Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ကျန်းမာပါရဲ ့လားမိတ်ဆွေ”

TTNUJanuary 25, 20121min75228

ကျန်းမာပါရဲ ့လားမိတ်ဆွေ

“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုစကားရှိပါတယ်။
နေမကောင်းထိုင်မသာဖြစ်တော့မှ ကျန်းမာခြင်းရဲ ့တန်ဖိုးကို ကျမတို့ သိလာကြတယ်။
နေကောင်းနေလို့ကတော့ အစားအသောက်လည်းမရှောင်၊ ရေချိုးမိုးချိုးလည်းမရွေး၊
အိပ်ရေးပျက်တာလောက်ကတော့ အေးဆေးပါ ဆိုပြီး ပေါ့ဆတတ်ကြပါတယ်။

ကျမတို့လို အရွယ်လွန်တွေ … အထူးသဖြင့် ကျမပါ၊ (ငါ မအိုသေး..) စိတ်နဲ့
မာန်တင်းနေသလားပါပဲ။ မနှစ်ကအထိကျုံးတစ်ပါတ်စက်ဘီးစီးကောင်းတုန်း။ နောက်ပိုင်း
ဟိုနားက ဝှီးခနဲ ဆိုင်ကယ်တစ်စီးဖြတ်၊ ဒီနားကဝှီးခနဲကားတစ်စီးကျော်နဲ့ ကြာတော့
စက်ဘီးလက်ကိုင်လေးယိုင်တိုင်တိုင်ကိုင်ရင်း ဖြစ်သေးပါဘူးလေ ဆိုပြီး ကျမစက်ဘီးလေး
ကို ခဏအနားပေး၊ လမ်းလေးပဲလျှောက်နေတာပါ။

ကျမတို့တွေ တကယ်သရိုးသရီနေမကောင်းပြီဆိုမှ ဆရာဝန်ဆီပြေးတတ်ကြပါတယ်။
ခေါင်းလေးအုံတုံတုံ လောက်ဆိုရင် ပရုပ်ဆီဟိုပွတ်ဒီပွတ်နဲ့ ပျောက်သွားပြီလို့ ထင်နေတာ။
ဆက်ကိုက်ခဲဖျားနာတော့မှ ဆရာဝန်ဆီပြေး၊ သွေးချိန် ဘာညာချိန်တော့မှ သွေးတိုးနေပြီ၊
အဲဒီတော့မှ အစားအစာတွေရှောင်ကြ၊ လမ်းတွေလျှောက်ကြ၊ တစ်ပွဲထိုးတွေ ထလုပ်ကြတော့
တာပါပဲ။

ကျမအမေပြောသလိုပဲ၊ မီးတွင်းထဲ တက်စာမစားရဘူးဆိုကာမှတဲ့ ငါးသလောက်ဆီပြန်ချက်
လေးနဲ့ ၊တမာချဉ် ငါးပိရည်ကြို တို့မြုပ်စားချင်လိုက်တာအေ၊ မပြောပါနဲ့တော့တဲ့။ လူစိတ်ကလေ မတည့်တာများတယ်စားချင်သကိုး။ အသက်ကြီးလာလို့ သွေးတွေတိုးလာပြီ
ဆိုကာမှ ဝက်သားဆို အဆီ အခေါက်မှစားချင်ကြတယ်။ ( သွားမကောင်းတော့ အသားလည်း
မဝါးနှိုင်တော့ဘူးကိုး။

ဆီးချို ရှိမှာ စိုးရိမ်တဲ့ကြားက ကြံသကာ၊ ထန်းလျက်ခဲလေးမှ မြုံ ့ချင်ကြတယ်။ဗမာပီပီ
အထူးသဖြင့် အောက်သူအောက်သားပီပီ ငါးပိရည်ကြိုနဲ့ အတို့အမြုပ် မပါရင် ထမင်းဝိုင်းကြီးဟာ ကန္တာရကြီးများလားထင်မိပါတယ်။

သူများအိမ်ထမင်းစားဖိတ်လို့ ဟင်းတွေများပေါ့နေရင် စားလို့တွေမကောင်းသလိုလို
အိမ်ပြန်ရောက်ရင် တစ်ထပ် ထပ်စားမိတော့ မလိုလိုပါပဲ။

ငါးပိ၊ငါးခြောက် အလွန်ကြိုက်တဲ့ ကျမတို့ မြန်မာစရိုက်က အတော်နဲ့ ဘယ်ပြင်လို့ ရပါ့မလဲ။
ငါးရံ ့ခြောက်ဖုတ်လေးဆီဆမ်း ထမင်းကြမ်းနဲ့ နံနက်စာစားရတာကို ကျမတို့ ဒိုးနတ်နဲ့ မလဲ
နှိုင်ခဲ့ကြဘူးလေ။

ဒညင်းသီးကတက်စာနော်၊ မတည့်ဘူးပြောနေရင်းနဲ့ ဒညင်းသီးထောင်း ပြားပြားလေးပေါ်
အုန်းနို့ဆမ်းရောင်းတဲ့အသည်တွေ တွေ့ရင် ဝယ်စားချင်လွန်းလို့ လည်တပြန်ပြန်နဲ့၊ ကောက်
ညင်းပေါင်းကိုအကြော်နဲ့ ပူပူနွေးနွေးလေးစားနေရင်းက ပုစွန်ခြောက်နိုင်နိုင်ပါတဲ့ ငါးပိကြော်
လေးနဲ့ ထပ်တို့စားချင်နေသေးတာ။

ဒီလိုဒီလိုနဲ့ ကာလကြာရှည်မှာ ကြောက်စရာသွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ စတဲ့ ရောဂါစုံ
တို့ဟာ ကျမတို့ကိုရန်သူဝိုင်းသလို လာဝိုင်း တော့တာပေါ့၊ တစ်ချက်သတိလစ်တာနဲ့
တစ်သက်စာ ဆွဲ စားသွားမယ် လို့ ဟန်ပြင်နေကြပြီပေါ့။

သတိရှိရှိနဲ့လေ့ကျင့်ခန်းလေးဘာလေးလုပ်၊ အချိုလျှော့၊ အငန်လျှော့ စသဖြင့် ကြိုတင်
အခင်းအကျင်းလေးဘာလေးလုပ်ထားရင်တော့ စည်းကလေးနည်းနည်းလုံသလိုလိုပေါ့နော။
ကျမ မိတ်ဆွေ ဆရာဝန်တစ်ယောက် အကြံပေးတာကတော့ အလွယ်ဆုံးမှတ်ထားရမှာ
ကတော့ (s) သုံးလုံးပါတဲ့။
(1) Salt ဆား
(2) Soda ဆိုဒါ
(3) Stress စိတ်ဖိစီးမှု
ဒီသုံးခု ဂရုစိုက်ပြီးရှောင်ပါတဲ့။

ဒါအပြင် ကျမတို့ နေ့စဉ်နေထိုင်မှုပုံစံလေးတွေကလည်း ကျန်းမာရေးအတွက် အရေးကြီးတာ
အမှန်ပါ။ အနေအထိုင်ပုံစံပေါ်မှာမူတည်ပြီး ကျန်းမာရေးလိုက်စားတယ်၊ မလိုက်စားဘူး
ရှိသေးတာကိုး။

Jack C. Richards ပြောတဲ့ လူ(၃)မျိုးကတော့
(1) Couch Potato
(2) Fitness Freak
(3) Sports Fan တို့ဖြစ်ပါတယ်။

Couch Potato ဆိုတဲ့လူမျိုးက တစ်နေကုန် တီဗီစက်ရှေ ့မှာထိုင်ပြီး မလှုပ်မရှားနေတတ်သူ
မျိုးဖြစ်ပါတယ်။
Fitness Freak ဆိုတဲ့လူမျိုးကတော့ အားကစားမျိုးစုံကို အသည်းအသန်လေ့ကျင့် ကစားနေ
တတ်သူဖြစ်ပါတယ်။
Sports Fan ကတော့ ဘာမှမကစားပါဘူး။ ဒါပေမဲ့ ဘယ်အားကစားအကြောင်းမဆိုသိတယ်။
အားကစားဂျာနယ်၊မဂ္ဂဇင်း ဘာမဆိုဖတ်တယ်၊ ESPN, Sports စသဖြင့် အားကစားရုပ်သံလှိုင်း
အကုန်ကြည့်သူ၊ အားကစားသမားကအစ သူတို့ဘဝဇာတ်ကြောင်းအကုန်သိသူ ဆိုတဲ့
လူမျိုးဖြစ်ပါတယ်။

ဒီ(၃)မျိုးစလုံး ကျန်းမာရေးအတွက် အထောက်အကူ မပေးနှိုင်ပါဘူး။ ကျမတို့ ရှေးစကားအရ
ကတော့အသက်ဉာဏ်စောင့်သတဲ့။ ကျမတို့ တတ်နှိုင်သမျှ စားသုံးမဲ့ အစားအစာနဲ့ အာဟာရ
မျှတဖို့၊ အချိန်မှန်ဖို့၊ ကိုယ်ကာယလေ့ကျင့်ခန်းကို မိမိအသက်နဲ့ ခံနှိုင်စွမ်းနဲ့ မျှတအောင်လေ့ကျင့်ဖို့၊ ကျန်းမာရေးဗဟုသုတတွေ ပြည့်ဝကြဖို့ လိုနေမယ် ဆိုတာ မငြင်းနှိုင်ပါ။

မိတ်ဆွေရော အပေါ်ကပြောပြခဲ့တဲ့ Couch Potato, Fitness Freak, Sports Fan
တစ်မျိုးမျိုးထဲမှာပါနေပြီလားဟင်။ ဒါမှမဟုတ် ကျန်းကောကျန်းမာပါရဲ ့လားဆိုတာကို
မေးခွန်းလွှာလေးဖြေကြည့်ရအောင်နော်။

(၁) သင့်အစာနှင့် အာဟာရ
(က) တစ်နေ့ ဘယ်နှစ်ခါ အစာစားပါသလဲ
1. နည်းနည်းချင်း (၄) ကြိမ်၊ (၅) ကြိမ် ………….. (၅ မှတ်)
2. (၃) ကြိမ်…………………….. (၃ မှတ်)
3. (၁) ကြိမ် ၊ (၂) ကြိမ်……………. (ဝ မှတ်)

(ခ)နေ့စဉ်အချိန်မှန်မှန် ဘယ်လိုစားသလဲ
1. အမြဲတမ်း …………………….. (၅) မှတ်
2. များသောအားဖြင့် ………………… (၃) မှတ်
3. ကြုံသလို …………………….. (၀) မှတ်

(ဂ) နေ့စဉ် ဟင်းသီးဟင်းရွက် သို့မဟုတ် အသီးအနှံ ဘယ်လောက်စားသလဲ
1. (၅) မျိုး ……….. (၅) မှတ်
2. (၁) မျိုးမှ (၄) မျိုး … (၃) မှတ်
3. ဘာမှမစား ………. (၀) မှတ်

(ဃ) အာဟာရမဲ့ အစားအစာ (Junk Foods) တွေ ဘယ်လောက်စားသလဲ
1. မစားသလောက် ………(၅) မှတ်
2. ပျှမ်းမျှ ………….. (၃) မှတ်
3. အများကြီး ………… (၀) မှတ်

(င) ဗီတာမင်ဆေးသောက်သလား
1. နေ့တိုင်း …………. (၅) မှတ်
2. တစ်ခါတစ်ရံ ………. (၃) မှတ်
3. လုံးဝ …………… (၀) မှတ်

(၂) ကိုယ်ကာယ လေ့ကျင့်ခန်း
(စ) လေ့ကျင့်ခန်း သို့မဟုတ် အားကစား ဘယ်နှစ်ခါလုပ်သလဲ
1. တစ်ပတ် (၃) ကြိမ် နှင့် အထက်…………(၅) မှတ်
2. တစ်ပတ် (၁) ကြိမ်၊ (၂) ကြိမ် ………. (၃) မှတ်
3. တစ်ခါမှ မလုပ် ………………….. (၀) မှတ်

(ဆ) ဘယ်လိုလေ့ကျင့်ခန်မျိုးလုပ်သလဲ
1. ခန္ဓာကိုယ် အလေးချိန်ညှိတဲ့ လေ့ကျင့်ခန်းမျိုးနဲ့ အေရိုးဘစ် … (၅) မှတ်
2. တစ်ခုခု ……………………………….. (၃) မှတ်
3. ဘာမှမလုပ် ……………………………….(၀) မှတ်

(ဇ) လေ့ကျင့်ခန်းဟာ ဘယ်လောက်အရေးပါသလဲ
1. အရမ်းအရေးပါ ………. (၅) မှတ်
2. တော်ရုံမျှသာ ……….. (၃) မှတ်
3. လုံးဝ အရေးမပါ ……… (၀) မှတ်

(၃) ကျန်းမာရေး
(ဈ) ကိုယ်အလေးချိန်
1. မိမိအသက်အရွယ်၊အရပ်နဲ့ကိုက်မဲ့အလေးချိန်ထက်(၆)ပေါင်/(၃)ကီလိုလျော့ (၅) မှတ်
2. မိမိအသက်အရွယ်၊အရပ်နဲ့ကိုက်မဲ့အလေးချိန်ထက်(၁၀)ပေါင်/(၄.၅)ကီလိုလျော့ (၃) မှတ်
3. မိမိအသက်အရွယ်၊အရပ်နဲ့ကိုက်မဲ့အလေးချိန်ထက်(၁၂)ပေါင်/(၅.၅)ကီလိုလျော့ (၀) မှတ်

(ည) ကာယစစ်ဆေးမှု ဘယ်နှစ်ခါလုပ်သလဲ
1. တစ်နှစ်တစ်ခါ …………… (၅) မှတ်
2. (၂)နှစ်၊ (၃)နှစ် တစ်ခါ …….. (၃) မှတ်
3. တစ်ခါမှ မလုပ် …………… (၀) မှတ်

(တ) အိပ်လို့ပျော်ရဲ ့လား
1. အမြဲတမ်း …………….. (၅) မှတ်
2. တစ်ခါတစ်လေ …………… (၃) မှတ်
3. မပျော်တာများ ……………. (၀) မှတ်

အမှတ်ပေါင်း (၄၆ – ၅၅) တော်။
အမှတ်ပေါင်း (၃၁- ၄၅) ကောင်း။
အမှတ်ပေါင်း (၁၆- ၃၀) ပျှမ်းမျှ အောက်။
အမှတ်ပေါင်း (၁၅ နှင့် အောက်) ကျန်းမာသန်စွမ်းရန်လိုသေး။

ကဲ မိတ်ဆွေတို့ရေ… အမှတ်ဘယ်လောက်ရလဲဟင်။

28 comments

  • TTNU

    January 25, 2012 at 10:57 am

    မိတ်ဆွေတို့ရေ…
    ကျန်းမာပါရဲ ့လားကွယ်။
    ကျမလေ ဒီ ပို့စ်လေးကို တင်မဲ့အရေး ခနက်ရှင်း(၁၄)ခါပြုတ်ကျတာ ယုံကြပါရဲ ့လား။
    Publish ရိုက်လိုက်ပြီးမှ ပြုတ်ကျသွားလို့ တစ်ခေါက်ထပ်တင်ရပြန်တယ်။
    Questionnaire ကို ပုံစံကျအောင် Bold တွေ၊ Italic တွေ ၊ ပေးမှတ်တွေကိုလည်း
    ညီနေအောင်ညှိပြီးသားရယ်၊ အခုတော့ စုတ်ပလုတ်တုတ်လေးပဲတင်လိုက်ရပါတော့တယ်။

    မေတ္တာရှိရင်းစွဲမို့ ခွင့်လွှတ်၍ ဆက်ဆက်ဖတ်ပေးတော်မူကြပါနော်။ 😛

  • manawphyulay

    January 25, 2012 at 11:05 am

    အင်း တီချယ်ကြီး ပြောမှပဲ အကုန်ပြန်စစ်ဆေးရတော့မလိုဖြစ်နေပြီ တီဗီရှေ့တော့ တစ်နေကုန်မထိုင်ပေမယ့် ကွန်ပျူတာရှေ့တော့ တစ်နေကုန်ထိုုင်ပြီး အစားအစာကလည်းနည်းနည်းပဲ အိပ်လို့လည်းမပျော်နဲ့ ဘယ်လိုလုပ်ရမှန်းမကိုမသိဖြစ်နေမိတာပါရှင်။

  • kotun winlatt

    January 25, 2012 at 11:12 am

    ဟီးးးးးး အမှတ်အရတော့ ကျနော်သည်..ကျန်းမာသူတစ်ယောက်
    မဟုတ်သလို အသက်ရှည်ရှည်နေရမည်မဟုတ်ကြောင်းပါခင်ဗျာ..
    အောင်မှတ်မဆိုတားနှင့် ပျမ်းမျှအောက် နှစ်မှတ်ပင်လျှော့နေပါသေးကြောင်း
    တီတီနုရေ ….

  • pooch

    January 25, 2012 at 11:12 am

    တီချယ်ရေ ၃၃ မှတ်ရတယ် ။ အနော်ကတော့ ချူချာလွန်းလို့ တခါတခါ ၄ဝ လောက်ထိနေနိုင်ရင်ကို တော်လှပြီ ထင်မိတာပဲ။ 😛
    ဒါကြောင့်မို့ ဒို့အရေး မအော်ဘူး သူတို့ အရေးပဲ အော်တယ် :mrgreen:

    ယုံတယ် တီချယ် အနော် ကွန်းမန့်လေး ပေးချင်တာကို အတော်လေးသီးခံပြီး ရေးရတယ် ။ ရေးလိုက် ပြုတ်ကျလိုက် နဲ့ အတူတူပဲ။ ဒါကြောင့် စောင့်ရတဲ့ ပုံပါတဲ့ စာတွေဆို ကြည့်ရုံကြည့်ပြီး မပေးနိုင်ဘူး။ ဒီရက်ပိုင်း ဝင်မန်းချင်ပေမဲ့လည်း တော်တော်များများကို စိတ်လျှော့ထားရတယ်။ ပြုတ်ပြုတ်ကျနေလို့ စိတ်ကုန်တယ်။ 🙁

  • Moe Z

    January 25, 2012 at 11:13 am

    တီချာရေ သမီးဖြေကြည့်တာတော့ 31 မှတ်ရတယ်
    အစားအသောက်ကတော့ ဘယ်လိုပဲအချိန်မှန်အောင်ကြိုးစားပေမယ့် တစ်ခုခုကိုအာရုံဝင်စားသွားရင် ခဏခဏအချိန်လွန်သွားတတ်တယ် “S” သုံးလုံးမှာ နှစ်လုံးကိုတော့လုံးဝရှောင်နိုင်ပေမယ့်
    Stress ကိုတော့ ခဏခဏလက်ခံမိလျက်သားဖြစ်နေတော့ ကြိုးစားပြီးထိန်းနေပါတယ်…

  • windtalker

    January 25, 2012 at 12:23 pm

    “ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ”
    “ ဆရာမကြီး အဆိုအတိုင်း နေ ့တိုင်းစား ”

  • aungnng87

    January 25, 2012 at 12:39 pm

    တီချယ်ရေ..ကျနော်တော့ 36 မှတ်ရတယ်။ အလုပ်ကတော့ ကွန်ပျူတာရှေ့ထိုင်ရတဲ့အလုပ်ဆိုတော့.ဒီနှစ်ထဲမှာ ဗိုက်ကတော့တော်တော်ထွက်လာတယ်။ အဲဒါကိုကြည့်ရင်းကြည့်ရင်းနဲ့ဘဲ အစားလျှော့စားပါမယ်ဆိုမှ ပိုစားကောင်းနေတော့ တော်တော်ခက်တယ်။ အဲဒါကြောင့်ကိုရီးယားကားကြည့်ကြည့်နေရတယ်။ ကိုရီးယားမင်းသမီးတွေက ပိန်ပိန်လေးတွေဆိုတော့ သူတို့ ကြည့်ပြီးပိန်ချင်စိတ်ပေါက်အောင်လို့။

  • weiwei

    January 25, 2012 at 1:23 pm

    အမှတ် ၃၃ မှတ်ရသွားလို့ စိတ်ချမ်းသာသွားမိပါတယ် .. ဒါတောင် အားကစားကို လုံးဝ (လုံးဝ) မလုပ်ဖြစ်လို့ အဲဒီအမှတ်တွေ သုညဖြစ်သွားလို့ …

  • Novy

    January 25, 2012 at 2:25 pm

    39 မှတ်ရလို့ ငါကွ ဖြစ်သွားပါတယ်
    ကျေးဇူးပါ တီတီနုရေ.

  • etone

    January 25, 2012 at 3:19 pm

    တီချယ်ကြီးရေ .. ကျွန်မကတော့ လူကတော့ ကျန်းမာပါတယ် .. ။
    တစ်ခါတစ်ရံ စိတ်ဖိစီးမှုတွေနဲ့ .. စိတ်တိုရတာလေး နည်းနည်းကြောင့် .. စိတ်မကျန်းမာချင်သလိုလို (ရူးချင်ချင်) ဖြစ်နေပါရဲ့ …. ။ လုပ်တိုင်းလည်း မဖြစ်တဲ့… ဒီလောကမှာ .. တစ်နဲ့တစ်ပေါင်းလျှင် .. နှစ်ရမယ်လို ့ဖော်ဖြူလာ ထွက်ရဲ့သားနဲ့ … နှစ်မဖြစ်တာကို .. ရှာကြံဒေါသထွက်နေရတာလည်း .. မောလှပြီ … ။

    ဒီရက်ပိုင်း စိတ်ဖိစီးမှုနည်းနည်းများတာကြောင့် .. အစားများများစားဖြစ်တယ် … ။ မယုံနိုင်လောက်အောင ်ဒီအပတ်ထဲ … တစ်ရက်ကို 0.4 lb လောက်တပ်လာတာတွေ့ရတယ် … ။ အရင်က 105-110 lb လောက်သာ ရှိခဲ့ရာက .. အခုဆို 124. + + + + ဖြစ်ချင်နေပြီ …. ။ အဆီများတဲ့ အသားတွေကို တတ်နိုင်သလောက်ရှောင်တယ် … ။ အခုဆို ဝက်သားတောင် သိပ်မစားဖြစ်ဘူး .. ဟင်းတွေကိုလည်း အိမ်သားတွေနဲ့ မရောပဲ .. ကိုယ့်တကိုယ်စာ ချက်စားတယ် .. ဒါတောင် ဝိတ်က တတ်တုန်းပဲ … ။ စိတ်ဖိစီးမှုနဲ့များ ဆိုင်မလားပဲ … ။

    လေ့ကျင့်ခန်းအနေနဲ့ လုပ်မယ် .. လုပ်မယ် …နဲ့ … လကနေ .. နှစ်ပြောင်းလာတာ အခုထိပဲ … ။ အပြင်းပြေ .. လှည့်ဖို့ ခါးလှည့်ကွင်းဝယ်ထားတာ … ကွင်းက လေးငါး ဆယ်ပတ်ပြီးလျှင် ဆက်မလှည့်နိုင်တော့ဘူး 😛
    ကျွန်မတို့မျိုးရိုးက အသက်ကြီးလျှင် ဝတတ်ကြတော့ .. အခုအရွယ်ကတည်းက စထိန်းမှ ဖြစ်တော့မယ် … ။

    တီချယ်ကြီးရေ .. သွေးတိုးကို တိတ်တဆိတ်လူသတ်သမားလို့လည်း ခေါ်ပါတယ် . . တချို့ လူတွေက သွေးတိုးတဲ့အခါ .. မူးတာမျိုး မအီမသာဖြစ်တာမျိုး .. အရိပ်ယောင်ပြတတ်ပေမယ့် .. တချို့ ဘာလက္ခဏာမှ မပေါ်ပဲ .. တိုးတဲ့ သွေးတိုးလည်း ရှိတတ်တယ် … ။ အဲ့ဒါက ကြောက်စရာကောင်းတယ် ..ကိုယ့်မှာဘာခံစားမှုမှ မဖြစ်လို့ .. တိုးမှန်း မသိပဲ ..ငါးခြောက်တွေ ၊ ငါးပိ ၊ ငံပြာရည်တွေ စားမိလျှင် … ကံမကောင်းလျှင် ကိစ္စချောနိုင်တယ် … ။ အပေါ်သွေးတိုးတာထက် ..အောက်သွေးစောင့်တိုးတာက ပိုလို့ အန္တရယ်ကြီးပါသတဲ့ … ။ အောက်သွေးစောင့်တတ်လျှင် လေဖြတ်တာမျိုး ၊ လေဖြန်းတာမျိုးလည်း ဖြစ်နိုင်တယ် … ။ အပေါ်သွေး မတရားတတ်လျှင်လည်း ဦးနှောက်သွေးကြောပေါက်တာမျိုးဖြစ်တတ်တယ် … အမြဲတမ်း သွေးတိုးနေတဲ့ လူဆို မကောင်းပါဘူး …။ သွေးတိုးတဲ့ နှုန်းကို ကျော်လွန်ဖို့ နှလုံးလေးက များများ ပိုညှစ်ရတယ် … ။ ကြာလာတဲ့ အခါ နှလုံးကြီးက ထူလာလို့ အသက်ရှုမဝတာမျိုးလည်း ဖြစ်နိုင်ကြောင်း သိရပါတယ် … ။ သွေးတိုးရှိပြီဆိုလျှင် … အမြဲတမ်း သွေးကျဆေးဆက်တိုက်သောက်ဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်ရပါမယ် … ။ ဓါတ်စာနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုလည်း .. ချင့်ချိန်စားရပါမယ် .. အသက်ဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်းပေါ့ တီချယ်ကြီးရေ .. လူတေ ွ.. အသက် လေးဆယ်ကျော်တာနဲ့ .. သွေးတိုးရောဂါ .. ဝင်ရောက်တတ်တယ် .. အသက်ငယ်2ထဲမှာလည်း သွေးတိုးတဲ့လူရှိပေမယ့် …. အနည်းစုသာတိုးပါတယ် .. ။ တချို့တွေဆို .. 220/100လောက်ဖြစ်နေတာတောင် မူးချင်ချင်ပဲ ဖြစ်ပါသတဲ့… အဲ့ဒါ အရမ်းကို အန္တရာယ်များတဲ့ အခြေနေပါ … ။

    သွေးတိုးနဲ့ ကပ်လျှက် ပါလာနိုင်တာကတော့ ဆီးချိုသွေးချိုပေါ့ …။ တီချယ်ကြီးရေ ဆီးချို ၊ သွေးချိုရှိပြီဆိုလျှင် ဂလူးကိုးစ်လိုမျိုး အချိုရည်ပုလင်းတွေဆောင်ထားသင့်တယ် … ။ ဆီးချို သွေးချိုက အချိုတွေ ၊ ဥ အနှစ်တွေ ၊ ဝက်သား အဆီတွေနဲ့ မသင့်တော်သလို … ဆီးချို သွေးချို အတတ်အကျမြန်တဲ့အခါ လူက .. အရမ်းကို ကတုန်ကရင်ဖြစ်တတ်တယ် … ဆီးချို ၊ သွေးချို ကျနေတဲ့အချိန်ဆို မူးလာတာမျိုး ချွေးစေးတွေထွက်တာမျိုးဖြစ်လျှင် အသင့်ဆောင်ထားတဲ့ ဂလူးကို့စ်လိုပုလင်းမျိုးနဲ့ အရေးပေါ်အခြေနေကို ကာကွယ်နိုင်ပါတယ် ….။

    ဂေဇက်ထဲမှာ အကျိုးပြုစာတွေ အများကြီးရေးနေတဲ့ တီချယ်ကြီးကို .. ကိုယ်ကျန်းမာ ၊ စိတ်ချမ်းသာခြင်းတွေ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ် .. 🙂

    • TTNU

      January 26, 2012 at 9:24 am

      အိတုန်လေးရေ…
      ဒေါသကို အရောင်ဆိုးမိနေတာလားကွယ်။ တီချာငယ်ငယ်ကလည်း ဒီအတိုင်းပဲ။
      ဒေါသကြီးတယ်လို့ လူကြီးတွေကပြောရင် ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ခဲ့မိတယ်။
      ငါ့သမီးက စိတ်ကြီးတယ် ၊ စိတ်တိုတတ်တယ်၊ လို့ အဖေအမေက ပြောရင် ချီးမွမ်း
      တယ်လို့ တော်တော်ကြီးတဲ့အထိ အယူလွဲခဲ့ဖူးတယ်။ သမီးပြောသလိုပါပဲ “ရှာကြံဒေါသထွက်နေရတာလည်း .. မောလှပြီ ”
      ဟုတ်တယ် မောခဲ့ရတယ်။ ဘဝအမောတွေထဲမှာ ဝဲလည်ပတ်နေခဲ့ရတယ်။
      အသိဝင်ချိန်နောက်မကျဖို့ အရေးကြီးတယ် သမီးရေ။

      အိတုန်ရေ.. သမီးတို့ခေတ်မှာ အသိဉာဏ်ဗဟုသုတ ရစရာနေရာတွေ ပေါများတာမို့
      တီချာတို့ ငယ်စဉ်တုန်းကလို ရွာလည်မနေလောက်ပါဘူး။ တီချာတို့ ငယ်ငယ်တုန်း
      ကလေ တရားစခန်းတို့၊ တရားဟောခွေတို့ ဟောပြောပွဲတို့ သိပ်ထိထိရောက်ရောက်
      မရှိခဲ့ဘူး။ဖတ်စရာစာအုပ်တွေဘာတွေလည်း အလျှံမပယ်ခဲ့ပါဘူးကွယ်။

      သမီးပေးတဲ့ သွေးတိုးနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ ကူးထားပါတယ်။ကျေးဇူး
      တင်ပါတယ်နော်။ တီချာက သွေးကျဆေး ပုံမှန်သောက်နေရတာ(၁၅) နှစ်လောက်ရှိ
      ပါပြီ။ ကျန်းမာရေးကတော့ ငယ်ငယ်ကတည်းက ကစားသမားမို့လို့ ခုထိ အချိန်ရရင်
      ်ရသလို ရေကူးဆဲ၊ လမ်းလျှောက်ဆဲပါ။ ဘီးစီးတာ ရပ်လိုက်တာ သိပ်မကြာသေးဘူး။
      အရမ်းကြိုက်တဲ့ ဝက်သားဟင်းကို တစ်လ တစ်ခါလောက်ပဲ မျက်စောင်းထိုးတာပါ။

      အိတုန်လေးရေ… တီချာ့ ကျန်းမာရေးအတွက် စဉ်းစားပေးလို့ ကျေးဇူးပါကွယ်။
      It is very thoughtful of you, my dear!

  • Rose Minn

    January 25, 2012 at 3:39 pm

    တီချယ်ရေ ကျွန်မကတော့ 29မှတ် ပဲရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလဲသိပ်မလုပ်ဖြစ်ပါဘူး။ S သုံးလုံးမှာ နောက်ဆုံးအလုံးကတော့မလျှော့နိုင်ပါဘူး။ အမြဲလိုလိုဖြစ်မိပါတယ်။ couch potato လိုလူမျိုးပါပဲ။ ရုံးမှာဆိုတော့် ထမင်းစားပြီးတိုင်းထိုင်နေရတာ ကွန်ပျုတာရှေ့ပဲ။ လမ်းလျှောက်လဲ မရပါဘူး။ သူများတွေရှေ့ မျက်စိနောက်စရာပါ။ ကွန်ပျူတာရှေ့ထိုင်ရတဲ့သူပီပီ ကိုယ်လက် ်လှုပ်ရှားမှုလဲ ဲသိပ်မလုပ်ဖြစ်ပါဘူး။

  • Thel Nu Aye

    January 25, 2012 at 3:45 pm

    48 မှတ်ရလို့မဆိုးပါဘူးမှတ်ပါတယ်။ ပိုစ့်ကလေးအတွက်ကျေးဇူးပါ။ မှတ်သားထားပါတယ်။ ဒါပေမဲ့ဝဝလာတာခက်တယ်။ ဘယ်လိုပိန်အောင်လုပ်ရမလဲ။ ပိန်နည်းလေးများရှိရင်ပေးပါအုံး။

  • eipu

    January 25, 2012 at 4:11 pm

    တီချယ်ရေ ပျမ်းမျှအောက်ဘဲရတယ်။
    အားကစားကလည်းမလုပ်ဖြစ်ဘူး။
    တစ်နေ့တစ်နေ့ ကွန်ပျူတာနဲ့TV ရှေ့မှာဘဲ အချိန်ကုန်တာများမယ်ထင်တယ်။
    ဗဟုသုတတိုးစေပါတယ်။

  • စိန်ပေါက်ပေါက်

    January 25, 2012 at 4:57 pm

    တစ်မှတ်မှမရှိဘူး
    စားချင်တဲ့ချန်စား.အိပ်ချင်တဲ့ချိန်အိပ်..သောက်ချင်တဲ့ချိန်သောက်နဲ ့တော့.ဖြစ်သေးပါဘူး..

    သတိထားရဦးမယ် တီချယ်ရေ

  • MaMa

    January 25, 2012 at 7:19 pm

    တီချာကြီးရေ-
    ပျမ်းမျှအောက်ရောက်နေတယ်။
    ကော်နက်ရှင်စုတ်ပုံက ရွာထဲတောင်မဝင်နိုင်ဘူး ဖြစ်သွားတယ်။
    အခုမှ စပြန်ဝင်ပြီး တီချာကြီးပိုစ့်ကိုတွေ့လို့ ပထမဦးဆုံးမန့်ဖြစ်သွားတာ။
    စာရေးချင်စိတ်ပေါ်လာလိုက် ကော်နက်ရှင်ကို ကြောက်လို့ နောက်ဆုတ်လိုက် ဖြစ်နေတယ်။

  • padonmar

    January 25, 2012 at 7:51 pm

    တီချာကြီးရှင့် ကိုယ့်ကိုကိုယ် ၃၅ မှတ်ပေးလိုက်ပါတယ်။
    ဗီတာမင်ဆေး မှာ (၀) ဖြစ်ပါသည်။ 😀

  • koaung

    January 25, 2012 at 8:27 pm

    တီချာကြီးရေ
    ကျနော်ဒို့လိုတောမှာနေသူ(အိုဗာဆီး) မှာနေသူများဟာလဲကျန်းမာရေးကို ပိုပြီးဂရုပြုရပါတယ် မလိုအပ်ရင်ဆရာဝန်ဆီလဲမသွားချင် (အအေးမိရင်တော့ သွားရပါတယ်) အဓိကဆင်ခြင်တာက တနေ့ကို၃နပ်ထက်ပိုမစားမိအောင်ပါပဲ ညစာကိုလဲ အဟာရစုံလွန်းတဲ့ ထမင်းကိုမစားပါဘူး ပေါင်မုံ့နဲ့ နွားနို့တခွက် ဟာအသင့်တော်ဆုံးပါ အသီးအရွက်နဲ့သစ်သီးများကိုအဆင်သင့်သလိုစားရပါတယ်
    တနေ့ကိုအနဲဆုံး ခြေလှန်းပေါင်း၈၀၀ဝ ကျော်အောင်ရှောက်ပေးပါ (ဆီးချိုသမားများဆီးချိုရောဂါသက်သာစေပါတယ်) တပတ်တခါသွေးပေါင်ချိန်သင့်ပါတယ် နေ့စဉ်ပေါင်အလေးချိန်ချိန်သင့်ပါတယ် အဆီပါသောအရသာပြင်းသောဟင်းလျှာများအားရှောင်ပါ
    လမ်းများများရှောက်ပေးပါ ရေများများသောက်ပေးပါ (ညအိပ်ခါနီး နို့တခွက်သောက်တာဟာ ဝမ်းနုတ်စရာမလိုအတ်ပါ)
    (ပြည်ပမှာနေထိုင်ကြသော ညီအကိုမောင်နမများအတွက်ဆောင်ရန်နှင့် ရှောင်ရန်ပါ)
    တီချာကြီး ရဲ့ စာတွေတွေ့လို့ဖတ်ရင်း သိသင့်တာလေး ဝေငှပါ၏
    အစဉ်လေးစားလျှက် (ရောဂါဘယကင်းဝေးကြပါစေ) မောင်အောင်

  • TTNU

    January 26, 2012 at 9:01 am

    မနောလေးရေ…
    မစားမသောက်၊အိပ်မပျော်၊ကွန်ပျူတာရှေ ့ထိုင် ဆိုတဲ့ ပရောဂျက်လေး
    ကိုပြင်မယ်ဆိုရင်… အချိန်ခွဲဝေသတ်မှတ်ခြင်း လုပ်ကြည့်ရမယ်ထင်တယ်နော်။
    စားချိန်၊ အိပ်ချိန်၊ Surfing အချိန် စသဖြင့်လေ။

    ကိုထွန်းဝင်းလတ်ရေ…
    ပျှမ်းမျှထက်(၂)မှတ်ထဲလျော့တာ တော်ပါသေးတယ်။ သိပ်မများလှပါဘူးကွယ်။
    အားကစားမလုပ်ဘူးလား။

    Pooch ရေ…
    ချူချာတယ်ဆိုပေမဲ့ စိတ်တင်းအားတွေရှိပါတယ်။ တစ်ချို ့ဆိုရင် ချူလည်းချူချာ
    စိတ်လည်းပျော့.. သာခွေယိုင်နေတာလေ။ သူတို့နဲ့ ယှဉ်လိုက်ရင် သမီးက သာတာပါ့။

    မိုးစက်လေးရေ…
    Stress ဆိုတဲ့ ကောင်က ငယ်သူ ကြီးသူမရှောင်ဘူးနော်။ မိုးစက်လေးကဘယ်လိုများ
    စိတ်ဖိစီးမိနေပါလိမ့်။ ပူတတ်သူ တစ်သက်လွမ်းနေတာများလား။ ( Joking!)

    မောင်ရင်ငပေရေ…
    ကျန်းမာခြင်းသည်လာဘ်တစ်ပါးမှန်းသိရက်နဲ့ ကွမ်းတွေအရမ်းအစားပါနဲ့ကွယ်။
    လူကချောရက်နဲ့ … 😀

    aungnng87 ရေ…
    မြန်မာလိုဘယ်လိုအသံထွက်ရမှန်းမသိလို့။ ကိုရီးယားမလေးတွေလိုပိန်ချင်တာလား။
    မြန်မာမလေးတွေလို လုံးလုံးကျစ်ကျစ်လေးလည်းလှသားပါကွယ်။ 😛

    ဝေရေ…
    Profile ပုံက ဘောလီဘောပုတ်နေတာဆိုတော့ တီချာက ဝေကို အားကစားသမား
    ထင်နေတာတော့။

    နိုဗီရေ..
    ကျန်းမာတယ်ကြားရတာ ဝမ်းမြောက်ကြောင်းပါ။ ပိန်ပိန်ပါးပါးလေးထင်ပါတယ်။

  • ကြောင်ကြီး

    January 26, 2012 at 9:49 am

    ၃၅မှတ် ရဒယ် တီချယ်ကြီး…။
    ကျန်းမာ
    ချမ်းသာ
    လန်းဖြာ
    နမ်းကွာ…။

    • TTNU

      January 26, 2012 at 10:57 am

      ကိုကြီးကြောင်ရေ…
      Comment တင်ဖို့အရေး
      ခဏခဏ connect ရတာကြောင့်
      လက်ကလေးတွေ ပိန်ချိချိ
      ညောင်းနေပါဘိ။

      ကျန်းမာသောကြောင်
      ပျိုတို့မောင်
      သုံးဆယ့်ငါး ဆိုတော့
      ပြုံးရယ် များသွားပြီလား။

  • char too lan

    January 26, 2012 at 2:42 pm

    17 မှတ်ပဲရဒယ်………. 🙁

  • နွယ်ပင်

    January 26, 2012 at 2:48 pm

    တီချယ်ကြီးရေ အမှတ်ပေါင်း (30) ပဲရတော့ လိုနေသေးတာပေါ့နော်
    တီချယ်ကြီး ပိုစ့်ကို ဖတ်မှ ကိုယ့်ကို ပြန်စမ်းစစ်မိတယ် အရင်ကတော့
    ကိုယ့်ကို ဟုတ်လှပြီထင်နေတာ အများကြီးလိုအပ်နေသေးတာပဲနော်
    ကျေးဇူးပါ တီချယ်ကြီးရှင့် …

  • amatmin

    January 26, 2012 at 4:03 pm

    တီချယ်ရေ..
    ၂၅ မှတ်ခင်ဗျ.. 🙁
    လုပ်သင့်မှန်းသိပါရက် နဲ့မလုပ်မိတာတွေက များသကိုး
    တီချယ့်ပို့စ်တွေကို ခုတလောဖတ်ရတာ ကိုယ်နဲ့အံကိုက်တာတွေ အတော်များပဗျာ. (ပြုပြင်ရန်) 🙂
    မအိတုံပြောထားသလို..တီချယ်ကြီးလည်းနေကောင်းရွှင်လန်းပါစေဗျာ..

  • TTNU

    January 26, 2012 at 8:04 pm

    char too lan ရေ…
    (၁၇)မှတ်ထဲလား သမီး/သားရေ ( အထီးလေးလား အမလေးလားမသိလို့နော် 😛 )
    ပိန်ပါးလေးလား။ Profile ပုံအရဆိုရင်တော့ အကောင်လေး ပေစုတ်စုတ် ထမင်းမေ့
    ဟင်းမေ့လေး လား။ မိန်းကလေးဆိုရင် Model ပါးလျလျလေးနေမယ်ထင်ပါတယ်။
    ( အမျိုးသမီးဝါဒ တစ်ဖက်သတ် Gender Discrimination) လုပ်ခြင်း။

    နွယ်ပင် ရေ…
    အလယ်အလတ်မရှိတရှိလား။ တီချာတို့ ငယ်ငယ်တုန်းက အရီးတစ်ယောက်ပြောသလို
    လုပ်ပါလား။ တီချာတို့က ပဲပင်ပေါက်တို့ ဂေါ်ဖီထုပ်တို့ မစားရင် “ဒါတွေစားမှ မျက်တောင်ကော့
    တာကို သိလည်းမသိကြဘူးဟေ့” လို့ လှုံဆော်တာလေ။ ဒါနဲ့ မကြိုက်ဘဲနဲ့ ဂျလွတ်ဂျလွတ်
    ကြတာလေ။

    amatmin ရေ…
    ဆုတောင်းပေးတဲ့ အတွက် ကျေးကျူးကမ္ဘာဆိုင်ရော…
    ရှင်လည်း Healthy and wealthy ပါစေကြောင်း မေတ္တာတွေနဲ့ ဆုတောင်းပေးလိုက်တယ်နော်။

  • naywoonni

    January 26, 2012 at 9:03 pm

    ကျွန်တော်လည်း လိုသေးတယ် ဆရာမကြီးရေ……… ကိုယ်ဖာသာ အားနာပါးနာပေးတာတောင် 15 မှတ်ပဲရတယ်…။

  • Khin Latt

    January 26, 2012 at 10:00 pm

    တီချယ်နု အသံကြားရတာ မေတ္တာအပြည့် နဲ့ အေးချမ်းပါ၏။

    တီချယ်ကြီး တုံတုံ ကို ပြောတဲ့
    ~~~ ဘဝအမောတွေထဲမှာ ဝဲလည်ပတ်နေခဲ့ရတယ်။
    အသိဝင်ချိန်နောက်မကျဖို့ အရေးကြီးတယ်။ ~~~
    ဆိုတာကို ခေါင်းထဲထည့် သွားပါတယ်ရှင့်။

    ရေကူးတာ၊ လမ်းလျှောက်တာ အရမ်းကောင်းပါတယ်။ “ဘီး” ကို တော့ မစီးတာ အမှန်ဆုံးပါဘဲ တီချာရေ။
    အခုခေတ်က ကားတွေကလဲ ထင်သလို ၊ ဘီးတွေ က လဲ ထင်သလို ၊ လူတွေကလဲ ထင်သလို ဦးရာစနစ် ဝင်နေကြတာ မဟုတ်လား။

    တီချယ့် Post ကနေ Reminder လေးတွေ အမြဲရလို့ ကျေးဇူးပါရှင့်။
    ကျွန်မ ၄၁ ရတယ်။ အပေါင်း မမှားရင်ပေါ့။ LOL 😉

    ချစ်ခင်စွာဖြင့်
    မလတ်

  • comegyi

    January 26, 2012 at 11:13 pm

    တီချယ်ရေ့ ကိုထွန်းဝင်းလတ်ပြောသလို ….
    ဒီအတိုင်းဆို အနော်တို့လည်း အသက်ရှည်ရှည်ကို နေရမှာဟုတ်ပါဘူးဂျာ
    ဟင့်……..အမှတ်ကလည်း အောင်မှတ်ဖို့နေနေသာသာ မော်ရေးရှင်းပေးတာတောင်
    အောင်ဘူးဂျ……

Leave a Reply