လွမ်းရသည့်နွေဦးရာသီကာလလေးများ (၁)
နွေဦးရာသီကာလ၊ကျောင်းပိတ်ရက်ရှည်များက၊ကျမရဲ ့ခလေးဘဝ အရွယ်မှာ၊ ပျော်စရာအကောင်းဆုံးနှင့် လွမ်းမောစရာ၊အကောင်းဆုံးကာလ လေးများဖြစ်ခဲ့ပါသည်။
ဥဩငှက်တို့၏တွန်သံချိုချိုများအား၊ကြားရလျှင်၊အိမ်နောက်ဖေးခြံဝန်းထဲကို မသွားရ မနေနိုင်လောက်အောင်ပင်၊ကျမစိတ်ကဖြစ်မိပါသည်။
မိဘများ၏အိမ်ခြံဝန်း(အနောက်)ရှိ၊မြင့်မားသောအုန်းပင်ကြီးများနှင့် အပင်ကြီးများများစွာရှိနေသဖြင့် မိဘများက ကျမအားခွင့်မပြုပါ။
နွေဦးကာလရောက်ပြီဆိုလျှင်တော့ ၊ အိမ်နောက်ဖေးခြံဝန်းထဲ ပင်ယံမြင့်အုန်းပင်ထက်ဆီမှာ ဥဩငှက်တို့ရောက်လာကြပြီး၊တွန်သံချိုချိုကို သာယာနာပျော်ဘွယ်ကောင်းစွာဖြင့် ကြားရတတ်ပါသည်။
ကျမအနေနဲ့၊ထိုဥဩငှက် တွန်မြည်နေသော ပင်ယံမြင့်အုန်းပင်ပေါ်သို့၊ကျမခေါင်းကိုမော့၍ကြည့်မိတတ်ပါသည်။
ထိုသို့ကြည့်မြင်လျှင်၊ဥဩငှက်ကလေးက ကျီးကန်းအသိုက်ထက်ဖျားမှ နေကာအဝေးသို့ မျှော်ကြည့်နေသလိုဖြင့် တွန်မြည်ကာ ကျူးရင့်နေသည်ကို၊လွမ်းမောဘွယ်ရာ၊ကျမတွေ ့မြင်ရပါသည်။
တချက်တချက်တိုက်ခတ်လာသည့်၊လေအဝှေ့မှာ၊ပင်ယံမြင့်မားသည့် အုန်းပင်ထက်ဆီကနေ၊ကောက်ရိုးမျှင်စများ သစ်ကိုင်းစအခြောက်သေးသေးလေးများ လေထဲတွင်၊ရီးလေးခိုလျှက်လွင့်မျောပြုတ်ကျလာတာကို၊
တွေ ့မြင်ရသည့်အချိန်အခါ၌လည်း၊ကြည့်လို့ကောင်းစွာနဲ့ငေးမောကြည့်ရှုနေမိတတ်ပါသည်။
အမေက ကျမငေးမောနေသည်ကို ၊တွေ့မြင်မိသောအခါများ၌လည်း”နတ်ကရာ””ကျီးမောမနေနှင့်”ဟုပြောဆိုတတ်လေ့ရှိပါတယ်။
တစ်ရက်တွင် အမေ့အား ဥဩငှက်က ကျီးကန်းသိုက်ပေါ်၌ တွန်မြည်နေတာနှင့် ပတ်သက်၍၊ ကျမမေးဘူးပါတယ်။
အမေက၊ကျမကို၊ဥဩငှက်တို့က ကိုယ်ပိုင်အသိုက်မရှိ၊မပြုလုပ်ပါ။သူများအသိုက်မြင်တွေ ့က ဝင်၍ဥတတ်ကြောင်းပြောပြပါတယ်။
ဥဩက၊ဥချပြီးလျှင်လည်း၊ပိုင်ရှင်ကျီးများ ပြန်လာ၍မြင်ပါလျှင်၊ရန်ရှာခံရမည်စိုးသဖြင့် ဥဥပြီးခြင်း ပြန်ထွက်ခွါရကြောင်း၊ထိုအခါသူတို့က ဥဥပြီးစ ထွက်ခွါကြရသည်ဖြစ်၍ လွမ်းဆွတ်နာကျင် ခံစားရကာတွန်သံမြည်လျှက် ၊ ကျူးရင့်ကြခြင်းဖြစ်ကြောင်း၊ကြားရသူတို့အဘို့မှာတော့၊ သာယာနာပျော်ဘွယ်အသံဖြစ်၊ ထင်မှတ်နေခြင်းသာ ဖြစ်သည်ဟုအမေကရှင်းပြပြောဆိုဘူးပါတယ်။ကျမတို့၏ အိမ်ခြံဝန်း(အနောက်ဖက်)က။အတော်ပင်ရှည်လျှားကျယ်ဝန်းပါတယ်။
ရံဖန်ရံခါအစ်ကို၏သူငယ်ချင်းများလည်း၊လာရောက်ပြီးဆော့တတ်ကြပါတယ်။
ကျမအဖေက၊အုန်းမျိုးအများအပြားစိုက်ထားပါတယ်။
ကျမတို့ရဲ့အိမ်ခြံဝန်း(အနောက်ဖက်)ထဲမှာတော့၊အုန်းပင်(၂၅)ပင်,ပိန္နဲပင်(၂)ပင်၊(အိမ်မာ၊အိမ်ပျော့), ဇာင်းယားပင်(၂)ပင်(အချို၊အချဉ်),အုန်းသျှစ်ပင်(၁)ပင်,ဩဇာပင်က အရမ်းများပါသည်။(ကျမမမှတ်မိတော့ပါဘူး)။
ဒူးရင်းဩဇာပင်(၁)ပင်,မာလကာပင်(၁)ပင်,အပင်ကြီးမျိုးဖြစ်ပြီးအပင်အတော်ကြီးမားပါသည်။
သရက်,ငှက်ပျော,ကင်းပွန်းချဉ်ပင်နှင့်ပန်းမာလ်ပင်များအပြားစိုက်ထားပါတယ်။
ဆလပ်,အထပ်တစ်ရာ,ဇီဇဝါ,ခေါင်ရမ်းမျိုးကွဲအပြားများစွာ,စံပယ်ကြက်ရုံး,စံပယ်ရိုးရိုးတု့ိအပြင်,အိမ်ခြံနောက်ဖေး ခြံစည်းရိုးတစ်လျောက် တို့၌ကားတဇောင်းဆူးပင်များ,ခြံစည်းရိုးအုတ်တံတိုင်းတလျှောက်မှာလည်း၊တိုက်ပန်းနွယ်ပင်များ,ပုံနရိပ်ပန်းပင်များ
အားလည်း၊အဖေက စိုက်ပျိုးထားပါသည်။
အိမ်ခြံနောက်ဖေးအဆုံး၊ခြံ၏ထောင့်စွန်းမှာ၊ခြံနှစ်ခြံအကြားကပ်ပေါက်နေသော၊လက်ပံပင်အိုကြီးတပင်၊ရှိနေတဲ့အပြင် ငှက်များချီလာ၍ မျိုးစေ့ကျရောက်ပြီး အလေ့ကျပေါက်နေတဲ့တာင်စလဲပင်ကြီး(၁)ပင်လည်းရှိနေပါတယ်။
အိမ်ခြံဝန်း(အနောက်)မှာ၊နေပျောက်မထိုးနိုင်လောက်အောင်၊နေရောင်ခြည်ကျရောက်ခြင်းအင်မတန်နည်းပါတယ်။
တချို ့ပန်းမာလ်ပင်များကလောင်းရိပ်မိကာ အပွင့်များနည်းပါးကြပါတယ်။
ခြံဝန်း(ခြံစည်းရိုး)ဘေးတလျောက်တို့၌လည်း အုတ်ပုံများက စီစီရီရီနှင့် ညီညာစွာဖြင့်အမြောက်အများ ပုံထားပါသည်။
အုတ်ပုံထားမှုကို အဖေပြောပြထားလို့ ရင်နာစရာအဖြစ်ကြားသိခဲ့ရတာ ရှိပါတယ်။
အဖေပြောပြတာက၊အိမ်(၃)ထပ်တိုက်ဆောက်နေဆဲကာလအတွင်း အဖေပိုင်ဆိုင်သော ၊ ပြန်ချီကုမ္ပဏီအသိမ်းခံရသဖြင့် ၊ အိမ်အားနှစ်ထပ်နှင့်လက်စသပ်ခဲ့ရ၍၊အုတ်ဘလောက်များ (အများအပြား)များပြားစွာ ကျန်ရှိနေရခြင်းဖြစ်တာကိုအဖေက ရှင်းပြဘူးပါတယ်။
ကျမတို့ မောင်နှမများအားလုံး နွေဦးရာသီ ကျောင်းပိတ်ရက်ရှည် ကာလများ ရောက်လာပြီဆိုရင်တော့၊အဲဒီအချိန်ကျရင် အဖေအမေက၊နေ့ခင်းနေ့လည်ဘက်တွေမှာ၊အေးအေးလူလူ အိပ်နိုင်ရအောင် ခွင့်ပြုပေးတတ်ပါတယ်။
အဖေအမေခွင့်ပြုချက်ရရင်တော့၊မောင်နှမတွေအားလုံး ပျော်ရွှင်မြူးတူးပြီး၊အိမ်ခြံနောက်ဖေးဝန်းထဲတွင် နွေနေ့လည်ခင်း နေတအားပူသည့် အချိန်မျိုးတို့၌ ။ သင်ပြူးဖျာချပ်တွေ၊ကိုယ်စီကိုယ်ငှ ဆွဲယူကြပြီး ကိုယ်နှစ်သက်ရာ အုတ်ပုံများမှာ၊အသီးသီး သွားပြီး ကိုယ်စီနေရာယူကြပါတယ်။
ကိုယ်စီနှစ်သက်ရာ,ဝါသနာပါရာ,ပုံပြင်,ဝထ္ထု,ကာတွန်းများ ဖတ်ကြရင်း အပန်းဖြေပြီး၊တရေးမောအိပ်ကြပါတယ်။
နားနားနေနေ,နေတတ်ကြပါတယ်။
ကျမက၊ရှိတ်စပီးယားရေးသားတဲ့(ဘာသာပြန်)၊ပုံပြင်တွေကိုဖတ်ရတာသဘောကျပါတယ်။
အဲဒီပုံပြင်တွေက၊ဖတ်မိသူတွေရဲ ့စိတ်ကို၊ဖမ်းစားဆွဲဆောင်ခေါ်ယူနိုင်စွမ်းရှိလို့၊ကျမအနေနဲ့ကနှစ်ခြိုက်သဘောကျပါတယ်။
ကျမကတော့၊ပုံပြင်တွေဖတ်ရှုပြီး၊နေပြောက်မထိုးနိုင်တဲ့၊သစ်ပင်ကြီးတွေရဲ ့သစ်ကိုင်းကြားကနေ၊
မစို့မပို့မြင်တွေ့ရတဲ့၊မိုးကောင်းကင်ပြာကြီးကိုမော့ကြည့်ပြီး အိပ်ပျော်သွားတတ်လေ့ရှိပါတယ်။
အပင်ရိပ်ကြီးများ အုံ့မိုးထားသဖြင့် အုတ်ပုံပေါ်မှာအိပ်ရတာ၊အအေးဓါတ်ခံရှိလို့၊အိပ်ရတာလည်း အလွန်ကောင်းလွန်းလှပါတယ်။
တရေးနိုးလျှင်တော့၊ကိုယ်နေရာထားတဲ့အုတ်ပုံပေါ်မှာ၊ပက်လက်အနေအထားနဲ့၊မျက်စိရှေ့တွေ့မြင်နေရတာက၊သရက်ပင်ပေါ်က၊သရက်သီးများပါဘဲ။
သရက်သီး ရင့်စပြုတာမြင်ရလျှင်တော့၊မိဘတို့ရဲ ့အရိပ်အခြေအနေ အကဲခတ်ပြီး၊တံချူရှာပြီး၊အုတ်ပုံပေါ်ကနေ တံချူကိုင်ပြီး၊သရက်သီးတွေထိုးချပြီး၊ခူးယူချပြီးထားတတ်ပါတယ်၊ပြီးလျှင်တော့ မောင်နှမတွေခေါ်စုပြီး၊ဘေးအိမ်က
သူငယ်ချင်းကိုပါသွားခေါ်တတ်ပါသေးတယ်။
ကျမကတော့ မိဘတွေအလစ်မှာ၊အိမ်နောက်ဖေးမီးဖိုချောင်ထဲကဆား,ငရုတ်ကျက်မှုန့်ကို၊ရအောင်ယူပြီးမိဘများ မသိအောင်၊ခိုးစားကြရတာ၊ပျော်စရာကောင်းလှပါတယ်။
ကျမအနားယူတဲ့အုတ်ပုံက ခြံစည်းရိုးအဆုံးမှာပါ။အိမ်ခြံစည်းရိုးရဲ့၊ပုံနရိပ်ပန်းပင်တွေက နွေဦးရာသီမှာပွင့်ပါတယ်။
ပုံနရိပ်ကပူတဲ့ရာသီကိုနှစ်သက်တာ၊အဖေပြောပြလို့သိထားပါတယ်။နေလည်းအေး၊ညနေစောင်းလာတဲ့အချိန်ရောက်ရင်တော့
မောင်နှမတွေအားလုံးရေချိုးကြရပါတယ်။
ရေမချိုးခင်အချိန်စပ်ကြားလေးမှာတော့၊ခြံစည်းရိုးကါရံထားတဲ့၊ပုံနရိပ်ပန်းနီနီဝါဝါပွင့်တွေရဲ့၊ဝတ်ဆံအချိုရည်တွေကို၊
ကျမကနှစ်သက်စွာစုပ်ယူပြီးစားတတ်ပါတယ်။
ထိုအပွင့်တွေကိုခူးယူပြီး၊ပန်းပွင့်အလယ်တည့်တည့်ရဲ ့ဝတ်ဆံရိုးတံထဲက၊ဝတ်ရည်ချိုမြမြကို၊အရသာခံရတာ၊ကျမအင်မတန်နှစ်သက်ပါတယ်။
နွေဦးရာသီရောက်တိုင်း တောင်စလဲပင်က တောင်သလဲအသီးတွေလည်း၊ရင့်မှည့်ပြီး ကြွေကျတတ်လေ့ရှိပါတယ်။
အဖေကတောင်စလဲသီးတွေခူးယူတာကိုတော့၊လုံးဝခွင့်မပြုပါဘူး။အပင်ကြီးဖြစ်လို့၊အကိုင်းကျိုးကျမှာစိုးပြီး၊ကျမတို့မောင်နှမတွေကိ်ု
တားမြစ်ထားပါတယ်။ကျမတို့ မောင်နှမတွေက တောင်စလဲသီး(အကြွေ)တွေ၊ကောက်ပြီးစားကြရတာကို အားမရကြပါဘူး။မဝနိုင်ကြပါဘူး။
အရသာက ချဉ်ပြုံးပေမယ့်၊အတော်ကို အချိုဘက်လုပါတယ်။စားလို့အရမ်းကေါင်းပါတယ်။
တံချူနဲ့ခူးကြည့်လည်း၊တောင်စလဲသီး အညှာတံတို ့ကခိုင်လွန်းလို့၊အလွယ်တကူခူးမရလို့၊နောက်ဆုံးအပင်ပေါ်တက်ခူးယူရပါတယ်။
အဖေတားမြစ်ထားတဲ့ကြားထဲက မောင်နှမတွေက အပင်ပေါ်တက်ခူးပြီးစားကြပါတယ်။
လေတိုက်လာလျှင်လည်း၊ကြွေကျ လာမည့်အချိ်န်မျှော်ကိုးပြီး အပင်ကို မော်ကြည့်တော့ကလည်း လည်ပင်းတောင် ညောင်းကြရပါတယ်။
အဖေ ရုံးတက်သောနေ့နှင့် အမေအလုပ်ရှုတ်သောနေ့ဆိုလျှင်တော့ လွန်စွာပျော်ကြပါတယ်။
အစ်ကိုက လက်ညိုးနှင့်လက်ခလယ်ထောင်ပြပြီး ဇေဘဲဟုပြောလျှင်တော့ (အခြေအနေက အေးဆေးသည်ဟု ပြောလိုခြင်းဖြစ်ပါတယ်)။ ကျမတို့မောင်နှမများက တောင်စလဲပင်အောက်သို့ အရောက်ပြေးပါတယ်။ ခြံစည်းရိုးအုတ်ပုံပေါ်သို ့တက်ပြီး နေရာယူပြီး ထိုင်ကြပါတယ်။
အစ်ကိုက ပုဆိုးတစ်ထည်အား ပခုံးမှနေ၍ လည်ပင်းမှာစလွယ်သိုင်းပြီး အုတ်ပုံပေါ်မှတစ်ဆင့် တောင်စလဲပင် အကိုင်းအခွ ရှိသည့်နေရာအထိ တက်ရောက်ပါတယ်။အကိုင်းခွအကြားရှိရာဆီ ရောက်အောင် သွားပြီး တံချူအတို တစ်ခုနဲ့တောင်စလဲသီး အရင့်အမှည့်များအား ဆွတ်ခူးယူပြီးပုဆိုးထဲကိုထည့်ယူပြီးမှ၊အပင်ပေါ်ကနေပြန်ဆင်းပါတယ်။
တောင်စလဲပင်က ခါချဉ်ကောင်များ အလွန်များလို့ အစ်ကိုက ခါချဉ်တွေဝိုင်းကိုက်တာ နည်းနည်းပါးပါး ခံရပါတယ်။
အပင်ကိုမော့ကြည့်လျှင်လည်း၊ခါချဉ်ကောင်နီနီကြီးတွေက၊သစ်ပင်အရွက်တွေမှာ အရွက်တွေနဲ့စုဖွဲ ့အုံပြီး၊တွဲလောင်းလေးဖြစ်နေတာ၊ရီးလေးခိုနေကြတာ၊အသည်းအူယားစရာ ကောင်းပါတယ်။
အစ်ကိုက ရသမျှမြန်မြန်ခူးပြီး ပြန်ဆင်းပါတယ်။ အဖေအမေတွေ့တွေ့ရင် မစဉ်းစားရဲပါဘူး။
ပြီးလျှင်တော့၊အစ်ကိုက၊အသင့် ယူဆောင်ထားတဲ့၊ဆား,ငရုတ်ကျက်မှုန့်တို့နှင့် တို့ပြီးစားကြတာပါ။ပျော်စရာ အင်မတန်ကေါင်းလွန်းလှပပါတယ်။
ကျမတို့မမေ့နိုင်တဲ့ အမှတ်ရစေနေမယ့် နွေဦးရာသီကါလလေးပါဘဲ။
တစ်ရက်မှာ၊အဖေကရုံးကပြန်လာပြီးလာချောင်းကြည့်သည်နှင့် ကြုံကြိုက်သွားပါတယ်။အဲဒီနေ့ကလည်း၊အဖေက မြန်မာ့အသံ
(ရေဒီယို)မှာ၊ထုတ်လွင့်တဲ့၊ ဇတ်လမ်းပမာ အဖြစ်မှန်အား နားထောင်မိပြီးစိတ်ပူပြီး အိမ်ပြန်လာ ခြင်းဖြစ်သည်ဟု လည်းသိရပါတယ်။
ဇတ်လမ်းပမာထဲမှာ၊ဆယ်ကျော်သက်ရွယ် ယောက်က်ျားလေးတစ်ယောက်က မာလကာသီး စားချင်လို့
တက်ခူးပြီး ပြန်အဆင်းမှာ၊မာလကာပင် အကိုင်းတက်နင်းမိပြီး၊ အပင်ပေါ်မှပြုတ်ကျကာ သေဆုံးသွားကြောင်း
ကြားသိရသော ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
(ထိုသတင်းကို နားထောင်မိ သူတိုင်းက စုပ်တသပ်သပ်ဖြစ်ကြပြီး သင်ခန်းစာ ရယူနိုင်ကြရန်နှင့် မိဘများအားလည်း သားသ္မီးကိုချစ်လျှင် သစ်ပင်တက် မသင်ပေးရန်နှင့် အပင်ပေါ်မှ ပြုတ်ကျကာ သေဆုံးတတ်သည်။ ရေကူးတာကို သင်ပေးသင့်ကြောင်း ပြောစမှတ်ဖြစ်ကာ လူအများကြား၌ တွင်ကျယ်သွားသည်ဟုလည်း သိရှိရပါသည်)။
ထိုစကားတွေကြားပြီး၊အဖေက ပိုပြီးစိတ်ပူပန်သွားခဲ့ပါတယ်။
တစ်ဆက်တည်းဘဲ၊ကျမတို့မောင်နှမတွေစားထားကြတဲ့ တောင်စလဲသီးများ၏ အခွံအစေ့များ ၊ ဆားနှင့်ငရုတ်ကျက်မှုန့် အကြွင်းကျန်များကြည့်ပြီး (ခိုးထုတ်ခိုးထည်)နှင့်တကွ ကျမတို့ မောင်နှမများတွေကို၊အဖေတွေ ့မြင်သွားတာဘဲဖြစ်ပါတယ်။
အဖေရှေ့မှာမောင်နှမတွေအားလုံး တစ်ယောက်မျှ တုတ်တုတ်မျှပင် မလှုပ်ရဲကြဘဲ၊ငြင်းချက်များပင် မထုတ်နိုင်ခဲ့ကြပါဘူး။
အဖေက သူ ့ရှေ့မှောက်မှာတင်၊ကျမတို့မောင်နှမ အားလုံးတန်းစီလက်ပိုက်ခိုင်းထားခိုင်းပြီးမှ ပြောဆိုဆုံးမပြီးဆူပါတယ်။
တောင်စလဲသီးက ဘုံမပါသီး(ကနစိုးသီး) ကဲ့သို့ပင် ပိုးပါတာစားမိပါက ဝမ်းသွားလျှင် ဆေးမမှီ အသက်ပင် သေဆုံးနိုင်သည် တောင်စလဲပင်က အပင်ကြီးသော်လည်း သစ်မာပင် အမျိုးစားမဟုတ် သဖြင့် အကိုင်းကကျွတ်ဆတ်ကာ ကျိုးကျနိုင်လွယ်၍ အန္တရာယ်ရှိကာ၊
တားမြစ်ရခြင်း ဖြစ်သည်ဟုပြောဆို ရှင်းပြပါသည်။
နောက်တစ်ရက်မှာ၊အဖေက၊သစ်ခုတ်သမား ခေါ်ပြီးတောင်စလဲပင်ကြီးအား အပင်ခြေရင်းမှနေပြီး ခုတ်လှဲပစ်ခိုင်းခဲ့ပါတယ်။
ကျမက တောင်စလဲပင်ကြီး မရှိတော့လို့ဝမ်းနည်းပြီး၊တိတ်တိတ်လေးငိုပါမိတယ်။ပျော်လည်းပျော် လွမ်းလည်းလွမ်းရတဲ့နွေဦးရာသီပါ။
တပေါင်းလရောက်တိုင်း ၊ လက်ပံပင်အိုကြီးက ရိုးတံဖြိုင်းဖြိုင်းနှင့် လက်ပံပွင့်တို့က ပင်လုံးကျွတ် အစွမ်းကုန်ပွင့်ပြီး အရွက်ဝါဝါလေးများက လေတိုက်တိုင်းတဖွဲဖွဲနှင့်လွင့်ပြီး ကြွေကျပါတယ်။
နွေလေပူတချက်တိုးဝှေ့ ့လိုက်လျှင်တော့၊ လက်ပံပွင့်တွေ အပင်ပေါ်ကနေ ကြွေပြီး ကျလာတာ အရမ်းလှပါတယ်။
ကြည့်ကောင်းလို့ အပင်အောက်မှာ၊ငေးမောပြီးကြည့်နေမိတတ်တာ ကျမပါဘဲ။
တစ်ခြံလုံးလည်း လက်ပံပွင့်ရနံ့တွေနဲ့သင်းပျံ့ပြီး မွှေးကြူလို ့နေပါတယ်။
လက်ပံပွင့်ရနံ့က နွေဦးရာသီမှာ ကျမစိတ်ကိုဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။
မိဘများက အပင်အောက်ကို မသွားဘို့ ပြောထားလည်း မိဘများ မသိအောင်ကျမ သွားတာပါ။
လက်ပံပွင့်တွေကေါက်ယူပြီး၊ကျမရဲ့ ကျောင်းဖတ်စာအုပ်များ အကြားမှာ၊ညှပ်သိမ်းရတာ ကျမအလွန်နှစ်ခြိုက်ပါတယ်။ ကျောင်းဖွင့်ချိန် ရောက်တဲ့အခါအတန်းဖော်သူငယ်ချင်းများတွေကို လက်ပံပွင့်(ပွင့်ဖတ်)လေးတွေကို၊လက်ဆောင်အဖြစ်ပေးရတာကို၊ကျမကဂုဏ်ယူနှစ်သက်တတ်ပါတယ်။
သူငယ်ချင်းများက နှစ်သက်သဖြင့်လည်း ကျမပျော်ရွှင်မိပါတယ်။
မကြာပါဘူး။အဲဒီလက်ပံပင်ကြီးလည်း၊အဖေကိုယ်တိုင် တဖက်ခြံကလူများနဲ ့ညှိနှိုင်းပြီး၊ ခုတ်လှဲခိုင်းပစ်ခဲ့ပါတယ်။
နွေဦးရာသီ ကာလတွေက ကျမအတွက် လွမ်းမောဘွယ်ရာများနဲ့များနှင့်သာ အဆုံးသပ်ခဲ့ရသည်ချည်း ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကျမအနေနဲ့က ကျမတို့ရဲ့အိမ်ခြံဝန်း(အနောက်ဖက်)ကို မရောက်ဖြစ်တော့ပါဘူး။
နွေဦးရာသီရောက်လာတဲ့၊အချိန်အခါ(ကာလ)တိုင်းပေါ့နော်….။
ကျမစိတ်ထဲမှာတာင်စလဲပင်ကိုလည်းအလိုလိုလွမ်းလာပါတယ် ။ လက်ပံပင်ကြီးကိုလည်းအလိုလိုလွမ်းလာပါတယ်။
နွေဦးရာသီရောက်တိုင်း၊ပျော်စရာ ကောင်းလွန်းလှတဲ့အလွမ်းများလည်း ကျမရင်ထဲတိုးဝှေ့ဝင်ရောက်လာခဲ့ပါတော့တယ်။
အမေက-
ကျမကိုပြောတဲ့စကါးတစ်ခွန်းတော့ရှိပါတယ်။
ဖြစ်ပြီးရင်ပျက်မှာ”တရားသဘော” အတိုင်းပါတဲ့လေ။။
12 comments
koyinmaung
January 17, 2012 at 6:04 am
aye.kk ရေလူတိုင်းမှာအပူအပင်ကင်းတဲ့ခလေးဘဝဆိုတာရှိကြတာဘဲလေ
ပြန်မရနိုင်တော့တဲ့ငယ်ငယ်ကဘဝလေးတွေဟာ
ပြန်သတိရတိုင်းလွမ်းမောစရာအတိပါဘဲလေ…
ခုလဲaye.kkရဲ့ပို့စ်လေးကိုဖတ်ပြီးကိုယ့်ငယ်ဘဝကိုလွမ်းမောမိပါရဲ့…
ဒါပေမဲ့…..အလုပ်သွားရမဲ့အချိန်ရောက်လာလို့
များများမလွမ်းနိုင်တော့ပါ…
အားပေးသွားပါတယ်……
Khin Latt
January 17, 2012 at 6:13 am
ကိုရင်မောင် အလုပ်သွားချိန် မို့
Good Morning!
အခု ကျွန်မ အိပ်ချိန်ပါ သို့ကမို့ကြောင့် ….
Good Night !
အိပ်ပြီ အစ်မအေးရေ။ 🙂
Khin Latt
January 17, 2012 at 6:08 am
အစ်မအေးရေ – အစ်မတို့ ခလေးတစ်သိုက် ကစား နေကြတာ ကို မျက်စိထဲ မြင်အောင် ဖွဲ့နိုင်ပါပေတယ်။
အစ်မ တို့ခြံက အကျယ်ကြီး ထင်တယ်နော်။
အစ်မ အဖေက တော်တာနော်။ ခလေး တွေ အတွက် ဘေးအန္တရာယ် ကိုကြိုရှင်းလိုက်တယ်။
ကျောင်းပိတ် ကာနီးနွေရာသီ အစဆို စိန်ပန်းနီ တွေခင်းထားတဲ့ ကျွန်မရဲ့ ငယ်ဘဝ ကျောင်းတော်ကို လဲ လွမ်းသွားတယ်။
လက်ပံ ကိုတော့ အဖွားရှိတဲ့ နယ်လေးကို သွားရင်တွေ့ရတယ်။
အဲဒီ အနံ့ကိုတောင် အခု အစ်မ ရေးပြတော့ ပြန်သတိရမိတယ်။
အစ်မ ရေ အပျော် နဲ့ အငို ဆိုတာကတော့ ဗုံလုံတစ်လှည့် ငါးပျံ တစ်လှည့် ပါဘဲ။
ကျေးဇူးဘဲ အစ်မရေ။ ဆက်ရေးပါဦး။
အစ်မစာတွေ နဲ့ အတူ ကိုယ့်ပြည်ကိုယ့်ရွာကို ပိုလွမ်းရအောင်လို့။ 🙁
weiwei
January 17, 2012 at 10:40 am
ငယ်ငယ်တုန်းက နွေရာသီတွေကို ပြန်သတိရသွားပြီ …
ကျွန်မငယ်ငယ်က ဆော့ကစားခဲ့တဲ့ ခြံအကျယ်ကြီး (တောကြီးတစ်ခုလို) က အခု အပိုင်းပိုင်းဖြစ်ပြီး မြို့ဖြစ်သွားပြီ … အခုခေတ် ကလေးတွေကို ပြန်ပြောပြရင် သူတို့က ပုံပြင်ပဲ မှတ်နေတော့မှာ …
ပုံပြင်လေးတစ်ခု ရေးအုန်းမှပဲ ….
windtalker
January 17, 2012 at 11:01 am
ကျွန်တော် တို ့ငယ်ငယ်တုန်းကတော့
နွေရာသီ ကျောင်းပိတ်ရက်ဆိုရင်
ရေကူး သင်တန်း သွားပြီး
အသားကုန် ကမြင်းခဲ့တာကလားဗျ
ပြောရင်းနဲ ့သတိရလာမိတယ်ဗျာ
htet way
January 17, 2012 at 11:17 am
ကောင်းတယ်ဗျာ။
ကလေးဘဝကတော့ အပူကင်းတော့ ပျော်စရာပေါ့
နွေရာသီဆို ကျွန်တော်လည်းပျော်ခဲ့တာပဲ အခုလည်းနွေဆို လွမ်းစရာကောင်းနေဆဲ
အတိတ်ရဲ့ ရနံ့ဟောင်းကိုရနေဆဲ
နွယ်ပင်
January 17, 2012 at 12:02 pm
ှုငယ်ငယ်ကတော့ နွေရာသီကျောင်းပိတ်ရက်ရှည်ကို ရောက်ဖို့
တော်တော်မျှော်လင့်ခဲ့ဖူးတယ် နွေရာသီမှာ ခရီးထွက်ရတာ
သူငယ်ချင်းတွေနဲ့ အသားကုန်ဆော့ခဲ့ရာတာ အမှတ်တရပါပဲ .
Thel Nu Aye
January 17, 2012 at 3:30 pm
ကျွန်မတို့ငယ်ငယ်ကနွေရာသီ ၃လက ခဏလေးလိုပဲ။ ဆော့ရတာအားမရလို့။ အခုခေတ်ကလေးတွေကိုသနားတယ်။ နွေရောက်တာနဲ့ ကစားဖို့ဝေးလို့ သင်တန်းတွေ၊ ကျူရှင်တွေတန်းစီစောင့်နေတာ နွေ ၃လ ဘယ်လိုကုန်သွားမှန်းတောင်မသိကြရှာဘူး။
koyinmaung
January 17, 2012 at 3:45 pm
ကျနော်တို့ငယ်ငယ်ကဆိုနွေကျောင်းပိတ်ရက်နောက်ဆုံးစာမေးပွဲဖြေပြီးတဲ့
အချိန်အိမ်ကိုမပြန်သေးဘဲသောင်ပြင်မှာရေသွားကူးဖရဲခင်းမှာဖရဲသီးတွေသွားဝယ်စားကြ
အရမ်းပျော်ဘို့ကောင်းပါတယ်….
ကျောင်းပိတ်တဲ့၃လကတော့ဆော့လို့ကိုမဝနိုင်ပေါ့….
aye.kk
January 17, 2012 at 7:38 pm
ကိုရင်မောင်ရေ..အတိတ်ကိုတူးဆွသလိုဖြစ်မိသွားပါတယ်။
ညီမခင်လတ်ရေ..အားပေးတာကျေးဇူးတင်မိပါတယ်။
ဝေဝေရေ..အမရဲ ့အဖွားကဒေါ်ခယ်မလို့ခေါ်ပါတယ်..
ငယ်ငယ်ကအဖွားအုတ်ဂူကိုကန်တော့ဘို့ဆိုပြီး
အမေကအမတို့မောင်နှမတွေကိုခေါ်သွားဘူးပါတယ်..
အမတို ့မောင်နှမတွေကနားမလည်၊
ပါးမလည်နဲ့အင်္ဂတေခင်းကြီးကအကျယ်ကြီးဆိုတော့၊အဲဒီပေါ်မှာ
တက်ပြီးမသိဘဲထုတ်ဆီးတိုးမိကြတာပေါ့နော်..
အမေကဘုရားဘုရားလို့သာအော်နိုင်ပါတော့တယ်..
အမတို့တက်ဆော့နေတဲ့ဟာကအဖွားရဲ ့အုတ်ဂူကြီးဆိုပြီးရင်ပတ်စည်တီးပါတော့တယ်..
အဲဒီကစပြီးနောင်ကိုအမေမခေါ်သွားရဲတော့ဘူး..
အမတို့ကအဲ့လောက်ကြီးကျယ်နေတော့အုတ်ဂူမှန်းလုံးဝထင်မထားတာအမှန်ပါဘဲ..
(ဘုရားsူးလို့သာပြောပြလိုက်ချင်ပါတော့တယ်)ကွယ်။
ကိုဝင်းတော့ကာရေ..အစ်ကိုလည်းအဖေပြောပြီးကတည်းကအားရင်ရေသွားကူးတော့ဒါ။
ကိုထက်ဝေးရေ..ကလေးဘဝအရွယ်ကအပူပင်ဆိုတာတကယ်နားမလည်တာပါ။
နွယ်ပင်ရေ..အန်တီတို့ခေတ်ကတော့ကျောင်းပိတ်ရက်ရှည်ကိုအရမ်းမျှော်တာ။
သဲနုအေးရေ..အန်တီသားတွေကအတန်းတခုပြန်တက်ဘို့စာကိုကြိုကျက်နေတာနဲ့ဘဲ
အချိန်တွေကုန်ဆုံးသွားတယ်။
aye.kk
May 11, 2015 at 5:56 pm
နွေဦးရာသီတော့
လွန်ခဲ့ပါပြီ၊ပြန်သတိရလာလို့ပါ။
uncle gyi
May 11, 2015 at 11:27 pm
ရန်ကုန် နဲ့မန်းလေးက ကလေးတွ
ဟိုးအရင်ခေတ်တွေကလူကြီးတွေလက်လန်အောင်ဆော့ခဲ့ကြရတယ်
အခုခေတ်ကလေးတွေဆော့စရာနေရာမရှိမဆော့နိုင်တာ
ကလေးတွေကိုသနားမိပါတယ်