ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်………. ကိုယ်တွေ့ ကိုယ်တွေ့
ကဲ ဂေဇတ်ရွာသူ/ရွာသားတို့ရေ ကျွန်မ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်လေးတစ်ခုကို ပြန်လည်ဝေမျှ ပါရစေနော်…… ဂေဇတ်ရွာသူ/ရွာသားတွေ ဒီလိုမျိုးမဖြစ်ရအောင် အသိပေး/သတိပေး တဲ့သဘော ပေါ့……..တစ်နေ့ မြို့ထဲကနေ အပြန် လိုင်းကားစီးပြီး ပြန်ခဲ့ပါတယ်။ ကားပေါ်ရောက်တော့ ကားခအဖြစ် ၅၀ဝ တန် တစ်ရွက်ကို ကားခအဖြစ် ကိုရွှေစပါယ်ယာကို ပေးခဲ့တာပေါ့…….. ယာဉ်စီးခက အထူး(ကြပ်)ကားကို စီးတာဆိုတော့ ဘယ်နားစီးစီး ၂၀ဝ ပဲလေ။ ဟဲ ဒါနဲ့ ကျွန်မလဲကားပေါ်မှာ ထိုင်ခုံရတော့ စွေ့ခနဲဝင်ထိုင်ပြီး အခန့်သားလိုက်လာလိုက်မိတယ်…..ခဏနေတော့ ကိုရွှေစပါယ်ယာကြီးက ပြန်အမ်းငွေအဖြစ် ၂၀ဝ လာပေးတယ်…..စိတ်ထဲမှာတော့ ၁၀ဝ လိုသေးတယ်ပေါ့နော် အော် သူအကြွေမရှိသေးလို့ မပေးတာ ပါပေါ့လေ…… တောင်ငေး မြောက်ငေးနဲ့ လိုက်လာလိုက်တာ…..အော် လေးငါး မှတ်တိုင်တောင်ရှိသွားပြီ ပိုက်ဆံ ၁၀ဝ ခုထိ မအမ်းသေးဘူးပေါ့…. အဆင်မပြေသေးလို့ဖြစ်မှာပါလေ………..(တွေးမိတာ တွေးမိတာ)…….. ဖြစ်ရိုးဖြစ်စဉ်ပဲကိုး။ ပြီးမှ ကိုရွှေစပါယ်ယာတို့ ထုံးစံအတိုင်း အမေ့ခံ မလစ်လစ်အောင်ပေါ့နော် အီကြာဆွဲပြီး နေတာပေါ့နော်……ကျွန်မက မိန်းမသားလဲဖြစ်တော့ ရှက်တတ်တယ်လေ။ ဒီတော့ စပါယ်ယာ ဖြတ်သွားတိုင်း ပဲသံလေးနဲ့ မကြားတကြားလေး တစ်ရာအမ်းဖို့လိုသေးတယ်ပေါ့…… အဲဒီအခါ ကိုရွှေစပါယ်ယာ တစ်လောကလုံး က အလုပ်ရှုပ်ဆုံးလူလိုလို…… ဆွံ့အနားမကြားလိုလိုနဲ့ပေါ့……. သိတဲ့အတိုင်းလေ ခဏခဏတောင်းရင်လဲ အကြွေမရှိလို့မအမ်းသေးတာပါ….နားလည်ပေးကြပါ ဘာညာပေါ့နော်……ရှေ့တိုးပေးပါ….နောက်ဆုတ်ပေးပါ ဆင်းနီတုံး ဆင်းနီတုံး ရပြီ အုပ် ဟဲဟဲ သူတို့လုပ်နေကြတွေလုပ်ပြီး မသိခြင်ထောင်ထောင်နေတာပေါ့နော်…….. နာမည်ကြီး စည်းကမ်းချက်ပေါင်း များစွာ၊ ဝန်ဆောင်မှုပေါင်းများစွာ နဲ့ လိုင်းပေကိုး။ ဒါနဲ့ပဲ မဖြစ်သေးပါဘူးပေါ့နော် ကျွန်မ သူများတွေကို လိုက်ကြည့်ပါတယ်။ အကြွေအမ်းသလားပေါ့။ ကျွန်မက သူများတွေကို လိုက်ချက်နေမှန်းသိတော့ ကိုရွှေစပါယ်ယာက ကျွန်မကို လှမ်းလှမ်းကြည့်ပါတယ်။ သူများတွေကိုလည်း တစ်ရာ မရှိသေးလို့ မရှိသေးလို့နဲ့ မအမ်းဘူးပေါ့နော်……ဘောင်းဘီထဲထည့်၊ အကျီ င်္အိတ်ကပ်ထဲက အကြွေတွေက ဘယ် အတွက်လဲတော့ မပြောတတ်ဘူးပေါ့နော်……. အဲလိုနဲ့ ကျွန်မဆင်းမဲ့ မှတ်တိုင်မရောက်ခင် တစ်မှတ်တိုင်အလိုမှာ ထိုင်ခုံကနေ ထပြီး ကားတံခါးအနီးကို တိုးဝှေ့ထွက်လာတာပေါ့နော်……. ကိုရွှေစပါယ်ယာ တစ်ရာများ အလိုက်တသိ ပြန်အမ်းမလားဆိုပြီး နှုတ်ဆိတ်ပြီး ခဏစောင့်ကြည့်နေမိတယ်……. မဖြစ်တော့ဘူး ကိုရွှေစပါယ်ယာ လုံးဝမေ့ချင်ယောင်ဆောင်လိုက်ပြီပေါ့နော်……ဒီကလဲ ဖြူဖြူကျော်သိန်းသီချင်းလို ပြန်ရမယ့် တစ်ရာကို “`ငါတော့မေ့လို့မရတော့ဘူး´´´ပေါ့…… ဒါနဲ့ ဟိတ် တစ်ရာပြန်အမ်းဖို့လိုသေးတယ်နော် လို့ပြောလိုက်တယ်….. ဒီတော့လဲ မောင်မင်းကြီးသားက ငါးခူပြုံးနဲ့ပြုံးပြီး ကိုယ့်ကို အမ်းဖို့ သက်သက်ဖယ်ထား သလိုလိုနဲ့ အိတ်ထဲက တစ်ရာကို ထုတ်ပေးတယ်…….. စိတ်ထဲမှာတော့ အော် သူဆင်းမှ အမ်းမယ်လို့ကြံစည်ထား တယ်ပေါ့……..မြို့ထဲကပြန်လာတာဆိုတော့ လက်ထဲမှာကလဲ အထုပ်တွေအထည်တွေနဲ့ဆိုတော့ လက်ကမအား ဘူး….. မောင်မင်းကြီးသားက တစ်ရာတန်လေးကိုခေါက်ပြီး အလိုက်တသိလက်ထဲကို အတင်းထိုးထည့်ပေး တော့တာပေါ့……..
ခဏတာကျေးဇူးတင်မိပါတယ်။ ဒီလိုနဲ့ မှတ်တိုင်ကနေ လမ်းလျှောက်……အိမ်ရောက်လို့ ပစ္စည်းတွေချပြီး တစ်ရာလေးကို ကြည့်တဲ့ အခါမှာတော့ အလားလား……. တစ်ရာတန်က တစ်ရာအပြည့်မှ မဟုတ်ပဲ တစ်ခြမ်းပျောက်နေတယ်……. ခုနက ကျေးဇူးတင်ရမယ့်အစား အဲဒီလူရဲ့စိတ်ဓါတ်ကို အရမ်းအထင်သေး မိသွားပါတယ်။ တစ်ရာဆိုတာ တန်ဖိုးမများပေမယ့် လူ တစ်ယောက်ရဲ့ စိတ်အဆင့်အတန်းကို ပြလိုက်ပါလားလို့ ကျွန်မကောက်ချက်ချ မိပါတယ်။ စိတ်ထဲမှာလဲ တွေးမိတာက ဒီလူတစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် ထမ်းဆောင်တဲ့ အသင်းအဖွဲ့ကို ထိခိုက်နိုင်ပါလားလို့လဲကျွန်မ ပညာရသွားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မကိုယ်တိုင် စိတ်ထဲမှာ တော်တော်လေး ဒေါသထွက်တာပေါ့နော်………ကျွန်မသိသလောက်တော့ လိုင်းကားဂိတ်တွေမှာ ကားမထွက်ခင် အကြွေအခက်အခဲမဖြစ်အောင် အကြွေလဲပေးလေ့ရှိပါတယ်……… ဒါကို မောင်မင်းကြီးသားတွေက အကြွေတစ်ထောင်ကို တစ်ထောင့်တစ်ရာနဲ့ ပြန်ရောင်းကြတယ်ဆိုလား…………….တစ်ရာတန်နေရာမှာ အခြား တစ်ထောင်တန်သာဖြစ်ခဲ့မယ်ဆိုရင်…………………. တစ်ရာတန်ကို မစိစစ်ပဲယူခဲ့တာက ကိုယ့် အပြစ်လား ဆိုတာစဉ်းစားမရအောင်ပါပဲ။ ကျွန်မကို အမ်းတဲ့တစ်ရာတန်လေးကတော့ ကျွန်မကို ပညာပေးတဲ့သဘောလားမသိ ပြုံးစိစိနဲ့ပေါ့………..
ရာွသူ/ရွာသားတွေကို ကျွန်မလို အဖြစ်မျိုးနဲ့မကြုံကြရအောင် ဒီပို့စ်လေးကို မရေးတတ်ရေးတတ်နဲ့ လျှောက်ရေးမိပါကြောင်း……………………….
လူအချင်းချင်းလှည့် ပါတ်ခြင်းကင်းရှင်းကြပါစေ။ 😀 😀
17 comments
thuyazaw21451
January 19, 2012 at 10:26 am
မ ရို့စ်ရေ တစ်ရာတန်က တစ်ရာမပြည့်ပဲ ခုနှစ်ဆယ့်ငါးကျပ်ပဲရှိတယ်ဗျ……. ဟီး …….. ဟုတ်ပါတယ် ကိုရွှေစပါယ်ယာတွေက ဒီလိုပါပဲ……….. အားလုံးလို့မဆိုလိုချင်ပေမယ့် အကုန်လုံးနီးပါးလောက်က ဒီလိုဖြစ်နေတော့………… မြို့ပြအင်္ဂါရပ်ထဲမှာ သယ်ယူပို့ဆောင်ရေးလဲ အပါအဝင်ပဲလေ… ဒီလို သယ်ယူ ပို့ဆောင်ရေးဝန်ထမ်းတွေ အကျင့်ပျက် စရိုက်ပျက်နေတော့ မြို့တော်ကြီး အရုပ်ဆိုး အကျည်းတန် လွန်းသည်ဟု ထင်မိပါကြောင်း……………….
Phaung Phaung
January 19, 2012 at 10:43 am
ဟီး… ဖြစ်တယ်ပါတယ်… တို့ဆိုရင် 1000 တန်ပေးစီးပြီး အတွေးတွေနယ်ချဲ့လာလိုက်တာ ကားပေါ်ကဆင်းပြီးမှ.. ဟာ သွားပါပြီ …. ပြန်မအမ်းလိုက်ဘူးဆိုတာသတိရတယ် …ကိုယ်ကလည်းမေ့နေတာ မတောင်းမိဘူးလေ…….ခဏ ခဏပဲ 🙂 ဒါကြောင့် စပယ်ယာတွေလဲ passenger မေ့သွားမလားဆိုပြီး အမေ့ခံနေကြတာ ………. ဒီလိုနဲ့ သံသရာလည်နေကြတာ
etone
January 19, 2012 at 11:16 am
အစ်မရို့စ်ရေ … စပယ်ယာတွေက အမေ့ခံတတ်မှ စပယ်ယာပီသတယ်များမှတ်နေတယ်ထင်ပါ့ … ။ 100 ကတော့ အကြွေမရှိလို့ဆိုပြောလို့ရသေးတယ် ….. တစ်ထောင်တန်ပေးလျှင် ရှစ်ရာအမ်းဖို့ ဖင်လှည့်ခေါင်းလှည့်နဲ့ … သိသလိုလို မသိသလိုလို လုပ်နေလို့ …. လှမ်းတောင်းရတာချည်းပဲ ….. ။
လှမ်းတောင်းတော့လည်း ပေးမှာပေါ့ ..ဆင်းမှ မဆင်းသေးတာလို့ တစ်ခါတစ်လေ ပြန်ပြောတတ်တယ် …. ။
အမေ့ခံပြီး ကျန်ခဲ့လို့ကတော့ သူတို့ မြတ်ပြီလေ … ။
တစ်ရာတန်ကို အကြွေမရှိသေးလို့ ဆိုပြီး မအမ်းပဲထား … ဆင်းခါနီးထပ်တောင်းတော့လည်း အကြွေမရှိလို့ ရှော်လိုက်ပါဆိုတာတွေဖြစ်လာတယ် … တစ်ခါတစ်လေတော့လည်း … အဲ့ဒီတစ်ရာမှ မရလျှင် ကားပေါ်က မဆင်းတဲ့ပုံစံနဲ့ .. အပေါက်ဝမှာ ပိတ်ရပ်ပြီး ကိုယ့်ဆီက ငါးရာတန်တစ်ရွက်ထုတ်ပြီး ..သူတို့ကို နှစ်ရာတန်သုံးရွက် ပြန်အမ်းခိုင်းတယ် … ။
ကောင်မလေးငယ်ငယ်တွေ လှလှပပ ပြင်ဆင်သွားလျှင်တော့ … တစ်ရာအမ်းစရာမရှိလျှင် နှစ်ရာတန်ပေးတာမြင်ဖူးတယ် …… ။ 👿
Rose Minn
January 19, 2012 at 11:30 am
လိုင်းကား စီးတဲ့ အခါတိုင်းကြုံတွေ့ ရတာများလွန်းလို့ စိတ်နာနာနဲ့ ရေးမိတယ် etone နဲ့ paung ရေ။ ၁ဝ ခါစီးရင် အနည်းဆုံး ၆ခါ ရခါလောက်ကတော့ အသာလေး။ 😀 😀
Rose လို အတွေ့အကြုံ ရှိရင်မျှဝေကြပါအုံးနော်။
naywoonni
January 19, 2012 at 11:46 am
အဲသဟာတော်သေးတာပေါ့ တစ်ထောင်တန်နဲ့ နှစ်ဆယ်တန်ဆက်ထားတာ တွေ့ဖူးလို့လား…။ လမ်းသွားရင်း ကားကဝင်နားတဲ့ဆိုင်မှာ လ္ဘက်ရည်သောက်ရင်း အနှုတ်မရှိလို့ ငါးထောင်တန်ပေးလိုက်ပါတယ် ပြန်အမ်းတဲ့ ပိုက်ဆံ လေးထောင်မှာ တစ်ထောင်တန်တစ်ရွက်က အပြတ်ကို နှစ်ဆယ်တန်နဲ့ ဆက်ထားတာဖြစ်နေတယ်…။ အရွယ်တူ အရောင်တူဆိုတော့ ဆိုင်ကလည်းနဲနဲမှောင်နေတော့ သေချာမကြည့်ရင် သိမှာမဟုတ်ဘူး…။
စိန်ပေါက်ပေါက်
January 19, 2012 at 11:47 am
စပယ်ယာတွေထဲ ယုတ်ညံ့တဲ့လူ တော်တော်ပေါသဗျ
တိတိကျကျ စပါယ်ယာလဲ ရှိပါတယ်..ဒါပေမဲ့ နဲနဲတော့ရှားတယ်..
အတန်ကြီးပေးမိရင် ရေလည် မေ့ချင်ယောင်ဆောင်တဲ့ကောင်တွေ..
မေ့ချင်ယောင်ဆောင်.ဉာဏ်တိမ်ချင်ယောင်ဆောင်တဲ့ ရရစားစားတွေ
နောင်ဘဝ ဉာဏ်ရည်မမီတဲ့လူတွေဖြစ်မှာ ကျိန်းသေတယ်..
အဟက်ဟက်..
သများလဲ ခဏခဏ ကြုံ..ခဏခဏ ပါဖူးလို ့..တင်းနေတာကြာပြီ
တစ်ရာနှစ်ရာနဲ ့ လူကြားမှာဆိုးလို ့.တော်ယုံမတောင်းပဲထားတာ
ashtray
January 19, 2012 at 11:47 am
you can visit this website sister
http://www.mhtcentral.org.mm
Ph:8500651, 8500650
kaung kin pyar
January 19, 2012 at 12:04 pm
အင်း……..တချို့စပယ်ယာတွေဆို ရှိတယ်လေ…..။ ပြန်တောင်းတော့လဲ အဟောက်ခံရတယ်။ ပြန်မတောင်းပြန်ရင်လဲ ကိုယ်ကပဲ ဒီအကြွေလေးလောက်နဲ့ လာလုပ်စားနေသလို မယုံသင်္ကာမျက်နှာပေးနဲ့ ဘယ်ကစီးတာလဲ ဘာလဲနဲ့ လာလုပ်ပြသေးတာ။ ဒင်းတို့ကို သရုပ်ဆောင် သင်တန်းမှာ ဆရာနေရာ ပေးလို့ရတယ်။ ကောင်းကင်ပြာတော့ ရှင်းရှင်းပဲ။ စေတနာရှိရင် သူများလှူလိုက်မယ်။ စပါယ်ယာလက်ထဲတော့ ငါးဆယ်တန်တောင် မကျန်ခဲ့ချင်ဘူး။ တကယ်အကြွေမရှိတာဆိုရင် နားလည်နိုင်တယ်။ လုပ်စားနေတာ အသိသာကြီးနဲ့တော့ မသထာပေါင်။
jujuma
January 19, 2012 at 12:12 pm
အစ်မ ရိုစ် ရေ…မတိလို့မေးတာနော်..အထူး(ကြပ်)ဆိုဘာလဲ ဂျ..
အထူးဆိုလဲ အထူးပေါ့..ဂယ်ပါပဲ..ဟိဟိ
မီး တို့ စီးတာတော့ (ကြပ်)ပါဘူး..ငုတ်တုတ်လေးတွေ ထိုင်ထိုင်ပေးနေရတာပဲ ဂျ..
အတိသဉ္ဇာ နာဂရ ချစ်သူ
January 19, 2012 at 12:15 pm
အထူးကြပ်ကားများ။ဟုတ်၏။
မှန်ပါ၏ မမရို ့စ်ရေ
Thel Nu Aye
January 19, 2012 at 2:06 pm
အထူးကား၊ အကြပ်ကားစီးသူများအတွက်အကြွေတွေလဲပေးနေတယ်။ ၁၀၀ဝ ဖိုး လဲလျှင် ၁၀ဝ တန် ၅ ရွက်ရမည်။ ၂၀ဝ တန်လိုချင်လျှင် ၃ ရွက် နှုန်းဖြင့်လဲပေးမည်။ တန်းစီပါ။
ပုံ
မွထွသွ
စပါယ်ယာများသင်ကြားရေးကော်မတီ
bluerose
January 19, 2012 at 3:01 pm
၁၀ဝမအမ်းတာကထားတော့တခါတလေဆိုတထောင်တန်လောက်ပေးထားရင်လုံးဝပြန်မအမ်းပဲနေတာတောင်ရှိသေးတယ်
အဲလိုမျိုးဆိုရင်ကိုယ်ကတောင်းရင်သူကပဲမဟုတ်သလိုလိုကြည့်တတ်သေး
တချို့တွေကျတော့လည်းကိုကတောင်ပြန်တောင်းစရာမလိုဘူး
အလိုက်သတိလေးနဲ့လာပေးတတ်ကြတယ်နေ့တိုင်းလိုင်းကားစီးရတာကိုယ့်ပိုက်ဆံလေးပြန်မအမ်းမှာ
စိတ်ပူရတာနဲ့တောင်းနေရတာနဲ့တကယ်စိတ်ပင်ပန်းရတယ်
အကြွေမဆောင်ထားမိတဲ့ကိုယ်ကပဲမှားသလိုလိုသူတို့ကပြောတတ်သေးတယ်မမရို့စ်ရေ
thit min
January 19, 2012 at 4:57 pm
ဘဝအကျိုးပေးအရ စပယ်ယာဖြစ်ရသေး၊ စာရိတ္တကလဲဆင်းရဲသေး၊
ကိုယ်ချင်းစာစိတ်၊ရှက်စိတ်၊ဘာမှကိုမကျန်အောင် ကိုယ့်တန်ဖိုးကိုချ
၁၀ဝ လောက်တောင်စိတ်မချရတဲ့သူ မိသားစုက၊သူ့အပေါင်းအသင်းက
သူ့နိုင်ငံကဘယ်လိုစိတ်ချရပါ့မလဲ။ ပြောသာပြောရတာ သူကိုယ်တိုင်လဲ
သူများအလိမ်ခံရမှာ ကြောက်ပြီး စိတ်မချတဲ့သူမျိုးပါဘဲ။
စိတ်ရဲ့အကြံမှန်သို့အလား ကိုယ့်ကိုပွါးပါဘဲ။,,,,,,
နွေးနွေး
January 19, 2012 at 10:08 pm
ဪ လူတွေ လူတွေ ကိုယ့်တန်ဖိုးကို ၁၀ဝ နဲ့ ဖြတ်လိုက်တာပါလား
ဂျက်ကီချီးပေ
January 19, 2012 at 10:44 pm
ငါ
ခံစားနေရပါတယ် နွေးနွး ရယ်
ငါ
အဝေးဆုံးကို ပြေးထွက်ပါတယ်
ငါ
ပြေးထွက်ခွင့်လေးတောင် မရပါလား
ငါ
မသိတဲ့ ကြိုးကလေး ချဉ် 😀 နှောင်ထားလေရဲ့
ငါ သိလိုက်တဲ့ အချိန်မှာ ငါ့ ကို ချဉ် 😀 ထားတာ သံယောဉ် 😀 ကြိုးလေးပါလား
ချစ်ခြင်းဖြင့်
မျိုးမျိုး
ဂျက်ကီချီးပေ
January 19, 2012 at 10:46 pm
ငါ သိလိုက်တဲ့ အချိန်မှာ ငါ့ ကို ချဉ် ထားတာ သံယောဇဉ် ကြိုးလေးပါလား
အတိသဉ္ဇာ နာဂရ ချစ်သူ
January 19, 2012 at 11:20 pm
အင်. ကိုဂျက်ကီချီးပေရေ ဘယ်လိုဖြစ်ပြီး ကဗျာလေးတွေ စပ်ဆိုနေရတာပါလိမ့်။
အံ့ဩမိလို ့ပါဗျာ။လွမ်းခန်းလေပေါ့။နှပါးသွားလေး မြင်ယောင်မိတယ်။