အသိသံဝေဂ
အကင်းတွေလည်း
တဖြုတ်ဖြုတ်
အမှည့်တွေလည်း
တဖြုတ်ဖြုတ်
ဘယ်အချိန်မှာ
ဘာဝနာလုပ်ဖို ့
ငါကြိုးကုတ်မှာလည်း
ဘဝဆိုတာ
တိုတိုလေးပါ
ငါရှင်သန်တာ
လောကဓံမှာ
သုခနည်းပါး
ဆင်းရဲများပြီး
ခါးစီးခံစား
ရက်လများက
ကြာသည်ထင်ရ
ခဏမျှသာ
ဇရာဖြိုခွင်း
မရဏမင်းခေါ်ရင်
မသွားချင်လည်း
သွားရမှာကို
ငါသိနေလျှက်
ကိလေတွယ်ဖက်
သံရာလက်က
ရုန်းထွက်နိုင်ဘို ့
ငါဖို ့ပါမည့်
လုပ်နိုင်သည့်ချိန်
ဝိပဿာနာ
ဘာဝနာကို
ခုခါအားထုတ်
ကြိုးကုတ်မှသာ
တော်ရာကြမည်ပေတကား။
22 comments
ခိုင်ဇာ
November 14, 2012 at 8:41 am
ကျေးဇူးပါ တီအေးရေ။
ဒီနေ့အတွက် ဒီအသိ ဒီသတိလေး ကပ်သွားပါရဲ့။ 🙂
aye.kk
November 14, 2012 at 8:46 am
ခိုင်ဇာ
ပထမဆုံးကွန်မန်းအတွက်ကျေးဇူးပါ။
လက်ရှိပစ္စုုပ္ပန်တည့်တည့်ကြည့်တာ
အကောင်းဆုံးပါတူမလေး။။
Mon Kit
November 14, 2012 at 9:35 am
ကောင်းလိုက်တဲ့ အသိသံဝေဂ ရစေတဲ့ စာသားလေးတွေပါဘဲ…
ရိုးရိုးရှင်းရှင်း ထိထိမိမိ ရေးဖွဲ့ထားပါတယ်…
ကျေးဇူးပါ အန်တီအေးရေ..
ကိုယ့်ဖို့ ပါနိုင်မဲ့ ဝိပဿာနာဘာဝနာကို အချိန်မီ ကျင့်ကြံစေရန် သတိပေးထားတာကို…
aye.kk
November 14, 2012 at 2:09 pm
Mon Kit,တူမလေးရေ
ဖတ်ရှူအားပေးတာဝမ်းသာမိပါတယ်။
လုပ်နိုင်တုံးအရွယ်လေးမှာတရားအားထုတ်ထားရင်
အားထုတ်နိုင်သလောက်အကျိုးကျေးဇူးများပါတယ်ကွယ်။။
ကိုပေါက်(မန္တလေး)
November 14, 2012 at 9:42 am
အမအေးရေ ကျနော်လဲ ဒီနေ့ တစ်ပုဒ်တင်ထားပါသေးတယ်
သံဝေဂလေး။
aye.kk
November 14, 2012 at 3:40 pm
ကိုပေါက်
ကျေးဇူးပါ။အသိသံဝေဂဆင်ခြင်စရာပါ။
ငါမရှိတာသိအောင်(ဝိပဿနာဉာဏ်ဦးထားပါမှ)ဆင်းရဲခြင်းကင်းမှာပါ။။
ဦးကြောင်ကြီး
November 14, 2012 at 11:05 am
ဝိပဿနာ
ကြည့်မှတ်စရာ
အသိထပ်ပါ
ယတိပြတ်မှာ..
aye.kk
November 14, 2012 at 3:41 pm
ကြောင်ကြီး
အရမ်းမှန်ပါ၏။။
Ko Khin Kha ( သရီးကေ )
November 14, 2012 at 11:59 am
တွေးလို့လည်း မပူနဲ့
ဆွေးလို့လည်း မနေနဲ့
ကြုံလာ ဘုံဘဝဖြင့်
အသိကို သတိနဲ့ယှဉ်လို့
သမထ ဝိပဿနာ
အများသူဌာ ရှု့ကြည့်မနှေး
တကယ်အကျိုး ထူးမယ်လေး။
aye.kk
November 14, 2012 at 3:43 pm
ကိုခင်ခရေ။
ကျေးဇူးတင်ဝမ်းသာမိရပါတယ်။
ကဗျာနဲ ့ချီးမြှင့်တာအမှတ်တရကူးယူထားလိုက်ပါတယ်။
မဟာရာဇာ အံစာတုံး
November 14, 2012 at 2:59 pm
အသိ သံဝေဂ ကဗျာလေးအတွက်
ကျေးဇူးပါ ခင်ဗျာ ….
ဒီလို ကဗျာတွေ၊ စာတွေ
ဖတ်နေရတဲ့ အခိုက်အတန့်လေးမှာ
သတိသံဝေဂတွေ ဖြစ်လာတတ်ပေမယ့် …
ခဏကြာရင် ပျောက်ပျောက်သွားတတ်တဲ့ အကျင့်ကတော့ ဆိုးနေပြန်ရော …..
aye.kk
November 14, 2012 at 4:01 pm
မဟာရာစာအံစာတုံးရေ
ကွန်မန်းအတွက်ဝမ်းသာရပါတယ်။
အန်တီနှစ်သက်တဲ့
(၂၁.၈.၆၉)ရက်နေ ့ကစပြီးချမ်းမြေ့ဆရာတော်ဟောကြားတော်မူတဲ့
အောက်ဖော်ပြပါဆောင်ပုဒ်ကိုဗဟုသုတအဖြစ်ပြန်လည်မျှဝေပါတယ်။
ချမ်းသာနှင့်ဆင်းရဲ
မြင်နိုင်ခဲစွ၊သိမ်မွေ ့လှ၍၊သူကျလိုရာကျတတ်ပါသည့်
ပမာမျောက်နှိုင်း၊စိတ်ဆင်ရိုင်းကို၊ချင့်နှိိုင်းဉာဏ်ယှဉ်၊သမ္ပစဉ်နှင့်
အစဉ်ချွန်းအုပ်၊သတိချုပ်၍၊မလှုပ်မယိုင်၊ကောင်းစွာနိုင်သော်
ဖွံ ့ခိုင်ဖြိုးဖြိုးချမ်းသာတိုးသည်၊ကောင်းကျိုးကြွယ်လိမ့်မည်သာကို။(ဓမ္မပဒါဂါထာ-၃၆ကိုမှီးသည်)
မြင်နိုင်ခဲစွ၊သိမ်မွေ ့လှ၍၊သူကျလိုရာကျတတ်ပါသည့်
ပမာမျောက်နှိုင်း၊စိတ်ဆင်ရိုင်းကို၊ထူးသိုင်းဖြေချွတ်၊ထင်တိုင်းလွတ်၍၊မကွတ်မထိန်း၊
ညွတ်တိုင်းယိမ်းက၊အေးငြိမ်းချမ်းသာ၊မရပါဘဲ၊ပူဗျာဆင့်ကဲ၊လွန်ဆင်းရဲသည်၊မိုက်မဲသူတို ့လမ်းစဉ်တည်း။။
မဟာရာဇာ အံစာတုံး
November 14, 2012 at 4:08 pm
ကွန်မန့်ထဲက ကဗျာလေးအတွက် …
ထပ်မံကာ ကျေးဇူးပါ ခင်ဗျာ …
အဲ့ဒီ ကဗျာအတွက် ..
မီးခိုရောင်လေးကိုလည်း စိမ်းလိုက်ပါသေးကြောင်း ….
MaMa
November 14, 2012 at 4:32 pm
အသိသံဝေဂတရားကို ကဗျာလေးနဲ့ တိုတိုနဲ့လိုရင်းရောက်အောင် ထိထိမိမိ ရေးသားတင်ပြပုံလေးကို သဘောကျမိတယ်။
သံဝေဂရစရာတွေကိုလည်း စဉ်းစားရင်း ကိုယ့်ကိုယ်ကိုလည်း အသိတရားရအောင် ပြန်သတိပေးမိတယ်။
သတိပေးစာလေးရေးပေးတဲ့ မအေးကိုလည်း ကျေးဇူးတင်ပါတယ်။
:hee:
aye.kk
November 14, 2012 at 6:58 pm
မမရေ
ဖတ်ရှူအားပေးတာဝမ်းသာခံစားရပါတယ်။
nature
November 14, 2012 at 11:02 pm
တရားကျင့်တယ်ဆိုတာ ကုသိုလ်စိတ် နဲ့ အကုသိုလ်စိတ် ကြားမှာရှိတဲ့ ကြိယာစိတ်ဖြစ်အောင်လေ့ကျင့်ပေးခြင်းပါပဲ။
aye.kk
November 15, 2012 at 2:50 pm
nature
ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းပြောကြားလိုက်ပါရစေ။။
pooch
November 14, 2012 at 11:14 pm
အသိသံဝေဂဆိုလို့ အန်တီအေးရေ ။ ဒီရက်ပိုင်းမှာ အသိညီမငယ်တယောက်ရဲ့ ကောင်လေး အကောင်းကြီးကနေ ရုတ်တရက် ဆုံးသွားရှာပါတယ်။
ု
ဖြစ်ပုံက ဒီလိုပါ။ သူကဆိုင်သစ်ဖွင့်တော့ အလုပ်တွေများပြီး အိပ်ရေးပျက်တာတွေ များလာပါတယ်။ ဒါပေမဲ့ ၂၄ လောက်ပဲ ရှိသေးတဲ့ လူငယ်ဆိုတော့ သိပ်ဂရုမစိုက်ဖူးပေါ့။
သူဆုံးမဲ့ညမှာ ကောင်းကိုုက်လို့ ဆေးသောက်ပြီး အိပ်တော့မယ် ဆဲဆဲ သူ့ကောင်မလေးကို ဖုန်းဆက်ပါတယ်။ ဟိုကလည်း နေမကောင်းတာ မအိပ်ပဲ ဘာလို့ ဆက်တာလဲ လို့ပြောတော့ နောက်ဆို ပြောနိုင်မှာ မဟုတ်တော့ဘူး လို့ ပြောပြီး ချသွားပါတယ်တဲ့။ သူဆက်တာ ည ၈နာရီဆို ဆုံးတော့ ၁ဝ နာရီပါ။ သွေးတိုး ဦးနှောက်သွေးကြောပြတ်တယ် ပြောတယ်။
သူ့ကောင်မလေးကို လာတောင်းဖို့ ပြောပြီး မြန်းပြီး ယူကြတော့မဲ့ ဆဲဆဲမှာ ဆုံးသွားတာပါ။ ကျန်ခဲ့သူက အရူးမီးဝိုင်းပေါ့ အန်တီအေးရယ်။
တခါတခါကျတော့လည်း ကျမတို့ က လက်တကမ်းအလိုမှာ ရှိတဲ့ သေခြင်းတရားကို မေ့လျော့ပြီး လောဘတွေ ဒေါသတွေနဲ့ ရှင်သန်နေထိုင်နေကြတာပါ။ ဘယ်အချိန်ပဲ သေသေ တကယ်တမ်း သေသွားရင်တော့ ကိုယ့်နောက်ပါတာ ကုသိုလ် အကုသိုလ်ပဲ ရှိပါတယ် ။
အသေမဦးခင် အသိဦးအောင် အသိသံဝေဂလေးနဲ့ နေထိုင်တတ်ဖို့ ကြိုးစားရမှာပါ။
ဦးကြောင်ကြီး
November 15, 2012 at 10:23 am
ပုရှ်လေးသာ မဦးမချွတ် တခုခုဖြစ်သွားခဲ့ရင် ဘယ်သူမှ ပုရှ်လေးအနား မကပ်စေရဘူး။ ဦးကြောင်ကိုယ်တိုင် ခမ်းခမ်းနားနား စီမံမယ်။ ပြီးတော့ သူများထက်နှစ်ဆ ၁၄ရက်ထားမယ်။ ဒါမှ ဖဲဝိုင်းအကောက် များများရမှာ..။ :kwi:
aye.kk
November 15, 2012 at 2:53 pm
pooch,ရေ။
ထင်မြင်မှုအတွက်ဝမ်းမြောက်မိပါကြောင်းပြောပြလိုက်ပါရစေ။။
——————————————————————————————————–
ကြောင်ကြီး
(၁၄)ရက်ပဲလား….နည်းနေသေးလားလို ့
စိတ်…..စိတ်……စိတ်…..ကိုယ့်စိတ်ကိုပြန်စစ်ဦးနော်။။
ခင်ရတဲ့
အန်တီအေး။။
မောင်ပေ
November 15, 2012 at 12:25 pm
အဆိုတော် ကိုလေးဖြူကလဲ ဒီလိုလေး ဆိုခဲ့ဖူးတယ် အန်တီအေးရေ
““ အရှေ ့မှာ သေခြင်းရဲ ့တံခါးများ… ””
aye.kk
November 15, 2012 at 4:09 pm
မောင်ပေ
ကျေးဇူးနော်။
အန်တီထပ်မံပြောချင်မိတာကရှောင်လွှဲလို ့မရတဲ့သေခြင်းကိုသိရင်ပေါ့နော်။တနည်းပြောရရင်
(ဖောက်လွှဲဖောက်ပြန်ဖြစ်ပျက်နေတဲ့ရုပ်နာမ်ဆိုတဲ့မမြဲခြင်းသင်္ခါရသဘောတရားတွေကိုသိထားရင်)
မနာခင်မအိုခင်ကတည်းကကြိုတင်ကောင်းမှုပြုလုပ်ကြိုးစားစေချင်ပါကြောင်းပြောပြလိုက်ပါရစေနော်။။။