေဗျားးး
      ယူစေဗျားးး

      :mrgreen:

      • alinsett (gazette)

        July 16, 2014 at 10:50 am

        အီနေ့ကစပြိး..ငါကိုယ်တော့အမည်နာမသည်ကားးးး..
        သစ်တော်သီး..ဖြစ်ပေတော့သကိုးးးးး

        အဟိ..
        ပေါလိုက်တဲ့ငါ

        :mrgreen:

  • black chaw

    July 16, 2014 at 11:01 am

    မဟုတ်သုက္ခ တဲ့လား ဗျာ…။
    မဟုတ်သုက္ခ ပို့စ်က ပေးတဲ့ ခံစားမှုလေး ရေးလိုက်ပါရစေဦး…။
    ကျွန်တော် တို့ ဆယ်တန်းကျောင်းသားဘဝတုန်းက
    အင်းမမြို့အထက မှာ တက်ခဲ့တာပေါ့…။
    အဲဒီတုန်းက ချစ်စရာကောင်းတဲ့ အကျင့်လေးတစ်ခု ရှိခဲ့ဖူးတယ်ဗျ…။
    အတန်းထဲက သူငယ်ချင်းတွေ အချင်းချင်း အဖေနာမည် နဲ့ ပဲ စကားပြောကြတာဗျ…။
    ဆိုကြပါစို့…။
    ကျွန်တော့်အဖေ က ဦးတင်လှ ဗျာ…။
    ကျွန်တော့်ကို နာမည်မခေါ်ဘူးဗျ…။ ဟေ့ကောင် တင်လှသားတဲ့…။
    ပြီးတော့ လုပ်သေးတာက ဒိုင်ဗင်ကြီး လာပြီဟေ့တဲ့…။
    အဲဒီတုန်းက ဒိုင်ဗင်တင်လှ ဆိုတဲ့ သရုပ်ဆောင် ရှိတယ်ဗျ…။
    နောက် ကျွန်တော့် သူငယ်ချင်း မိုးဇော်ဦး ဆိုပါစို့…။
    သူ့အဖေ နာမည်က ဦးတင်ဌေး…။
    ကျွန်တော်တို့က သူ့ကို ဟေ့ကောင် တင်ဌေးသား ခေါ်တာပဲ…။
    ပြီးရင် ဇာတ်မင်းသား ဒို့တင်ဌေး ဆိုတာကလည်း ရှိသေးတာဆိုတော့
    ဇာတ်သမား သားလို့လည်း ခေါ်ကြတာဗျ…။
    နောက် သူငယ်ချင်းတစ်ယောက်က ဌေးလှိုင်တဲ့…။
    သူ့အဖေနာမည်က ဦးကျင်မောင် တဲ့…။
    သူ့ကျတော့ ကျင်မောင်သား ပေါ့ဗျာ…။
    အဲဒီမှာပဲ ကျောင်းကို ဆရာအသစ်တစ်ယောက်ရောက်လာ ပါရောဗျာ…။
    ဆရာနာမည်က ဦးသန်းထူး တဲ့ (နာမည်ပြောင်းထားပါတယ်)…။
    အဲဒီဆရာက ရန်ကုန်ကပါ…။ ကျောင်းရှေ့မှာ အိမ်ငှားနေပါတယ်ဗျာ…။
    လူကလည်း ၃ဝ အောက်ပဲ ရှိသေးတော့ ကျွန်တော်တို့ နဲ့ သူငယ်ချင်းပေါင်း
    ပေါင်းမိကြရောဗျို့…။
    အဲဒီမှာ ဓါတ်ကူးပါလေရောဗျို့…။
    ဆရာက…
    ကျွန်တော်တို့ကို နာမည်အရင်း မခေါ်တော့ဘူးဗျို့…။
    ဟေ့ကောင် တင်လှသား လဖက်ရည်ဆိုင်သွားမယ်…။
    ဟေ့ကောင် ကျင်မောင်သား ထမင်းစားကြမယ်…။
    အဲဒီလိုတွေဖြစ်နေရောဗျို့…။
    တစ်ရက်မှာတော့ ဆရာက ကျွန်တော်တို့ကို
    အဖေနာမည် တတ်မခေါ်တော့မယ့် အဖြစ်အပျက်တစ်ခု
    ဖြစ်ခဲ့ပါရောဗျာ…။
    မှတ်မိသလောက် ဌေးလှိုင်က အဲဒီနေ့က သီချင်းတွေ
    အော်ဆိုနေတာဗျ…။ အတန်းထဲမှာနော်…။

    ဖယ်လ်နေဝန်း သို့ညီ ထွန်းလင်းပြောင်ပေသည်
    ထွန်းလင်းက တော်တော် ပြောင်ခဲ့မှာဟ
    သီချင်းထဲတောင် ထည့်ဆိုနေရတာဆိုတော့

    အဲဒီသီချင်းဆိုလိုက် နောက်
    ,blockquote>သမိုင်းကြောင်းအဆက်ဆက် ထွန်းလင်းပြောင်ခဲ့သည်
    တော်တော် ပြောင်တဲ့ထွန်းလင်း
    သမိုင်းကြောင်းအဆက်ဆက် ကို အရှက်မရှိ ပြောင်ခဲ့တာကွ

    လို့ ဆိုပြောလေး ပြောလိုက်…။
    အဲဒါကို ဆရာဦးသန်းထူးကြားအောင် ကြားသွားထင်ပါရဲ့ဗျာ…။
    တပည့်တွေကို အဖေနာမည်တတ် ခေါ်ပြောနေရာကနေ..
    နာမည်အရင်းနဲ့ပဲ ခေါ်ဟယ်ပြောဟယ် ဖြစ်သွားတယ်ဗျ…။
    အမှန်က ဆရာဦးသန်းထူး အဖေနာမည်က ဦးထွန်းလင်းတဲ့…။
    အော် အဲဒီ အဖေနာမည်တတ် အခေါ်ခံခဲ့ရတဲ့ ဘဝလေး
    အခု လွမ်းနေမိတယ် ကေဇီရေ…။
    ကျွန်တော်များ အတန်းထဲဝင်တာနဲ့
    ဒိုင်ဗင်ကြီး သားလာပြီ ဆိုတဲ့အသံလေးတွေကိုလည်း လွမ်းနေမိပါတယ်။
    ခင်ဗျားရေးတဲ့ မဟုတ်သုက္ခ ပို့စ်က ပေးတဲ့ အလွမ်းပေါ့ဗျာ…။
    စကားမစပ် ကေဇီ့ အဖေနာမည် ဘူလဲဟင်င်င်င်…။
    😀

    • ဇီဇီ

      July 16, 2014 at 11:27 am

      ဟိ။
      ချစ်ဖို့ကောင်းတယ်။
      အချင်းချင်း နာမည်ကို အဲလိုတွေ ခေါ်ရတာ။
      :s:

      အနော်မှာ လည်း ဒီ ရွာရောက်မှ ရလိုက်တဲ့ နာမည်တွေ
      ပျက်လိုက်တဲ့ နာမည်တွေ.။
      😀
      ဟိ။
      အဖေနာမည်တော့ မပြောပါရစေနဲ့။
      နောက် အကောင့်ပုံး တစ်ခု ပေါ်လာနေဦးမယ်။
      ပြောရဲတော့ဝူးးး :mrgreenn:

    • အရီးခင်

      July 16, 2014 at 1:48 pm

      အိုး အို
      ကဘချော က အင်းမ မှာ နေဘူးတယ်လား။
      ကျောင်းတုန်းက ပင်းယဆောင် ဘော်လီဘောအသင်း မှာ အင်းမ က ကောင်လေး ချောချော လေး တစ်ယောက် လဲ ပါတယ်။
      ပင်းယ ကို အားပေးခဲ့တာ ဒီအကြောင်း တွေ လဲ ပါသပေါ့။ :-)))

  • Mr. MarGa

    July 16, 2014 at 11:11 am

    အင်း
    ဆယ်မိနစ်လောက် မျက်နှာချင်းဆိုင် စကားပြောမိတာနဲ့ အော်တိုငုတ်တုတ် ကိုယ့်ကို အမြင်ကတ်စေနိုင်တဲ့ အထိ စကားပြောကျွမ်းတဲ့ မောင်မာဃကို ဘယ်လိုနာမည်ပေးမလဲ သိချင်သား……

    • ဇီဇီ

      July 16, 2014 at 11:28 am

      ဟိ။
      မန်းလေးလာရင် လာ တွေ့လှည့်။
      :s:

      • Mr. MarGa

        July 16, 2014 at 11:52 am

        အမ်
        ရားဒယ်…. အနော် ခြင်္သေ့ကျွန်းကို လိုက်လာတာက ပိုမြန်မလားပဲ :mrgreenn:

  • Crystalline

    July 16, 2014 at 12:03 pm

    ပြောရရင် သများမှာလည်း ငယ်ငယ်က နာမည်ပြောင်တော်တော်များခဲ့တာ.. ငယ်ငယ်က အစားမက်..အဆော့မက်တော့ ..လူကလည်းဖက်တီးလေးဆိုတော့ ပေါက်ကျော်..ပေါက်ဖော်. .ပုတ်လုံး..ပုတ်ကြီး… ဘုရား..ဘုရား.. ရက်ရက်စက်စက်နာမည်ဖျက်ခံရတာများစုံလို့. ..ကြီးကောင်ဝင်လာတော့ ပိန်သွားပြီး အရပ်ကလန်ကလားမို့လို့ အစ်ကိုဝမ်းကွဲက.. ကြောင်လျှာသီးတဲ့.. အခုတော့ ငါ့ညီမ ဘူးသီးဖြစ်နေပြီတဲ့.. :cryy: ကျောင်းနာမည်ရင်းကလည်း သများပေးလေ့မရှိတဲ့နာမည်ဆိုတော့ မျိုးစုံကို စနောက်ခေါ်တာခံခဲ့ရတာ ယူနီတက်တဲ့အထိပဲ.. .. နာမည်ရင်းကသိသူနည်းပြီး.. ဘိုနာမည်ကတော့ ဘိုတွေပဲခေါ်ကြတယ်.. အိမ်နာမည်နဲ့ လူသိများနေလေရဲ့.. အလုပ်နဲ့ပတ်သက်သူတွေအပါပေါ့.. အဲ့အိမ်နာမည်ဆိုတာလည်း ၂လုံးထဲပါလို့တော်သေး.. လူတွေက သူတို့ခေါ်ချင်သလိုခေါ်တော့ မိဘစခေါ်ခဲ့တဲ့အမှန်က ဘာမှန်းကိုမသိတော့တာ.. ကိုယ်တွက်ကြည့်တာ..အဲ့ဒီအိမ်နာမည်ကိုပဲ လူတွေခေါ်ကြတာ.. ၈မျိုးလောက်ရှိတယ်.. ကိုယ်လည်း သူတို့ခေါ်သလိုထူးတယ်.. မှတ်ကရော.. :mrgreenn:

    • ဇီဇီ

      July 16, 2014 at 12:28 pm

      ဟမ်မငေး
      တူတူပဲ။ တစ်ယောက် နာမည် တစ်မျိုးစီပေးပြီး ချစ်စနိုးတွေ (လို့ ထင်ရတာ၊ အမှန်တော့ အညင်ကတ်ကတ်နဲ့) ခေါ်ကြတာ။ :mrgrenn:
      ကိုယ်ကလည်းဘယ်နာမည်ခေါ်ခေါ် ပြန်ထူးလိုက်တာပဲ။
      😀

      ခွစ် ပြောသွားတဲ့ထဲမှာ နာ နဲ့ တူတဲ့ နာမည် တစ်ခုပါတယ်။
      :kwi:

  • နှူးဘာ မိဂီ

    July 16, 2014 at 12:05 pm

    ကျန်ကျောင်း နာမည်ရင်းကလေ တိယား…
    တိပါဘူး ခီညား…..
    ခိခိ

    • ဇီဇီ

      July 16, 2014 at 12:29 pm

      ဪ “တိယား” တဲ့လားးး
      နာမည် အဆန်းပဲ။
      :mrgreen:

      ဒါနဲ့ နာ ကလေးမွေးရင် အမရပူရမှာ ဗိုက်နာပြီး မှ မုံရွာမှာ သွားမွေးမယ် သိလား မတမ နူးဘာဂီ..!
      :kwi:

      • နှူးဘာ မိဂီ

        July 16, 2014 at 2:42 pm

        တော်ဘီ ခင်ညားကို ကျော့် နာမယ် ပြောပြလော့ဖူး…
        မုန်းထှာ

        :mrgreen:

        • ဇီဇီ

          July 16, 2014 at 3:06 pm

          ဝါးရဲ့ ဆိုးမိုက်ဘူးးး :mrgreenn:
          နာ့ ရဲ့ ဘလက် ရိမ်း ကလောက် :mrgreenn:

          ကျန် တဲ့ သူတွေ ခေါ်တဲ့ နာမည်တော့ မသိတော့ဝူးးး
          :mrgreen:

  • Ko chogyi

    July 16, 2014 at 12:46 pm

    ဟုတ်ပြီ ရွာထဲကလူတွေ တစ်ယောက်ချင်း နာမည်ဘယ်လိုပေးရမလဲ
    စဉ်းစားလိုက်ဦးမယ်

    • ဇီဇီ

      July 16, 2014 at 12:54 pm

      ပဂိုးဒါးးး အမြှောက် ၃

      သများနာမည်ကို လှလှလေးပေးနော်။

      :mrgreen:

  • ဦးကျောက်ခဲ

    July 16, 2014 at 12:57 pm

    အပေါ်မှာ ကိုဘတ်လတ် မန့်ထားသလိုပဲ… အဖေနာမည်ခေါ်တာ ခေတ်စားဖူးပါတယ်…
    ကျောက်စ် အတန်းဖော်ရဲ့ အဖေနာမည်က ဦးဂျင်မီ ၊ ဆိုတော့ အဲ့ကောင်ကို ဂျင်မီ လို့ ခေါ်ကြတာပေါ့…
    တနေ့သား ရာဇဝင်မသိတဲ့ ကျောင်းသားအသစ်က အဲသည့်ကောင်အိမ်ရှေ့မှာ စာအုပ်ငှါးဖို့…
    “ဂျင်မီ ရေ… ဟေ့ကောင် ဂျင်မီ ၊ ဂျင်မီ ရှိပါသလားခင်ဗျာ”လို့ သွား အော်ပါသတဲ့…
    အဟွတ်… ဘာပြောကောင်းမလဲ ၊ ဦးဂျင်မီကြီး မူးစစ အချိန်မို့ မိုး မီးလောင်တာပေါ့…
    အဟိ… ဇာတ်သိမ်းတော့ သားဂျင်မီလေးခမျာ ပယ်ပယ်နယ်နယ် အနွှာခံလိုက်ရပါသတဲ့…

    ဆိုတော့ … ကိုယ်တိုင်လည်း နာမည်ပြောင်ရှိ ၊ သူတပါးဆိုရင် မွေးသဖခင် မွေးသမိခင်တောင် နာမည်ပြောင် ပေးတတ်သူမို့ … ကျောက်စ် ဆက် မမန့်တော့ပါဘူး ။ မတော် ဂွဇက်ရွာသူားတွေ သူရို့ နာမည်ပြောင်တွေ သိကုန်မှ… အားဟိ
    😀

    • ဇီဇီ

      July 16, 2014 at 1:09 pm

      ဪ။
      ကျန်းးးးးး
      နာမည်ပြောင်တွေ ပေးထားတယ်ပေါ့လေ။
      ဟိ။
      နက်ဖြန်တော့ နာမည်ပြန်ပြောင်းဦးမယ်။
      ဟိ
      ခင်ဇော် လို့။
      အားဟိ (CD to ဦးကျောက်ခဲ)
      😀

      • ဦးကျောက်ခဲ

        July 16, 2014 at 1:36 pm

        အားဟိ… ခင်ဇော်ရဲ့ အဖေနာမည်ကလေ xxxx တဲ့…
        ခေါ်တော့ပါဘူး… တောက်စ်ချမှာစိုးလို့… ဟီဟိ
        😀

        • ဇီဇီ

          July 16, 2014 at 1:52 pm

          ခိ။
          ခင်ဇော် ကူးမား(ရ) လို့ တော့ မခေါ်နဲ့။
          လက်တောက်ခုံ နော်။
          😀

  • TNA

    July 16, 2014 at 1:20 pm

    ကွန်မင့်တွေကလဲရီရတာပဲ။ ဦးဘလက်ပြောသလိုပေါင်းတည်မှာနေတုန်းကလဲ ဆရာတွေကအဖေနာမယ်ပဲခေါ်တာ။ ကိုယ်တွေလဲအူးကျောက်ပြောသလို ကိုယ်တွေက လိုက်လိုက်ခေါ်လို့ပြသနာတက်ပေါင်းများပြီအဟိ
    ချွိပေးတဲ့နာမယ်မိုက်စ် စီနီယာလိုက်ချေး အဟေးဟေး ဦးပါ ငါးသိန်ချေးပါ :mrgreen:

    • ဇီဇီ

      July 16, 2014 at 1:28 pm

      ယောက်ခမွ တစ်ယောက် တစ်ဝက်

      :mrgreen:

  • amatmin

    July 16, 2014 at 1:38 pm

    ပို့စ်နဲ့တင်ဘဇပ်စေ့မရတာ
    အောက်ကမန့်တွေဖတ်ပီးမှ အတောမသတ် ။
    သူများတွေလို ငယ်နာမည်ဖော်ကြေးဆို ၅ ခုမက
    ခုထိတွင်နေတုန်း ကိုယ့်စရိုက်နဲ့ သေချာကိုက်ပီးကျန်နေတဲ့နာမည်ဆိုရင်တော့
    တယ်တညင်တဲ့ ၊ ညစ်ပေါက်ကပ်ကျယ်ဒဲ့ ။
    ဂလောက်ပြောရင် သဘောပေါက်လောက်ပါဒယ် နော့
    အားဟိ ။ (ခွက်ဒွစ်တူ ကျောက်စ်စ် ) 😛

    • ဇီဇီ

      July 16, 2014 at 1:48 pm

      ကတောက်။
      နာ က အဲ နာမည် ဖော်မလို့ဟာကို ကိုဂျီးမတ် နှယ်။
      ကွကိုယ်ဖော်တော့ နာ့ အင်ဖိုမေးရှင်းရောင်းစားလို့ ရတော့ဝူးးး
      ဟိ
      :mrgreenn:

  • Ma Ei

    July 16, 2014 at 3:28 pm

    စာဖတ်ရီပြီး…:) နာလည်း နံမည်ဖော်ဦးမှ…
    အမေပေးတဲ့နံမည်လေ…မသိစေချင်တဲ့ စကား သူ့ရှေ့ပြောမရ.
    မေးလိုက်ရင်ချန်မထား..သိသမျှ အကုန်ဖြေမှာ မသစ္စာ ပါတဲ့…

    • ဇီဇီ

      July 16, 2014 at 3:31 pm

      အို။
      ချစ်စရာ ကောင်းလိုက်တဲ့ အကျင့်။
      နာမည်မှာကို က အကျင့်ကောင်းလေး ပေါ်နေတာ။
      :s:

  • ကူမားရ်

    July 16, 2014 at 5:05 pm

    အင်း..
    ဘာပြောရမျန်းတောင်သိဘူး..သူများတွေမန့်သွားတာ..ကိုယ်ပြောမှာတွေကြီးဘဲ..
    ဆိုဆော့ ဗေတားနာမည်ပြောတော့မယ်..တစ်ကယ်ကနံမည်ပြောင်ဆိုတာ..ချစ်ခံရလို့ရတာ..စရိုက်ကြောင့်..လုပ်ရပ်ကြောင့်..ရီစရာကောင်းလို့..သူများတွေထက်ထူးလို့ ဒီလိုပေးခံရတာ..
    ဗေတားမှာ နာမည်တော်တော်များပါတယ်..
    ဗေတားတို့မောင်နှစ်မလေးယောက် ကို ပွင့်ဖြူ(အမအကြီးဆုံး)…. ဇမ္ဗူ(ဗေတား)…သရဖူ.(ညီ).ချမ်းမြေ့ဖြူ (ညီမအငယ်ဆုံး)လို့ နှစ်ချောင်းငင်တွေနဲ့ အူကာရံ လိုက်ပေးထားတော့ အားလုံး ငအူတွေချည်းပဲရယ်..
    အိမ်မှာ အချင်းချင်းဆို မမကို ( ပွကြီး) သူလုပ်လိုက်ရင် ငယ်တဲ့အမှုကြီးပြီး ကြီးတဲ့ အမှု စောက်ကျိုးနည်းသွားတတ်တာကြောင့်ပါ
    ဗေတားကို (ဗူကြီး) ညီလေးကို (ဖူလေး) ညီမလေးကို (မပန်း) စသဖြင့် ရည်ညွန်းကြတယ်
    ဗေတား.ဇာတာထဲမှာ..အောင်မြင်ဝင်း အသက်၁၂ဝ ရှည်စေသောဝ်တဲ့
    နောက်ကျောင်နေဖို့အသက်ရောက်တော့ မကောင်းဘူး ဆိုပြီး အဖွားနှစ်ယောက် ရွေးကြတာမှာ..
    မေ့ဘက်က အဖွားက…အောင်ကဆုန် (ကဆုန်လမှာမွေးလို့)
    ဖေ့ဘက်က အဖွားက …အောင်ဇမ္ဗူဝင်း ဆိုပြီး လုကြရာမှာ နှုတ်သီးကောင်းလျာပါး တဲ့ဖေ့ဘက်က အဖွား အနိုင်ရလို့ အဲ့နာမည်နဲ့ ကျောင်းတက်ရပါတော့တယ် နာမည်ကြောင့်လားတော့မသိ ဆော့လိုက်ကမြင်းလိုက်တာ ဗြောင်းဆန်..အိုက်မှာ ပြောင်ဝင်း ဆိုပြီးကျောင်းမှာနာမည်ရပါတယ်..အိမ်နာမည်ကတော့ ရန်ဖြစ်လွန်း ပြသနာရှာလွန်းလို့စောမြသန္တာ ကလည်းနာမည်ကြီးချိန်..နဲ့တိုးတာကြောင့် စောပြသနာတဲ့ ကရင်လေးပေါ့
    နောက် ၈တန်း ရောက်တော့ နာမည်စီးလို့ ဒီလောက်ဆိုးတာပြောင်းမယ်ဆိုပြီး မေမေက လုပ်လို့ဗေဒင်ဆရာများကောင်းမှုနဲ့အောင်ခိုင်ဆွေ လို့အပြောင်းခံရပါတယ်..အဲဒီတော့မှ..ခိခိ ထိန်းမရတော့ပါဘူး..စာမေးပွဲပါကျလို့မင်းဘူးကိုနယ်နှင်ဒဏ်ပေးတာခံလိုက်ရပါတယ်..မင်းဘူးရောက်မှ လေလွင့်လိုက်တာ..သငယ်ချောင်းတွေက
    အောင်ခိုင်လွင့်ပါတဲ့…
    နောက်ရှမ်းမနဲ့ ရီးစားဖြစ်တော့ သူတို့မိသားစုကခေါ်တာ ဇမ္ဗူနောက်က လာတဲ့ ဒီပါလို့ခေါ်ကြတယ်
    စလုံးရောက်တော့ တရုပ်တွေက အန်ဂ် တဲ့ အောင်ကိုမပီလို့
    ဒူဘိုင်းရောက်တော့ ဖိလစ်ပိင်းန် အပေါင်းအသင်းတွေက အာရှောင်း တဲ့ သူတို့ဆီကနာမည်ကြီးသူပုန်ကြီးနာမည်.
    အထက်လူကြီးက ခေါ်တော့ မော်ဂန်တဲ့ အရက်ခိုးသောက်လွန်းလို့
    UK ရောက်တော့ အောင်ခေါ်ရတာခက်တယ် နောက်ဆု့းအလုံးကိုခေါ်မယ်ဆိုပြီးခေါ်တာ..ဆွီ တဲ့
    MG ရောက်တော့ akswe ဆိုပြီးဝင်တာ ရွာတော့်ရှင်လုပ်တာနဲ့ အဘဆွေ ..ကြိုက်တယ် အ လေးဖြုတ်ပြီးဘဆွေ ကနေ..
    ခုနောက်ဆုံး ဇီဇီ လုပ်လိုက်ခါမှ..အဂါင်္လန် ကူးမားရ် ဗေတားဖြစ်သွားပါတော့တယ်..
    အိမ်မှာတော့ ခုထိ ဇမ္ဗူ လို့ခေါ်ပါတယ်….ဂျစ်တူခေါ်တာတော့..ခိခိကျောကြဘူးဂျာ..သိချင် နောက်ဖေးပေါက်ကလာမေး

    • ဇီဇီ

      July 16, 2014 at 5:10 pm

      ကဝေဂျီး

      :s:

    • နှူးဘာ မိဂီ

      July 16, 2014 at 8:55 pm

      ကျော့်မှာလည်း နာမည် သမိုင်းရှိသဗျ…
      ဘဝမှာ အင်မတန် အရေးကြီးဖူးတဲ့ အမျိုးသမီးကတော့ ခေါ်တယ်…သူမာျးမခေါ်တဲ့နာမယ်..
      ရုပ်ဆိုး တဲ့ …
      ကိန်ကိန်…

  • surmi

    July 16, 2014 at 8:41 pm

    ငယ်နာမည်
    လူ ကွေ့ ရှောင် :kwi:

    • ဇီဇီ

      July 17, 2014 at 10:56 am

      လူကွေ့ရှောင် ဆိုတော့ လူကြောက်တဲ့ သဘောရှိတယ်.

      :kwi:

Leave a Reply