အမှတ်တရ ရတနာပုံ
လူတိုင်းလူတိုင်းမှာ မမေ့နိုင်တဲ့ အမှတ်တရနေ့လေးတွေရှိသလို ဖရဲဘဝမှာလဲ အမှတ်တရနေ့လေးတွေရှိပါတယ်။ ပထမဆုံး အမှတ်တရနေ့လေးက ရတနာပုံတက္ကသိုဟ် ပထမဆုံးတက်ရတဲ့နေ့ဖြစ်ပါတယ်။
ကျောင်းပထမဆုံးနေ့လေးက……
အိမ်ကနေ မနက် ရ ခွဲလောက် ထွက်လာတယ်။ ကျောင်းဖွင့်တာက ဒီဇင်ဘာဆိုတော့ တော်တော်လေးအေးတယ်။ ဆိုင်ကယ်နဲ့သွားရတာဆိုတော့ မေးတုန်အောင်ချမ်းတာဗျ။
ဒါနဲ့ ဦးပိန်ရောက်တော့ ဦးပိန်အငွေ့အသက်ရမလား အသက်ပြင်းပြင်းရှူကြည့်တော့
အနံ့က တော်တော်ဆိုးတယ်ဗျ။ သိရသလောက်တော့ ဦးပိန်က ကျွန်တော်တို့ငယ်ငယ်တုန်းလောက် မသန့်တော့ဘူးဆိုတာဘဲ။ ရတနာပုံက ဦးပိန်ကို ပတ်ပြီးသွားရတာ။ ဒါနဲ့ကျောင်းရောက်တော့
ကိုယ့်မေဂျာငှာနက ဘယ်မှာမှန်းလဲမသိ။ ကြောင်တောင်တောင်နဲ့ တွေ့တဲ့ဆရာမကို မေးကြည့်မှ သိတော့တယ်။ မေဂျာလည်း ရောက်ရော ပြသာနာစတာဘဲ ဘယ်အခန်းမှာ တက်ရမယ်ဆိုတာလဲ မသိ
ကျောင်းဝင်ခွင့်ကို အသိဆရာမက အပ်ပေးတော့ ကျောင်းသားကဒ်က သူဆီမှာ။ အဲဒီဆရာမကိုလည်း မသိ။
မေဂျာက ဆရာမကို မေးကြည့်တော့ ကျောင်းသားရေးရာမှာ သွားကြည့်လိုက်တဲ့။ ကျောင်းသားရေးရာကိုလည်း မသိ။ ကွိုင်ဘဲ ဒါနဲ့ဘယ်ရမလဲ မန်းလေးသားဘဲ စကားအပြာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းတဲ့ မောင်ဖရဲ အနီးမှာရှိတဲ့ကျောင်းသားတစ်ယောက်ကို အလာဘသလာဘ ပြောပြီး ခေါ်ခဲ့တယ်။ သူကလည်း ကျွန်တော်ရုပ်ကိုကြောက်လို့လား မသိလိုက်ခဲ့တယ်ဗျ။
ဒါနဲ့ကျောင်းသားရေးရာကို ရောက်တော့ ၁ဝခွဲမှ ဖွင့်မှာတဲ့။ နာရီကြည့်တော့ ၈ ခွဲလောက်ဘဲရှိသေးတာ။ ဒါနဲ့ကျောင်းဝင်းထဲက ကန်တင်းဆိုလား ဘာလားမသိ ခပ်စုတ်စုတ်ဆိုင်မှာ ထိုင်ပြီး နှစ်ယောက်ပေါင်း စူပါတစ်ခွက်မှာသောက်တာပေ့ါ။ တော်ကီပြစ်နေတာ ဘယ်လောက်ကြာမှန်းမသိ ကျောင်းသားရေးရာကို နောက်တစ်ခေါက်သွားကြည့်တော့ ဖွင့်နေပြီဗျ။ မေးကြည့်လိုက်တော့ မောင်ဖရဲသီး ကျောင်းသားကဒ်က ဒီမှာမရှိဘူး။ အဝေးသင်ငှာနကို သွားကြည့်ပါတဲ့။ စိတ်ထဲမှာနည်းနည်းတော့ အားငယ်လာတယ်။ ကျွန်တော်က အားငယ်တဲ့စိတ်ငယ်ငယ်ကတည်းကရှိတာ။(နောက်တော့ လိုင်းစုံသွားတော့ မအားငယ်တတ်တော့ဘူး)
အဝေးသင်ငှာနကိုရောက်ပြန်တော့ မရှိဘူးတဲ့ဗျာ။တော်တော်မောနေပြီ လမ်းလျှောက်ရလွန်းလို့။ပါလာတဲ့ သူငယ်ချင်းကိုလည်း အားနာလာတော့ သူကိုပြန်ခိုင်းလိုက်တယ်။ ဒါနဲ့ကျောင်းလည်း မတက်ချင်တာနဲ့ အိမ်ကိုပြန်လာရော။ အိမ်လည်းရောက်ရော ဘာလို့ပြန်လာတာလဲတဲ့ မေးတော့ ကျွန်တော်ငိုပြီး ပြောလိုက်တယ်ဗျ
အတန်းမတွေ့လို့။ အိမ်ကလူတွေကလည်း ရယ်တာပေါ့။ဒါနဲ့ ကျောင်းအပ်ပေးတဲ့ဆရာမကို ဖုန်းဆက်တော့ အိမ်မှာရှိသေးတယ် လာခေါ်မယ်တဲ့။ ဒါနဲ့ဆရာမရောက်လာရော ကျောင်းကိုနောက်တစ်ခေါက်ပြန်သွားတာပေါ့။
ကျောင်းလဲရောက်ရော ကျောင်းသားကဒ်ပေးတယ် မေဂျာလိုက်ပြီးတော့ အချိန်စာရင်း အတန်းတွေလိုက်ပြတယ်။
ကျောင်းတက်အုန်းမလား မေးတော့ တက်ချင်စိတ်လည်းမရှိတော့ အိမ်ဘဲ နောက်တစ်ခေါက်ပြန်လာတယ်။
နောက်နေ့ကြတော့ အခန်းလဲသိတော့ စိတ်ထဲမြောက်ကြွကြွနဲ့ပေါ့။ အခန်းထဲလဲ ရောက်ရော ကိုယ်နဲ့သိတဲ့လူ တစ်ယောက်မှမရှိ။ ဒါနဲ့ ရှေ့နားက ထိုင်ခံမှာဘဲ ဝင်ထိုင်လိုက်တယ်။ နောက်မှာ ကျောင်းသား ၄ ယောက်တော့ ထိုင်နေတယ်။ စကားပြောဖြစ်တော့ မင်းခုံနံပါတ်က ဘယ်လောက်လဲ ပြောပြအုန်းတဲ့။ ဘာလုပ်မလဲမေးတော့ မင်းကျောင်းမလာတဲ့ အခါ စာမသင်ချင်တဲ့အခါကျရင် မင်းခုံနံပါတ်ကို လက်မှတ်ထိုးပေးမယ်တဲ့။ (ကျောင်းသားတွေများ ကျောင်းဖွင့်တာမကြာသေးဘူး အကြံဉာဏ်တွေကတော့ မိုးထိနေတာဘဲ)။
အခန်းထဲနည်းနည်းချက်ကြည့်တော့ ချောတဲ့လူတစ်ယောက်မှမရှိဘူး ကျွန်တော်ကလွဲလို့ပေါ့ဗျာ။
ကျောင်းတက်တာ တစ်လလောက်ကြာတော့ ရတနာပုံအထာနပ်လာတယ်။ ကောင်မလေးတွေကလည်း တော်တော်လှတယ်ဗျ။ တစ်မေဂျာပြီး တစ်မေဂျာလိုက်လိုက် ကြည့်ရတာမောနေတာဘဲ။ ကျောင်းသူတွေကလည်း ဝတ်ထားတာ မော်ဒယ်တွေတောင်လက်မြောက်အရှုံးပေးရတယ်။ ဒါနဲ့ စာမေးပွဲနားနီးတော့ ကျူရှင်တွေဖွင့်ကြတယ်။ မတက်လို့ဘယ်ဖြစ်မလဲ ဘာမှနားမလည်လို့တက်ရတာပေါ့။
မိန်းထဲမှာသွားတက်ရတော့ မျက်စိတော်တော်ကောင်းလာတယ်။ ဘာလို့လဲဆိုတော့ ကောင်မလေးတွေတော်တော်ပေါတယ်ဗျ။ ပြီးတော့ စရိုက်လည်းစုံတယ်။ လူမိုက်တွေလည်းတွေ့တာဘဲ။စာမေးပွဲဖြေရတာလည်း တော်တော်ပင်ပန်းတယ်ဗျ။နောက်ကိုလှည့်လှည့်ကြည့်ရလွန်းတာရယ်၊
အရပ်ရှစ်မျက်နှာလုံးပတ်ကြည့်ရတော့ စာမေးပွဲဖြေပြီးရင် လည်ပင်းဆေးလိမ်းရတယ်။ စာမေးပွဲပြီးတော့ နောက်နေ့သူငယ်ချင်းတွေက ဖုန်းဆက်တယ် လိုက်မလား ဆရာမတွေသွားကန်တော့မလို့။ လိုက်မယ် ဆိုပြီး အိမ်ကပိုက်ဆံတောင်း။ ဆရာမတွေအထဲမှာ ကျွန်တော်နဲ့တော်တော်ခင်တဲ့ ဆရာမကို ထူးထူးခြားခြားဖြစ်အောင်လို့ဆိုပြီး အိမ်မှာရှိတဲ့ ဖရဲသီးအကြီးကြီးတစ်လုံး မလာတယ်။(ဖရဲသီးက ပယ်သီးမဟုတ်ဘူးနော် တရုတ်ပြည်ထဲပို့မဲ့ ရှယ်သီးတွေ)။မိန်းထဲရောက်တော့လူစု။တိုင်ပင်တာပေါ့
ကန်တော့မှာလား မကန်တော့ဘူးလားပေါ့။ မကန်တော့လဲ ပိုက်ဆံတွေကို တစ်နေရာမှာ သွားသုံးရအောင်တဲ့။
ကျွန်တော်မှာပါလာတဲ့ ဖရဲသီးကိုလည်း အနားက ထမင်းဆိုင်က ဓါးယူပြီး ခွဲစားကြတယ်။
ဒါနဲ့ဆရာမလည်း မကန်တော့ဖြစ်ပါဘူး။
(ကျွန်တော်နာမည် ဖရဲသီးပါ။ဆရာမ ကန်တော့ဖို့ ဖရဲသီးယူလာတာကို အကြောင်းပြပြီးကောင်မလေး တစ်ယောက်က နာမည်ပေးသွားတာပါ။ကျောင်းမှာလည်း ကျွန်တော့်နာမည်အရင်း ဘယ်သူမှမသိပါဘူး။ ကျောင်းတက်ခဲ့တဲ့ ၃နှစ်လုံးလုံး ဖရဲသီးဆိုတဲ့နာမည်လေး အခုထိတွင်သွားတာပါ။ ရွာထဲမှာလည်း ဖရဲသီးလို့ဘဲ နာမည်ပေးဖြစ်ခဲ့တာပါ။)
ဖရဲသီးအကြပ်ခံရခြင်း
ကျွန်တော်အကြပ်ခံရတာတော်တော်ဆန်းတယ်။ ကျောင်းကအပြန် သူငယ်ချင်းက ကျွန်တော်နဲ့ဆို ၃ ယောက်ပါ့ ဆိုင်ကယ်၃ စီး။ အမရပူရ စစ်တပ်လမ်းဘက်ကပြန်တာဆိုတော့ မြေလမ်း ပြီးတော့ မိုးရွာထားတော့ ဗွက်ထနေတာ။ ကျွန်တော်က ဆိုင်ကယ်အရင်မောင်းတာဆိုတော့ ကျွန်တော်သူငယ်ချင်းတွေက နောက်မှာပေါ့။ သူတို့ကို စစ်တပ်လမ်းတပ်မှာစောင့်နေတုန်း ဘေးနားကို ဆိုင်ကယ်တစ်စီးရပ်လာပြီး ဟိတ်ကောင်ဆိုင်ကယ် ကောင်းကောင်းမောင်းတဲ့။ ခေတ်စကားနဲ့ဆို ဗလိုင်းကြီးလာပြောတော့ စိတ်တိုသွားတာပေါ့။ ဘာလို့လဲမေးတော့ ငါ့မျက်နှာ ဗွက်ပေလို့တဲ့။ ကျွန်တော် သူငယ်ချင်းတွေလည်းရောက်လာရော ဘာဖြစ်တာလဲမေးတော့ အကျုိုးကြောင်းပြောပြတော့။ အဲဒီကောင်ကို ဝိုင်းကြပ်တာပေါ့။ ဟီး 3 in 1 ပေါ့ဗျ။
ကြပ်ပြီးပြန်လွှတ်ပေးလိုက်တယ်။စိတ်ထဲတော့ နည်းနည်းကတိအောင့်တာပေါ့။ မကျေနပ်သေးနဲ့ လမ်းဘေးက ကျောက်ခဲကောက်ပြီးတော့ နောက်ကနေ ချောင်းထုမယ်ပေါ့။ သူဆိုင်ကယ်နောက်ကနေ ကပ်လိုက်လာပြီး မိန်းထဲအရောက် လှမ်းထုလိုက်တာဆိုင်ကယ်မမှန်ဘူးဗျ။ အဲဒီကောင်ကံကောင်းသွားတာ။
နောက်နေ့ကျောင်းရောက်ရော အတန်းရှေ့မှာ အုပ်စုလိုက်ကြီးဗျ အယောက်တော်တော်များတယ်။ဘယ်လိုလုပ်ပြီး အခန်းသိသွားလဲမသိ။ ကျွန်တော်တို့ကပထမနှစ် သူတို့က နောက်ဆုံးနှစ်ဗျ။ အဲဒီမှာ မောင်ဖရဲ ကြပ်ခံလိုက်ရတယ်။ အထိုးလည်းခံလိုက်ရတယ်။
ဘယ်ရလဲ ပြန်ချမယ်ဆိုပြီး အောင်မြေသာစံ ဘောလုံးကွင်းထဲမှာ ရိုးရာ(လက်ဝှေ့)သွားသင်တယ်။ သင်တန်းဆရာကလည်း အသိဖြစ်နေတော့ ပိုကြိုက်တာပေါ့။ ဘောလုံးကွင်းကို ပတ်ပြေးရတယ်။ အိပ်ထမတင်။သဲအိတ်ထိုးတယ်။ အစပိုင်း မထိုးတတ်သေးတော့ လက်ထိပ်တွေဆို ပေါက်ပြဲနေတာဘဲ။
သင်တန်းက အပြန်ဆိုစိတ်ထဲမှာ ဒီအချိန်ငါ့ကို တစ်ယောက်ယောက်ရန်လာစရင် ကောင်းမှာဘဲလို့တွေးမိတယ်။
လက်ဝှေ့အရှိန်နဲ့ဆိုတော့လေ။
နားအုန်းမယ်။…….။
ဆက်ရန်
12 comments
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 28, 2012 at 2:57 pm
ခန်းထဲနည်းနည်းချက်ကြည့်တော့ ချောတဲ့လူတစ်ယောက်မှမရှိဘူး ကျွန်တော်ကလွဲလို့ပေါ့ဗျာ။
အဲဒါက သိပ်မရှင်းသလိုပဲ …. 😛
ကျန်တာတွေကို စောင့်မျှော်လျှက်ပါဗျ
water-melon
January 28, 2012 at 3:12 pm
ကိုကင်းကလည်း
“အခန်းထဲနည်းနည်းချက်ကြည့်တော့ ချောတဲ့လူတစ်ယောက်မှမရှိဘူး ကျွန်တော်ကလွဲလို့ပေါ့” ဆိုတာက မိန်းကလေးတွေရော ယောက်ျားလေးတွေရော တစ်ယောက်မှ မလှလို့ပါ။ အဲဒီထဲမှာ “ကျွန်တော်အချောဆုံးဆိုတာ လွန်ကြူးဖွဲ့ပြ အတိသယဝုတ္တိ အလင်္ကာ” မြောက်ပြောတာပါ
pooch
January 28, 2012 at 3:02 pm
ဟုတ်တယ် ဖရဲသီးရေ ရှေ့ဆိုင်ကယ်နောက်ကလိုက်ရင် ရှေ့ကဒရမ်းမောင်းလို့ကတော့ နောက်လူဗွက်ပေတာများ ရစရာမရှိအောင်ကိုပေတာပါ။ ကိုယ်တိုင်တောင် အတော်လေး ဒေါခီးဖူးတယ်။ စိတ်ဆတ်တဲ့လူမို့ အဲ့လို ပြောသွားတယ်မှတ်တာပါပဲ။ ဒါပေမဲ့ အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလို အဲ့လောက်အကျယ်အကျယ်ဖြစ်သွားတာကတော့ နှစ်ဦးစလုံးအတွက် အန္တရာယ် များလှပါတယ်။
water-melon
January 28, 2012 at 3:15 pm
ဟုတ်တယ် အစ်မပု 125က ပိုစိုးတယ် နောက်ကလိုက်ရင် ရစရာမရှိအောင် ဗွက်ပေတာ
အစ်မရေ လူတွေက စိတ်ဓာတ်တွေက မကောင်းဖူး ကွမ်းလည်း အထွေးခံရဘူးတယ်
ကားပေါ်ကာ ထွေးသွားတာ။ မကောင်းပါဘူးဗျာ 😉
စိန်ပေါက်ပေါက်
January 28, 2012 at 4:13 pm
ဪ..ဖျဲသီး..ဖျဲသီး..
တယ်မိုက်ခဲ့သကိုးကွဲ ့
တော်သေးတာပေါ့ ဂျက်လီထွန်းဝင်းလတ်တို ့..ဂျက်ကီချီးပေတို ့ လက်သီးမောင်ပေတို ့နဲ ့ မတွဲမိခဲ့တာ 😀
ရန်ကို ကြည့်ရှောင်ကွဲ ့..
ရန်ကိုရန်ဖြင်း ဘာဖြစ်တယ်ဆိုလားပဲ..
အမှားဆိုတာ ဘယ်အချိန်လုပ်လုပ် လုပ်လို ့ရတယ်ကွဲ ့
ရန်ဖြစ်တယ်ဆိုတာ ကြောက်လို ့ဖြစ်ကြတာ..
ဖိုက်တာဆိုတာငယ်ငယ်က တောက်တိုမယ်ရခိုင်းခံရ
အနိုင်ကျင့်ခံရတာတွေများလို ့..အသဲနာပြီးဖြစ်လာတာပါ..ကွဲ ့..
မမိုက်ချင်စမ်းပါနဲ ့..
သတ္တိရှိတဲ့လူတွေဆို ဘတော့မှ ရန်မဖြစ်ဘူး..(ကြပ်ပဲ ကြပ်ပေးတာ 😀 )
ဟင်…
သူ ့ခမျာ ပြီးအောင်တောင်မရေးရသေးဘူး..
ရှည်ပြီးဆုံးမတာ များတွားဘီ
ဘွာတေး..ဘွာတေး..
windtalker
January 28, 2012 at 9:41 pm
“ မောင်ကြူး ယောင်ကြူး ပလိုင်းသင်း ” ဆိုတဲ့ အလွန်အင်မတန် အစွမ်းထက်တဲ့ ကြောက်လက်ဝါး သိုင်းကျမ်းကြီးကို လေ့လာချင်တယ် ဆိုရင်တော့ ရန်ကုန်မြို ့မှာ အမေရိကန်စီအိုင်အေ အူးကိုင် ရဲ ့အတွင်းရေးမှူး ငပေါက်ဖော် ဆီကိုသာ သွား ။
MaMa
January 28, 2012 at 6:05 pm
မောင်ဖရဲ-
လက်ဝှေ့တောင် သင်စရာ မလိုဘူး။
လူရှိန်အောင် ထိုးကွင်းကလေး ထိုးထားလိုက်ရင် ….
naywoonni
January 28, 2012 at 8:37 pm
မောင်ဖရဲ…။ ရန်ဖြစ်တာ မကောင်းဘူး …။မဖြစ်နဲ့ မခံချင်ရင် ဟိုတစ်နေ့က မောင်ပေပြောတဲ့ ကောင်တွေလို သေနတ်ဆောင်ထား…။
TTNU
January 28, 2012 at 9:05 pm
မောင်ဖရဲသီးရေ…
(အောင်မြေသာစံ ဘောလုံးကွင်းထဲမှာ ရိုးရာ(လက်ဝှေ့)သွားသင်တယ်။)
ဆိုတော့ မောင်ရင်က အဲဒီနားမှာနေတာလား။
water-melon
January 29, 2012 at 4:13 pm
မဟုတ်ပါဘူး TTNU ခင်ဗျာ
ကျွန်တော်က ၃၅လမ်းမှာနေတာပါ
မြတောင်ကျောင်းနဲ့နီးတယ်ဗျ။
ဇွဲမာန်(အင်းဝ)
January 28, 2012 at 10:19 pm
အမှတ်တရ ရတနာပုံ လွမ်းမောဖွယ်ရာ ဦးပိန်တံတား….
ကောင်းတယ် မောင်ဖရဲရေ….
ပျော်စရာ လွမ်းစရားတွေ….
ကြောင်ကြီး
January 30, 2012 at 9:51 am
မန်းလေးမှာဆို ကပေလူမိုက် လူဝိုင်းနှိုက်.. မယားတတ်ပါ ကျားဆရာ ဆိုတဲ့ဆိုရိုးရှိတယ်။ တယောက်နဲ့အများ ချလာတာတဲ့…။ ကြက်ဥတဒါဇင်နဲ့ ပျားရည်တပုလင်းရှိရင် ဘယ်လောက်များများ မကြောက်ဆိုပဲ။ သူနဲ့ပေါင်းထား…။