ဆွေမျိုး နဲ ့ ရွှေမျိုး
ငယ်ငယ်တုန်းက ကြားဖူးတယ် ။
ဘယ်လောက်ငယ်ငယ်တုန်းကလဲ ဆိုတော့ အဖွား ပြောပြောနေတဲ့ ရွှေမျိုး တွေ ဆိုတာကို သိပ်ပြီး နားမလည်ခင် အချိန်ကပေါ့ ။
“……..ကာဖီရေ သောက်မလား ငါ့မြေး………” တဲ့ ။
အဲဒီတုန်းကတော့ ကာဖီရေ ဆိုရင် သေချာပေါက်ကို “… ချိုတယ် …မွှေးတယ်….တဂျိဂျိနဲ ့ အစိလေး တွေ ပါတယ် …”
ရှေးရှေးက လူတွေ ပြောပါတယ် ။ ဗမာလို ” ဒဲ့ ” ပြောရရင် ” ကညော့ ” တယ် ခေါ်မလားပဲ….”
ရိုးရိုးပြောရင် အာမတွေ ့ လျှာမတွေ ့ဘူးပေါ့ ။ ကညော့ ပြီးပြောမှ အာတွေ ့လျှာတွေ ့ ဂွမ်းဆီထိတယ် ဆိုမလား….။
စကား အရသာခံတဲ့ အသုံးအနှုံးဆိုတာကလည်း မြန်မာ ဝေါဟာရ မှာ အပေါသား ။
ထမင်းလေး နဲ ့….ဟင်းလေး နဲ ့….ဆီလေး နဲ ့ …..ဆားလေး နဲ ့ …ငြုပ်သီးလေး နဲ ့….ဘာလေး နဲ ့… ညာလေး နဲ ့…။
ထမင်း နဲ ့ ဟင်း နဲ ့ လို ့ ပြောတာထက်စာရင် ထမင်းလေး နဲ ့ ဟင်းလေး နဲ ့ …ဆိုတာက ပိုပြီး ထိမိ ထိရောက် သလားပဲ ။
အဲသည် အသုံး အနှုံးတွေကို စည်းစားကြည့်ရင် ….
၁ ။ တို ့ကဏန်း ဆိတ်ကဏန်း
၂ ။ ကလူ၏ သို ့ မြူ၏ သို ့
၃ ။ မထိ ခလုတ် ထိ ခလုတ်
ဆိုတဲ့ စကားတွေ နဲ ့ ညီအကို မောင်နှမ (ရွှေမျိုး) သားချင်းတွေလို ့ ဆိုမလား ။ ဆွေမျိုး (ရွှေမျိုး) စပ်သူတွေ အလွန် အာတွေ ့သကိုး ။
သဘောကတော့ ဆိုင်သလိုလို မဆိုင်သလိုလို……ပိုင်သလိုလို မပိုင်သလိုလို ……နိုင်သလိုလို မနိုင်သလိုလို……
ခိုင်သလိုလို မခိုင်သလိုလို…..ယိုင်သလိုလို မယိုင်သလိုလို…..ဟိုလိုလို ဒီလိုလို ယိုင်တိုင်တိုင် နဲ ့တဲ့တဲ့
ခနော်နီ ခနော်နဲ ့ ဆြာတွေ ဆြာမ တွေ အတွက် မင်းကြီးကြိုက် ဝေါဟာရ တွေပဲ ။
………………….
လင်းဝေရဲ ့ ” … ဗရမ်းသဗွတ် …” ကို (ရွှေမျိုး) စပ်ကြည့်လိုက်တော့မှ……လားလားးးးးးးးးးး…………
ရွာထဲမလဲ သောက်ရွှေ သောက်မျိုးတွေ တယ်များ သကိုး ……။
ကဲ..ကဲ..ကဲ..
နဂိမိ လည်း ဖာတလုံး ခေါင်းကြား ထုံး နှလုံးမူပြီး (ရွှေမျိုး) ရှာပုံတော် ထွက်လိုက်ဦးမယ် ။
ပြီးရင် အော်ရမည့် စကားလုံးကို ကြိုအော်ကြည့်လိုက်မယ်နော…….
“……နိဂိမိ ကောင်းကောင်းကြီး သိလိုက်ရပါပြီ အသင် လောက……”
…………………………..
အဟမ်း……..
တခုသော ဇနပုဒ်ကို ရောက်သောအခါ အချင်း နိဂိမိ သည် အခြေအနေကို သိစိမ့်သောငှာ
ဆိတ်ညိမ်သော နေရာတခုအား အမှီပြုပြီး နားစွင့်နေခိုက်………..
…………………………..
တူတော်လေး စိန်ဇာဂီရေ – မသိများမသိခဲ့ရင် အသက် ၆၂ နှစ် လူကြီး ကရေးထား သလားထင်ရ၏။
တော်ချက်ကတော့ အမေက ဘာစားပြီး မွေးခဲ့သလဲ လို့မေးချင်တာပါဘဲ။
အရီး ဖတ်ခဲ့ကြောင်း ခဏ သတင်းဝင်ပို့တာပါ။ ပြန်လာပါမည်။
အရီးတော်
……………….
ကိုဆြာဂီရဲ့ ၁၀ဝ မြောက်ပို့စ်ကိုသေချာဖတ်သွားပါသည်၊
……………….
ကိုဂီ ဆိုလည်း ကိုဂီ လုပ်ပါဗျာ…
ကို ရောဆြာပါ တတ်လိုက်တော့ ဖတ်ရတာမျက်စိထဲ အတောင့်လိုက်ကြီး ဝင်သွားလေရဲ့
……………….
တူတော်လေး ကလဲ ရိုးသား ကြိုးစား ဖိုးသခွါး လေး ဖြစ်ကြောင်း ပြောထားဦးလေ။
……………….
တူတော်လေး စိန်ဇာဂီ မှ လိုက်နာကျင့်ကြံသင့် သည်များကို စေတနာရှေ့ထား ၍ရှင်းပြပြီး သကာလ အရီးတော် ကျွန်မမှ အနည်းငယ် နှမ်းလေး အနည်းငယ်ဖြူး ချင်ပါတယ်။
စကားမစပ်လား – အတင်းစပ်တာလား။ ပြောစရာ ကျန်တဲ့ တစ်ချက် က ကိုလင်းဝေ နဲ့ ကိုသစ် တို့ရဲ့ အပေါ်က comment တွေထဲမှာ အမေ့ အမည်ပါခဲ့လို့ ဆွေမျိုးစပ်ပါ တယ်။
၈၈ အရေးအခင်းတွေ အပြီး ၁၉၉၀-၁ ကျောင်းပြန် အဖွင့် Production Management ဆိုတဲ့ ဘာသာရပ် ပါလာပါတယ်။ ဂျပန်ပြန် ဆရာမ ပူပူနွေးနွေးရဲ့ ပွဲဦးထွက်
တပည့် အတန်းသူ ၆ယောက် သာ ရှိတဲ့ အတန်းမှာ အရမ်းချစ်ဖို့ လဲကောင်း၊ စည်းကမ်းလဲကြီး၊ ရစ်လဲရစ်၊ စိမ်ခေါ်ခြင်းတွေ လဲ အပြည့်ပေးခဲ့တဲ့၊ ဂီဂီ ရဲ့ PCDA ထဲက D မှာ ရေးထားသလို
ဆိုက်ကားသမား ကိုတောင် Production အကြောင်း ကို နားလည် သဘောပေါက်အောင် ရှင်းပြနိုင်တဲ့၊ ၄၅ မိနစ် ၂ချိန်စာ ဆက်တိုက် ကိုတောင် အချိန်ဘယ်လို ကုန်သွားမှန်း မသိအောင်
စွဲဆောင်မှု ရှိစွာ သင်ကြားပေးတဲ့၊ သူ ရနှစ် နီးပါး ပညာ ဆည်းပူး ခဲ့ရာ ဂျပန် က အကြောင်း တွေကို မျက်စိထဲမှာပေါ်ပြီး အတုခိုး အားကျ စိတ်ပေါ်လာအောင် ကို သွန်သင်ပေး နိုင်တဲ့၊
ကျွန်မတို့ လို့ ချစ်စနိုး အမေ လို့ခေါ်ခဲ့တဲ့ ……………………………
ကျွန်မ တကဲ့ကို အရမ်းလွမ်းနေပါသည်။
…………………………
တူတော်လေး စိန်ဂီ ….
ပြောဖို့ ကျန်ခဲ့လို့ ……
အကြိမ် ၁၀ဝ မြောက် ရေးဖွဲ့နိုင်မှု အတွက် ဂုဏ်ယူပါ၏။
၁၀၁ ကြိမ်မြောက် ကို မျှော်နေပါ၏။
စိတ်အေးချမ်းသာစွာဖြင့် အမြန် ရေးနိုင်ပါစေသောဝ် …….
အရီးတော်
……………
ဒွေးလေးမခင်လတ်,
ဒွေးလေး အမေကို လွမ်းနေရင် ဂျီမေးလ်လိပ်စာပေးလိုက်မယ်။
……………
သများပိုစ့်မှာ အမျိုးတွေ ပြန်တွေ့ကြတာ ဖတ်ရလို့…
ဝမ်းသာမိပါသည်ချင့်…
……………
အမည်ပြောင်းသွားတော့ လဲ – တူတော်ဖား (သို့) တူတော်ပြင်း (သို့) တူတော် ဖားပြင်း ရေ
ပညာ ဆိုတာ ကြီးသူထံမှ ငယ်သူ ထံကို သာ စီးဆင်းတာမဟုတ်ပါ။
ငယ်သူ ထံမှ လည်း ကြီးသူ များ သင်ယူရပါသည်။
အခုခေတ်မှာ ပိုတောင်ဆိုးသေး။ ငယ်သူ များက ပိုပြီး လက်စောင်းထက် နေတာ။
မမ ပြောတဲ့ သံမဏိ ခေတ် (သို့) အိုင် ခေတ် ကိုး။
အရီး တို့အားလုံး လဲ ရွာထဲက တူတော်လေးနဲ့ တစ်ကွ ကိုယ့် တူ/တူမ အရွယ် ကလေး တွေဆီလဲ ပညာတွေ၊ ဗဟုသုတတွေကို ပျော်ရွှင်စွာ စားသုံးနေပါကြောင်း။
ကျေးကျေး ပါ တူတော်လေးရေ။
…………….
ဟရေး…….ကာလားနော်……ရွှေမျိုး စပ်ဖို ့ ဇနပုဒ်ကို လာဒယ်နော
တရွာလုံး ရွှေမျိုးကြီးပဲနော်…..
ကာလားတို ့ ရပ်ကွက်ထဲမှာတောင်…. မြိန်ရာ ဟင်းကောင်း ခင်ရာ ရွှေမျိုး ဆိုလို ့ အဘား(အဘ) ၂ ယောက်ထဲ ရှိဒယ်နော…
…………..
ဆိုပြီး သကာလ အချင်း နိဂိမိ သည် တရွာလုံး ရွှေမျိုး ပါတ်တော်နေကြသောကြောင့် မြိန်ရာ ဟင်းကောင်း စားစရာ မကျန်တော့သော
အဆိုပါ ဇနပိုဒ်အား ဖင်ကလေး လိမ်ကျစ်လိမ်ကျစ် နှင့် အထုပ်တွင် ဒုတ်စွပ်ကာ အခြားသော ဇနပုဒ်သို ့ ရေကြည်ရာ မြက်နုရာ
ထွက်ခွာသွားလေ သတတ်…..။
9 comments
Khin Latt
January 20, 2012 at 3:31 am
Wowww …..
စစချင်း ခင်ခဲ့တဲ့ အမျိုး ပြန်တွေ့ပြီ ဆိုပြီး မှတ်ချက်ပေးဖို့ ဝမ်းသာအားရ ဝင်အဖတ် နဲနဲ တွန့် သွားတယ်။ 😀
နိဂိမိ ရယ် – တကယ်တော့ ကျန်သူတွေ က နောက်ပေါက် ရွှေကြာ တွေပါ။
အမှန်တော့ အရီး ဒီရွာထဲ ဝင်ဝင်လာခြင်း ဒီရွာထဲ မှာ စပြီး အရီးကို စတင်ရီမော စေသူက နိဂိမိ မဟုတ်ပါလား။ မှတ်မိလားတော့ မသိ။ 😉
ထားပါတော့ – အရီးတို့ ကျောင်းမှာတုန်းက သူငယ်ချင်း တစ်အုပ်ကြီး။
အဲဒီမှာ သူငယ်ချင်းတွေ စကားပြောရင် စကားပေါက်ဖို့ အတင်းလုပြောကြရတယ်။
စကားများလွန်းလို့ ဆရာမဝင်လာတာ သတိမထားမိကြလို့ ဆရာမကို တောင်းပန်ရဘူးတယ်။
တစ်ခြား အတန်းသား တွေ ကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်။
ဒီအထဲမှာ အရီး အသံကအကျယ်ဆုံး ဖြစ်တာမို့ ကျန်သူငယ်ချင်းတွေက သတိအမြဲပေးရတယ်။
အခု လဲ အသံနဲနဲ ကျယ် သွားရင် Sorry ပါ နိဂိမိရေ့။
တကယ်တော့ ဒီတစ်ရွာလုံးက ခင်မင်စရာ ကောင်းတဲ့ အမျိုးအဆွေ တွေချည်းပါဘဲ။
တကယ်တော့ တစ်ချို့ ကိုလဲ သိသလိုလို နဲ့ အမျိုးစပ်ရင်တကယ် အမျိုးတော်နေမှာ။
ဒီတော့ အခြားသော ဇနပုဒ်သို ့ ရေကြည်ရာ မြက်နုရာ သို့ တော့ ထွက်စရာမလို ပါဘူးကွယ်။
အရီး စကားတိုးတိုး ပြောပါ့မယ်။ 🙂
ခင်မင်သော
အရီးလတ်
PS – ဒုတိယ အကြိမ် သတိပေးလို့ ကျေးဇူးတင်ပါ၏။ ထို့ကြောင့် လက်မ ထောင်ပေးပါ၏။ 🙂
ကိုပေါက်(မန္တလေး)
January 20, 2012 at 9:18 am
77ရေ
မင်းကိုလဲ ငါ ညီလေးလို့ခေါ်တယ်လေကွာ…………………………….
လင်းဝေ
January 20, 2012 at 10:24 am
အထုတ်ကို ဒုတ်စွပ်လို့တော့ ထွက်မသွားပါနဲ့ကွ။
ငတို့အတွက်တော့ ဒွေးလေး တို့ ကျောင်းအစ်မကြီးတို့ မကုလားမတို့ ကြီးတော်တို့ အဘတို့ ခေါ်တယ်ဆိုတာ ရိတာ ရွဲ့တာ ဖဲ့တာ သောက်မြင်ကတ်လို့ ခေါ်တာပဲလကွာ။
မင်း မကျေနပ်ရင် ဖင်လိမ်ကျစ်လိမ်ကျစ်နဲ့ ဘီယာဆိုင်ကိုလာခဲ့။
kyeemite
January 20, 2012 at 11:14 am
77 ကအားငယ်သတဲ့လား..
ငယ်နဲ့နော်..များတို့လည်းအားပေးနေတာကြီးကို..ဟာဗျဲ ဟာဗျဲ ဟာဗျဲ..
စိန်ပေါက်ပေါက်
January 20, 2012 at 11:51 am
ဆွေမျိုးနဲ ့..ရွှေမျိုး..
နေတိုးနဲ ့ ပေဇိုး
စိန်ပေါက်နဲ ့ စိန်သိန်း…
အမျိုးတွေ..အမျိုးတွေ..
ချစ်ချစ်ခင်ခင်နေကြ…
အတိသဉ္ဇာ နာဂရ ချစ်သူ
January 20, 2012 at 12:12 pm
ဟာ ကိုတပ်မဟာကြီး ၇ရ ရေ။အလုပ်တွေများ အာရုံတွေနောက်လေလို ့များလား။
ကိုယ့်ရွာလေးမှာ အကိုတို ့လို ဗဟုသုတနှံစပ်သူတွေ မရှိမဖြစ်ပါဗျာ။အားပေးနေတယ်
လေ နော်။
pooch
January 20, 2012 at 2:04 pm
ကို နဂိမိရေ ကျမလည်း ရှင့်ကို စိတ် မထင်ရင် မထင်သလို ပျစ်ပျစ်နှစ်နှစ်နဲ့ စိတ်ရှိတိုင်း ဒဲ့ပြောတတ်သော အကိုတော် တယောက်လို့ သတ်မှတ်ထားပါတယ် အားပေးနေပါတယ်
windtalker
January 20, 2012 at 2:38 pm
အဟမ်း
ကျုပ် ကို တောင် ၊ ငပေါက်ဖော် က အမျိုးတော်ချင်လို ့တဲ့
သူ ့အမ ဆိုလား ညီမ ဆိုလား စင်ဂဲလေးတဲ့
အဟွတ်
ကျုပ် က အိမ်ထောင်နဲ ့ဆိုတော့ က
အဟီး
တော်သေးဘီ
MaMa
January 20, 2012 at 7:05 pm
တပ်မကြီးရေ-
တစ်ရွာတည်းနေကြတယ် ဆိုကတည်းက အနည်းဆုံးရပ်ဆွေ(ရွှေ) ရပ်မျိုးတွေပေ့ါ။
တစ်ရွာတည်းနေ တစ်ရေတည်းသောက် ဆိုသလို သဂျီးရဲ့ စတုဒီသာမဏ္ဍပ်ကြီးမှာ အရသာမျိုးစုံ ဟင်းအဖုံဖုံကို သူယူလာတာ ကိုယ်စား၊ ကိုယ်ယူလာတာ သူစား၊ ပျော်ပျော်ပါးပါး နဲ့ ခင်ခင်မင်မင် နေကြရတာ ဝမ်းသာစရာပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် စကြ နောက်ကြ၊ ချီးမွှမ်းကြ နဲ့မို့ ပြုသူ၊ အပြုခံရသူ၊ ကြားက ကြားရ မြင်ရသူတွေအတွက် မင်္ဂလာတွေချည်းပါပဲလို့……