“လူသားတစ်ယောက်ရဲ့ အဆုံးသတ်နိဂုံး”
“လူသားတစ်ယောက်ရဲ့ အဆုံးသတ်နိဂုံး”
ဒီနေ့ ဦးလေးတစ်ယောက်ကွယ်လွန်သွားလို့ ပြင်ဦးလွင်ကိုသွားပြီး နာရေးလိုက်ပို့ပါတယ်။
အခုခေတ်ထုံးစံအတိုင်း မီးသဂြိုဟ်တာပေါ့။
မီးရှိိုပြီး ခဏနေတော့ ခေါင်းတိုင်ကနေမီးခိုးလေးတက်လာပါတယ်။
အဲဒီမှာတွေးမိတာက ဘယ်သူဘယ်လောက်ဘာကြီးဘဲဖြစ်ဖြစ် နောက်ဆုံးတော့ မီးခိုးလေးအဖြစ်နဲ့ဘဲ လောကကြီးကို ကျောခိုင်းသွားရတယ်ဆိုတာကိုပါဘဲ။
ကျနော်တို့အားလုံးဘယ်လောက်ဘဲမျှော်လင့်ချက်တွေကြီးခဲ့ ကြီးခဲ့
ယုံကြည်မူ့တွေဘယ်လိုဘဲရှိခဲ့ရှိခဲ့ နောက်ဆုံးတော့ အဆုံးသတ်က
ဒီမီးခိုးတန်းလေးနဲ့ဘဲအဆုံးသတ်သွားရတာပါဘဲ။
ကျနော့်ရဲ့အတွေးပါးပါးလေးက မှန်ချင်မှတော့မှန်မယ် ။
ကျနော်တွေးမိသလောက်လေးပေါ့။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
13-11-2012
25 comments
ခိုင်ဇာ
November 14, 2012 at 10:21 am
အဲလိုတွေ တွေးမိရင် ခု လုပ်နေမိတဲ့ အလုပ်တွေ၊ သင်နေမိတဲ့ ပညာတွေ၊ တွယ်နေမိတဲ့ သံယောဇဉ်တွေ ရပ်ပလိုက်ချင်တယ်။ 🙁
Ko Khin Kha ( သရီးကေ )
November 14, 2012 at 11:49 am
ခိုင်ဇာရေ အဲလိုတော့မရပ်နဲ့လေ ဆက်လျှောက်ကြရမှာကိုယ့်အပိုင်းမို့ တစ်နေရာရာဆီကိုတော့ ဘာမှမရပ်ဘဲ မရောက်မချင်းသွားရမှာဘဲလေ။ အချိန်တန်ရင် လောကကြီးက ဘရိတ်အုပ်ပေးပါလိမ့်မယ်နော်။
ခိုင်ဇာ
November 14, 2012 at 11:58 am
ပြောသာပြောရတာပါ ကိုခရယ်။
ကျနော် ဒီသံယောဇဉ်တွေထဲက ထွက်ဖို့မလွယ်သေးပါဘူး။
အသက်ကြီးလေ ပိုများလေ။
သတိနဲ့ ထိမ်းနေရတယ်။ :harr:
စိန်ဗိုက်ဗိုက်
November 14, 2012 at 10:22 am
ဦးပေါက်ရေ နိဂုံး လုပ်ပါဗျ
လူတစ်ယောက်ရဲ့ နောက်ဆုံးဘဝက မီးခိုးနဲ ့ အဆုံးသတ်သွားတာ ကျိန်းသေပဲဗျို ့
မယုံရင် လာကြည့်ကြ
ကိုပေါက်(မန္တလေး)
November 14, 2012 at 1:07 pm
ကျေးဇူး ဗိုက်ဗိုက် ပြင်ပေးလိုက်ပါပြီ
Wow
November 14, 2012 at 11:18 am
ထူထူဂျီးတွေးလို့ကောမရဘူးလားဟင်င်င်
သေရေးထက် နေရေးပိုခက်သဂိုးကွဲ့….
ဘာတဲ့ ဖွားတို့ပြောဒါ ညီးဒို့ခေတ်က ဆုတ်ခေတ် သေသူကိုရှင်သူ ကတပြီးငိုရမဲ့ခေတ်တဲ့.. (သူဘာကိုဆိုလိုလဲ သိပ်နားအလည်ကြီးမဟုတ်)
အူးဇင်းတစ်ပါးကတော့ လူ့ဘွတုံးကပြောတာ “သေရင်ပြီးဘီ” တဲ့…
ဒီလိုဘဲ ထင်ရာမြင်ရာလေးဒွေ ပေါကြည့်တာ :harr:
kai
November 14, 2012 at 11:25 am
လူဆိုတာသေမှာပါ..။
မသေချင် လုပ်ချင်တာတွေ.. မကျန်ခဲ့အောင်လုပ်ကြ…။
နောက်(နောင်)ဘဝက.. ကိုယ့်ဆီကို.. လွှဲမချခဲ့ကြနဲ့..။
ဦးကြောင်ကြီး
November 14, 2012 at 11:33 am
သုဿန်
ဟုတ်မှန်
လုပ်ကြံ
ပြုတ်နှံ
တုတ်ပျံ
ကုတ်ရန်
စုတ်ပြန်
ငြုပ်ခြံ..။
Mon Kit
November 14, 2012 at 11:38 am
တကယ်ယူတတ်ရင် တကယ်ရပါတယ်….
သဝေဂ တရားကို ပြောပါသည်…
kyeemite
November 14, 2012 at 1:09 pm
ကိုပေါက်ဦးလေးအတွက် စိတ်မကောင်းပါဘူးးးး
“တစ်နေကွယ် သေနယ်သို့တစ်ခါကူး
မေ့ရော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တစ်ကြိမ်လားရမယ်
တားမရဘူး”
ရွာသူ jujuma .
November 14, 2012 at 1:13 pm
မီးခိုးတန်းလေးနဲ့ အဆုံးမသတ်ခင် …
ဘဝကူးကောင်းဖို့ လေးတော့ လိုမယ်ထင်ပါတယ် …
ဒါပေမယ့် တချို့ကြတော့ လည်း မီးခိုးတန်းနဲ့ အဆုံးမသတ်ဘူးဗျ..
(အုတ်ဂူသွင်းတာတို့ ၊ မြေမြှုပ်တာတို့ ပြောတာပါ)
ကိုပေါက်(မန္တလေး)
November 14, 2012 at 1:34 pm
ကျနော်သိသလောက်ကတော့ သိပ်ချမ်းသာတဲ့ လူတွေကလွဲရင်မီးသင်္ဂြိုဟ်ကြတာများပါတယ်.
မြေမြုတ် မြုတ် မီးရှို့ရှို့ သေချာတာကတော့ ဘာမှထူးပါမသွားတာအသေအချာပါဘဲ
ရွာစားကျော်
November 14, 2012 at 2:48 pm
အငိုနဲ့စ အငိုနဲ့ဆုံးသွားတဲ့
လူသားတစ်ယောက်ရဲ့ ဘဝ တိုတိုလေးဟာ
အဆုံးသတ်သွားပြီးနောက်မှာ… အငွေ့လေးပျယ်သွားပြီးရင်
ဘာမှ ပြစရာမရှိတော့ပါလား
ကိုယ်သေပြီးကျန်ခဲ့မှာ အသက်ရှင်စဉ် ကိုယ်ရေးသွားခဲ့တဲ့သမိုင်း
သူများတွေ ပြောကြရင် မိုးခါးရေတွေချည်း သောက်သွားတယ် မဖြစ်စေကြပါနဲ့…
MaMa
November 14, 2012 at 3:22 pm
အသက်ကြီးလာတာနဲ့အမျှ အသုဘ ပို့တာလည်း လူမှုရေးတခုမို့ မပျက်မကွက်လုပ်ရတာ များလာတယ်။
မသာတစ်ခေါက်ကျောင်းဆယ်ခေါက်ဆိုသလို အသုဘပို့သွားရင် မေတ္တာသုတ်ရွတ်ပြီး အသုဘကမ္မဌာန်း ပွားများရင် အကျိုးများပါတယ်။
ငါလည်း ဒီလိုတစ်နေ့သေရဦးမယ်လို့ နှလုံးသွင်းကြည့်လိုက်ရင် သံဝေဂရစရာချည်းပဲ။ :buu:
aye.kk
November 14, 2012 at 3:29 pm
ကိုပေါက်
သံဝေဂဖြစ်ရပါတယ်။မသာတစ်ခေါက်ကျောင်းဆယ်ခေါက်ဆိုသလိုပါ။
လယ်တီဆရာတော်ဘုရားကြီးရေးသားစီရင်တဲ့အလင်းကျမ်းမှာပါရှိတဲ့ပဋိစ္စသမုပ္ပါဒ်အကျဉ်းမှာပါရှိတဲ့
အောက်ပါလင်္ကာအပိုဒ်အချို ့ကိုဗဟုသုတအဖြစ်ပြန်လည်မျှဝေအပ်ပါတယ်။
မုံရွာမြို ့။လယ်တီတောရကျောင်းဆရာ။မဟာဗောဓိသို ့ကြွရာ။မန္တလေးမြို ့တော်မှ။၁၂၅၇-ခု။တပို ့တွဲလပြည့်ကျော်၃ရက်ရန်ကုန်ထွက်မီးရထားပေါ်တွင်စီစဉ်ရေးသားသော
ပဋိစ္စသမုပ္ပါဒ်အကျဉ်းလင်္ကာ-(၁၁)(၁၂)(၁၃)
(၁၁) ဇာတိပစ္စယာဇရာမရဏံ
သန္ဓေဇာတိ။တဘန်ငြိ၍။တြိဘုံသူ။အဆူဆူလျှင်။
လူလူနတ်နတ်။မတ်မတ်မားမား။ဖြစ်ပြန်ငြားသော်။
သုံးပါးအရွယ်။အလယ်အဆုံး။ရှိမြဲထုံးဖြင့်။အနှုံးစဉ်စီ။
သန္ဓေချီက။နာရီစဉ်သင့်အဆင့်ဆင့်လျှင်။
ရင့်မြဲရော်မြဲ။တသဲသဲတည့်။မစဲနေ ့ည။တရွရွလျှင်။
ခဏသန္တတိ။အဂ္ဂိဇရာ။နှစ်ဖြာလောင်မီး။
ရှိန်ရှိန်ညီး၍။အကြီးအငယ်၊အရွယ်ခြားနား၊အစားစားလျှင်၊အသွားတွင်တွင်၊မစဲနှင်၏။
လေးအင်သေမှု၊တခုခုလည်း၊ဗဟုအန္တရယ်၊အသွယ်သွယ်နှင့်၊နှီးနွယ်ရုံးစည်း၊တလုံးတည်းလျှင်။
ကြီးကြီးငယ်ငယ်၊အရွယ်မထောက်၊အချိန်ရောက်က၊ချုပ်ပြောက်ခန္ဓာ၊မငြင်းသာသည်၊
ဇရာမရဏစွမ်းရည်တည်း။
ဤလင်္ကာပိုဒ်၌။ ။ခဏိကဇရာ၊သန္တတိဇရာဟူ၍ဇရာနှစ်ပါး။ ။အသက်တမ်းကုန်၍သေရခြင်း၊ကံကုန်၍သေရခြင်း။
အသက်တမ်းကံကုန်နှစ်ပါးဆုံ၍သေရခြင်း၊ဥပစ္ဆေဒကကံဟောင်းသတ်၍သေရခြင်းမရဏတရားလေးပါ။
———————————————————-
(၁၂) သောကပရိဒေဝ၊ဒုက္ခဒေါမနဿုံပါယာသာသမ္ဘဝန္တိ။သန္ဓေဇာတိ၊ခန္ဓာရှိက၊ဉာတိဘောဂ၊စသည်
သင်းပင်းကွေကွင်းခြင်းနှင့်မကင်းစဿ၊ကြုံကြိုက်လာသော်ပူဆာသောက၊ယူတငိုကြွေး၊သက်မွေးဝန်ထမ်း၊ပူချမ်းဒုက္ခ၊အနိဋ္ဌကြောင့်စိတ်ကမကြည်၊မဆည်ငင်ရှိုက်၊အလှိုက်အလှဲ။ဆင်းရဲငါးပါး၊အကျဉ်းအားတည့်၊
ကျယ်ပွားအနန္တ၊တွေ ့ကြုံရသည်။မူလဇာတိအနှုံးတည်း။
———————————————————-
(၁၃) ဧဝမေတဿကေဝလဿဒုက္ခက္ခဿ
သမုဒယောဟောတိ။
ဝဋ်သံသရာ၊ရှည်မင်းစွာနှိုက်၊သူငါကစ၊ဖြစ်သမျှကား၊သတ္တမဟုတ်၊ဓါတ်မှန်ထုတ်သော်၊ရုပ်နာမ်နှစ်သင်း
အမြင်ရှင်းလော့၊အရင်းအဝိဇ္ဖာ၊ထိုမှဖြာ၍၊ဇရာမရဏ၊အဆုံးကျသည်၊ဓမ္မအပြားဆယ့်နှစ်ပါးကို။ဤကားလူပင်။
ဤလဆင်နတိ်ဘဲ၊အထင်လွဲလျှက်တဝဲလည်လည်။ဝဋ်နွယ်စည်၏။ရှည်လေသမျှ။အနန္တကား။
သူခဟူသည်မြူမျှမကွက်။အဆက်ဆက်လျှင်။သက်သက်ဒုက္ခ၊ဓတ်မှန်ရသည်။ ။ဘဝဤကိုယ်ဖြစ်ထုံးတည်း။။
aye.kk
November 14, 2012 at 3:34 pm
လင်္ကာအပိုဒ်(၁၃)ပါ။
ဧဝမေတဿကေဝလဿဒုက္ခက္ခန္ခဿ သမုဒယောဟောတိဟုပြင်ဖတ်ပေးပါရန်။
မဟာရာဇာ အံစာတုံး
November 14, 2012 at 4:17 pm
မသာတစ်ခေါက် ကျောင်းဆယ်ခေါက် …
ဘုန်းကြီးကျောင်း သွားရင် …
သံဃာတွေ မြင်ရလို့ စိတ်ကြည်နူးမှု ဖြစ်တတ်တယ် ..
ပေးကမ်းလှူဒါန်းတော့ ကုသိုလ်တွေရတယ် …
ဝေယျာဝစ္စကုသိုလ်တွေလည်း ရတတ်တယ် …
မသာတစ်ခေါက် လိုက်ပို့တော့ …
“သံဝေဂ” တွေ ရတတ်ကြတယ် …
ဤနှစ်ခုကို ဆက်စပ်ကြည့်ပါက …
သံဝေဂ တရားသည် သံသရာ ကင်းပြတ်ရန် ပို၍ သာနေသဖြင့် …
အခြားသော ကုသိုလ် တရားများထက် ပို၍ တန်ဖိုးရှိသည်ဟူသောအားဖြင့်
မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဟူသော စကားသည် ဖြစ်ပေါ်လာခြင်းဟု ကျွန်ုပ် ထင်မြင်မိလေ၏ …
အထက်ပါ စာစုသည်ကား ထင်ရာမြင်ရာသာ ဖြစ်ချေတော့၏ …..။
ကိုပေါက်(မန္တလေး)
November 14, 2012 at 4:44 pm
မင်္ဂလာဆောင်သွားရင်ကောဗျာ
လုပ်စမ်းပါအုံး အန်ဇာတုံးရေ…………………………………..
မဟာရာဇာ အံစာတုံး
November 14, 2012 at 5:22 pm
အိုက်ဒါဒေါ့ သိဝူးးး
ဖေပေါက်ဂျီး မင်ဂါဆောင်ပေးမှဘဲ ….
သိအောင် လုပ်ဒေါ့မယ် …
မင်ဂါဆောင်ပေးဒေါ့ ….
uncle gyi
November 14, 2012 at 5:05 pm
မီးခိုးဖြစ်သွားတဲ့သူကကံကောင်းသူလို့ပြောရအုန်းမယ်
မြေမမြုပ် မီးမရှို့နိုင်ပဲသေသွားတဲ့သူတွေအပုံ
အလင်းဆက်
November 14, 2012 at 6:18 pm
ဟုတ်တယ်..အန်ကယ်ဂျီးရေ…
—————————
လူ.. ့ဘဝ မှာ..နေတတ်ဖို့ ထက်..သေ တတ်ဖို ့.. ပို ခက်တယ်..လို ့ထင်မိပါကြောင်း ။
အနေ မြတ်မှ လည်း..အသေ….မခက်မှာ.. လို ့..ထင်မိပါကြောင်း….
လေးပေါက်ရေ..
သတိပေးလို ့ ကျေးဇူး…နော် ။
ဒီနေ ့… မြတ်တယ် ။
🙂
padauk moe
November 14, 2012 at 7:59 pm
ဝင်ကြည့်သွားပါတယ်ကိုပေါက်ရေ
ဆရာတော်ဟောတဲ့တရားကို သွားသတိရမိတယ်
ရှာလဲမတွေ့ ကြာလဲမမေ့
ငါလဲတစ်နေ့ ဆိုတဲ့ အပိုဒ်လေးပါ
Mr. MarGa
November 14, 2012 at 8:20 pm
လူတွေက
နောင်ဘဝ ဆိုတာ မနက်ဖြန်ထက် ပိုနီးတယ်ဆိုတာ မေ့နေကြတယ်
ဒီလိုနဲ့ပဲ အချိန်တွေကုန်နေကြတာပါလားနော်
အော် အနိစ္စ အနိစ္စ
(ဦးမာဃ တောထွက်ရန် စဉ်းစားနေသည်။)
အဲ
ဒါနဲ့
လေးပေါက်ဦးလေးကိုနတ်ပြည်မှာ တွေ့မိသလိုပဲ
blackchaw
November 15, 2012 at 1:42 pm
ကိုပေါက်ရေ..
ကျော်ဟိန်းရေးခဲ့ဘူးတဲ့ ပြာ ဆိုတဲ့ ဝတ်ထုတိုလေးကိုတောင်
သတိရမိပါတယ်…။
လေးစားခင်မင်တဲ့..
ဘလက်ချော…
ကိုပေါက်(မန္တလေး)
November 15, 2012 at 3:36 pm
ကျနော်ကတော့ ကျော်ဟိန်းရဲ့ သချိုင်းက အမှန်တရားများ သီချင်း နားထဲကြားလာသလိုလို