ပြောင်းလဲခြင်းများသည် မပြောင်းလဲခြင်းသာဖြစ်သည်…..။
တစ်နေ့က ဗစ်တာစိုးမိုးရဲ့ စာအုပ်အငှားဆိုင်လေးမှာ ဂျာနယ်လေးတွေဖတ်ရင်း နေဝန်းနီတို့ထုံးစံအတိုင်း ဘကုန်းသုံးလုံးလုပ်ပြီး လေကန်နေမိတယ်….။ ဘကုန်းသုံးလုံးဆိုတာက နေဝန်းနီတို့အရပ်ဘက်က အသုဘအိမ်ကနေ စပြောမှဇာတ်ရည်လည်မယ်…။ နေဝန်းနီတို့ အရပ်က အသုဘအိမ်မှာ ညလူစောင့်အိပ်ဖို့ တစ်ညလုံးပေါက် ဖဲဝိုင်းခံလေ့ရှိပါတယ်….။ ဖဲရိုက်ဖို့ ဝါသနာပါတဲ့သူတွေက ဘယ်နေ့ ဘယ်သူ့အသုဘရှိတယ် စနည်းနာပြီး လိုက်လံကစားလေ့ရှိပါတယ်…။ တစ်ချို့လည်း တစ်ကယ်ဖဲရိုက်မဲ့သူနဲ့ အဖော်လိုက်လာပြီး ဖဲမီးလှုံတာပါ…။ ဘေးကနေ အားပေးတယ်ပေါ့…..။ ရှေ့ကရိုက်တဲ့သူ ဖဲသေသွားရင် သူကအစားဝင်ပြီး ကစားပေးတတ်တယ်…။ သူကဖဲရိုက်ဖို့ဝါသနာပါတယ်…။ ပိုက်ဆံမရှိဘူး…။ ဆိုတဲ့ ဝါသနာရှင်ပေါ့လေ…။ တစ်ခါတစ်လေ ရှေ့က ကစားတဲ့သူကနိုင်ရင် သူ့ကိုမုန့်ဖိုးပေးတတ်ပါတယ်..။ အဲဒိပိုက်ဆံလေးနဲ့ သူက နောက်တစ်ဝိုင်းကစားဖို့ လူစုဖန်တီးပေးလိုက်ပါတယ်…။ သူများပေးတဲ့မုန့်ဖိုးပဲဖိုးနဲ့ ကစားမယ်ပေါ့လေ…။ အသုဘဝိုင်းဆိုတာက တရားဝင်ခွင့်ပြုထားတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ အရပ်ထုံးစံဖြစ်နေတော့ မသိချင်ယောင်ဆောင်နေကြတာများပါတယ်..။ ပြဿနာတော့ မဖြစ်စေနဲ့ပေါ့လေ…..။ ဒီလိုနဲ့ ဝါသနာရှင်က ဖဲဝိုင်းထဲဝင်ပြီးကစားရင်းနဲ့ ရှုံးတော့ စောစောက သူ့ကျေးဇူးရှင်ဆီက တောင်းပေါ့…။ တစ်ခါတစ်လေမှကစားရတာဆိုတော့ ရိုက်ရင်းရှုံး ဖဲဝိုင်းက တစ်ညလုံးဖြစ်နေအောင် ကစားပေးရတာပါ…။ ဒီတော့ ဟိုကဆွဲဒီရဆွဲ မရတော့ ဒုံရင်း သူ့ဆရာနားပြန်ရောက်သွားရော…။ ဟိုဘက်ဝိုင်းမှာ ကိုယ်တိုင်ကစားဖူးသွားတဲ့ အရှိန်လေးနဲ့ ဆိုတော့ ဟိုလိုဝင်ပြောဒီလိုဝင်ပြော ဟိုကလည်း ဖဲမကောင်းလို့ မွှန်…။ ဒီတော့ ဘိုင်ကျလိုဘေးထိုင်ပြီးဘုပြောနေတော့တာပေါ့…။ အဲဒါကို နေဝန်းနီတို့ (ဘ) သုံးလုံးလို့ ပြောတာပါ…။ နေဝန်းနီတို့ချင်းတွေ့ပြီးဆိုရင် မပြီးနိုင်မစီးနိုင်ပြောဖြစ်တာက ရွာထဲက (အွန်လိုင်းပေါ်က) အကြောင်း…။ အဖြစ်ရှိသလားဆိုတော့ ဟိုစပ်စပ် ဒီစပ်စပိလုပ်တတ်တယ်ဆိုရုံ …..။ ဒီတော့ အသုဘအိမ်ဖဲဝိုင်းက ဝါသနာရှင်လို ဘိုင်ကျလို့ ဘေးထိုင် ပြီး ဘုပြောနေရုံကလွဲပြီး ဘာမှမတတ်နိုင်…။ ဒီလိုနဲ့ ပြောင်းလဲလာတယ်ဆိုတဲ့ အပြောင်းအလဲ တွေ အကြောင်းရောက်သွားလေရဲ့…။ တစ်ကယ်ပြောင်းလဲလာတာလား ပြောင်းလဲတယ်ထင်ရုံလောက်ပြောင်းလဲလာတာလား ဆိုတာတွေလည်း ပါလာရဲ့….။ အဲဒိအချိန်မှာပဲ ကျောင်းဆရာ NWNN ဝင်လာတယ်…။
“ ကိုနေဝန်းနီ ဘာတွေ ချက်တင်ထိုင်နေကြတာလဲဗျ…..”
“ ဟာ…… ဆရာကြီး လာ……လာ ဒီမှာ ကျုပ်တို့ ပြောင်းလဲလာတယ်ဆိုတဲ့ အခြေအနေတွေကို ပြောနေတာ တစ်ကယ်ပြောင်းလဲလာတာလား ပြောင်းလဲတယ်လို့ ထင်နေကြတာလား ပြောနေတာ…. ဆရာကြီးတို့ ကျောင်းတွေ ကော သင်ရိုးတွေ ဘာတွေ ပြောင်းဦးမှာလား ရှေ့နှစ်ကျရင်……”
ဆရာ NWNN က ………….
“ ကျုပ်တို့ လောကမှာ စကားတစ်ခုရှိတယ်ဗျ…….. အဲဒါဘာလဲဆိုတော့ ပြောင်းလဲခြင်းများသည် မပြောင်းလဲခြင်းသာဖြစ်သည်တဲ့ ………..”
နေဝန်းနီလည်းစိတ်ဝင်စားသွားပြီး
“ အဟဲ……..လုပ်ပါဦး ဆရာရဲ့ ဘာတွေ ပြောင်းလဲလို့ ဘာကမပြောင်းလဲရတာလဲ………”
“ ဒီလိုဗျ….။ ပညာရေးစနစ် က နှစ်တိုင်းတစ်မျိုးမဟုတ်တစ်မျိုးပြောင်းလဲနေတာ အဲ မပြောင်းလဲတာက ဘာလဲဆိုတော့ ကျောင်းသားကော မိဘကော ဆရာပါ သူတို့ အာရုံ စိုက်နေတာက ဆယ်တန်းအောင်ရင် အမှတ်များများရဖို့ တစ်ခုပဲ အာရုံ စိုက်နေတာဗျ…။ တစ်ကယ်တတ်ဖို့ သိဖို့ မလိုဘူး…။ သူတို့ အာရုံစိုက်တာ ဒီနေ့လက်တွေ့ အခြေအနေအရ မမှန်ဘူးလာဆိုတော့ လည်း မှန်တာပဲ…။ ဆယ်တန်းမှာအမှတ်များမှလိုင်းကောင်းမှာကိုး…….။ ဒီတော့ လိုင်းကောင်းတာမကောင်းတာ ဆယ်တန်းအောင်စာရင်းအမှတ်နဲ ့ ခွဲတဲ့ စနစ်ပျောက်မှ ပညာရေးဘက်က ပြောင်းလဲလာမှာ ……။ ကျန်တဲ့ အပေါ်ယံတွေပြောင်းနေလို့တော့ ဒီလိုပဲ စခန်းသွားနေဦးမှာပဲ…။ ကျောင်းမှာသာ သင်ရိုးကိုအပြည့် သင်နေတာ ကျူရှင်တွေနဲ့ ဘော်ဒါတွေမှာ အမှတ်ပေး ဇယားကိုင်ပြီး သင်ရိုးတွေ ဖြုတ်ပစ်တာတွေ ရှိနေတယ်…။ ပြီးတော့ ကျုပ်တို့ ကျောင်းမှာ ဂီတ သင်ခန်းစားချိန်ရှိတယ်…။ ကွန်ပြူတာ သင်ခန်းစာ လည်းရှိတာပဲ…။ မီးကလာ သင်ထောက်ကူက မပြည့်စုံ ဆယ်တန်းစာမေးပွဲမှာ ထည့်ဖြေရမှာ မဟုတ်လို့ ဘယ်သူကမှ စိတ်မဝင်စား…။ ဒီတော့ အပေါ်ယံ ပြောင်းလဲမှုတွေထက် ဆရာဝန် ဖြစ်မှ တို့ အင်ဂျင်နီယာပဲလုပ်ချင်တာတို့ ဆိုတာတွေအရင် ဖျောက်ရဦးမယ်…။ အခုလက်ရှိကျောင်းသားတွေထဲမှာ မိုးလေသဝပညာရှင်ဖြစ်ချင်တဲ့သူမရှိဘူး ..။ ဓါတ်ခွဲခန်းမှူးဖြစ်ချင်တဲ့သူမရှိဘူး…။ အမှတ်အရ သူ့ဟာနဲ့သူ အမြင့်ဆုံးရောက်ချင်နေတဲ့သူတွေချည့်ပဲ….။ ဓါတုဗေဒဝါသနာပါလည်း သူ့အမှတ်က ဘူမိဗေဒ လောက်မှီ နေတယ်ဆိုလျှောက်လိုက်တော့တာ …။ ကျန်တာနောက်မှကြည့်ရှင်းပဲ…။ ဒီတော့ ဒီလိုအတတ်ပညာရှင်တွေလည်း လူတန်းစေ့နေနိုင်တယ်…။ မချို့ငှဲ့ကြဘူးဆိုတာ ဖြစ်အောင်အရင်လုပ်ပြရမယ်…။ အလုပ်အကိုင်တွေ ဘာသာရပ်နဲ့ အညီ ဖန်တီးပေးမယ်ဆိုရင်………………. အဲဒါမှ တစ်ကယ်ပြောင်းသွားမှာ……….။ နို့မို့ဆိုလို့ကတော့
ပြောင်းလဲခြင်းများသည် မပြောင်းလဲခြင်းများသာဖြစ်သည်…..။ဆိုတာက တည်မြဲနေဦးမှာပဲ………….။
(မှတ်ချက်….. ကျောင်းဆရာတစ်ယောက်ရဲ့ အမြင်တစ်ခုမျှသာဖြစ်ပါတယ်……….။ )
နေဝန်းနီ
18 comments
Thel Nu Aye
January 24, 2012 at 10:45 pm
အဲဒါတော့အတိအကျထောက်ခံတယ်။ ဆယ်တန်းမှာအမှတ်မကောင်းလို့ကတော့တသက်တကျွန်းကျလိုက် သလိုပါပဲ။ ပြန်အဖတ်ဆယ်လို့ကိုမရတော့ဘူး။ အသက်မွေးဝမ်းကြောင်းတခုခုမှမဝင်ရင်ရိုးရိုးဘွဲ့ကသုံးစားမရ သလောက်ဖြစ်နေတဲ့ပညာရေးကိုပြောင်းစေချင်နေတာကိုယ်တွေ့မို့ပါ။
kotun winlatt
January 24, 2012 at 11:07 pm
အစ်ကိုတော်ရေ…
ဆရာဦးအောင်သင်းပြောတဲ့စကားလေးကို သတိရသဗျားးးး
ကျက်လို့ အောင်တော့ ကျက္ကသိုလ်ရောက်သွားရောတဲ့…။
Khin Latt
January 25, 2012 at 4:52 am
~~~~ ဒီလိုအတတ်ပညာရှင်တွေလည်း လူတန်းစေ့နေနိုင်တယ်…။ မချို့ငှဲ့ကြဘူးဆိုတာ ဖြစ်အောင်အရင်လုပ်ပြရမယ်…။ ~~~
အဲဒါတကဲ့ကို မှန်ပါတယ်။
တစ်ချို့ဘာသာ တွေ ဆိုရင် ဘွဲ့ပညာ နဲ့ ဆိုင်တဲ့ အလုပ်ကိုတောင်မှ ဖန်တီးပေးထားတာ မရှိဘဲ။
ပညာရေး နဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆိုတာ ပညာရပ် အားလုံး နဲ့ မသက်ဆိုင်တော့လဲ မိဘကို အဆိုးမဆိုသာပါဘူး။
ခလေးမိဘတွေ ရဲ့ တိုက်တွန်းချက် နဲ့ဘဲ ခလေးတွေ အတော်များများ ဟာ သူတို့ ဝါသနာပါတာ ဘာလဲ ဆိုတာ မသိတော့ဘူး။
မိဘ ဘက်ကလဲ ကိုယ့်သားသမီး ကို လူတန်းစေ့ နေနိုင်တဲ့ နေရာကို တွန်းရမှာပါဘဲ။
ဝမ်းနည်းစရာက အဲဒီ မြန်မာပြည် ရဲ့ ထိပ်တန်းဘွဲ့ တွေဟာ တောင်မှ နိုင်ငံတကာ လက်ခံ အဆင့်အတန်း မမှီတာပါဘဲ။
စိတ်ဝင်စားစရာ ပါဘဲ ဆရာနေဝန်းနီရေ။
အချိန်ရရင် ပိုပြီးဆွေးနွေးချင်ပါတယ်။
kyeemite
January 25, 2012 at 10:23 am
ဒီအယူအဆကိုအပြည့်အဝထောက်ခံတယ်ဗျာ..
ပြောင်း…ပြောင်း…ပြောင်း…ပြောင်း…ပြောင်း…ပေးကြပါ။
Moe Z
January 25, 2012 at 12:20 pm
ဘဘနီရေ မှန်ပါတယ် ကလေးတစ်ယောက်တော်တယ်မတော်ဘူးဆိုတာကို စာမေးပွဲမှာ အဆင့်ဘယ်လောက်ရတယ်ဆိုတာနဲ့ချိန်ထိုးတတ်ကြတာကို ပြင်သင့်ပါတယ်
ကြီးလာရင်ဘာလုပ်ဆိုပြီး ငယ်ငယ်ကတည်းက ခေါင်းထဲရိုက်သွင်းကြတာမျိုးကိုလည်း မဖြစ်စေချင်ပါ
ကျောင်းဆရာတစ်ယောက်ရဲ့အမြင်က အင်မတန်အရေးကြီးတဲ့နေရာမှာပါ
ခံယူချက်အတိုင်း ပြုမူကြတာမို့လို့ ကျောင်းသားတွေအပေါ်အများကြီး သက်ရောက်ပါတယ်
ိမိုးစက်ကတော့ ကံကောင်းလို့ဘဝတစ်လျှောက်လုံးမှာ ဆရာကောင်းတွေတော်တော်များများနဲ့ကြုံခဲ့ရပါတယ် ၆တန်းနှစ်က နယ်မြို့လေးတစ်မြို့မှာနေရတယ် တစ်ရက်တော့ အင်္ဂလိပ်စာအချိန်မှာ ဆရာကအရှေ့ကနေ vocabulary တွေကို blackboard မှာရေးပေးနေတယ် drawn ဆိုတဲ့စကားလုံးလေးကို ဆရာက ရေနစ်သည်လို့ရေးပေးထားတယ်
မိုးစက်က အဲဒီစာလုံးရဲ့ဘေးမှာ လူတစ်ယောက်ရေနစ်နေတဲ့ပုံကိုဆွဲလိုက်တယ် လက်နှစ်ဖက်မြှောက်ပြီး help လို့အော်နေတဲ့ပုံ၊ အဲဒါကိုဘေးကသူငယ်ချင်းတစ်ယောက်ကတွေ့ပြီး ဆရာဒီမှာစာမရေးပဲ ကျောင်းစာအုပ်ထဲမှာပုံဆွဲနေတယ်လို့တိုင်လိုက်တယ်၊ တစ်တန်းလုံးကဝိုင်းကြည့်လို့ပေါ့ ဆရာဘယ်လိုအပြစ်ပေးမလဲဆိုတာလဲ စိတ်ဝင်စားနေကြတယ်၊
ဆရာက မိုးစက်ရဲ့စာအုပ်ကိုယူကြည့်ပြီး အဲဒါ creation လို့ခေါ်တယ်တဲ့၊ အဲဒီစကားလုံးကို ပထမဆုံးအကြိမ်စသိပြီး ဘာသာပြန်စရာမလိုပဲ နားလည်ခဲ့ရတယ်၊ တကယ်လို့အဲဒီတုန်းက ဆရာကသာ အပြစ်ပေးခဲ့မယ်ဆိုရင် စိတ်ထဲမှာ ဒဏ်ရာတစ်ခုတော့ရသွားမှာပဲ…..
(ကျောင်းဆရာတစ်ယောက်ရဲ့အမြင်တစ်ခုမျှသာဖြစ်သည်ဆိုလို့ပါ)
Moe Z
January 26, 2012 at 8:47 am
အမှားပြင်ဆင်ချက်။ ။
ဘဘနီရေ drawn အစား drown လို့ပြောင်းဖတ်ပေးပါ။
ဆရာဆိုရင်တော့ လျှပ်စီးလက်နေတာပဲလို့အပြောခံရတော့မယ် 😀
windtalker
January 25, 2012 at 12:31 pm
ပြောင်းလဲ
ဖယောင်းခဲ
မောင်းဆွဲ
မြောင်းထဲ
ကျောင်းငနဲ
ဂျောင်းဘဲ
ဖားသက်ပြင်း
January 25, 2012 at 12:39 pm
ထောက်ပြသွားတဲ့ အချက်ကလေးက အလွန် ထိမိတာမို့
လေးစားပါတယ် အဘနီရေ……..
ဖတ်သွား မှတ်ထား ပါတယ်နော..
ခင်တဲ့
ကျောက်ဆင်းတုခေါင်းငြိမ့် ဖားသက်ပြင်း
စိန်ပေါက်ပေါက်
January 25, 2012 at 5:13 pm
ကိုနီရေ
ပြောပြောကတည်းက စောသင့်တယ်ဗျ
ကျနော်ဆို ဆယ်တန်းအောင်ရင် ပြီးရော..တက္ကသိုလ်က ဘလိုဖြေဖြေ ဘွဲ ့တစ်ခုရတယ်..
ဆယ်ဒန်းအောင်အောင်သာလုပ် ဆိုလို ့..ကျနော့်ခေါင်းထဲ ဆယ်တန်းကလွဲပြီးကျန်တာ ဘာမှသိဘူး..ခုချိန်ထိပဲဗျာ
ဒီလိုမဖြစ်အောင်ပညာပေးသင့်တယ်ဗျို ့
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 25, 2012 at 7:35 pm
ကျောင်းဆရာတစ်ယောက်ရဲ့အမြင်ကို နှစ်သက်သဘောကျ ထောက်ခံမိပါရဲ့
ကျွန်တော်လည်း ၁ဝ တန်းအဆင့်က ကျော်လွန်ဖို့ အဓိကဆိုတဲ့ အထဲမှာပါခဲ့တယ်ဗျ ….
ကံကောင်းတာလား ဆိုးတာလားမသိဘူး ကျွန်တော်က ကျက်ပြီးဖြေရတဲ့စာမေးပွဲ ဒါကျက် ဒါမေးဆိုတဲ့ စာမေးပွဲတွေကို ဆန့်ကျင်သူတစ်ယောက်ဗျ
ဒါကြောင့်လည်း ၁ဝ တန်းမှာ ကိုယ်စိတ်ပါရာတွေပဲ လေ့လာမိတယ် ကံကောင်းချင်တော့ စာမေးပွဲအောင်က လိမ်ဖယ်လိမ်ဖယ်နဲ့ အောင်တဲ့အထဲပါရော
ဒါနဲ့ အဲဒီတုံးက ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းပြုလို့ရတဲ့ မေဂျာတစ်ခုကို ယူခဲ့ပြန်ရော …. ခက်တာက စာမေးပွဲတွေမှာ ဒါမေး ဒါကျက် ဒါဖြေ ဒါနဲ့ပဲ အောင် ဆိုတဲ့ ကိစ္စတွေကို မကြိုက်သူတစ်ယောက်မို့ ၁ဝ တန်းအောင်ရင် ကျောင်းပြီးပြီဆိုတဲ့ လူရွှင်တော်ရဲ့ ပျက်လုံးဟာ ကျွန်တော့်အတွက် မမှန်ခဲ့ပါဘူး ခြေချော်လက်ချော် ဖြစ်ရင်း ကျောင်းပြီးလာခဲ့တယ်ပေါ့ … အဲဒီမေဂျာက အမှန်တော့ အသက်မွေးမှုတွေမှာ အဲဒီခေတ်တုန်းက အကျင့်ပျက်တဲ့သူ အများဆုံးလို့ထင်မိတယ် …. အဲဒါနဲ့ စိတ်မပါတော့ဘဲ နောက်ထပ် အသက်မွေးဝမ်းကျောင်း ကျောင်းတစ်ခုကို တက်ခဲ့ပြန်တယ် … အဲဒီမှာလည်း ဘာသာရပ်တစ်ခုက (ကျွန်တော်သဘောကျတဲ့ဘာသာရပ်တစ်ခုပါပဲ) နောက်ထပ်အသစ်သင်တဲ့ ဆရာတစ်ယောက်က ဒါသင် ဒါကျက် ဒါမေး ဒါဖြေ ဆိုတာကို ရွဲ့ပြီး သင်သမျှ မလုပ်မိတော့ ဆပ်ပလီထိခဲ့ပြန်ပါသေးတယ် …. ဆရာကို စော်ကားတာတော့မဟုတ်ပါဘူး ဆရာကလည်း စေတနာနဲ့ပါ ကျွန်တော်တို့တွေဟာ အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုကို တတ်မြောက်ဖို့ လူအား အချိန်အား ငွေအား အကုန်လုံး ရင်းပြီး တက်လာရတော့ (ဝေးလံတဲ့ဒေသက သူတွေလည်းပါတော့) အချိန်တန်ရင်အောင်စေချင်တဲ့စိတ်နဲ့ပေါ့ …. အခုတော့ ဒါသင် ဒါကျက် ဒါမေး ဒါဖြေ ဆိုတဲ့ ကိစ္စတွေကို တွန်းလှန်ဖို့ အမြတ်ဆုံးလို့ပြောကြတဲ့ အသက်မွေးဝမ်းကြောင်း လောကထဲကို ဝင်ရောက်ခဲ့ပေမယ့်လည်း ကိုယ်က ဘာကောင်မှ မဟုတ်ပြန်သေးတော့ ကိုယ့်ပတ်ဝန်းကျင်မှာပဲဗျာ ……..
“စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” တဲ့
ကျွန်တော်တို့တွေ စိတ်ဓာတ်ကလေးတွေက စတင်ပြီး ………………………………………………………………………..
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
January 25, 2012 at 7:40 pm
ဆယ်တန်းအောင်မှ …
ဘယ်နှစ်မှတ်ရမှ …… ဆိုပေမယ့် အမှတ်အပေါ် မူတည်ပြီး အမြင့်ဆုံး တက္ကသိုလ်တွေကို ထိပ်ဆုံးထား လျောက်ကြတာပါပဲ။ ကိုယ် တကယ်ဝါသနာ ပါတာကို ဘေးချိတ်ပြီး မိဘတွေ လျောက်ခိုင်းတဲ့ အတိုင်း ကျောင်းသားတွေက လျောက်ကြတယ်။ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း ကိုယ် ဘာကို ဝါသနာ ပါလဲဆိုတာ မသိဘူး ဖြစ်နေတာက များပါတယ်။ ဒါကြောင့် နားအေး ပြီးရော မိဘ လျောက်ခိုင်းတဲ့ လိုင်းကို လျောက်လိုက်ကြတာပဲ။ တက္ကသိုလ် ဆိုတာလည်း ကျောင်းသား အများစုရဲ့ မျက်စိထဲမှာ အလွန် အင်မတန်မှ လွတ်လပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုလို့ပဲ မြင်ကြပါတယ်။ ဒါဖြင့် တကယ့် ပညာတတ်၊ တကယ့် အတတ်ပညာရှင် ဆိုတာ … ကျုပ်တို့ မြန်မာပြည်မှာ … တက္ကသိုလ် ဆိုတာကြီးတွေက ပေါက်ဖွားလာနိုင်ပါဦးမလား …. ။ ဘွဲ့တော့ ရခဲ့ပါတယ် … ။ တကယ်ရော တတ်ခဲ့ရဲ့လား ဆိုတော့ ….. ။
ကျုပ်တို့ မြန်မာပြည်ရဲ့ ပညာရေး စနစ်ကြီးကို အမြန်ဆုံး ပြင်သင့်ပြီဗျာ … ။ ဘက်စုံထောင့်စုံ ကနေပေါ့။
small cat
January 25, 2012 at 9:59 pm
“လိုင်းကောင်းတာမကောင်းတာ ဆယ်တန်းအောင်စာရင်းအမှတ်နဲ ့ ခွဲတဲ့ စနစ်ပျောက်မှ ပညာရေးဘက်က ပြောင်းလဲလာမှာ ”
ဒီအကြောင်းကျနော်ပြောဖို့ကြိုးစားနေတာဗျ၊ တချို့ ကလေးတွေ ဝါသနာလည်းပါတယ်၊အခြေခံ(ဆက်စပ်မှု၊နီးစပ်မှု)လဲရှိပါရဲ့သားနဲ့ အမှတ်မမီလို့ သင်ခွင့်မရ၊ လက်မှတ်မရလိုက်ကြတာတွေရှိတယ်၊ တကယ်သူတို့ ဝါသနာပါတဲ့ ပညာရပ်ကို သင်ခွင့် လုပ်ခွင့်ရသွားကြရင် တော်တော်ကောင်းမယ်ဗျာ။
ကြောင်ကြီး
January 26, 2012 at 9:40 am
မပြောင်းလဲ
အဟောင်းစွဲ
ဂျောင်းကနဲ
မြောင်းထဲ..။
char too lan
January 26, 2012 at 1:39 pm
ထိပ်ကနေအဲ့လိုပိတ်ထားတာဆိုတော့
မပြင်ပေးသ၍ ကာလပတ်လုံး
ကျော်နိုင်ရင်ကျော်သွား
မကျော်နိုင်ရင် ငုံ့သွားရမှာပဲ 🙁
etone
January 26, 2012 at 4:41 pm
အဘနီရေ … တစ်ချို့သော ဘာသာတွေ ၊ ပညာရပ်တွေ ၊ ပညာရှင်တွေရဲ့ သဘော သဘာဝက အပြင်လူတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတာရယ် .. လုပ်ငန်းသဘောသဘာဝနားမလည်တာရယ်ကြောင့် … အားကျလိုစိတ်မဖြစ်တာ … ဖြစ်ချင်စိတ်မဖြစ်တာလို့ ထင်ပါတယ် … ။ ရုပ်ရှင်တွေမှာ .. များများ ထည့်ရိုက်ပေးရမယ် … ဓာတုဗေဒပညာရှင်တို့ … အားကစားနည်းပြတို့ … စသည်ဖြင့်ပေါ့ 😀
သူများနိုင်ငံတွေမျာ ကုမ္ပဏီဝန်ထမ်းထက် ..အစိုးရဝန်ထမ်းဖြစ်ချင်လွန်းကြတယ် … ။ အထောက်ပံ့နဲ့ လစာလည်းကောင်းပြီး အဆင့်မြင့်တယ်လို့ … ကျွန်မတို့ ရုံးခွဲ .. ရှန်ဟိုင်းက တရုတ်မတွေပြောဖူးတယ် … ။
အလုပ်တူတူလုပ်တဲ့ တရုတ်မလေး .. အစိုးရအလုပ်ရလို့ ခုန်ပေါက်ပြီး အလုပ်ထွက်သွားတာလည်း ကြုံဖူးတယ် … ။သူတို့နိုင်ငံမှာ အစိုးရအလုပ်ဆိုလျှင ်ဘယ်နေရာပဲ ရရ အဆင့်တန်းမြင့်ပြီး … လစာလည်းကောင်း ၊ စနစ်လည်းကျလို့ .. လူတိုင်း လုပ်ချင်ပေမယ့်.. အရည်ချင်း အစစ်မှန်နဲ့ လစ်လပ်နေရာကိုကြည့်ပြီး အလုပ်ခေါ်တာမို့ .. အလုပ်ဝင်ရမလွယ်ပါဘူးတဲ့လေ .. ။
naywoonni
January 26, 2012 at 6:09 pm
ကျွန်တော်တို့တွေဟာ အပြင် အကာပြောင်းလဲမှုထက် တစ်ကယ်တမ်း အနှစ်သာရ ပြောင်းလဲမှုကို တွေ့မြင်ချင်ကြတာပါ…။
water-melon
January 26, 2012 at 7:23 pm
သင်ထောက်ကူပစ္စည်းများများဝယ်ပေးပါရှင့်
naywoonni
January 26, 2012 at 7:33 pm
လိုအပ်တာတွေ စာရင်းပြုစုပြီးတင်စေဗျား …..။ ပညာရေးဝန်ကြီးဆီကိုပြောတာနော်………… 😛